Tuesday, July 2, 2019

ပြုံးမျက်ရည်စိမ့်စမ်းနဲ့လွမ်းသူတို့ပွဲ

(ခ ရီး သွား ဆောင်း ပါး)

ဆင်တဲဝမြတ်ဖုန်း


မကြားချင်ဆုံးသောအသံ
                မကြားချင်ဆုံးသောအသံကို ပြောပါဆိုလျှင် သေနတ်သံကိုပင် ထိပ်ဆုံးက ပြောရပေလိမ့်မည်။ မကြားချင်ဘူးဆိုကာမှ အဲဒီသေနတ် သံများကို ကြားလာရပြန်ပါပေါ့။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှ ပါဘိ။
                နမ္မတူနှင့် ဘော်တွင်း အထက်တန်းကျောင်းတွေမှာ အာစရိယ ပူဇော်ပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ နှင့် ၂၉ ရက်များမှာ ကျင်းပဖို့ ရက်သတ်မှတ်ပြီး တက်ြွကစွာ ကြိုတင်ပြင်ဆင်နေခဲ့ကြ သည်။ တစ်နိုင်ငံလုံး နေရာအနှံ့ ပြန့်ကျဲနေကြသော ဆရာ ဆရာမ ကြီးများ၊ ကျောင်းသူ ကျောင်းသားဟောင်းများက ဝေးလံခေါင်ဖျား နယ်စွန်နယ်ဖျားရှိ နမ္မတူ-ဘော်တွင်းမှာ သွား ရောက်စုဆုံကြဖို့ စိတ်အားထက်သန်စွာ လှုပ်ရှား ဆောင်ရွက်နေကြချိန် . . .။
  သည်အချိန်မှာပဲ အနိဋ္ဌာရုံများ၏ ရှေ့ပြေး သေနတ်သံများကို ကြားလာရခြင်းပင်။ ၂၀ .၁၁ .၂၀၁၆ ရက်နေ့မှာ ဖြစ်သည်။ လားရှိုးနှင့် မူဆယ် ကြားရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အချို့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုကာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတစ်ခွင်လုံး သေနတ်သံများ ညံသွားတော့သည်။ ဖောင်းဆိုင်၊ မုံးကိုး၊ လောက် ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံနှင့် နမ့်ဆန်  . . . နေရာအနှံ့။ စစ်ရှောင်ဒုက္ခသည်များ ဟိုပြေးသည်ပုန်း။ ဆန်ကောထဲ ဆီးဖြူသီးများ လှိမ့်သလိုပင်။ ကြေးမုံ သတင်းစာတစ်စောင်မှာ စစ်ရှောင်ဒုက္ခသည်များစာရင်းကို မြို့နယ် အလိုက် ဖော်ပြလိုက်ရာ နမ္မတူမြို့နယ်သည် ဒုက္ခသည်အများဆုံးဖြစ် နေကြောင်း စိုးရိမ်ဖွယ် တွေ့လိုက်ရတော့သည်။ လားရှိုးနှင့် နမ္မတူ ကြား လမ်းပေါ်မှာလည်း တိုက်ပွဲသံတွေကိုကြားနေရသည်။ အာစရိယ ပူဇော်ပွဲ ပြင်ဆင်နေကြချိန်နှင့် အချိန်ကိုက်လို ဖြစ်နေပါလား။
                လားရှိုးအထိ လုံခြုံရေးပူစရာမရှိဟု ဆိုနိုင်ပေမယ့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှ ဖဲခွာ၍ တောလမ်းဖြင့် သွားရသော နမ္မတူ-ဘော်တွင်း ခရီးလမ်းမှာတော့ လုံခြုံရေး စိတ် မချရတော့။ လမ်းခရီးမှာ ဘာမဆိုဖြစ်သွားနိုင်သည် မဟုတ်ပါလား။ သီပေါမှသွားမည်ဆိုလျှင် မြောက်ဘက်ရှိ နမ္မတူသို့ ၄၂ မိုင်၊ လားရှိုး မှ သွားမည်ဆိုလျှင် အနောက်မြောက်ဘက်ရှိ နမ္မတူသို့ ၄၄ မိုင်။ နမ္မတူရောက်ပြီးလျှင် အနောက်ဘက်ရှိ ဘော်တွင်းသို့ ကျဉ်းမြောင်း မတ်စောက်သော နမ့်လချောင်းရိုးကို ဆန်တက်လျက် တောင်ကြား လမ်း ၁၄ မိုင် ဆက်သွားရမည်။
                သီပေါ-လားရှိုး-နမ္မတူမြို့များက ဖိုခုံလောက်ဆိုင် တည်ရှိနေကြ သည်။ အဆိုပါ မြို့သုံးမြို့ကို မျဉ်းဖြောင့်ဆွဲလိုက်လျှင် အနားမညီတြိ၈ံ တစ်ခုရမည်။ (တစ်ချိန်က ဘိန်းဖြင့် နာမည်ကြီးခဲ့သော တာချီလိတ် အရှေ့ဘက်က ရွှေတြိ၈ံဧရိယာမဟုတ်။) နမ္မတူ-ဘော်တွင်းသို့ သွား မည်ဆိုလျှင် ထိုတြိဂံနယ်မြေကို မဖြစ်မနေ ဖြတ်သန်းရပေမည်။
                ဘော်တွင်းမိုင်းမြို့လေး၏ အနောက်နှင့် အနောက်မြောက်ဘက် ရှိ တောင်ကြော၊ တောင်တန်းတွေပေါ်မှာ ပလောင်ရွာတွေ၊ ကချင် ရွာတွေ။ ဟိုတောင်ထိပ်မှာ တစ်ရွာ၊ သည်တောင်ထိပ်မှာ တစ်ရွာ။ ဟိုက်တောင်၊ တောင်ကျော်၊ ဟိုမိန်း၊ ဟူးဆာ၊ ဟူးမွှေး၊ ဟင်ပုတ်၊ ဆိုက်ခေါင်၊ မန်ပတ်၊ နမ့်ခွန်၊ ဟိုခို  . . . စသော တောင်ပေါ်ရွာတွေ။ ပလောင် တိုင်းရင်းသားတို့၏ အချက်အချာနေရာက နမ့်ဆန်မြို့။ ဘော်တွင်း၏ အနောက်တောင်ဘက် တောင်အမြင့်ကြီးပေါ်မှာ တည်ရှိသည်။ လက်ဖက်အကြီးအကျယ်စိုက်ပျိုးသော ဒေသဖြစ်ပြီး ဟိုတစ်ချိန်တုန်းက တောင်ပိုင်စော်ဘွားကြီး၏ ဟော်နန်းစိုက်ရာ ဖြစ်ခဲ့သည်။ ယခု ပလောင်(တအောင်း) တိုင်းရင်းသားတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်နေပေပြီ။
                အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သေနတ်သံများ ကြားနေ ရသော ဤအခြေအနေတွင် လားရှိုး (သို့မဟုတ်) သီပေါမှ နမ္မတူ- ဘော်တွင်းသို့ ဖော်ပြပါ တြိဂံဧရိယာအတွင်းမှ တောလမ်းခရီးကို စွန့်စားသွားရန် မဝံ့ကြတော့သည့်အဆုံး အာစရိယပူဇော်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြရတော့သည်။
                အာစရိယပူဇော်ပွဲ မကျင်းပဖြစ်နိုင်သော်လည်း ]အာစရိယ ပူဇော်ပွဲအထိမ်းအမှတ် ဘော်တွင်းပုံရိပ်ခံစားမှုစာစုများ} ဟု အမည် ပေးထားသည့် စာစောင်လေးကိုတော့ မူလစီစဉ်ထားခဲ့သည့်အတိုင်း ရပ်ဝေးရောက် ဘော်တွင်းကလောင်ရှင်များက ထုတ်ဝေလိုက်ပါ သည်။ နမ္မတူ-ဘော်တွင်းမှာ နေထိုင်ခဲ့ကြပြီး ယခုအခါ ရန်ကုန်မှာ အခြေချနေကြကုန်သော နမ္မတူ-ဘော်တွင်းသားများ တစ်နှစ်တစ်ခါ ဆုံစည်းရာ ရန်ကုန်တက္ကသိုလ် ၈ျပ်ဆင်ခန်းမမှာ ၁၇ .၁၂ .၂၀၁၆ ရက်နေ့တွင် ထိုစာစောင်ကို ဗွီနိုင်းကြော်ငြာချိတ်ဆွဲပြီး ရောင်းချ ဖြန့်ဝေလိုက်ပါသည်။ အာစရိယပူဇော်ပွဲ မကျင်းပနိုင်သည့်တိုင် နမ္မတူ-ဘော်တွင်းအရိပ် ခိုခဲ့ကြသူများ အလွမ်းတော်ပြေစေဖို့ရယ် လို့  . . .။
                နမ္မတူ-ဘော်တွင်းကို လွမ်းနေကြပါသလား၊
                အလွမ်းတွေပြေအောင်  . . .
                ဟောဒီ စာစောင်လေးကို ဖတ်ကြည့်လိုက်ကြစမ်းပါ။
မသွားဝံ့ဝံ့ သွားဝံ့ဝံ့
                ၂၀၁၆ ခုနှစ် ကုန်ဆုံးချိန်က လုံခြုံရေးအခြေအနေကြောင့် အာစရိယပူဇော်ပွဲ မကျင်းပဖြစ်လိုက်သည်ကို ကျောင်းသူ၊ ကျောင်း သားဟောင်းများက မချင့်မရဲ ဖြစ်နေကြသည်။ ရက်တွေ၊ လတွေ ကုန်ဆုံးသွားသည့်တိုင် သူတို့စိတ်ထဲမှာ အာစရိယပူဇော်ပွဲက ဖျောက် ဖျက်လို့မရ။ အခွင့်သာလျှင် မကျေပွဲ နွှဲချင်နေကြသည်။ ပြည်တွင်း ကရော ထိုင်း၊ စင်္ကာပူ၊ မလေးရှားရောက် ကျောင်းသူ၊ ကျောင်းသား ဟောင်းများကပါ အားတက်သရော အလှူငွေတွေ ထည့်ဝင်ကြသဖြင့် ရန်ပုံငွေလည်း အတော်အသင့် ပြည့်စုံနေပြီ။ လားရှိုးရောက် ကျောင်း သားဟောင်း ကိုထွန်းမြင့်တို့ ညီအစ်ကို တစ်တွေကလည်း ရပ်ဝေးမှ လာရောက်ကြမည့် ဧည့်သည်များ၏ သွားလာရေး၊ တည်းခိုရေးနှင့် ကျွေးမွေးဧည့်ခံရေးတို့ကို လိုလေသေးမရှိ အလုံးစုံ တာဝန်ယူမည်ဟု သတင်းပြေးနေသည်။ ဒါဖြင့် ဘာလိုသေးသလဲ။ လိုအပ်နေတာက  . . .နယ်မြေလုံခြုံရေး။
                ကံအားလျော်စွာ ရခိုင်ဘင်္ဂါလီ အရေးအခင်းအပြီး ရှမ်းပြည် နယ် အရှေ့မြောက်ပိုင်းမှာ သေနတ်သံတွေ ကျဲသွား။ ကျဲသွားရာမှ စဲသလို ဖြစ်သွားသည်။ ပြောင်းလဲသွားသော နယ်မြေအခြေအနေ ၏ အားသာလာမှုကို လက်လွတ်မခံဘဲ မနှစ်က မကျင်းပဖြစ်လိုက် သော တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ပြန်ပြီးကျင်းပ နိုင်ဖို့၊ ကျောင်းသူ ကျောင်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီက လှုပ်ရှားမှုကို ပြန်လည် စတင်လိုက်ကြသည်။ မိုးကျလာသည်နှင့် လယ်ကွင်းတွေ ဆီက ဖားတွေ အုံနှင့်ကျင်းနှင့် ထွက်ပေါ်ပျော်မြူးလာကြသလိုပင် ကျောင်းသူကျောင်းသားဟောင်းတို့ တက်တက်ြွကြွက မနားမနေ လှုပ်ရှားလာကြပြန်သည်။
                ၃၀ .၁၂ .၂၀၁၇ ရက်နေ့မှာ ဘော်တွင်း အာစရိယပူဇော်ပွဲ ကျင်းပမည့်အကြောင်း သတင်းစာမှာ ထည့်သွင်းကြော်ငြာလိုက် သည်။ ဟိုနယ်မှာတစ်ယောက်၊ သည်နယ်မှာတစ်ယောက် ပြန့်ကျဲနေ သော ဆရာ၊ ဆရာမများထံသို့လည်း ဖိတ်စာတွေပို့လိုက်ကြသည်။
                ကျွန်တော်နှင့် ကျွန်တော့်ဇနီးထံသို့လည်း ဖိတ်စာတွေ ရောက် လာသည်။ တကယ်တော့ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်လုံး အစိုးရခန့်ဆရာ၊ ဆရာမများ မဟုတ်ခဲ့ကြ။ ဝေးလံခေါင်ဖျားသော နယ်မြေအခြေအနေအရ ဆရာမပြည့်စုံသဖြင့် ကျောင်းကော်မတီက ခန့်အပ်တာဝန်ပေးခဲ့သော ဆရာ၊ ဆရာမများသာ ဖြစ်သည်။ ဘော်တွင်း အလယ်တန်းကျောင်းအဆင့်မှ တွဲဖက်အထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာတွင် သင်ကြားမည့်ဆရာ မလုံ လောက်ဘဲဖြစ်နေသဖြင့် ကျွန်တော်က (မိုင်းဘူမိဗေဒအလုပ်တာဝန် တစ်ဖက်ဖြင့်) အချိန်ပိုင်း တွဲဖက်အထက်တန်းပြဆရာ ဝင်လုပ်ခဲ့ရ ခြင်းဖြစ်သည်။ ကျွန်တော့်ဇနီးက မူလတန်းပြဆရာမ။
                ဖိတ်စာရတော့ ကျွန်တော်တို့ဇနီးမောင်နှံ ခေါင်းချင်းဆိုင်ရ တော့သည်။ ဘော်တွင်းသို့ လိုက်ရကောင်းမလား၊ မလိုက်ဘဲ နေခဲ့ ရကောင်းမလား။ ဘော်တွင်းသို့ ခပ်ဝေးဝေး . . .တစ်ခါ  . . . တစ်ခါ ပြန်ရောက်သွားတတ်သည့် ကျွန်တော့်ထက် တစ်ကြိမ်တစ်ခါမှ ပြန်မရောက်တော့သော ဇနီးဖြစ်သူက လိုက်လိုသည့်ဆန္ဒ ပိုပြင်းပြ နေသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်က မိမိတို့မိသားစု နေခဲ့ရ သော နေရာဟောင်းကို သူက အမှတ်တရ ပြန်ရောက်ချင်နေသည်။ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမဟောင်းများနှင့်လည်း ပြန်လည် ဆုံတွေ့ချင်သည်။ တစ်ချိန်တုန်းက တပည့်ဟောင်းများနှင့်လည်း ဝမ်းသာလှိုက်လှဲ နွေးနွေးထွေးထွေး စကားတွေပြောချင်သည်။ အလွမ်းဖြေဖို့ဆိုလျှင် မမှား။
                ဘော်တွင်းဆိုသည့် တောင်ပေါ် မိုင်းမြို့လေးကလည်း လွမ်း တတ်မည်ဆိုလျှင် လွမ်းစရာတွေချည်းသာ။ ကျောက်တုံး၊ ကျောက် ခဲတွေကို တိုးဝှေ့ပွတ်တိုက်ပြီး အော်ဟစ်ပြေးလွှား စီးဆင်းနေသော တောင်ကြားထဲက နမ့်ပန်ယွန်းချောင်းကလေးကလည်း လွမ်းစရာ။ မိုင်းမြို့ကလေးကို အုပ်မိုးကာရံထားတဲ့ ဆင်ကျောကုန်းသÌာန် မြင့်မားမတ်စောက်လွန်းလှသည့် တောင်ကုန်းတောင်ကြောကြီးတွေ ကလည်း လွမ်းစရာ။ တောင်စောင်းကမ်းပါးယံမှာ ဆင့်ကဲဆင့်ကဲ အစီအရီဆောက်ထားတဲ့ အလုပ်သမားတန်းလျားလေးတွေကလည်း လွမ်းစရာပါပဲ။ ဘော်တွင်းမိုင်းရဲ့ မြေအောက်သတ္တုလုပ်ကွက်တွေဆီ ဆင်းတဲ့ ဂိတ်ကြီး (၁၇၁၂ ပေနက်သော မာမီယဲဆင်းတွင်းကြီး မြောငညှေ့ေ်အ )ကလည်း လွမ်းစရာပေါ့။ သစ်တွေ အပြည့်အမောက် တင်လာတဲ့ နမ္မတူက ရထားလေးဆိုက်ချိန်ကျမှ ဈေးခင်းရောင်းရ တဲ့ ရုပ်ရှင်ရုံကွင်းက ရထားဈေးလေးကလည်း လွမ်းစရာ။ အို  . . . ဘော်တွင်းမှာ နေခဲ့စဉ်တုန်းက တွေ့ခဲ့ရသမျှ၊ မြင်ခဲ့ရသမျှ အားလုံး ဟာ ရပ်ဝေးရောက် ဘော်တွင်းသားများအဖို့မှာ ယခုတော့ လွမ်း စရာတွေချည်း ဖြစ်လို့နေပါပေါ့။
                ဒါကြောင့်လည်း ကျွန်တော့်ဇနီးက တစ်ချိန်တုန်းက ၁၀ နှစ် လောက်ကြာအောင် နေခဲ့ဖူးသော ဘော်တွင်းကို အောက်မေ့တမ်းတ စိတ်ဖြင့် တစ်ဖန်တစ်ခေါက် ပြန်ရောက်ချင်နေတာ ဖြစ်သည်။ သူက မိမိတို့မိသားစု နေခဲ့ဖူးသော (အထက်တန်းကျောင်းဆောင်ကြီး၏ အပေါ်ဘက်က) သစ်သားအိမ်ကလေးကိုလည်း အလွမ်းပြေ ပြန် ကြည့်ချင်သည်။ ဖြစ်နိုင်လျှင် အိမ်ထဲ ဝင်ကြည့်လိုက်ချင်သေးသည်။ အိမ်ရှေ့မျက်နှာစာက သစ်ပင်၊ ပန်းပင် မျိုးစုံကိုလည်း လက်ဖြင့်   ကိုင်တွယ်ပွတ်သပ်ကြည့်လိုက်ချင်ပါသေးသတဲ့။
                ဒါတွေကတော့ သွားချင်သည့်ဘက်က မဲသာသည့်အချက်များ ဖြစ်သည်။ သို့သော် မသွားချင်သည့်အချက်တွေကလည်း ရှိနေ သည်ပင်။
                ပထမအချက်က ဒီဇင်ဘာလထဲရောက်ခါမှ အချိန်အတော် ကြာ ပျောက်ကွယ်နေခဲ့သော သေနတ်သံများကို ပြန်ကြားလာရ ခြင်း ဖြစ်သည်။ ဒုတိယအချက်က ကျွန်တော်တို့နှစ်ယောက်လုံး၏ ကျန်းမာရေးအခြေအနေ။ သွေးတိုးရှိသူ ကျွန်တော့်ဇနီးက အပေါ် သွေး ၁၈၀ အထိ တက်သွားခဲ့သဖြင့် ဆေးခန်းသို့ ရက်ဆက်သွား ပြခဲ့ရတာ မကြာသေး။ ကျွန်တော်ကလည်း မနက်တိုင်း ပြုနေကျ အတိုင်း လမ်းလျှောက်ထွက်ရင်း၊ ဘဲငန်းတစ်အုပ်၏ ရုတ်တရက် လိုက်လံထိုးဆိတ်မှုကို ရှောင်တိမ်းလိုက်ရာမှ ဟန်ချက်ပျက်လဲကျ ပြီး ခါးနာသွားသဖြင့် ဆရာဝန်ဆေးခန်းရော တိုင်းရင်းဆေးခန်းမှာ ပါ ကုသခံထားရတာ မကြာလှသေး။ ရန်ကုန်မှ ဘော်တွင်း မိုင် ၅၀ဝ လောက်ဝေးသော ခရီးကို ကားစီးပြီး သွားနိုင်ပါ့မလားပေါ့။ တတိယ အချက်က တရုတ်ပြည်မှ အအေးလှိုင်းများ ဝင်ရောက်မှုကြောင့် မကြုံစဖူး ရန်ကုန်မှာပင် အအေးပိုလာသည်ဖြစ်ရာ လားရှိုး-နမ္မတူ ဒေသမှာဆိုလျှင် အအေးဒဏ် ပြင်းထန်လွန်းမှာ သေချာလှသဖြင့် (ပူသောအရပ်နှင့် နေသားကျနေပြီဖြစ်သော) ကျွန်တော်တို့ ထိုအအေးဒဏ်ကို ခံနိုင်ပါ့မလားဟု စိုးရိမ်နေမိခြင်းဖြစ်သည်။
