မိုင်းသမားအို
ဆင်တဲဝမြတ်မင်း
(Unicode)
အစိမ်းရောင်ရင့်စ၊ အဝါဘက်လုစ မြက်တောကြီးများဖြင့်
ခြုံလွှားထားသော တောင်တန်း၊ တောင်ကုန်း၊ ခင်တန်းသွယ် သွယ်တို့အကြားဝယ်]ဘော်နန်းမြို့}လေးသည်
အိပ်မှုန်ထနိုးခါစ ကလေးငယ်လေးလို လူးလွန့်ထလာပေပြီ။ မြောက်ဘက်တောင်ကုန်း ဒေသမှ ခရီးနှင်လာသည့်
နှင်းစစ်သည်များစွာတို့သည် ခရီးပန်းလာသောကြောင့်မနက်ဝေလီဝေလင်း၌ ]ဘော်နန်းမြို့}လေးတွင်
ခေတ္တ နားခိုမှေးစက်ကြရာ မြေပြင်အပေါ်ဝယ် နေရာမလပ်ခင်းဖြန့်ထားလျက်ရှိနေတော့သည်။ နှင်းစစ်သည်တို့၏
အသက်ပြင်းပြင်းရှုထုတ်မှု ကြောင့် သူတို့၏ နှင်းငွေနှင်းမှုန်တို့မှာ ]ဘော်နန်းမြို့}ရှိ
အလုပ်သမားထုအား လှန့်နှိုးလိုက်သကဲ့သို့ ရှိနေချေသည်။
ငွေနှင်းမှုန်မှုန်တို့၏ အေးစက်သော အချမ်းဓာတ်သည်
]ဘော်နန်း}တစ်မြို့လုံးအပေါ် မြို့လယ်မှဖြစ်၍ စီးဆင်းနေသော ]နန့်ပန်ယွန်း}ချောင်းကျဉ်းကလေးအပေါ်၊
ဆယ်ပေအခန်းတွဲ အလုပ်သမားလိုင်းများအပေါ်၊ မိုင်းအလုပ်သမားကြီး ဦးဗေဒါအပေါ် လွှမ်းခြုံ
ထားသည်။
]ဘော် ဘော် ဘော် ဘော်}
စူးစူးရှရှပေါ်ထွက်လာသော ဥသြမှုတ်သံလေးချက်သည်
နှင်းမှုန်နှင်းငွေ့တို့ကို ဖြိုခွဲလိုက်သလိုပင်။ ]ဘော်နန်းမြို့}လေးကို ကိုင်လှုပ်လိုက်သလိုပင်။
သြော် ငါးနာရီတောင်ခွဲသွားပြီပဲ။ ဦးဗေဒါသည် ကာဘိုက်မီးခွက်ထဲမှ ကာဘိုက်ပြာများသွန်ခါရင်း
တိုးတိုး လေးရေရွတ်နေမိသည်။ သူသည် မိုင်းဖိနပ်အိုကို မြန်မြန်စီးပြီးနောက် ရေဘေးအင်္ကျီအနွေးထည်ကြီးကို
ဝတ်ကာ မိုင်းဦးထုပ်ခေါင်း ပေါ်တင်လျက် အခန်းကျဉ်းမှ ခပ်သုတ်သုတ်ထွက်လာခဲ့တော့သည်။
အပြင်ဘက်တစ်လမ်းသွားကျောက်ပြုတ်လမ်းမပေါ်သို့
ဦးဗေဒါရောက်လာခဲ့သည်။ မနက်ဆင်းကျသော မိုင်းအလုပ်သမားများ ဥဒဟိုသွားနေပေပြီ။ မိုင်းဖိနပ်သံ]ဂလုပ်၊
ဂလုပ်} ဆိုသည့်အသံမှာ တိုးတိုးတိတ်တိတ်ပြောဆိုနေကြသော မိုင်းသမားတို့၏ အသံကို ဖုံးသွားသည်။
ကာဘိုက်မီးရောင်လက်လက်တို့မှာ ]ဘော်နန်းမြို့}လေး၏ ကျောက်ပြုတ်လမ်းမပေါ်မှာ ပြိုးပြိုးပြက်ပြက်။
