Sunday, November 26, 2017

မူးတဲ့ည
ဆင္တဲဝျမတ္မင္း(Zawgyi)
(၂၀ဝ၁ခုနွစ္၊ ေမလ နဝေဒးရသစံုစာေပမဂၢဇင္း အမွတ္ ၁၇)
]ေဒၚလာသြားစားေတာ့မယ့္ ဖိုးေက်ာ္က နႈတ္ဆက္ဂုဏ္ျပုပြဲက်င္းပျပီးဆပ္ပလိုင္း လုပ္တဲ့အတြက္ ဖိုးေက်ာ္ျကီး ေနာက္တစ္ ေက်ာ့လဲ ေဒၚလာစားပါပါေစဗ်ား၊ ခ်ီးယားစ္. . . .  ခ်ီးယားစ္}ျကည္ဆန္းစကားသံဆံုးဆံုးခ်င္း၊ ဖန္ခြက္ေလးလံုး တိုက္သံနွင့္ ေအာ္ဟစ္သံမ်ားက ကလပ္ထဲ ဆူညံသြားသည္။ ဘိလိယက္ထိုးေနသည့္ ဦးခင္ေဆာင္နွင့္ ေက်ာ္မင္းဦး၊ ကလပ္ေဘး ျမက္ခင္းျပင္၌ အရက္ဝိုင္းဖြဲ့ေနသူမ်ားကေတာင္ လွမ္းျကည့္ လိုက္ေသး။ ေစာေစာက တင္းနစ္ရိုက္ေနသည့္ ဦးေအးဟန္နွင့္ ကိုခ်စ္တို့အဖြဲ့၊ ဘိုးလ္လိန္းလွိမ့္ေနေသာ ဦးတင္ေအးနွင့္အဖြဲ့၊ ပင္ ေပါင္ရိုက္ေနေသာ ခ်ာတိတ္ကေလးေတြအဖြဲ့မရွိျကေတာ့လို့ ရွိလွ်င္ဘာေတြမ်ားျဖစ္ေနျကတာလဲဆိုျပီး ဆူညံေနေသာ အရက္ဝိုင္းဆီသို့ အေျပးအလွြားလာျကည့္ျကဦးမည္လားမသိ။]ခ်ီးယားစ္}လုပ္သည့္အျကိမ္က ဒါပထမဆံုးအျကိမ္မဟုတ္။ ညေနရံုးျပန္ကတည္းကလုပ္တာ ခု ရွစ္နာရီေတာင္ေက်ာ္ျပီဆို ေတာ့ ဘယ္နွစ္ျကိမ္မွန္းမသိေတာ့။ မန္စံကထြက္သည့္ျငိမ္းခ်မ္းေရးအရက္နွစ္လံုးနွင့္ အာမီရမ္တစ္လံုးကုန္သြားျပီ။ ကလပ္ဘားဘြိုင္ ကိုစိန္ေဌးလက္ရာ ဆူးပုတ္ျကီးနွင့္ ဆန္ေလွာ္တို့ျဖင့္ ေရာက်ိုထားေသာ ခရုဟင္းခ်ိုကပင္ ငါးပြဲ၊ အမဲအူျပုတ္ကသံုးပြဲ၊ ပဲျပားေျကာ္က ဆယ့္တစ္ထုပ္၊ မုန္ညင္းခ်ဉ္က နွစ္ပန္းကန္. . . ေျပာင္သလင္းခါေနျပီ။ စားပြဲေပၚမွာ လန္ဒန္ ၂ ဘူးနွင့္ ဂက္စ္မီးျခစ္အစိမ္းပဲ က်န္ေတာ့သည္။]ေဟ့. . .  ဘားဘြိုင္ေလး ကိုစိန္ေဌး၊ ေနာက္ထပ္ခရုဟင္းခ်ိုတစ္ပြဲ၊ ဘယ္နွစ္ေယာက္. . .  . နက္ဖန္ေဒၚလာစားသြား မွာ ဘယ္နွစ္ေယာက္လဲ . . . ဖိုးေက်ာ္ ေအ့}အရက္ကေလး တစ္ပက္ေလာက္ဝင္လွ်င္ စကားအခြန္းတစ္ရာေလာက္ေျပာသည့္ ကိုခင္ျငိမ္းမွာ ယခု. . .  ေလးေယာက္ သံုးလံုးပင္ကုန္သြားျပီဆိုေတာ့ ျမင္းအီးေပါက္တာက အရံႈးေပးရေလာက္သည္။ စကားလံုးေတြက ထပ္ေနျပီ။ ေဒၚလာစား ဘယ္နွစ္ ေယာက္သြားမွာလဲဆိုသည့္ ေမးခြန္းကို ေစာေစာကပင္ ေမးျပီးျပီ။မနက္ျဖန္မနက္ ကြ်န္ေတာ္တို့အဖြဲ့ သြားရမည္ဆိုတာလည္း သူသိသည္။ ဘူမိေဗဒအရာရွိျကီး ဦးေက်ာ္ေဆြကလြဲလွ်င္ အဖြဲ့ေခါင္းေဆာင္ ဘူမိေဗဒအရာရွိ ဦးတင့္လြင္၊ လက္ေထာက္ ဘူမိ-၅ဦးျဖစ္သည့္ ကိုခင္ေမာင္ဦး၊ ကိုမိုးထြန္း၊ ကိုခ်နၵရာ၊ ကိုေစာထင္လင္း၊ကိုတင္သန္း၊ ပံုဆြဲဦးျပံုး၊ ကြင္းဆင္းအကူမ်ားျဖစ္သည့္ ကိုဆန္းညြန့္၊ ေမွြးပ်ံ့၊ ကြ်န္ေတာ္(ေဘာ္တြင္းရွိ ဘူမိေဗဒဌာန မွဝန္ထမ္းမ်ား) စုစုေပါင္း ကိုးေယာက္ဆိုတာလည္းသူသိသည္။ မနၱေလးမိုင္းနင္းကုမၸဏီမွ နိုင္ငံျခားသားမ်ားနွင့္ မဟိုးေခ်ာင္းဧရိယာ သို့ သတၱုသိုက္ပမာဏ မည္မွ်ရွိသည္ကို ေလ့လာစမ္းသပ္ဖို့ သြားမယ္ဆိုတာကိုလည္း သူသိသည္။]နက္ဖန္သြားဖို့ေတာ့ ေသခ်ာျပီေပါ့}လန္ဒန္စီးကရက္ခဲရင္း လက္ထဲမွာ အရက္ခြက္ ကိုင္ထားေသာ စာကေလးကေမးေနသည္။ နာမည္ရင္းက ထိန္လင္းျဖစ္ ေသာ္လည္း လူကပုပုညက္ညက္ မည္းမည္းေလးမို့ သူ့ကို တစ္ရံုးလံုးက ]စာကေလး}ဟုေခၚျကသည္။]ေသခ်ာတာေပါ့။ မေန့ကပဲ မိုင္းခ်ုပ္ရံုးကေန ရန္ကုန္ရံုးခ်ုပ္ကို ေျကးနန္းရိုက္လိုက္ျပီ}ကြ်န္ေတာ္လည္း ဖန္ခြက္လက္က်န္ေမာ့လိုက္ျပီး ျပန္ေျပာလိုက္သည္။ အေစာကတည္းက သတင္းေတြ ထြက္ေနေတာ့ သတင္းအမွန္ဆံုးရနိုင္မည့္သူမ်ားထံ ခ်ဉ္းကပ္ရသည္။ ေဘာ္တြင္းကို နိုင္ငံျခားသားေတြ လာေတာ့မတဲ့။ ေျမေအာက္မိုင္းနဲ့ ေျမေပၚဟင္းလင္းဖြင့္ မိုင္းေတြကို ေလ့လာေတာ့မယ္တဲ့။ သံခေမာက္ေတာင္ရွိ မဟိုးေခ်ာင္းေဒသကို ဘူမိေဗဒအဖြဲ့သြားရမယ္တဲ့...။ ျကားရတဲ့သတင္းေတြထဲမွာ ဘူမိအဖြဲ့ပါမည့္အေျကာင္း ျကားရေတာ့ ရင္ေတာင္ခုန္သြားသည္။ အဲသည့္အထဲမွာ မိမိပါနိုင္ပါ့မလား။ ဘယ္သူေတြပါမွာပါလိမ့္။ ကြ်န္ေတာ္တို့ အရမ္းသိခ်င္သည္။ေနာက္ဆံုး၌ ဒီသတင္းေတြသိရဖို့ မိုင္းခ်ုပ္ရံုးမွ စာေရးေတြဆီ ခ်ဉ္းကပ္ရသည္။ သူတို့ကလည္း တဲ့တိုးျကီးေတာ့မေျပာ။ အရိပ္ျအြမက္မွ်သာ။ သို့ေသာ္သူတို့လႈပ္ရွားတာျကည့္ရံုနွင့္ အကဲခတ္၍ ရသည္။ နိုင္ငံျခားသားမ်ား တည္းခိုမည့္ ဗြီအိုင္ပီဧည့္ရိပ္သာ သို့ သန့္ရွင္းေရး အမ်ိုးသမီးမ်ား အထက္အဆင္းလုပ္ေနလွ်င္၊ နွစ္ထပ္ရိပ္သာက ထမင္းခ်က္သည့္ စီက်န္းတို့လင္မယား ဒန္အိုး ဒန္ခြက္ ပလိုင္းေတာင္းျကီးျဖင့္ အလုပ္မ်ားေနလွ်င္၊ မိုင္းခ်ုပ္ရံုးမွ စာေရးကိုေက်ာ္သင္းနွင့္ ေက်ာ္တင့္တို့နွစ္ေယာက္ ေရသန့္ဘူးေတြ၊ အခ်ိုရည္ဘူးေတြ၊ ဘီယာဘူးေတြဧည့္ရိပ္သာသို့ သယ္သြားတာျမင္ရလွ်င္၊ မနၱေလးမိုင္းနင္းကုမၸဏီက နိုင္ငံျခားသားေတြ မျကာမီ လာေတာ့မည္ဆိုတာကို ခန့္မွန္းနိုင္ေပသည္။ယခုလည္း မနက္ျဖန္ မဟိုးေခ်ာင္းေဒသသို့ ကြ်န္ေတာ္တို့အဖြဲ့ သြားရမည့္ ေျကးနန္းမိတၱူကို မိုင္းခ်ုပ္ရံုးမွ ရံုးအကူမေလး ခင္ပို လာပို့၍ ဘူရွိျကီးထံ ကြ်န္ေတာ္ကိုယ္တိုင္ပို့ေပးရျခင္းေျကာင့္ တိတိက်က်သိလိုက္ရျခင္းျဖစ္ေပသည္။ ေျကးနန္းထဲ၌ ဆရာ ဦးတင့္လြင္က ေဒၚလာငါးရာ့ငါးဆယ္၊ ကိုခင္ေမာင္ဦးနွင့္ ကိုမိုးထြန္းက ေဒၚလာ ေလးရာ့ငါးဆယ္၊ ကိုခ်နၵရာနွင့္ ကိုေစာလင္းထင္ က ေဒၚလာ သံုးရာ့ငါးဆယ္၊ ကိုတင္သန္းနွင့္ ဦးျပံုးက ေဒၚလာ နွစ္ရာ့ငါးဆယ္၊ ကိုဆန္းညြန့္၊ ေမွြးပ်ံ့နွင့္ ကြ်န္ေတာ္တို့က ေဒၚလာ တစ္ရာ့ငါးဆယ္။ ကြ်န္ေတာ္တို့ကအနည္းဆံုး။ သို့ေသာ္. . . . .  လက္ရွိေပါက္ေဈးနွင့္ တြက္ျကည့္လိုက္လွ်င္. . .. .။ အလားလား။ နည္းတဲ့ေငြေတြမွတ္လို့။ေတြးမိရင္း. . .  ရင္ထဲမွာ ေနြးကနဲ...ေနြးကနဲ။မေန့ကေတာ့ ဆရာဦးတင့္လြင္ရံုးထဲ၌ ေျပာျပသျဖင့္ ပိုျပီး ျပည့္ျပည့္စံုစံုသိရသည္။ မနၱေလးမိုင္းနင္းကုမၸဏီအဖြဲ့မွ အဖြဲ့ ေခါင္းေဆာင္ မစၥတာဟိုင္ဇင္ေလာင္း၊ သူ့လက္ေထာက္မစၥတာ ပီတာဆလိုက္နွင့္ စခန္းတာဝန္ထံ ဦးထြန္းဆန္းတို့ ပါဝင္မည္ျဖစ္ ေျကာင္း၊ နမၼတူမွ ကားဒရိုင္ဘာ ကိုစိုးသန္းနွင့္ ထမင္းခ်က္ ကိုက်င္လင္းတို့လည္း ပါလာမည္ျဖစ္ေျကာင္း၊ မနက္ျဖန္မနက္ ေဘာ္ တြင္းဘူမိအဖြဲ့နွင့္ နမၼတူလိပ္ျပာေတာင္ ဧည့္ရိပ္သာမွာ ဆံုျပီးမွ မဟိုးေခ်ာင္းဖက္ကားျဖင့္ ထြက္ျကမည္ျဖစ္ေျကာင္း၊ မဟိုးေခ်ာင္း၌ လံုျခံုေရးကိစၥ၊ အက်ိုးတူ ဖက္စပ္ျဖစ္ေျမာက္ေရးအတြက္ ဌာနဆိုင္ရာဘက္မွ အဆင္ေျပစြာ ေဆာင္ရြက္နိုင္ေရးကိစၥ အဝဝအတြက္ နမၼတူအေထြေထြမန္ေနဂ်ားရံုးတြင္ စည္းေဝးဦးမည္ျဖစ္ေျကာင္း။]ေဟ့ ေမာင္ေမာင္စိန္ေဌး၊ ေနာက္ထပ္ဒရိုင္းဂ်င္တစ္လံုးနဲ့ အမဲအူျပုတ္တစ္ပြဲေပးဦးကြာ။ ဘယ္နွယ့္လဲဖိုးေက်ာ္။ ငါမွာလိုက္ ျပီေနာ္...}ကိုခင္ျငိမ္းကေမးေငါ့၍ကြ်န္ေတာ့္ကို ေျပာေနသည္။]ခ်စမ္းပါဗ်ာ။ ဒီည ခင္ဗ်ားတို့အဝေသာက္။ အဝစား။ တိုက္ဖို့ေကြ်းဖို့ ေခၚထားတာပဲဗ်ာ။ စာကေလးခ်။ ျကည္ဆန္း ဘာငိုင္ေနတာလဲ၊ ရွင္းလိုက္စမ္းပါ လက္က်န္. . . . }ကြ်န္ေတာ့္စကားဆံုးေတာ့ ]ခ်ီးယားစ္}လုပ္ျကျပန္သည္။ ကိုစိန္ေဌးကလည္း မွာသမွ် လာခ်ေပးသည္။]ဖိုးေက်ာ္. . . . မင္းသိပ္ကံေကာင္းတယ္။ မိုင္းထဲမွာ လိုက္ျပီး ေဘာ္နမူနာအိတ္ထမ္းရတာခ်င္းအတူတူ မင္းကေဒၚလာ စားပါတယ္။ ငါ့လုပ္သက္၁၅ နွစ္ေက်ာ္ျပီ။ မင္းလုပ္သက္ ၁၀ နွစ္ေလာက္ပဲရွိေသးတယ္။ ဒီလိုမွန္းသိရင္. . .  .ငါတို့လဲ ေျမတိုင္း ဌာနမွာ မလုပ္ဘဲ ဘူမိေဗဒဌာနဝင္ပါတယ္ကြာ. . . }အမဲအူဟင္းဖတ္ျမံု့ရင္း စာကေလးကေျပာေနေတာ့. . . ဖန္ခြက္ထဲ ျဖည္းျဖည္းခ်င္း အရက္ငွဲ့ေနေသာ ျကည္ဆန္းကဝင္ ေျပာလိုက္သည္။]မင္းက ခုမွမနာလိုဝန္တို ျဖစ္မေနနဲ့။ ျပီးခဲ့တဲ့လတုန္းက မငိးတို့ေျမတိုင္းအဖြဲ့ေတြ မိုးကုတ္နဲ့ဖားကန့္ ေက်ာက္စိမ္းတြင္း ေတြဆီ ေျမတိုင္းလိုက္သြားတုန္းက ေလာပန္းေတြဆီက ျမိုးျမိုးျမက္ျမက္ရခဲ့တာလဲ ထည့္ေျပာဦးမွေပါ့. . . }]စာကေလးရာ အခုမွ ဖက္စပ္က အစပဲရွိေသးတာပါ။ ပဏာမရွာေဖြေလ့လာေရးကာလမွာေတာ့ ေဘာ္တြင္းတစ္တြင္းလံုး ေတာ့ ဘယ္ပါနိုင္ပါ့မလဲ။ သူ့ဖီးလ္နဲ့ဆိုင္တဲ့သူေတြပဲပါဦးမွာေပါ့။ အဲ. . . အက်ိုးတူဖက္စပ္ထုတ္လုပ္ေရးျဖစ္သြားျပီဆိုတဲ့အခါ က် ေတာ့ မင္းတင္မကဘူး တစ္ေဘာ္တြင္းလံုးက အလုပ္သမားေတြအားလံုး ေဒၚလာစားရမွာ သိလား.. . . }ကြ်န္ေတာ္လည္းေျပာျပီး ဒရိုင္းဂ်င္တစ္ခြက္ေမာ့လိုက္သည္။ မ်က္လံုးေတြနီရဲေနျပီျဖစ္ေသာ ကိုခင္ျငိမ္းကေတာ့ ခရုစုပ္လိုက္၊ အရက္ေမာ့လိုက္၊အမဲအူျပုတ္ျမံု့လိုက္လုပ္ေနရာမွ. . . .  .]ဘာပဲဆိုဆို . . . ခုခ်ိန္ေဒၚလာစားပါတဲ့လူကေတာ့ ပြတဲာ။ ေဝးေဝးမျကည့္နဲ့ကြာ။ ေျကးနီမိုင္းအိုင္ဗင္ဟိုးကို ပါသြားတဲ့လူ ေတြျကည့္ပါလား။ ေန့ခ်င္း ညခ်င္း. . . .}ကိုခင္ျငိမ္းေျပာတာမွန္သည္။ အမွတ္(၁)သတၱုတြင္းလက္ေအာက္ရွိ မံုရြာေျကးနီမိုင္း၌ အက်ိုးတူစီးပြားျဖစ္ထုတ္လုပ္နိုင္ရန္ ေလ့လာစမ္းသပ္ေနသည့္ အိုင္ဗင္ဟိုးကုမၸဏီသို့ ေဘာ္တြင္းမိုင္းမွအလုပ္သမားမ်ား (၆)လတစ္ျကိမ္လူလဲ၍ လွြတ္ေပးရသည္။ စိန္လြန္ တြင္းမ်ားတြင္ ပိုက္ဆင္ ပိုက္တပ္သည့္ အလုပ္မ်ားလုပ္ရသည္။ စက္မႈဌာန၊ လွ်ပ္စစ္ဌာနနွင့္ ေျမေပၚဟင္းလင္းပြင့္ဌာနမွ လူမ်ား အလွည့္က်သြားရသည္။ တစ္သုတ္လွ်င္ ၅ေယာက္လွြတ္ျပီး ၆ လျပည့္လွ်င္ လူလဲသည္။ တစ္လကို ေဒၚလာ ငၤ࿿္࿿ငၤ࿿္࿿ၤ࿿.န.ဃ တစ္ရာ့ငါး ဆယ္ရသည္။]တကယ္ေျပာတာဖိုးေက်ာ္။ မင္းေဒၚလာစားပါတာ ထီေပါက္တာပဲ။ ထီေပါက္တာနဲ့အတူတူပဲ။သိလား. . . }လန္ဒန္စီးကရက္ကို ဂက္စ္မီးျခစ္နဲ့မီးညွိေနရင္းစာကေလးက ေျပာလိုက္သည္။ ဂက္စ္မီးေရာင္ျဖင့္ ေမွးစင္းေနေသာ မ်က္ လံုးမ်ားကို ျမင္လိုက္ရသည္။ ကြ်န္ေတာ္က ပဲျခမ္းေျကာ္ထုတ္အသစ္ကိုေဖာက္ျပီး ပါးစပ္ထဲသို့ တစ္ေစ့ခ်င္းထည့္ကာဝါးေနမိသည္။]ထီေပါက္တယ္လို့ေတာ့မေျပာနဲ့အံုးကြ။ထီေပါက္ျပီး ထီလက္မွတ္ေပ်ာက္သြားတဲ့ ေဒၚလာစားေတြအေျကာင္း မသိေသးလို့..}အရက္ခိုးေတြေဝေနသည့္ ျကည္ဆန္းက ရယ္က်ဲက်ဲနွင့္ ေျပာလိုက္ေတာ့. . . . မ်က္ေထာက္နီေနေသာ ကိုခင္ျငိမ္းက. . .]လုပ္စမ္းပါဦး ပန္းကန္ျပားျကီးရဲ့။ အို ဟုတ္ေပါင္. . .  ပုဂံသားျကီးရဲ့။ထီလက္မွတ္က ဘယ္သူေပ်ာက္လို့လဲ}]အိုင္ဗင္ဟိုးကို ပထမဆံုးစေခၚတုန္းက သတ္မွတ္ခ်က္ေတြပါတယ္ကြ။ နံပတ္တစ္ (ီမငူ) စိန္လြန္တူးသင္တန္းဆင္းျဖစ္ရ မယ္။ နံပါတ္နွစ္ ွြ.ံ.ွ  (စက္မႈလက္မႈေက်ာင္း)ဆင္းျဖစ္ရမယ္။ နံပါတ္သံုး ဥ.ဲ.ွြ (လုပ္ခြင္သင္တန္း)ဆင္းျဖစ္ရမယ္။ ေနာက္ဆံုး ပိတ္မွ လုပ္သက္မ်ားတဲ့လူ၊ လုပ္ငန္းကြ်မ္းက်င္တဲ့လူ. . . ဘာညာျဖစ္ရမယ္ေပါ့ကြာ. . . }]စကားခ်ီးကလဲ ရွည္ပါ့ကြာ. . . .}ကိုခင္ျငိမ္းက စိတ္မရွည္သံနွင့္ ဝင္ေျပာသည္။]ပထမဆံုး အိုင္ဗင္ဟိုးလွြတ္ဖိုးေရြးလိုက္တဲ့ငါးေယာက္စလံုးစိန္လြန္တူးသင္တန္းဆင္းေတြခ်ည္းပဲ။ အဲဒီထဲမွာ ဘယ္သူပါလဲ ဆိုေတာ့ေျမေပၚဟင္းလင္းပြင့္ေတာင္ျဖိုအဖြဲ့မွာ လုပ္ေနတဲ့ ကိုေငြစိုးဆိုတဲ့လူပါတယ္။ အသားမည္းမည္းပိန္ေျခာက္ေျခာက္နဲ့သိျကမွာပါ။  ျပည္ေတာ္ေအးရပ္ကြက္မွာေနတဲ့လူ။ ဒါေပမယ့္ဒီလူက အိုင္ဗင္ဟိုးကို မလိုက္ပါရေစနဲ့လို့ မိုင္းခ်ုပ္ျကီးဆီ ငိုျကီးခ်က္မနဲ့ သြားေျပာ သတဲ့}]မိုက္လိုက္တဲ့လူကြာ။ သူမ်ားေတြမ်ား ေဒၚလာနံ့ခံျပီးေဒၚလာစားပါေအာင္ နည္းမ်ိုးစံုနဲ့ဝင္ျကရတာ}ကိုခင္ျငိမ္းက မေက်မခ်မ္းေျပာလိုက္သည္။ ကြ်န္ေတာ္နွင့္ စာကေလးလည္းကိုေငြစိုးဇာတ္လမ္းကိုစိတ္ဝင္စားသြားသည္။]က်န္တဲလူေတြက ဝမ္းသာအားရနဲ့ သြားျကတာေပါ့။ သူကဆနၵမရွိေတာ့ သူ့အစားျကည္နိုင္ဆိုတဲ့လူငယ္တစ္ေယာက္ထည့္ လိုက္တာေပါ့ကြာ။ ၆ လျပည့္လို့ ဟိုေကာင္ေတြ ေဒၚလာေတြပိုက္ျပီးျပန္လာတာေတြ့ေတာ့မွ ကိုေငြစိုးက ေနာက္တစ္သုတ္နဲ့ လိုက္ ခ်င္တယ္လို့ မိုင္းခ်ုပ္ကို သြားေျပာသတဲ့}]အဲေတာ့ . . . ရလား}ကိုခင္ျငိမ္းကေမးလိုက္သည္။]ဘယ္ရမွာတုန္း။ သူ့စီရီရယ္နဲ့သူသြားရတာ။ အဲဒီေတာ့မွ ကိုေငြစိုးျကီး ေဒၚလာဖီလင္ေတြတက္ျပီး ထိုင္ငိုေနတာမ်ား မင္း တို့ ျမင္ေစခ်င္တယ္။ ဒါေျကာင့္ ငါေျပာတာ . . .  