Sunday, November 26, 2017

မူးတဲ့ည
ဆင်တဲဝမြတ်မင်း
(Unicode Font)
(၂၀ဝ၁ခုနှစ်၊ မေလ နဝဒေးရသစုံစာပေမဂ္ဂဇင်း အမှတ် ၁၇)




]ဒေါ်လာသွားစားတော့မယ့် ဖိုးကျော်က နှုတ်ဆက်ဂုဏ်ပြုပွဲကျင်းပပြီးဆပ်ပလိုင်း လုပ်တဲ့အတွက် ဖိုးကျော်ကြီး နောက်တစ် ကျော့လဲ ဒေါ်လာစားပါပါစေဗျား၊ ချီးယားစ်. . . .  ချီးယားစ်}
ကြည်ဆန်းစကားသံဆုံးဆုံးချင်း၊ ဖန်ခွက်လေးလုံး တိုက်သံနှင့် အော်ဟစ်သံများက ကလပ်ထဲ ဆူညံသွားသည်။ ဘိလိယက်ထိုးနေသည့် ဦးခင်ဆောင်နှင့် ကျော်မင်းဦး၊ ကလပ်ဘေး မြက်ခင်းပြင်၌ အရက်ဝိုင်းဖွဲ့နေသူများကတောင် လှမ်းကြည့် လိုက်သေး။ စောစောက တင်းနစ်ရိုက်နေသည့် ဦးအေးဟန်နှင့် ကိုချစ်တို့အဖွဲ့၊ ဘိုးလ်လိန်းလှိမ့်နေသော ဦးတင်အေးနှင့်အဖွဲ့၊ ပင် ပေါင်ရိုက်နေသော ချာတိတ်ကလေးတွေအဖွဲ့မရှိကြတော့လို့ ရှိလျှင်ဘာတွေများဖြစ်နေကြတာလဲဆိုပြီး ဆူညံနေသော အရက်ဝိုင်းဆီသို့ အပြေးအလွှားလာကြည့်ကြဦးမည်လားမသိ။
]ချီးယားစ်}လုပ်သည့်အကြိမ်က ဒါပထမဆုံးအကြိမ်မဟုတ်။ ညနေရုံးပြန်ကတည်းကလုပ်တာ ခု ရှစ်နာရီတောင်ကျော်ပြီဆို တော့ ဘယ်နှစ်ကြိမ်မှန်းမသိတော့။ မန်စံကထွက်သည့်ငြိမ်းချမ်းရေးအရက်နှစ်လုံးနှင့် အာမီရမ်တစ်လုံးကုန်သွားပြီ။ ကလပ်ဘားဘွိုင် ကိုစိန်ဌေးလက်ရာ ဆူးပုတ်ကြီးနှင့် ဆန်လှော်တို့ဖြင့် ရောကျိုထားသော ခရုဟင်းချိုကပင် ငါးပွဲ၊ အမဲအူပြုတ်ကသုံးပွဲ၊ ပဲပြားကြော်က ဆယ့်တစ်ထုပ်၊ မုန်ညင်းချဉ်က နှစ်ပန်းကန်. . . ပြောင်သလင်းခါနေပြီ။ စားပွဲပေါ်မှာ လန်ဒန် ၂ ဘူးနှင့် ဂက်စ်မီးခြစ်အစိမ်းပဲ ကျန်တော့သည်။
]ဟေ့. . .  ဘားဘွိုင်လေး ကိုစိန်ဌေး၊ နောက်ထပ်ခရုဟင်းချိုတစ်ပွဲ၊ ဘယ်နှစ်ယောက်. . .  . နက်ဖန်ဒေါ်လာစားသွား မှာ ဘယ်နှစ်ယောက်လဲ . . . ဖိုးကျော် အေ့}
အရက်ကလေး တစ်ပက်လောက်ဝင်လျှင် စကားအခွန်းတစ်ရာလောက်ပြောသည့် ကိုခင်ငြိမ်းမှာ ယခု. . .  လေးယောက် သုံးလုံးပင်ကုန်သွားပြီဆိုတော့ မြင်းအီးပေါက်တာက အရှုံးပေးရလောက်သည်။ စကားလုံးတွေက ထပ်နေပြီ။ ဒေါ်လာစား ဘယ်နှစ် ယောက်သွားမှာလဲဆိုသည့် မေးခွန်းကို စောစောကပင် မေးပြီးပြီ။
မနက်ဖြန်မနက် ကျွန်တော်တို့အဖွဲ့ သွားရမည်ဆိုတာလည်း သူသိသည်။ ဘူမိဗေဒအရာရှိကြီး ဦးကျော်ဆွေကလွဲလျှင် အဖွဲ့ခေါင်းဆောင် ဘူမိဗေဒအရာရှိ ဦးတင့်လွင်၊ လက်ထောက် ဘူမိ-၅ဦးဖြစ်သည့် ကိုခင်မောင်ဦး၊ ကိုမိုးထွန်း၊ ကိုချန္ဒရာ၊ ကိုစောထင်လင်း၊ကိုတင်သန်း၊ ပုံဆွဲဦးပြုံး၊ ကွင်းဆင်းအကူများဖြစ်သည့် ကိုဆန်းညွန့်၊ မွှေးပျံ့၊ ကျွန်တော်(ဘော်တွင်းရှိ ဘူမိဗေဒဌာန မှဝန်ထမ်းများ) စုစုပေါင်း ကိုးယောက်ဆိုတာလည်းသူသိသည်။ မန္တလေးမိုင်းနင်းကုမ္ပဏီမှ နိုင်ငံခြားသားများနှင့် မဟိုးချောင်းဧရိယာ သို့ သတ္တုသိုက်ပမာဏ မည်မျှရှိသည်ကို လေ့လာစမ်းသပ်ဖို့ သွားမယ်ဆိုတာကိုလည်း သူသိသည်။
]နက်ဖန်သွားဖို့တော့ သေချာပြီပေါ့}
လန်ဒန်စီးကရက်ခဲရင်း လက်ထဲမှာ အရက်ခွက် ကိုင်ထားသော စာကလေးကမေးနေသည်။ နာမည်ရင်းက ထိန်လင်းဖြစ် သော်လည်း လူကပုပုညက်ညက် မည်းမည်းလေးမို့ သူ့ကို တစ်ရုံးလုံးက ]စာကလေး}ဟုခေါ်ကြသည်။
]သေချာတာပေါ့။ မနေ့ကပဲ မိုင်းချုပ်ရုံးကနေ ရန်ကုန်ရုံးချုပ်ကို ကြေးနန်းရိုက်လိုက်ပြီ}