အလင်းရောင် မှာ မိုင်းသမားတို့၏ လက်လှုပ်ရမ်းသလို နိမ့်လိုက်မြင့်လိုက်။
ဦးဗေဒါသည်]နန့်ပန်ယွန်း}ချောင်းမှဖြတ်တိုက်လာသော
ဆောင်းလေအေးကို ခုခံကာကွယ်ရန် အနွေးအင်္ကျီထူကိုရင်ကြားဆွဲစေ့ လိုက်သည်။ ဒီဇင်ဘာလ၏
ဆောင်းနှင်းမှုန်မှုန်တို့သည် ခန္ဓာကိုယ်အပေါ်ပိုင်းသာမက ရိုးတွင်းခြင်ဆီထိအောင် စိမ့်ဝင်နေပါပေါ့လား
ဟု တွေးမိရင်း ဦးဗေဒါသည် စောစောက ဆယ်ပေအခန်းကျဉ်းလေးထဲမှ နွေးထွေးသော အရသာကို သတိရနေတော့သည်။
တကယ်တော့ ရှမ်းပြည်ဆောင်း အပြင်ဘက်မှာ ကြိုက်သလိုအေးစိမ့်နေပစေ၊ အခန်းကျဉ်းထဲမှာ မိသားစု
ကျပ်ကျပ်တည်းတည်း အိပ် ရသည့်အနွေးဓာတ်ကိုတော့ မဖြတ်သန်းနိုင်ဟု ဦးဗေဒါထင်သည်။ သည်အခန်းကျဉ်းထဲမှာ
မိသားစုခြောက်ယောက်ပြားအိပ်ကြရသော အခါ အနွေးစောင်သိပ်မလိုပဲ၊(ရှိလည်းမရှိပါ)နှင့် ကိုယ်ငွေ့နှင့်သာ
နွေးနေရသည်မဟုတ်လား။ သည်အရသာကိုလည်း ဦးဗေဒါပြည့် ပြည့်ဝ၀မခံစားရ၊ ဥသြမှုတ်သံကြားလျှင်
နှင်းတောထဲဖြတ်ကာ အလုပ်ဆင်းသွားရပြီ။
အတွေးမျှင်တန်းလျက်
တိုင်းရုံး(အချိန်မှတ်ရုံး)သို့ရောက်သောအခါ အလုပ်သမားတွေ ကာဘိုက်ထည့်ရန် တန်းစီနေပေပြီ။
ဦးဗေဒါသည် ဒီတစ်ခါတော့ ကာဘိုက်များများထည့်ပေးဖို့ ကာဘိုက်စာရေးကို ပြောရဦးမည်ဟု တွေးနေမိသည်။
အခန်းကျဉ်းမှာ ထွန်းရသည့် လေးဆယ်အား မီးသီးတစ်လုံးတည်းနှင့် ကလေးတွေစာကြည့်ဖို့ အဆင်မပြေ။
အငယ်သုံးယောက်က ဘာမျှမပြော။ အကြီးဆုံးကောင် ကိုးတန်းကျောင်းသားက မီးရောင်မှုန်မှုန်ဖြင့်စာကြည့်ရတာ
အားမရဘူးဟုပြောသေးသည်။ မျက်လုံးထိခိုက်တတ် သည်ဟုလည်း ပြောသေးသည်။ သို့ပေမယ့် ဒါတွေကို
ဦးဗေဒါ သိပ်နားမလည်ပါ။ အဓိကက ကာဘိုက်နည်းနည်းပိုရဖို့ပင် မဟုတ် လား။ ကာဘိုက်စာရေး အနီးရောက်သောအခါ
ကာဘိုက်ခွက်ထဲ လက်နှိုက်ထားသော မျက်နှာထားတင်းတင်းနှင့် ကာဘိုက်စာရေးက ထုံးစံအတိုင်း
ဦးဗေဒါမီးခွက်ထဲကာဘိုက်မပြည့်တပြည့် ထည့်ပေးလိုက်သည်။ ကာဘိုက်များများထည့်ပေးဖို့ ဦးဗေဒါမပြောရဲတော့ဘဲ