                ထို့ကြောင့်ပင် အကျိုးဆောင်ဖြစ်သူ ကျောင်းသူဟောင်း အေးအေးဝင်းက ]ကားလက်မှတ်ဖြတ်လိုက်တော့မယ် ဆရာ} ဟု လှမ်းပြောတော့ ]မဖြတ်လိုက်ပါနဲ့ဦးဟာ။ သြသုငညါ ပဲ လုပ်ထား လိုက်ပါ} ဟု တိုးသာဆုတ်သာ ပြန်ကြားလိုက်ရသည်။

ရှမ်းအရှေ့မြောက်လားရှိုးသို့
                ပြန်ကြားလာရသော ကြိုကြားကြိုကြား တိုက်ပွဲသတင်းတွေ ကြောင့် ဘော်တွင်းသို့လိုက်မည့်သူ ၆ ယောက်သာ ရှိသည်ဟု ကြားထားခဲ့ရာမှ ကားထွက်မည့်နေ့ရောက်တော့ ရန်ကုန်မှ သွား မည့်သူ ၁၇ ယောက်ထိ ဖြစ်လာသည်။ ဆရာ ဆရာမတွေရော၊ ကျောင်းသူ ကျောင်းသားဟောင်းတွေရောပေါ့။ စောစောတုန်းက လိုက်ရန် မဝံ့မရဲဖြစ်နေရာက ရက်နီးလာတော့ လူမှုကွန်ရက်မှ တစ်ဆင့် ဆက်သွယ်ပြောကြား စိတ်အားထက်သန်လာကြပြီး လိုက် မည့်ဦးရေ တိုးလာခြင်းပင်။ နေပြည်တော်၊ တပ်ကုန်း၊ ရေတာရှည်၊ တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်မြို့အသီးသီးက လာကြမည့် လူဦးရေစာရင်းကလည်း တစ်ဟုန်ထိုးတက်လာတော့ သည်။ လူများလာသဖြင့် ပိုမိုအားတက်လာပြီး ကျွန်တော်တို့ဇနီး မောင်နှံလည်း လိုက်မည့်စာရင်းထဲ ပါလာတော့သည်။
                ရန်ကုန်-လားရှိုး အဆင့်မြင့်ပို့ဆောင်ရေးယာဉ် ]ရွှေလားရှိုး} က ၂၇ .၁၂ .၂၀၁၇ ရက်၊ ညနေ ၆ နာရီကျော်လောက် အောင် မ၈င်္လာအဝေးပြေး၈ိတ်က ထွက်လာခဲ့သည်။ ထိုင်ခုံတွေကို ကျဲကျဲ ခင်းထားသည်မို့ ထိုင်ခုံကို နောက်လှန်ချလိုက်လျှင် ပက်လက် ကုလားထိုင်မှာ လှဲနေရသလို သက်သောင့်သက်သာရှိလှသည်။ ကျွန်တော် သဘောအကျဆုံးက ကားနောက်ခန်းမှာ ဗိုလ်ထိုင် အိမ်သာ ပါရှိခြင်းပင်။ သန့်ရှင်းတောက်ပြောင်နေပြီး သုံးရေ အလုံ အလောက်ရအောင် စီမံထားသော အိမ်သာဖြစ်သည်။ အဲကွန်း တောက်လျှောက်ဖွင့်ထားသဖြင့် လိုအပ်လျှင်ခြုံရန် စောင်တဘက် ပွကြီးတွေ ပေးထားသဖြင့်လည်း အဆင်ပြေလှပါသည်။ ကားခက တော့ ဈေးမနည်းလှ။ ရန်ကုန်-လားရှိုး ၁၈၀ဝ၀ ကျပ်။
                ည ၈ နာရီလောက်မှာ ကားက ၁၁၅ မိုင် စားသောက်ဆိုင် တစ်ခုမှာ နာရီဝက်ခန့် ရပ်နားသည်။ ဆီချက်ခေါက်ဆွဲတစ်ပွဲ ၁၅၀ဝိ၊ ထမင်းကြော်တစ်ပွဲ ၂၅၀ဝိ ဆိုတော့ ]ဈေးကြီးလိုက်တာ}ဟု ညည်းမိကြသည်။ ဈေးကြီးတာထက် စားလို့မကောင်းတာက ပိုဆိုးသည်။ အားလုံး ဒယ်အိုးကြီးအပြည့် အဆင်သင့်ကြော်ထား  ပြီးသာျးွနေိပြေိန ဖြစ်သည်။ သို့ပေမယ့် ခရီးသည်တွေခမျာ ဒီဆိုင်ကလွဲပြီး တခြားရွေးချယ်စရာလည်း မရှိပါ။
                ရန်ကုန်မှလူများက တစ်ရက်စောထွက်လာခြင်း ဖြစ်သည်။ ၈ုတ်တွင်းမှာ ကားတွေ မကြာခဏ ပိတ်တတ်ကြောင်း ပူပူနွေးနွေး သတင်းတွေရထားတော့ကြောင့် ဖြစ်သည်။ သို့ပေမယ့် ကံကောင်း ထောက်မစွာပင် ထိုညကတော့ ၈ုတ်တွင်းမပိတ်ပါ။ နောက်တစ်နေ့ မနက် ၅ နာရီခွဲလောက်တွင် ကျောက်မဲမြို့ပြင်ဆိုင်တစ်ဆိုင်၌ ကား ရပ်နားသည်။ ကားအပြင်ထွက်လိုက်သည်နှင့် မိုးက ခပ်ဖွဲဖွဲကျနေ သဖြင့် ရုတ်တရက် ချမ်းစိမ့်တုန်ခိုက်သွားတော့သည်။ နှင်းတွေက လည်း မှုန်မှိုင်းနေလိုက်တာ မိုးနှင်းတွေဟု ခေါ်ရမည်လား မသိ။ တစ်ယောက်နှင့်တစ်ယောက် သဲသဲကွဲကွဲ မမြင်ကြရ။ ဝိုးတဝါးမျှ သာ။ ခရီးသည်တိုင်း ခေါင်းစွပ်တွေ၊ လက်အိတ်ခြေအိတ်တွေနှင့် အနွေးထည်ပွပွကြီးတွေလည်း ဝတ်ထားကြသည်မို့ လူရုပ်ပျောက်ပြီး ၈ွမ်းထုပ်ကြီးတွေ အတောင့်လိုက်ထောင်ထားသလို ထင်ရသည်။ လမ်းမြန်မြန်မလျှောက်နိုင်သဖြင့် တလှုပ်လှုပ်၊ တရွေ့ရွေ့သာ။
                ကျွန်တော်တို့အဖွဲ့နှင့်အတူ ရန်ကုန်က လိုက်ပါလာသော ဆရာမ ဒေါ်သန်းသန်းနွဲ့ဆိုလျှင် လူက ပိန်ပိန်သေးသေး၊ အနွေး ထည် ရှည်ရှည်ပွပွကြီးကို ခေါင်းစွပ်မှ ခြေကျင်းဝတ်အထိ ဝတ် ထားလိုက်သည်မှာ သူ့ကိုမြင်မိတိုင်း မြောက်ဝင်ရိုးစွန်း ရေခဲအိမ် ကလေးထဲက အက်စကီမိုလူမျိုးတွေကို ပြေးမြင်ယောင်မိသည်ချည်း။ နှင်းမိုးဖွဲဖွဲလေးကြားမှာ ခရီးသည်တွေ ပါးစပ်ဟလိုက်တိုင်း အပူငွေ့ တွေက တထောင်းထောင်း။
                ကျောက်မဲရှမ်းတရုတ်ဆိုင်မှာ မနက်စောစော အဆာပြေစားရ တာ အဆင်ပြေပါသည်။ လက်ဖက်ခြောက်ကောင်းကောင်း ခတ်ထား သည့် အခါးရည် (ရေနွေးကြမ်း)က အငွေ့တလူလူ ဝေ့ဝဲလို့။ အချမ်း ဒဏ်ကို အန်တုဖို့ အခါးရည်ပူပူကို မှုတ်မှုတ်သောက်ရတာ အရသာ တစ်မျိုးပင်။ အစားအသောက်ဈေးနှုန်းကလည်း ၁၁၅ မိုင်မှာလို မကြီး။ အသားပါလေကာနှင့် ရေစိမ်ခေါက်ဆွဲတစ်ပွဲ ၁၀ဝ၀ိ၊ တို့ဟူး နွေးတစ်ပွဲကလည်း ၁၀ဝ၀ိ။ (လားရှိုးရောက်တော့ ပိုပြီးတောင် ဈေးချိုသေး။ တစ်ပွဲ ၇၀ဝ ကျပ်။)
                မနက် ၈ နာရီခွဲလောက်မှာ လားရှိုး အဝေးပြေးကားကြီးဝင်း ထဲ ဝင်သည်။ လားရှိုးမြို့ခံ ကိုထွန်းမြင့်တို့က ဆီးကြိုနေကြသည်။ ဧည့်သည်တွေကို ]မောရွှေလီ}မှာ ညအိပ်တည်းခိုဖို့ စီစဉ်ထားသည်။ သို့ရာတွင် မိမိတို့ခင်မင်ရာ အသိမိတ်ဆွေများထံမှာလည်း ဆန္ဒရှိ က တည်းခိုနိုင်ပါသည်။ သွားလိုရာကို ]ရဲမာန်အောင်} မှန်လုံကား ကြီးဖြင့် လိုက်ပို့ပေးရန်လည်း စီစဉ်ထားရှိသည်။ ကျွန်တော်တို့ ဇနီး မောင်နှံက ဆရာဦးခင်မောင်ချစ်၊ ဒေါ်လှရီတို့နှင့်အတူ မစန်းယဉ် အိမ်မှာ ညအိပ်တည်းလိုက်ကြသည်။ မစန်းယဉ်က ပြည်နယ်ပညာ ရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်ရသဖြင့် ဘော်တွင်းမှ လားရှိုးသို့ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့သည်မှာ နှစ်အတန်ကြာပြီ။
                ဧည့်သည်တချို့က လားရှိုးမှာ ညအိပ်မနေတော့ဘဲ ဘော်တွင်း သို့ ကြိုကြိုတင်တင်သွားဖို့ ဆန္ဒစောနေကြသည်။ သူတို့အကြောင်း ပြချက်က ဘော်တွင်းမှာ အတူနေခဲ့ကြသူတွေနှင့် စကားတွေ ဝအောင်ပြောဖို့ အချိန်များများရအောင်လို့ပါတဲ့။ သို့ပေမယ့် နမ္မတူ-ဘော်တွင်းကိုသွားဖို့ ကားအစီအစဉ်မရှိပါ။ (ယနေ့အတွက် လုံခြုံ ရေးစီစဉ်ထားတာ မရှိသေးပါ) ဟု ကြားလိုက်ရတော့ ကျွန်တော့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားမိသည်။
                ရန်ကုန်မှမထွက်ခင် ပူပန်မိခဲ့သော စိတ်က ရုတ်တရက် ပြန်ပေါ်လာသည်။ ဖြစ်နိုင်လျှင် ]လုံခြုံရေး} ဆိုသော စကားကိုပင် မကြားချင်၊ မကြားလို။ ဘော်တွင်းသို့လိုက်မည်ဟု ဆုံးဖြတ်ခဲ့စဉ်က ]လားရှိုးရဲ့ဟိုဘက်မှာ လုံခြုံရေး စိတ်မချရဘူးဆိုလျှင် လားရှိုးကပဲ လှည့်ပြန်မယ်} ဟု စဉ်းစားခဲ့သည်ကို သတိပြန်ရနေမိသည်။ ဘာပဲ ဖြစ်ဖြစ် ယခု လားရှိုးရောက်နေပြီ။ ဒေသခံ ကိုထွန်းမြင့်တို့ကလည်း လမ်းခရီးလုံခြုံဖို့ အလေးအနက်ထားပြီး ဆက်သွယ်စီစဉ်ကြမှာပါပဲ ဟု ယုံကြည်ထားလိုက်တော့သည်။ နောက်ပြီး ]ကိုယ်တို့ချည်းမှ မဟုတ်တာဘဲ။ တခြားလူတွေနဲ့အတူ အုပ်စုလိုက်ကြီးသွားမယ့်ဟာ} ဆိုပြီး အတွေးရောက်မိတော့ စိတ်လက် ပေါ့ပါးသွားရပြန်သည်။

ဘော်တွင်းကိုစွန့်ခွာနေကြခြင်း
                ရှမ်းအရှေ့မြောက်ဒေသက စီးပွားရေးအချက်အချာကျသော လားရှိုးမြို့ကြီးက တစ်နှစ်ပြီးတစ်နှစ် တိုးလို့သာ ကြီးထွား စည်ကား လာနေသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုတွေ သွက်လက် လာလေ စည်ကားဖွံ့ဖြိုးလေ ဖြစ်နေတော့သည်။ ယခုအချိန်မှာ ဘော်တွင်းသူ၊ ဘော်တွင်းသားတွေ လားရှိုးမှာ အခြေချနေကြတာ အရေအတွက်မနည်းတော့ပြီ။ သူတို့တစ်တွေ ဘော်တွင်းကို ဘာဖြစ် လို့ စွန့်ခွာခဲ့ကြတာပါလိမ့်။
                ]သေချင်ရင် စိန်မစားနဲ့။ နမ္မတူ-ဘော်တွင်းသွား} လို့ ဆိုနေ တဲ့ကြားက ဘော်တွင်းမိုင်းသည် မြေပြန့်မှ အလုပ်လက်မဲ့တို့၏ ခိုကိုးရာလို ဖြစ်နေခဲ့သည်မှာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကတည်း ကပင်။ ဘော်တွင်းမိုင်းသို့ မြန်မာပြည်အရပ်ရပ်မှ အလုပ်လာလုပ် ကြသူများမှာ ထောင်ချီ ရှိခဲ့သည်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံ။ ဘော်တွင်းမှာ ကြာကြာလုပ်ဖို့ မရည်ရွယ်ပါဘူး ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံ ရစ်ပတ်ချည်နှောင်ခံရလျက် မောင်ကြီးမပြန်နိုင်ဖြစ်ကြသူတွေ က ခပ်များများမို့ အိမ်ထောင်တွေကျ၊ သားသမီးတွေရဖြင့် ဘော် တွင်းမွေး၊ ဘော်တွင်းကြီးကြသူတွေက မနည်းတော့။ ဘော်တွင်း သည်ပင် သူတို့၏ ဇာတိမြေဖြစ်လာရလေပြီ။
                ပြည်သူပိုင်ခေတ်တစ်လျှောက်လုံး ဆင်းရဲကျပ်တည်းကြသည် ဆိုပေမယ့် ဘော်တွင်းမိုင်း၏ မြေအောက်မှာရော မြေပေါ်မှာပါ မိမိ တို့ ကိုယ်စီတတ်ကျွမ်းရာ အလုပ်ဖြင့် ကိုယ့်အလုပ်ကို ဂုဏ်ယူ မြတ်နိုးစွာ လုပ်ကိုင်နိုင်ခဲ့ကြသည်။ သူ့ခေတ်ကာလ အခြေအနေ နှင့်သူ ဘဝအာမခံချက်လည်း ထိုက်သင့်သလောက်တော့ ရှိခဲ့ကြ သည်ဟု ဆိုရမည်။
                သို့ရာတွင် နိုင်ငံတော်ပိုင် ဘော်တွင်းမိုင်းကြီးနှင့် စက်ရုံ၊ အလုပ်ရုံအားလုံးကို ၅ .၁ .၂၀၁၀ ရက်နေ့မှာ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော ဝင်းမြင့်မိုရ် စက်မှုလုပ်ငန်းကုမ္ပဏီ (ဗျငွျှေသမို ကုမ္ပဏီ၏လက်ခွဲ) သို့ လွှဲပြောင်းပေးလိုက်ပြီးသည့်နောက်ဝယ် ဘော်တွင်းသူ၊ ဘော်တွင်းသား အများစုမှာ အခြေအနေပျက်ကုန် ကြသည်။ ကုမ္ပဏီမှ လွှဲပြောင်းရယူပြီး ၂ နှစ်ပြည့်သည်နှင့် ဝန်ထမ်း အချို့ကို သုံးလစာ အပိုကြေးပေး၍ လည်းကောင်း၊ အချို့ဝန်ထမ်း များကို ပိုလျှံဝန်ထမ်းများအဖြစ် သတ်မှတ်ပြီး တရုတ်ဓာတ်ငွေ့ပိုက် လိုင်းသွယ်တန်းသည့်လုပ်ငန်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေ ၍ လည်းကောင်း၊ ဝန်ထမ်းအင်အားကို လျှော့ချပစ်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် မူလဝန်ထမ်းအင်အား၏ တစ်ဝက်ခန့် မျှသော အရေအတွက်သာ ကျန်ရှိတော့သည်ဟု သိရပါသည်။ လက်ကျန်ဝန်ထမ်းများမှာလည်း သတ္တုတူးဖော်ရေးလုပ်ငန်းများ မရှိတော့သဖြင့် အထွေထွေလုပ်သား (ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်း ရေး၊ ဒရဝမ်၊ မြက်ပေါက်ချုံရှင်း၊ မြောင်းဖော် စသည့်) များအဖြစ်သာ စခန်းသွားနေကြရတော့သည်။ အလုပ်ပြရုံမျှသာ ခိုင်းစေထားသည့် သဘောဟု ယူဆစရာပင်။
                ဟိုတုန်းကတော့ မြေအောက်မိုင်းထဲမှာလည်း အင်ဂျင်နီယာ တွေ၊ ဖိုမင်တွေ၊ အဆိုင်းမှူးတွေ၊ ကြီးကြပ်ရေးမှူးတွေ၊ သတ္တုတူး ဖော်ရေးအဖွဲ့တွေ၊ ပြင်ပြင်ထိန်းသိမ်းရေးအဖွဲ့တွေက အဆင့်ဆင့် တာဝန်ယူ၊ စက်မှုဝန်ထမ်းတွေကလည်း သူ့တာဝန်နှင့်သူ လျှပ်စစ် ဝန်ထမ်း၊ မီးရထားဝန်ထမ်း၊ ဓာတ်ခွဲခန်း  . . . စသော မြေပေါ် ဝန်ထမ်းများ၊ ကဏ္ဍအသီးသီးမှာ သူ့ကျွမ်းကျင်မှုနှင့်သူ။ မိုးမလင်းမီ ဥဩဆွဲသံရှည်ကလည်း နာရီဝက်ခြားတစ်ခါ လှုပ်နှိုးလို့။ ဘော်တွင်း မြို့လေးရဲ့ ကျောက်ကြမ်းလမ်းတစ်လျှောက်မှာ မိုင်းဦးထုပ်ဆောင်း၊ ကာဘိုက်မီးခွက်နှင့် မိုင်းသမားတို့၏ မိုင်းဖိနပ်သံ တ၈ွပ်၈ွပ်ကလည်း စီးချက်မှန်မှန်နှင့်ပေါ့။
                ယခုသော်ကား ဝန်ထမ်းများအနက် ပြုတ်သူကပြုတ်၊ ထွက် သူကထွက်နှင့် တစ်စတစ်စ အရေအတွက် လျော့နည်းသွားသည်။ ၂၀၁၇ ခုနှစ် ကုန်လွန်ချိန်မှာတော့ လုပ်သား ၄၄၀ ခန့်နှင့် မှီခိုသူ အပါအဝင် လူဦးရေ ၃၀ဝ၀ ခန့်မျှသာ ကျန်ရှိတော့ပြီး အများစုက ရေကြည်ရာ မြက်နုရာသို့ ပြောင်းကြ၊ ရွှေ့ကြနှင့် ဘော်တွင်းမိုင်းမြို့ သည် ယခင်ကလို စည်စည်ကားကားမရှိတော့ဘဲ မြို့ပျက်တစ်ခု နီးပါး ခြောက်ကပ်သွားပြီဟု လားရှိုးရောက် ဘော်တွင်းသားတို့က ကျွန်တော်တို့ကို ဆီးပြောကြပါသည်။