ကျွန်တော်လည်း ဖန်ခွက်လက်ကျန်မော့လိုက်ပြီး ပြန်ပြောလိုက်သည်။ အစောကတည်းက သတင်းတွေ ထွက်နေတော့ သတင်းအမှန်ဆုံးရနိုင်မည့်သူများထံ ချဉ်းကပ်ရသည်။ ဘော်တွင်းကို နိုင်ငံခြားသားတွေ လာတော့မတဲ့။ မြေအောက်မိုင်းနဲ့ မြေပေါ်ဟင်းလင်းဖွင့် မိုင်းတွေကို လေ့လာတော့မယ်တဲ့။ သံခမောက်တောင်ရှိ မဟိုးချောင်းဒေသကို ဘူမိဗေဒအဖွဲ့သွားရမယ်တဲ့...။ ကြားရတဲ့သတင်းတွေထဲမှာ ဘူမိအဖွဲ့ပါမည့်အကြောင်း ကြားရတော့ ရင်တောင်ခုန်သွားသည်။ အဲသည့်အထဲမှာ မိမိပါနိုင်ပါ့မလား။ ဘယ်သူတွေပါမှာပါလိမ့်။ ကျွန်တော်တို့ အရမ်းသိချင်သည်။
နောက်ဆုံး၌ ဒီသတင်းတွေသိရဖို့ မိုင်းချုပ်ရုံးမှ စာရေးတွေဆီ ချဉ်းကပ်ရသည်။ သူတို့ကလည်း တဲ့တိုးကြီးတော့မပြော။ အရိပ်အြွမက်မျှသာ။ သို့သော်သူတို့လှုပ်ရှားတာကြည့်ရုံနှင့် အကဲခတ်၍ ရသည်။ နိုင်ငံခြားသားများ တည်းခိုမည့် ဗွီအိုင်ပီဧည့်ရိပ်သာ သို့ သန့်ရှင်းရေး အမျိုးသမီးများ အထက်အဆင်းလုပ်နေလျှင်၊ နှစ်ထပ်ရိပ်သာက ထမင်းချက်သည့် စီကျန်းတို့လင်မယား ဒန်အိုး ဒန်ခွက် ပလိုင်းတောင်းကြီးဖြင့် အလုပ်များနေလျှင်၊ မိုင်းချုပ်ရုံးမှ စာရေးကိုကျော်သင်းနှင့် ကျော်တင့်တို့နှစ်ယောက် ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေ၊ ဘီယာဘူးတွေဧည့်ရိပ်သာသို့ သယ်သွားတာမြင်ရလျှင်၊ မန္တလေးမိုင်းနင်းကုမ္ပဏီက နိုင်ငံခြားသားတွေ မကြာမီ လာတော့မည်ဆိုတာကို ခန့်မှန်းနိုင်ပေသည်။
ယခုလည်း မနက်ဖြန် မဟိုးချောင်းဒေသသို့ ကျွန်တော်တို့အဖွဲ့ သွားရမည့် ကြေးနန်းမိတ္တူကို မိုင်းချုပ်ရုံးမှ ရုံးအကူမလေး ခင်ပို လာပို့၍ ဘူရှိကြီးထံ ကျွန်တော်ကိုယ်တိုင်ပို့ပေးရခြင်းကြောင့် တိတိကျကျသိလိုက်ရခြင်းဖြစ်ပေသည်။ ကြေးနန်းထဲ၌ ဆရာ ဦးတင့်လွင်က ဒေါ်လာငါးရာ့ငါးဆယ်၊ ကိုခင်မောင်ဦးနှင့် ကိုမိုးထွန်းက ဒေါ်လာ လေးရာ့ငါးဆယ်၊ ကိုချန္ဒရာနှင့် ကိုစောလင်းထင် က ဒေါ်လာ သုံးရာ့ငါးဆယ်၊ ကိုတင်သန်းနှင့် ဦးပြုံးက ဒေါ်လာ နှစ်ရာ့ငါးဆယ်၊ ကိုဆန်းညွန့်၊ မွှေးပျံ့နှင့် ကျွန်တော်တို့က ဒေါ်လာ တစ်ရာ့ငါးဆယ်။ ကျွန်တော်တို့ကအနည်းဆုံး။ သို့သော်. . . . .  လက်ရှိပေါက်ဈေးနှင့် တွက်ကြည့်လိုက်လျှင်. . .. .။ အလားလား။ နည်းတဲ့ငွေတွေမှတ်လို့။တွေးမိရင်း. . .  ရင်ထဲမှာ နွေးကနဲ...နွေးကနဲ။
မနေ့ကတော့ ဆရာဦးတင့်လွင်ရုံးထဲ၌ ပြောပြသဖြင့် ပိုပြီး ပြည့်ပြည့်စုံစုံသိရသည်။ မန္တလေးမိုင်းနင်းကုမ္ပဏီအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် မစ္စတာဟိုင်ဇင်လောင်း၊ သူ့လက်ထောက်မစ္စတာ ပီတာဆလိုက်နှင့် စခန်းတာဝန်ထံ ဦးထွန်းဆန်းတို့ ပါဝင်မည်ဖြစ် ကြောင်း၊ နမ္မတူမှ ကားဒရိုင်ဘာ ကိုစိုးသန်းနှင့် ထမင်းချက် ကိုကျင်လင်းတို့လည်း ပါလာမည်ဖြစ်ကြောင်း၊ မနက်ဖြန်မနက် ဘော် တွင်းဘူမိအဖွဲ့နှင့် နမ္မတူလိပ်ပြာတောင် ဧည့်ရိပ်သာမှာ ဆုံပြီးမှ မဟိုးချောင်းဖက်ကားဖြင့် ထွက်ကြမည်ဖြစ်ကြောင်း၊ မဟိုးချောင်း၌ လုံံခြုံရေးကိစ္စ၊ အကျိုးတူ ဖက်စပ်ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာဘက်မှ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကိစ္စ အဝ၀အတွက် နမ္မတူအထွေထွေမန်နေဂျားရုံးတွင် စည်းဝေးဦးမည်ဖြစ်ကြောင်း။
]ဟေ့ မောင်မောင်စိန်ဌေး၊ နောက်ထပ်ဒရိုင်းဂျင်တစ်လုံးနဲ့ အမဲအူပြုတ်တစ်ပွဲပေးဦးကွာ။ ဘယ်နှယ့်လဲဖိုးကျော်။ ငါမှာလိုက် ပြီနော်...}