အသာ ထွက်လာခဲ့တော့သည်။
တိုင်းရုံးမှ
ထွက်လာသောအခါ အမှောင်ပြယ်စပြုနေပေပြီ။ မိုင်းထဲဆင်းဖို့]ဂိတ်ကြီး}(မြေအောက်ဆင်းသည့်စိုက်တွင်း)ဆီသို့
လျှောက်လာခဲ့သည်။ ]နန့်ပန်ယွန်း}ချောင်းနံဘေး၌ မိုင်းထဲက မကောင်းသော လေများကို စုပ်ထုတ်ပေးနေသည့်
လေစုတ်စက်ကြီး၏ အသံမှာ ဦးဗေဒါနားထဲဝင်လာနေသည်။ အင်းဒီလေစုတ်စက်ကြီးရဲ့ အသံတွေကို ကြားခဲ့ရတာ
နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီကော။ တကယ်တော့လည်း ဦးဗေဒါ၏ အသက်မှာ ငါးဆယ်ကျော်၍ သုံးနှစ်ပင်စွန်းခဲ့ပေပြီ။
ဤသက်တမ်း၌ သူ့တွင်]ယမ်းထွန်း}ဆိုသည့် ဦးဆောင်လုပ်သားဆိုသောဘွဲ့၊ ]ရင်စိန်}ဆိုသည့်ဇနီးတစ်ယောက်နှင့်
သားသမီး လေးယောက်တော့ အမြတ်တွေတင်ကျန်ရစ်သည်။
ဦးဗေဒါသည်
နှေးကွေးသောခြေလှမ်းများဖြင့် သွားနေရသော်လည်း တကယ်တမ်း၌ အလုပ်ထဲသွားရန် သိပ်စိတ်မထက်
သန်တော့ပေ။ လွန်ခဲ့သော အသက်သုံးဆယ်လောက်ကဆိုလျှင် အရွယ်ကလည်းငယ်ငယ်၊ သန်ကလည်းသန်၊ ဘောနပ်စားရမည့်
အရေးဆို ကျွဲ တစ်ကောင်လို အားနှင့်မာန်နှင့် လုပ်ကိုင်ခဲဖူးသည်။ ခုတော့. . . . .
ခုတော့မူ
အသက်ကလည်း ကြီးလာတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပါတကား။
ဦးဗေဒါသည်
အရွယ်အရ ဇရာဘက်ယွန်းခဲ့ပြီ။ မျက်လုံးတွေတောင် မှုန်ဝါးစပြုနေပြီ။ ခုပင်ကြည့် နေ့တိုင်းမြင်တွေ့ဖန်များ
သော ]ကွာလီ}တောင်ပေါ်မှ မြေထိုးစက် အရေအတွက်မှန်အောင် မမြင်နိုင်တော့ပြီ။ ဦးဗေဒါသည်
လွင်ပြင်ကျယ်ကြီးတမျှ ကျယ်ပြော နေပြီဖြစ်သော ]ကွာလီ}တောင်ကွင်းပြင်ကြီးကို ဆွေးဆွေးမြေ့မြေ့နှင့်
ကြည့်နေမိသည်။
]ဟောဒီက ကွာလီတောင်ကြီး
ဘောလုံးကွင်းဖြစ်မှ အညာပြန်မယ်}
ဦးဗေဒါအသက်သုံးဆယ်လောက်က
ဟစြွေ်ကးခဲ့ဖူးသော စကားဖြစ်သည်။ ထိုတစ်ချိန်က ကလေးနှစ်ယောက်သာ ရှိသေး သည်။ အလုပ်သွား
အလုပ်ပြန်ချိန်တိုင်း တွေ့မြင်နေရသော ]ကွာလီ}တောင်မြင့်မြင့်ကြီးကို ကြည့်ရင်းထိုစကားကို
ယုံတမ်းသဖွယ်ပြော ခဲ့ဖူးသည်။ ပေသုံးထောင်ကျော်မြင့်မားသော ]ကွာလီ}တောင်ကြီးသည် ဘယ်သောအခါတွင်မှ