ထီေပါက္ျပီး ထီလက္မွတ္ေပ်ာက္တတ္ပါတယ္ဆို. . . }သို့ေသာ္ျကည္ဆန္းစကားျကားရေတာ့ကြ်န္ေတာ္တို့ရင္ထဲမွာမရွင္းမလင္းနဲ့။သိခ်င္တာေတြရွိေနသည္။ေမးမည္လုပ္ကာမွ. .  .]ေနပါဦးျကည္ဆန္းရ။ ကိုေငြစိုးက သူ့ကို ထည့္တုန္းက ဘာျဖစ္လို့ မလိုက္ခ်င္ရတာလဲ။ ေဒၚလာရရင္ ပိုင္ဆံေတြအမ်ား ျကီးရမယ္ဆိုတာေလာက္ေတာင္ မသိေတာ့ဘူးတဲ့လား}ဒရိုင္းဂ်င္တစ္ခြက္ ဂြတ္ကနဲခ်ရင္း ကိုခင္ျငိမ္းက ကြ်န္ေတာ္သိခ်င္တာကို ဝင္ေမးလိုက္သည္။]ဘာျဖစ္လို့ မလိုက္ခ်က္ရတာလဲဆို . . .ေနာက္မွသိရတာပါ။ သူအိုင္ဗင္ဟိုးကို အလုပ္သြားလုပ္တဲ့၆ လအတြင္း အိမ္က မိန္းမနဲ့ကေလးေတြအတြက္ စားစရာမေပးနိုင္လို့တဲ့ကြာ. . .သိလား. . . }]အံ့ပါရဲ့ကြာ ငါတို့ဆီလာခဲ့ပါလား။ သူ့မိန္းမနဲ့ကေလးေတြကို ငါေကြ်းေမြးထားပါတယ္။ အျပန္မွ အတိုးနဲ့ ျပန္ဆပ္ ဆိုျပီး. . . .}ေျပာင္စပ္စပ္မ်က္နွာျဖင့္ ေျပာလိုက္ေသာ စာကေလးကိုေတာ့ ကိုခင္ျငိမ္းက ငါနဲ့ကိုင္တုတ္ေတာ့မလို့။ ကြ်န္ေတာ္က အခ်ိန္မီ ဒရိုင္းဂ်င္ငွဲ့ေပးလိုက္သျဖင့္ အာရံုေျပာင္းသြားသည္။]ေနာက္ထပ္ထီလက္မွတ္ေပ်ာက္တာေတြရွိေသးတယ္}ပုလင္းကိုင္ျပီးငွဲ့လိုက္ရင္း ျကည္ဆန္းကေနာက္ထပ္စကားစျပန္သည္။ သို့ေသာ္ အရက္က ကုန္သြားျပီ။]ဘယ္သူေပ်ာက္တာလဲ။ျမန္ျမန္ေျပာစမ္းကြာ။ မင္းကေလဘာရံုးကစာေရးဆိုေတာ့ အလုပ္သမားေတြအေျကာင္း တို့ထက္ပိုသိ တာေပါ့။ ျပီးေတာ့. . .  အိမ္ခန္းရေအာင္ အလုပ္သမားေတြက အရက္ေခၚေခၚတိုက္ခံရတဲ့ ေဟာင္ဇင္ေခါင္း(အိမ္ရာမႉး)ျကီးျဖစ္ျပန္ ေတာ့ ၁၀ ေပခန္းေတြဆီ မင္းကခဏခဏေရာက္ေရာက္သြားေတာ့ ရပ္ကြက္ထဲကအေျကာင္းေတြ ဟိုစပ္စပ္ဒီစပ္စပ္ ပိုသိတာေပါ့။ ေဟ့. . .စိန္ေဌး ေနာက္ထပ္ဒရိုင္းဂ်င္တစ္လံုးနဲ့ပဲျပားေျကာ္နွစ္ထုပ္ေပးကြာ။ ေဒၚလာစားျကီး ေက်နပ္ပါတယ္ေနာ္။ ကဲ. . . ျကည္ဆန္း. . . လင္း}ကိုခင္ျငိမ္းမွာ ေျပာရင္းကြ်န္ေတာ့္လွမ္းျကည့္သည္။ ေခါင္းကလည္းတစ္ခ်က္တစ္ခ်က္ ငိုက္ငိုက္က်ေနသည္။ သူသာမက ကြ်န္ေတာ္လည္း တစ္ခ်က္တစ္ခ်က္ မ်က္လံုးကေမွးခ်င္ခ်င္ရယ္။]ငါ့ကိုမ်ား အရက္တိုက္ရင္ အိမ္ခန္းရေအာင္ လုပ္ေပးတဲ့ ေဟာင္ဇင္ေခါင္းလို့ အပုတ္ခ်ေသးတယ္။ ဒီက သူတို့သိေအာင္ လည္း အေကာင္းေျပာရေသးတယ္။ ေတာ္ျပီ. . .  မေျပာေတာ့ဘူးကြာ. .  .}ျကည္ဆန္းစိတ္ဆိုးသြားျပီ။ စာကေလးကျကားဝင္၍]အခ်င္းခ်င္းစေနတာပါ ျကည္ဆန္းရာ။ ကဲ ... ဆက္ေျပာ}]သံျဖူမွာလုပ္တဲ့ လင္းေအာင္နဲ့ က်ားစခန္းစက္မႈက ခင္ေမာင္တင့္တို့ကို မင္းတို့သိမွာပါ။ အဲဒီေကာင္ေတြကို အိုင္ဗင္ဟိုး လွြတ္ဖို့ေဆးေတာင္စစ္ျပီးျပီ။ ဒီေကာင္ေတြလဲ စိန္လြန္တူးသင္တန္းဆင္းေတြပဲ။ အဲဒါေဒၚလာမစားလိုက္ရဘူး}]ဘာ. . .  ဘာျဖစ္လို့လဲဟင္}စာကေလးကထေမးသည္။]ဘာျဖစ္ရမလဲ။ ခင္ေမာင္တင့္က ဌာနထဲက ပစၥည္းခိုးတာမိသြားလို့ဆပ္စပဲင္းရွင္း(ရာထူးေခတၱခ်)ျဖစ္သြားတယ္။ ျပည္ေတာ္ ေအးက လင္းေအာင္ကေတာ့ ရက္ကြက္ထဲ လူမႈေရးျပႆနာျဖစ္ျပီး ေတာ့ ရဲစခန္းထဲေရာက္သြားတယ္။ သူတို့အစား စက္မႈက ေအာင္သူရနဲ့ လွ်ပ္စစ္က ေနဝင္းတို့ ပါသြားတယ္။ ဒါေျကာင့္ငါမေျပာလား။ ထီေပါက္ေပမဲ့ ထီလက္မွတ္ေပ်ာက္တတ္ပါတယ္ဆို. .}]ေတာ္ေတာ္တံုးတဲ့ေကာင္ေတြ}ကိုခင္ျငိမ္းကမေက်မခ်မ္းေျပာရင္း အရက္တစ္ခြက္ ေမာ့လိုက္ျပန္သည္။ ျပီးေတာ့. . .ပဲျပားေျကာ္ကို ေကာက္စားေနသည္။]ဒီတခါေတာ့ ထီလက္မွတ္မေပ်ာက္ဘူး။ ဒါေပမယ့္. . . သိန္းထီေတာ့ေပါက္ပါရဲ့။ ေသာင္းထီေလာက္ပဲရသြားတဲ့ ေဒၚလာ စားနွစ္ေယာက္အေျကာင္း သိခ်င္ေသးလား. . . }အရက္ဖန္ခြက္ကေလးကို ကိုင္ျပီး မထိတတိအမူအယာျဖင့္ေျပာေနေသာ ျကည္ဆန္းပံုက ထရိုက္ခ်င္စရာ။]ေျပာမွာေျပာစမ္းကြာ။ မင္းကပေဟဠိေတြ အေျဖညွိေတြနဲ့။ စိတ္ကမရွည္ေတာ့ဘူး. . . }]ဒီလိုေျပာလို့ရမလားကြ စာကေလးရ။ ယစ္ေရွြရည္ေလး တစိမ့္စိမ့္ငံုရင္း ေျပာမွ အရသာရွိတာ။ မင္းကနားသာေထာင္ခ်င္ တာ အလိုက္ကမ္းဆိုးက်မသိဘူး။ ဒီမွာ. . .  ငါ့ဖန္ခြက္ထဲမွာ ခါလီျဖစ္ေနျပီ။ ထည့္ေပး မထည့္ရင္ မေျပာဘူး}ျကည္ဆန္းက အိုက္တင္ခံရံုတင္ မဟုတ္။ ထပ္ျပီး အျကပ္ကိုင္ေနျပန္သည္။ သိခ်င္ေနေသာ စာကေလးလဲ မေနသာ ေတာ့ဘဲ ျကည္ဆန္းဖန္ခြက္ထဲ ဒရိုင္းဂ်င္ခပ္ျမန္ျမန္ငွဲ့ေပးလိုက္သည္။]ေဟ့ေကာင္. . .ေျပာေတာ့ကြာ။ ဘယ္သူေတြလဲ ေသာင္းထီပဲေပါက္တဲ့ေဒၚလာစားဆိုတာ}}အိုင္ဗင္ဟိုးကို တတိယအျကိမ္ေျမာက္သြားရတဲ့ေဒၚလာစားေတြက စိန္လြန္တူးသင္တန္းဆင္းသမားေတြမႈတ္ေတာ့ဘူးကြ။ လုပ္ငန္းခြင္သင္တန္းဆင္းသမားေတြမ်ားတယ္။ အဲထဲမွာ ဝပ္ေရွာ့က ထြန္းနိုင္ဦးနဲ့ တြင္ခံုက ဆန္းညြန့္ေအာင္တို့အိုင္ဗင္ဟိုးကို ေရာက္သြားပါေလေရာ။ အဲ. . . တစ္လပဲလုပ္ရေသးတယ္။ ထြန္းနိုင္ဦးက ေဘာ္တြင္းျပန္လာရျပီး ဆန္းညြန့္ေအာင္က အက္ဆီးဒင့္ ျဖစ္ပါေလေရာ. . . }]ဟင္. . . ဘာျဖစ္လို့လဲ}ကိုခင္ျငိမ္းက ေမးလိုက္သည္။]ဟိုမွာက တကယ္အလုပ္လုပ္ရတာမို့လား.။နိုင္ငံျခားသားက တန္ေအာင္ခိုင္းတာမို့လား။ မင္းတို့သိတဲ့အတိုင္းဘဲ ေျကးနီမွာ က ေနကပူ ဖုန္ကထူနဲ့. . . ေနပူျကီးထဲလုပ္ရတာဆိုေတာ့ ပင္ပန္းတာေပါ့ကြာ။ ျပီးေတာ့. . .  ညဆင္းလဲဆင္းရေသးတယ္ဆိုပဲ။ ဆိုေတာ့. . .  ပင္ပန္းတာ၊ အအိပ္ပ်က္တာေတြနဲ့ေပါင္းျပီး အစားလဲပ်က္ေရာ။ ဒီမွာတင္ ထြန္းနိုင္ဦး ဗိုက္နာပါေလေရာ။ ေဆးရံု လဲပို့လိုက္ေရာ ဆရာဝန္က ဆက္လုပ္ရန္မသင့္လို့ မွတ္ခ်က္ခ်ေတာ့ ထြန္းနိုင္ဦးခမ်ာ ဖလက္ျပျပီး ျပန္လာရပါေရာလား။ေဒၚလာ တစ္လပဲစားလိုက္ရတာ။ အဲ. . .  ဆန္းညြန့္ေအာင္က်ေတာ့ ပိုက္လံုးေတြခ်ရင္းနဲ့ခိုက္မိတာ ညာဘက္ေျခမ ျပတ္သြားပါေလေရာ။ ကဲ. . . ငါမေျပာဘူးလား။ သိန္းထီေပါက္တယ္ဆိုေပမဲ့ေသာင္းထီပဲရတယ္ဆိုတာ. . . }ျကည္ဆန္းစကားဆံုးေတာ့ အားလံုးျငိမ္သြားသည္။ စာကေလးက ကြ်န္ေတာ့ပခံုးပုတ္ရင္း. . . .]ေဒၚလာစားျကီး. .  . က်န္းမာေရးဂရုစိုက္ေနာ္။ သတိနဲ့လုပ္ေနာ္။ ျကားတယ္မို့လား. . . }စင္စစ္မနက္ျဖန္သြားမည့္ေဟြေလာင္း၊ မဟိုးေခ်ာင္း ဧရိယာသည္ ေငြ၊ ခဲ၊ သြပ္ (သတၱုသိုက္အသစ္)အမွန္ပင္ရွိေနသည့္ ေနရာ။ မဟိုးေခ်ာင္းမွ ထြက္ရွိေသာ သတၱုမ်ားကို နမၼတူသို့ သယ္ေဆာင္ရန္အတြက္ ကားလမ္းေဖာက္ရန္ပင္စီမံကိန္းခ်ခဲ့ဖူးေျကာင္း၊ ဒုတိယကမၻာစစ္ျဖစ္ပြားသျဖင့္  အစီအစဉ္ပ်က္သြားရျခင္းျဖစ္ေျကာင္း၊ ယခင္ျပုစုခဲ့သည့္ အေနာက္တိုင္းသားဘူမိေဗဒပညာရွင္မ်ား၏ အစီရင္ခံစာအရ သိရေလသည္။ ကြ်န္ေတာ္သည္ မဟိုးေခ်ာင္းေဒသကိုနွစ္ေခါက္ေရာက္ဖူးသည္။ ဆရာဦးတင့္လြင္ရယ္၊ ကိုခ်နၵာရယ္၊ ကိုဆန္းညြန့္ရယ္၊ ကြ်န္ေတာ္ရယ္တစ္ျကိမ္၊ ေနာက္တစ္ျကိမ္က ဦးေအာင္ျကည္ေလးရယ္၊ ကိုခ်နၵာရယ္၊ ေမွြးပ်ံ့ရယ္၊ ကြ်န္ေတာ္ရယ္ တစ္ျကိမ္။နွစ္ျကိမ္စလံုးယခုလို ဒီဇင္ဘာေဆာင္းတြင္းျကီး ေရာက္သြားသည္။ နမၼတူ၏ ေျမာက္ဘက္ မိုင္ေပါင္း ၃၀ေက်ာ္ ေဝးသည့္ ေနရာ။ ေတာင္ေတြကလည္းေပ ၄၀ဝဝ ေက်ာ္ေလာက္ျမင့္သည္။ သံခေမာက္ေတာင္ကေတာ့ ေပ ၅၀ဝဝ ေက်ာ္ဆို ေတာ့အျမင့္ဆံုး။ အေအးဓာတ္ကေတာ့ ေရေတာင္ခဲသည့္ေနရာ။ကြ်န္ေတာ္တို့ကြင္းဆင္းအကူေတြသည္ ဂ်ီ(ဘူမိေဗဒဝန္ထမ္း)ေတြေနာက္လိုက္ကာ ေဘာ္နမူနာအိတ္ထမ္းရင္း ထိုေတာင္ျကီး ေတြေပၚ တက္လိုက္ဆင္းလိုက္၊ နမ့္မဟိုင္းမွာ ေဈးဝယ္လိုက္နွင့္ ေဟြေလာင္း မဟိုးေခ်ာင္း၊ နမ့္မဟိုင္းေနရာေတြမွာ ကြ်န္ေတာ္တို့ ေျခရာေတြ ထပ္ခဲ့သည္။ နွစ္လနီးပါးျကာခဲ့ဖူးသည္။ ထို့ေျကာင့္အေနြးထည္မ်ားမ်ားပါလွ်င္၊ ငွက္ဖ်ားေဆးမွန္မွန္စားလွ်င္၊ အားေဆး မွန္မွန္စားလွ်င္၊ ေနမေကာင္းျဖစ္သည့္အခါ ကာကြယ္ရန္ေဆးေလးဘာေလးေဆာင္သြားလွ်င္ က်န္းမာေရးအတြက္ လံုေလာက္နိုင္မည္ ဟုယူဆသည္။]ခုကတည္းက မွာလိုက္မယ္ေနာ္။ ေဒၚလာစားျပီး ျပန္လာရင္ ငါတို့သံုးေယာက္အတြက္ လက္ေဆာင္ေကာင္းေကာင္းေပးရ မယ္ေနာ္။ အိုင္ဗင္ဟိုးျပန္လာတဲ့ျမင့္ေဌးလိုေတာ့ မလုပ္နဲ့ေနာ္။ အာမခံဆိုင္းထိုးေပးလိုက္တဲ့ေကာင္ေတြဖို့ ဘာဝယ္လာတယ္မွတ္လဲ၊ မံုရြာက ေျမပဲဆားေလွာ္ အစိတ္သားတစ္ထုပ္စီတဲ့. .  .ကဲ}အရက္ခြက္ကို လက္နွင့္ေတာက္ရင္း ကိုခင္ျငိမ္းကေျပာေနသည္။ သည္မွာေဒၚလာစားပါသြားသူမ်ားက ဝန္ခံကတိျပုလုပ္ ျကရသည္။ ေဒၚလာစားကျပန္လာျပီး အနည္းဆံုးဌာနတြင္ ၅ နွစ္အမႈထမ္းရသည္။ ၅ နွစ္မျပည့္မီ ထြက္သြားလွ်င္ က်ပ္ငါးေသာင္း ေလ်ာ္ရမည္။ သို့ျဖစ္၍ေဒၚလာစားတစ္ေယာက္အတြက္ သက္ေသ၅ ေယာက္က အာမခံဆိုင္းထိုးေပးရသည္။ အကယ္၍ ေဒၚလာစား ထြက္သြားလွ်င္ ဆိုင္းထိုးထားသူက တစ္ေယာက္က်ပ္တစ္ေသာင္းေလ်ာ္ေပေတာ့။ ထို့ေျကာင့္ဆိုင္းထိုးေသာသူမ်ားကို မသြားမၤ࿿ီ ဝိုင္း လုပ္ေပးရသည္။ ျပန္လာလွ်င္ လက္ေဆာင္ဝယ္ခဲ့ရသည္။ ေဘာ္တြင္းမွာ ထံုးစံလိုျဖစ္ေနသည္။ကြ်န္ေတာ့္ကိုလည္း ကိုခင္ျငိမ္း၊ ျကည္ဆန္း၊ စာကေလး၊ ေမွြးပ်ံ့နွင့္ ကိုဆန္းညြန့္တို့က လက္မွတ္ထိုးေပးျကသည္။ ယခု အရက္တိုက္ျခင္းမွာ လက္မွတ္ထိုးေပးလို့ တိုက္တာခ်ည္းေတာ့မဟုတ္။ ဒီေကာင္ေတြသံုးေယာက္နွင့္က ငယ္ေပါင္း။ သူတို့ကလည္း အထိမ္းအမွတ္ရွိလွ်င္ တိုက္သည္။ ယခုေတာ့ . . . အျပန္လက္ေဆာင္စကားေျပာေနျပီ။]စိတ္ခ်ကိုခင္ျငိမ္း။ အျပန္မွာ ခင္ဗ်ားတို့အတြက္ ပုဆိုးတစ္ထည္စီ လက္ေဆာင္ဝယ္ခဲ့မယ္}]ရိုးရိုးပုဆိုးေတာ့ မလိုခ်င္ဘူး၊ ပေလကပ္မွေနာ္။ ဘာတဲ့. . . ကိုကိုဝတ္ဖို့ဝယ္ေပးမယ္။ ေရွြကသစ္. . . ။အဲ .. .  ေရွြကသစ္ေနာ္}ျကည္ဆန္းက ေဆးလိပ္ဖြာရင္းေျပာေနသည္။]စိတ္ခ်ျကည္ဆန္း၊ ဖိုးေက်ာ္ဆိုတဲ့ေကာင္က ဆိုခဲေစျမဲေစ}ကြ်န္ေတာ့္စကားဆံုးေတာ့ စာကေလးက ေလးေယာက္စလံုးဖန္ခြက္ထဲသို့ အရက္ငွဲ့ေပးျပီး တစ္ဦးခ်င္းဆီသို့ ကမ္းေပးလိုက္ သည္။ ဒါဆိုလွ်င္ အားလံုးသေဘာေပါက္သြားသည္။ ဖန္ခြက္ကေလးေတြ ကိုင္ျမွောက္လိုက္ခ်ိန္တြင္ စာကေလးက. . .]ဖိုးေက်ာ္ျကီး ေနာက္တစ္ေက်ာ့လဲ ေဒၚလာစားပါပါေစဗ်ား။ အခုလိုပဲ အရက္အဝတိုက္နိုင္ပါေစဗ်ား။ အျပန္မွာလဲ ပုဆိုး ေကာင္းေကာင္းလက္ေဆာင္ေပးနိုင္ပါေစဗ်ား။ ကဲ. . .ခ်ီးယားစ္}].ခ်ီးယားစ္}အသံမ်ားနွင့္ ဖန္ခြက္ခ်င္း ထိတိုက္သံက တိတ္ဆိတ္ေသာ ကလပ္ထဲတြင္ ဆူညံသြားျပန္သည္။ ဘိလိယက္ထိုးသူေတြလည္း မရွိေတာ့။ ျမက္ခင္း၌ ဝိုင္းဖြဲ့ေနေသာ အရက္သမားေတြလည္းမရွိေတာ့။ ကြ်န္ေတာ္တို့အဖြဲနွင့္ ကိုစိန္ေဌးမိသားစုသာရွိေတာ့သည္။]ေဒၚလာစားျကီးကို ေစတနာနဲ့ေတာ့ ေျပာရဦးမယ္ေနာ္။ ေဒၚလာေတြ ထုတ္ျပန္လာရင္ ကက္ဆက္ေတာ့ ဝယ္မလာ နဲ့သိလား။ အဲဒါအိမ္တြင္းသူခိုး။ လုပ္စားလို့ရတဲ့ပစၥည္းမ်ိုးဝယ္လာခဲ့. . . }ျကည္ဆန္းက ကြ်န္ေတာ့္ကို ခပ္တိုးတိုးေျပာသည္။ ဟုတ္ေတာ့လည္းဟုတ္သည္။ အိုင္ဗင္ဟိုးကျပန္လာသည့္ ေဒၚလာစား အိမ္တိုင္းလိုလို ကက္ဆက္သံေတြ ဆူညံေနသည္။ တစ္ေယာက္က ဟီတာခ်ီဝယ္လွ်င္၊ ေနာက္တစ္ယာက္က ဆိုနီ။ ေဘာ္တြင္းနမ့္ပန္ ယြန္းေခ်ာင္းေဘး အလုပ္သမားလိုင္းမ်ားမွ ေဆာင္းေဘာက္အျကီးျကီးနွင့္ ကက္ဆက္ဖြင့္သံျကားရလွ်င္ သြားမေမးနွင့္။ ေဒၚလာစား အိမ္ေတြ။ မိန္းမေတြလည္ပင္းမွာ ဆြဲျကိုးနွင့္ နားကပ္နွင့္။ ကေလးေတြနားမွာလည္း နားကပ္ေတြနွင့္။ ၁၀ ေပခန္းခ်င္း ကပ္ေန ေသာ္လည္းေဒၚလာစားအိမ္က ကက္ဆက္နွင့္၊ ေရခဲေသတၱာနွင့္၊ ေရွြနွင့္ေငြနွင့္၊ အေရာင္ေတြတလက္လက္ ေတာက္ပေနျပီး၊ ဝက္သား တစ္လွည့္၊ ျကည္သားတစ္လွည့္၊ နတ္စည္းစိမ္ခံစားေနခ်ိန္တြင္ ကပ္လ်က္အခန္းကေတာ့ မုန္ညင္းရိုးေတာင္ မွန္မွန္ မကိုက္နိုင္။အိုင္ဗင္ဟိုးအျပန္ေတြထဲမွာ ဦးတင္ေမာင္တို့သားအဖနွင့္ ကိုေအးေက်ာ္တို့အိမ္ဆိုလွ်င္ ေဈးဆိုင္ေလးေတြ ျဖစ္သြားျပီ။ ကိုခင္ေမာင္ဝင္းအိမ္လည္း စာအုပ္ဆိုင္ေလးျဖစ္သြားျပီ။ ကိုေအာင္ထြန္းကေရခဲေသတၱာ၊ ကိုေပါက္ျကီးက ဆန္ဖြပ္စက္။ ပိုက္ဆံေလးရွိ တုန္း အေသးစားလုပ္ငန္းေလးေတြ ေထာင္ျဖစ္လိုက္ျကသည္။ကြ်န္ေတာ္လည္း ယဉ္ေမ့အတြက္ ဆြဲျကိုးေလးတစ္ကံုးနွင့္ ေဟာင္းေလာင္းျဖစ္ေနတာျကာျပီျဖစ္ေသာ နားေပါက္အတြက္ နားကပ္ေလးတစ္စံုေတာ့ ဝယ္ေပးရမည္။ ျပီးေတာ့ . . .  