ကိုခင်ငြိမ်းကမေးငေါ့၍ကျွန်တော့်ကို ပြောနေသည်။
]ချစမ်းပါဗျာ။ ဒီည ခင်ဗျားတို့အဝသောက်။ အဝစား။ တိုက်ဖို့ကျွေးဖို့ ခေါ်ထားတာပဲဗျာ။ စာကလေးချ။ ကြည်ဆန်း ဘာငိုင်နေတာလဲ၊ ရှင်းလိုက်စမ်းပါ လက်ကျန်. . . . }
ကျွန်တော့်စကားဆုံးတော့ ]ချီးယားစ်}လုပ်ကြပြန်သည်။ ကိုစိန်ဌေးကလည်း မှာသမျှ လာချပေးသည်။
]ဖိုးကျော်. . . . မင်းသိပ်ကံကောင်းတယ်။ မိုင်းထဲမှာ လိုက်ပြီး ဘော်နမူနာအိတ်ထမ်းရတာချင်းအတူတူ မင်းကဒေါ်လာ စားပါတယ်။ ငါ့လုပ်သက်၁၅ နှစ်ကျော်ပြီ။ မင်းလုပ်သက် ၁၀ နှစ်လောက်ပဲရှိသေးတယ်။ ဒီလိုမှန်းသိရင်. . .  .ငါတို့လဲ မြေတိုင်း ဌာနမှာ မလုပ်ဘဲ ဘူမိဗေဒဌာနဝင်ပါတယ်ကွာ. . . }
အမဲအူဟင်းဖတ်မြုံ့ရင်း စာကလေးကပြောနေတော့. . . ဖန်ခွက်ထဲ ဖြည်းဖြည်းချင်း အရက်ငှဲ့နေသော ကြည်ဆန်းကဝင် ပြောလိုက်သည်။
]မင်းက ခုမှမနာလိုဝန်တို ဖြစ်မနေနဲ့။ ပြီးခဲ့တဲ့လတုန်းက မငိးတို့မြေတိုင်းအဖွဲ့တွေ မိုးကုတ်နဲ့ဖားကန့် ကျောက်စိမ်းတွင်း တွေဆီ မြေတိုင်းလိုက်သွားတုန်းက လောပန်းတွေဆီက မြိုးမြိုးမြက်မြက်ရခဲ့တာလဲ ထည့်ပြောဦးမှပေါ့. . . }
]စာကလေးရာ အခုမှ ဖက်စပ်က အစပဲရှိသေးတာပါ။ ပဏာမရှာဖွေလေ့လာရေးကာလမှာတော့ ဘော်တွင်းတစ်တွင်းလုံး တော့ ဘယ်ပါနိုင်ပါ့မလဲ။ သူ့ဖီးလ်နဲ့ဆိုင်တဲ့သူတွေပဲပါဦးမှာပေါ့။ အဲ. . . အကျိုးတူဖက်စပ်ထုတ်လုပ်ရေးဖြစ်သွားပြီဆိုတဲ့အခါ ကျ တော့ မင်းတင်မကဘူး တစ်ဘော်တွင်းလုံးက အလုပ်သမားတွေအားလုံး ဒေါ်လာစားရမှာ သိလား.. . . }
ကျွန်တော်လည်းပြောပြီး ဒရိုင်းဂျင်တစ်ခွက်မော့လိုက်သည်။ မျက်လုံးတွေနီရဲနေပြီဖြစ်သော ကိုခင်ငြိမ်းကတော့ ခရုစုပ်လိုက်၊ အရက်မော့လိုက်၊အမဲအူပြုတ်မြုံ့လိုက်လုပ်နေရာမှ. . . .  .
]ဘာပဲဆိုဆို . . . ခုချိန်ဒေါ်လာစားပါတဲ့လူကတော့ ပွတာဲ။ ဝေးဝေးမကြည့်နဲ့ကွာ။ ကြေးနီမိုင်းအိုင်ဗင်ဟိုးကို ပါသွားတဲ့လူ တွေကြည့်ပါလား။ နေ့ချင်း ညချင်း. . . .}
ကိုခင်ငြိမ်းပြောတာမှန်သည်။ အမှတ်(၁)သတ္တုတွင်းလက်အောက်ရှိ မုံရွာကြေးနီမိုင်း၌ အကျိုးတူစီးပွားဖြစ်ထုတ်လုပ်နိုင်ရန် လေ့လာစမ်းသပ်နေသည့် အိုင်ဗင်ဟိုးကုမ္ပဏီသို့ ဘော်တွင်းမိုင်းမှအလုပ်သမားများ (၆)လတစ်ကြိမ်လူလဲ၍ လွှတ်ပေးရသည်။ စိန်လွန် တွင်းများတွင် ပိုက်ဆင် ပိုက်တပ်သည့် အလုပ်များလုပ်ရသည်။ စက်မှုဌာန၊ လျှပ်စစ်ဌာနနှင့် မြေပေါ်ဟင်းလင်းပွင့်ဌာနမှ လူများ အလှည့်ကျသွားရသည်။ တစ်သုတ်လျှင် ၅ယောက်လွှတ်ပြီး ၆ လပြည့်လျှင် လူလဲသည်။ တစ်လကို ဒေါ်လာ င်္င်္င်္င်္င်္.န.ဃ တစ်ရာ့ငါး ဆယ်ရသည်။
]တကယ်ပြောတာဖိုးကျော်။ မင်းဒေါ်လာစားပါတာ ထီပေါက်တာပဲ။ ထီပေါက်တာနဲ့အတူတူပဲ။သိလား. . . }
လန်ဒန်စီးကရက်ကို ဂက်စ်မီးခြစ်နဲ့မီးညှိနေရင်းစာကလေးက ပြောလိုက်သည်။ ဂက်စ်မီးရောင်ဖြင့် မှေးစင်းနေသော မျက် လုံးများကို မြင်လိုက်ရသည်။ ကျွန်တော်က ပဲခြမ်းကြော်ထုတ်အသစ်ကိုဖောက်ပြီး ပါးစပ်ထဲသို့ တစ်စေ့ချင်းထည့်ကာဝါးနေမိသည်။
]ထီပေါက်တယ်လို့တော့မပြောနဲ့အုံးကွ။ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားတဲ့ ဒေါ်လာစားတွေအကြောင်း မသိသေးလို့..}
အရက်ခိုးတွေဝေနေသည့် ကြည်ဆန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်တော့. . . . မျက်ထောက်နီနေသော ကိုခင်ငြိမ်းက. . . 