ဘောလုံးကွင်းမဖြစ်နိုင်ဟု ဦးဗေဒါယုံခဲ့ သည်။ ခုတော့ ကိုယ်တွေ့ကြုံရတော့ မယုံ၍ မရတော့။
]ကွာလီ}တောင်ပေါ်မှ သတ္တုများကို ရယူရန် ]ကွာလီ}တောင်ကိုဖြိုခဲ့ရာမှ ယခုတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ရပြီ။
]ကွာလီ}တောင်ကြီးက အမှန်ပင် ဘောလုံးကွင်းဖြစ်ခဲ့ပြီ။ သို့သော်ဦးဗေဒါတို့ မိသားစုမှာမူ
]ဘော်နန်းမြို့}လေးထဲမှာပင် သံသရာလည်နေဆဲပင်။
ဂိတ်ကြီးဆီသို့
သွားနေသည့် မိုင်းအလုပ်သမားများ၏ စကားသံများမှာလမ်းမအပေါ် ဖရိုဖရဲလွင့်နေဆဲပင်။ ကာဘိုက်မီး
ခွက်အလင်းရောင်များမှာ အရုဏ်ဦးအလင်းရောင်ကြောင့် သိပ်မပေါ်လွင်တော့။ မိုင်းဖိနပ်သံ
]ဂလုပ်၊ ဂလုပ်}မှာလည်း စကားသံများကို မလွှမ်းနိုင်တော့။ ဦးဗေဒါမှာမူ ]နန့်ပန်ယွန်း}ချောင်းကမ်းဘေးမှ
ကျောက်ပြုတ်လမ်းမပေါ်မှာ လျှောက်ကာ အတွေးပေါင်းစုံ လွင့်ပျံ့နေ သည်။ ]ကွာလီ}တောင်ကိုလွန်ပြီး၍
ဆက်လျှောက်လာသောအခါ မိုင်းသမားတို့ကို အလင်းရောင်ပေးနေသလို မှတ်ယူရသည့် ]မာကျူရီ} မီးရောင်သည်
ဟိုးအနောက်ဘက် တောင်ကုန်းပေါ်မှနေ၍ ကျောက်ပြုတ်လမ်းမအပေါ် ဖြာကျနေတော့သည်။
]မာကျူရီ}မီးရောင်ကို
မြင်လိုက်ရတော့ ဦးဗေဒါအဖို့ ထူးဆန်းအံ့သြရလေသည်။ အို အေးစေတီဘုရားရဲ့ စိန်ဖူးတော်မှာ
ပူဇော်ထားတဲ့ ]မာကျူရီ}မီးသီးပါလား။ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ]အေးစေတီ}ဘုရားစိန်ဖူးတော်တင်ခဲ့သည်ဟု
ဦးဗေဒါ ကြားလိုက် ရသည်။ သို့သော် ထိုတနင်္ဂနွေက အချိန်ပိုဆင်းနေရတော့ ဘယ်အချိန်မှာ
တင်လိုက်မှန်းမသိခဲ့ပါတကား။
ဦးဗေဒါသည်
အလင်းရောင်ဖြူဆွတ်နေသော ]မာကျူရီ}မီးသီးဆီသို့ငေးကြည့်နေမိသည်။ ထိုမှ ဘုရားမှာတင်လှူထားသော
စိန်ဖူးတော်ကိုမှန်းကြည့်လှမ်းကြည့်မိသည်။ တစ်ဆက်တည်းမှာပင် ]အေးစေတီ}ဘုရားသို့ စိတ်မှမှန်းကာ
ဖူးနေမိသည်။ ကြည်ညိုစရာ၊ သပ္ပါယ်စရာ ကောင်းလိုက်တာ။ ဘုရားရဲ့တရားအလင်းတွေဟာ ရောင်ခြည်လို