ေလးတန္းေရာက္ေနသည့္ သားေလး ေမာင္ရဲေသြးအတြက္ စာအုပ္ ထည့္ဖို့ ေက်ာပိုးအိတ္လွလွေလးဝယ္ေပးရမည္။ ျပီးေတာ့. . .]ျကည္ဆန္းေျပာတာ ငါလက္ခံတယ္။ ေဒၚလာထုတ္လာရင္ေတာ့ အပ္ခ်ုပ္စက္နဲ့ ကင္းေျခလိုက္တဲ့စက္ ဝယ္ခဲ့မယ္ကြာ။ ယဉ္ေမကလဲ စက္ခ်ုပ္တာဝါသနာပါတယ္။ နည္းနည္းပါးပါးလဲ ခ်ုပ္တတ္တယ္။ သူေဆးရံုကအလုပ္ဆင္းျပီး ျပန္လာတဲ့အခ်ိန္မွာ ခ်ုပ္လို့ ရတာပဲ။ ေဟ့ေကာင္ေတြ. . .  အဲဒီအခါက်ရင္မင္းတို့ အကၤ࿿်ီ ပုဆိုးခ်ုပ္ရင္ ငါ့မိန္းမဆီလာအပ္ေနာ္}]စိတ္ခ်စမ္းပါ ေဒၚလာစားျကီးရယ္။ အထက္ကုန္းရန္နိုင္ေကြ့က ေဒၚလာစားျပန္ ကိုတင္ဆန္းလို အလႉေလးဘာေလး မလုပ္ေတာ့ဘူးလား။ ကိုတင္ဆန္းကို ငါလံုးဝမေက်နပ္ဘူး။ ငါနဲ့ဒီေလာက္ခင္တာ။ တြင္းျဖူစီေပါင္းကန္သားခ်င္း။အဲဒါသူ့အလႉ ငါ့ မဖိတ္ဘူးကြာ။ ေအးေလ. . . ခင္ျငိမ္းဆိုတဲ့ေကာင္က ေျမတိုင္းမွာ ေဘာ္အိတ္ထမ္းရတဲ့ေကာင္ဆိုေတာ့. . . ေအ့}သီရိမဂၤႅာေက်ာင္းမွာ၊ ေအးေစတၤ࿿ီေက်ာင္းမွာ၊ ေအာင္သိနၶိေက်ာင္းမွာ၊ အသံခ်ဲ့စက္တညံညံနွင့္ အလႉလုပ္ေနလွ်င္ဘယ္သူ့ အလႉလဲလို့ မေမးနွင့္။ ေဒၚလာစား ျပန္လာသည့္အလႉေတြ။ သားေတြသမီးေတြကို သကၤၷ္းစည္းျက။ နားထြင္းျကနွင့္။ ကိုတင္ဆန္း ဆိုလွ်င္ သီရိမဂၤႅာေက်ာင္း၌ ဝက္သားနွင့္ ထမင္းေကြ်းျပီးလႉသည္။ ကိုတင္ေမာင္က ေအာင္သိနၶိေက်ာင္း၌ ငါးေျခာက္နွပ္ျဖင့္ လႉ သည္။ ျပီးေတာ့. . ကိုေအာင္လွ၊ ကိုခင္ေမာင္ဝင္း၊ ကိုေအာင္ထြန္း။ တခ်ို့ဘုန္းျကိးေက်ာင္းမွာ၊ တခ်ို့အိမ္မွာ... အို.  .အလႉေတြ တန္းစီျပီး လႉလိုက္ျကတာ။ သဒၶါေပါက္ခ်င္စရာေကာင္းေသးေတာ့။ မိမိလည္း ေဒၚလာထုတ္ျပန္လာလွ်င္ အလႉလုပ္ရမည္။ သား ေလး ေမာင္ရဲေသြးကို သကၤၷ္းစည္းေပးလိုက္မည္။ မိမိလည္းဒုလႅဘဝတ္လိုက္မည္။ ရေတာင့္ရခဲ ေဒၚလာစား၊ ရေတာင့္ရခဲ ဒုလႅဘ မဟုတ္လား။]အင္း . . အလႉလဲ လုပ္ခ်င္စိတ္ေတာ့ရွိတယ္ဗ်ာ။ ေဒၚလာေတြထုတ္ျပီး ျပန္လာလို့ အလႉလုပ္ေတာ့မယ္ဆိုရင္ ခင္ဗ်ား တို့သံုးေယာက္နဲ့ အရင္တိုင္ပင္မယ္ဗ်ာ။ ခင္ဗ်ားတို့လက္ပဲအပ္မယ္ဗ်ာ။ ကဲ. . . ေက်နပ္လား ကိုခင္ျငိမ္း}ကြ်န္ေတာ္လည္း လက္က်န္အရက္ကို ေမာ့ထည့္လိုက္ျပီး ပဲျပားေျကာ္ေကာက္ဝါးလိုက္သည္။]ေက်နပ္ပါသဗ်ား။ ေဒၚလာစားျကီးရယ္။ ဗဲရီးဂြတ္}လွ်ာခင္ေလးတြဲ့တြဲ့ျဖင့္ ကိုခင္ျငိမ္းေျပာေနစဉ္ ]ေဘာ္. . . ေဘာ္. .  ေဘာ္. . .ေဘာ္}ဆိုသည့္ ဒီစီတီဝန္းထဲမွ ၉ နာရၤ࿿ီခြဲ အခ်က္ေပးသည့္ ဥျသသံက မိုင္းထဲဆင္းမည့္ လုပ္သားမ်ားအား တပ္လွန့္ နွိုးေဆာ္လိုက္သည္။]ကဲ. .  ကိုးနာရီခြဲသြားျပီ။ လူစုခြဲျကရေအာင္။ ဖိုးေက်ာ္ကလည္းမနက္ ခရီးထြက္ရမွာ။ ျပိးေတာ့... သူ့မိန္းမနဲ့ အလြမ္း သယ္ဦးမွာ။ တို့က အလိုက္ကန္းဆိုးေနလို့ မျဖစ္ဘူး။ သြားဖို့လာဖို့ေတာင္ ျပင္ဆင္ျပီးရဲ့လား မသိဘူး. . . }ေဆးလိပ္ဖြာလိုက္၊ အရက္ငံုလိုက္လုပ္ေနေသာ စာကေလးက ေျပာလိုက္သည္။ တကယ္ေတာ့ သြားဖို့လာဖို့အားလံုး ကြ်န္ေတာ္နွင့္ ယဉ္ေမတို့ မေန့ကပဲ ျပင္ဆင္ထားျပီးျပီ။ မဟိုးေခ်ာင္းကေအးလြန္းသျဖင့္ အေအးဒဏ္ခံနိုင္ေအာင္ ဆြယ္တာအကၤ࿿်ီ၊ ဂ်ာကင္အကၤ࿿်ီ၊ ျခင္ေထာင္၊ ဘာဘူေစာင္နွစ္ထည္၊ တရုတ္ကင္းဘတ္ဖိနပ္နွစ္ရံ၊ ငွက္ဖ်ားေပ်ာက္ေဆး၊ အားေဆးနွင့္ အဖ်ားအနာ ေပ်ာက္ေဆးမ်ားကို ဆူပါမီနီမတ္ကက္ နီးနီး ပစၥည္းစံုလွေသာ ေအာင္သေျပကုန္းရွိ ေဒၚေရွြဥဆိုင္မွ ယဉ္ေမ သြားယူခဲ့ျခင္း ျဖစ္ သည္။ ေဒၚေရွြဥဆီမွ ျပန္လာလာခ်င္း. . .]အံ့ျသစရာပဲ ကိုေရ. . သိလား။ ေဒၚေရွြဥျကီးက အရင္ျအြေကးလဲျဖည္းျဖည္းမွ ေပးေပါ့ေအတဲ့။ အခုလိုတဲ့ပစၥည္းယူသြား၊ ေတာထဲေတာင္ထဲ သြားရမွာဆိုေတာ့ က်န္းမာေရးက အေရးျကီးတယ္တဲ့။ ဖိုးေက်ာ္ခရီးထြက္ေနတုန္း အခက္အခဲျဖစ္ရင္ ငါ့ဆီလာယူ လွည့္ေနာ္ယဉ္ေမ၊ ဘာမွ အားမနာနဲ့တဲ့။ တစ္ရပ္ကြက္ထဲသားခ်င္းေတြပဲဟာတဲ့။ ခ်ိုလိုက္တဲ့စကားေတြ၊ အရင္တုန္းက ေဒၚေရွြဥေကာ ဟုတ္မွ ဟုတ္ရဲ့လားလို့ သံသယေတာင္ျဖစ္ေသးတယ္}ယဉ္ေမ့စကားျပန္ျကားေယာင္ရင္းျပံုးေတာင္ျပံုးမိေသး။]ယဉ္ေမနဲ့ အလြမ္းသယ္ရဦးမယ္ေျပာလိုက္တာနဲ့ ေဒၚလာစားျကီးကေတာ့ ျပံုးျပံုးျကီးလုပ္ေနျပန္ျပီ။ မနက္အတြက္ အဆင္ သင့္ျဖစ္ခဲ့ျပီလား။ ကဲ. . .  ျပန္ျကရေအာင္။ ဂြတ္နိုက္. . . . ဂြတ္နိုက္}]အားလံုးအဆင္သင့္ လုပ္ျပီးပါျပီ။ မဟိုးေခ်ာင္းယူရမဲ့ရံုးကပစၥည္းေတြလဲ ဘူတာရံုနားက ကိုမိုးထြန္းအခန္းကို ပို့ျပီးပါျပီ။ ေနဦးကြ. . . ျပန္လို့ မျဖစ္ေသးဘူး}]ဘာျဖစ္လို့တုန္း ေဒၚလာစားျကီးရဲ့။ မနက္လည္း ခရီးထြက္ရဦးမွာမို့လား။ တို့ကအေရးမျကီးဘူးေနာ္။ ေနျမင့္မွ မိုင္းထဲ ဆင္းလဲရတယ္။ ဘာလဲ. . . အရက္မဝေသးလို့လား}]မဟုတ္ပါဘူး စာကေလးရာ။ ေဟာဒီပုလင္းထဲမွာကို တဝက္ရွိေသးတယ္။ မင္းတို့ခ်ခ်င္ရင္ခ်လိုက္ဦး။ မျပန္ေသးဘူးဆိုတာ တျခားမဟုတ္ဘူး။ ကိုခ်နၵရာလာေအာင္ ေစာင့္ရဦးမွာ။ သူကနမၼတူ အစည္းအေဝးကို လိုက္သြားတာ။ ဒီေန့ အေထြေထြမန္ေနဂ်ာ၊ မိုင္းခ်ုပ္၊ ဘူမိေဗဒအရာရွိျကီး ဦးေက်ာ္ေဆြနဲ့ ဦးတင့္လြင္တို့ အစည္းအေဝးလုပ္တယ္။ မနက္ျဖန္သြားမယ့္ကိစၥ၊ မနက္ ေဘာ္တြင္း ကေန ဘယ္အခ်ိန္ထြက္မလဲဆိုတာ ဒီအစည္းအေဝးျပီးမွသိရမွာ။ သူ့ကို ဒီကလပ္ဝင္ခဲ့ဖို့ ငါကမွာထားလို့။ အင္း. . . ခုခ်ိန္ထိ မလာေသးဘး။ သူလာမွ သိရမွာ. . }]ကဲ. . ဒါဆိုရင္လည္း က်န္တဲ့အရက္ဆက္ေသာက္ရင္း ေစာင့္ျကတာေပါ့။ ကဲ. . . ခင္ျငိမ္း၊ စာကေလးေရာ့ကြာ။ ေဟာ. . .ေဟာ . . ေထာ္လီဝင္လာသံျကာတယ္}ျကည္ဆန္းေျပာေနစဉ္ ထေရာ္လာဂ်ီ အင္ဂ်င္စက္တပ္ထားေသာ ေထာ္လီဝင္လာသံ]] ထုတ္ထုတ္ထုတ္ထုတ္. . . } ဆို ေသာအသံက ဘူတာရံုထဲ ဆူညံသြားသည္။ မိုင္းခ်ုပ္တို့ျပန္လာျကျပီ။ ကိုခ်နၵရာလည္း ဒီေထာ္လီျဖင့္ ပါလာမည္ထင္သည္။ဘူတာရံုမွ စကားသံေတြ ျကားေနရသည္။ တျဖည္းျဖည္း ကလပ္အနီး၌ စကားသံေတြ ပိုက်ယ္လာသည္။ မိုင္းခ်ုပ္၊ ဆရာ ဦးေက်ာ္ေဆြနွင့္ ဦးတင့္လြင္တို့ အသံေတြျဖစ္သည္။ သူတို့ အိမ္လံုးေတြက ကလပ္အထက္ဘက္ ေတာင္ေစာင္းေပၚမွာရွိသည္။ မျကာမီ ကလပ္ေပၚသို့ ကိုခ်နၵရာ ေရာက္လာသည္။]ဖိုးေက်ာ္ရွိလား. . . ဖိုးေက်ာ္}ဘိလိယက္အခန္းထဲဝင္လာျပီးေအာ္ေခၚေနသည္။]ဒီမွာရွိတယ္ဗ်ို့. . . ခင္ဗ်ားကို ေစာင့္ေနတာဗ် . . . .}ကိုခင္ျငိမ္းက ျပန္ေျဖသည္။]ဟာ. . .ကိုခ်န္လာ၊ ေရာ့ တစ္ခြက္တဖလားခ်}ကြ်န္ေတာ္က ဒရိုင္းဂ်င္အရက္ခြက္ကို ထိုးေပးေတာ့ သူက လက္ကာျပသည္။]ဒါဆိုအျမည္းစားဗ်ာ}စာကေလးက ခရုဟင္းခ်ိုပန္းကန္ယူေပးေတာ့ တစ္ဇြန္းယူေသာက္လိုက္သည္။]မနက္က် ကြ်န္ေတာ္တို့ ဘယ္အခ်ိန္ထြက္ရမလဲ}]ေအး. . . အဲဒါေျပာမလို့ပဲကြ။ တို့အဖြဲ့ေတြ မနက္ဘူတာရံုကို ေလးနာရီခြဲအေရာက္လာရမယ္။ ကားရထားလဲ ရယ္ဒီ လုပ္ထားျပီးျပီ။ ငါးနာရီခြဲ နမၼတူေရာက္။ လိပ္ျပာေတာင္မွာ မစၥတာ ဟိုင္ဇင္ေလာင္းတို့နဲ့ဆံုျပီး သူတို့ကားနဲ့ မဟိုးေခ်ာင္း ကို ထြက္မွာ။ တို့ေဘာ္တြင္းဘူမိအဖြဲ့ေတြအားလံုး လိုက္ရမွာ။ ဒါေပမယ့္ မနက္ခရီးစဉ္မွာ မင္းမပါဘူး}]ဗ်ာ. . .ကိုခ်န္ကလည္း ေနာက္စရာမရွိ ျကံဖန္ေနာက္ေနျပန္ျပီ}]ငါမင္းကို ဘယ္တုန္းကေနာက္ဘူးလို့လဲ ဖိုးေက်ာ္။ ဒီေန့စည္းေဝးေနတုန္း ရံုးခ်ုပ္က ေျကးနန္းဝင္လာတယ္။ ကြန္ပ်ူတာ အိတ္စ္ပတ္ အယ္ဂါလင္တန္၊ ဘူမိေဗဒပညာရွင္ေဒးဗစ္ေပၚတာနဲ့ ဦးျကင္လင္းတို့ သဘက္ခါ ေဘာ္တြင္းေရာက္မယ္။ ေျမေပၚ ေျမေအာက္သတၱုတြင္းနဲ့ ပတ္သက္တဲ့ အခ်က္အလက္ေတြ ကြန္ပ်ူတာထဲထည့္ျပီး တန္ခ်ိန္ပမာဏနဲ့ ပါဝင္မႈအရည္အေသြးေတြ ကြန္ပ်ူတာနဲ့ တြက္ယူမွာတဲ့။ ျပိးေတာ့. . . ေျမေပၚဟင္းလင္ဖြင့္နဲ့ ေျမေအာက္မိုင္းထဲကို ဘူမိေဗဒဆိုင္ရာအခ်က္အလက္ေတြကို ေဒးဗစ္ေပၚတာနဲ့ ဦးျကင္လင္းတို့က ေလ့လာမွာတဲ့။ အဲဒီေတာ့ဘူမိဆိုင္ရာေျမပံုေတြ၊ နမူနာေကာက္တာေတြ လုပ္ဖို့ ဆရာ ဦးေက်ာ္ေဆြကနိုင္ငံျခားသားနဲ့အတူ လုပ္ေပးရမွာ။ ဦးေက်ာ္ေဆြအတြက္ ကြင္းဆင္းအကူတစ္ေယာက္ထားခဲ့ရမယ္လို့ လူျကီးေတြက ေဆြး ေနြးဆံုးျဖတ္ျကတာ။ ဒါေျကာင့္မင္းေနခဲ့ရမွာ။ မင္းကို ဘာျဖစ္လို့ထားခဲ့ရတာလဲဆိုေတာ့ မင္းကလုပ္သက္အနည္းဆံုးမို့လို့. . .}ကိုခ်န့္စကားဆံုးေတာ့ တစ္ကိုယ္လံုးထူပူသြားသည္။ ရင္ထဲမွာလည္း ေယာက္ယက္ခတ္သြားသည္။ ဟန္ေဆာင္ျပီး မသိ မသာ သက္ျပင္းခ်လိုက္ေသာ္လည္း ]ဟင္း]ဆိုေသာ သက္ျပင္းရွိုက္သံကား သိသိသာသာျကီးျမည္သြားသည္။ ေစာေစာက ဆူညံ ပြက္ေလာရိုက္ေနေသာ အဖြဲ့ေတာ္သားေတြလည္း ျငိမ္သက္သြားသည္။ ကြ်န္ေတာ္မ်က္စိမ်က္နွာပ်က္သြားတာ ကိုခ်နၵရာ ရိပ္မိသည္ ထင္သည္။]ဒါေပမယ့္၆ လျပည့္ရင္ေတာ့ ေမြးပ်ံ့နဲ့ျဖစ္ျဖစ္၊ ဆန္းညြန့္နဲ့ျဖစ္ျဖစ္၊ မင္းကိုလဲေပးဖို့ လူျကီးေတြက ေျပာပါတယ္}ကြ်န္ေတာ့္ေခါင္းထဲ၌ ရီေဝေဝ ရစ္တစ္တစ္ျဖစ္ေနသည္။ ကိုခ်န္ေျပာတဲ့စကားေတြလည္း မျကားတစ္ခ်က္၊ ျကားတစ္ခ်က္။ ရင္ထဲတြင္ မြန္းျကပ္လာသည္။ မ်က္လံုးက တစ္ေနရာထဲစူးစိုက္ျကည့္ေနစဉ္ အသက္ရႉသံလည္း ပိုျမန္လာသည္။]ကိုခ်န္ေျပာတာမွန္ပါတယ္။ ဒီတစ္ခါ မလိုက္ရလဲ ေနာက္တစ္ခါ လိုက္ရမွာေပါ့ ဖိုးေက်ာ္ရာ}ကိုခင္ျငိမ္းအားေပးစကားလည္း သိသလို မသိသလို။ ကြ်န္ေတာ္သည္ ပုလင္းထဲ၌ က်န္ေနေသာ ဒရိုင္းဂ်င္ကို ဖန္ခြက္ထဲ မထည့္ေတာ့ဘဲ တစ္ဘရိတ္ထဲ ေမာ့ထည့္လိုက္သည္။ လည္ေခ်ာင္းထဲ တရုတ္အပ္ အေခ်ာင္းတစ္ေသာင္းခန့္ ဝင္သြားသည့္ အတိုင္း ပင္။ ရင္ထဲမွာ ေခ်ာ္ရည္ပူေတြ ေလာင္းခ်ခံရသည့္ အတိုင္းပင္။ အသည္းနွလံုးကိုလည္း အက္ဆစ္ျဖင့္ အပက္ခံရသည့္ အတိုင္းပင္။ မ်က္လံုးေတြလည္း နဂါးေငြ့အမႈတ္ခံလိုက္ရသည့္အတိုင္းပင္။ အခိုးရိုက္ထားသည့္ မ်က္စိထဲဝယ္ ေဒၚေရွြဥမ်က္နွာ ဖ်တ္ကနဲ ေပၚ လာသည္။ ယခင္စားေကြ်းကတစ္ေထာင့္ငါးရာ။ ျခင္ေထာင္၊ ဆြယ္တာ၊ အေနြးထည္၊ ကင္းဘတ္ရႉးကနွစ္ေထာင္၊ စားေဆးေတြက တစ္ေထာင္၊ ယဉ္ေမတို့စားဖို့ေသာက္ဖို့ျကိုတင္ေငြက နွစ္ေထာင္၊ အခု.. .  . ကလပ္မွာစားတာေသာက္တာက တစ္ေထာင္ေက်ာ္။ စုစုေပါင္း ခုနွစ္ေထာင္ေက်ာ္။ရင္ထဲမွာ ေနအစင္း တစ္ရာမကသည့္ အပူလံုးျကီးက ငယ္ထိပ္ဆီသို့ တရိပ္ရိပ္တက္လာကာ. . .]ခ်လန္. . . ခြ်မ္.. . .ခြ်မ္. .  .ခြ်မ္}]ဟ. . . ဖိုးေက်ာ္.  .ဖိုးေက်ာ္ သတိထား။ ဆြဲပါဟ}မိုက္ကနဲျဖစ္သြားသျဖင့္ စားပြဲေပၚမွ အရက္ပုလင္းမ်ား၊ ဖန္ခြက္မ်ားနွင့္ အျမည္းပန္းကန္မ်ား ေခါင္းျဖင့္ တိုက္မိကာ ပုလင္းနွင့္ အျမည္းပန္းကန္ေတြလည္းက်ကြဲကုန္သည္။ စာကေလးနွင့္ ျကည္ဆန္းက ကြ်န္ေတာ့္ကို အတင္းဆြဲထူသည္။]ကဲကဲ. . .ခင္ျငိမ္းတို့၊ ဖိုးေက်ာ္ကို အိမ္တြဲပို့လိုက္ကြာ။ သူအရက္ေသာက္တာ မ်ားေနျပီနဲ့တူတယ္။ တအားမူးေနျပီ. . }ကြ်န္ေတာ့္လက္နွစ္ဘက္ကို ျကည္ဆန္းနွင့္ စာကေလးတို့က တစ္ဘက္စီ ဆြဲကာ သူတို့ပခံုးေပၚ တြဲထမ္းလိုက္သည္။ ကိုခင္ျငိမ္းကေလ်ာ့လ်ဲလ်ဲျဖစ္ေနေသာ ကြ်န္ေတာ့္ပုဆိုးကို ကတုန္ကယင္လက္မ်ားျဖင့္ ျပန္ဝတ္ေပးေနသည္။ကိုခ်န္ေရ. . .  က်ုပ္အရက္ေျကာင့္ မူးတာ မႈတ္ဘူး။ အရက္ေျကာင့္ မူးတာ မႈတ္ဘူး. . . ။