]လုပ်စမ်းပါဦး ပန်းကန်ပြားကြီးရဲ့။ အို ဟုတ်ပေါင်. . .  ပုဂံသားကြီးရဲ့။ထီလက်မှတ်က ဘယ်သူပျောက်လို့လဲ}
]အိုင်ဗင်ဟိုးကို ပထမဆုံးစခေါ်တုန်းက သတ်မှတ်ချက်တွေပါတယ်ကွ။ နံပတ်တစ် (ီမငူ) စိန်လွန်တူးသင်တန်းဆင်းဖြစ်ရ မယ်။ နံပါတ်နှစ် ွှ.ံ.ှ  (စက်မှုလက်မှုကျောင်း)ဆင်းဖြစ်ရမယ်။ နံပါတ်သုံး ဥ.ဲ.ွှ (လုပ်ခွင်သင်တန်း)ဆင်းဖြစ်ရမယ်။ နောက်ဆုံး ပိတ်မှ လုပ်သက်များတဲ့လူ၊ လုပ်ငန်းကျွမ်းကျင်တဲ့လူ. . . ဘာညာဖြစ်ရမယ်ပေါ့ကွာ. . . }
]စကားချီးကလဲ ရှည်ပါ့ကွာ. . . .}
ကိုခင်ငြိမ်းက စိတ်မရှည်သံနှင့် ဝင်ပြောသည်။
]ပထမဆုံး အိုင်ဗင်ဟိုးလွှတ်ဖိုးရွေးလိုက်တဲ့ငါးယောက်စလုံးစိန်လွန်တူးသင်တန်းဆင်းတွေချည်းပဲ။ အဲဒီထဲမှာ ဘယ်သူပါလဲ ဆိုတော့မြေပေါ်ဟင်းလင်းပွင့်တောင်ဖြိုအဖွဲ့မှာ လုပ်နေတဲ့ ကိုငွေစိုးဆိုတဲ့လူပါတယ်။ အသားမည်းမည်းပိန်ခြောက်ခြောက်နဲ့သိကြမှာပါ။  ပြည်တော်အေးရပ်ကွက်မှာနေတဲ့လူ။ ဒါပေမယ့်ဒီလူက အိုင်ဗင်ဟိုးကို မလိုက်ပါရစေနဲ့လို့ မိုင်းချုပ်ကြီးဆီ ငိုကြီးချက်မနဲ့ သွားပြော သတဲ့}
]မိုက်လိုက်တဲ့လူကွာ။ သူများတွေများ ဒေါ်လာနံ့ခံပြီးဒေါ်လာစားပါအောင် နည်းမျိုးစုံနဲ့ဝင်ကြရတာ}
ကိုခင်ငြိမ်းက မကျေမချမ်းပြောလိုက်သည်။ ကျွန်တော်နှင့် စာကလေးလည်းကိုငွေစိုးဇာတ်လမ်းကိုစိတ်ဝင်စားသွားသည်။
]ကျန်တဲလူတွေက ဝမ်းသာအားရနဲ့ သွားကြတာပေါ့။ သူကဆန္ဒမရှိတော့ သူ့အစားကြည်နိုင်ဆိုတဲ့လူငယ်တစ်ယောက်ထည့် လိုက်တာပေါ့ကွာ။ ၆ လပြည့်လို့ ဟိုကောင်တွေ ဒေါ်လာတွေပိုက်ပြီးပြန်လာတာတွေ့တော့မှ ကိုငွေစိုးက နောက်တစ်သုတ်နဲ့ လိုက် ချင်တယ်လို့ မိုင်းချုပ်ကို သွားပြောသတဲ့}
]အဲတော့ . . . ရလား}
ကိုခင်ငြိမ်းကမေးလိုက်သည်။
]ဘယ်ရမှာတုန်း။ သူ့စီရီရယ်နဲ့သူသွားရတာ။ အဲဒီတော့မှ ကိုငွေစိုးကြီး ဒေါ်လာဖီလင်တွေတက်ပြီး ထိုင်ငိုနေတာများ မင်း တို့ မြင်စေချင်တယ်။ ဒါကြောင့် ငါပြောတာ . . .  ထီပေါက်ပြီး ထီလက်မှတ်ပျောက်တတ်ပါတယ်ဆို. . . }
သို့သော်ကြည်ဆန်းစကားကြားရတော့ကျွန်တော်တို့ရင်ထဲမှာမရှင်းမလင်းနဲ့။သိချင်တာတွေရှိနေသည်။မေးမည်လုပ်ကာမှ. .  .
]နေပါဦးကြည်ဆန်းရ။ ကိုငွေစိုးက သူ့ကို ထည့်တုန်းက ဘာဖြစ်လို့ မလိုက်ချင်ရတာလဲ။ ဒေါ်လာရရင် ပိုင်ဆံတွေအများ ကြီးရမယ်ဆိုတာလောက်တောင် မသိတော့ဘူးတဲ့လား}
ဒရိုင်းဂျင်တစ်ခွက် ဂွတ်ကနဲချရင်း ကိုခင်ငြိမ်းက ကျွန်တော်သိချင်တာကို ဝင်မေးလိုက်သည်။
]ဘာဖြစ်လို့ မလိုက်ချက်ရတာလဲဆို . . .နောက်မှသိရတာပါ။ သူအိုင်ဗင်ဟိုးကို အလုပ်သွားလုပ်တဲ့၆ လအတွင်း အိမ်က မိန်းမနဲ့ကလေးတွေအတွက် စားစရာမပေးနိုင်လို့တဲ့ကွာ. . .သိလား. . . }
]အံ့ပါရဲ့ကွာ ငါတို့ဆီလာခဲ့ပါလား။ သူ့မိန်းမနဲ့ကလေးတွေကို ငါကျွေးမွေးထားပါတယ်။ အပြန်မှ အတိုးနဲ့ ပြန်ဆပ် ဆိုပြီး. . . .}
ပြောင်စပ်စပ်မျက်နှာဖြင့် ပြောလိုက်သော စာကလေးကိုတော့ ကိုခင်ငြိမ်းက ငါနဲ့ကိုင်တုတ်တော့မလို့။ ကျွန်တော်က အချိန်မီ ဒရိုင်းဂျင်ငှဲ့ပေးလိုက်သဖြင့် အာရုံပြောင်းသွားသည်။
]နောက်ထပ်ထီလက်မှတ်ပျောက်တာတွေရှိသေးတယ်}
ပုလင်းကိုင်ပြီးငှဲ့လိုက်ရင်း ကြည်ဆန်းကနောက်ထပ်စကားစပြန်သည်။ သို့သော် အရက်က ကုန်သွားပြီ။
]ဘယ်သူပျောက်တာလဲ။မြန်မြန်ပြောစမ်းကွာ။ မင်းကလေဘာရုံးကစာရေးဆိုတော့ အလုပ်သမားတွေအကြောင်း တို့ထက်ပိုသိ တာပေါ့။ ပြီးတော့. . .  အိမ်ခန်းရအောင် အလုပ်သမားတွေက အရက်ခေါ်ခေါ်တိုက်ခံရတဲ့ ဟောင်ဇင်ခေါင်း(အိမ်ရာမှူး)ကြီးဖြစ်ပြန် တော့ ၁၀ ပေခန်းတွေဆီ မင်းကခဏခဏရောက်ရောက်သွားတော့ ရပ်ကွက်ထဲကအကြောင်းတွေ ဟိုစပ်စပ်ဒီစပ်စပ် ပိုသိတာပေါ့။ ဟေ့. . .စိန်ဌေး နောက်ထပ်ဒရိုင်းဂျင်တစ်လုံးနဲ့ပဲပြားကြော်နှစ်ထုပ်ပေးကွာ။ ဒေါ်လာစားကြီး ကျေနပ်ပါတယ်နော်။ ကဲ. . . ကြည်ဆန်း. . . လင်း}