                ဘော်တွင်းမိုင်း အခြေပျက်သွားပြီဖြစ်လို့ မိဘဘိုးဘွားတို့၏ ဇာတိဌာနေမှာ ပြန်လည်အခြေချနိုင်သူအချို့က မြေပြန့်သို့ ပြန်ဆင်း နေထိုင်ကြသည်။ အချို့သော အင်ဂျင်နီယာနှင့် ဘူမိဗေဒဝန်ထမ်း များကတော့ မိမိတို့တတ်ကျွမ်းထားသော ပညာအားကိုးဖြင့် သပိတ် ကျင်းမြို့နယ်ထဲက ရွှေမိုင်းတွေ၊ ရမည်းသင်းနားက မိုးထိမိုးမိ ရွှေမိုင်းလို နေရာမျိုးတွေမှာ အလုပ်ကောင်း၊ လစာကောင်းရသဖြင့် တစ်ရွာပြောင်းလို့ သူကောင်းဖြစ်သွားကြသည်။ တချို့ကျတော့ ပညာရေး၊ ကျန်းမာရေး စသော ဝန်ထမ်းအလုပ်ဖြင့် ရာထူးတွေ အဆင့်ဆင့်တက်လို့။ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ ပြင်ဦးလွင်၊ မုံရွာ၊ မန္တလေး၊ ကလေး၊ မြစ်ကြီးနား  . . . စသော မြို့များမှာ ပြောင်းရွှေ့ အခြေချနိုင်ကြသည်။ ထိုသူများကို ကံကောင်းကြသူများဟု ဆိုပါလျှင် ထိုကံကောင်းကြသူများမှာ လူနည်းစုမျှသာဖြစ်ပြီး ကံမကောင်းကြသူ များကသာ အများစုဟု ဆိုပါသည်။ ထိုသူများမှာ ကုမ္ပဏီက လက်လွှဲ ယူလိုက်သော အရေးမပါသည့် ဝန်ထမ်းများအဖြစ် နည်းပါးသော လစာငွေဖြင့် ဘော်တွင်းမှာပင် ကျန်ရစ်ခဲ့ကြသူများဖြစ်ကြသည်။
                တချို့ကျတော့ မိဘတွေလက်ထက်ကတည်းက ဘော်တွင်း မှာ ရောက်နေခဲ့တာဖြစ်လို့ မိဘတို့၏ မြေပြန့်က ဇာတိမြေမှာလည်း ပြန်ဖို့ နေစရာအိမ်လည်းမရှိ၊ မြေလည်းမရှိတော့သည်မို့ ဘော်တွင်းကို မစွန့်ခွာနိုင်ရှာကြ။ သူတို့သည် ဘော်တွင်းမိုင်းမြို့မှာ လူဦးရေ အလွန် နည်းပါးသွားသဖြင့် အလုပ်သမားတန်းလျားများ၌နေသူ ရှားပါး အားလပ်သွားသည်ကိုပင် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူကြလျက် (ကုမ္ပဏီဝန်ထမ်းမဟုတ်တော့စေကာမူ) တစ်လ လျှင် ၁၀ဝ၀ ကျပ်၊ ၁၅၀ဝ ကျပ်ခန့်မျှသော နည်းပါးလှသည့် အိမ်လခဖြင့်ပင် ဆက်လက် နေထိုင်ခွင့်ရနေကြသည်။ ရေနှင့် လျှပ်စစ်မီးလည်း ယခင်ကလို ဖောဖောသီသီ မဟုတ်တော့သော်လည်း အသင့်အတင့်တော့ ခံစားခွင်ရနေကြသေးသည်။ အိမ်ထောင်ဦးစီးဖြစ်သူက ရွှေမှော်၊ ကျောက်စိမ်းမှော်၊ ဘိလပ်မြေစက်ရုံ စသည့် နေရာများသို့ ငွေရှာဖို့ အလုပ်သွားလုပ်ကြပြီး မိသားစုကို ဘော်တွင်းမှာပင် ထားခဲ့ကြရ သည်။ သို့ဖြင့် ပဝတ္တိဘော်တွင်းကိုပင် မိမိဇာတိ မွေးရပ်မြေပမာ ဘဝများကို မြှုပ်နှံထားရသည့် လူတန်းစားတစ်ရပ် ဖြစ်တည်လာခဲ့ရ တော့သည်။ ထိုသူတို့သည် ]နေဝင်သွားတော့မှာလား} ဟု စိုးရိမ် တကြီး ပြောဆိုနေကြသော ဘော်တွင်းမိုင်းဟောင်းကြီးကိုပင် ကောက်ရိုးမျှင်ပမာ ဖက်တွယ်ထားကြရသူများ ဖြစ်နေပေသည် တကား။
                ကျွန်တော်တို့ ဘော်တွင်းမရောက်မီမှာပင် ယိုယွင်းဆုတ်ယုတ် နေသော ဘော်တွင်း၏ အခြေအနေကို လားရှိုးရောက် ဘော်တွင်း သားများထံမှ စိတ်မကောင်းဖွယ် ကြားသိလာရပါသည်။
                ထိုသို့ ဘော်တွင်းကို စွန့်ခွာခဲ့ပြီး အမျိုးမျိုးအဖုံဖုံ ကိုယ့်ဘဝ လမ်း ကိုယ်ရှာ၍ လျှောက်ကြရသူများထဲမှာတော့ မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင် စသည်တို့မှာ အခြေချနိုင်ကြပြီး အလုပ်အကိုင်အခွင့် အလမ်းကောင်း ကြုံရသူတို့မှာ ကံကောင်းကြသူများသာတည်း။
                အဆိုပါ လားရှိုးရောက် ဘော်တွင်းသူ၊ ဘော်တွင်းသားများ သည် ဘဝပေးအခြေအနေ ပြောင်းလဲသွားစေကာမူ တစ်ချိန်သော အခါက မိမိတို့ ကျင်လည်ကျက်စားခဲ့ရာ ဘော်တွင်းကို မမေ့နိုင် ကြ။ ဘော်တွင်းကို သံယောဇဉ်ထားလျက်ပင် ရှိနေကြဆဲ။ ယခု ဘော်တွင်းမှာ အာစရိယပူဇော်ပွဲ ကျင်းပတော့မည်ဆိုတော့ သူတို့ သည် ရှေ့တန်းမှ တက်တက်ြွကြွက ပါဝင်လာကြသည်။ တချို့ဆို လျှင် ဦးဆောင်သူတွေပင် ဖြစ်လာကြသည်။
                ဘော်တွင်းသို့သွားကြမည့် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားဟောင်းများကို လားရှိုးရောက် ဘော်တွင်းသူ၊ ဘော် တွင်းသားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့အိမ် တွေမှာ လာပြီး ညအိပ်ဖို့ စိတ်လိုလက်ရ ဖိတ်ခေါ်ကြသည်။ ဘော်တွင်းသွားကြမည့် ရပ်ဝေးဧည့်သည်များကို တစ်အုပ်တစ်မကြီး စားသောက်ဆိုင်ကြီးတွေမှာ ဖိတ်ခေါ်ကျွေးသူကကျွေး၊ အိမ်မှာ ချက်ပြုတ်ပြီးကျွေးသူက ကျွေးကြသည်။ လားရှိုးမြို့ပေါ်ရှိ မန်ဆူ စသော ဘုရားစေတီများနှင့် လားရှိုးနှင့် ၈ မိုင်ကွာ သိရိသျှီဝရှန် ခိုက်ဘုရားဆီသို့ လိုက်ပို့သူက လိုက်ပို့၊ နာမည်ကြီး ရေပူစမ်းကို လိုက်ပို့သူက လိုက်ပို့။ ရပ်ဝေးမှ တကူးတက လာကြသူများကို မျက်နှာမငယ်စေရ၊ အားမငယ်စေရ။ လားရှိုးရောက် ဘော်တွင်းသူ ဘော်တွင်းသားတို့၏ ဘော်တွင်းသံယောဇဉ်ကို အခြေခံသော စေတနာ၊ သဒ္ဓါတရားများကိုတော့ မမေ့မလျော့ မှတ်တမ်းတင်ကြ ရမှာပဲ ဖြစ်သည်။
                ရပ်ဝေးနယ်အသီးသီးက လာကြသူအချင်းချင်း တစ်နေရာ တည်းမှာ တည်းခိုကြတော့ ဝေးကွာခဲ့သည့် နေ့ရက်များအတွက် အတိုးချပြီး စကားတွေ ပြောလို့မဝကြ။ နားထောင်လို့မငြီးကြ။ တစ်အိပ်ရာတည်း အတူတူအိပ်ကြမည့်သူအချင်းချင်း (စကားတွေ အိတ်သွန်ဖာမှောက် ပြောနိုင်အောင်ဆိုပြီး) စိန်ခေါ်လိုက်ကြပုံက    ]ည  . . . မအိပ်ကြေး} ဆိုပဲ။ အဖြစ်သည်းနေလိုက်ကြပုံများ။
တြိ၈ံနယ်မြေကိုဖြတ်သန်းကြပြီ
                ၂၉ .၁၂ .၂၀၁၇ ရက်နေ့မှာ လားရှိုးမှ နမ္မတူသို့ ခရီးဆက် ကြသည်။ စောစောထွက်ဖို့ နှိုးဆော်ထားသည့်တိုင် ]ရောက်တော့ မယ် လားရှိုးဝင်နေပြီ} ဆိုပြီး ဖုန်းဆက်ထားသော ရပ်ဝေးက ဆရာ၊ ဆရာမကြီးအချို့ကို စောင့်ရင်းစောင့်ရင်းဖြင့် မနက် ၉ နာရီခွဲမှပင် ထွက်ဖြစ်တော့သည်။ ဤခရီးသည် သီပေါ-လားရှိုး-နမ္မတူ မြို့သုံး မြို့ကြား တြိ၈ံနယ်မြေကို ဖြတ်သန်းရသည့်ခရီး ဖြစ်သည်။ နမ္မတူ သို့ သီပေါမှ သွားနိုင်သော်လည်း ယခုအခါ လားရှိုးမှပင် အသွား အလာများနေတာ တွေ့ရသည်။
                အဝေးပြေးကားကြီးနှစ်စီး၊ ကားငယ်သုံးစီး၊ ပစ္စည်းတင် ထော်လာဂျီကားတစ်စီး အပါအဝင် ယာဉ် ၆ စီးပါ ကားတန်းရှည် ဖြစ်သည်။ ကျွန်တော်တို့ ရပ်ဝေးဧည့်သည်များက ]ရဲမာန်အောင်} မှန်လုံကားကြီးနှစ်စီးပေါ်မှ လိုက်ပါလာကြသည်။
                (တြိ၈ံနယ်မြေကို ဖြတ်သန်းရသော) ဤခရီးကို ကျွန်တော် ဘော်တွင်းမိုင်းမှာ ဘူမိဗေဒဝန်ထမ်းအဖြစ် အလုပ်စဝင်ပြီးနောက် ၁၉၇၁ ခုနှစ်မှ စ၍ မကြာခဏသွားခဲ့ရသဖြင့် ဤခရီးလမ်းသည် ကျွန်တော်နှင့် မစိမ်းပါ။ မနိမ့်မမြင့် တောင်ကြော၊ တောင်စွယ်၊ တောင်ကုန်းများကို ကွေ့လိုက်ပတ်လိုက်၊ ခပ်ပြေပြေ တက်လိုက် ဆင်းလိုက်ဖြင့် သွားနေရသည်။ တစ်လမ်းလုံး ဝဲယာမှာတော့ မြေလွတ်မြေရိုင်းတွေချည်းပင်။ သစ်ပင်ကြီးကြီးမားမား ဘာဆိုဘာမှ မတွေ့မမြင်ရ။ တောအရေးကား စာဖွဲ့စရာမရှိလှပါ။ မြက်ရိုင်းတော တွေ၊ ဘီးဇတ်ပင်အရိုင်းတောတွေသာ ဖုံးလွှမ်းနေတာများသည်။ စပါးရိတ်သိမ်းပြီးစ ညိုဝါဝါ လယ်ကွက်ကျဉ်းကျဉ်းလေးတွေ၊ ခြောက် သွေ့နေသော ပြောင်းဖူးခင်းဟောင်း တစ်ခင်းတလေ၊ ပန်းနှမ်းခင်း ကွက်တိကွက်ကျားနှင့် မုန်ညင်း၊ေ၈ါ်ဖီစိုက်ခင်းသေးသေးလေးတွေ တွေ့ရမြင်ရသမျှ ဒါ အကုန်ပါပဲ။ ]ရော်ဘာစိုက်ပျိုးရေးစီမံကိန်း} ဆိုသည့် ဆိုင်းဘုတ်အောက်ပိုင်း ညာဘက်ထောင့်နားမှာ တရုတ် စာလုံးတွေ တွေ့လိုက်ရတော့ ဪသာ်  . . . ကိုရွှေပေါက်ဖော်တို့ လာစိုက်ထားတာပါလားဟု သိလိုက်ရသည်။
                ရွာဆက်က ကျဲလွန်းလှပါ၏။ ရှမ်း၊ ပလောင်တိုင်းရင်းသားနှင့် ဂေါ်ရခါးရွာလေးတွေ။ အီနိုင်း၊ လွယ်တောင်၊ နားဆိုင်း၊ ပန်ချင်၊ လုပ်လေ၊ နားမတ်၊ ညောင်ဆွယ်၊ မန်စံ၊ ပန်သပြေ၊ ခိုမို၊ ခိုဖိတ်၊ နမ့်တောင်ကုန်း  . . . စသည်တို့ပေါ့။ မန်စံကတော့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကား၈ိတ်တွေ၊ တိုက်တာအိမ်ခြေတွေနှင့် စည်ကားသော ရှမ်းရွာကြီးဖြစ်သည်။ ဟိုးတစ်ချိန်တုန်းက နာမည် ကြီးခဲ့သော ရုပ်ရှင်မင်းသမီး မေရီမြင့်၏ ဇာတိရွာဟု ဆရာမြသန်း တင့်၏ ခရီးသွားဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ရဖူးသည်။
                ကံအားလျော်စွာပင် ကျွန်တော်တို့အဖွဲ့ နမ္မတူရောက်သည်အထိ လမ်းတစ်လျှောက်လုံး ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရ။ မန်ဆန် ရွာကြီးအလွန် လမ်းခုလတ်တစ်နေရာ၌ အဝေးပြေးကားကြီး တစ်စီး လမ်းဘေးရေမြောင်းထဲ ကားဘီးချော်ကျရုံမျှသာ ရှိခဲ့ပါသည်။ အခြား စိတ်မသက်မသာဖြစ်စရာ ဘာမှမကြုံခဲ့ရ။ ဪသာ် . . .ကောင်းပါ လေစွ။
                ကျွန်တော် ဘူမိဗေဒဝန်ထမ်းဘဝနှင့် ဤတြိ၈ံနယ်မြေကို ဖြတ်သန်းခဲ့ရစဉ်တုန်းကမူ ခရီးစဉ်တိုင်းမှာ စိုးရိမ်စိတ် တထိတ် ထိတ်နှင့် ဘုရားသာ တနေခဲ့ရသည်ဖြစ်ရာ ယခုတစ်ဖန် ဤနယ်မြေ ကို ရောက်ရှိရပြန်သောအခါ ဟိုတုန်းကအဖြစ်များကို ပြန်လည် သတိရနေမိပြန်သည်။
                နမ္မတူသို့ သီပေါမှ ကားဖြင့် သွားနိုင်သည်။ လားရှိုးမှလည်း ကားဖြင့် သွားနိုင်သည်။ မီးရထားဖြင့် မန်းပွဲ (သီပေါနှင့် လားရှိုး ကြား) ဘူတာတွင်ဆင်းပြီး နမ့်မျှော်ဘူတာမှ နှစ်ပေသံလမ်းပေါ် မောင်းသော ရထားငယ်လေးဖြင့်လည်း သွားနိုင်သည်။ ထိုလမ်း သွယ်သုံးခုလုံး တြိဂံဧရိယာကို ဖြတ်သန်းလျက်ရှိသည်။ မည်သည့် လမ်းဖြင့် သွားသည်ဖြစ်စေ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်များကို တော့ အနည်းနှင့်အများ ကြုံခဲ့ရသည်ချည်းပင်။
                နမ့်မျှော်-နမ္မတူ ရထားလမ်းသတင်းတွေက အလှမ်းဝေးသွား သည်မရှိ။ မိုင်းခွဲခံရလို့၊ အပစ်ခံရလို့ သေသူသေ၊ ဒဏ်ရာရသူရ ဆိုသော အနိဋ္ဌာရုံတွေက မကြာခဏ ကြုံလာရသည့်အခါ ဒါတွေ သည် အဆန်းမဟုတ်တော့။ မြင်နေကျ၊ ကြားနေကျမို့ ရိုးတောင် နေပြီလားမသိ။ ဝမ်းစာအရေး မသွားမဖြစ် သွားနေကြသူများမှာ ကြောက်နေလို့မရ၊ လန့်နေလို့မရ။ အသက် ဖက်နဲ့ထုပ်ပြီး သွားမြဲ၊ လာမြဲ၊ အပစ်ခံရမြဲ၊ ဒဏ်ရာရမြဲ၊ သေမြဲ။ ဒါသည် ဒီဒေသမှာတော့ ထူးမဆန်းသည့် ဖြစ်ရိုးဖြစ်စဉ်ကြီးပင်။
                သီပေါ-နမ္မတူ ကားလမ်းကတော့ အရပ်ကားတွေသာ အသွား များလို့လားမသိ။ အပစ်ခံရတာ၊ မိုင်းခွဲခံရတာ သိပ်မကြားမိခဲ့။ သို့ပေမယ့် ကျွန်တော်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရသည့် အဖြစ်ကတော့ သည်းထိတ်ရင်ဖိုဖြစ်စရာပါ။ အဲဒီနေ့က ကလေး အရွယ်သာရှိသေးသော သားကြီးနှင့် ကျွန်တော်တို့ ဇနီးမောင်နှံ မိသားစုသုံးယောက် ဘော်တွင်းသို့သွားရန် သီပေါမှ ]ကျေးဇူးရှင်} ကားကို စီးလာခဲ့ကြသည်။ ]ကျေးဇူးရှင်} ဟု အမည်ပေးထားသော စစ်ကြိုခေတ်လက်ကျန် ချက်ဗလက်ကားဟောင်းကြီးက နမ္မတူ-သီပေါ ပြေးဆွဲသော တစ်စီးတည်းသော ခရီးသည်ရော ကုန်ပစ္စည်း ပါ ပို့ဆောင်ပေးသည့် မော်တော်ယာဉ်ဖြစ်သည်။ နမ္မတူမှ မနက် ထွက်၊ နေ့လယ် သီပေါမှပြန်။ မန္တလေးမှ ရထားစီးလာသူသည် သီပေါတွင် ထိုကျေးဇူးရှင်ကားကြီးကို မမီလိုက်ပါက သီပေါကား ၈ိတ်မှာပဲ ဖြစ်သလို ညအိပ်ပေတော့။ ကားဂိတ်အဆောက်အအုံ ငယ်မှာ အကာအရံမရှိ။ ပေါက်ပြဲနေသော သမံတလင်းက ဖုန်တသောသော။ ထိုစဉ်က တည်းခိုခန်းဆိုတာ မရှိသလောက် ရှားပါးလှသောခေတ်။ သီပေါကား၈ိတ်မှာ ညအိပ်ဖူးခဲ့သူတိုင်း အဲဒီ တုန်းက တစ်ညတာ ဒုက္ခခံခဲ့ရတာကို မေ့ပစ်နိုင်ကြလိမ့်မည်မဟုတ်။ ကျေးဇူးရှင်ကို မီလိုက်လျှင် သီပေါမှာ ညအိပ်ရသည့်ဒုက္ခကို မခံစားရ တော့ပြီ။ ဒါကြောင့် ကျေးဇူးရှင်ကားကြီးသည် နမ္မတူ-ဘော်တွင်း ခရီးသည်များအတွက်တော့ တကယ့်ကျေးဇူးရှင်အစစ် ဖြစ်ခဲ့တာပါ။
                အဲဒီကျေးဇူးရှင်ကားပေါ်မှာ ကြောက်ရွံ့စိုးထိတ်ဖွယ်အဖြစ်ကို ကျွန်တော်တို့ကိုယ်တိုင် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ ပန်လုံရွာမှ ထွက်လာပြီး မကြာမီ ကားရပ်သွားသည်။ ဘာဖြစ်လို့ပါလိမ့်။ ထိုစဉ် ရှမ်းဘောင်းဘီဝတ် လက်နက်ကိုင်လူတစ်စု ကားဆီ ပြေးလာကြ သည်။ ၇ ယောက်၊ ၈ ယောက်လောက် ရှိပါလိမ့်မည်။ လက်နက် ကိုင်များကို မြင်မြင်ချင်း ဌာနေပြည်သူ့စစ်များဟု ထင်လိုက်မိသဖြင့် စိတ်ထဲမှာ ဘာမှမဖြစ်မိ။ သို့ရာတွင် လက်နက်ကိုင်များက ကား ခေါင်းနားမှာ ကားဆရာနှင့် ရှမ်းလို ပြောကြသည်ဖြစ်ရာ ရှမ်းစကား နားလည်သူ ခရီးသည်တစ်ယောက်က ]အဲဒါ သူပုန်တွေ} ဟု အလန့်တကြားပြောလိုက်တော့ ကျွန်တော်တို့ လန့်ဖျပ်တုန်လှုပ် ကုန်ကြတော့သည်။ ]ဒုက္ခပဲ  . . . ဒုက္ခပဲ။ ဘယ်လိုလုပ်ရပါ့မလဲ} ဟု ကြံရာမရဖြစ်ကာ ဘုရားသာ တကုန်ကြသည်။ ]ကားပေါ်က လူတွေအားလုံး ကားပေါ်ကဆင်းကြ} ဟုများ အမိန့်ပေးလိုက်လေ မလား။ အဲဒီလိုများ ခိုင်းလိုက်ရင်တော့ ဘုရား  . . . ဘုရား ကြောက်ဒူးတွေ တဆတ်ဆတ်တုန်နေဆဲ။ ခဏအကြာ ကားစက် နှိုးသံ ကြားလိုက်ရပြီး ကားမောင်းထွက်လိုက်တော့မှပင် အလုံးကြီး ကျ၊ စိတ်လက်ပေါ့ပါး ဝမ်းသာလုံးဆို့သွားသည်မှာ ဘယ်လိုပြောရ မှန်းပင် မသိတော့။ ]သူတို့က သူပုန်တွေတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က ဓားပြကိုလိုက်ရှာနေကြတာတဲ့}လို့ ကြားလိုက်ရပြန်တော့ ရင်ဘတ်ကို လက်နှင့်ဖိပြီး ]အမလေး တော်ပါသေးရဲ့} ဆိုပြီး သက်ပြင်းချနိုင်ခဲ့ကြသည်။