မူးတဲ့ည
ဆင်တဲဝမြတ်မင်း
(Unicode Font)
(၂၀ဝ၁ခုနှစ်၊ မေလ နဝဒေးရသစုံစာပေမဂ္ဂဇင်း အမှတ် ၁၇)




]ဒေါ်လာသွားစားတော့မယ့် ဖိုးကျော်က နှုတ်ဆက်ဂုဏ်ပြုပွဲကျင်းပပြီးဆပ်ပလိုင်း လုပ်တဲ့အတွက် ဖိုးကျော်ကြီး နောက်တစ် ကျော့လဲ ဒေါ်လာစားပါပါစေဗျား၊ ချီးယားစ်. . . .  ချီးယားစ်}
ကြည်ဆန်းစကားသံဆုံးဆုံးချင်း၊ ဖန်ခွက်လေးလုံး တိုက်သံနှင့် အော်ဟစ်သံများက ကလပ်ထဲ ဆူညံသွားသည်။ ဘိလိယက်ထိုးနေသည့် ဦးခင်ဆောင်နှင့် ကျော်မင်းဦး၊ ကလပ်ဘေး မြက်ခင်းပြင်၌ အရက်ဝိုင်းဖွဲ့နေသူများကတောင် လှမ်းကြည့် လိုက်သေး။ စောစောက တင်းနစ်ရိုက်နေသည့် ဦးအေးဟန်နှင့် ကိုချစ်တို့အဖွဲ့၊ ဘိုးလ်လိန်းလှိမ့်နေသော ဦးတင်အေးနှင့်အဖွဲ့၊ ပင် ပေါင်ရိုက်နေသော ချာတိတ်ကလေးတွေအဖွဲ့မရှိကြတော့လို့ ရှိလျှင်ဘာတွေများဖြစ်နေကြတာလဲဆိုပြီး ဆူညံနေသော အရက်ဝိုင်းဆီသို့ အပြေးအလွှားလာကြည့်ကြဦးမည်လားမသိ။
]ချီးယားစ်}လုပ်သည့်အကြိမ်က ဒါပထမဆုံးအကြိမ်မဟုတ်။ ညနေရုံးပြန်ကတည်းကလုပ်တာ ခု ရှစ်နာရီတောင်ကျော်ပြီဆို တော့ ဘယ်နှစ်ကြိမ်မှန်းမသိတော့။ မန်စံကထွက်သည့်ငြိမ်းချမ်းရေးအရက်နှစ်လုံးနှင့် အာမီရမ်တစ်လုံးကုန်သွားပြီ။ ကလပ်ဘားဘွိုင် ကိုစိန်ဌေးလက်ရာ ဆူးပုတ်ကြီးနှင့် ဆန်လှော်တို့ဖြင့် ရောကျိုထားသော ခရုဟင်းချိုကပင် ငါးပွဲ၊ အမဲအူပြုတ်ကသုံးပွဲ၊ ပဲပြားကြော်က ဆယ့်တစ်ထုပ်၊ မုန်ညင်းချဉ်က နှစ်ပန်းကန်. . . ပြောင်သလင်းခါနေပြီ။ စားပွဲပေါ်မှာ လန်ဒန် ၂ ဘူးနှင့် ဂက်စ်မီးခြစ်အစိမ်းပဲ ကျန်တော့သည်။
]ဟေ့. . .  ဘားဘွိုင်လေး ကိုစိန်ဌေး၊ နောက်ထပ်ခရုဟင်းချိုတစ်ပွဲ၊ ဘယ်နှစ်ယောက်. . .  . နက်ဖန်ဒေါ်လာစားသွား မှာ ဘယ်နှစ်ယောက်လဲ . . . ဖိုးကျော် အေ့}
အရက်ကလေး တစ်ပက်လောက်ဝင်လျှင် စကားအခွန်းတစ်ရာလောက်ပြောသည့် ကိုခင်ငြိမ်းမှာ ယခု. . .  လေးယောက် သုံးလုံးပင်ကုန်သွားပြီဆိုတော့ မြင်းအီးပေါက်တာက အရှုံးပေးရလောက်သည်။ စကားလုံးတွေက ထပ်နေပြီ။ ဒေါ်လာစား ဘယ်နှစ် ယောက်သွားမှာလဲဆိုသည့် မေးခွန်းကို စောစောကပင် မေးပြီးပြီ။
မနက်ဖြန်မနက် ကျွန်တော်တို့အဖွဲ့ သွားရမည်ဆိုတာလည်း သူသိသည်။ ဘူမိဗေဒအရာရှိကြီး ဦးကျော်ဆွေကလွဲလျှင် အဖွဲ့ခေါင်းဆောင် ဘူမိဗေဒအရာရှိ ဦးတင့်လွင်၊ လက်ထောက် ဘူမိ-၅ဦးဖြစ်သည့် ကိုခင်မောင်ဦး၊ ကိုမိုးထွန်း၊ ကိုချန္ဒရာ၊ ကိုစောထင်လင်း၊ကိုတင်သန်း၊ ပုံဆွဲဦးပြုံး၊ ကွင်းဆင်းအကူများဖြစ်သည့် ကိုဆန်းညွန့်၊ မွှေးပျံ့၊ ကျွန်တော်(ဘော်တွင်းရှိ ဘူမိဗေဒဌာန မှဝန်ထမ်းများ) စုစုပေါင်း ကိုးယောက်ဆိုတာလည်းသူသိသည်။ မန္တလေးမိုင်းနင်းကုမ္ပဏီမှ နိုင်ငံခြားသားများနှင့် မဟိုးချောင်းဧရိယာ သို့ သတ္တုသိုက်ပမာဏ မည်မျှရှိသည်ကို လေ့လာစမ်းသပ်ဖို့ သွားမယ်ဆိုတာကိုလည်း သူသိသည်။
]နက်ဖန်သွားဖို့တော့ သေချာပြီပေါ့}
လန်ဒန်စီးကရက်ခဲရင်း လက်ထဲမှာ အရက်ခွက် ကိုင်ထားသော စာကလေးကမေးနေသည်။ နာမည်ရင်းက ထိန်လင်းဖြစ် သော်လည်း လူကပုပုညက်ညက် မည်းမည်းလေးမို့ သူ့ကို တစ်ရုံးလုံးက ]စာကလေး}ဟုခေါ်ကြသည်။
]သေချာတာပေါ့။ မနေ့ကပဲ မိုင်းချုပ်ရုံးကနေ ရန်ကုန်ရုံးချုပ်ကို ကြေးနန်းရိုက်လိုက်ပြီ}
ကျွန်တော်လည်း ဖန်ခွက်လက်ကျန်မော့လိုက်ပြီး ပြန်ပြောလိုက်သည်။ အစောကတည်းက သတင်းတွေ ထွက်နေတော့ သတင်းအမှန်ဆုံးရနိုင်မည့်သူများထံ ချဉ်းကပ်ရသည်။ ဘော်တွင်းကို နိုင်ငံခြားသားတွေ လာတော့မတဲ့။ မြေအောက်မိုင်းနဲ့ မြေပေါ်ဟင်းလင်းဖွင့် မိုင်းတွေကို လေ့လာတော့မယ်တဲ့။ သံခမောက်တောင်ရှိ မဟိုးချောင်းဒေသကို ဘူမိဗေဒအဖွဲ့သွားရမယ်တဲ့...။ ကြားရတဲ့သတင်းတွေထဲမှာ ဘူမိအဖွဲ့ပါမည့်အကြောင်း ကြားရတော့ ရင်တောင်ခုန်သွားသည်။ အဲသည့်အထဲမှာ မိမိပါနိုင်ပါ့မလား။ ဘယ်သူတွေပါမှာပါလိမ့်။ ကျွန်တော်တို့ အရမ်းသိချင်သည်။
နောက်ဆုံး၌ ဒီသတင်းတွေသိရဖို့ မိုင်းချုပ်ရုံးမှ စာရေးတွေဆီ ချဉ်းကပ်ရသည်။ သူတို့ကလည်း တဲ့တိုးကြီးတော့မပြော။ အရိပ်အြွမက်မျှသာ။ သို့သော်သူတို့လှုပ်ရှားတာကြည့်ရုံနှင့် အကဲခတ်၍ ရသည်။ နိုင်ငံခြားသားများ တည်းခိုမည့် ဗွီအိုင်ပီဧည့်ရိပ်သာ သို့ သန့်ရှင်းရေး အမျိုးသမီးများ အထက်အဆင်းလုပ်နေလျှင်၊ နှစ်ထပ်ရိပ်သာက ထမင်းချက်သည့် စီကျန်းတို့လင်မယား ဒန်အိုး ဒန်ခွက် ပလိုင်းတောင်းကြီးဖြင့် အလုပ်များနေလျှင်၊ မိုင်းချုပ်ရုံးမှ စာရေးကိုကျော်သင်းနှင့် ကျော်တင့်တို့နှစ်ယောက် ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေ၊ ဘီယာဘူးတွေဧည့်ရိပ်သာသို့ သယ်သွားတာမြင်ရလျှင်၊ မန္တလေးမိုင်းနင်းကုမ္ပဏီက နိုင်ငံခြားသားတွေ မကြာမီ လာတော့မည်ဆိုတာကို ခန့်မှန်းနိုင်ပေသည်။
ယခုလည်း မနက်ဖြန် မဟိုးချောင်းဒေသသို့ ကျွန်တော်တို့အဖွဲ့ သွားရမည့် ကြေးနန်းမိတ္တူကို မိုင်းချုပ်ရုံးမှ ရုံးအကူမလေး ခင်ပို လာပို့၍ ဘူရှိကြီးထံ ကျွန်တော်ကိုယ်တိုင်ပို့ပေးရခြင်းကြောင့် တိတိကျကျသိလိုက်ရခြင်းဖြစ်ပေသည်။ ကြေးနန်းထဲ၌ ဆရာ ဦးတင့်လွင်က ဒေါ်လာငါးရာ့ငါးဆယ်၊ ကိုခင်မောင်ဦးနှင့် ကိုမိုးထွန်းက ဒေါ်လာ လေးရာ့ငါးဆယ်၊ ကိုချန္ဒရာနှင့် ကိုစောလင်းထင် က ဒေါ်လာ သုံးရာ့ငါးဆယ်၊ ကိုတင်သန်းနှင့် ဦးပြုံးက ဒေါ်လာ နှစ်ရာ့ငါးဆယ်၊ ကိုဆန်းညွန့်၊ မွှေးပျံ့နှင့် ကျွန်တော်တို့က ဒေါ်လာ တစ်ရာ့ငါးဆယ်။ ကျွန်တော်တို့ကအနည်းဆုံး။ သို့သော်. . . . .  လက်ရှိပေါက်ဈေးနှင့် တွက်ကြည့်လိုက်လျှင်. . .. .။ အလားလား။ နည်းတဲ့ငွေတွေမှတ်လို့။တွေးမိရင်း. . .  ရင်ထဲမှာ နွေးကနဲ...နွေးကနဲ။
မနေ့ကတော့ ဆရာဦးတင့်လွင်ရုံးထဲ၌ ပြောပြသဖြင့် ပိုပြီး ပြည့်ပြည့်စုံစုံသိရသည်။ မန္တလေးမိုင်းနင်းကုမ္ပဏီအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် မစ္စတာဟိုင်ဇင်လောင်း၊ သူ့လက်ထောက်မစ္စတာ ပီတာဆလိုက်နှင့် စခန်းတာဝန်ထံ ဦးထွန်းဆန်းတို့ ပါဝင်မည်ဖြစ် ကြောင်း၊ နမ္မတူမှ ကားဒရိုင်ဘာ ကိုစိုးသန်းနှင့် ထမင်းချက် ကိုကျင်လင်းတို့လည်း ပါလာမည်ဖြစ်ကြောင်း၊ မနက်ဖြန်မနက် ဘော် တွင်းဘူမိအဖွဲ့နှင့် နမ္မတူလိပ်ပြာတောင် ဧည့်ရိပ်သာမှာ ဆုံပြီးမှ မဟိုးချောင်းဖက်ကားဖြင့် ထွက်ကြမည်ဖြစ်ကြောင်း၊ မဟိုးချောင်း၌ လုံံခြုံရေးကိစ္စ၊ အကျိုးတူ ဖက်စပ်ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာဘက်မှ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကိစ္စ အဝ၀အတွက် နမ္မတူအထွေထွေမန်နေဂျားရုံးတွင် စည်းဝေးဦးမည်ဖြစ်ကြောင်း။
]ဟေ့ မောင်မောင်စိန်ဌေး၊ နောက်ထပ်ဒရိုင်းဂျင်တစ်လုံးနဲ့ အမဲအူပြုတ်တစ်ပွဲပေးဦးကွာ။ ဘယ်နှယ့်လဲဖိုးကျော်။ ငါမှာလိုက် ပြီနော်...}
ကိုခင်ငြိမ်းကမေးငေါ့၍ကျွန်တော့်ကို ပြောနေသည်။
]ချစမ်းပါဗျာ။ ဒီည ခင်ဗျားတို့အဝသောက်။ အဝစား။ တိုက်ဖို့ကျွေးဖို့ ခေါ်ထားတာပဲဗျာ။ စာကလေးချ။ ကြည်ဆန်း ဘာငိုင်နေတာလဲ၊ ရှင်းလိုက်စမ်းပါ လက်ကျန်. . . . }
ကျွန်တော့်စကားဆုံးတော့ ]ချီးယားစ်}လုပ်ကြပြန်သည်။ ကိုစိန်ဌေးကလည်း မှာသမျှ လာချပေးသည်။
]ဖိုးကျော်. . . . မင်းသိပ်ကံကောင်းတယ်။ မိုင်းထဲမှာ လိုက်ပြီး ဘော်နမူနာအိတ်ထမ်းရတာချင်းအတူတူ မင်းကဒေါ်လာ စားပါတယ်။ ငါ့လုပ်သက်၁၅ နှစ်ကျော်ပြီ။ မင်းလုပ်သက် ၁၀ နှစ်လောက်ပဲရှိသေးတယ်။ ဒီလိုမှန်းသိရင်. . .  .ငါတို့လဲ မြေတိုင်း ဌာနမှာ မလုပ်ဘဲ ဘူမိဗေဒဌာနဝင်ပါတယ်ကွာ. . . }
အမဲအူဟင်းဖတ်မြုံ့ရင်း စာကလေးကပြောနေတော့. . . ဖန်ခွက်ထဲ ဖြည်းဖြည်းချင်း အရက်ငှဲ့နေသော ကြည်ဆန်းကဝင် ပြောလိုက်သည်။
]မင်းက ခုမှမနာလိုဝန်တို ဖြစ်မနေနဲ့။ ပြီးခဲ့တဲ့လတုန်းက မငိးတို့မြေတိုင်းအဖွဲ့တွေ မိုးကုတ်နဲ့ဖားကန့် ကျောက်စိမ်းတွင်း တွေဆီ မြေတိုင်းလိုက်သွားတုန်းက လောပန်းတွေဆီက မြိုးမြိုးမြက်မြက်ရခဲ့တာလဲ ထည့်ပြောဦးမှပေါ့. . . }
]စာကလေးရာ အခုမှ ဖက်စပ်က အစပဲရှိသေးတာပါ။ ပဏာမရှာဖွေလေ့လာရေးကာလမှာတော့ ဘော်တွင်းတစ်တွင်းလုံး တော့ ဘယ်ပါနိုင်ပါ့မလဲ။ သူ့ဖီးလ်နဲ့ဆိုင်တဲ့သူတွေပဲပါဦးမှာပေါ့။ အဲ. . . အကျိုးတူဖက်စပ်ထုတ်လုပ်ရေးဖြစ်သွားပြီဆိုတဲ့အခါ ကျ တော့ မင်းတင်မကဘူး တစ်ဘော်တွင်းလုံးက အလုပ်သမားတွေအားလုံး ဒေါ်လာစားရမှာ သိလား.. . . }
ကျွန်တော်လည်းပြောပြီး ဒရိုင်းဂျင်တစ်ခွက်မော့လိုက်သည်။ မျက်လုံးတွေနီရဲနေပြီဖြစ်သော ကိုခင်ငြိမ်းကတော့ ခရုစုပ်လိုက်၊ အရက်မော့လိုက်၊အမဲအူပြုတ်မြုံ့လိုက်လုပ်နေရာမှ. . . .  .
]ဘာပဲဆိုဆို . . . ခုချိန်ဒေါ်လာစားပါတဲ့လူကတော့ ပွတာဲ။ ဝေးဝေးမကြည့်နဲ့ကွာ။ ကြေးနီမိုင်းအိုင်ဗင်ဟိုးကို ပါသွားတဲ့လူ တွေကြည့်ပါလား။ နေ့ချင်း ညချင်း. . . .}
ကိုခင်ငြိမ်းပြောတာမှန်သည်။ အမှတ်(၁)သတ္တုတွင်းလက်အောက်ရှိ မုံရွာကြေးနီမိုင်း၌ အကျိုးတူစီးပွားဖြစ်ထုတ်လုပ်နိုင်ရန် လေ့လာစမ်းသပ်နေသည့် အိုင်ဗင်ဟိုးကုမ္ပဏီသို့ ဘော်တွင်းမိုင်းမှအလုပ်သမားများ (၆)လတစ်ကြိမ်လူလဲ၍ လွှတ်ပေးရသည်။ စိန်လွန် တွင်းများတွင် ပိုက်ဆင် ပိုက်တပ်သည့် အလုပ်များလုပ်ရသည်။ စက်မှုဌာန၊ လျှပ်စစ်ဌာနနှင့် မြေပေါ်ဟင်းလင်းပွင့်ဌာနမှ လူများ အလှည့်ကျသွားရသည်။ တစ်သုတ်လျှင် ၅ယောက်လွှတ်ပြီး ၆ လပြည့်လျှင် လူလဲသည်။ တစ်လကို ဒေါ်လာ င်္င်္င်္င်္င်္.န.ဃ တစ်ရာ့ငါး ဆယ်ရသည်။
]တကယ်ပြောတာဖိုးကျော်။ မင်းဒေါ်လာစားပါတာ ထီပေါက်တာပဲ။ ထီပေါက်တာနဲ့အတူတူပဲ။သိလား. . . }
လန်ဒန်စီးကရက်ကို ဂက်စ်မီးခြစ်နဲ့မီးညှိနေရင်းစာကလေးက ပြောလိုက်သည်။ ဂက်စ်မီးရောင်ဖြင့် မှေးစင်းနေသော မျက် လုံးများကို မြင်လိုက်ရသည်။ ကျွန်တော်က ပဲခြမ်းကြော်ထုတ်အသစ်ကိုဖောက်ပြီး ပါးစပ်ထဲသို့ တစ်စေ့ချင်းထည့်ကာဝါးနေမိသည်။
]ထီပေါက်တယ်လို့တော့မပြောနဲ့အုံးကွ။ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားတဲ့ ဒေါ်လာစားတွေအကြောင်း မသိသေးလို့..}
အရက်ခိုးတွေဝေနေသည့် ကြည်ဆန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်တော့. . . . မျက်ထောက်နီနေသော ကိုခင်ငြိမ်းက. . . 
]လုပ်စမ်းပါဦး ပန်းကန်ပြားကြီးရဲ့။ အို ဟုတ်ပေါင်. . .  ပုဂံသားကြီးရဲ့။ထီလက်မှတ်က ဘယ်သူပျောက်လို့လဲ}
]အိုင်ဗင်ဟိုးကို ပထမဆုံးစခေါ်တုန်းက သတ်မှတ်ချက်တွေပါတယ်ကွ။ နံပတ်တစ် (ီမငူ) စိန်လွန်တူးသင်တန်းဆင်းဖြစ်ရ မယ်။ နံပါတ်နှစ် ွှ.ံ.ှ  (စက်မှုလက်မှုကျောင်း)ဆင်းဖြစ်ရမယ်။ နံပါတ်သုံး ဥ.ဲ.ွှ (လုပ်ခွင်သင်တန်း)ဆင်းဖြစ်ရမယ်။ နောက်ဆုံး ပိတ်မှ လုပ်သက်များတဲ့လူ၊ လုပ်ငန်းကျွမ်းကျင်တဲ့လူ. . . ဘာညာဖြစ်ရမယ်ပေါ့ကွာ. . . }
]စကားချီးကလဲ ရှည်ပါ့ကွာ. . . .}
ကိုခင်ငြိမ်းက စိတ်မရှည်သံနှင့် ဝင်ပြောသည်။
]ပထမဆုံး အိုင်ဗင်ဟိုးလွှတ်ဖိုးရွေးလိုက်တဲ့ငါးယောက်စလုံးစိန်လွန်တူးသင်တန်းဆင်းတွေချည်းပဲ။ အဲဒီထဲမှာ ဘယ်သူပါလဲ ဆိုတော့မြေပေါ်ဟင်းလင်းပွင့်တောင်ဖြိုအဖွဲ့မှာ လုပ်နေတဲ့ ကိုငွေစိုးဆိုတဲ့လူပါတယ်။ အသားမည်းမည်းပိန်ခြောက်ခြောက်နဲ့သိကြမှာပါ။  ပြည်တော်အေးရပ်ကွက်မှာနေတဲ့လူ။ ဒါပေမယ့်ဒီလူက အိုင်ဗင်ဟိုးကို မလိုက်ပါရစေနဲ့လို့ မိုင်းချုပ်ကြီးဆီ ငိုကြီးချက်မနဲ့ သွားပြော သတဲ့}
]မိုက်လိုက်တဲ့လူကွာ။ သူများတွေများ ဒေါ်လာနံ့ခံပြီးဒေါ်လာစားပါအောင် နည်းမျိုးစုံနဲ့ဝင်ကြရတာ}
ကိုခင်ငြိမ်းက မကျေမချမ်းပြောလိုက်သည်။ ကျွန်တော်နှင့် စာကလေးလည်းကိုငွေစိုးဇာတ်လမ်းကိုစိတ်ဝင်စားသွားသည်။
]ကျန်တဲလူတွေက ဝမ်းသာအားရနဲ့ သွားကြတာပေါ့။ သူကဆန္ဒမရှိတော့ သူ့အစားကြည်နိုင်ဆိုတဲ့လူငယ်တစ်ယောက်ထည့် လိုက်တာပေါ့ကွာ။ ၆ လပြည့်လို့ ဟိုကောင်တွေ ဒေါ်လာတွေပိုက်ပြီးပြန်လာတာတွေ့တော့မှ ကိုငွေစိုးက နောက်တစ်သုတ်နဲ့ လိုက် ချင်တယ်လို့ မိုင်းချုပ်ကို သွားပြောသတဲ့}
]အဲတော့ . . . ရလား}
ကိုခင်ငြိမ်းကမေးလိုက်သည်။
]ဘယ်ရမှာတုန်း။ သူ့စီရီရယ်နဲ့သူသွားရတာ။ အဲဒီတော့မှ ကိုငွေစိုးကြီး ဒေါ်လာဖီလင်တွေတက်ပြီး ထိုင်ငိုနေတာများ မင်း တို့ မြင်စေချင်တယ်။ ဒါကြောင့် ငါပြောတာ . . .  ထီပေါက်ပြီး ထီလက်မှတ်ပျောက်တတ်ပါတယ်ဆို. . . }
သို့သော်ကြည်ဆန်းစကားကြားရတော့ကျွန်တော်တို့ရင်ထဲမှာမရှင်းမလင်းနဲ့။သိချင်တာတွေရှိနေသည်။မေးမည်လုပ်ကာမှ. .  .
]နေပါဦးကြည်ဆန်းရ။ ကိုငွေစိုးက သူ့ကို ထည့်တုန်းက ဘာဖြစ်လို့ မလိုက်ချင်ရတာလဲ။ ဒေါ်လာရရင် ပိုင်ဆံတွေအများ ကြီးရမယ်ဆိုတာလောက်တောင် မသိတော့ဘူးတဲ့လား}
ဒရိုင်းဂျင်တစ်ခွက် ဂွတ်ကနဲချရင်း ကိုခင်ငြိမ်းက ကျွန်တော်သိချင်တာကို ဝင်မေးလိုက်သည်။
]ဘာဖြစ်လို့ မလိုက်ချက်ရတာလဲဆို . . .နောက်မှသိရတာပါ။ သူအိုင်ဗင်ဟိုးကို အလုပ်သွားလုပ်တဲ့၆ လအတွင်း အိမ်က မိန်းမနဲ့ကလေးတွေအတွက် စားစရာမပေးနိုင်လို့တဲ့ကွာ. . .သိလား. . . }
]အံ့ပါရဲ့ကွာ ငါတို့ဆီလာခဲ့ပါလား။ သူ့မိန်းမနဲ့ကလေးတွေကို ငါကျွေးမွေးထားပါတယ်။ အပြန်မှ အတိုးနဲ့ ပြန်ဆပ် ဆိုပြီး. . . .}
ပြောင်စပ်စပ်မျက်နှာဖြင့် ပြောလိုက်သော စာကလေးကိုတော့ ကိုခင်ငြိမ်းက ငါနဲ့ကိုင်တုတ်တော့မလို့။ ကျွန်တော်က အချိန်မီ ဒရိုင်းဂျင်ငှဲ့ပေးလိုက်သဖြင့် အာရုံပြောင်းသွားသည်။
]နောက်ထပ်ထီလက်မှတ်ပျောက်တာတွေရှိသေးတယ်}
ပုလင်းကိုင်ပြီးငှဲ့လိုက်ရင်း ကြည်ဆန်းကနောက်ထပ်စကားစပြန်သည်။ သို့သော် အရက်က ကုန်သွားပြီ။
]ဘယ်သူပျောက်တာလဲ။မြန်မြန်ပြောစမ်းကွာ။ မင်းကလေဘာရုံးကစာရေးဆိုတော့ အလုပ်သမားတွေအကြောင်း တို့ထက်ပိုသိ တာပေါ့။ ပြီးတော့. . .  အိမ်ခန်းရအောင် အလုပ်သမားတွေက အရက်ခေါ်ခေါ်တိုက်ခံရတဲ့ ဟောင်ဇင်ခေါင်း(အိမ်ရာမှူး)ကြီးဖြစ်ပြန် တော့ ၁၀ ပေခန်းတွေဆီ မင်းကခဏခဏရောက်ရောက်သွားတော့ ရပ်ကွက်ထဲကအကြောင်းတွေ ဟိုစပ်စပ်ဒီစပ်စပ် ပိုသိတာပေါ့။ ဟေ့. . .စိန်ဌေး နောက်ထပ်ဒရိုင်းဂျင်တစ်လုံးနဲ့ပဲပြားကြော်နှစ်ထုပ်ပေးကွာ။ ဒေါ်လာစားကြီး ကျေနပ်ပါတယ်နော်။ ကဲ. . . ကြည်ဆန်း. . . လင်း}
ကိုခင်ငြိမ်းမှာ ပြောရင်းကျွန်တော့်လှမ်းကြည့်သည်။ ခေါင်းကလည်းတစ်ချက်တစ်ချက် ငိုက်ငိုက်ကျနေသည်။ သူသာမက ကျွန်တော်လည်း တစ်ချက်တစ်ချက် မျက်လုံးကမှေးချင်ချင်ရယ်။
]ငါ့ကိုများ အရက်တိုက်ရင် အိမ်ခန်းရအောင် လုပ်ပေးတဲ့ ဟောင်ဇင်ခေါင်းလို့ အပုတ်ချသေးတယ်။ ဒီက သူတို့သိအောင် လည်း အကောင်းပြောရသေးတယ်။ တော်ပြီ. . .  မပြောတော့ဘူးကွာ. .  .}
ကြည်ဆန်းစိတ်ဆိုးသွားပြီ။ စာကလေးကကြားဝင်၍
]အချင်းချင်းစနေတာပါ ကြည်ဆန်းရာ။ ကဲ ... ဆက်ပြော}
]သံဖြူမှာလုပ်တဲ့ လင်းအောင်နဲ့ ကျားစခန်းစက်မှုက ခင်မောင်တင့်တို့ကို မင်းတို့သိမှာပါ။ အဲဒီကောင်တွေကို အိုင်ဗင်ဟိုး လွှတ်ဖို့ဆေးတောင်စစ်ပြီးပြီ။ ဒီကောင်တွေလဲ စိန်လွန်တူးသင်တန်းဆင်းတွေပဲ။ အဲဒါဒေါ်လာမစားလိုက်ရဘူး}
]ဘာ. . .  ဘာဖြစ်လို့လဲဟင်}
စာကလေးကထမေးသည်။
]ဘာဖြစ်ရမလဲ။ ခင်မောင်တင့်က ဌာနထဲက ပစ္စည်းခိုးတာမိသွားလို့ဆပ်စပဲင်းရှင်း(ရာထူးခေတ္တချ)ဖြစ်သွားတယ်။ ပြည်တော် အေးက လင်းအောင်ကတော့ ရက်ကွက်ထဲ လူမှုရေးပြဿနာဖြစ်ပြီး တော့ ရဲစခန်းထဲရောက်သွားတယ်။ သူတို့အစား စက်မှုက အောင်သူရနဲ့ လျှပ်စစ်က နေဝင်းတို့ ပါသွားတယ်။ ဒါကြောင့်ငါမပြောလား။ ထီပေါက်ပေမဲ့ ထီလက်မှတ်ပျောက်တတ်ပါတယ်ဆို. .}
]တော်တော်တုံးတဲ့ကောင်တွေ}
ကိုခင်ငြိမ်းကမကျေမချမ်းပြောရင်း အရက်တစ်ခွက် မော့လိုက်ပြန်သည်။ ပြီးတော့. . .ပဲပြားကြော်ကို ကောက်စားနေသည်။
]ဒီတခါတော့ ထီလက်မှတ်မပျောက်ဘူး။ ဒါပေမယ့်. . . သိန်းထီတော့ပေါက်ပါရဲ့။ သောင်းထီလောက်ပဲရသွားတဲ့ ဒေါ်လာ စားနှစ်ယောက်အကြောင်း သိချင်သေးလား. . . }
အရက်ဖန်ခွက်ကလေးကို ကိုင်ပြီး မထိတတိအမူအယာဖြင့်ပြောနေသော ကြည်ဆန်းပုံက ထရိုက်ချင်စရာ။
]ပြောမှာပြောစမ်းကွာ။ မင်းကပဟေဠိတွေ အဖြေညှိတွေနဲ့။ စိတ်ကမရှည်တော့ဘူး. . . }
]ဒီလိုပြောလို့ရမလားကွ စာကလေးရ။ ယစ်ရွှေရည်လေး တစိမ့်စိမ့်ငုံရင်း ပြောမှ အရသာရှိတာ။ မင်းကနားသာထောင်ချင် တာ အလိုက်ကမ်းဆိုးကျမသိဘူး။ ဒီမှာ. . .  ငါ့ဖန်ခွက်ထဲမှာ ခါလီဖြစ်နေပြီ။ ထည့်ပေး မထည့်ရင် မပြောဘူး}
ကြည်ဆန်းက အိုက်တင်ခံရုံတင် မဟုတ်။ ထပ်ပြီး အကြပ်ကိုင်နေပြန်သည်။ သိချင်နေသော စာကလေးလဲ မနေသာ တော့ဘဲ ကြည်ဆန်းဖန်ခွက်ထဲ ဒရိုင်းဂျင်ခပ်မြန်မြန်ငှဲ့ပေးလိုက်သည်။
]ဟေ့ကောင်. . .ပြောတော့ကွာ။ ဘယ်သူတွေလဲ သောင်းထီပဲပေါက်တဲ့ဒေါ်လာစားဆိုတာ}
}အိုင်ဗင်ဟိုးကို တတိယအကြိမ်မြောက်သွားရတဲ့ဒေါ်လာစားတွေက စိန်လွန်တူးသင်တန်းဆင်းသမားတွေမှုတ်တော့ဘူးကွ။ လုပ်ငန်းခွင်သင်တန်းဆင်းသမားတွေများတယ်။ အဲထဲမှာ ဝပ်ရှော့က ထွန်းနိုင်ဦးနဲ့ တွင်ခုံက ဆန်းညွန့်အောင်တို့အိုင်ဗင်ဟိုးကို ရောက်သွားပါလေရော။ အဲ. . . တစ်လပဲလုပ်ရသေးတယ်။ ထွန်းနိုင်ဦးက ဘော်တွင်းပြန်လာရပြီး ဆန်းညွန့်အောင်က အက်ဆီးဒင့် ဖြစ်ပါလေရော. . . }
]ဟင်. . . ဘာဖြစ်လို့လဲ}
ကိုခင်ငြိမ်းက မေးလိုက်သည်။
]ဟိုမှာက တကယ်အလုပ်လုပ်ရတာမို့လား.။နိုင်ငံခြားသားက တန်အောင်ခိုင်းတာမို့လား။ မင်းတို့သိတဲ့အတိုင်းဘဲ ကြေးနီမှာ က နေကပူ ဖုန်ကထူနဲ့. . . နေပူကြီးထဲလုပ်ရတာဆိုတော့ ပင်ပန်းတာပေါ့ကွာ။ ပြီးတော့. . .  ညဆင်းလဲဆင်းရသေးတယ်ဆိုပဲ။ ဆိုတော့. . .  ပင်ပန်းတာ၊ အအိပ်ပျက်တာတွေနဲ့ပေါင်းပြီး အစားလဲပျက်ရော။ ဒီမှာတင် ထွန်းနိုင်ဦး ဗိုက်နာပါလေရော။ ဆေးရုံ လဲပို့လိုက်ရော ဆရာဝန်က ဆက်လုပ်ရန်မသင့်လို့ မှတ်ချက်ချတော့ ထွန်းနိုင်ဦးခမျာ ဖလက်ပြပြီး ပြန်လာရပါရောလား။ဒေါ်လာ တစ်လပဲစားလိုက်ရတာ။ အဲ. . .  ဆန်းညွန့်အောင်ကျတော့ ပိုက်လုံးတွေချရင်းနဲ့ခိုက်မိတာ ညာဘက်ခြေမ ပြတ်သွားပါလေရော။ ကဲ. . . ငါမပြောဘူးလား။ သိန်းထီပေါက်တယ်ဆိုပေမဲ့သောင်းထီပဲရတယ်ဆိုတာ. . . }