ကိုခင်ငြိမ်းမှာ ပြောရင်းကျွန်တော့်လှမ်းကြည့်သည်။ ခေါင်းကလည်းတစ်ချက်တစ်ချက် ငိုက်ငိုက်ကျနေသည်။ သူသာမက ကျွန်တော်လည်း တစ်ချက်တစ်ချက် မျက်လုံးကမှေးချင်ချင်ရယ်။
]ငါ့ကိုများ အရက်တိုက်ရင် အိမ်ခန်းရအောင် လုပ်ပေးတဲ့ ဟောင်ဇင်ခေါင်းလို့ အပုတ်ချသေးတယ်။ ဒီက သူတို့သိအောင် လည်း အကောင်းပြောရသေးတယ်။ တော်ပြီ. . .  မပြောတော့ဘူးကွာ. .  .}
ကြည်ဆန်းစိတ်ဆိုးသွားပြီ။ စာကလေးကကြားဝင်၍
]အချင်းချင်းစနေတာပါ ကြည်ဆန်းရာ။ ကဲ ... ဆက်ပြော}
]သံဖြူမှာလုပ်တဲ့ လင်းအောင်နဲ့ ကျားစခန်းစက်မှုက ခင်မောင်တင့်တို့ကို မင်းတို့သိမှာပါ။ အဲဒီကောင်တွေကို အိုင်ဗင်ဟိုး လွှတ်ဖို့ဆေးတောင်စစ်ပြီးပြီ။ ဒီကောင်တွေလဲ စိန်လွန်တူးသင်တန်းဆင်းတွေပဲ။ အဲဒါဒေါ်လာမစားလိုက်ရဘူး}
]ဘာ. . .  ဘာဖြစ်လို့လဲဟင်}
စာကလေးကထမေးသည်။
]ဘာဖြစ်ရမလဲ။ ခင်မောင်တင့်က ဌာနထဲက ပစ္စည်းခိုးတာမိသွားလို့ဆပ်စပဲင်းရှင်း(ရာထူးခေတ္တချ)ဖြစ်သွားတယ်။ ပြည်တော် အေးက လင်းအောင်ကတော့ ရက်ကွက်ထဲ လူမှုရေးပြဿနာဖြစ်ပြီး တော့ ရဲစခန်းထဲရောက်သွားတယ်။ သူတို့အစား စက်မှုက အောင်သူရနဲ့ လျှပ်စစ်က နေဝင်းတို့ ပါသွားတယ်။ ဒါကြောင့်ငါမပြောလား။ ထီပေါက်ပေမဲ့ ထီလက်မှတ်ပျောက်တတ်ပါတယ်ဆို. .}
]တော်တော်တုံးတဲ့ကောင်တွေ}
ကိုခင်ငြိမ်းကမကျေမချမ်းပြောရင်း အရက်တစ်ခွက် မော့လိုက်ပြန်သည်။ ပြီးတော့. . .ပဲပြားကြော်ကို ကောက်စားနေသည်။
]ဒီတခါတော့ ထီလက်မှတ်မပျောက်ဘူး။ ဒါပေမယ့်. . . သိန်းထီတော့ပေါက်ပါရဲ့။ သောင်းထီလောက်ပဲရသွားတဲ့ ဒေါ်လာ စားနှစ်ယောက်အကြောင်း သိချင်သေးလား. . . }
အရက်ဖန်ခွက်ကလေးကို ကိုင်ပြီး မထိတတိအမူအယာဖြင့်ပြောနေသော ကြည်ဆန်းပုံက ထရိုက်ချင်စရာ။
]ပြောမှာပြောစမ်းကွာ။ မင်းကပဟေဠိတွေ အဖြေညှိတွေနဲ့။ စိတ်ကမရှည်တော့ဘူး. . . }
]ဒီလိုပြောလို့ရမလားကွ စာကလေးရ။ ယစ်ရွှေရည်လေး တစိမ့်စိမ့်ငုံရင်း ပြောမှ အရသာရှိတာ။ မင်းကနားသာထောင်ချင် တာ အလိုက်ကမ်းဆိုးကျမသိဘူး။ ဒီမှာ. . .  ငါ့ဖန်ခွက်ထဲမှာ ခါလီဖြစ်နေပြီ။ ထည့်ပေး မထည့်ရင် မပြောဘူး}
ကြည်ဆန်းက အိုက်တင်ခံရုံတင် မဟုတ်။ ထပ်ပြီး အကြပ်ကိုင်နေပြန်သည်။ သိချင်နေသော စာကလေးလဲ မနေသာ တော့ဘဲ ကြည်ဆန်းဖန်ခွက်ထဲ ဒရိုင်းဂျင်ခပ်မြန်မြန်ငှဲ့ပေးလိုက်သည်။
]ဟေ့ကောင်. . .ပြောတော့ကွာ။ ဘယ်သူတွေလဲ သောင်းထီပဲပေါက်တဲ့ဒေါ်လာစားဆိုတာ}
}အိုင်ဗင်ဟိုးကို တတိယအကြိမ်မြောက်သွားရတဲ့ဒေါ်လာစားတွေက စိန်လွန်တူးသင်တန်းဆင်းသမားတွေမှုတ်တော့ဘူးကွ။ လုပ်ငန်းခွင်သင်တန်းဆင်းသမားတွေများတယ်။ အဲထဲမှာ ဝပ်ရှော့က ထွန်းနိုင်ဦးနဲ့ တွင်ခုံက ဆန်းညွန့်အောင်တို့အိုင်ဗင်ဟိုးကို ရောက်သွားပါလေရော။ အဲ. . . တစ်လပဲလုပ်ရသေးတယ်။ ထွန်းနိုင်ဦးက ဘော်တွင်းပြန်လာရပြီး ဆန်းညွန့်အောင်က အက်ဆီးဒင့် ဖြစ်ပါလေရော. . . }
]ဟင်. . . ဘာဖြစ်လို့လဲ}
ကိုခင်ငြိမ်းက မေးလိုက်သည်။
]ဟိုမှာက တကယ်အလုပ်လုပ်ရတာမို့လား.။နိုင်ငံခြားသားက တန်အောင်ခိုင်းတာမို့လား။ မင်းတို့သိတဲ့အတိုင်းဘဲ ကြေးနီမှာ က နေကပူ ဖုန်ကထူနဲ့. . . နေပူကြီးထဲလုပ်ရတာဆိုတော့ ပင်ပန်းတာပေါ့ကွာ။ ပြီးတော့. . .  ညဆင်းလဲဆင်းရသေးတယ်ဆိုပဲ။ ဆိုတော့. . .  ပင်ပန်းတာ၊ အအိပ်ပျက်တာတွေနဲ့ပေါင်းပြီး အစားလဲပျက်ရော။ ဒီမှာတင် ထွန်းနိုင်ဦး ဗိုက်နာပါလေရော။ ဆေးရုံ လဲပို့လိုက်ရော ဆရာဝန်က ဆက်လုပ်ရန်မသင့်လို့ မှတ်ချက်ချတော့ ထွန်းနိုင်ဦးခမျာ ဖလက်ပြပြီး ပြန်လာရပါရောလား။ဒေါ်လာ တစ်လပဲစားလိုက်ရတာ။ အဲ. . .  ဆန်းညွန့်အောင်ကျတော့ ပိုက်လုံးတွေချရင်းနဲ့ခိုက်မိတာ ညာဘက်ခြေမ ပြတ်သွားပါလေရော။ ကဲ. . . ငါမပြောဘူးလား။ သိန်းထီပေါက်တယ်ဆိုပေမဲ့သောင်းထီပဲရတယ်ဆိုတာ. . . }
ကြည်ဆန်းစကားဆုံးတော့ အားလုံးငြိမ်သွားသည်။ စာကလေးက ကျွန်တော့ပခုံးပုတ်ရင်း. . . .