                အဆိုးဆုံးကတော့ လားရှိုး-နမ္မတူလမ်းပင်။ အစိုးရပိုင် မိုင်း ကားတွေမောင်းသော လမ်းဖြစ်၍ ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ ကားမီးရှို့ မှုတွေ ပွဲကြမ်းလွန်းလှသည်။ အဲဒီလမ်းအကြောင်း ပြန်တွေးမိလျှင် ကားဆရာကြီး ဦးမြင့်ရွှေကို သတိရမိသည်ချည်း။ သူက နမ္မတူ သတ္တုလုပ်ငန်းက အစိုးရဝန်ထမ်း ဝါရင့်ကားဆရာကြီး ဖြစ်သည်။ နမ္မတူ-လားရှိုးလမ်းကို အလွတ်ရနေသူဖြစ်သည်။ သည်လမ်းမှာ အခေါက်ပေါင်း မြောက်မြားစွာ သူဖြတ်သန်းခဲ့ရသောကြောင့်ပင်။
                ဦးမြင့်ရွှေမှာ ဉာဉ်တစ်ခုရှိသည်။ အဲဒါကတော့ သူ့ကားပေါ်မှာ ပါလာကြသော ခရီးသည်များကို ခြောက်လှန့်ပြီး ပျော်တတ်ခြင်းပင်။ သူခြောက်၍ ကြောက်သွားလျှင် အလွန်ကျေနပ်ပျော်ရွှင်သူ ဖြစ်သည်။ များများကြောက်လေ များများပျော်လေဖြစ်ပြီး အားပါးတရ ရယ်မော တတ်သည်။
                ]ဆရာ  . . . ဟိုတောင်ကုန်းကို မြင်တယ်မို့လား} သူက ကားလမ်းနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုဆီ လက်ညှိုးထိုးပြ ပြီး ]အဲဒီတောင်ကုန်းပေါ်ကနေ ကျွန်တော့်ကားကို တရစပ်ပစ်လိုက် ကြတာ ဘာပြောကောင်းမလဲ ဆရာရယ်}
                တောတွင်းလက်နက်ကိုင်များက သေနတ်များဖြင့် လှမ်းပစ် ကြပုံကို ဇာတ်ကြောင်းပြန်ခင်းပြနေသည်။ ဒါနဲ့တင် သူက ရပ်မသွား။ သူ့ကားဘော်ဒီမှာ ဆန်ခါပေါက်လို များပြားလှသော ကျည်ဆန် ပေါက်ရာများအနက် တစ်ခုကို လက်ညှိုးထိုးပြလျက် ]အဲဒီအပေါက် ကဝင်လာတဲ့ ကျည်ဆန်က ဘယ်သူ့ကို ဘယ်လို မှန်တာ၊ ပွဲချင်းပြီးပဲ။ ဟဲ  . . . ဟဲ  . . . ဟဲ} လူတစ်ယောက် သေသွားသည့်ဖြစ်ရပ်ကိုပင် သူက ရယ်ရယ်မောမော ပြောဆိုနေသည်မှာ ထူးဆန်းလှသည်။ သူ့ ရည်ရွယ်ချက်က သူ့စကားကြားလိုက်လျှင် ကားပေါ်မှလူများ ကြောက်လန့်သွားစေရန် ဖြစ်သည်။ ခရီးသည်တွေ ကြောက်ရွံ့လို့ မျက်စိမျက်နှာပျက် ဖြစ်သွားပြီဆိုလျှင် အဲဒါကို သူက အထူးသဘော ကျသည်။ ထို့ကြောင့် ရယ်မောခြင်းဖြစ်သည်။ သူက ဒါနဲ့တင်ရပ်မသွား။ နောက်ထပ် ကျည်ဆန်ပေါက် တစ်ခုကို လက်ညှိုးထိုးပြပြန်သည်။ ]အဲဒီကျည်ဆန်ပေါက်က  . .} သူ စကားမဆက်မီ အချိန်မီ ကျွန်တော် ဟန့်တားလိုက်ရသည်။  ]တော်ပါတော့ ဦးမြင့်ရွှေရာ။ ခင်ဗျားကားစီးရ တာနဲ့ မကာမိပါဘူး။ ခရီးသည်တွေ အကြောက်လွန်ပြီး နှလုံးရောဂါ ရကုန်ပါဦးမယ်} ဟု ပိတ်ပြောလိုက်မှ ရှေ့စကားမဆက်တော့ဘဲ ရပ်သွားတော့သည်။
                တစ်ကြိမ်တစ်ခါက ဦးမြင့်ရွှေ၏ လုပ်ရပ်ကတော့ နမ္မတူနယ် မှာ ပြောစမှတ်တွင်ကျန်ရစ်ခဲ့တော့မှာ သေချာသည်။ ဖြစ်ပုံက သည်လိုပါ။ ဦးမြင့်ရွှေက သတ္တုတွင်းပိုင်ွှန-၁၁ ကားကြီးကိုမောင်းလာ သည်။ လားရှိုးမှ နမ္မတူသို့ ပြန်ရန်ဖြစ်သည်။ လမ်းခုလတ်တစ်နေရာမှာ တောတွင်းလက်နက်ကိုင်အဖွဲ့ငယ်တစ်ဖွဲ့နှင့် သွားတိုးပါရော။ သူတို့က ကားကိုရပ်ရန် အချက်ပြသည်။ ဦးမြင့်ရွှေက မရပ်။ မြင့်ရွှေတဲ့ကွ၊ ဘာမှတ်လို့လဲ။ သူက သူ့ကိုယ်သူ ယုံသည်။ သူ့ကားကိုလည်း ယုံသည်။ သူက ဝိုင်းချိန်ထားသည့် သေနတ်တွေကို နည်းနည်းလေး မှ ဂရုမစိုက်။ လီဘာကို အသားကုန် (အစွမ်းကုန်) နင်းလိုက်ပြီး ကားကို တစ်ဟုန်ထိုးမောင်းပြေးတော့သည်။ နောက်က လိုက်ပစ် သည့် ကျည်ဆန်များစွာ တဝီးဝီးဖြင့် သူ့ကားနောက်က ပြေးလိုက် သည်။ ဦးမြင့်ရွှေ၏ ကံပါပဲ။ ကျည်ဆန်တွေက ကားနောက်ပိုင်းက ဘော်ဒီအိမ်ကိုပဲ ထိသည်။ ကားစက်ခေါင်းကိုလည်း မထိ၊ ကားဘီး တွေကိုလည်း မထိ။ သို့ဖြင့် ဦးမြင့်ရွှေ လွတ်မြောက်သွားသည်ပေါ့။ ]ဟေး  . . . မြင့်ရွှေတဲ့ကွ။ ဟား  . . . ဟား  . . . ဟား} နမ္မတူ မော်တော်ယာဉ်ရုံးသို့ ပြန်ရောက်သည်နှင့် ဦးမြင့်ရွှေ လက်မထောင် တော့သည်။ သူ့စွန့်စားခန်းကို ဂုဏ်ယူဝင့်ြွကားစွာ ရေပက်မဝင် အောင် ပြောလို့မဆုံး။ ဦးမြင့်ရွှေ၏ အောင်မြင်သူ့ရယ်မောသံ တဟဲဟဲ အသံသည် နမ္မတူမြစ်ရေပြင်ဆီသို့ပင် ရိုက်ခတ်နေတော့သည်။
                ကားသမားအားလုံးက ပါးစပ်အဟောင်းသားဖြစ်လို့။ ဦးမြင့် ရွှေကို တချို့က ဖွင့်ဟချီးကျူးကြသည်။ တချို့ကတော့ ဦးမြင့်ရွှေ ကို အားကျကြသည်။ ထိုအားကျမိသူထဲမှ တစ်ယောက်ကတော့ ကံဆိုးရှာလေရဲ့။ အဖြစ်က ဆိုးလှသည်။
                သူကလည်း ဦးမြင့်ရွှေလိုပင်ွှန-၁၁ ကားကြီးကို မောင်းလို့ လားရှိုးမှ နမ္မတူသို့ ပြန်လာသည်။ လမ်းမှာ တောတွင်းတပ်ဖွဲ့အချို့ နှင့် တွေ့မိလေရော။ လုပ်နေကျအတိုင်းပင် ကားကို အရပ်ခိုင်းသည်။ ထိုသူက ဦးမြင့်ရွှေကို အတုယူပြီး ကားကို ရပ်မပေး။ လီဘာမြှင့် ပြီး မောင်းပြေးသည်။ သို့ရာတွင် ထိုသူမှာ ကံဆိုးလေစွ။ နောက်က လိုက်ပစ်သော ကျည်ဆန်တစ်တောင့်က သူ့ပေါင်တစ်ဖက်ကို ဖောက်ဝင်သွားသည်။ နောက်ကျည်ဆန်တစ်တောင့်က ကားနောက် ဘီးတစ်ခုကို သွားမှန်သည်။ သည်မှာတင် ပွဲသိမ်းတော့တာပါပဲ။ ကားက ထိုးရပ်သွား၊ လက်နက်ကိုင်တွေ ဝိုင်းလာကြ။ ကားကို မီးရှို့၊ ကားဆရာကိုလည်း အရှင်မထား။ သည်အဖြစ်က နမ္မတူ တစ်နယ်လုံး ဟိုးလေးတကျော် သိခဲ့ကြ၊ ကြားခဲ့ကြသည့် တကယ့် ဖြစ်ရပ်မှန်။
                ဟိုတုန်းက တြိဂံနယ်မြေကို သည်သို့ ဖြတ်သန်းခဲ့ကြရတာပါ။ ဒါသည် စိတ်ကူးယဉ်မဟုတ်၊ အိပ်မက်မဟုတ်။

နမ္မတူတောင်ပေါ်က ဂန္ထဝင်မီးခိုးခေါင်းတိုင်ကြီး
                ကျွန်တော်တို့ကားတန်း နမ္မတူဝင်တော့ နေ့လယ် တစ်နာရီ ခွဲလုပြီ။ နမ္မတူသည် တောင်တွေပတ်လည် ဝန်းရံထားသော ချိုင့်ဝှမ်း ထဲကမြို့။ အောက်ပိုင်းမှာ ဒုဋ္ဌဝတီအမည်တွင်သည့် နမ္မတူမြစ်က မြို့ကို ဖြတ်စီးနေသည်။ မြစ်ရေက စိမ်းကြည်လို့။
                နမ္မတူမြစ်ကို တံတားပေါ်မှဖြတ်စဉ် နမ္မတူဘူတာဟောင်းဆီ အကြည့်ရောက်သွားတော့ သူ့နောက်ကျောက တောင်ကြောပေါ်ရှိ မီးခိုးခေါင်းတိုင်ကြီးကို လှမ်းမြင်လိုက်ရသည်။ အကောင်းမဟုတ် တော့။ ထိပ်ပိုင်းက ကျိုးပြတ်နေပြီ။ ဤခေါင်းတိုင်ကြီးသည် နမ္မတူ-ဘော်တွင်း သတ္တုမိုင်းကြီး၏ သင်္ကေတဖြစ်သည်။ ၁၉၈၃ ခုနှစ်တုန်း က ကဗျာဆရာ မောင်သွေးသစ် ဘော်တွင်းသို့လာခဲ့စဉ်က အဲဒီ မီးခိုးခေါင်းတိုင်ကြီးကို ကြည့်ပြီး ]မီးလောင်သောတောင်၊ မီးတောင် မဟုတ်} ဟု တင်စားရေးဖွဲ့ခဲ့ဖူးသည်။ အဲဒီအချိန်တုန်းကတော့ ခေါင်းတိုင်မှ မီးခိုးငွေ့တွေ တလူလူထွက်လို့။ မီးခိုးသည် နမ္မတူ ဘော်တွင်းမိုင်းအတွက်တော့ ကောင်းခြင်းမင်္ဂလာပင် မဟုတ်ပါလား။ ဘော်တွင်းမိုင်းတွင်းထဲမှ တူးဖော်ထွက်ရှိလာသော သတ္တုရိုင်းများကို သန့်စင်ပြီး သတ္တုတွေချက်၊ သတ္တုတွေချွတ်သည့်အခါ ခေါင်းတိုင် ကြီးမှ မီးခိုးတွေထွက်လာခြင်း ဖြစ်သည်။ ထိုသို့ မီးခိုးထွက်မှသာ ငွေစင်၊ ခဲစင်၊ ခနောက်စိမ်းခဲ၊ ကြေးနီမက်၊ နီကယ်စပိုက် သတ္တု စင်များ ရရှိပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်မှာဖြစ်သည်။ ထို့ ကြောင့် ခေါင်းတိုင်ကြီးမှ မီးခိုးထွက်ခြင်းသည် ကောင်းခြင်းမင်္ဂလာ ဖြစ်ပေတော့သည်။
                ယခုသော်ကား ထိုခေါင်းတိုင်ကြီးမှ မီးခိုးမထွက်နိုင်တော့ပြီ။ ခေါင်းတိုင်ကြီးကိုယ်တိုင် ထိပ်ပိုင်းက ကျိုးပြတ်ကျသွားခဲ့ပြီ။ ဗြိတိသျှ ကုမ္မဏီတို့ ၁၉၀၈ ခုနှစ်ကတည်းက သတ္တုချက်/ချွတ် စက်ရုံကြီး များနှင့် တစ်ပါတည်း တည်ဆောက်ခဲ့သော မီးခိုးခေါင်းတိုင်ကြီးသည် ဘော်တွင်းမိုင်း၏ ချွတ်ခြုံကျနေသော ပုံရိပ်ကို ဖော်ပြနေပေပြီ။ နမ္မတူသား ကဗျာဆရာယောနက-
                မီးခိုးခေါင်းတိုင်ကြီးက နမ္မတူမြို့မျက်နှာဖုံး
                သူ့အကြောင်း မပါရင်မပြီး
                ကျုပ်လေ  . . .
                မီးခိုးခေါင်းတိုင်ကြီး ဖြစ်လိုက်ချင်ရဲ့
                ကဗျာတွေကို မီးခိုးလို မှုတ်ထုတ်ရင်းပေါ့။
                ဘော်တွင်းကလာတဲ့ကုန်ကြမ်း(သတ္တုရိုင်း)တွေရပ်သွားတော့
                ခေါင်းတိုင်ကြီးလည်း ရပ်သွားခဲ့  . . .။
                ဒါပေမဲ့  . . . ထီးထီးကြီးအတိုင်းသားမြင်နေရ
                ဂန္ထဝင်ခေါင်းတိုင်ကြီးပေါ့။
ဟု ဖွဲ့ဆိုခဲ့သည်။ ယခုအခါ သက်တမ်း နှစ်ပေါင်း ၁၁၀ ရှိနေပြီ ဖြစ်သော အဆိုပါခေါင်းတိုင်ကြီးသည် ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်း ပေးပြီးနောက် မကြာမီမှာပင် ကျိုးကြေသွားခြင်းဖြစ်သည်။
                ထိုမီးခိုးခေါင်းတိုင်ကြီးသည် ဗြိတိသျှတို့ သတ္တုလုပ်ငန်း၏ ပုံရိပ်ပင်ဖြစ်သည်။ ဗြိတိသျှကုမ္ပဏီတို့ ခေတ်သစ်နည်းပညာများဖြင့် ဘော်တွင်း၌ သတ္တုများကို ၁၉၁၄ ခုနှစ်က စတင်တူးဖော် ထုတ် လုပ်ခဲ့သည်ဖြစ်၍ ၂၀၁၄ ခုနှစ်က နှစ်တစ်ရာပြည့်ခဲ့ပြီ။ (ဘော်တွင်း မိုင်း နှစ်တစ်ရာပြည့်ပွဲတော်ကို ကျင်းပခဲ့ပြီးပြီ။)
                တကယ်တော့ ဘော်တွင်းမှာ သတ္တုစတူးခဲ့သည်မှာ နှစ်ပေါင်း ၆၀ဝ ကျော်ခဲ့ပါပြီ။ နှစ်တစ်ရာဆိုသည်မှာ ဗြိတိသျှကုမ္ပဏီတို့ သတ္တု တူးသည့် အချိန်မှစ၍ ရေတွက်ခြင်းဖြစ်သည်။ နိုင်ငံခြားသား ဘူမိ ဗေဒပညာရှင်တို့၏ မှတ်တမ်းများအရ ဘော်တွင်း၌ သတ္တု စတူးခဲ့ ကြသူများမှာ တရုတ်လူမျိုးတို့ဖြစ်ကြောင်း သိရှိရပါသည်။ တရုတ် တို့သည် ခရစ်နှစ် ၁၄၁၂ ခုနှစ် (အင်းဝနှင့် ဟံသာဝတီတို့ အနှစ် ၄၀ ကြာ စစ်မက်ဖြစ်ပွားနေချိန်) ကတည်းကပင် မြန်မာနိုင်ငံတွင်း ဝင်ရောက်၍ သတ္တုများကို တူးဖော်လာခဲ့ကြသည်ဖြစ်ရာ ဘော်တွင်း မိုင်း၏ သက်တမ်းသည် နှစ်ပေါင်း ၆၀ဝ ကျော်ခဲ့ပါပြီ။ ယနေ့တိုင် ဘော်တွင်းသတ္တုတွင်းမြို့လေးမှာ တရုတ်ဘုံကျောင်း၊ တရုတ်တန်း နှင့် တရုတ်သင်္ချိုင်းများကို တွေ့မြင်နေရဆဲဖြစ်ပါသည်။ ၁၈၆၈ ခုနှစ် ၌ ယူနန်ပြည်နယ်တွင် ပန်းသေးသူပုန် ထြွကခဲ့ရာမှ တရုတ်တို့ ပြန်ဆုတ်သွားကြသဖြင့် ဘော်တွင်းမိုင်း၌ တရုတ်တို့၏ သတ္တု တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ်သည်။
                တရုတ်တို့သည် နှစ်ပေါင်း ၄၅၆ နှစ်ကာလအတွင်း၌ မြေပေါ် ဟင်းလင်းဖွင့်မိုင်းကို အဓိကထား၍ တူးဖော်သွားခဲ့ကြရာ ရပ်ကွက် အကျယ်မှာ အလျားပေ ၁၀ဝ၀၊ အကျယ်ပေ ၅၀ဝ နှင့် အနက် ၃၀ဝ ပေခန့်ရှိသည်ဟု ဆိုပါသည်။ တူးဖော်ရရှိသည့် သတ္တုရိုင်း များကို မီးသင်းအရည်ဖျော်ပြီး ဘော်(ငွေ) သတ္တုများကိုသာ ခွဲထုတ် သယ်ယူသွားခဲ့ကြသည်ဖြစ်ရာ ငွေသတ္တု ကီလို၈ရမ် သုံးသိန်းခန့် ထုတ်ယူသွားခဲ့ကြသည်ဟု ပညာရှင်များက ခန့်မှန်းကြပါသည်။ ခဲနှင့် သွပ်၊ ခနောက်စိမ်း စသော အခြားသတ္တုများကိုမူ တရုတ်ပြည်သို့ သယ်ယူရန် တောင်တက်တောင်ဆင်း ခက်ခဲကြမ်းတမ်းလွန်းလှသဖြင့် သတ္တုကျိုချက်သည့်နေရာမှာပင် စွန့်ပစ်ထားခဲ့ကြရာမှ တရုတ်လူမျိုး များ ဘော်တွင်း၌ တစ်ယောက်တလေမျှ မကျန်ရစ်တော့သည့် အချိန်တွင် နှစ်ပေါင်းများစွာ စုပုံထားခဲ့သော ခဲချော်ချေး (ူနျေိုေါ) ပုံကြီးများသည် အကျယ်အဝန်း သုံးမိုင်ခန့်အတွင်း ပြန့်ကျဲ ကျန်ရစ်ခဲ့ ကြသည်ဟု မှတ်တမ်းများက ဖော်ပြခဲ့ကြပါသည်။
                ၁၈၆၈ ခုနှစ်၌ တရုတ်တို့ ပြန်ကုန်ကြသောအခါ ဘော်တွင်း မိုင်းသည် လူသူကင်းမဲ့၍ တောကြီးမျက်မည်းဖြစ်ကာ တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

ဟားဗတ်ဟူးဗားနှင့် မောရစ်ကောလစ်တို့ကို ခြေရာခံကြည့်ခြင်း