ကြည်ဆန်းစကားဆုံးတော့ အားလုံးငြိမ်သွားသည်။ စာကလေးက ကျွန်တော့ပခုံးပုတ်ရင်း. . . .
]ဒေါ်လာစားကြီး. .  . ကျန်းမာရေးဂရုစိုက်နော်။ သတိနဲ့လုပ်နော်။ ကြားတယ်မို့လား. . . }
စင်စစ်မနက်ဖြန်သွားမည့်ဟွေလောင်း၊ မဟိုးချောင်း ဧရိယာသည် ငွေ၊ ခဲ၊ သွပ် (သတ္တုသိုက်အသစ်)အမှန်ပင်ရှိနေသည့် နေရာ။ မဟိုးချောင်းမှ ထွက်ရှိသော သတ္တုများကို နမ္မတူသို့ သယ်ဆောင်ရန်အတွက် ကားလမ်းဖောက်ရန်ပင်စီမံကိန်းချခဲ့ဖူးကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသဖြင့်  အစီအစဉ်ပျက်သွားရခြင်းဖြစ်ကြောင်း၊ ယခင်ပြုစုခဲ့သည့် အနောက်တိုင်းသားဘူမိဗေဒပညာရှင်များ၏ အစီရင်ခံစာအရ သိရလေသည်။ ကျွန်တော်သည် မဟိုးချောင်းဒေသကိုနှစ်ခေါက်ရောက်ဖူးသည်။ ဆရာဦးတင့်လွင်ရယ်၊ ကိုချန္ဒာရယ်၊ ကိုဆန်းညွန့်ရယ်၊ ကျွန်တော်ရယ်တစ်ကြိမ်၊ နောက်တစ်ကြိမ်က ဦးအောင်ကြည်လေးရယ်၊ ကိုချန္ဒာရယ်၊ မွှေးပျံ့ရယ်၊ ကျွန်တော်ရယ် တစ်ကြိမ်။နှစ်ကြိမ်စလုံးယခုလို ဒီဇင်ဘာဆောင်းတွင်းကြီး ရောက်သွားသည်။ နမ္မတူ၏ မြောက်ဘက် မိုင်ပေါင်း ၃၀ကျော် ဝေးသည့် နေရာ။ တောင်တွေကလည်းပေ ၄၀ဝ၀ ကျော်လောက်မြင့်သည်။ သံခမောက်တောင်ကတော့ ပေ ၅၀ဝ၀ ကျော်ဆို တော့အမြင့်ဆုံး။ အအေးဓာတ်ကတော့ ရေတောင်ခဲသည့်နေရာ။
ကျွန်တော်တို့ကွင်းဆင်းအကူတွေသည် ဂျီ(ဘူမိဗေဒဝန်ထမ်း)တွေနောက်လိုက်ကာ ဘော်နမူနာအိတ်ထမ်းရင်း ထိုတောင်ကြီး တွေပေါ် တက်လိုက်ဆင်းလိုက်၊ နမ့်မဟိုင်းမှာ ဈေးဝယ်လိုက်နှင့် ဟွေလောင်း မဟိုးချောင်း၊ နမ့်မဟိုင်းနေရာတွေမှာ ကျွန်တော်တို့ ခြေရာတွေ ထပ်ခဲ့သည်။ နှစ်လနီးပါးကြာခဲ့ဖူးသည်။ ထို့ကြောင့်အနွေးထည်များများပါလျှင်၊ ငှက်ဖျားဆေးမှန်မှန်စားလျှင်၊ အားဆေး မှန်မှန်စားလျှင်၊ နေမကောင်းဖြစ်သည့်အခါ ကာကွယ်ရန်ဆေးလေးဘာလေးဆောင်သွားလျှင် ကျန်းမာရေးအတွက် လုံလောက်နိုင်မည် ဟုယူဆသည်။
]ခုကတည်းက မှာလိုက်မယ်နော်။ ဒေါ်လာစားပြီး ပြန်လာရင် ငါတို့သုံးယောက်အတွက် လက်ဆောင်ကောင်းကောင်းပေးရ မယ်နော်။ အိုင်ဗင်ဟိုးပြန်လာတဲ့မြင့်ဌေးလိုတော့ မလုပ်နဲ့နော်။ အာမခံဆိုင်းထိုးပေးလိုက်တဲ့ကောင်တွေဖို့ ဘာဝယ်လာတယ်မှတ်လဲ၊ မုံရွာက မြေပဲဆားလှော် အစိတ်သားတစ်ထုပ်စီတဲ့. .  .ကဲ}
အရက်ခွက်ကို လက်နှင့်တောက်ရင်း ကိုခင်ငြိမ်းကပြောနေသည်။ သည်မှာဒေါ်လာစားပါသွားသူများက ဝန်ခံကတိပြုလုပ် ကြရသည်။ ဒေါ်လာစားကပြန်လာပြီး အနည်းဆုံးဌာနတွင် ၅ နှစ်အမှုထမ်းရသည်။ ၅ နှစ်မပြည့်မီ ထွက်သွားလျှင် ကျပ်ငါးသောင်း လျော်ရမည်။ သို့ဖြစ်၍ဒေါ်လာစားတစ်ယောက်အတွက် သက်သေ၅ ယောက်က အာမခံဆိုင်းထိုးပေးရသည်။ အကယ်၍ ဒေါ်လာစား ထွက်သွားလျှင် ဆိုင်းထိုးထားသူက တစ်ယောက်ကျပ်တစ်သောင်းလျော်ပေတော့။ ထို့ကြောင့်ဆိုင်းထိုးသောသူများကို မသွားင်္မီ ဝိုင်း လုပ်ပေးရသည်။ ပြန်လာလျှင် လက်ဆောင်ဝယ်ခဲ့ရသည်။ ဘော်တွင်းမှာ ထုံးစံလိုဖြစ်နေသည်။
ကျွန်တော့်ကိုလည်း ကိုခင်ငြိမ်း၊ ကြည်ဆန်း၊ စာကလေး၊ မွှေးပျံ့နှင့် ကိုဆန်းညွန့်တို့က လက်မှတ်ထိုးပေးကြသည်။ ယခု အရက်တိုက်ခြင်းမှာ လက်မှတ်ထိုးပေးလို့ တိုက်တာချည်းတော့မဟုတ်။ ဒီကောင်တွေသုံးယောက်နှင့်က ငယ်ပေါင်း။ သူတို့ကလည်း အထိမ်းအမှတ်ရှိလျှင် တိုက်သည်။ ယခုတော့ . . . အပြန်လက်ဆောင်စကားပြောနေပြီ။
]စိတ်ချကိုခင်ငြိမ်း။ အပြန်မှာ ခင်ဗျားတို့အတွက် ပုဆိုးတစ်ထည်စီ လက်ဆောင်ဝယ်ခဲ့မယ်}
]ရိုးရိုးပုဆိုးတော့ မလိုချင်ဘူး၊ ပလေကပ်မှနော်။ ဘာတဲ့. . . ကိုကိုဝတ်ဖို့ဝယ်ပေးမယ်။ ရွှေကသစ်. . . ။အဲ .. .  ရွှေကသစ်နော်}
ကြည်ဆန်းက ဆေးလိပ်ဖွာရင်းပြောနေသည်။
]စိတ်ချကြည်ဆန်း၊ ဖိုးကျော်ဆိုတဲ့ကောင်က ဆိုခဲစေမြဲစေ}
ကျွန်တော့်စကားဆုံးတော့ စာကလေးက လေးယောက်စလုံးဖန်ခွက်ထဲသို့ အရက်ငှဲ့ပေးပြီး တစ်ဦးချင်းဆီသို့ ကမ်းပေးလိုက် သည်။ ဒါဆိုလျှင် အားလုံးသဘောပေါက်သွားသည်။ ဖန်ခွက်ကလေးတွေ ကိုင်မြှောက်လိုက်ချိန်တွင် စာကလေးက. . .
]ဖိုးကျော်ကြီး နောက်တစ်ကျော့လဲ ဒေါ်လာစားပါပါစေဗျား။ အခုလိုပဲ အရက်အဝတိုက်နိုင်ပါစေဗျား။ အပြန်မှာလဲ ပုဆိုး ကောင်းကောင်းလက်ဆောင်ပေးနိုင်ပါစေဗျား။ ကဲ. . .ချီးယားစ်}
].ချီးယားစ်}အသံများနှင့် ဖန်ခွက်ချင်း ထိတိုက်သံက တိတ်ဆိတ်သော ကလပ်ထဲတွင် ဆူညံသွားပြန်သည်။ ဘိလိယက်ထိုးသူတွေလည်း မရှိတော့။ မြက်ခင်း၌ ဝိုင်းဖွဲ့နေသော အရက်သမားတွေလည်းမရှိတော့။ ကျွန်တော်တို့အဖွဲနှင့် ကိုစိန်ဌေးမိသားစုသာရှိတော့သည်။
]ဒေါ်လာစားကြီးကို စေတနာနဲ့တော့ ပြောရဦးမယ်နော်။ ဒေါ်လာတွေ ထုတ်ပြန်လာရင် ကက်ဆက်တော့ ဝယ်မလာ နဲ့သိလား။ အဲဒါအိမ်တွင်းသူခိုး။ လုပ်စားလို့ရတဲ့ပစ္စည်းမျိုးဝယ်လာခဲ့. . . }
ကြည်ဆန်းက ကျွန်တော့်ကို ခပ်တိုးတိုးပြောသည်။ ဟုတ်တော့လည်းဟုတ်သည်။ အိုင်ဗင်ဟိုးကပြန်လာသည့် ဒေါ်လာစား အိမ်တိုင်းလိုလို ကက်ဆက်သံတွေ ဆူညံနေသည်။ တစ်ယောက်က ဟီတာချီဝယ်လျှင်၊ နောက်တစ်ယာက်က ဆိုနီ။ ဘော်တွင်းနမ့်ပန် ယွန်းချောင်းဘေး အလုပ်သမားလိုင်းများမှ ဆောင်းဘောက်အကြီးကြီးနှင့် ကက်ဆက်ဖွင့်သံကြားရလျှင် သွားမမေးနှင့်။ ဒေါ်လာစား အိမ်တွေ။ မိန်းမတွေလည်ပင်းမှာ ဆွဲကြိုးနှင့် နားကပ်နှင့်။ ကလေးတွေနားမှာလည်း နားကပ်တွေနှင့်။ ၁၀ ပေခန်းချင်း ကပ်နေ သော်လည်းဒေါ်လာစားအိမ်က ကက်ဆက်နှင့်၊ ရေခဲသေတ္တာနှင့်၊ ရွှေနှင့်ငွေနှင့်၊ အရောင်တွေတလက်လက် တောက်ပနေပြီး၊ ဝက်သား တစ်လှည့်၊ ကြည်သားတစ်လှည့်၊ နတ်စည်းစိမ်ခံစားနေချိန်တွင် ကပ်လျက်အခန်းကတော့ မုန်ညင်းရိုးတောင် မှန်မှန် မကိုက်နိုင်။
အိုင်ဗင်ဟိုးအပြန်တွေထဲမှာ ဦးတင်မောင်တို့သားအဖနှင့် ကိုအေးကျော်တို့အိမ်ဆိုလျှင် ဈေးဆိုင်လေးတွေ ဖြစ်သွားပြီ။ ကိုခင်မောင်ဝင်းအိမ်လည်း စာအုပ်ဆိုင်လေးဖြစ်သွားပြီ။ ကိုအောင်ထွန်းကရေခဲသေတ္တာ၊ ကိုပေါက်ကြီးက ဆန်ဖွပ်စက်။ ပိုက်ဆံလေးရှိ တုန်း အသေးစားလုပ်ငန်းလေးတွေ ထောင်ဖြစ်လိုက်ကြသည်။
ကျွန်တော်လည်း ယဉ်မေ့အတွက် ဆွဲကြိုးလေးတစ်ကုံးနှင့် ဟောင်းလောင်းဖြစ်နေတာကြာပြီဖြစ်သော နားပေါက်အတွက် နားကပ်လေးတစ်စုံတော့ ဝယ်ပေးရမည်။ ပြီးတော့ . . .  လေးတန်းရောက်နေသည့် သားလေး မောင်ရဲသွေးအတွက် စာအုပ် ထည့်ဖို့ ကျောပိုးအိတ်လှလှလေးဝယ်ပေးရမည်။ ပြီးတော့. . .
]ကြည်ဆန်းပြောတာ ငါလက်ခံတယ်။ ဒေါ်လာထုတ်လာရင်တော့ အပ်ချုပ်စက်နဲ့ ကင်းခြေလိုက်တဲ့စက် ဝယ်ခဲ့မယ်ကွာ။ ယဉ်မေကလဲ စက်ချုပ်တာဝါသနာပါတယ်။ နည်းနည်းပါးပါးလဲ ချုပ်တတ်တယ်။ သူဆေးရုံကအလုပ်ဆင်းပြီး ပြန်လာတဲ့အချိန်မှာ ချုပ်လို့ ရတာပဲ။ ဟေ့ကောင်တွေ. . .  အဲဒီအခါကျရင်မင်းတို့ အင်္ကျီ ပုဆိုးချုပ်ရင် ငါ့မိန်းမဆီလာအပ်နော်}
]စိတ်ချစမ်းပါ ဒေါ်လာစားကြီးရယ်။ အထက်ကုန်းရန်နိုင်ကွေ့က ဒေါ်လာစားပြန် ကိုတင်ဆန်းလို အလှူလေးဘာလေး မလုပ်တော့ဘူးလား။ ကိုတင်ဆန်းကို ငါလုံးဝမကျေနပ်ဘူး။ ငါနဲ့ဒီလောက်ခင်တာ။ တွင်းဖြူစီပေါင်းကန်သားချင်း။အဲဒါသူ့အလှူ ငါ့ မဖိတ်ဘူးကွာ။ အေးလေ. . . ခင်ငြိမ်းဆိုတဲ့ကောင်က မြေတိုင်းမှာ ဘော်အိတ်ထမ်းရတဲ့ကောင်ဆိုတော့. . . အေ့}
သီရိမင်္ဂလာကျောင်းမှာ၊ အေးစေင်္တီကျောင်းမှာ၊ အောင်သိန္ဓိကျောင်းမှာ၊ အသံချဲ့စက်တညံညံနှင့် အလှူလုပ်နေလျှင်ဘယ်သူ့ အလှူလဲလို့ မမေးနှင့်။ ဒေါ်လာစား ပြန်လာသည့်အလှူတွေ။ သားတွေသမီးတွေကို သင်္ကန်းစည်းကြ။ နားထွင်းကြနှင့်။ ကိုတင်ဆန်း ဆိုလျှင် သီရိမင်္ဂလာကျောင်း၌ ဝက်သားနှင့် ထမင်းကျွေးပြီးလှူသည်။ ကိုတင်မောင်က အောင်သိန္ဓိကျောင်း၌ ငါးခြောက်နှပ်ဖြင့် လှူ သည်။ ပြီးတော့. . ကိုအောင်လှ၊ ကိုခင်မောင်ဝင်း၊ ကိုအောင်ထွန်း။ တချို့ဘုန်းကြိးကျောင်းမှာ၊ တချို့အိမ်မှာ... အို.  .အလှူတွေ တန်းစီပြီး လှူလိုက်ကြတာ။ သဒ္ဓါပေါက်ချင်စရာကောင်းသေးတော့။ မိမိလည်း ဒေါ်လာထုတ်ပြန်လာလျှင် အလှူလုပ်ရမည်။ သား လေး မောင်ရဲသွေးကို သင်္ကန်းစည်းပေးလိုက်မည်။ မိမိလည်းဒုလ္လဘဝတ်လိုက်မည်။ ရတောင့်ရခဲ ဒေါ်လာစား၊ ရတောင့်ရခဲ ဒုလ္လဘ မဟုတ်လား။
]အင်း . . အလှူလဲ လုပ်ချင်စိတ်တော့ရှိတယ်ဗျာ။ ဒေါ်လာတွေထုတ်ပြီး ပြန်လာလို့ အလှူလုပ်တော့မယ်ဆိုရင် ခင်ဗျား တို့သုံးယောက်နဲ့ အရင်တိုင်ပင်မယ်ဗျာ။ ခင်ဗျားတို့လက်ပဲအပ်မယ်ဗျာ။ ကဲ. . . ကျေနပ်လား ကိုခင်ငြိမ်း}
ကျွန်တော်လည်း လက်ကျန်အရက်ကို မော့ထည့်လိုက်ပြီး ပဲပြားကြော်ကောက်ဝါးလိုက်သည်။
]ကျေနပ်ပါသဗျား။ ဒေါ်လာစားကြီးရယ်။ ဗဲရီးဂွတ်}
လျှာခင်လေးတွဲ့တွဲ့ဖြင့် ကိုခင်ငြိမ်းပြောနေစဉ် ]ဘော်. . . ဘော်. .  ဘော်. . .ဘော်}ဆိုသည့် ဒီစီတီဝန်းထဲမှ ၉ နာင်္ရီခွဲ အချက်ပေးသည့် ဥသြသံက မိုင်းထဲဆင်းမည့် လုပ်သားများအား တပ်လှန့် နှိုးဆော်လိုက်သည်။
]ကဲ. .  ကိုးနာရီခွဲသွားပြီ။ လူစုခွဲကြရအောင်။ ဖိုးကျော်ကလည်းမနက် ခရီးထွက်ရမှာ။ ပြိးတော့... သူ့မိန်းမနဲ့ အလွမ်း သယ်ဦးမှာ။ တို့က အလိုက်ကန်းဆိုးနေလို့ မဖြစ်ဘူး။ သွားဖို့လာဖို့တောင် ပြင်ဆင်ပြီးရဲ့လား မသိဘူး. . . }
ဆေးလိပ်ဖွာလိုက်၊ အရက်ငုံလိုက်လုပ်နေသော စာကလေးက ပြောလိုက်သည်။ တကယ်တော့ သွားဖို့လာဖို့အားလုံး ကျွန်တော်နှင့် ယဉ်မေတို့ မနေ့ကပဲ ပြင်ဆင်ထားပြီးပြီ။ မဟိုးချောင်းကအေးလွန်းသဖြင့် အအေးဒဏ်ခံနိုင်အောင် ဆွယ်တာအင်္ကျီ၊ ဂျာကင်အင်္ကျီ၊ ခြင်ထောင်၊ ဘာဘူစောင်နှစ်ထည်၊ တရုတ်ကင်းဘတ်ဖိနပ်နှစ်ရံ၊ ငှက်ဖျားပျောက်ဆေး၊ အားဆေးနှင့် အဖျားအနာ ပျောက်ဆေးများကို ဆူပါမီနီမတ်ကက် နီးနီး ပစ္စည်းစုံလှသော အောင်သပြေကုန်းရှိ ဒေါ်ရွှေဥဆိုင်မှ ယဉ်မေ သွားယူခဲ့ခြင်း ဖြစ် သည်။ ဒေါ်ရွှေဥဆီမှ ပြန်လာလာချင်း. . .
]အံ့သြစရာပဲ ကိုရေ. . သိလား။ ဒေါ်ရွှေဥကြီးက အရင်အြွေကးလဲဖြည်းဖြည်းမှ ပေးပေါ့အေတဲ့။ အခုလိုတဲ့ပစ္စည်းယူသွား၊ တောထဲတောင်ထဲ သွားရမှာဆိုတော့ ကျန်းမာရေးက အရေးကြီးတယ်တဲ့။ ဖိုးကျော်ခရီးထွက်နေတုန်း အခက်အခဲဖြစ်ရင် ငါ့ဆီလာယူ လှည့်နော်ယဉ်မေ၊ ဘာမှ အားမနာနဲ့တဲ့။ တစ်ရပ်ကွက်ထဲသားချင်းတွေပဲဟာတဲ့။ ချိုလိုက်တဲ့စကားတွေ၊ အရင်တုန်းက ဒေါ်ရွှေဥကော ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယတောင်ဖြစ်သေးတယ်}
ယဉ်မေ့စကားပြန်ကြားယောင်ရင်းပြုံးတောင်ပြုံးမိသေး။
]ယဉ်မေနဲ့ အလွမ်းသယ်ရဦးမယ်ပြောလိုက်တာနဲ့ ဒေါ်လာစားကြီးကတော့ ပြုံးပြုံးကြီးလုပ်နေပြန်ပြီ။ မနက်အတွက် အဆင် သင့်ဖြစ်ခဲ့ပြီလား။ ကဲ. . .  ပြန်ကြရအောင်။ ဂွတ်နိုက်. . . . ဂွတ်နိုက်}
]အားလုံးအဆင်သင့် လုပ်ပြီးပါပြီ။ မဟိုးချောင်းယူရမဲ့ရုံးကပစ္စည်းတွေလဲ ဘူတာရုံနားက ကိုမိုးထွန်းအခန်းကို ပို့ပြီးပါပြီ။ နေဦးကွ. . . ပြန်လို့ မဖြစ်သေးဘူး}
]ဘာဖြစ်လို့တုန်း ဒေါ်လာစားကြီးရဲ့။ မနက်လည်း ခရီးထွက်ရဦးမှာမို့လား။ တို့ကအရေးမကြီးဘူးနော်။ နေမြင့်မှ မိုင်းထဲ ဆင်းလဲရတယ်။ ဘာလဲ. . . အရက်မဝသေးလို့လား}
]မဟုတ်ပါဘူး စာကလေးရာ။ ဟောဒီပုလင်းထဲမှာကို တဝက်ရှိသေးတယ်။ မင်းတို့ချချင်ရင်ချလိုက်ဦး။ မပြန်သေးဘူးဆိုတာ တခြားမဟုတ်ဘူး။ ကိုချန္ဒရာလာအောင် စောင့်ရဦးမှာ။ သူကနမ္မတူ အစည်းအဝေးကို လိုက်သွားတာ။ ဒီနေ့ အထွေထွေမန်နေဂျာ၊ မိုင်းချုပ်၊ ဘူမိဗေဒအရာရှိကြီး ဦးကျော်ဆွေနဲ့ ဦးတင့်လွင်တို့ အစည်းအဝေးလုပ်တယ်။ မနက်ဖြန်သွားမယ့်ကိစ္စ၊ မနက် ဘော်တွင်း ကနေ ဘယ်အချိန်ထွက်မလဲဆိုတာ ဒီအစည်းအဝေးပြီးမှသိရမှာ။ သူ့ကို ဒီကလပ်ဝင်ခဲ့ဖို့ ငါကမှာထားလို့။ အင်း. . . ခုချိန်ထိ မလာသေးဘး။ သူလာမှ သိရမှာ. . }
]ကဲ. . ဒါဆိုရင်လည်း ကျန်တဲ့အရက်ဆက်သောက်ရင်း စောင့်ကြတာပေါ့။ ကဲ. . . ခင်ငြိမ်း၊ စာကလေးရော့ကွာ။ ဟော. . .ဟော . . ထော်လီဝင်လာသံကြာတယ်}
ကြည်ဆန်းပြောနေစဉ် ထရော်လာဂျီ အင်ဂျင်စက်တပ်ထားသော ထော်လီဝင်လာသံ]] ထုတ်ထုတ်ထုတ်ထုတ်. . . } ဆို သောအသံက ဘူတာရုံထဲ ဆူညံသွားသည်။ မိုင်းချုပ်တို့ပြန်လာကြပြီ။ ကိုချန္ဒရာလည်း ဒီထော်လီဖြင့် ပါလာမည်ထင်သည်။
ဘူတာရုံမှ စကားသံတွေ ကြားနေရသည်။ တဖြည်းဖြည်း ကလပ်အနီး၌ စကားသံတွေ ပိုကျယ်လာသည်။ မိုင်းချုပ်၊ ဆရာ ဦးကျော်ဆွေနှင့် ဦးတင့်လွင်တို့ အသံတွေဖြစ်သည်။ သူတို့ အိမ်လုံးတွေက ကလပ်အထက်ဘက် တောင်စောင်းပေါ်မှာရှိသည်။ မကြာမီ ကလပ်ပေါ်သို့ ကိုချန္ဒရာ ရောက်လာသည်။
]ဖိုးကျော်ရှိလား. . . ဖိုးကျော်}
ဘိလိယက်အခန်းထဲဝင်လာပြီးအော်ခေါ်နေသည်။
]ဒီမှာရှိတယ်ဗျို့. . . ခင်ဗျားကို စောင့်နေတာဗျ . . . .}
ကိုခင်ငြိမ်းက ပြန်ဖြေသည်။
]ဟာ. . .ကိုချန်လာ၊ ရော့ တစ်ခွက်တဖလားချ}
ကျွန်တော်က ဒရိုင်းဂျင်အရက်ခွက်ကို ထိုးပေးတော့ သူက လက်ကာပြသည်။
]ဒါဆိုအမြည်းစားဗျာ}
စာကလေးက ခရုဟင်းချိုပန်းကန်ယူပေးတော့ တစ်ဇွန်းယူသောက်လိုက်သည်။
]မနက်ကျ ကျွန်တော်တို့ ဘယ်အချိန်ထွက်ရမလဲ}
]အေး. . . အဲဒါပြောမလို့ပဲကွ။ တို့အဖွဲ့တွေ မနက်ဘူတာရုံကို လေးနာရီခွဲအရောက်လာရမယ်။ ကားရထားလဲ ရယ်ဒီ လုပ်ထားပြီးပြီ။ ငါးနာရီခွဲ နမ္မတူရောက်။ လိပ်ပြာတောင်မှာ မစ္စတာ ဟိုင်ဇင်လောင်းတို့နဲ့ဆုံပြီး သူတို့ကားနဲ့ မဟိုးချောင်း ကို ထွက်မှာ။ တို့ဘော်တွင်းဘူမိအဖွဲ့တွေအားလုံး လိုက်ရမှာ။ ဒါပေမယ့် မနက်ခရီးစဉ်မှာ မင်းမပါဘူး}
]ဗျာ. . .ကိုချန်ကလည်း နောက်စရာမရှိ ကြံဖန်နောက်နေပြန်ပြီ}
]ငါမင်းကို ဘယ်တုန်းကနောက်ဘူးလို့လဲ ဖိုးကျော်။ ဒီနေ့စည်းဝေးနေတုန်း ရုံးချုပ်က ကြေးနန်းဝင်လာတယ်။ ကွန်ပျူတာ အိတ်စ်ပတ် အယ်ဂါလင်တန်၊ ဘူမိဗေဒပညာရှင်ဒေးဗစ်ပေါ်တာနဲ့ ဦးကြင်လင်းတို့ သဘက်ခါ ဘော်တွင်းရောက်မယ်။ မြေပေါ် မြေအောက်သတ္တုတွင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကွန်ပျူတာထဲထည့်ပြီး တန်ချိန်ပမာဏနဲ့ ပါဝင်မှုအရည်အသွေးတွေ ကွန်ပျူတာနဲ့ တွက်ယူမှာတဲ့။ ပြိးတော့. . . မြေပေါ်ဟင်းလင်ဖွင့်နဲ့ မြေအောက်မိုင်းထဲကို ဘူမိဗေဒဆိုင်ရာအချက်အလက်တွေကို ဒေးဗစ်ပေါ်တာနဲ့ ဦးကြင်လင်းတို့က လေ့လာမှာတဲ့။ အဲဒီတော့ဘူမိဆိုင်ရာမြေပုံတွေ၊ နမူနာကောက်တာတွေ လုပ်ဖို့ ဆရာ ဦးကျော်ဆွေကနိုင်ငံခြားသားနဲ့အတူ လုပ်ပေးရမှာ။ ဦးကျော်ဆွေအတွက် ကွင်းဆင်းအကူတစ်ယောက်ထားခဲ့ရမယ်လို့ လူကြီးတွေက ဆွေး နွေးဆုံးဖြတ်ကြတာ။ ဒါကြောင့်မင်းနေခဲ့ရမှာ။ မင်းကို ဘာဖြစ်လို့ထားခဲ့ရတာလဲဆိုတော့ မင်းကလုပ်သက်အနည်းဆုံးမို့လို့. . .}
ကိုချန့်စကားဆုံးတော့ တစ်ကိုယ်လုံးထူပူသွားသည်။ ရင်ထဲမှာလည်း ယောက်ယက်ခတ်သွားသည်။ ဟန်ဆောင်ပြီး မသိ မသာ သက်ပြင်းချလိုက်သော်လည်း ]ဟင်း]ဆိုသော သက်ပြင်းရှိုက်သံကား သိသိသာသာကြီးမြည်သွားသည်။ စောစောက ဆူညံ ပွက်လောရိုက်နေသော အဖွဲ့တော်သားတွေလည်း ငြိမ်သက်သွားသည်။ ကျွန်တော်မျက်စိမျက်နှာပျက်သွားတာ ကိုချန္ဒရာ ရိပ်မိသည် ထင်သည်။
]ဒါပေမယ့်၆ လပြည့်ရင်တော့ မွေးပျံ့နဲ့ဖြစ်ဖြစ်၊ ဆန်းညွန့်နဲ့ဖြစ်ဖြစ်၊ မင်းကိုလဲပေးဖို့ လူကြီးတွေက ပြောပါတယ်}
ကျွန်တော့်ခေါင်းထဲ၌ ရီဝေဝေ ရစ်တစ်တစ်ဖြစ်နေသည်။ ကိုချန်ပြောတဲ့စကားတွေလည်း မကြားတစ်ချက်၊ ကြားတစ်ချက်။ ရင်ထဲတွင် မွန်းကြပ်လာသည်။ မျက်လုံးက တစ်နေရာထဲစူးစိုက်ကြည့်နေစဉ် အသက်ရှူသံလည်း ပိုမြန်လာသည်။
]ကိုချန်ပြောတာမှန်ပါတယ်။ ဒီတစ်ခါ မလိုက်ရလဲ နောက်တစ်ခါ လိုက်ရမှာပေါ့ ဖိုးကျော်ရာ}
ကိုခင်ငြိမ်းအားပေးစကားလည်း သိသလို မသိသလို။ ကျွန်တော်သည် ပုလင်းထဲ၌ ကျန်နေသော ဒရိုင်းဂျင်ကို ဖန်ခွက်ထဲ မထည့်တော့ဘဲ တစ်ဘရိတ်ထဲ မော့ထည့်လိုက်သည်။ လည်ချောင်းထဲ တရုတ်အပ် အချောင်းတစ်သောင်းခန့် ဝင်သွားသည့် အတိုင်း ပင်။ ရင်ထဲမှာ ချော်ရည်ပူတွေ လောင်းချခံရသည့် အတိုင်းပင်။ အသည်းနှလုံးကိုလည်း အက်ဆစ်ဖြင့် အပက်ခံရသည့် အတိုငး်ပင်။ မျက်လုံးတွေလည်း နဂါးငွေ့အမှုတ်ခံလိုက်ရသည့်အတိုင်းပင်။ အခိုးရိုက်ထားသည့် မျက်စိထဲဝယ် ဒေါ်ရွှေဥမျက်နှာ ဖျတ်ကနဲ ပေါ် လာသည်။ ယခင်စားကျွေးကတစ်ထောင့်ငါးရာ။ ခြင်ထောင်၊ ဆွယ်တာ၊ အနွေးထည်၊ ကင်းဘတ်ရှူးကနှစ်ထောင်၊ စားဆေးတွေက တစ်ထောင်၊ ယဉ်မေတို့စားဖို့သောက်ဖို့ကြိုတင်ငွေက နှစ်ထောင်၊ အခု.. .  . ကလပ်မှာစားတာသောက်တာက တစ်ထောင်ကျော်။ စုစုပေါင်း ခုနှစ်ထောင်ကျော်။ရင်ထဲမှာ နေအစင်း တစ်ရာမကသည့် အပူလုံးကြီးက ငယ်ထိပ်ဆီသို့ တရိပ်ရိပ်တက်လာကာ. . .
]ချလန်. . . ချွမ်.. . .ချွမ်. .  .ချွမ်}
]ဟ. . . ဖိုးကျော်.  .ဖိုးကျော် သတိထား။ ဆွဲပါဟ}
မိုက်ကနဲဖြစ်သွားသဖြင့် စားပွဲပေါ်မှ အရက်ပုလင်းများ၊ ဖန်ခွက်များနှင့် အမြည်းပန်းကန်များ ခေါင်းဖြင့် တိုက်မိကာ ပုလင်းနှင့် အမြည်းပန်းကန်တွေလည်းကျကွဲကုန်သည်။ စာကလေးနှင့် ကြည်ဆန်းက ကျွန်တော့်ကို အတင်းဆွဲထူသည်။
]ကဲကဲ. . .ခင်ငြိမ်းတို့၊ ဖိုးကျော်ကို အိမ်တွဲပို့လိုက်ကွာ။ သူအရက်သောက်တာ များနေပြီနဲ့တူတယ်။ တအားမူးနေပြီ. . }
ကျွန်တော့်လက်နှစ်ဘက်ကို ကြည်ဆန်းနှင့် စာကလေးတို့က တစ်ဘက်စီ ဆွဲကာ သူတို့ပခုံးပေါ် တွဲထမ်းလိုက်သည်။ ကိုခင်ငြိမ်းကလျော့လျဲလျဲဖြစ်နေသော ကျွန်တော့်ပုဆိုးကို ကတုန်ကယင်လက်များဖြင့် ပြန်ဝတ်ပေးနေသည်။
ကိုချန်ရေ. . .  ကျုပ်အရက်ကြောင့် မူးတာ မှုတ်ဘူး။ အရက်ကြောင့် မူးတာ မှုတ်ဘူး. . . ။