]ဒေါ်လာစားကြီး. .  . ကျန်းမာရေးဂရုစိုက်နော်။ သတိနဲ့လုပ်နော်။ ကြားတယ်မို့လား. . . }
စင်စစ်မနက်ဖြန်သွားမည့်ဟွေလောင်း၊ မဟိုးချောင်း ဧရိယာသည် ငွေ၊ ခဲ၊ သွပ် (သတ္တုသိုက်အသစ်)အမှန်ပင်ရှိနေသည့် နေရာ။ မဟိုးချောင်းမှ ထွက်ရှိသော သတ္တုများကို နမ္မတူသို့ သယ်ဆောင်ရန်အတွက် ကားလမ်းဖောက်ရန်ပင်စီမံကိန်းချခဲ့ဖူးကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသဖြင့်  အစီအစဉ်ပျက်သွားရခြင်းဖြစ်ကြောင်း၊ ယခင်ပြုစုခဲ့သည့် အနောက်တိုင်းသားဘူမိဗေဒပညာရှင်များ၏ အစီရင်ခံစာအရ သိရလေသည်။ ကျွန်တော်သည် မဟိုးချောင်းဒေသကိုနှစ်ခေါက်ရောက်ဖူးသည်။ ဆရာဦးတင့်လွင်ရယ်၊ ကိုချန္ဒာရယ်၊ ကိုဆန်းညွန့်ရယ်၊ ကျွန်တော်ရယ်တစ်ကြိမ်၊ နောက်တစ်ကြိမ်က ဦးအောင်ကြည်လေးရယ်၊ ကိုချန္ဒာရယ်၊ မွှေးပျံ့ရယ်၊ ကျွန်တော်ရယ် တစ်ကြိမ်။နှစ်ကြိမ်စလုံးယခုလို ဒီဇင်ဘာဆောင်းတွင်းကြီး ရောက်သွားသည်။ နမ္မတူ၏ မြောက်ဘက် မိုင်ပေါင်း ၃၀ကျော် ဝေးသည့် နေရာ။ တောင်တွေကလည်းပေ ၄၀ဝ၀ ကျော်လောက်မြင့်သည်။ သံခမောက်တောင်ကတော့ ပေ ၅၀ဝ၀ ကျော်ဆို တော့အမြင့်ဆုံး။ အအေးဓာတ်ကတော့ ရေတောင်ခဲသည့်နေရာ။
ကျွန်တော်တို့ကွင်းဆင်းအကူတွေသည် ဂျီ(ဘူမိဗေဒဝန်ထမ်း)တွေနောက်လိုက်ကာ ဘော်နမူနာအိတ်ထမ်းရင်း ထိုတောင်ကြီး တွေပေါ် တက်လိုက်ဆင်းလိုက်၊ နမ့်မဟိုင်းမှာ ဈေးဝယ်လိုက်နှင့် ဟွေလောင်း မဟိုးချောင်း၊ နမ့်မဟိုင်းနေရာတွေမှာ ကျွန်တော်တို့ ခြေရာတွေ ထပ်ခဲ့သည်။ နှစ်လနီးပါးကြာခဲ့ဖူးသည်။ ထို့ကြောင့်အနွေးထည်များများပါလျှင်၊ ငှက်ဖျားဆေးမှန်မှန်စားလျှင်၊ အားဆေး မှန်မှန်စားလျှင်၊ နေမကောင်းဖြစ်သည့်အခါ ကာကွယ်ရန်ဆေးလေးဘာလေးဆောင်သွားလျှင် ကျန်းမာရေးအတွက် လုံလောက်နိုင်မည် ဟုယူဆသည်။
]ခုကတည်းက မှာလိုက်မယ်နော်။ ဒေါ်လာစားပြီး ပြန်လာရင် ငါတို့သုံးယောက်အတွက် လက်ဆောင်ကောင်းကောင်းပေးရ မယ်နော်။ အိုင်ဗင်ဟိုးပြန်လာတဲ့မြင့်ဌေးလိုတော့ မလုပ်နဲ့နော်။ အာမခံဆိုင်းထိုးပေးလိုက်တဲ့ကောင်တွေဖို့ ဘာဝယ်လာတယ်မှတ်လဲ၊ မုံရွာက မြေပဲဆားလှော် အစိတ်သားတစ်ထုပ်စီတဲ့. .  .ကဲ}
အရက်ခွက်ကို လက်နှင့်တောက်ရင်း ကိုခင်ငြိမ်းကပြောနေသည်။ သည်မှာဒေါ်လာစားပါသွားသူများက ဝန်ခံကတိပြုလုပ် ကြရသည်။ ဒေါ်လာစားကပြန်လာပြီး အနည်းဆုံးဌာနတွင် ၅ နှစ်အမှုထမ်းရသည်။ ၅ နှစ်မပြည့်မီ ထွက်သွားလျှင် ကျပ်ငါးသောင်း လျော်ရမည်။ သို့ဖြစ်၍ဒေါ်လာစားတစ်ယောက်အတွက် သက်သေ၅ ယောက်က အာမခံဆိုင်းထိုးပေးရသည်။ အကယ်၍ ဒေါ်လာစား ထွက်သွားလျှင် ဆိုင်းထိုးထားသူက တစ်ယောက်ကျပ်တစ်သောင်းလျော်ပေတော့။ ထို့ကြောင့်ဆိုင်းထိုးသောသူများကို မသွားင်္မီ ဝိုင်း လုပ်ပေးရသည်။ ပြန်လာလျှင် လက်ဆောင်ဝယ်ခဲ့ရသည်။ ဘော်တွင်းမှာ ထုံးစံလိုဖြစ်နေသည်။
ကျွန်တော့်ကိုလည်း ကိုခင်ငြိမ်း၊ ကြည်ဆန်း၊ စာကလေး၊ မွှေးပျံ့နှင့် ကိုဆန်းညွန့်တို့က လက်မှတ်ထိုးပေးကြသည်။ ယခု အရက်တိုက်ခြင်းမှာ လက်မှတ်ထိုးပေးလို့ တိုက်တာချည်းတော့မဟုတ်။ ဒီကောင်တွေသုံးယောက်နှင့်က ငယ်ပေါင်း။ သူတို့ကလည်း အထိမ်းအမှတ်ရှိလျှင် တိုက်သည်။ ယခုတော့ . . . အပြန်လက်ဆောင်စကားပြောနေပြီ။
]စိတ်ချကိုခင်ငြိမ်း။ အပြန်မှာ ခင်ဗျားတို့အတွက် ပုဆိုးတစ်ထည်စီ လက်ဆောင်ဝယ်ခဲ့မယ်}
]ရိုးရိုးပုဆိုးတော့ မလိုချင်ဘူး၊ ပလေကပ်မှနော်။ ဘာတဲ့. . . ကိုကိုဝတ်ဖို့ဝယ်ပေးမယ်။ ရွှေကသစ်. . . ။အဲ .. .  ရွှေကသစ်နော်}
ကြည်ဆန်းက ဆေးလိပ်ဖွာရင်းပြောနေသည်။
]စိတ်ချကြည်ဆန်း၊ ဖိုးကျော်ဆိုတဲ့ကောင်က ဆိုခဲစေမြဲစေ}
ကျွန်တော့်စကားဆုံးတော့ စာကလေးက လေးယောက်စလုံးဖန်ခွက်ထဲသို့ အရက်ငှဲ့ပေးပြီး တစ်ဦးချင်းဆီသို့ ကမ်းပေးလိုက် သည်။ ဒါဆိုလျှင် အားလုံးသဘောပေါက်သွားသည်။ ဖန်ခွက်ကလေးတွေ ကိုင်မြှောက်လိုက်ချိန်တွင် စာကလေးက. . .