ဖြာထွက်နေပါလား။ တကယ်တော့လည်း ဘုရားရိပ်၊ ကျောင်းရိပ်ဆိုတာ အလွန်အေးချမ်း ဆိတ်ငြိမ်တဲ့နေရာပါလား။
လူ့ဘဝရဲ့ တတိယအရွယ်မှာဥပုသ်သီလ ဆောက်တည်ပြီး ပုတီးစိတ် ကာ နိဗ္ဗာန်သို့ရည်မှန်းရမည့်အချိန်ပင်
မဟုတ်လား။ ဦးဗေဒါသည် စိတ်ကို ချမ်းငြိမ်းဖွယ်ဖြစ်သော၊ နိဗ္ဗာန်၏ အမြင့်ဆုံးဖြစ်သော၊
နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားကို ဖူးတွေ့ချင်သောသူ ဖြစ်လိုလှသည်။ ခုတော့မူ
ကျောင်းကန်ဘုရားသွားဖို့နေနေသာသာ မိုင်း၌ အချိန်ပိုလေးပါပြီဆိုလျှင်ပင် အူမြူးမတတ်
ဝမ်းသာနေရသည် မဟုတ်လော။ အားလပ်လျှင်ဘုရားဝတ်ပြုဦးမှဟု ရည်ရွယ်ခဲ့ သည်မှာ အခါခါ။ ယခုမှပင်.
. . .
ဦးဗေဒါသည်
လူ့ဘဝ၏ အေးချမ်းသာယာသော နိဗ္ဗာန်ဘုံသို့ရောက်ပါစေဟု ဆုတောင်းလျက် လက်အုပ်ချီကာ ]အေး
စေတီ}ဘုရားအား ဦးခိုက်ရှိခိုးနေမိတော့သည်။ တဒင်္ဂ၌ သူ့ဘဝ၏ အပူတွေကင်းစင်နေကာ အေးချမ်းမှု၏
အရသာကို ခံစားနေရ လေသည်။ အမြင့်ဘုံ၊ အမြင့်ဘုံ၊ နိဗ္ဗာန်ဘုံသို့ ရောက်ပါစေ၊ နိဗ္ဗာန်ဘုံသို့ရောက်.
. . .
]ယမ်းထွန်း.
. . .ယမ်းထွန်း။ ဘာတွေငေးကြည့်နေတာလဲ။ ခြောက်နာရီ ဥသြမှုတ်သွားပြီ၊ မိုင်းထဲသွားရအောင်လေ။
ကဲ. . .လာ. . .လာ နောက်ကျနေပြီ ယမ်းထွန်း}
ဦးဗေဒါသည်
ရုတ်တရက် လက်အုပ်ချီလျက်မှ ဣန္ဒြေပျက်သွားသည်။ သူတို့]စတုတ်}(သတ္တုထုတ်လုပ်သည့်လုပ်ကွက်)
ထဲမှ ငယ်သားလေးက သူ့ကိုနားမလည်သလို ငေးကြည့်နေသည်။ ဦးဗေဒါမှာတဒင်္ဂ၌ သူ့စိတ်ကူးထဲမှ
ချမ်းမြေ့မှုများ လွင့်စင်သွား ကာ ငေးတွေနေမိသည်။ ခဏနေမှ သူ့ရဲ့ငယ်သားလေးနောက်မှ လေးလေးတွဲ့တွဲ့
လိုက်လာခဲ့သည်။
ဦးဗေဒါ၏ စိတ်ထဲ၌မူ
အမြင့်ဘုံ၏ အေးချမ်းမှုက ခုချိန်ထိ ငြိတွယ်ပါလာဆဲပင်။ ရင်၌ ချမ်းမြေ့စရာကောင်းလှပါတကား။
သို့သော်
ခုအခါ၌မူ ဦးဗေဒါသည် အခြားမိုင်းအလုပ်သမားများနှင့်အတူ ဓာတ်လှေကားစီးကာ ပေတစ်ထောင့်လေးရာကျော်
နက်သော မြေအောက်သို့ တရိပ်ရိပ် ဆင်းသွားရလေတော့သည်။
(၁၉၈၇ ခုနှစ်၊
မတ်လ၊ ဒဂုန်မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၃)