Monday, September 4, 2017

မိုင်းသမားအို

ဆင်တဲဝမြတ်မင်း
(Unicode)



          အစိမ်းရောင်ရင့်စ၊ အဝါဘက်လုစ မြက်တောကြီးများဖြင့် ခြုံလွှားထားသော တောင်တန်း၊ တောင်ကုန်း၊ ခင်တန်းသွယ် သွယ်တို့အကြားဝယ်]ဘော်နန်းမြို့}လေးသည် အိပ်မှုန်ထနိုးခါစ ကလေးငယ်လေးလို လူးလွန့်ထလာပေပြီ။ မြောက်ဘက်တောင်ကုန်း ဒေသမှ ခရီးနှင်လာသည့် နှင်းစစ်သည်များစွာတို့သည် ခရီးပန်းလာသောကြောင့်မနက်ဝေလီဝေလင်း၌ ]ဘော်နန်းမြို့}လေးတွင် ခေတ္တ နားခိုမှေးစက်ကြရာ မြေပြင်အပေါ်ဝယ် နေရာမလပ်ခင်းဖြန့်ထားလျက်ရှိနေတော့သည်။ နှင်းစစ်သည်တို့၏ အသက်ပြင်းပြင်းရှုထုတ်မှု ကြောင့် သူတို့၏ နှင်းငွေနှင်းမှုန်တို့မှာ ]ဘော်နန်းမြို့}ရှိ အလုပ်သမားထုအား လှန့်နှိုးလိုက်သကဲ့သို့ ရှိနေချေသည်။
          ငွေနှင်းမှုန်မှုန်တို့၏ အေးစက်သော အချမ်းဓာတ်သည် ]ဘော်နန်း}တစ်မြို့လုံးအပေါ် မြို့လယ်မှဖြစ်၍ စီးဆင်းနေသော ]နန့်ပန်ယွန်း}ချောင်းကျဉ်းကလေးအပေါ်၊ ဆယ်ပေအခန်းတွဲ အလုပ်သမားလိုင်းများအပေါ်၊ မိုင်းအလုပ်သမားကြီး ဦးဗေဒါအပေါ် လွှမ်းခြုံ ထားသည်။
          ]ဘော် ဘော် ဘော် ဘော်}
          စူးစူးရှရှပေါ်ထွက်လာသော ဥသြမှုတ်သံလေးချက်သည် နှင်းမှုန်နှင်းငွေ့တို့ကို ဖြိုခွဲလိုက်သလိုပင်။ ]ဘော်နန်းမြို့}လေးကို ကိုင်လှုပ်လိုက်သလိုပင်။ သြော် ငါးနာရီတောင်ခွဲသွားပြီပဲ။ ဦးဗေဒါသည် ကာဘိုက်မီးခွက်ထဲမှ ကာဘိုက်ပြာများသွန်ခါရင်း တိုးတိုး လေးရေရွတ်နေမိသည်။ သူသည် မိုင်းဖိနပ်အိုကို မြန်မြန်စီးပြီးနောက် ရေဘေးအင်္ကျီအနွေးထည်ကြီးကို ဝတ်ကာ မိုင်းဦးထုပ်ခေါင်း ပေါ်တင်လျက် အခန်းကျဉ်းမှ ခပ်သုတ်သုတ်ထွက်လာခဲ့တော့သည်။
အပြင်ဘက်တစ်လမ်းသွားကျောက်ပြုတ်လမ်းမပေါ်သို့ ဦးဗေဒါရောက်လာခဲ့သည်။ မနက်ဆင်းကျသော မိုင်းအလုပ်သမားများ ဥဒဟိုသွားနေပေပြီ။ မိုင်းဖိနပ်သံ]ဂလုပ်၊ ဂလုပ်} ဆိုသည့်အသံမှာ တိုးတိုးတိတ်တိတ်ပြောဆိုနေကြသော မိုင်းသမားတို့၏ အသံကို ဖုံးသွားသည်။ ကာဘိုက်မီးရောင်လက်လက်တို့မှာ ]ဘော်နန်းမြို့}လေး၏ ကျောက်ပြုတ်လမ်းမပေါ်မှာ ပြိုးပြိုးပြက်ပြက်။ အလင်းရောင် မှာ မိုင်းသမားတို့၏ လက်လှုပ်ရမ်းသလို နိမ့်လိုက်မြင့်လိုက်။
ဦးဗေဒါသည်]နန့်ပန်ယွန်း}ချောင်းမှဖြတ်တိုက်လာသော ဆောင်းလေအေးကို ခုခံကာကွယ်ရန် အနွေးအင်္ကျီထူကိုရင်ကြားဆွဲစေ့ လိုက်သည်။ ဒီဇင်ဘာလ၏ ဆောင်းနှင်းမှုန်မှုန်တို့သည် ခန္ဓာကိုယ်အပေါ်ပိုင်းသာမက ရိုးတွင်းခြင်ဆီထိအောင် စိမ့်ဝင်နေပါပေါ့လား ဟု တွေးမိရင်း ဦးဗေဒါသည် စောစောက ဆယ်ပေအခန်းကျဉ်းလေးထဲမှ နွေးထွေးသော အရသာကို သတိရနေတော့သည်။ တကယ်တော့ ရှမ်းပြည်ဆောင်း အပြင်ဘက်မှာ ကြိုက်သလိုအေးစိမ့်နေပစေ၊ အခန်းကျဉ်းထဲမှာ မိသားစု ကျပ်ကျပ်တည်းတည်း အိပ် ရသည့်အနွေးဓာတ်ကိုတော့ မဖြတ်သန်းနိုင်ဟု ဦးဗေဒါထင်သည်။ သည်အခန်းကျဉ်းထဲမှာ မိသားစုခြောက်ယောက်ပြားအိပ်ကြရသော အခါ အနွေးစောင်သိပ်မလိုပဲ၊(ရှိလည်းမရှိပါ)နှင့် ကိုယ်ငွေ့နှင့်သာ နွေးနေရသည်မဟုတ်လား။ သည်အရသာကိုလည်း ဦးဗေဒါပြည့် ပြည့်ဝ၀မခံစားရ၊ ဥသြမှုတ်သံကြားလျှင် နှင်းတောထဲဖြတ်ကာ အလုပ်ဆင်းသွားရပြီ။
အတွေးမျှင်တန်းလျက် တိုင်းရုံး(အချိန်မှတ်ရုံး)သို့ရောက်သောအခါ အလုပ်သမားတွေ ကာဘိုက်ထည့်ရန် တန်းစီနေပေပြီ။ ဦးဗေဒါသည် ဒီတစ်ခါတော့ ကာဘိုက်များများထည့်ပေးဖို့ ကာဘိုက်စာရေးကို ပြောရဦးမည်ဟု တွေးနေမိသည်။ အခန်းကျဉ်းမှာ ထွန်းရသည့် လေးဆယ်အား မီးသီးတစ်လုံးတည်းနှင့် ကလေးတွေစာကြည့်ဖို့ အဆင်မပြေ။ အငယ်သုံးယောက်က ဘာမျှမပြော။ အကြီးဆုံးကောင် ကိုးတန်းကျောင်းသားက မီးရောင်မှုန်မှုန်ဖြင့်စာကြည့်ရတာ အားမရဘူးဟုပြောသေးသည်။ မျက်လုံးထိခိုက်တတ် သည်ဟုလည်း ပြောသေးသည်။ သို့ပေမယ့် ဒါတွေကို ဦးဗေဒါ သိပ်နားမလည်ပါ။ အဓိကက ကာဘိုက်နည်းနည်းပိုရဖို့ပင် မဟုတ် လား။ ကာဘိုက်စာရေး အနီးရောက်သောအခါ ကာဘိုက်ခွက်ထဲ လက်နှိုက်ထားသော မျက်နှာထားတင်းတင်းနှင့် ကာဘိုက်စာရေးက ထုံးစံအတိုင်း ဦးဗေဒါမီးခွက်ထဲကာဘိုက်မပြည့်တပြည့် ထည့်ပေးလိုက်သည်။ ကာဘိုက်များများထည့်ပေးဖို့ ဦးဗေဒါမပြောရဲတော့ဘဲ အသာ ထွက်လာခဲ့တော့သည်။
တိုင်းရုံးမှ ထွက်လာသောအခါ အမှောင်ပြယ်စပြုနေပေပြီ။ မိုင်းထဲဆင်းဖို့]ဂိတ်ကြီး}(မြေအောက်ဆင်းသည့်စိုက်တွင်း)ဆီသို့ လျှောက်လာခဲ့သည်။ ]နန့်ပန်ယွန်း}ချောင်းနံဘေး၌ မိုင်းထဲက မကောင်းသော လေများကို စုပ်ထုတ်ပေးနေသည့် လေစုတ်စက်ကြီး၏ အသံမှာ ဦးဗေဒါနားထဲဝင်လာနေသည်။ အင်းဒီလေစုတ်စက်ကြီးရဲ့ အသံတွေကို ကြားခဲ့ရတာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီကော။ တကယ်တော့လည်း ဦးဗေဒါ၏ အသက်မှာ ငါးဆယ်ကျော်၍ သုံးနှစ်ပင်စွန်းခဲ့ပေပြီ။ ဤသက်တမ်း၌ သူ့တွင်]ယမ်းထွန်း}ဆိုသည့် ဦးဆောင်လုပ်သားဆိုသောဘွဲ့၊ ]ရင်စိန်}ဆိုသည့်ဇနီးတစ်ယောက်နှင့် သားသမီး လေးယောက်တော့ အမြတ်တွေတင်ကျန်ရစ်သည်။
ဦးဗေဒါသည် နှေးကွေးသောခြေလှမ်းများဖြင့် သွားနေရသော်လည်း တကယ်တမ်း၌ အလုပ်ထဲသွားရန် သိပ်စိတ်မထက် သန်တော့ပေ။ လွန်ခဲ့သော အသက်သုံးဆယ်လောက်ကဆိုလျှင် အရွယ်ကလည်းငယ်ငယ်၊ သန်ကလည်းသန်၊ ဘောနပ်စားရမည့် အရေးဆို ကျွဲ တစ်ကောင်လို အားနှင့်မာန်နှင့် လုပ်ကိုင်ခဲဖူးသည်။ ခုတော့. . . . .
ခုတော့မူ အသက်ကလည်း ကြီးလာတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပါတကား။
ဦးဗေဒါသည် အရွယ်အရ ဇရာဘက်ယွန်းခဲ့ပြီ။ မျက်လုံးတွေတောင် မှုန်ဝါးစပြုနေပြီ။ ခုပင်ကြည့် နေ့တိုင်းမြင်တွေ့ဖန်များ သော ]ကွာလီ}တောင်ပေါ်မှ မြေထိုးစက် အရေအတွက်မှန်အောင် မမြင်နိုင်တော့ပြီ။ ဦးဗေဒါသည် လွင်ပြင်ကျယ်ကြီးတမျှ ကျယ်ပြော နေပြီဖြစ်သော ]ကွာလီ}တောင်ကွင်းပြင်ကြီးကို ဆွေးဆွေးမြေ့မြေ့နှင့် ကြည့်နေမိသည်။
]ဟောဒီက ကွာလီတောင်ကြီး ဘောလုံးကွင်းဖြစ်မှ အညာပြန်မယ်}
ဦးဗေဒါအသက်သုံးဆယ်လောက်က ဟစြွေ်ကးခဲ့ဖူးသော စကားဖြစ်သည်။ ထိုတစ်ချိန်က ကလေးနှစ်ယောက်သာ ရှိသေး သည်။ အလုပ်သွား အလုပ်ပြန်ချိန်တိုင်း တွေ့မြင်နေရသော ]ကွာလီ}တောင်မြင့်မြင့်ကြီးကို ကြည့်ရင်းထိုစကားကို ယုံတမ်းသဖွယ်ပြော ခဲ့ဖူးသည်။ ပေသုံးထောင်ကျော်မြင့်မားသော ]ကွာလီ}တောင်ကြီးသည် ဘယ်သောအခါတွင်မှ ဘောလုံးကွင်းမဖြစ်နိုင်ဟု ဦးဗေဒါယုံခဲ့ သည်။ ခုတော့ ကိုယ်တွေ့ကြုံရတော့ မယုံ၍ မရတော့။ ]ကွာလီ}တောင်ပေါ်မှ သတ္တုများကို ရယူရန် ]ကွာလီ}တောင်ကိုဖြိုခဲ့ရာမှ ယခုတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ရပြီ။ ]ကွာလီ}တောင်ကြီးက အမှန်ပင် ဘောလုံးကွင်းဖြစ်ခဲ့ပြီ။ သို့သော်ဦးဗေဒါတို့ မိသားစုမှာမူ ]ဘော်နန်းမြို့}လေးထဲမှာပင် သံသရာလည်နေဆဲပင်။
ဂိတ်ကြီးဆီသို့ သွားနေသည့် မိုင်းအလုပ်သမားများ၏ စကားသံများမှာလမ်းမအပေါ် ဖရိုဖရဲလွင့်နေဆဲပင်။ ကာဘိုက်မီး ခွက်အလင်းရောင်များမှာ အရုဏ်ဦးအလင်းရောင်ကြောင့် သိပ်မပေါ်လွင်တော့။ မိုင်းဖိနပ်သံ ]ဂလုပ်၊ ဂလုပ်}မှာလည်း စကားသံများကို မလွှမ်းနိုင်တော့။ ဦးဗေဒါမှာမူ ]နန့်ပန်ယွန်း}ချောင်းကမ်းဘေးမှ ကျောက်ပြုတ်လမ်းမပေါ်မှာ လျှောက်ကာ အတွေးပေါင်းစုံ လွင့်ပျံ့နေ သည်။ ]ကွာလီ}တောင်ကိုလွန်ပြီး၍ ဆက်လျှောက်လာသောအခါ မိုင်းသမားတို့ကို အလင်းရောင်ပေးနေသလို မှတ်ယူရသည့် ]မာကျူရီ} မီးရောင်သည် ဟိုးအနောက်ဘက် တောင်ကုန်းပေါ်မှနေ၍ ကျောက်ပြုတ်လမ်းမအပေါ် ဖြာကျနေတော့သည်။
]မာကျူရီ}မီးရောင်ကို မြင်လိုက်ရတော့ ဦးဗေဒါအဖို့ ထူးဆန်းအံ့သြရလေသည်။ အို အေးစေတီဘုရားရဲ့ စိန်ဖူးတော်မှာ ပူဇော်ထားတဲ့ ]မာကျူရီ}မီးသီးပါလား။ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ]အေးစေတီ}ဘုရားစိန်ဖူးတော်တင်ခဲ့သည်ဟု ဦးဗေဒါ ကြားလိုက် ရသည်။ သို့သော် ထိုတနင်္ဂနွေက အချိန်ပိုဆင်းနေရတော့ ဘယ်အချိန်မှာ တင်လိုက်မှန်းမသိခဲ့ပါတကား။
ဦးဗေဒါသည် အလင်းရောင်ဖြူဆွတ်နေသော ]မာကျူရီ}မီးသီးဆီသို့ငေးကြည့်နေမိသည်။ ထိုမှ ဘုရားမှာတင်လှူထားသော စိန်ဖူးတော်ကိုမှန်းကြည့်လှမ်းကြည့်မိသည်။ တစ်ဆက်တည်းမှာပင် ]အေးစေတီ}ဘုရားသို့ စိတ်မှမှန်းကာ ဖူးနေမိသည်။ ကြည်ညိုစရာ၊ သပ္ပါယ်စရာ ကောင်းလိုက်တာ။ ဘုရားရဲ့တရားအလင်းတွေဟာ ရောင်ခြည်လို ဖြာထွက်နေပါလား။ တကယ်တော့လည်း ဘုရားရိပ်၊ ကျောင်းရိပ်ဆိုတာ အလွန်အေးချမ်း ဆိတ်ငြိမ်တဲ့နေရာပါလား။ လူ့ဘဝရဲ့ တတိယအရွယ်မှာဥပုသ်သီလ ဆောက်တည်ပြီး ပုတီးစိတ် ကာ နိဗ္ဗာန်သို့ရည်မှန်းရမည့်အချိန်ပင် မဟုတ်လား။ ဦးဗေဒါသည် စိတ်ကို ချမ်းငြိမ်းဖွယ်ဖြစ်သော၊ နိဗ္ဗာန်၏ အမြင့်ဆုံးဖြစ်သော၊ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားကို ဖူးတွေ့ချင်သောသူ ဖြစ်လိုလှသည်။ ခုတော့မူ ကျောင်းကန်ဘုရားသွားဖို့နေနေသာသာ မိုင်း၌ အချိန်ပိုလေးပါပြီဆိုလျှင်ပင် အူမြူးမတတ် ဝမ်းသာနေရသည် မဟုတ်လော။ အားလပ်လျှင်ဘုရားဝတ်ပြုဦးမှဟု ရည်ရွယ်ခဲ့ သည်မှာ အခါခါ။ ယခုမှပင်. . . .
ဦးဗေဒါသည် လူ့ဘဝ၏ အေးချမ်းသာယာသော နိဗ္ဗာန်ဘုံသို့ရောက်ပါစေဟု ဆုတောင်းလျက် လက်အုပ်ချီကာ ]အေး စေတီ}ဘုရားအား ဦးခိုက်ရှိခိုးနေမိတော့သည်။ တဒင်္ဂ၌ သူ့ဘဝ၏ အပူတွေကင်းစင်နေကာ အေးချမ်းမှု၏ အရသာကို ခံစားနေရ လေသည်။ အမြင့်ဘုံ၊ အမြင့်ဘုံ၊ နိဗ္ဗာန်ဘုံသို့ ရောက်ပါစေ၊ နိဗ္ဗာန်ဘုံသို့ရောက်. . .  .
]ယမ်းထွန်း. . . .ယမ်းထွန်း။ ဘာတွေငေးကြည့်နေတာလဲ။ ခြောက်နာရီ ဥသြမှုတ်သွားပြီ၊ မိုင်းထဲသွားရအောင်လေ။ ကဲ. . .လာ. .  .လာ နောက်ကျနေပြီ ယမ်းထွန်း}
ဦးဗေဒါသည် ရုတ်တရက် လက်အုပ်ချီလျက်မှ ဣန္ဒြေပျက်သွားသည်။ သူတို့]စတုတ်}(သတ္တုထုတ်လုပ်သည့်လုပ်ကွက်) ထဲမှ ငယ်သားလေးက သူ့ကိုနားမလည်သလို ငေးကြည့်နေသည်။ ဦးဗေဒါမှာတဒင်္ဂ၌ သူ့စိတ်ကူးထဲမှ ချမ်းမြေ့မှုများ လွင့်စင်သွား ကာ ငေးတွေနေမိသည်။ ခဏနေမှ သူ့ရဲ့ငယ်သားလေးနောက်မှ လေးလေးတွဲ့တွဲ့ လိုက်လာခဲ့သည်။
ဦးဗေဒါ၏ စိတ်ထဲ၌မူ အမြင့်ဘုံ၏ အေးချမ်းမှုက ခုချိန်ထိ ငြိတွယ်ပါလာဆဲပင်။ ရင်၌ ချမ်းမြေ့စရာကောင်းလှပါတကား။
သို့သော် ခုအခါ၌မူ ဦးဗေဒါသည် အခြားမိုင်းအလုပ်သမားများနှင့်အတူ ဓာတ်လှေကားစီးကာ ပေတစ်ထောင့်လေးရာကျော် နက်သော မြေအောက်သို့ တရိပ်ရိပ် ဆင်းသွားရလေတော့သည်။
(၁၉၈၇ ခုနှစ်၊ မတ်လ၊ ဒဂုန်မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၃)



မိုင္းသမားအို
ဆင္တဲဝျမတ္မင္း
(Zawgyi)