]ဖိုးကျော်ကြီး နောက်တစ်ကျော့လဲ ဒေါ်လာစားပါပါစေဗျား။ အခုလိုပဲ အရက်အဝတိုက်နိုင်ပါစေဗျား။ အပြန်မှာလဲ ပုဆိုး ကောင်းကောင်းလက်ဆောင်ပေးနိုင်ပါစေဗျား။ ကဲ. . .ချီးယားစ်}
].ချီးယားစ်}အသံများနှင့် ဖန်ခွက်ချင်း ထိတိုက်သံက တိတ်ဆိတ်သော ကလပ်ထဲတွင် ဆူညံသွားပြန်သည်။ ဘိလိယက်ထိုးသူတွေလည်း မရှိတော့။ မြက်ခင်း၌ ဝိုင်းဖွဲ့နေသော အရက်သမားတွေလည်းမရှိတော့။ ကျွန်တော်တို့အဖွဲနှင့် ကိုစိန်ဌေးမိသားစုသာရှိတော့သည်။
]ဒေါ်လာစားကြီးကို စေတနာနဲ့တော့ ပြောရဦးမယ်နော်။ ဒေါ်လာတွေ ထုတ်ပြန်လာရင် ကက်ဆက်တော့ ဝယ်မလာ နဲ့သိလား။ အဲဒါအိမ်တွင်းသူခိုး။ လုပ်စားလို့ရတဲ့ပစ္စည်းမျိုးဝယ်လာခဲ့. . . }
ကြည်ဆန်းက ကျွန်တော့်ကို ခပ်တိုးတိုးပြောသည်။ ဟုတ်တော့လည်းဟုတ်သည်။ အိုင်ဗင်ဟိုးကပြန်လာသည့် ဒေါ်လာစား အိမ်တိုင်းလိုလို ကက်ဆက်သံတွေ ဆူညံနေသည်။ တစ်ယောက်က ဟီတာချီဝယ်လျှင်၊ နောက်တစ်ယာက်က ဆိုနီ။ ဘော်တွင်းနမ့်ပန် ယွန်းချောင်းဘေး အလုပ်သမားလိုင်းများမှ ဆောင်းဘောက်အကြီးကြီးနှင့် ကက်ဆက်ဖွင့်သံကြားရလျှင် သွားမမေးနှင့်။ ဒေါ်လာစား အိမ်တွေ။ မိန်းမတွေလည်ပင်းမှာ ဆွဲကြိုးနှင့် နားကပ်နှင့်။ ကလေးတွေနားမှာလည်း နားကပ်တွေနှင့်။ ၁၀ ပေခန်းချင်း ကပ်နေ သော်လည်းဒေါ်လာစားအိမ်က ကက်ဆက်နှင့်၊ ရေခဲသေတ္တာနှင့်၊ ရွှေနှင့်ငွေနှင့်၊ အရောင်တွေတလက်လက် တောက်ပနေပြီး၊ ဝက်သား တစ်လှည့်၊ ကြည်သားတစ်လှည့်၊ နတ်စည်းစိမ်ခံစားနေချိန်တွင် ကပ်လျက်အခန်းကတော့ မုန်ညင်းရိုးတောင် မှန်မှန် မကိုက်နိုင်။
အိုင်ဗင်ဟိုးအပြန်တွေထဲမှာ ဦးတင်မောင်တို့သားအဖနှင့် ကိုအေးကျော်တို့အိမ်ဆိုလျှင် ဈေးဆိုင်လေးတွေ ဖြစ်သွားပြီ။ ကိုခင်မောင်ဝင်းအိမ်လည်း စာအုပ်ဆိုင်လေးဖြစ်သွားပြီ။ ကိုအောင်ထွန်းကရေခဲသေတ္တာ၊ ကိုပေါက်ကြီးက ဆန်ဖွပ်စက်။ ပိုက်ဆံလေးရှိ တုန်း အသေးစားလုပ်ငန်းလေးတွေ ထောင်ဖြစ်လိုက်ကြသည်။
ကျွန်တော်လည်း ယဉ်မေ့အတွက် ဆွဲကြိုးလေးတစ်ကုံးနှင့် ဟောင်းလောင်းဖြစ်နေတာကြာပြီဖြစ်သော နားပေါက်အတွက် နားကပ်လေးတစ်စုံတော့ ဝယ်ပေးရမည်။ ပြီးတော့ . . .  လေးတန်းရောက်နေသည့် သားလေး မောင်ရဲသွေးအတွက် စာအုပ် ထည့်ဖို့ ကျောပိုးအိတ်လှလှလေးဝယ်ပေးရမည်။ ပြီးတော့. . .
]ကြည်ဆန်းပြောတာ ငါလက်ခံတယ်။ ဒေါ်လာထုတ်လာရင်တော့ အပ်ချုပ်စက်နဲ့ ကင်းခြေလိုက်တဲ့စက် ဝယ်ခဲ့မယ်ကွာ။ ယဉ်မေကလဲ စက်ချုပ်တာဝါသနာပါတယ်။ နည်းနည်းပါးပါးလဲ ချုပ်တတ်တယ်။ သူဆေးရုံကအလုပ်ဆင်းပြီး ပြန်လာတဲ့အချိန်မှာ ချုပ်လို့ ရတာပဲ။ ဟေ့ကောင်တွေ. . .  အဲဒီအခါကျရင်မင်းတို့ အင်္ကျီ ပုဆိုးချုပ်ရင် ငါ့မိန်းမဆီလာအပ်နော်}
]စိတ်ချစမ်းပါ ဒေါ်လာစားကြီးရယ်။ အထက်ကုန်းရန်နိုင်ကွေ့က ဒေါ်လာစားပြန် ကိုတင်ဆန်းလို အလှူလေးဘာလေး မလုပ်တော့ဘူးလား။ ကိုတင်ဆန်းကို ငါလုံးဝမကျေနပ်ဘူး။ ငါနဲ့ဒီလောက်ခင်တာ။ တွင်းဖြူစီပေါင်းကန်သားချင်း။အဲဒါသူ့အလှူ ငါ့ မဖိတ်ဘူးကွာ။ အေးလေ. . . ခင်ငြိမ်းဆိုတဲ့ကောင်က မြေတိုင်းမှာ ဘော်အိတ်ထမ်းရတဲ့ကောင်ဆိုတော့. . . အေ့}
သီရိမင်္ဂလာကျောင်းမှာ၊ အေးစေင်္တီကျောင်းမှာ၊ အောင်သိန္ဓိကျောင်းမှာ၊ အသံချဲ့စက်တညံညံနှင့် အလှူလုပ်နေလျှင်ဘယ်သူ့ အလှူလဲလို့ မမေးနှင့်။ ဒေါ်လာစား ပြန်လာသည့်အလှူတွေ။ သားတွေသမီးတွေကို သင်္ကန်းစည်းကြ။ နားထွင်းကြနှင့်။ ကိုတင်ဆန်း ဆိုလျှင် သီရိမင်္ဂလာကျောင်း၌ ဝက်သားနှင့် ထမင်းကျွေးပြီးလှူသည်။ ကိုတင်မောင်က အောင်သိန္ဓိကျောင်း၌ ငါးခြောက်နှပ်ဖြင့် လှူ သည်။ ပြီးတော့. . ကိုအောင်လှ၊ ကိုခင်မောင်ဝင်း၊ ကိုအောင်ထွန်း။ တချို့ဘုန်းကြိးကျောင်းမှာ၊ တချို့အိမ်မှာ... အို.  .အလှူတွေ တန်းစီပြီး လှူလိုက်ကြတာ။ သဒ္ဓါပေါက်ချင်စရာကောင်းသေးတော့။ မိမိလည်း ဒေါ်လာထုတ်ပြန်လာလျှင် အလှူလုပ်ရမည်။ သား လေး မောင်ရဲသွေးကို သင်္ကန်းစည်းပေးလိုက်မည်။ မိမိလည်းဒုလ္လဘဝတ်လိုက်မည်။ ရတောင့်ရခဲ ဒေါ်လာစား၊ ရတောင့်ရခဲ ဒုလ္လဘ မဟုတ်လား။