                ထိုသို့ ငြိမ်သက်သွားသော ဘော်တွင်းမိုင်းဟောင်းကြီးကို ပြန်လည် လှုပ်ရှားလာရန် အသက်သွင်းခဲ့ကြသူများမှာ ဗြိတိသျှ နိုင်ငံသား အေစီမာတင်နှင့် အမေရိကန်နိုင်ငံသား ဟားဗတ်ဟူးဗား တို့ပင် ဖြစ်သည်။ တရုတ်တို့ ချန်ထားရစ်ခဲ့သော ခဲချော်ချေးပုံကြီး များ (တန်ချိန် ၅ သန်းခန့်ရှိမည်ဟု မှန်းဆကြပါသည်)၏ သတင်း က သူတို့ကို အကြီးအကျယ် ဆွဲဆောင်ခဲ့သည်။ အဆိုပါ ခဲချော် ချေးပုံကြီးများ၏သတင်းကို ရှေ့ပြေး စုံစမ်းထောက်လှမ်းစေပြီးနောက် အေစီမာတင်နှင့် ဟားဗတ်ဟူးမားတို့နှစ်ဦးသည် ဘော်တွင်းမိုင်း ဟောင်းတည်ရှိရာ တောတောင်များဆီသို့ မန်းပွဲဘူတာမှတစ်ဆင့် သွားရောက်ခဲ့ကြသည်။ ထိုအချိန်မှာ ၁၉၀၅ ခုနှစ် ဖြစ်ပါ၏။ တရုတ်တို့ ဆုတ်ခွာသွားပြီးနောက် ၃၇ နှစ်အကြာတွင် ဖြစ်သည်။ သူတို့သည် သီပေါနှင့် လားရှိုးကြားရှိ မန်းပွဲဘူတာတွင် ရထားမှ ဆင်းပြီး အနောက်မြောက်အရပ်ဆီသို့ ဘော်တွင်းမိုင်း(ဟောင်း) စူးစမ်းလေ့လာရေးခရီးစဉ်ကို စတင်လိုက်ခြင်းပင်။
                ထိုစဉ်က သတ္တုတွင်းအင်၈ျင်နီယာတစ်ဦးဖြစ်သော ဗားဟတ် ဟူးဗား၏ ]စွန့်စားလုပ်ကိုင်ရသောနှစ်များ} ဟု ညွှန်းဆိုထားသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှ စာကြောင်းအနည်းငယ်ကို ကျွန်တော် အမှတ်တရ ဖြစ်နေမိပါသည်။
                ]ကျွန်ုပ်တို့သည် ရထားသံလမ်းမှ ဖဲခွာ၍ အများအားဖြင့် မြင်းစီးလျက်၊ နှင်းရည်စက်စက်ကျ စိုစွတ်နေသော တောနက်ကြီး များကို ဖြတ်သန်း၍ ခရီးနှင်ခဲ့ကြသည်။ မိုင်းများမှာ တောင်ထူထပ် ရာအရပ်မှာ ရှိသည်။}
                ဟားဗတ်ဟူးဗားတို့၏ ခရီးလမ်းမှာ အထက်တစ်နေရာတွင် ဖော်ပြခဲ့သည့် တြိ၈ံဧရိယာအတွင်းမှ ဖြတ်သန်းခဲ့ကြရခြင်းပင်။ ထိုစဉ်က နမ္မတူမြို့ဆိုတာ ရှိလိမ့်ဦးမည်မထင်။ ရှိလျှင်ပင် မထင် မရှား တောင်ပေါ်ရွာလေးတစ်ရွာမျှသာ ဖြစ်ပါလိမ့်မည်။ နမ္မတူမြို့ သည် ဘော်တွင်းမိုင်းသတ္တုလုပ်ငန်း ဖွံ့ဖြိုးလာချိန်မှစ၍ စည်ပင်လာ သည်ဟု ယူဆဖွယ်ရာဖြစ်ပါသည်။ ဟူးဗားတို့နှစ်ယောက် မြင်းစီး၍ သွားခဲ့ကြသည့်ခရီးမှာ မည်သည့်လုံခြုံရေး အစောင့်အရှောက်မှ လည်း မပါ။ အဲဒီတုန်းကတော့ ရှမ်းပြည်နယ်တစ်ခုလုံး သူပုန် သူကန်ဟူ၍ လုံးဝမရှိ။ ပကတိ အေးချမ်းလှသည်ဟု မှတ်သားခဲ့ရ သည်။
                ပထမဦးဆုံးခြေလှမ်းဖြစ်သော ထိုခရီးမှ အစပြု၍ ဟားဗတ် ဟူးဗားသည် (တရုတ်တို့ စွန့်ပစ်သွားခဲ့သော) ဘော်တွင်းမိုင်းကို ကမ္ဘာကျော် (တစ်နှစ်လျှင် သတ္တုရိုင်းတန်ချိန် သိန်းချီ ထွက်ရှိခဲ့ သည့်) မိုင်းကြီးအဖြစ် အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကာြွကယ်ဝ ချမ်းသာလာပြီး နောင်တွင် ၁၉၂၈ ခုနှစ်၌ အမေရိကန်နိုင်ငံ၏ ၃၁ ဆက်မြောက်သမ္မတကြီး ဖြစ်လာခဲ့ပါတော့သည်။
                ဟူးဗားတို့ မြင်းစီးပြီးသွားခဲ့သည့်ခရီးမှာ ယခု ကျွန်တော်တို့ ဆရာနှင့် ကျောင်းသားများအဖွဲ့ လားရှိုးမှ နမ္မတူသို့ သွားနေသည့် တြိဂံဧရိယာအတွင်းမှာပင် ဖြစ်သည်ကို သတိပြုနေမိပါ သည်။
                နောက်ထပ် ကျွန်တော် သတိရမိသည်မှာ အင်္ဂလိပ်လူမျိုး အရေးပိုင်ဟောင်း မောရစ်ကောလစ် ဖြစ်ပြီး သူကား ]ကမ္ဗောဇ နေဝင်ဘုရင်များ} စာအုပ် ကို ရေးသားခဲ့သူဖြစ်သည်။ ထိုစဉ်က ရှမ်းပြည်နယ် များမင်းကြီး ဖိလစ်ဖော်၈ါတီ၏ ဧည့်သည်အဖြစ် ရှမ်း ပြည်နယ်အနှံ့ သွားရောက်ကာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
                မောရစ်ကောလစ်သည် ရှမ်းပြည်တောင်ပိုင်း နေရာတော်တော်များများသို့ သွားရောက်ခဲ့ပြီးနောက် ရှမ်းမြောက်ပိုင်းရှိ မိုးမိတ်၊ ထိုမှတစ်ဆင့် တောင်ပိုင် စော်ဘွားကြီးနှင့်အတူ နမ့်ဆန်ဟော်နန်းသို့ လိုက်ပါ လည်ပတ်ခဲ့သည်။ ထို့နောက် ကျောက်မဲ၊ သီပေါတို့ကို ဖြတ်၍ နမ္မတူ-ဘော်တွင်းမိုင်းသို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က ဘော်တွင်းမိုင်း၏ မန်နေ၈ျာမှာ မစ္စတာအိုဘာလင်းဒါး ဖြစ်သည်။
                မောရစ်ကောလစ်၏ ဘော်တွင်းခရီးစဉ်၌ အသွားတွင် သီပေါ-နမ္မတူ ကားလမ်းဖြင့် လည်းကောင်း၊ အပြန်တွင် နမ္မတူ-လားရှိုး ကားလမ်းဖြင့် လည်းကောင်း သွားခဲ့ခြင်းဖြစ်ရာ သီပေါ-လားရှိုး-နမ္မတူ တြိဂံဧရိယာကို ဖြတ်သန်းခဲ့ရခြင်းပင်။ ထိုစဉ် (၁၉၃၈ ခုနှစ်) က မောရစ်ကောလစ်သည်လည်း မည်သည့်လုံခြုံရေး အစောင့်အရှောက် မှမပါဘဲ သွားခဲ့ခြင်းဖြစ်သည်။ သူ့အား ရန်ပြုတိုက်ခိုက်မည့် လက်နက်ကိုင်အဖွဲ့အစည်း တစ်စုံတစ်ရာမရှိသောကြောင့်လည်း လွတ်လွတ်လပ်လပ် စိတ်အေးလက်အေး သွားနိုင်ခဲ့ခြင်းပင်။
                မောရစ်ကောလစ်က ]ရှမ်းပြည်နယ်များသည် အေးချမ်းသာယာ ၍ ကြည်နူးစရာကောင်းလှသည့် နေရာဌာနီများဖြစ်ကြောင်း} ဖော်ပြ ရုံသာမကဘဲ ]ဤလူမျိုးများ (ရှမ်းပြည်မှ တိုင်းရင်းသားများ) အတွက် စစ်ဆိုသည်မှာ ဝေးလံသော ပဲ့တင်သံများသာ ဖြစ်နေသေးသည်} ဟု လည်းကောင်း ]နှစ်ပေါင်း ၆၀ မျှအတွင်း င်းတို့၏ တောင်ကြား ထဲတွင် လက်နက်စွဲကိုင်ကြသူများ၏ အသံကိုမှပင် မကြားခဲ့ရချေ} ဟု လည်းကောင်း ရေးသားခဲ့ပါသည်။ ထိုအခြေအနေသည် ဗြိတိသျှ အစိုးရ အုပ်ချုပ်နေသော ကိုလိုနီခေတ်က ဖြစ်ပါ၏။
                ယခု ကျွန်တော်တို့ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်း သားဟောင်းများ လားရှိုးမြို့မှ တြိဂံဧရိယာကို ဖြတ်သန်း၍ နမ္မတူ မြို့သို့ သွားနေကြသည့်အချိန်မှာ ဗြိတိသျှကိုလိုနီခေတ် မဟုတ်။ ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်အစိုးရနှင့်ကိုယ် ဖြစ်နေသော လွတ်လပ် ရေးခေတ်ဖြစ်သည်။

မျက်မြင်ကိုယ်တွေ့ ယနေ့ဘော်တွင်း
                ကျွန်တော်တို့အဖွဲ့ နမ္မတူမြို့ထဲ ဝင်ခဲ့ကြပြီ။ ပန်ဟိုက်ရပ်ကွက် ထဲက တရုတ်ဘုံကျောင်းမှာ ဧည့်သည်များကို နေ့လယ်စာကျွေးရန် ကိုထွန်းမြင့်တို့က စီစဉ်ထားသည်။ သာမန် နေ့လယ်စာမဟုတ်။ နာမည်ကြီး တရုတ်စားသောက်ဆိုင်ကြီးထဲမှာ ဧည့်ခံကျွေးမွေးနေ သည်ဟုပင် အောက်မေ့ရသည်။ တရုတ်ဟင်းမျိုးကလည်း စုံလှ သည်။ ဧည့်ခံသူတို့ကလည်း လစ်ဟင်းချက်မရှိအောင် ဧည့်ဝတ် ကျေပွန်လှသည်။
                အဲဒီမှာ လားရှိုးမှာ မတွေ့ဖြစ်လိုက်သော မိတ်ဟောင်းဆွေဟောင်း တွေနှင့် တွေ့ရပြန်သည်။ ဝမ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက် ကြ၊ စကားတွေ မရပ်မနားပြောကြ၊ အမှတ်တရဓာတ်ပုံတွေ အတူ တွဲရိုက်ကြ။
                နမ္မတူသို့ရောက်သည့်တိုင် ခရီးက မဆုံးသေး။ နေ့လယ်စာ စားပြီးတော့ ဘော်တွင်းသို့ ခရီးဆက်ကြသည်။ နမ္မတူမြစ်ထဲသို့ စီးဝင်နေသော နမ့်လချောင်းရိုးဘေးက လမ်းအတိုင်း အထက်သို့ ဆန်တက်ရခြင်းပင်။
                ဟိုတုန်းကတော့ နမ္မတူမှ ဘော်တွင်းသို့ သံလမ်းအတိုင်း မီးရထားဖြင့် သွားခဲ့ကြရသည်။ နမ္မတူမြစ်ထဲ စီးဝင်လျက်ရှိသော နမ့်ပန်ယွန်းချောင်းကလေးကို အကြိမ်ကြိမ် ကျော်လိုက်၊ ခွလိုက် ဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၆၅ ပေမြင့်သော နမ္မတူ မှ ၃၁၀၇ ပေမြင့်သော ဘော်တွင်းသို့ အတက်ခရီးသွားခဲ့ကြရသည်။ သံလမ်းလေးက ၂ ပေသာ ကျယ်သည်။ မြန်မာပြည်အနှံ့ ခင်းထား သော တစ်မီတာ (၃ .၃၃၃ ပေခန့်) ကျယ်သည့် သံလမ်းတွေနှင့် မတူ။ ရထားသံလမ်းက ကျဉ်းတော့ ပြေးဆွဲသည့် မီးရထားလေး ကလည်း သေးသေးလေးရယ်။ နမ္မတူ-ဘော်တွင်း ၁၂ မိုင်ခန့် ရှည်လျားသော အဲဒီသံလမ်းမှာ နေ့စဉ်လိုလို ပြေးဆွဲနေတာက သစ်ရထားနှင့် ဘော်ရထားတွေ ဖြစ်သည်။ မြေအောက်မိုင်းထဲမှာ အသုံးပြုဖို့ သစ်သားတွေကို တွဲပက်လက်များဖြင့် နမ္မတူမှ ဘော်တွင်းမိုင်းသို့ သယ်ဆောင်ရသလို မိုင်းထဲမှ တူးဖော်ရရှိသော      ဘော်(သတ္တုအတုံးအခဲအမှုန့်များနှင့် ကျောက်တုံးကျောက်ခဲ၊ ရွှံ့နှင့် မြေကြီးများ ရောနေသည်) တွဲများကို ကျားစခန်းမှ နမ္မတူစက်ရုံသို့ ပို့ရသည်။ ထိုသစ်ရထား၊ ဘော်ရထားတွဲတွေပေါ်မှာ ခရီးသည်တွေ လိုက်ပါ စီးနင်းကြရသည်။ လူနည်းစု အရာရှိများအတွက်ကတော့ ထရော်လီ ပြေးဆွဲပေးသည်။ သာမန်အလုပ်သမားများမှာ ရထား အဆင် မသင့်လျှင် သံလမ်းအတိုင်း ဇလီဖာတုံးများကို တစ်ထစ် ချင်းနင်း၍ လမ်းလျှောက်သွားကြရသည်။ သွားလာနေကျဖြစ်လို့ ၁၂ မိုင်ခရီးကို ဝေးတယ်မထင်ကြပါဘူး။
                ယခုအချိန်မှာတော့ ဘော်တွင်းနှင့် ကျားစခန်းကြားရှိ အီးအာ တောင်ကြားအဝမှာ သံလမ်းကျိုးပြတ်သွားသဖြင့် ဘော်တွင်းသို့ ရထားများ မပြေးဆွဲနိုင်ကြတော့ပြီ။ ဒါကြောင့် ယခင်က အသုံးမပြု ဘဲ ပစ်ထားခဲ့သော နမ့်လချောင်းရိုးနံဘေးက မြေလမ်းကိုပင် ပြုပြင် ကတ္တရာခင်း၍ ကားများ၊ ထော်လာ၈ျီများ ပြေးဆွဲလျက်ရှိနေပါပြီ။
                ကျွန်တော်တို့ ဆရာ၊ဆရာမနှင့် ကျောင်းသူ၊ကျောင်းသားများ အဖွဲ့သည် နမ့်လချောင်းရိုးအတိုင်း အမြင့်ဆီသို့ တက်ကြရပါ၏။ ချောင်းဖျားရောက်သည်နှင့် ပေ ၄၀ဝ၀ ကျော်မြင့်သော ဘော်တွင်း၏ အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ရောက်ရှိခဲ့ကြပေပြီ။ အရပ်ရှစ်မျက်နှာ ပတ်လည်ရှိ တောင်လှိုင်းအထပ်ထပ်ကို အဆုံးမရှိ မြင်နေရတော့ သည်။ ရှမ်းရိုးမ၏ တောင်ပေါ်လေအေးကလည်း တိုးဝှေ့လို့။
                ဘော်တွင်းမြို့အဝင် သောက်ရေကန်အနီးမှာ မြို့ခံကျောင်းသား ဟောင်းတွေက ကျွန်တော်တို့ ဧည့်သည်တွေကို အတီးအမှုတ်၊ အကအခုန်တွေနှင့် ဝမ်းမြောက်ရွှင်မြူး ကြိုဆိုနေကြပါရော့လား။ ဆင်ရုပ်ကြီးကလည်း လက်မြှောက်ခြေမြှောက် ကလို့။ ဧည့်သည် တွေ အဆာပြေစားသုံးဖို့ ကော်ဖီတွေ၊ မုန့်တွေ၊ အအေးတွေနှင့် လည်း ဧည့်ခံလို့။ အနိမ့်ပိုင်းဆီ လျှမ်းမျှော်ကြည့်လိုက်တော့ ဘော် တွင်းမိုင်းမြို့လေးတည်ရှိရာ နမ့်ပန်ယွန်းတောင်ကြားကို ဝိုးတဝါး လှမ်းမြင်နေရရဲ့။ ဪသာ်  . . . တစ်ချိန်တစ်ခါက နားခိုခဲ့ရာ ဘော် တွင်းသတ္တုတွင်းမြေသို့ ခြေချရပြန်ဦးတော့မည်။
                ညိုဝါရောင် မြက်ရှည်တောတွေ ဖုံးလွှမ်းနေတဲ့ ဆင်ကျောကုန်း လို တောင်ကျောကြီးတွေက အရင်အတိုင်းပင် ဘာမှမပြောင်းလဲ။ ပြောင်းလဲသွားတာက ဘော်တွင်းကလူတွေ ဖြစ်သည်။ အပေါ်ဆုံး က အောင်ချမ်းသာ၊ သီရိမင်္ဂလာ၊ ရန်နိုင်ကွေ့၊ ရတနာမြေ (ယခင် အခေါ် တရုတ်တန်း) ရပ်ကွက်တွေကို ကားက ကျော်ဖြတ်လာခဲ့ သည်။ တောင်ကမ်းပါးယံမှာ အစီအရီရှိနေဆဲဖြစ်သော တန်းလျား တွေသည် ငြိမ်ချက်သားကောင်းလှသည်။ လူသူတစ်ယောက်တလေ ကိုသာ ရှားရှားပါးပါး လှမ်းမြင်ရ။ ဟိုတုန်းက တက်ချည်ဆင်းချည် လူတွေနှင့် စည်ကားခဲ့သော လမ်းပေါ်မှာလည်း လူတွေကို မမြင်ရ တော့။ ဟိုတုန်းကနှင့် ဘာဆိုဘာမှ မဆိုင်တော့ပါကလား။
                သတ္တုသန့်စင်စက်ရုံကြီးနားက ဖြတ်လာခဲ့သည်။ စက်သံတွေ ကို မကြားရ။ လူတွေကိုလည်း မမြင်ရ။ တိတ်ဆိတ်ငြိမ်သက်နေ သော မြင်ကွင်းကသာ ဆီးကြိုနေသည်။ စက်သံတွေ တညံညံ၊ အလုပ်သမားတွေ လှုပ်လှုပ်ရှားရှားနှင့် ဟိုတစ်ချိန်တုန်းက ပုံရိပ်သည် အတိတ်ဆီမှာ ကျန်ရစ် ခဲ့ပေပြီ။
                ခဏနေတော့ ဂိတ်ကြီးဝင်းနံဘေး ရောက်လာ သည်။ ဘော်တွင်းသားတွေက ]၈ိတ်ကြီး} ဟု ခေါ်ကြ သော မာမီယံဆင်းတွင်းကြီး (မြောငညှေ့ေ်အ) ဖြစ် သည်။ မြေအောက်သတ္တုလုပ်ကွက်များဆီသို့ ဤ၈ိတ် ကြီးမှ ဆင်းရသည်။ မြေပေါ်မှ အောက်အနက် ၁၇၁၂ ပေအထိ ဆင်းနိုင်သော ဆင်းတွင်းကြီးပင်။ ဝန်ချီစက် ဖြင့် သံမဏိကြိုးထိန်းထားသော သံဖရိန်ဓာတ်လှေကား အကြမ်းထည်ဖြင့် တက်ရဆင်းရသည်။ ထိုဓာတ်လှေ ကားဖြင့် မိုင်းသမား (ငြညနမ) တွေ မြေအောက်သို့ဆင်းပြီး သတ္တုရိုင်းတွေ တူးထုတ်ရခြင်းဖြစ်သည်။ ဟိုတုန်းကတော့ လူ အတင်အချ၊ ပစ္စည်းအတင်အချ လုပ်ပေးရသော ၈ိတ်ကြီးသည် ရပ်နားရသည်မရှိ။ တက်ချည် ဆင်းချည်။ ဓာတ်လှေကားစင်မြင့်ထက်မှ ကြီးမားလှသည့် ဘီးကြီး များသည်လည်း ရပ်နားသည်မရှိ လည်ပတ်လျက်။ ဂိတ် ဖြင့် လိုက်ရသူ (ကြာလူး-ဃေါနမ) က အချက်ပြသံကွင်းကို ဆွဲလိုက်လျှင် တီ၊ တီ၊ တီ၊ တီ၊ တီ ဆိုသော အသံသည် ၈ိတ်ကြီးဝင်းထဲတွင် မြည်ပြီးရင်း မြည်နေခဲ့သည်။