          အစိမ္းေရာင္ရင့္စ၊ အဝါဘက္လုစ ျမက္ေတာႀကီးမ်ားျဖင့္ ျခံဳလႊားထားေသာ ေတာင္တန္း၊ ေတာင္ကုန္း၊ ခင္တန္းသြယ္ သြယ္တို႔အၾကားဝယ္]ေဘာ္နန္းၿမိဳ႕}ေလးသည္ အိပ္မႈန္ထႏိုးခါစ ကေလးငယ္ေလးလို လူးလြန္႕ထလာေပၿပီ။ ေျမာက္ဘက္ေတာင္ကုန္း ေဒသမွ ခရီးႏွင္လာသည့္ ႏွင္းစစ္သည္မ်ားစြာတို႔သည္ ခရီးပန္းလာေသာေၾကာင့္မနက္ေဝလီေဝလင္း၌ ]ေဘာ္နန္းၿမိဳ႕}ေလးတြင္ ေခတၲ နားခိုေမွးစက္ၾကရာ ေျမျပင္အေပၚဝယ္ ေနရာမလပ္ခင္းျဖန္႔ထားလ်က္ရွိေနေတာ့သည္။ ႏွင္းစစ္သည္တို႕၏ အသက္ျပင္းျပင္း႐ႈထုတ္မႈ ေၾကာင့္ သူတို႕၏ ႏွင္းေငြႏွင္းမႈန္တို႕မွာ ]ေဘာ္နန္းၿမိဳ႕}ရွိ အလုပ္သမားထုအား လွန္႔ႏိႈးလိုက္သကဲ့သို႕ ရွိေနေခ်သည္။
          ေငြႏွင္းမႈန္မႈန္တို႕၏ ေအးစက္ေသာ အခ်မ္းဓာတ္သည္ ]ေဘာ္နန္း}တစ္ၿမိဳ႕လံုးအေပၚ ၿမိဳ႕လယ္မွျဖစ္၍ စီးဆင္းေနေသာ ]နန္႔ပန္ယြန္း}ေခ်ာင္းက်ဥ္းကေလးအေပၚ၊ ဆယ္ေပအခန္းတြဲ အလုပ္သမားလိုင္းမ်ားအေပၚ၊ မိုင္းအလုပ္သမားႀကီး ဦးေဗဒါအေပၚ လႊမ္းျခံဳ ထားသည္။
          ]ေဘာ္ ေဘာ္ ေဘာ္ ေဘာ္}
          စူးစူးရွရွေပၚထြက္လာေသာ ဥဩမႈတ္သံေလးခ်က္သည္ ႏွင္းမႈန္ႏွင္းေငြ႕တို႕ကို ၿဖိဳခြဲလိုက္သလိုပင္။ ]ေဘာ္နန္းၿမိဳ႕}ေလးကို ကိုင္လႈပ္လိုက္သလိုပင္။ ဪသာ္ ငါးနာရီေတာင္ခြဲသြားၿပီပဲ။ ဦးေဗဒါသည္ ကာဘိုက္မီးခြက္ထဲမွ ကာဘိုက္ျပာမ်ားသြန္ခါရင္း တိုးတိုး ေလးေရရြတ္ေနမိသည္။ သူသည္ မိုင္းဖိနပ္အိုကို ျမန္ျမန္စီးၿပီးေနာက္ ေရေဘးအက်ႌအေႏြးထည္ႀကီးကို ဝတ္ကာ မိုင္းဦးထုပ္ေခါင္း ေပၚတင္လ်က္ အခန္းက်ဥ္းမွ ခပ္သုတ္သုတ္ထြက္လာခဲ့ေတာ့သည္။
အျပင္ဘက္တစ္လမ္းသြားေက်ာက္ျပဳတ္လမ္းမေပၚသို႕ ဦးေဗဒါေရာက္လာခဲ့သည္။ မနက္ဆင္းက်ေသာ မိုင္းအလုပ္သမားမ်ား ဥဒဟိုသြားေနေပၿပီ။ မိုင္းဖိနပ္သံ]ဂလုပ္၊ ဂလုပ္} ဆိုသည့္အသံမွာ တိုးတိုးတိတ္တိတ္ေျပာဆိုေနၾကေသာ မိုင္းသမားတို႕၏ အသံကို ဖံုးသြားသည္။ ကာဘိုက္မီးေရာင္လက္လက္တို႔မွာ ]ေဘာ္နန္းၿမိဳ႕}ေလး၏ ေက်ာက္ျပဳတ္လမ္းမေပၚမွာ ျပိဳးျပိဳးျပက္ျပက္။ အလင္းေရာင္ မွာ မိုင္းသမားတို႕၏ လက္လႈပ္ရမ္းသလို နိမ့္လိုက္ျမင့္လိုက္။
ဦးေဗဒါသည္]နန္႔ပန္ယြန္း}ေခ်ာင္းမွျဖတ္တိုက္လာေသာ ေဆာင္းေလေအးကို ခုခံကာကြယ္ရန္ အေႏြးအက်ႌထူကိုရင္ၾကားဆြဲေစ့ လိုက္သည္။ ဒီဇင္ဘာလ၏ ေဆာင္းႏွင္းမႈန္မႈန္တို႕သည္ ခႏၶာကိုယ္အေပၚပိုင္းသာမက ႐ိုးတြင္းျခင္ဆီထိေအာင္ စိမ့္ဝင္ေနပါေပါ့လား ဟု ေတြးမိရင္း ဦးေဗဒါသည္ ေစာေစာက ဆယ္ေပအခန္းက်ဥ္းေလးထဲမွ ေႏြးေထြးေသာ အရသာကို သတိရေနေတာ့သည္။ တကယ္ေတာ့ ရွမ္းျပည္ေဆာင္း အျပင္ဘက္မွာ ႀကိဳက္သလိုေအးစိမ့္ေနပေစ၊ အခန္းက်ဥ္းထဲမွာ မိသားစု က်ပ္က်ပ္တည္းတည္း အိပ္ ရသည့္အေႏြးဓာတ္ကိုေတာ့ မျဖတ္သန္းႏိုင္ဟု ဦးေဗဒါထင္သည္။ သည္အခန္းက်ဥ္းထဲမွာ မိသားစုေျခာက္ေယာက္ျပားအိပ္ၾကရေသာ အခါ အေႏြးေစာင္သိပ္မလိုပဲ၊(ရွိလည္းမရွိပါ)ႏွင့္ ကိုယ္ေငြ႕ႏွင့္သာ ေႏြးေနရသည္မဟုတ္လား။ သည္အရသာကိုလည္း ဦးေဗဒါျပည့္ ျပည့္ဝ၀မခံစားရ၊ ဥဩမႈတ္သံၾကားလွ်င္ ႏွင္းေတာထဲၿဖတ္ကာ အလုပ္ဆင္းသြားရၿပီ။
အေတြးမွ်င္တန္းလ်က္ တိုင္း႐ံုး(အခ်ိန္မွတ္ရံုး)သို႕ေရာက္ေသာအခါ အလုပ္သမားေတြ ကာဘိုက္ထည့္ရန္ တန္းစီေနေပၿပီ။ ဦးေဗဒါသည္ ဒီတစ္ခါေတာ့ ကာဘိုက္မ်ားမ်ားထည့္ေပးဖို႕ ကာဘိုက္စာေရးကို ေျပာရဦးမည္ဟု ေတြးေနမိသည္။ အခန္းက်ဥ္းမွာ ထြန္းရသည့္ ေလးဆယ္အား မီးသီးတစ္လံုးတည္းႏွင့္ ကေလးေတြစာၾကည့္ဖို႕ အဆင္မေျပ။ အငယ္သံုးေယာက္က ဘာမွ်မေျပာ။ အႀကီးဆံုးေကာင္ ကိုးတန္းေက်ာင္းသားက မီးေရာင္မႈန္မႈန္ျဖင့္စာၾကည့္ရတာ အားမရဘူးဟုေျပာေသးသည္။ မ်က္လံုးထိခိုက္တတ္ သည္ဟုလည္း ေျပာေသးသည္။ သို႔ေပမယ့္ ဒါေတြကို ဦးေဗဒါ သိပ္နားမလည္ပါ။ အဓိကက ကာဘိုက္နည္းနည္းပိုရဖို႔ပင္ မဟုတ္ လား။ ကာဘိုက္စာေရး အနီးေရာက္ေသာအခါ ကာဘိုက္ခြက္ထဲ လက္ႏိႈက္ထားေသာ မ်က္ႏွာထားတင္းတင္းႏွင့္ ကာဘိုက္စာေရးက ထံုးစံအတိုင္း ဦးေဗဒါမီးခြက္ထဲကာဘိုက္မျပည့္တျပည့္ ထည့္ေပးလိုက္သည္။ ကာဘိုက္မ်ားမ်ားထည့္ေပးဖို႕ ဦးေဗဒါမေျပာရဲေတာ့ဘဲ အသာ ထြက္လာခဲ့ေတာ့သည္။
တိုင္း႐ံုးမွ ထြက္လာေသာအခါ အေမွာင္ျပယ္စျပဳေနေပၿပီ။ မိုင္းထဲဆင္းဖို႕]ဂိတ္ႀကီး}(ေျမေအာက္ဆင္းသည့္စိုက္တြင္း)ဆီသို႔ ေလွ်ာက္လာခဲ့သည္။ ]နန္႔ပန္ယြန္း}ေခ်ာင္းနံေဘး၌ မိုင္းထဲက မေကာင္းေသာ ေလမ်ားကို စုပ္ထုတ္ေပးေနသည့္ ေလစုတ္စက္ႀကီး၏ အသံမွာ ဦးေဗဒါနားထဲဝင္လာေနသည္။ အင္းဒီေလစုတ္စက္ႀကီးရဲ႕ အသံေတြကို ၾကားခဲ့ရတာ ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ခဲ့ပါၿပီေကာ။ တကယ္ေတာ့လည္း ဦးေဗဒါ၏ အသက္မွာ ငါးဆယ္ေက်ာ္၍ သံုးႏွစ္ပင္စြန္းခဲ့ေပၿပီ။ ဤသက္တမ္း၌ သူ႕တြင္]ယမ္းထြန္း}ဆိုသည့္ ဦးေဆာင္လုပ္သားဆိုေသာဘြဲ႕၊ ]ရင္စိန္}ဆိုသည့္ဇနီးတစ္ေယာက္ႏွင့္ သားသမီး ေလးေယာက္ေတာ့ အျမတ္ေတြတင္က်န္ရစ္သည္။
ဦးေဗဒါသည္ ေႏွးေကြးေသာေျခလွမ္းမ်ားျဖင့္ သြားေနရေသာ္လည္း တကယ္တမ္း၌ အလုပ္ထဲသြားရန္ သိပ္စိတ္မထက္ သန္ေတာ့ေပ။ လြန္ခဲ့ေသာ အသက္သံုးဆယ္ေလာက္ကဆိုလွ်င္ အ႐ြယ္ကလည္းငယ္ငယ္၊ သန္ကလည္းသန္၊ ေဘာနပ္စားရမည့္ အေရးဆို ကြ်ဲ တစ္ေကာင္လို အားႏွင့္မာန္ႏွင့္ လုပ္ကိုင္ခဲဖူးသည္။ ခုေတာ့. . . . .
ခုေတာ့မူ အသက္ကလည္း ႀကီးလာေတာ့ စိတ္သြားတိုင္းကိုယ္မပါႏိုင္ေတာ့ပါတကား။
ဦးေဗဒါသည္ အရြယ္အရ ဇရာဘက္ယြန္းခဲ့ၿပီ။ မ်က္လံုးေတြေတာင္ မႈန္ဝါးစျပဳေနၿပီ။ ခုပင္ၾကည့္ ေန႕တိုင္းျမင္ေတြ႕ဖန္မ်ား ေသာ ]ကြာလီ}ေတာင္ေပၚမွ ေျမထိုးစက္ အေရအတြက္မွန္ေအာင္ မျမင္ႏိုင္ေတာ့ၿပီ။ ဦးေဗဒါသည္ လြင္ျပင္က်ယ္ႀကီးတမွ် က်ယ္ေျပာ ေနၿပီျဖစ္ေသာ ]ကြာလီ}ေတာင္ကြင္းျပင္ႀကီးကို ေဆြးေဆြးေျမ႕ေျမ႕ႏွင့္ ၾကည့္ေနမိသည္။
]ေဟာဒီက ကြာလီေတာင္ႀကီး ေဘာလံုးကြင္းျဖစ္မွ အညာျပန္မယ္}
ဦးေဗဒါအသက္သံုးဆယ္ေလာက္က ဟစ္ေျြကးခဲ့ဖူးေသာ စကားျဖစ္သည္။ ထိုတစ္ခ်ိန္က ကေလးႏွစ္ေယာက္သာ ႐ွိေသး သည္။ အလုပ္သြား အလုပ္ျပန္ခ်ိန္တိုင္း ေတြ႕ျမင္ေနရေသာ ]ကြာလီ}ေတာင္ျမင့္ျမင့္ႀကီးကို ၾကည့္ရင္းထိုစကားကို ယံုတမ္းသဖြယ္ေျပာ ခဲ့ဖူးသည္။ ေပသံုးေထာင္ေက်ာ္ျမင့္မားေသာ ]ကြာလီ}ေတာင္ႀကီးသည္ ဘယ္ေသာအခါတြင္မွ ေဘာလံုးကြင္းမျဖစ္ႏိုင္ဟု ဦးေဗဒါယံုခဲ့ သည္။ ခုေတာ့ ကိုယ္ေတြ႔ႀကံဳရေတာ့ မယံု၍ မရေတာ့။ ]ကြာလီ}ေတာင္ေပၚမွ သတၲဳမ်ားကို ရယူရန္ ]ကြာလီ}ေတာင္ကိုျဖိဳခဲ့ရာမွ ယခုေတာ့ ကြင္းျပင္က်ယ္ႀကီးျဖစ္ရၿပီ။ ]ကြာလီ}ေတာင္ႀကီးက အမွန္ပင္ ေဘာလံုးကြင္းျဖစ္ခဲ့ၿပီ။ သို႕ေသာ္ဦးေဗဒါတို႔ မိသားစုမွာမူ ]ေဘာ္နန္းၿမိဳ႕}ေလးထဲမွာပင္ သံသရာလည္ေနဆဲပင္။
ဂိတ္ႀကီးဆီသို႕ သြားေနသည့္ မိုင္းအလုပ္သမားမ်ား၏ စကားသံမ်ားမွာလမ္းမအေပၚ ဖ႐ိုဖရဲလြင့္ေနဆဲပင္။ ကာဘိုက္မီး ခြက္အလင္းေရာင္မ်ားမွာ အ႐ုဏ္ဦးအလင္းေရာင္ေၾကာင့္ သိပ္မေပၚလြင္ေတာ့။ မိုင္းဖိနပ္သံ ]ဂလုပ္၊ ဂလုပ္}မွာလည္း စကားသံမ်ားကို မလႊမ္းႏိုင္ေတာ့။ ဦးေဗဒါမွာမူ ]နန္႔ပန္ယြန္း}ေခ်ာင္းကမ္းေဘးမွ ေက်ာက္ျပဳတ္လမ္းမေပၚမွာ ေလွ်ာက္ကာ အေတြးေပါင္းစံု လြင့္ပ်ံ႕ေန သည္။ ]ကြာလီ}ေတာင္ကိုလြန္ၿပီး၍ ဆက္ေလွ်ာက္လာေသာအခါ မိုင္းသမားတို႔ကို အလင္းေရာင္ေပးေနသလို မွတ္ယူရသည့္ ]မာက်ဴရီ} မီးေရာင္သည္ ဟိုးအေနာက္ဘက္ ေတာင္ကုန္းေပၚမွေန၍ ေက်ာက္ျပဳတ္လမ္းမအေပၚ ျဖာက်ေနေတာ့သည္။
]မာက်ဴရီ}မီးေရာင္ကို ျမင္လိုက္ရေတာ့ ဦးေဗဒါအဖို႕ ထူးဆန္းအံ့ဩရေလသည္။ အို ေအးေစတီဘုရားရဲ႕ စိန္ဖူးေတာ္မွာ ပူေဇာ္ထားတဲ့ ]မာက်ဴရီ}မီးသီးပါလား။ လြန္ခဲ့သည့္ တနဂၤေႏြေန႔က ]ေအးေစတီ}ဘုရားစိန္ဖူးေတာ္တင္ခဲ့သည္ဟု ဦးေဗဒါ ၾကားလိုက္ ရသည္။ သို႕ေသာ္ ထိုတနဂၤေႏြက အခ်ိန္ပိုဆင္းေနရေတာ့ ဘယ္အခ်ိန္မွာ တင္လိုက္မွန္းမသိခဲ့ပါတကား။
ဦးေဗဒါသည္ အလင္းေရာင္ျဖဴဆြတ္ေနေသာ ]မာက်ဴရီ}မီးသီးဆီသို႕ေငးၾကည့္ေနမိသည္။ ထိုမွ ဘုရားမွာတင္လွဴထားေသာ စိန္ဖူးေတာ္ကိုမွန္းၾကည့္လွမ္းၾကည့္မိသည္။ တစ္ဆက္တည္းမွာပင္ ]ေအးေစတီ}ဘုရားသို႕ စိတ္မွမွန္းကာ ဖူးေနမိသည္။ ၾကည္ၫိုစရာ၊ သပၸါယ္စရာ ေကာင္းလိုက္တာ။ ဘုရားရဲ႕တရားအလင္းေတြဟာ ေရာင္ျခည္လို ျဖာထြက္ေနပါလား။ တကယ္ေတာ့လည္း ဘုရားရိပ္၊ ေက်ာင္းရိပ္ဆိုတာ အလြန္ေအးခ်မ္း ဆိတ္ၿငိမ္တဲ့ေနရာပါလား။ လူ႕ဘဝရဲ႕ တတိယအရြယ္မွာဥပုသ္သီလ ေဆာက္တည္ၿပီး ပုတီးစိတ္ ကာ နိဗၺာန္သို႕ရည္မွန္းရမည့္အခ်ိန္ပင္ မဟုတ္လား။ ဦးေဗဒါသည္ စိတ္ကို ခ်မ္းၿငိမ္းဖြယ္ျဖစ္ေသာ၊ နိဗၺာန္၏ အျမင့္ဆံုးျဖစ္ေသာ၊ ေနာင္ပြင့္ေတာ္မူမည့္ အရိေမေတၲယ်ဘုရားကို ဖူးေတြ႕ခ်င္ေသာသူ ျဖစ္လိုလွသည္။ ခုေတာ့မူ ေက်ာင္းကန္ဘုရားသြားဖို႕ေနေနသာသာ မိုင္း၌ အခ်ိန္ပိုေလးပါၿပီဆိုလွ်င္ပင္ အူျမဴးမတတ္ ဝမ္းသာေနရသည္ မဟုတ္ေလာ။ အားလပ္လွ်င္ဘုရားဝတ္ျပဳဦးမွဟု ရည္ရြယ္ခဲ့ သည္မွာ အခါခါ။ ယခုမွပင္. . . .
ဦးေဗဒါသည္ လူ႕ဘဝ၏ ေအးခ်မ္းသာယာေသာ နိဗၺာန္ဘံုသို႕ေရာက္ပါေစဟု ဆုေတာင္းလ်က္ လက္အုပ္ခ်ီကာ ]ေအး ေစတီ}ဘုရားအား ဦးခိုက္႐ွိခိုးေနမိေတာ့သည္။ တဒဂၤ၌ သူ႕ဘဝ၏ အပူေတြကင္းစင္ေနကာ ေအးခ်မ္းမႈ၏ အရသာကို ခံစားေနရ ေလသည္။ အျမင့္ဘံု၊ အျမင့္ဘံု၊ နိဗၺာန္ဘံုသို႕ ေရာက္ပါေစ၊ နိဗၺာန္ဘံုသို႕ေရာက္. . .  .
]ယမ္းထြန္း. . . .ယမ္းထြန္း။ ဘာေတြေငးၾကည့္ေနတာလဲ။ ေျခာက္နာရီ ဥဩမႈတ္သြားၿပီ၊ မိုင္းထဲသြားရေအာင္ေလ။ ကဲ. . .လာ. .  .လာ ေနာက္က်ေနၿပီ ယမ္းထြန္း}
ဦးေဗဒါသည္ ႐ုတ္တရက္ လက္အုပ္ခ်ီလ်က္မွ ဣေႁႏၵပ်က္သြားသည္။ သူတို႕]စတုတ္}(သတၲဳထုတ္လုပ္သည့္လုပ္ကြက္) ထဲမွ ငယ္သားေလးက သူ႕ကိုနားမလည္သလို ေငးၾကည့္ေနသည္။ ဦးေဗဒါမွာတဒဂၤ၌ သူ႕စိတ္ကူးထဲမွ ခ်မ္းေျမ႕မႈမ်ား လြင့္စင္သြား ကာ ေငးေတြေနမိသည္။ ခဏေနမွ သူ႕ရဲ႕ငယ္သားေလးေနာက္မွ ေလးေလးတြဲ႕တြဲ႕ လိုက္လာခဲ့သည္။
ဦးေဗဒါ၏ စိတ္ထဲ၌မူ အျမင့္ဘံု၏ ေအးခ်မ္းမႈက ခုခ်ိန္ထိ ၿငိတြယ္ပါလာဆဲပင္။ ရင္၌ ခ်မ္းေျမ႕စရာေကာင္းလွပါတကား။
သို႕ေသာ္ ခုအခါ၌မူ ဦးေဗဒါသည္ အျခားမိုင္းအလုပ္သမားမ်ားႏွင့္အတူ ဓာတ္ေလွကားစီးကာ ေပတစ္ေထာင့္ေလးရာေက်ာ္ နက္ေသာ ေျမေအာက္သို႕ တရိပ္ရိပ္ ဆင္းသြားရေလေတာ့သည္။
(၁၉၈၇ ခုႏွစ္၊ မတ္လ၊ ဒဂုန္မဂၢဇင္း အတြဲ ၃၊ အမွတ္ ၃)

Friday, April 28, 2017

ယမ်းထွန်းကြီးဖတ်ဖို့ဝတ္တု
(Unicode)
ဆင်တဲဝမြတ်မင်း
(၂၀၀၀ပြည့်နှစ်၊ ဩဂုတ်လ၊ န၀ဒေးရသစုံ  စာပေမဂ္ဂဇင်း အမှတ် ၈)


]ချွေး}ဝတ္တုတိုလေးအဆုံးသတ် ရေးပြီးချိန်တွင်ကြက်သွေးနုဆည်းဆာရောင် ပျောက်နေပေပြီ။
ကျွန်တော်သည်ဝတ္တုစာမူကို ရင်ဝယ်ပိုက်ရင်း]နန့်ပန်ယွန်း}ချောင်းဘေးရှိ ကျောက်ပြုပ်များထနေသော တောင်ကြားသတ္တုတွင်း မြို့၏လမ်းမပေါ်၌ စိတ်တက်ကြွစွာ လျှောက်လှမ်းကာ တောင်ကြား၌ ပြွတ်သိပ်ကျပ်တည်းစွာ ဆောက်လုပ်ထားသော ယမ်းထွန်းကြီး နေသော အလုပ်သမားလိုင်းများဆီသို့လာခဲ့သည်။
ငါဝတ္တုရေးလိုက်ပြီ။ မိုင်းအလုပ်သမားအကြောင်း ဝတ္တုရေးလိုက်ပြီ။ ဒီဝတ္တုကို ယမ်းထွန်းကြီးဖတ်မိရင်သိပ်ကြည်နူးမိမှာပဲ။ နီကျင်ကျင်ဖြစ်နေတဲ့ သူ့သွားကျဲကြီးတွေကို ဖြီးဖြီးကြီးလုပ်ပြီး ပြုံးနေမှာပဲ။ ပြီးတော့ ငါ့ပခုံးကို ကိုင်လှုပ်ရင်း ]မင်းသိပ်တော်တဲ့ လူငယ်လေးပဲ} လို့ချီးကျူးခန်းဖွင့်နေဦးမှာပဲ။
ကျွန်တော့်ရင်ထဲ၌ ပီတိဖြစ်နေမိသည်။ အတွေးထဲ၌လည်း ယမ်းထွန်းကြီးရုပ်လွှာသာလျှင် ပေါ်လာနေသည်။

]မင်းကစာရေးတယ်ဆို။ တို့မိုင်းအလုပ်သမားတွေအကြောင်းရေးစမ်းပါကွာ}
ယမ်းခိုးတွေလှိုင်နေသော ]စတုတ်}(သတ္တုထုတ်သည့်လုပ်ကွက်) ထဲ၌ လေပိုက်အနီး ပန်းပြား(မိုင်းသုံးသစ်သား)ပေါ်တွင် ထိုင်နေသည့် ယမ်းထွန်း(ရှေ့ဆောင်လုပ်သား)ကြီး ဦးထွန်းသည်ကျွန်တော့်ဘက်သို့လှည့်ကာ စကားပြောနေသည်။ ကျွန်တော်လည်း ယမ်းထွန်းကြီးကို ချက်ချင်းပြန်မပြောမိ။ ခုအခါ၌ ကျွန်တော့်တွင် ပြောစရာစကားမရှိသေးဟု တွေးမိကာ ဘော်ချနေသော သံချောင်းဘက် မီးထိုးပြရင်း နှုတ်ဆိတ်နေသည်။
စောစောက ဒိုင်းနမိုင်းခွဲထားသဖြင့် ဘော်ခဲများသည် ]စတုတ်}ထဲ၌ ဖွာရာကျဲနေလျက်။ ယမ်းခိုးယမ်းငွေ့တွေလည်း မပြယ် သေးပေ။ သံချောင်းသည် လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဂေါ်ပြားဖြင့် ဘော်များကို အောက်ဖက်ဘော်ဒိုက်ထဲသို့ ချနေ သည်။ သူသည် ခါးကိုကိုင်းညွတ်ကာ ဒူးတစ်ချောင်းကို ညွတ်ရင်းဘော်ခဲများကို ဂေါ်ပြားဖြင့် ရှပ်တိုက်ထိုးနေရသည်။ ကာဘိုက် မီးခွက်၏ မှုန်ဝါးဝါး အလင်းရောင်အောက်၌ သံချောင်းကိုယ်တွင် ချွေးတွေသီးနေလျက်။
]တို့မိုင်းအလုပ်သမားတွေ မိုင်းထဲမှာ ဘယ်လိုပင်ပန်းဆင်းရဲအောင် လုပ်ရတယ်၊ အန္တရာယ်တွေဝိုင်းရံနေတဲ့ကြားကနေ ဘော် တွေတူးနေကြရတယ်၊ ဟောဒီ ကာဘိုက်မီးခွက်ကလေးရဲ့အလင်းရောင်ဟာ တို့ရဲ့အသက်ဖြစ်တယ် ဆိုတာမင်းရေးစမ်းပါကွာ}
ကျွန်တော်သည်သံချောင်းကိုယ်မှာချွေးတွေရွှဲနေသည်ကိုလည်းမသိမဟုတ်။ ကိုသာရင်နှင့်ကိုစံမြိုင်တို့နှစ်ယောက်ရေဗွက်များဖုံး နေသည့် သံလမ်းအဟောင်းပေါ်တွင် ဘော်လှည်းတွန်းနေရသည်ကိုလည်း မသိမဟုတ်။ ကျွန်တော်တို့ငယ်သားလေးယောက် ငါးပတ် လည် ဆယ်ပတ်လည် စသည့် သစ်သားတုံးကြီးများကို ခေါင်းမလွတ်သည့် လယ်ဗယ်ကျဉ်းကျဉ်းကျပ်ကျပ်ကြားမှ မနိုင့်တနိုင်ထမ်းရ သည့်အဖြစ်များကိုလည်း မသိမဟုတ်။ ကာဘိုက်မီးခွက်ငယ်ကို ရေခဏခဏဖွင့်ရင်း ပြုတ်ကျနိုင်မလား၊ ပြိုကျနိုင်မလားဟု ကိုယ့်စတုတ်ကို လိုက်လံကြည့်ရှုနေရသော ယမ်းထွန်းကြီး၏ စိုးထိတ်နေသည့် အဖြစ်ကိုလည်း မသိမဟုတ်။ ကျွန်တော့်နှလုံးပြင်၌ မြေအောက်မိုင်း အလုပ်သမားဘဝများ၏ ကြီးမားသော အန္တရာယ်ထောင်ချောက်နှင့် အချိန်ပြည့်ရင်ဆိုင်နေရပုံကို တွေးတောမိကာ မောနေသည်။
]ကျွန်တော်လဲ မိုင်းအလုပ်သမားတွေအကြောင်း ဝတ္တုရေးဖို့စဉ်းစားနေတာပဲ။ကျွန်တော်တို့ အလုပ်လုပ်ရတာ ဘယ်လောက်ပင် ပန်းတယ်၊ ခါးကျိုးအောင်ဂေါ်ထိုးနိုင်မှ ဘောနပ်(စ်)ငွေစားရတယ်၊ လေရှုမဝလို့ ယမ်းခိုးတွေရှုနေရလို့ မွန်းမွန်းကျပ်ကျပ်ဖြစ်နေရတယ် ဆိုတာကိုလဲ ကျွန်တော်တို့ခံစားနေကြရတာပဲ။ ရေးရမယ်၊ ဒီအကြောင်းတွေကို ရေးကို ရေးရမယ်}
ကျွန်တော်သည် ကာဘိုက်မီးခွက် ရေဖွင့်နေရင်း ယမ်းထွန်းကြီးကို စကားပြန်ပြောမိသည်။ စောစောက မှိန်မှိန်သာလင်းနေ သော ကာဘိုက်မီးခွက်သည် ချက်ခြင်းပင်ပို၍ တောက်ပလာသည်။ လင်းလက်သော မီးရောက်အောက်၌ ယမ်းထွန်းကြီး၏ မျက်နှာ မည်းမည်းကြီးမှာ အပြုံးတွေဝေလျက်။သူ၏ လက်ကြမ်းကြီးဖြင့် ကျွန်တော့် ပခုံးကိုင်လှုပ်ရင်း. . . .
]မင်းတစ်နေ့တော့ပေါက်မြောက်အောင်မြင်မယ့်သူငယ်လေးဖြစ်လာမှာပါကွာ}
ယမ်းထွန်းကြီးသည် ကျွန်တော့်အနီးမှ ထသွားပြီးနောက် သံချောင်းလက်ထဲမှ ဂေါ်ပြားကို ဆွဲယူကာ ဘော်များ ပစ်ချနေ သည်။ သံချောင်းလည်း လေပိုက်အနီး၌ ထိုင်ကာ အမောဖြေနေသည်။ အသက်လေးဆယ်ကျော်စပြုနေသော ယမ်းထွန်းကြီးသည် ခွန်အားရှိသမျှ ဘော်များချနေသော်လည်း သူ၏အားအင်များမှာ လျော့နည်းစပြုနေပြီကို ကျွန်တော်အမှတ်မထင် သတိထားလိုက် မိသည်။
မိသားစုခုနစ်ယောက် ထမင်းနပ်မှန်အောင် စားရရေးအတွက် ယမ်းထွန်းကြီးမှာ မိုင်းထဲ၌ အပန်းတကြီး လုပ်နေရသည်။ သည်ကြားထဲက ကလေးငါးယောက်ကျောင်းစရိတ်ကလည်းရှိသေးသည်။ သူ့ဇနီးဒေါ်မြခင်ကလည်းရထားဈေး၌ ဈေးတောင်းများကို ရွက်ကာ တစ်ဖက်တစ်လမ်းမှ ကြားဝင်ငွေရှာရသေးသည်။ ယမ်းထွန်းကြီး တစ်နေ့အလုပ်မဆင်းနိုင်လျှင် သူ့မိသားစုမှာ ချက်ခြင်းပင် ပြဿနာပေါ်တော့သည်။ သည်စားဝတ်နေရေးနှင့် သားသမီးများ ကျောင်းစရိတ်မှန်မှန် ဖြေရှင်းနိုင်ရေးအတွက် ယမ်းထွန်းကြီးသည် ဘောနပ်(စ်)များများရဖို့၊ တန်စားပေးစားရဖို့၊ အိုတီများများရဖို့ အမြဲစိတ်ကူးနေလိမ့်မည်။
ကျွန်တော်သည် အမှတ်မထင်ပင် ယမ်းထွန်းကြီးတို့ ဘဝကို နက်နက်ရှိုင်းရှိုင်း တွေးနေမိသည်။
တစ်ခါတစ်ရံယမ်းထွန်းကြီးသည် ကျွန်တော်တို့ ငယ်သားများအလယ်၌ ထိုင်ကာ ]ငါကွာ. . ဒီလောက်ပင်ပင်ပန်းပန်းလုပ်ရ တာတောင်အလျဉ်ကမမီချင်ဘူး။ ဘာဖြစ်လို့များလောက်လောက်ငငမဖြစ်ရသလဲနော်။ အေးလေ. . . ဖြစ်သမျှအကြောင်း အကောင်း ချည်းပေါ့ကွာ}ဟူ၍ညည်းညူတတ်သည်။ စင်စစ်ယမ်းထွန်းကြီးလိုပင် ကျွန်တော်နှင့် အခြားအခြားသော မိုင်းသမားများ၏ ဘဝများမှာ အတူတူနှင့် အနူနူချည်းသာ။ ကျွန်တော်သည် ရင်နင့်စရာစကားကြားရသည့်အခါတိုင်း ယမ်းထွန်းကြီး၏ ပြောစကားမှာ နားထဲ၌ ကြားယောင်နေမိပြန်သည်။
]တို့မိုင်းအလုပ်သမားတွေ အကြောင်းရေးစမ်းပါကွာ}
ယခုအခါတွင်ကျွန်တော်သည် ယမ်းထွန်းကြီးစတုတ်ထဲ၌ မဟုတ်တော့။ သူ့ငယ်သားတစ်ယောက်ခွင့်ယူထားရက်၌ စပယ်ရာ လိုက်နေရသော ကျွန်တော်သည် ယမ်းထွန်းကြီးတို့အဖွဲ့၌ ခေတ္တလိုက်နေရခြင်းဖြစ်ရာယခု ၎င်းငယ်သားလည်းအလုပ်ပြန်ဆင်းလာပြီဖြစ်  သောကြောင့် ကျွန်တော်လည်း အခြား]စတုတ်}ထဲ၌ ပြောင်းလိုက်ရသည်။ လုပ်ကွက်နေရာချင်းဝေးသွားခဲ့ပြီဖြစ်သော်လည်း လူချင်းက တော့ ရင်းနှီးခင်မင်နေဆဲပင်။ အထူးသဖြင့် သူကျွန်တော့်ကို အရေးခိုင်းနေသော မိုင်းဝတ္တုကိုကား ရေးဖြစ်အောင်ရေးဖို့ ကျွန်တော် ကြိုးစားနေဆဲပင်။

မိုင်းထဲ၌ ယမ်းထွန်းကြီးကို စိတ်ထက်သန်စွာ ပြောခဲ့သော်လည်း တကယ်တမ်း၌ ကျွန်တော်ချမရေးနိုင်။ ကျွန်တော် ကားမိုင်းထဲ၌ ပင်ပန်းတကြီး အလုပ်လုပ်ပြီး အိမ်ပြန်လာသောအခါ အားအင်တွေကုန်ခမ်းလာကာ ဘာဆိုဘာမျှ မတွေးတောနိုင်၊ မရေးနိုင်၊ မဖတ်နိုင်။ ကျပ်ခိုးတွေသီးနေသော မွမ်းကျပ်အိုက်လှောင်နေသော ဆယ်ပေအခန်းကျဉ်းထဲ၌ ခြေပစ်လက်ပစ်အိပ်ပစ်လိုက် သည်ကများသည်။
အလုပ်တအား ပင်ပန်းလာသည့်နေ့ဆိုလျှင် အမေသည် ကျွန်တော့်အနီး၌ ထိုင်ကာ အမောပြေစကားပြောတတ်သည်။
]သားရယ်. .  . အောင်စာရင်းမထွက်ခင်ပဲ ပင်ပင်ပန်းပန်းလုပ်ရမှာပါ။ သားလဲဒီနှစ်ဆယ်တန်းအောင်မှာပါကွယ်။ အင်း. . . မင်းအဖေသာအခုလိုမဖြစ်ရင်သားလေးပင်ပန်းမှာ မဟုတ်ပါဘူး}
တကယ်တော့ အမေသည် ကျွန်တော့်ကို အားပေးစကားပြောနေခြင်းဖြစ်သည်။ အကယ်၍ ဆယ်တန်းအောင်ခဲ့လျှင် မြေပေါ်ရုံးတစ်ရုံး၌ စာရေးလေးအဖြစ် သက်တောင့်သက်သာလုပ်ခိုင်းရန် စိတ်ကူးထားဟန်ရှိသည်။ ကျွန်တော်ကား စာမေးပွဲအောင် သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ ဘဝကို ရဲရဲဝံ့ဝံ့ ရုန်းကန်ဖို့ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ထားပြီးဖြစ်သည်။ အမေကျွန်တော့်ကိုနှစ်သိမ့် အားပေးစကားပြောနေချိန်တွင် အမေ့အသံသည် အက်ကွဲတုန်ခါနေသည်။ ကျွန်တော်သည် အမေ့အသံမဆုံးခင်မှာပင် အခန်းကျဉ်းထဲမှ ခုတင်ပေါ် တွင်လဲလျောင်းနေသော အဖေ့ကိုလှမ်းကြည့်မိသည်။
အဖေသည်ယခုအခါ၌ ဒုက္ခိတဘ၀ရောက်နေရပြီ။ ခုဆိုလျှင် အဖေ့နားတွင် အမေသည် အမြဲတစေ ပြုစုနေရပြီ။ ထူပေး ထောင်ပေးလှဲပေးရသည်အထိ ပြုစုနေရပြီ။
]ငါ့သားကို ပညာတတ်တစ်ယောက်ဖြစ်အောင် အဖေကျောင်းထားမယ်}
မိုင်းထဲ၌ သန်သန်မာမာလုပ်ကိုင်နိုင်စဉ်က အဖေပြောခဲ့သောစကားစုမှာ ယခုအခါ၌ ဘယ်ဆီလွင့်ပျောက်ကုန်ပြီ မသိတော့နိုင်။ အမေနှင့်အဖေသည်တစ်ဦးတည်းသောသားကျွန်တော့်ကို ချစ်ကြသည်။သို့သော်ကျွန်တော်(၁၀)တန်းရောက်သောနှစ်မှာပင် အဖေသည် ရုတ်တရက်လေဖြတ်ကာ အိပ်ရာထဲ၌ ဘုန်းဘုန်းလဲရရှာတော့သည်။ ခန္ဓာကိုယ်မှာ ဘာမျှလှုပ်ရှားမရတော့။
ကျွန်တော်လည်း ပညာတစ်ပိုင်းတစ်စနှင့်ပင်အလုပ်ဝင်လုပ်လိုက်ရသည်။ ဒုက္ခိတဖြစ်နေသော အဖေနှင့် အမေတို့ကိုလုပ်ကိုင် ကျွေးမွေးရန် တာဝန်ဖြစ်လာပြီ။ ယခုတော့ကျွန်တော်သည် မိုင်းအလုပ်ကြမ်းသမားလေးဘ၀နှင့်ပင် အလုပ်ကို ပင်ပန်းကြီးစွာလုပ်နေ ရင်းပြင်ပမှ (၁၀)တန်းစာမေးပွဲဆက်ဖြေနေရသော အလုပ်သမားကျောင်းသားလေးဖြစ်နေရချေပြီတကား။
ယမ်းထွန်းကြီးသည် ကျွန်တော့်အဖေနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဘူးသည်။ ယခုလို အဖေဒုက္ခိတဘ၀ရောက်နေစဉ်၌ ကျွန်တော့်ကို သူ့]စတုတ်}ထဲတွေ့လိုက်ရသောအခါ ကျွန်တော့်အပေါ် သနားကရုဏာပိုနေမိတော့သည်။ သည့်ထက်ပို၍ ကျွန်တော့်ကို ရင်းနှီးသည်မှာ တောင်ကြားသတ္တုတွင်းမြို့မှ စာပေဝါသနာရှင်များအဖွဲ့၏ တစ်လတစ်ကြိမ်ထွက်နေသော (ရွက်နု)နံရံကပ်စာစောင်၌ ကျွန်တော်၏ ]အခန်းနံပါတ် ၁၂၃}ဆိုသော ဝတ္တုတိုလေးဖော်ပြခံရခြင်းကြောင့်ဖြစ်သည်။
တောင်ကြားသတ္တုတွင်းမြို့၌ရွက်နုနံရံကပ်တွင် မိုင်းအလုပ်သမားဘဝအကြောင်း ထင်ဟပ်နေတတ်သည်။ ကြွေးပတ်လည်ဝိုင်း ကာ တစ်လနှင့်တစ်လအလျင်မီအောင် ကြိုးစားနေရသော အလုပ်သမားများအကြောင်း။ ပိန်းပိတ်အောင်နက်မှောင်သည့် မြေအောက်၌ အသက်ရှုမဝသည့်အလုပ်သမားများအကြောင်း။ နမ့်ပန်ယွန်းချောင်းနံဘေးမှညည်းညူစွာ အသက်ရှုနေရသည့် အလုပ်သမားများ အကြောင်း။ ဤအကြောင်းပေါင်းများစွာထဲ၌ ကျွန်တော်၏ ]အခန်းနံပါတ် ၁၂၃}ဝတ္တုတိုတစ်ပုဒ်က လှလှပပဖော်ပြ ထားခြင်းခံရသည်။ ဤဝတ္တုတိုလေး၌ ကြိုးချင်းထား၍ကြိုးချင်းငြိကြရပုံတွေ။ အိုးချင်းထား၍အိုးချင်းထိကြရပုံတွေ။အခန်းချင်းနီးကပ် ကျပ်ညပ်လွန်း၍ စိတ်ဖောက်ပြန်ကြရပုံတွေကို ဖွဲ့ကာနွဲ့ကာရေးခြယ်ထားခြင်းဖြစ်သည်။  ဤဝတ္တုနံရံကပ်၌ ဖော်ပြခံရခြင်းသည် ကျွန်တော့် ကို အလုပ်သမားများက တလေးတစားဆက်ဆံလာကြသည်။ ရင်းနှီးမှုကျယ်ပြန့်လာခဲ့သည်။
သည်အထဲ၌ ယမ်းထွန်းကြီးသည် ထိုဝတ္တုကို သဘောကျနေသူဖြစ်ရာ သူ့ ]စတုတ်}ထဲကျွန်တော်ရောက်သွားသောအခါ ပို၍ ရင်းနှီးနေတော့သည်။ ကျွန်တော့်လိုနံရံကပ်ရေးနေသည့် ကလောင်လက်သင်တစ်ယောက်ကို ယမ်းထွန်းကြီးက အထင်တကြီးဖြစ်နေ သောအခါ ကျွန်တော်ပြုံးနေရသည်။ ပုံနှိပ်စာလုံးဖြင့် ဖော်ပြမခံရ၍ ကျွန်တော်တို့အပေါ်အထင်သေးသူများအကြား၌ ယမ်းထွန်းကြီးတို့ လိုအလုပ်သမားများက အသိအမှတ်ပြု လာကြသောအခါ ဖန်တီးရကျိုးနပ်သည်ဟု ရင်၌ တမြေ့မြေ့ခံစားနေရသည်။ ထို့ကြောင့် လည်းမိုင်းအလုပ်သမားများအကြောင်း ပီပီပြင်ပြင်ရေးရန် ယမ်းထွန်းကြီး တိုက်တွန်းမှုကို ကျွန်တော်လိုလားစွာ လက်ခံခဲ့ရသည် မဟုတ်လား။
ကျွန်တော်သည်အားလပ်သည့် အချိန်များ၌ ယမ်းထွန်းကြီးအခန်းသို့ မကြာမဏအလည်သွားတတ်သည်။ သူသည် အားလပ် ချိန်အချို့၌ စာဖတ်သည်။ မျက်စိအားနည်းနေပြီဖြစ်သော်လည်းကြိုးစား၍ စာဖတ်သည်။ ကျွန်တော်သည် သူနှစ်သက်လောက်မည့် စာအုပ်များ ကို ပေးဖတ်သည်။ ကြိုက်သည်လည်းရှိ၊ မကြိုက်သည်လည်းရှိ။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က တောင်ကြားသတ္တုတွင်းမြို့၌ စာပေဟောပြောပွဲလာသည့် စာရေးဆရာများထဲမှ တောင်ကြားသတ္တုတွင်းမြို့ အကြောင်းရေးသားထားသည့်ဝတ္တုကို ယမ်းထွန်းကြီးအားပေးဖတ်မိသည်။ ကိုယ့်မြို့အကြောင်းရေးထားသည် ဆိုတော့ သူလည်းပို၍စိတ်ဝင်စားနေသည်။ ထို့ကြောင့်သူသည် ခပ်မြန်မြန်ဖတ်လိုက်မည်ဟု ကျွန်တော့်ကိုပြောကာ ]တုန်ပဲ}ချောင်းသို့ ထင်းထမ်းမသွားပဲ တစ်နေ့တည်းနှင့် အပြီးဖတ်လိုက်သည်။ နောက်ဆုံးတွင် ယမ်းထွန်းကြီးသည် ဝတ္တုစာအုပ်ကို ကျွန်တော့်လက်ထဲ ပစ်ထည့်ရင်း. . . .
]အလကားဝတ္တုပါကွာ။ တောင်ကြားသတ္တုတွင်းမြို့ကို ခဏတဖြုတ်လာပြီး ပြီးစလွယ်ရေးသွားတယ်။ သိပ်ပြီးအပေါ်ယံဆန် တယ်။ အနုပညာဝါသနာပါတဲ့မိုင်းလုပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့လုပ်သားကြေးမုံဇာတ်ကို ဟိုးကမ္ဘေကမ္ဘာကနာမည်ကြီးခဲ့တဲ့ မြို့တော်သိန်းအောင်ဇာတ်နဲ့ယှဉ်ထားသေးတယ်။ အလကား]ရုပ်တမ်း}ထားတယ်။ တို့ရေးစေချင်တာက အဲလိုမျိုးအပေါ်ယံဆန်တာမျိုးမ ဟုတ်ဘူး။ အပေါ်ယံအမြင်မဟုတ်ဘူး။ မိုင်းထဲမှာ အလုပ်သမားတွေ ပင်ပင်ပန်းပန်းလုပ်ကြရတာတွေ၊ ချွေးစက်တွေထွက်အောင် အလုပ်လုပ်ကြရတာတွေ}
သူ၏စကားသံမှာ မထင်မှတ်ဘဲတင်းမာနေသည်။ ဒေါသသံလွှမ်းနေသည်။ အပေါ်ယံဆန်သော စာရေးဆရာများကို ဘဝင်ကျဟန်မတူ။ ရင်ထဲ၌ ကြိတ်မနိုင်ခဲမရဖြစ်နေဟန်တူသည်။ သူသည် စိန်တွေ၊ ရွှေတွေ ပြိုးပြိုးပြက်ပြက်ဝတ်ဆင်ပြီး စင်မြင့် ပေါ်၌ ဟောပြောသွားသည့် စာရေးဆရာမကြီး၏ တောင်ကြားသတ္တုတွင်းမြို့နောက်ခံဝတ္တုကြီးကို သုံးသပ်တင်ပြနေသည်။ သူ့စကား ကို နားထောင်နေစဉ် ကျွန်တော်သည် ဗန်းမော်တင်အောင်လို ]ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည်နည်း} ဟူသော စကားကို ပြန်ပြောရမလို ဖြစ်နေသည်။ နောက်ဆုံး၌ ကျွန်တော့်ကို. . . .
]မင်းတို့ကဒီအကြောင်းတွေဖွင့်ချပြရမယ်။ တို့ဘဝအဖြစ်မှန်တွေကို ရေးပြရမယ်} ဟူ၍ ပြောကာ ကျွန်တော့်ကို ပြုံးဖြီးဖြီး နှင့် ကြည့်နေတော့သည်။
ယခုဆိုလျှင် ကျွန်တော်သည်လည်း ယမ်းထွန်းကြီး အခန်းသို့မရောက်သည်မှာ ကြာပြီ။ သို့သော်လည်းသူအရေးခိုင်း နေသည့် ဝတ္တုတိုလေးကိုကား သည်ကနေ့နားသည့်ရက်၌ အပြီးသတ်အောင်ရေးလိုက်သည်။ နဂိုကတည်းက ရင်ထဲ၌ ခံစားနေမိရာ ယခုလက်တွေ့ချရေးသောအခါ ချေမောပြေပြစ်နေတော့သည်။
ဝတ္တုခေါင်းစဉ်ကို ]ချွေး}ဟူ၍ ပေးလိုက်သည်။ ဇနီးသားသမီးအတွက် ကျရသည့် ဇောချွေး၊ အသက်ရှူမ၀၍ အိုက်စပ်ပူ လောင်သဖြင့် ထွက်လာရသောချွေး၊ ပင်ပန်းနွမ်းနွယ်မှုကြောင့် ခန္ဓာကိုယ်မှ အန်ထွက်လာရသောချွေး။ဤချွေးစက်ပေါင်းများစွာသည် ပိန်းပိတ်အောက်နက်မှောင်သောမြေအောက်မိုင်းထဲ၌ အခါခါကျသဖြင့် ငွေပွင့်ကလေးတွေထွက်လာရကြောင်း၊ ဤချွေးစက်ကလေးများမှ ရသော ငွေပွင့်ကလေးများသည် လုပ်အား၏ရလဒ်ဖြစ်ကြောင်း၊ သို့သော် မိုင်းထဲ၌ သံသရာလည်နေသော ချွေးစက်ကလေးများကဲ့သို့ မိုင်းအလုပ်သမားများ၏ ဘဝများစွာသည်လည်း လုံးချာလည်လိုက်နေကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကျွန်တော်သည် ဆည်းဆာနုကုန်ဆုံးစအချိန်၌ ဝတ္တုတိုကို အဆုံးသတ်လိုက်သည်။ ကျွန်တော့်မှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသည့်နှယ် ရင်ထဲ၌ ပေါ့ပါးလန်းဆန်းသွားသည်။

ကျွန်တော်သည် လမ်းလျှောက်ရင်း အတွေးတွေပျံ့လွင့်နေခဲ့သည်။ ကျွန်တော်လည်း လမ်းမကြီးပေါ်မှ ဖဲ့ဆင်းကာ ယမ်းထွန်းကြီး နေသည့် တန်းလျားဆီသို့ ခြေဦးလှည့်လိုက်သည်။ အမှောင်ထုသည် တစတစသိပ်သည်းလာနေပြီ။ လမ်းဓာတ်မီးတိုင် များမှာ စိတ်မပါတော့သလို မှိန်ပျပျသာ လင်းလက်နေလျက်။ ယခုတစ်ပတ်၌ယမ်းထွန်းကြီး နေ့လယ်နှစ်နာရီဆင်းဖြစ်၍ ည(၁၀)နာရီ အထိသူ့ကိုစောင့်ရင်း သူ့ဇနီးဒေါ်မြခင်နှင့်စကားလက်ဆုံကျကာအချိန်ဖြုန်းရမည်။ အရင့်အရင်သွားလည်စဉ်ကလည်း တစ်ခါတစ်ရံ ညဉ့်နက်သန်းခေါင်နေဖူးသည်ပင်။
ကျွန်တော်သည် အညစ်အကြေးများ၊ အမှိုက်ပုံများကြားမှ ဖြတ်သန်းလာရသဖြင့် ဆိုးဆိုးရွားရွား အနံ့အသက်များက နှာဝသို့ ဝင်လာသည်။ ကျွန်တော်သည် ပြွတ်သိပ်ကျပ်တည်းလှသော အလုပ်သမားတန်းလျားများဆီသို့ ဦးတည်လျှောက်နေရာမှ ယမ်းထွန်းကြီး အခန်းကျဉ်းဆီသို့ ခပ်သွက်သွက်လှမ်းနေတော့သည်။
ထိုခဏ၌ စူးရှသောအသံနှင့်အတူ အော်ကြီးဟစ်ကျယ်ငိုယိုနေသော အသံများသည် ကျွန်တော့်နားထဲအတင်းပြေးဝင်လာ နေသည်။
]အမလေးကိုထွန်းရဲ့။ ကိုယ်ကျိုးနည်းကုန်ပါပြီတော့။ကျုပ်တို့ကို ပစ်ထားခဲ့တော့မှာလား}
စီခနဲအော်ငိုလိုက်သံသည် အမှောင်ဖုံးစပြုနေသော ရပ်ကွက်တစ်ခုလုံးကို လွှမ်းသွားသည် ထင်ရသည်။ ကျွန်တော်၏ ခြေလှမ်းများမှာ တုံ့ခနဲရပ်သွားသည်။ ကျွန်တော့် နားထဲ၌ ဝေဝေဝါးဝါးအသံများကြားထဲ၌]ကိုထွန်းရဲ့}ဆိုသော အသံကို ကောင်း ကောင်းကြားလိုက်မိသည်။ ကိုထွန်း၊ ဘယ်ကကိုထွန်းလဲ။ ငါတို့ယမ်းထွန်းကြီး ဦးထွန်းကို ပြောတာလား။ ကျွန်တော့်ခေါင်းထဲ၌ လားပေါင်းများစွာထပ်နေပြီ။
]အဖြစ်ဆိုးလှချေလား။ ကျုပ်တို့ကို တစ်ပါတည်းခေါ်သွားပါတော့လား ကိုထွန်းရဲ့ ဟီး. . . ဟီး. . }
ကျွန်တော်သည် လက်ထဲ၌ ကိုင်လာသော ]ချွေး}ဝတ္တုတိုကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်ကာ ယမ်းထွန်းကြီး အခန်းသို့ အပြေး သွားမိသည်။ ဟင်. . .  ဒေါ်မြခင်ငိုနေတာပါလား။ ကလေးတွေလည်းငိုလို့ယိုလို့။
အခန်းရှေ့၌ လူတွေဝိုင်းအုံနေသည်။ ဒေါ်မြခင်ကို ချော့မော့နေသူတွေ၊ ကလေးတွေကိုထိန်းပေးနေသူတွေနှင့် ဆူညံပွက်လော ရိုက်နေသည်။ တဒင်္ဂ၌ ငရဲပွက်နေသည်သည့်အလား ထင်ရသည်။ ကျွန်တော်လည်း လူအုပ်ကြားထဲ တိုးဝင်ကာ ဒေါ်မြခင်ဆီ အတင်းပြေးသွားသည်။
]ဘယ်လိုဖြစ်တာလဲ ဒေါ်လေး၊ ကျွန်တော့်ကိုပြောပါဦး}
ငိုကြွေးလွန်းအားကြီး၍ ဒေါ်မြခင်မျက်နှာမှာ မို့နေသည်။ မျက်လုံးမှာလည်း နီရဲနေသည်။ ပြီးတော့ ကျွန်တော့်ကို လှည့်ကြည်ကာ . . . . .
]မင်းယမ်းထွန်းကြီး ကိုထွန်းလေ. . .  ဆုံးပေါ့ ဆုံးပေါ့}
]ဟင်. . . ယမ်းထွန်းကြီးဆုံးပြီ၊ ဘယ်လိုဖြစ်တာလဲ}
]ဘာဖြစ်ရမလဲ မိုင်းထဲမှာ မြေပိလို့လေ။ အမယ်လေးကိုထွန်းရဲ့ အဖြစ်ဆိုးလှချည်ရဲ့}
ဒေါ်မြခင်သည် ငိုကြွေးရင်းတက်သွားပြန်သည်။ အမျိုးသမီးများကခြေထောက်တွေကို လှန်ချိုးပေးနေသည်။ ခဏအကြာတွင် မှသတိပြန်လည်လာသည်။ ကလေးများမှာလည်း ဆာလောင်နေသလားမသိ။ တဟီးဟီးငိုယိုနေဆဲပင်။ လူအုပ်ကြီးကို အကဲခတ်မိ သောအခါ သူတို့အားလုံး၏ မျက်နှာများမှာ စိတ်မကောင်းသည့် အမူအရာလွှမ်းနေသည်။ ရပ်ကွက်ထဲမှ ဘဝတူအလုပ်သမားတွေက ဝိုင်းဝန်းဖျောင်းဖျနေကြသည်။ ထိုစဉ်လူအုပ်ကြီးကို အတင်းတိုးဝှေ့ဝင်လာသူ လူတစ်ယောက်သည် ဒေါ်မြခင်အနီးသို့ အပြေးအလွှား သွားကာ ဗလုံးဗထွေးနှင့် စကားအချို့ကို ပြောလိုက်သည်။ ထိုလူ၏စကားသံကြောင့် လူအုပ်ကြီးသည် တဒင်္ဂအတွင်း ငြိမ်သက်သွား လေသည်။
]ဟဲ့မြခင် ငထွန်းမသေဘူးဟ။ မိုင်းထဲမှာ အသက်ကယ်ဆယ်ရေးတွေက ပြောလို့သိခဲ့ရတာ။ အထဲမှာ မြေကြီးပိတ်မိနေ တာပါ။ အခု ငထွန်းပိတ်မိနေတဲ့နေရာကို မိုင်းချုပ်တို့၊ဒုမိုင်းချုပ်တို့၊ မိုင်းဖိုမင်တို့၊ အင်ဂျင်နီယာတို့၊ ရှစ်ဘော့တို့လဲရောက်နေပြီ။ ဆေးရုံက ဆရာဝန်ကြီးဒေါက်တာချစ်ခိုင်လဲရောက်လို့ ပိတ်မိနေတဲ့ ငထွန်းဘက်ကို ရေနဲ့ နွားနို့တွေကို ပိုက်နဲ့ဆက်ချပေးနေတယ်။ အခု စပယ်ရှယ် ယမ်းထွန်းကြီးတွေနဲ့ ပိတ်မိနေတဲ့မြေကြီးတွေကို အမြန်ဆုံးဖယ်ထုတ်ပေးနေတယ်ဟ}
]ကျုပ်ကိုလိမ်ပြောနေတာပဲမို့လား၊ ကျုပ်မယုံဘူးတော့}
]ဟ ငါ့နားနဲ့ဆတ်ဆတ်ကြားလာခဲ့ရတာပါ။ ငထွန်းလုံးဝမသေပါဘူး}
ကျွန်တော်သည် ဆူဆူညံညံ အော်ဟစ်ငိုယိုသံ၊ တစ်ယောက်တစ်ပေါက်စကားပြောနေသံ၊ ခွေးဟောင်သံကြားထဲ၌ ရပ်နေမိသော်လည်း စိတ်သည်ယမ်းထွန်းကြီးဆီရောက်နေသည်။ ကျွန်တော်သည် အသားမည်းမည်းနှင့် ပြုံး၍ နှုတ်ဆက်တတ်သော ယမ်းထွန်းကြီး မျက်နှာကိုမြင်ယောင်နေမိသည်။
တစ်ဆက်တည်းမှာပင် သူ့ကိုပေးဖတ်ဖို့ယူလာခဲ့သော ဝတ္တုတို၏ အမည်ကို သတိရလိုက်သည်။ ခေါင်းစီးက]ချွေး}။
ထိုခဏ၌ ဒေါ်မြခင်၏ တရှိုက်ရှိုက်ငိုရင်းပြောလိုက်သော စကားကြောင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးနှလုံးခုန်နှုန်းတွေ ရပ် သွားသလားခံစားလိုက်ရသည်။
]ကိုထွန်းရဲ့ တော်သာမရှိရင်တော့ တော့်ကလေးတွေနဲ့ကျူပ်တို့ ဘယ်မှာနေပြီး ဘာစားကြရမလဲ မသိဘူးနော်။ ကျုပ်မတွေး ဝံ့ဘူး}
ဟုတ်ပါသည်။ အကယ်၍ ယမ်းထွန်းကြီးသာ မရှိခဲ့လျှင် ဒေါ်မြခင်တို့မိသားစု၏ ရှေ့ရေးမှာ ရင်မအေးနိုင်စရာဖြစ်နိုင်ပါ သည်။ ယခုတော့ . . . .

ယခုတော့ဆေးရုံပေါ်၌ မိန်းမောနေသည့် ယမ်းထွန်းကြီးကို ဒေါ်မြခင်က ဝမ်းသာသော ရင်ခုန်မှုဖြင့် မျက်တောင်မခတ်ဘဲ စူးစူးနစ်နစ် ကြည့်နေသည်။
ကျွန်တော်သည် ယမ်းထွန်းကြီးအား ပေးဖတ်ရန် ]ချွေး}ဝတ္တုတိုကို ကိုင်ရင်းစောင့်နေမိလေသည်။

(၂၀၀၀ပြည့်နှစ်၊ ဩဂုတ်လ၊ န၀ဒေးရသစုံ  စာပေမဂ္ဂဇင်း အမှတ် ၈)