                ယခုသော်ကား ကားပေါ်မှ လှမ်းမြင်ရသော ၈ိတ်ကြီး၏အပေါ်က ကြီးမားသော ဘီးကြီးများသည် ရပ်ဆိုင်းငြိမ်သက်လျက်။ သံမဏိကြိုးကြီးတွေကလည်း တုတ်တုတ်မျှမလှုပ်၊ မရွေ့လျားတော့။ ကြာလူး၏ အချက်ပေးကြိုး ကွင်းဆွဲသံ တတီတီကိုလည်း မကြားရတော့။ ၈ိတ်ဝင်းကြီးတစ်ခုလုံး အားလုံး ငြိမ်သက် တိတ်ဆိတ်။
                ဂိတ်ဝင်းထဲမှာ အမျိုးသမီးတစ်ယောက်ကို လှမ်းမြင်လိုက်ရ တော့ အထူးအဆန်းဖြစ်သွားမိသည်။ ဘယ့်နှယ်  . . .၊ ဘယ့်နှယ် ၈ိတ်ဝင်းထဲ အမျိုးသမီးရောက်နေရတယ်လို့။ ဟိုတုန်းကဆိုလျှင် ဟောဒီ၈ိတ်ဝင်းထဲကို ဘယ်အမျိုးသမီးမှ ဝင်ရတာမဟုတ်။ မြေ အောက်မိုင်းထဲ မိန်းမသားတွေဆင်းဖို့ နေနေသာသာ အဲဒီမြေ အောက်ဆင်းတွင်းကြီးရှိတဲ့ ၈ိတ်ဝင်းထဲပင် ခြေချခွင့်မရှိ။ ၈ိတ်ဝင်း ထဲမှာ အမျိုးသားတွေချည်းသာ ရှိနေခဲ့သည့်မြင်ကွင်းက ကျွန်တော့် စိတ်မျက်စိထဲမှာ စွဲထင်နေဆဲပင်။ မိုင်းလုပ်ငန်းကြီး လည်ပတ်နေ တုန်းကပေါ့။ မနက် ၇ နာရီဝန်းကျင်လောက်မှာဆိုလျှင် အမျိုးသား ဝန်ထမ်းတွေ ဝင်းထဲမှာ နေရာအနှံ့။ အင်၈ျင်နီယာ၊ ဖိုမင်၊ အဆိုင်း မှူး၊ ကြီးကြပ်ရေးမှူး၊ ဘူမိဗေဒဝန်ထမ်းကစလို့ နမူနာယူမည့်သူတွေ အဆုံး အဝတ်လဲခန်းထဲမှာရော၊ အခန်းအပြင်မှာပါ ဝင်ချည်ထွက် ချည်။ မြေအောက်ထဲဆင်းပြီး သတ္တုတူးကြမည့် မိုင်းသမားတွေက လည်း သစ်သားတုံး၊ သစ်သားချောင်းတွေပေါ်မှာ ထိုင်သူကထိုင်၊ တချို့က မိုးတိုးမတ်တတ်၊ အချင်းချင်း ဟိုရောက်ဒီရောက် စကား တွေ ပြောလို့။ လူအားလုံးပင် မိုင်းထဲဆင်းလျှင် ဝတ်နေကျ ဘောင်းဘီတို၊ အင်္ကျီအဟောင်းတွေနှင့် မြေအောက်ဆင်းဖို့ ၈ိတ် အလှည့်ကို စောင့်နေကြတာဖြစ်သည်။
                ၈ိတ်(ဓာတ်လှေကား)က တက်ချည်ဆင်းချည်။ ကြာလူး၏ အချက်ပေးကြိုးဆွဲသံက တတီတီ။ ဒါ မိုင်းရဲ့ သရုပ်သကန်တစ်ကွက် ပါပဲ။ အဲဒီတုန်းက အမျိုးသမီးဆိုတာ အရိပ်အယောင်တောင် မမြင် ရပါဘူး။ ထမင်းစားချိန် မိမိခင်ပွန်းဆီ ထမင်းချိုင့်လာပို့လျှင်ပင် ထိုအမျိုးသမီးသည် ၈ိတ်ဝင်းထဲ ဝင်ခွင့်မရှိ။ ဝင်းတံခါးအပေါက်က ပဲ ခေါ်ပေးရသည်။ ဒါ ဟိုတုန်းကပေါ့။
                ယခုသော်ကား . . .၈ိတ်ဝင်းကြီးထဲမှာ အမျိုးသားဆိုလို့ အရိပ် အယောင်မျှပင် မမြင်ရဘဲ အမျိုးသမီးတစ်ယောက်ကို မြင်နေရ သည်က ပြောင်းပြန်ဖြစ်နေသည်။ အစဉ်အလာမဟုတ်ဘဲ ၈ိတ်ဝင်း ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတာမို့ တချို့လည်း တအံ့တဩဖြစ်လို့ပေါ့။
                ]အဲဒီအမျိုးသမီးက ၈ိတ်လုံခြုံရေးဝန်ထမ်းလေ} တစ်ယောက် ကပြောလိုက်တော့ ကျွန်တော် သဘောပေါက်သွားသည်။ ကုမ္ပဏီ က မိုင်းလုပ်ငန်းတစ်ခုလုံးကို လွှဲပြောင်းလက်ခံရယူထားပေမယ့် သတ္တုဆက်မတူးတော့သဖြင့် မိုင်းလုပ်ငန်းအားလုံး ရပ်ဆိုင်းသွား သည်။ ဒီအခြေအနေမှာ ကျန်ရစ်နေသေးသော (ကျွမ်းကျင်ဝန်ထမ်း မဟုတ်သည့်) အထွေထွေလုပ်သားများကို မြေတူးမြေသယ်၊ မြက် ရှင်း၊ လုံခြုံရေး  . . . စသည့် အလုပ်များကို အလုပ်ရှိသည်ဆိုရုံမျှ တာဝန်ပေးထားတယ်ဆိုတာကို လားရှိုးမှာကတည်းက ကြားခဲ့ရ သည်ဆိုပေမယ့် အဲဒီတုန်းကတော့ ကြားရုံသာ ကြားခဲ့ရပြီး ယခုမှ သာ ကိုယ်တိုင်မျက်မြင် ကြုံတွေ့လိုက်ရခြင်းပင်။ ဪသာ် . . .ဖြစ်ရလေ ဘော်တွင်းမိုင်းကြီးရယ်။

ကျွန်တော်တို့စီးလာသော ကားက အောက်ရပ်ကွက်များဆီသို့ ဆက်ဆင်းလာခဲ့သည်။ နမ့်ပန်ယွန်းချောင်းကမ်းဘေးတစ်လျှောက် က ကျောက်ကြမ်းလမ်းအတိုင်းပေါ့။ လမ်းပေါ်မှာ လူတစ်ယောက် တလေမျှပင် မတွေ့ရ။ မိုင်း အသက်ဝင်လှုပ်ရှားနေတုန်းကတော့ ဟောဒီလမ်းပေါ်မှာ သွားသူ၊ ပြန်သူတွေနှင့် လူပြတ်သည်မရှိ။ အဆိုင်းပြောင်းချိန်ဆိုလျှင် ပိုပီပြင်သည်။ မိုင်းထဲက တက်လာကြသူ များနှင့် မိုင်းထဲသို့ဆင်းကြမည့် မိုင်းသမားများဖြင့် လမ်းလုံးပြည့်မျှ။ ကာဘိုက်မီးခွက်ထိပ်မှာ ချိတ်ထားသည့် မိုင်းဦးထုပ်ဆောင်းလျက်၊ ဘောင်းဘီတိုဝတ်ထားသော မိုင်းသမားတို့၏ မိုင်းဖိနပ်ဖြင့် ခြေနင်း သံ တ၈ွပ်၈ွပ်အသံတွေက နမ့်ပန်ယွန်းချောင်းငယ်ဆီ လွင့်ပျံလို့။ နာရီဝက်ခြားတစ်ခါ ဆွဲနေသော ဥဩသံကလည်း တဘော်ဘော် နှင့် တောင်နံရံတွေဆီ ပဲ့တင်ရိုက်လို့။ သည်မြင်ကွင်းတွေ၊ သည် အသံတွေက အသက်ဝင်လှုပ်ရှားနေသော မိုင်း၏သရုပ်ကို ပုံဖော် ပေးနေခဲ့သည်။ ယခုတော့ မိုင်းသည် အသက်မဝင်တော့။ သို့မဟုတ် အသက်ငင်နေသည့်အလား မလှုပ်ယှက်တော့။
                ပြည်တော်အေးရပ်ကွက်ဝင်သည်နှင့် တစ်ချိန်တုန်းက ဥရောပ သား မျက်နှာဖြူတို့ (နောင် မြန်မာအရာရှိတို့) နေသွားခဲ့ကြသော တောင်စောင်းရှိ ဘိုအိမ်ကြီးတွေက တံခါးတွေပိတ်လို့။ ကျွန်တော် ဘော်တွင်းမိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က နေ့စဉ် ရုံးတက် အလုပ်လုပ်ခဲ့ရသော မိုင်းရုံးကြီးကလည်း တံခါးတွေအားလုံးပိတ်လို့။ ဟိုတုန်းက ဥရောပသားတွေကိုသာ ဝင်ခွင့်ပြုခဲ့သဖြင့် နကမသစနညေ ဃူကဘ အမည်တွင်ခဲ့သည့် ဧည့်ရိပ်သာကလည်း တံခါးတွေပိတ်လို့။ တင်းနစ်ကွင်းလည်း ငြိမ်သက်၊ ဘိလိယက်ခုံလည်း ငြိမ်သက်၊ ဘား ကောင်တာလည်း ငြိမ်သက်။ အားလုံး  . . အားလုံးသည် ငြိမ်သက် တိတ်ဆိတ်လို့ပါလား။
                ကားက ရုပ်ရှင်ရုံရှေ့က ဈေးကွင်းကို ဖြတ်မောင်းသွားသည်။ ဟိုတုန်းက ရထားဈေးခင်းခဲ့သည့် မြေကွက်လပ်နေရာပေါ့။ သစ်တင် ရထားပေါ် နမ္မတူမှ စီးနင်းလိုက်ပါလာကြသော ဈေးသည်များ ရထားဆိုက်ချိန် တည်ခင်းရောင်းချသော ဈေးဖြစ်လို့ ]ရထားဈေး}။ ရထားဆိုက်ချိန်သည် ဈေးရောင်းဈေးဝယ်တို့ဖြင့် အစည်ကားဆုံး အချိန်။ ယခုသော် မြေကွက်လပ်အစွန်အဖျားက ကျိုးတိုးကျဲတဲ ဆိုင်သေးသေးလေးအချို့မှအပ ရထားဈေးဟူသည် မရှိတော့ပြီ။ လမ်းခုလတ်တစ်နေရာမှာ သံလမ်းကျိုးပြတ်သွားပြီးနောက် ရထား များလည်း မပြေးဆွဲနိုင်တော့သလို ရထားဈေးလည်း မရှိနိုင်တော့ ပြီ။ ယခုနောက်ပိုင်းမှာ တွင်ကျယ်လာသည်က ]ရွေ့လျားဈေးသည်} ဟု ခေါ်ဆိုရမည့် မော်တော်ဆိုင်ကယ်ဈေးသည်များသာ။
                ရေသောက်မြစ်က မခိုင်မြဲတော့သည့်အခါ ပင်စည်က အကိုင်း အခက်၊ အလက်အရွက်တို့ပါ မဝေစည်နိုင်တော့။ ဘော်တွင်းမိုင်းကို ထိုဥပမာနှင့်သာ ခိုင်းနှိုင်းရတော့မည်ထင်သည်။

ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်ရာဝယ်
                ၁၉၆၃ ခုနှစ်ဝန်းကျင်လောက်က ပုဂ္ဂလိကလုပ်ငန်းများ အကြီးအသေးအားလုံးကို အစိုးရက ပြည်သူပိုင်သိမ်းယူခဲ့သည်။ သမိုင်းခေတ်အချို့ကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၀ ဝန်းကျင်မှာ ပြောင်းပြန်ဖြစ်သွားသည်။ ပြည်သူပိုင်လုပ်ငန်းများကို ပု၈္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းပေးအပ်မှုများ ဖြစ်ပေါ်လာခဲ့ပြန်သည်။ ဤသို့သော အပြောင်းအလဲများပြုလုပ်ခြင်းသည် အာဏာရအစိုးရ၏ ပေါ်လစီအရသာဖြစ်၍ ဝေဖန်သုံးသပ်မှုများ ရှိနိုင်ပါသည်။ ကျွန်တော် ၏ တစ်ဦးချင်းအမြင်အရတော့ လွှဲပြောင်းပေးအပ်သည့်လုပ်ငန်း များကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ စနစ် တကျဖြစ်မှုများ လိုအပ်ပါလိမ့်မည်။
                ယခု ဘော်တွင်းသတ္တုလုပ်ငန်း လွှဲပြောင်းမှု၌ လွှဲပြောင်းရယူ သော ဝင်းမြင့်မိုရ်ကုမ္ပဏီသည် အနည်းဆုံးအားဖြင့်တော့ ယခင် ပြည်သူပိုင်လက်ထက်က လည်ပတ်လျက်ရှိသော လုပ်ငန်းကို ပုံမှန် ဆက်လက်လည်ပတ်နိုင်သည့် အရည်အချင်းတော့ ရှိဖို့လိုအပ်ပါ သည်။ ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်၍ ပေါ့ပေါ့ တန်တန်သဘောမထားဘဲ အလေးအနက်ထား ဆောင်ရွက်သင့် သည်ဟု ထင်ပါသည်။
                ဘော်တွင်းမိုင်းကြီးသည် အစဉ်အလာကြီးမားခဲ့သော ကမ္ဘာ ကျော်မိုင်းကြီးတစ်ခု ဖြစ်ခဲ့ပါ၏။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက တစ်နှစ်လျှင် သတ္တုရိုင်းတန်ချိန် ငါးသိန်းခန့် ထွက်ရှိခဲ့သည်အထိ သတ္တုထုတ်လုပ်မှု အလွန်ကောင်းခဲ့သော မိုင်းတစ်ခုဖြစ်ခဲ့သည်။ မိုင်းသက်တမ်းကြာလာသည်နှင့်အမျှ သတ္တုထွက်ရှိမှု တဖြည်းဖြည်း ကျဆင်းလာသည်မှာ သဘာဝကျပါသည်။ လွတ်လပ်ရေးရပြီးနောက် သတ္တုထုတ်လုပ်မှုသည် စစ်ကြီးမတိုင်မီက သတ္တုထုတ်လုပ်မှုကို မမီနိုင်တော့သည်မှာလည်း သဘာဝကျပါသည်။ သို့တိုင် ဘော်တွင်း သတ္တုသိုက်သည် ရှားရှားပါးပါး အလွန်ကြီးမားသော သတ္တုသိုက် ကြီး (ူသိနွှပစန) ဖြစ်ပါသဖြင့် ၂၀ဝ၈-၂၀ဝ၉ ဘဏ္ဍာရေးနှစ်၌ပင် မြေပေါ်နှင့်မြေအောက် နှစ်ရပ်ပေါင်း သတ္တုရိုင်းထုတ်လုပ်မှုမှာ တန်ချိန် ၄၄၈၆၅ ထုတ်လုပ်နိုင်သေးကြောင်း တွေ့ရပါသည်။ ကုမ္ပဏီသို့ လွှဲပြောင်းပေးခါနီးဆဲဆဲ ၁ .၄ .၂၀ဝ၉ မှ ၃၁ .၁၂ .၂၀ဝ၉ ထိ (၉ လ) မြေပေါ်နှင့် မြေအောက် သတ္တုရိုင်းထုတ်လုပ်မှုမှာပင် တန်ချိန် ၈၅၈၇ ဖြစ်ကြောင်း တွေ့ရပါသည်။
                ထို့နောက် ၁ .၅ .၂၀၁၀ တွင် ဘော်တွင်းသတ္တုလုပ်ငန်းကြီး တစ်ခုလုံးကို ဝင်းမြင့်မိုရ်ကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်လိုက်ပါသည်။ ကုမ္ပဏီက တာဝန်ယူပြီးနောက် သတ္တုထုတ်လုပ်ခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခဲသန့်စင်မှုန့် ၄၃၀၂ .၂၅ မက်ထရစ် တန်နှင့် သွပ်သန့်စင်မှုန့် ၁၅၃၄ .၅ မက်ထရစ်တန်မျှသာ ဖြစ်ပါ သည်။ လွှဲပြောင်းယူချိန်ကစလို့ သတ္တုထုတ်လုပ်မှုက ဒါ အကုန်ပါ ပဲ။ အဲဒီနောက် သတ္တုထုတ်လုပ်မှုကို ထပ်မံဆောင်ရွက်မှု လုံးဝ မရှိတော့ပါဘူး။ အာစရိယပူဇော်ပွဲလာခဲ့ကြသည့် ကျွန်တော်တို့အဖွဲ့ ဘော်တွင်းရောက်ရှိခဲ့သည့် ၂၀၁၇ ခု၊ ဒီဇင်ဘာလကုန်မှာ တစ်မိုင်း လုံး လှုပ်ရှားမရှိ၊ အားလုံး တိတ်ဆိတ်ငြိမ်သက်လို့ . . .။
                ဘော်တွင်းမိုင်းက ထွက်ရှိသော သတ္တုရိုင်းများကို သန့်စင်၊ ကျိုချက်၊ ချွတ်ပြီး နိုင်ငံခြားသို့ ရောင်းချရသဖြင့် နှစ်စဉ် နိုင်ငံခြား ငွေ (ဒေါ်လာ) တွေဝင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ယခု ဘာဒေါ်လာမှ မရနိုင်တော့ပါဘူး။
                ဘော်တွင်းသတ္တုလုပ်ငန်းကြီးတစ်ခုလုံးကို ကုမ္ပဏီသို့ လွှဲ ပြောင်းပေးအပ်စဉ်အခါက ပညာရှင်အပါအဝင် ကျွမ်းကျင်ဝန်ထမ်း ကောင်းများ ၂၃၂၃ ဦး ပါရှိခဲ့သလို မြေပေါ်မြေအောက် သတ္တုရိုင်း လက်ကျန် ပမာဏ (တွက်ချက်ခန့်မှန်းမှုအရ) တန်ချိန် ၁၁ .၂ သန်း ခန့်လည်း ပါဝင်ခဲ့သည်။ ထိုလူသားအရင်းအမြစ်နှင့် သယံဇာတ အရင်းအမြစ်တို့ဖြင့် သတ္တုရိုင်းထုတ်လုပ်မှုယန္တရားကြီးကို စဉ်ဆက် မပြတ် လည်ပတ်အောင် စွမ်းဆောင်နိုင်ခဲ့မည်ဆိုပါလျှင် . . .သတ္တုစင် များကိုလည်း ယခင်ကလိုပင် နိုင်ငံခြားသို့ ဆက်လက်ရောင်းချနိုင်ပြီး ဒေါ်လာတွေလည်း နိုင်ငံအတွင်း ဝင်မြဲဝင်နေပေဦးမည်။ ထိုအခြေ အနေဆိုလျှင် ဘော်တွင်းမိုင်းလည်း နေဝင်ဖို့ အလှမ်းဝေးသွားမှာ အသေအချာပါပဲ။
                ယနေ့ မြန်မာနိုင်ငံ၌ သတ္တုတူးဖော်ရေးကုမ္ပဏီတွေ ဖွဲ့စည်း ထားတာ ရာ၈ဏန်းမကတော့။ ထောင်၈ဏန်းပင် ရှိနေလောက်ပြီ။ အဆိုပါကုမ္ပဏီများသည် နိုင်ငံအနှံ့ ဓာတ်သတ္တုရှာဖွေကြ၊ စမ်းသပ် တိုင်းတာကြ၊ တူးဖော်ထုတ်လုပ်ကြနှင့် အဆင့်ဆင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ကြားသိနေရပါသည်။ ထိုကုမ္ပဏီများ သည် ၃ လက်မ၊ ၄ လက်မလောက်သာ ထူသော သတ္တုကြော လေးများကိုပင် အငမ်းမရ ရှာဖွေတူးထုတ်လျက်နေကြရသည့် အခြေအနေပါ။ ၆ လက်မလောက်ထူသော သတ္တုကြောတွေ့လျှင် ပျော်လို့မဆုံး။ တစ်ပေလောက်ထူသော သတ္တုကြောများ တွေ့လိုက် မည်ဆိုလျှင်တော့ ငါလိုလူ ဇမ္ဗူရှိသေးရဲ့လားဆိုပြီး လက်ခမောင်း ခတ်မှာမလွဲ။ သတ္တုထုတ်လုပ်မှုကလည်း တစ်နှစ်လျှင် သတ္တု တန်ချိန် ရာ၈ဏန်းလောက်ပြနိုင်ဖို့ပင် အနိုင်နိုင်။ အမှန်တကယ် သတ္တုမထွက်ပါဘဲ (ပါမစ်ဖျက်သိမ်းမခံရအောင်) စာရွက်ပေါ်မှာပင် ထုတ်လုပ်မှု (ဥည ဏစေနမ ဏမသိကခအငသည) ပြနေရသည်များပင်ရှိကြောင်း ကြားသိနေရပါသည်။
                အဲဒီအခြေအနေမှန်တွေကို ဝင်းမြင့်မိုရ်ကုမ္ပဏီသိပါရဲ့လား။ သိဖို့ကောင်းပါသည်။ ဘော်တွင်းသတ္တုသိုက်ကြီး ဘယ်လောက်ကြီး သလဲ၊ူသိနွှပစနီနစသျငအ ဆိုတာ ဘယ်လိုဟာမျိုးလဲ၊ နားလည် တတ်ကျွမ်းသူများကို မေးမြန်းစုံစမ်းကြည့်လိုက်စမ်းပါ။ မူလဘော် တွင်းသတ္တုသိုက်ကြီးကို ပြတ်ရွေ့ကြီးများက ဖြတ်တောက်ပစ်လိုက် သဖြင့် အဓိကသတ္တုကြောကြီး ၃ ခုကွဲပြားနေရာ င်းတို့အနက် အကြီးဆုံးသော တရုတ်သတ္တုကြော (ဃ့ငညောညေူသိန) ၏ အတိုင်း အတာပမာဏကိုသာ ကြည့်လိုက်ကြပါတော့။ အလျား ၁၃၀ဝ ပေ၊ အနက် ၁၁၅၀ ပေနှင့် အကျယ် ၅၀-၁၄၀ ပေ ရှိတယ်ဆိုတာ မှတ်တမ်းများက ဖော်ပြခဲ့ပါပြီ။ သုံးဘက်မြင် (ွှ့မနနီငာနညျငသည) ပုံဖော်ကြည့်လိုက်ပါ။ အထူ ၃ ပေ၊ ၄ ပေလောက် သတ္တုကြော လေးတွေနှင့် ဘာဆိုင်သနည်း။ ]စာသူငယ်ကြား လင်းတနား} ဆိုသော ဦးပုည၏ စာအဖွဲ့ကိုတောင် ပြေးသတိရလိုက်မိပါသေးရဲ့။ ဥပမာပေးရမည်ဆိုပါက ဘော်တွင်းသတ္တုသိုက်ကြီးသည် ဆင်သတ္တဝါ ဆိုပါလျှင် . . .လက်ရှိသတ္တုကုမ္ပဏီများ တူးဖော်နေရသော သတ္တု ကြောလေးများသည် ဆိတ်နှင့်ပင်မနှိုင်းလောက်။ ကျွန်တော်ကတော့ြွကက်နှင့်ပင် နှိုင်းလိုက်ချင်ပါတော့သည်။ ကုမ္ပဏီသည် မိမိလက် တွင်းရောက်ရှိနေသည့် ဆင်ကြီး၏ တန်ဖိုးအစစ်အမှန်ကို မသိလေ ရော့သလား။

ဘော်တွင်းမိုင်း နေဝင်တော့မှာလား
                ဘော်တွင်းနှင့် ပတ်သက်နေသူများက ဤမေးခွန်း၏အဖြေကို သိလိုနေကြပါသည်။ သူတို့၏ ရင်တွင်းဆန္ဒကတော့ ဘော်တွင်းမိုင်း နေဝင်မသွားစေချင်ကြပါ။ ဘော်တွင်းမိုင်း နေဝင်မသွားရလေအောင် ကျွန်တော်တို့ဉာဏ်မီသလောက် စဉ်းစားကြည့်ကြပါစို့။
                မိုင်းလုပ်ငန်းဆိုသည်မှာ သယံဇာတဓာတ်သတ္တုတွေ ကုန်ခန်း သွားသောအခါ မိုင်းသမားတွေက မိုင်းကို စွန့်ခွာသွားကြမြဲဖြစ်သည်။ ဒါ ဓမ္မတာပဲ။ ထို့နောက် သတ္တုသိုက်အသစ် ရှာဖွေကြသည်။ တွေ့လျှင် ထိုနေရာမှာ မိုင်းသစ် ထူထောင်ကြမည်။ အဲဒါမျိုးကတော့ သေးငယ်သော သတ္တုသိုက်မျိုးနှင့်သာ အကျုံးဝင်ပါလိမ့်မည်။ အချိန် ကြာကြာ မတူးလိုက်ရဘဲ သတ္တုတွေ ကုန်ခန်းသွားလို့ စွန့်ပစ်လိုက် ရတဲ့ သတ္တုသိုက်အငယ်စားတွေထဲမှာ ဘော်တွင်းကဲ့သို့ ကြီးမား သော သတ္တုသိုက်မျိုး မပါပါဘူး။
                ဘော်တွင်းသတ္တုသိုက်ကို တရုတ်တို့ စတင်တူးဖော်ခဲ့တာက ၁၄၁၂ ခုနှစ်။ ဘော်တွင်းမိုင်းကို စွန့်ခွာသွားခဲ့ကြတာက ၁၈၆၈ ခုနှစ်။ တရုတ်တွေက ဘော်တွင်းမှာ သတ္တုတွေ ကုန်ခန်းသွားလို့ စွန့်ခွာ သွားကြတာလား။ မဟုတ်ပါ။ လုံးဝမဟုတ်ပါ။ နိုင်ငံရေးအခြေအနေ အရ စွန့်ခွာသွားခဲ့ကြခြင်းသာ ဖြစ်သည်။ တကယ်ဆိုလျှင် တရုတ် တို့သည် ဘော်တွင်းသတ္တုသိုက်အကြောင်းကို ပြည့်ပြည့်စုံစုံပင် သိနိုင်ကြသေးသည် မဟုတ်။ တစ်ဝက်တစ်ပျက်အသိနှင့်သာ ပြန် ဆုတ်သွားခဲ့ရခြင်းပါ။ သူတို့သည် မြေပေါ် ဟင်းလင်းဖွင့်နည်းဖြင့် သတ္တုသိုက်ကြီး၏ အပေါ်ပိုင်း (မြေမျက်နှာပြင်မှ အောက် အနက် ပေ ၃၀ဝ ခန့်လောက်)သာ တူးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
                တရုတ်တို့ စွန့်ခွာသွားသောအခါ ဘော်တွင်းမိုင်းသည် လူသူ ကင်းမဲ့ တိတ်ဆိတ်ငြိမ်သက်သွားကာ တောကြီးမျက်မည်းအဖြစ် ကျန်ရစ်တော့သည်။
                ထိုကာလကိုကြည့်၍ ]ဘော်တွင်းမိုင်း နေဝင်တော့မှာလား} ဟု မေးခွန်းထုတ်မည်ဆိုလျှင် ထုတ်နိုင်သည့်အခြေအနေပါ။ သို့ရာ တွင် အဲဒီတုန်းက ဘော်တွင်းမိုင်း နေဝင်မသွားခဲ့ပါ။
                နှစ်ပေါင်း ၄၆ နှစ်တာ ကာလတစ်လျှောက်လုံး ဘော်တွင်း မိုင်းဟောင်းကြီးသည် မလှုပ်မယှက် ငြိမ်သက်နေခဲ့သည်။ သို့ရာ တွင် အနောက်နိုင်ငံသားတို့ ရောက်ရှိလာပြီးနောက် သူတို့သည် ဘော်တွင်းမိုင်းကို လှုပ်နှိုး၍ အသက်ပြန်သွင်းလိုက်သောအခါ ဘော်တွင်းမိုင်းသည် အသက်ကင်းမဲ့သလို ရှိနေရာမှ ပြန်လည် နိုးထလာခဲ့သည် မဟုတ်ပါလား။ တစ်ဖန် ပြန်ရှင်သန်လာသော ဘော်တွင်းမိုင်းကြီးသည် ကမ္ဘာမှာ ကျော်ကြားခဲ့သော နာမည်ကြီး မိုင်းကြီးအဖြစ်ပင် မှတ်တမ်းဝင်ဖြစ်ခဲ့ပါ၏။
                ဘော်တွင်းမိုင်းကြီး ပြန်လည် အသက်ဝင်လာချိန်မှာ ၁၉၁၄ ခုနှစ် ဖြစ်သည်။ ဘော်တွင်း၏ ရွှေရောင်တောက်ပသောနှစ်များကို လွန်မြောက်ခဲ့ပြီးနောက် ဝင်းမြင့်မိုရ်ကုမ္ပဏီသို့ လွှဲပြောင်းပေးအပ် လိုက်သည်က ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ။ ကုမ္ပဏီသစ်က စတိ လောက်သာ သတ္တုထုတ်လုပ်ခဲ့ပြီး မိုင်းလုပ်ငန်းကို ရပ်ဆိုင်းထားခဲ့ တာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖြစ်သည်။ ထိုနေ့ရက် မှစ၍ ဘော်တွင်းမိုင်းကြီး ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်မှာ ကျွန်တော်တို့အဖွဲ့ ဘော်တွင်းရောက်ချိန်အထိ ၄ နှစ်ခန့်ပင် ရှိခဲ့ပြီ။ အဲဒီအခြေအနေကြောင့်ပင် ]ဘော်တွင်းမိုင်း နေဝင်တော့မှာလား} ဆိုသော မေးခွန်းမျိုး ထုတ်လာကြခြင်းပင်။
                ဝင်းမြင့်မိုရ်ကုမ္ပဏီက ဘော်တွင်းမိုင်း၏ သတ္တုထုတ်လုပ်မှု များကို ရပ်ဆိုင်းလိုက်ခြင်းမှာ မိုင်းထဲ၌ သတ္တုတွေ ကုန်ခန်းသွား လို့တော့ ဟုတ်မည်မထင်။ အခြားအခက်အခဲတွေကြောင့် ဖြစ်မည် ထင်သည်။ မိုင်းဟောင်းဖြစ်၍ ရေမြုပ်နေပြီဖြစ်သော အောက်ပိုင်း လယ်ဗယ် (ူနလနူ) များကြောင့် သတ္တုပြန်တူးလျှင် အန္တရာယ်များစွာ ရှိနိုင်မှာဖြစ်သည့်အပြင် ကျန်ရှိနေမည့် သတ္တုပမာဏကို သေချာ အောင် ပြန်လည်စမ်းသပ် အတည်ပြုနိုင်ရန် အဆင့်မြင့်နည်းပညာ နှင့်အတူ တတ်ကျွမ်းသောပညာရှင်များ လိုအပ်မည်ဖြစ်ခြင်း၊ ငွေကြေးပမာဏ များစွာ ရင်းနှီးမြုပ်နှံရမည်ဖြစ်ခြင်း၊ မြေအောက် တူးဖော်ရေးလုပ်ငန်း ကျွမ်းကျင်သူများအား ပြန်လည်စုစည်းရမည် ဖြစ်ခြင်း  . . . စသည်တို့ကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ကောင်း ဖြစ်လိမ့်မည်ဟု ကုမ္ပဏီဘက်မှနေ၍ ကျွန်တော် စဉ်းစားကြည့်မိပါ သည်။ အကယ်၍ အဆိုပါ လိုအပ်ချက်များအားလုံး (သို့တည်း မဟုတ်) အတော်များများကို ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေ များ ပေါ်ပေါက်လာမည်ဆိုပါလျှင် . . .မီးပေါင်ကျသွား၍ ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်သွားသော မီးရထားစက်ခေါင်းကို ကျောက်မီးသွေး လောင်စာအသစ် ဖြည့်တင်းပေးလိုက်သလို ဘော်တွင်းမိုင်းဆိုသော မီးရထားကြီးသည် ဥဩသံရှည်ဆွဲ၍ တဟုပ်ဟုပ် မြည်သံပြုပြီး အရှိန်အဟုန်ဖြင့် ပြန်လည်ပြေးသွားနိုင်လိမ့်ဦးမည်ဟု ကျွန်တော် စိတ်ကူးအိပ်မက် မက်နေမိပါသည်။
                လောလောဆယ်မှာတော့ ကျွန်တော်တို့ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများအဖွဲ့သည် မလှုပ်မယှက် တိတ်ဆိတ် ငြိမ်သက်နေပြီဖြစ်သော ဘော်တွင်းမိုင်းကြီးကို စိတ်မသက်မသာ စွာဖြင့် အနီးကပ် ရှုမြင်ရလျက် အာစရိယပူဇော်ပွဲကျင်းပမည့် ဘော် တွင်းအထက်တန်းကျောင်းတော်ကြီးဆီသို့ ဆိုက်ရောက်ခဲ့ရပါ တော့သည်။

တတိယအကြိမ်မြောက် ဘော်တွင်းအာစရိယပူဇော်ပွဲ
                မင်္ဂလာကွေ့တံတားထိပ်မှာ ကားတွေရပ်လိုက်သည်နှင့် ကျောင်းသူ၊ကျောင်းသားတွေ အဟောင်းရော၊ အသစ်ပါ ဝမ်းသာ ရွှင်မြူးစွာ ပြေးဆင်းလာကြပြီး ကျွန်တော်တို့၏ ဝန်စည်စလယ်များ ကို သယ်သွားကြသည်။ ]ဟေ့  . . . ဟေ့ သားတို့၊ သမီးတို့။ တို့တွေက ဘယ်မှာအိပ်ကြရမှာလဲ} မေးလိုက်တော့ ]ကျောင်းဆောင်တွေထဲမှာ အိပ်ဖို့ အားလုံး စီစဉ်ပြီးသားပါ။ ဆရာကြီးတို့က အပေါ်ကျောင်း ဆောင်မှာပါ။ ဆရာမကြီးတွေက အောက်ကျောင်းဆောင်မှာပါ}
                သူတို့နောက်က လိုက်သွားကြတော့ ကျောင်းကြမ်းပြင် ကော်ဇောအခင်းပေါ်မှာ အိပ်ဖို့ ခင်းကျင်းထားလိုက်တာ စနစ်ကျလှ ပါသည်။ နံရံကို ခေါင်းပြုလို့ တစ်ယောက်လျှင် အိပ်ရာတစ်ခု တန်းစီ ခင်းကျင်းထားသည်။ ခင်းစောင်၊ ခြုံစောင်၊ ခေါင်းအုံးတွေ အားလုံး အသစ်ကျပ်ချွတ်တွေချည်းပင်။ ချမ်းအေးလှသော ရှမ်းတောင်ပေါ် ဒေသမို့ ၈ွမ်းစောင်ထူထူက နှစ်ထည်စီ ပေးထားသည်။ ထပ်ယူလို လျှင် ပြောပါဟုလည်း ဆိုသေးသည်။ ဆရာရော၊ ဆရာမတွေ အတွက်ပါဆိုလျှင် အစုံ ၆၀ ထက်တော့ နည်းမည်မထင်။ အိပ်ဖို့ အတွက်ချည်းပင် ငွေအတော်ကုန်မှာပဲဟု ခန့်မှန်းကြည့်မိပါ၏။ နောက်ပြီး ရေကန်တွေ၊ အိပ်ရာတွေလည်း သန့်သန့်ရှင်းရှင်း အဆင် ပြေအောင် စီစဉ်ထားတာ တွေ့ရသည်။ ဆရာ၊ ဆရာမတွေ လိုအပ် သမျှ ကူညီဆောင်ရွက်ပေးနိုင်ရန် ကျောင်းသား၊ ကျောင်းသူတွေက အဆင်သင့် (ှအညေိ ဘပ) စောင့်လို့။
                အိပ်ရာ နေရာယူပြီးလို့ ကျောင်းတလင်းပြင်ဆီသို့ စီးမိုးကြည့် လိုက်တော့ . . .အလိုလေးလေး များလိုက်တဲ့လူတွေ . . .လူတွေ။ ပျားပန်းခပ်မျှ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာ ကျောင်းဝင်းတစ်ခုလုံး ပြည့်လို့ပါလား။ ဝေးတစ်နေရာစီမှ ရောက်လာကြပြီး ပြန်လည်ဆုံတွေ့ ကြရပြီမို့ ဝမ်းသာလှိုက်လှဲစွာ ဖက်လှဲတကင်း နှုတ်ဆက်ကြ၊ စကား တွေပြောကြ၊ အမှတ်တရဓာတ်ပုံတွေရိုက်ကြဖြင့် ဝမ်းသာဝမ်းနည်း ခံစားမှုအစုစုသည် လာရောက်ကြသူများကို ရစ်ပတ်ဖွဲ့နှောင်နေကြ ပေသည်တကား။
                အိပ်ရာပေါ် ခဏလှဲပြီး အနားယူနေစဉ် ဓာတ်ပုံရိုက်ဖို့ဆိုပြီး လာလာခေါ်လို့ ကျောင်းအောက်သို့ ဆင်းလိုက်၊ တက်လိုက် လုပ်နေ ရသည်။ ခုခေတ်မှာ ဓာတ်ပုံရိုက်နိုင်တဲ့ ကင်မရာတွေကလည်း တယ်ပေါကြသကိုး။ ဖုန်းမပါသူဟူ၍ ရှိမည်မထင်။
                ]ဆရာ  . . . ကျွန်မတို့ကို မှတ်မိရဲ့လား}
                အမျိုးသမီးသုံးယောက် ဖြစ်သည်။ မြင်ဖူးသောရုပ်တွေ ဖြစ် ပေမယ့် နာမည်တွေကို ချက်ချင်း စဉ်းစားလို့မရ။ ဒါကို ရိပ်မိသော အမျိုးသမီးတစ်ယောက်က ]ဆရာ၊ ဦးကျင်ခဲကို မှတ်မိသေးလား} ဆိုလိုက်တော့မှ မှတ်ဉာဏ်အလင်း ပွင့်သွားတော့သည်။ ဝမ်းသာ အားရ ဖြစ်သွားမိလျက် ]ဟား  . . . ဦးကျင်ခဲသမီးတွေကိုး။ မှတ်မိ တာပေါ့။ မြင့်မြင့်ဌေးနဲ့ ဟို . . .} တစ်ယောက်ကို ချက်ချင်း စဉ်းစားလို့ မရ။ ]မြမြရီပါ ဆရာ} ဟု တစ်ယောက်က ထောက်ပေးလိုက်သည်။ ကျန်တစ်ယောက်ကိုတော့ အစကတည်းက မသိခဲ့။ သူတို့ အစ်မဟု ဆိုပါသည်။ ဦးကျင်ခဲဆိုတာ ဘော်တွင်းမှာ လူသိ အလွန် များခဲ့သော ချင်းတိုင်းရင်းသားကြီးဖြစ်သည်။ မိုင်းအလုပ်အားလပ်ချိန်များတွင် ကျောက်တောင်စောင်းမှာ အပင်တွေ စိုက်ခဲ့သူဖြစ်သည်။ ကျောက် တုံး၊ ကျောက်ခဲတွေကို ခက်ခဲပင်ပန်းစွာ တူးဆွ ဖယ်ရှားပစ်ပြီး မြေဆီမြေဆွေးတွေထည့်လို့ အပင်တွေကို ရှင်သန်ဖြစ်မြောက်အောင် စိုက်သည်။ ဘယ်သူမှ စိတ်ကူးထဲ မထည့်မိခင်ကတည်းကပင် ရှေးဦးသစ်ပင်စိုက်သမားကြီးအဖြစ် လူတွေ အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်သည်။ သူ၏ ဝါသနာနှင့် လုံ့လဝီရိယကြောင့် ယခင် မြက်ရိုင်း တောသာ ဖုံးလွှမ်းခဲ့သော တောင်စောင်းအချို့မှာ တညင်းတော၊ ငှက်ပျောခင်းနှင့် ပြောင်းဖူးခင်းများဖြင့် စိမ်းစိုလာခဲ့ခြင်းဖြစ်သည်။
                ဦးကျင်ခဲဆိုတာ ဗမာနာမည် ဖြစ်ပါလိမ့်မည်။ သူ့ချင်းနာမည် ကိုတော့ ကျွန်တော် သိမထားခဲ့ပါ။ ကျွန်တော့်တပည့်မများ ဖြစ်ခဲ့ ဖူးသော သူ့သမီးတွေ၏ အမည်များကိုလည်း ချင်းနာမည်ဖြင့် မသိ ခဲ့။ ဗမာနာမည်ဖြင့်သာ သိခဲ့သည်။ ယခု ဦးကျင်ခဲ၏ သမီးတွေက ကလေးမြို့မှ လာခဲ့ကြတာဖြစ်သည်။ ကလေးမြို့ဆိုတာ ချင်းတောင်၏ တံခါးဝပေါ့။ သူတို့က အဲဒီမှာ အလုပ်လုပ်နေရင်းမှ ဘော်တွင်းသို့ လာကြခြင်းဖြစ်သည်။ သူတို့သည် ဘော်တွင်းမှာမွေး၊ ဘော်တွင်းကြီး မို့ ဘော်တွင်းကို သံယောဇဉ်ရှိနေကြဆဲဆိုတာ သိသာလှပါသည်။
                ဘော်တွင်းသို့ အလုပ်လာလုပ်ခဲ့ကြသူ ချင်းတိုင်းရင်းသားတို့ မနည်းလှပါ။ ]ချင်းလိုင်း} ဟူ၍ပင် သတ်သတ်ရှိခဲ့ဖူးပါသည်။ သူတို့ သည် ဦးကျင်ခဲလိုပင် ကျောက်သားထူပြောသော တောင်စောင်းမှာ စိုက်ပျိုးရေးကို မရမက ကြိုးစားလုပ်ဆောင်ခဲ့ကြသူများ ဖြစ်ကြ သည်။ ယခု ဘော်တွင်းမိုင်းကြီး ရပ်ဆိုင်းနေချိန်မှာပင် ချင်းတောင် သို့မပြန်ကြဘဲ ဘော်တွင်းမှာပင် ဆက်လက်နေထိုင်ကာ ဘော်တွင်း က တောင်ကတုံးအချို့ကို သျှောင်ထုံးဖို့ ကြိုးစားနေသူ ချင်း တိုင်းရင်းသား အနည်းငယ်ကိုလည်း တွေ့နေရဆဲပါ။ ယခင် မြေ တိုင်းနှင့် နမူနာရုံးမှ လုပ်သားကြီးဦးခိုင်ကဒိုးသည် အသက် ၇၀ ကျော်ပြီဖြစ်သည့်တိုင် ကျောက်တုံး၊ ကျောက်ခဲတို့ကို ထုခွဲခြေမွ၍ သီးပင်စားပင်များ စိုက်နေဆဲပင်။ သူက ကျွန်တော့်ကို သူ့ခြံထွက် လိမ္မော်သီးများ လက်ဆောင်ပေးလိုက်ပါသေးသည်။
                နောက်တွေ့ရသော တပည့်ဟောင်းအချို့ကတော့ ပညာရေး လောကမှာ ဖြစ်ကြသည်။ သူတို့လက်ရှိ ရာထူးတာဝန်များကို မေးကြည့်လိုက်တော့ အလို ကျောင်းအုပ်တွေပင် ဖြစ်လို့နေကြပါ လား။ (ဒေါ်) ခင်မြင့်မြင့်က တပ်ကုန်းမှာ အလယ်တန်းကျောင်းအုပ်၊ (ဒေါ်) ခင်ပြုံးက သီပေါမှာ အထက်တန်းကျောင်းအုပ်၊ (ဦး) ဆန်းဦးက မြစ်ကြီးနားမှာ အထက်တန်းကျောင်းအုပ်တဲ့။ ထိုသို့သော ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၏ ၈ါရဝပြုခြင်းကိုခံရသော ကျွန်တော့်မှာ ခံစားမှုက ရင်ဝယ်တသိမ့်သိမ့်။
                အခြားအသက်မွေးဝမ်းကျောင်း (ကျန်းမာရေး၊ ဘဏ်၊ ကုမ္ပဏီ စသည့်) အလုပ်များဖြင့် ဘဝကို ဖြတ်သန်းနေကြသူ တပည့် ဟောင်းအချို့ကိုလည်း တွေ့ရပါသည်။ သူတို့၏ တလေးတစား နှုတ်ဆက်ခြင်း၊ ကန်တော့ခြင်းကိုလည်း ကြည်ကြည်နူးနူး ခံခဲ့ရပါ သည်။
                အတော်အသင့် အဆင်ပြေနေကြသော တပည့်ဟောင်းများ ကို တွေ့ရ၍ ဝမ်းသာပီတိ ဖြစ်ရသော်လည်း ဘဝအခြေမခိုင်သည့် တပည့်ဟောင်းများအတွက်တော့ စိတ်မကောင်းဖြစ်ရပါသည်။ ဘော်တွင်းမှ မခွာနိုင်ရှာသော တပည့်မလေး တင်တင်ဝေကို တွေ့ လိုက်ရတော့ ကျွန်တော့်ရင် လှုပ်ခတ်သွားမိတော့သည်။ သူ့မိဘ များသည် ချောက်မြို့နယ်ဇာတိ ဖြစ်သည်။ ဘော်တွင်းမှာ ကျွန်တော် ရှိခဲ့စဉ်တုန်းက သူ့မိဘများနှင့်လည်း ကျွန်တော် ခင်မင်ရင်းနှီးခဲ့ သည်။ သူ့ဖခင်သည် ထိုစဉ်က ယမ်းထွန်းကြီး (သတ္တုတူးအဖွဲ့ငယ် ခေါင်းဆောင်) ဖြစ်သည်။ ထိုစဉ်က သူနှင့် သူ့အစ်မအပါအဝင် မိသားစုတွေ မပူမပင် ရပ်တည်နိုင်ခဲ့ကြသည်။ မိဘများ မျက်ကွယ် ပြုသွားကြသည့်အခါ သူတို့ အခြေပျက်အနေပျက်ဖြစ်ကာ သူ့အစ်မ သည် အိမ်ထောင်ပြုသွားခဲ့သည်။ တင်တင်ဝေလည်း ၁၀ တန်း မအောင်သည်နှင့် အိမ်ထောင်သည်ဘဝ ရောက်သွားခဲ့ရသည်။ ယောကျာ်း၏လစာဖြင့် သားသမီးနှစ်ယောက်ကို ကျွေးမွေးပြုစုနိုင် ခဲ့သေးသည်။ သို့ပေမယ့် ကံဆိုးချင်တော့ သူ့ခင်ပွန်း ဆုံးပါးသွားခဲ့ သည်။ ထိုအခါ ကူကယ်မယ့်သူ ဝေးခဲ့ရသည်။ မိဘများ၏ ဇာတိ ဌာနေသို့လည်း ပြန်ဖို့မဖြစ်နိုင်တော့။ သို့ဖြင့် ဘော်တွင်းကိုပင် ဖက်တွယ်နေခဲ့ရတော့သည်။ ဒီ .စီ .တီ ဟု ခေါ်ကြသည့် မြေပေါ် ဌာနမှာ အခြားအမျိုးသမီးတွေလိုပင် ယာယီ နေ့စားအလုပ် ဝင်လျှောက်ရသည်။ အလုပ်ရသည့် ၆ လတာ အလုပ်ဝင်လုပ်၊ အလုပ်နားသည့်အခါ တောဘက် (တောင်ပေါ်ကချင်၊ ပလောင်ရွာ တွေဆီ) တက်ကာ ဆန်နှင့် အခြားကုန်ပစ္စည်းများကို သယ်ပိုး ရောင်းချရသည်ပေါ့။ သည်သို့ဖြင့် မိသားစုအသက်ဆက်နိုင်အောင် ရုန်းကန်ခဲ့ရသည်။ ယခုအခါမှာတော့ တင်တင်ဝေသည် ဝင်းမြင့်မိုရ် ကုမ္ပဏီ၏ အရေးမပါ၊ အရာမရောက်သော အထွေထွေလုပ်သား တစ်ဦး ဖြစ်လို့နေရပါပေါ့။ သူသည် ကျွန်တော့်ကို လာကန်တော့ ရှာပါသည်။ သူ့ခမျာ တတ်နိုင်သူ အခြားတပည့်များ ချင်းလုံချည်၊ ကချင်လုံချည်၊ စောင်၊ တဘက် စသည်တို့ဖြင့် ကန်တော့သလို မကန်တော့နိုင်ရှာပါ။
                ]ဆရာ  . . . ဘော်တွင်းမိုင်းကြီး အရင်ကလို ပြန်စည်ကား လာပါဦးမလား}
                ရရာအလုပ်ကလေးဖြင့် ဘော်တွင်းမိုင်းကြီးကို ကောက်ရိုး တစ်မျှင်လို ဖက်တွယ်ထားရသော တင်တင်ဝေ (နှင့်ဘဝတူတွေ) အဖို့ ဘော်တွင်းမိုင်းကြီး အသက်ပြန်ဝင်လာဖို့အရေးသည် သူတို့ အတွက် သေရေးရှင်ရေးပင် မဟုတ်ပါလား။
                ]ဆရာလည်း ဘော်တွင်းမိုင်းကြီးကို နေဝင်မသွားစေချင်ပါဘူး ကွယ်}
                သည်မျှသာ ကျွန်တော် ပြောနိုင်ခဲ့ပါ၏။
                တပည့်ဟောင်းများနှင့် တွေ့ဆုံခွင့်ရခဲ့သလို လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးသူ ဆရာ၊ ဆရာမ အချို့ကိုလည်း တွေ့ဆုံနှုတ်ဆက်စကား ပြောခွင့်ရခဲ့ပါ၏။ ဆရာတွေက သိပ်မကျန်တော့။ ဦးချစ်လွန်း၊ ဦးခင် မောင်ချစ်၊ ဦးစိုင်းထွန်းရွှေ၊ ဦးရွှေဒေါင်း၊ ဦးတင့်လွင်တို့လောက်သာ တွေ့ရတော့သည်။ ဆရာမတွေကတော့ တွေ့ခွင့်ရတာ ပိုများသည်။ ဒေါ်ညွန့်ညွန့်သန်း၊ ဒေါ်ကြည်မြင့်၊ ဒေါ်ဝါဝါလှ၊ ဒေါ်မိုင်နာမာယာ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်သန်းသန်းနွဲ့၊ ဒေါ်မေသက်ဦး၊ ဒေါ်ခင်ညွန့်၊ ဒေါ်တင်ဦး၊ ဒေါ်နွယ်နွယ်လွင် စသူတို့ဖြစ်သည်။
                ရောက်သည့်ညက ညစာကို ထူးထူးခြားခြား ဘူဖေးဖြင့်ကျွေး တော့ ]တယ်  . . . လုပ်လိုက်ပါလား} ဆိုပြီး ကိုထွန်းမြင့်တို့ကို အမှတ်တွေပေးလိုက်မိပြန်သည်။
                ညမှာ ကပွဲတစ်ခု စီစဉ်ထားသည်။ ဇာတ်ခုံတွေ၊ တီးဝိုင်းတွေ နှင့်။ မီးတွေကလည်း လင်းထိန်လို့။ ကျောင်းသူ ကျောင်းသား ဟောင်းတွေရော၊ ဆရာ ဆရာမအချို့ပါ သီချင်းတွေဆို၊ ကပြ ဖျော်ဖြေကြခြင်း ဖြစ်သည်။ ကျောင်းတလင်းပြင်အပြည့် အားပေး ကြပါ၏။ ကျွန်တော်ကတော့ အားမပေးနိုင်ခဲ့ပါ။ ရှမ်းတောင်ပေါ် ဒေသ၏ အအေးဆုံး၊ အချမ်းဆုံးအချိန်ဖြစ်၍ ခေါင်းစွပ်၊ လက်အိတ်၊ ခြေအိတ်တို့ဖြင့် ဂွမ်းစောင်ထဲမှာ အချမ်းဒဏ်ကို အံကြိတ်ခံနေရ သောကြောင့်ပင်။
                နောက်တစ်နေ့ မနက်စောစောမှာ သံဃာတော်များကို အရုဏ် ဆွမ်း အုန်းနို့ခေါက်ဆွဲကပ်။ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကိုလည်း ဧည့်ခံကျွေးမွေးပါသည်။ ဘော်တွင်းမှာ အုန်းနို့ခေါက်ဆွဲကပ်နိုင်ရန် ကိုထွန်းမြင့်တို့က လားရှိုးမှာကတည်း က ကြိုတင် စီစဉ်လာခဲ့ခြင်းပင်။
                အာစရိယပူဇော်ပွဲကို ကျောင်းခန်းမကြီးတစ်ခုအတွင်းမှာ ကျင်းပပါသည်။ ကျောင်းသူ၊ ကျောင်းသားဟောင်းများ အခန်းပြည့် ရုံမျှမက အပြင်ဘက်သို့ပါ လျှံထွက်နေအောင် တက်ရောက်လာ ကြသည်ကို တွေ့ရ၍ အံ့ဩဝမ်းသာ ဖြစ်မိပါသည်။ ယခုအခါ မြန်မာ တစ်နိုင်ငံလုံးရှိ ကျောင်းအသီးသီး၌ အာစရိယပူဇော်ပွဲများ ကျင်းပ နေကြသည့်တိုင် အချို့သောကျောင်းများ၌ ကန်တော့ခံ ဆရာ၊ ဆရာမများ၏ အရေအတွက်က နည်းပါးလွန်းနေသည့် သတင်း အချို့ကို ကြားဖူးနေခဲ့ရသောကြောင့် ဖြစ်ပါသည်။
                အာစရိယပူဇော်ပွဲ၌ အဓိက အမှာစကားပြောကြားသူမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းစိန် ဖြစ်ပါသည်။
                ဆရာမကြီး ဒေါ်သန်းစိန်မှာ ဘော်တွင်းအလယ်တန်းကျောင်း စဖွင့်ချိန်မှ အစပြုကာ တွဲဖက်အထက်တန်းကျောင်း၊ ထို့နောက် အထက်တန်းကျောင်း ဖြစ်လာပြီးနောက် စုစုပေါင်း ၁၅ နှစ်တာ ကာလတစ်လျှောက် ကျောင်းအုပ်တာဝန် ဆက်တိုက်ယူခဲ့ရသူဖြစ် ၍ ဘော်တွင်းကျောင်းနှင့် အကျွမ်းတဝင်အဖြစ်ဆုံး၊ ဘော်တွင်းက ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် အထိတွေ့ရ ဆုံးသူ ဖြစ်သည့်အလျောက် ဘော်တွင်းကျောင်းအပေါ် အထူး သံယောဇဉ်ရှိသူဖြစ်ပါသည်။ နောင်တွင် နမ္မတူ၊ မုံရွာကြေးနီမိုင်း၊ မိုးညှင်းနှင့် အင်းစိန် အထက်တန်းကျောင်းများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့်တိုင် ငယ်ပေါင်းဖြစ်သော ဘော်တွင်း ကျောင်းအပေါ် သံယောဇဉ်အရှိဆုံး၊ ဘော်တွင်းကျောင်းကလည်း ဆရာမကြီးဒေါ်သန်းစိန်ကို ဦးထိပ်အထားဆုံးဖြစ်ခဲ့သည်မှာ တကယ့် အရှိတရားပင် ဖြစ်ပါ၏။
                ဆရာမကြီးပြောခဲ့သည်များမှာ စိတ်ဝင်စားဖွယ်ရာများချည်း ဖြစ်ပါ၏။ ကျွန်တော် မှတ်မှတ်သားသား ဖြစ်မိခဲ့သည့် အချက် တစ်ခုမှာ အစစအရာရာ ဆင်းရဲချို့တဲ့ နွမ်းပါးလှသော ကျောင်းမှ ပညာတတ်တပည့်များ ထွက်ပေါ်လာအောင် အခက်အခဲအမျိုးမျိုး ကြားမှ ပြုစုပျိုးထောင်ခဲ့ရပုံကို ]ကျောက်စရစ်တော သနပ်ခါးပင် များ ဖြစ်ထွန်းအောင် စိုက်ခဲ့ရပုံ} နှင့် ဥပမာပေး တင်စားခဲ့ခြင်းပင် ဖြစ်သည်။ ဆရာမကြီးဒေါ်သန်းစိန် အမှတ်တရရေးပေးခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ]မြေဩဇာခေါင်းပါးသည့် ကျောက်ဆောင် ကျောက်ကြားမှ ရုန်းကန်ရှင်သန်ရသည့် သနပ်ခါးသည် မြေကောင်း မှာပေါက်သည့် သနပ်ခါးထက် ပိုမွှေးသည်} တဲ့။ ]ကျောက်ကြား ပေါက်ဖွား ရှင်သန်ခဲ့ရသော တပည့်များ၏ မွှေးရနံ့များ မပြယ်ကြ ပါစေနှင့်} ဟူ၍ ရေးသားခဲ့ပါသည်။ ယခု တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ ခန်းလုံးပြည့် စိတ်ရောကိုယ်ပါ တက်ရောက် လာကြသော တပည့်အပေါင်းသည် ဆရာမကြီးညွှန်းဆိုခဲ့သည့် ကျောက်ကြိုကျောက်ကြားမှ ရုန်းကန်ရှင်သန်ခဲ့ကြရသည့် သနပ်ခါး ပင်များပင် မဟုတ်ပါလော။ သူတို့သည် ဝေးလံခက်ခဲလှသည့် ဘော်တွင်းသို့ အနယ်နယ်အရပ်ရပ်မှ ကြိုးစားပမ်းစား ရောက်လာခဲ့ ကြသူများဖြစ်၍ သူတို့၏စိတ်ဓာတ်ကို လေးစားချီးကျူးမိပါသည်။ သူတို့သည် ဆရာမကြီးဆန္ဒပြုခဲ့သလို မွှေးရနံ့များ မပြယ်ကြသူများ ဖြစ်ကြလိမ့်မည်ဟု မျှော်လင့်နေမိပါသည်။
               
လွမ်းသူတို့ပွဲ
                အာစရိယပူဇော်ပွဲကြီးကား စည်ကားသိုက်မြိုက်စွာဖြင့် ချောမောအောင်မြင်စွာ ပြီးဆုံးသွားပေပြီ။ နေ့လယ်စာများလည်း စားသုံးပြီးကြပြီဖြစ်၍ အပြန်ခရီးအတွက် လှုပ်ရှားပြင်ဆင်ကြရ ပါတော့သည်။ မင်္ဂလာကွေ့တံတားထိပ်မှာ ရပ်ထားသော ကားများ ဆီသို့ ဝန်စည်စလယ်များကို ကျောင်းသူ၊ ကျောင်းသားများက သယ်ပို့ပေးကြ။ နှုတ်ဆက်စကားတွေ အထပ်ထပ်ဆိုကြ။ ဝမ်းသာ ဝမ်းနည်း ပြုံးမျက်ရည်အဝေ့သားနှင့် ဆရာ၊ ဆရာမများကို သံယောဇဉ်မပြတ်၊ ထပ်မံ၍ ကန်တော့ကြဖြင့် မြင်ကွင်းသည် လွမ်းစဖွယ်ပင်။
                ကားတွေ တစ်စီးပြီးတစ်စီး ထွက်ခွာခဲ့လေပြီ။ ဘော်တွင်းမှာ ပင် ကျန်ရစ်ခဲ့ကြမည့် ကျောင်းသူ၊ ကျောင်းသားဟောင်းများလည်း ညှိုးငယ်သော မျက်နှာများဖြင့် လက်ပြနှုတ်ဆက်နေကြသည်။ သူတို့ ကြား၌ တင်တင်ဝေကို တွေ့လိုက်ရ၏။ ငိုထားသဖြင့် သူ့မျက်နှာမှာ နီမြန်းနေသည်။ တင်တင်ဝေနှင့် ဘဝတူများ၏ နောင်ရေးအတွက် ]ဘော်တွင်းမိုင်းကြီး နေဝင်မသွားပါနဲ့၊ ဘော်တွင်းမိုင်းကြီး ပြန်လည် ရှင်သန်လာပါစေ} ဟု နောက်ဆုံးဆန္ဒပြု ဆုတောင်းလိုက်ရုံမှအပ ကျွန်တော်တို့ကရော ဘာများတတ်နိုင်ပါမည်နည်း။
                ကျွန်တော်တို့သည် ဘော်တွင်းအထက်တန်းကျောင်းကြီးကို နှုတ်ဆက်ခဲ့ကြပြီ။
                ရထားဈေးတည်ခင်းခဲ့ရာ ရုပ်ရှင်ရုံကွင်း၊ အေရှားကလပ် (ဗျငညေ ဃူကဘ)၊ ယူရိုပီယံကလပ် (နကမသစနညေ ဃူကဘ)၊ ဘူတာရုံလေးနှင့် မိုင်းရုံး ကြီးကို နှုတ်ဆက်ခဲ့ကြပြီ။
                အချိန်မှတ်ရုံး (ွှငာန သ်ငခန)၊ ကွာရီမိုင်း၊ ဂိတ်ကြီး (မြောငညှေ့ေ်အ) နှင့် သန့်စင်စက်ရုံတို့ကို နှုတ်ဆက်ခဲ့ကြပြီ။
                ဘော်တွင်းအထက်ပိုင်းရှိ သာသနာ ၂၅၀ဝ ပြည့်စေတီတော်၊ အောင်ချမ်းသာရပ်ကွက်နှင့် သောက်ရေကန်တို့ကို နှုတ်ဆက်ခဲ့ကြ ပြီ။
                ဘော်တွင်းမိုင်းနှင့် ပတ်သက်သမျှသော အရာရာတို့သည် ကျွန်တော်တို့၏နောက်ဆီတွင် မှုန်တိမှုန်ဝါး ကျန်ရစ်ခဲ့ကြပြီလေ။
                ကျန်နေရစ်သူတို့ကလည်းလွမ်း . . .နှုတ်ဆက်ထွက်ခွာသူတို့က လည်းလွမ်း . . .ဪသာ် . . .ပြုံးမျက်ရည်စိမ့်စမ်းနှင့် လွမ်းသူတို့ပွဲပါ တကား။
                -အလွမ်းတွေကို သယ်ဆောင်
                တောင်တွေကျော် တောတွေဖြတ်
                ဘော်တွင်းဆိုတဲ့အရပ်။
                - နှလုံးသားချင်းထပ်တူကွယ်
                ဆရာ  . . . တပည့်ဆုံလို့ရယ်။
               - ရင်ဝယ်လှိုက်ခုန် ပီတိလွှမ်း
                ပြုံးမျက်ရည်စိမ့်စမ်း။
               - ချမ်းဆောင်းမြမြရာသီထဲ
                လွမ်းသူတို့ရဲ့ပွဲ။
(ပြီးပါပြီ)
ဆင်တဲဝမြတ်ဖုန်း