]အင်း . . အလှူလဲ လုပ်ချင်စိတ်တော့ရှိတယ်ဗျာ။ ဒေါ်လာတွေထုတ်ပြီး ပြန်လာလို့ အလှူလုပ်တော့မယ်ဆိုရင် ခင်ဗျား တို့သုံးယောက်နဲ့ အရင်တိုင်ပင်မယ်ဗျာ။ ခင်ဗျားတို့လက်ပဲအပ်မယ်ဗျာ။ ကဲ. . . ကျေနပ်လား ကိုခင်ငြိမ်း}
ကျွန်တော်လည်း လက်ကျန်အရက်ကို မော့ထည့်လိုက်ပြီး ပဲပြားကြော်ကောက်ဝါးလိုက်သည်။
]ကျေနပ်ပါသဗျား။ ဒေါ်လာစားကြီးရယ်။ ဗဲရီးဂွတ်}
လျှာခင်လေးတွဲ့တွဲ့ဖြင့် ကိုခင်ငြိမ်းပြောနေစဉ် ]ဘော်. . . ဘော်. .  ဘော်. . .ဘော်}ဆိုသည့် ဒီစီတီဝန်းထဲမှ ၉ နာင်္ရီခွဲ အချက်ပေးသည့် ဥသြသံက မိုင်းထဲဆင်းမည့် လုပ်သားများအား တပ်လှန့် နှိုးဆော်လိုက်သည်။
]ကဲ. .  ကိုးနာရီခွဲသွားပြီ။ လူစုခွဲကြရအောင်။ ဖိုးကျော်ကလည်းမနက် ခရီးထွက်ရမှာ။ ပြိးတော့... သူ့မိန်းမနဲ့ အလွမ်း သယ်ဦးမှာ။ တို့က အလိုက်ကန်းဆိုးနေလို့ မဖြစ်ဘူး။ သွားဖို့လာဖို့တောင် ပြင်ဆင်ပြီးရဲ့လား မသိဘူး. . . }
ဆေးလိပ်ဖွာလိုက်၊ အရက်ငုံလိုက်လုပ်နေသော စာကလေးက ပြောလိုက်သည်။ တကယ်တော့ သွားဖို့လာဖို့အားလုံး ကျွန်တော်နှင့် ယဉ်မေတို့ မနေ့ကပဲ ပြင်ဆင်ထားပြီးပြီ။ မဟိုးချောင်းကအေးလွန်းသဖြင့် အအေးဒဏ်ခံနိုင်အောင် ဆွယ်တာအင်္ကျီ၊ ဂျာကင်အင်္ကျီ၊ ခြင်ထောင်၊ ဘာဘူစောင်နှစ်ထည်၊ တရုတ်ကင်းဘတ်ဖိနပ်နှစ်ရံ၊ ငှက်ဖျားပျောက်ဆေး၊ အားဆေးနှင့် အဖျားအနာ ပျောက်ဆေးများကို ဆူပါမီနီမတ်ကက် နီးနီး ပစ္စည်းစုံလှသော အောင်သပြေကုန်းရှိ ဒေါ်ရွှေဥဆိုင်မှ ယဉ်မေ သွားယူခဲ့ခြင်း ဖြစ် သည်။ ဒေါ်ရွှေဥဆီမှ ပြန်လာလာချင်း. . .
]အံ့သြစရာပဲ ကိုရေ. . သိလား။ ဒေါ်ရွှေဥကြီးက အရင်အြွေကးလဲဖြည်းဖြည်းမှ ပေးပေါ့အေတဲ့။ အခုလိုတဲ့ပစ္စည်းယူသွား၊ တောထဲတောင်ထဲ သွားရမှာဆိုတော့ ကျန်းမာရေးက အရေးကြီးတယ်တဲ့။ ဖိုးကျော်ခရီးထွက်နေတုန်း အခက်အခဲဖြစ်ရင် ငါ့ဆီလာယူ လှည့်နော်ယဉ်မေ၊ ဘာမှ အားမနာနဲ့တဲ့။ တစ်ရပ်ကွက်ထဲသားချင်းတွေပဲဟာတဲ့။ ချိုလိုက်တဲ့စကားတွေ၊ အရင်တုန်းက ဒေါ်ရွှေဥကော ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယတောင်ဖြစ်သေးတယ်}
ယဉ်မေ့စကားပြန်ကြားယောင်ရင်းပြုံးတောင်ပြုံးမိသေး။
]ယဉ်မေနဲ့ အလွမ်းသယ်ရဦးမယ်ပြောလိုက်တာနဲ့ ဒေါ်လာစားကြီးကတော့ ပြုံးပြုံးကြီးလုပ်နေပြန်ပြီ။ မနက်အတွက် အဆင် သင့်ဖြစ်ခဲ့ပြီလား။ ကဲ. . .  ပြန်ကြရအောင်။ ဂွတ်နိုက်. . . . ဂွတ်နိုက်}
]အားလုံးအဆင်သင့် လုပ်ပြီးပါပြီ။ မဟိုးချောင်းယူရမဲ့ရုံးကပစ္စည်းတွေလဲ ဘူတာရုံနားက ကိုမိုးထွန်းအခန်းကို ပို့ပြီးပါပြီ။ နေဦးကွ. . . ပြန်လို့ မဖြစ်သေးဘူး}
]ဘာဖြစ်လို့တုန်း ဒေါ်လာစားကြီးရဲ့။ မနက်လည်း ခရီးထွက်ရဦးမှာမို့လား။ တို့ကအရေးမကြီးဘူးနော်။ နေမြင့်မှ မိုင်းထဲ ဆင်းလဲရတယ်။ ဘာလဲ. . . အရက်မဝသေးလို့လား}
]မဟုတ်ပါဘူး စာကလေးရာ။ ဟောဒီပုလင်းထဲမှာကို တဝက်ရှိသေးတယ်။ မင်းတို့ချချင်ရင်ချလိုက်ဦး။ မပြန်သေးဘူးဆိုတာ တခြားမဟုတ်ဘူး။ ကိုချန္ဒရာလာအောင် စောင့်ရဦးမှာ။ သူကနမ္မတူ အစည်းအဝေးကို လိုက်သွားတာ။ ဒီနေ့ အထွေထွေမန်နေဂျာ၊ မိုင်းချုပ်၊ ဘူမိဗေဒအရာရှိကြီး ဦးကျော်ဆွေနဲ့ ဦးတင့်လွင်တို့ အစည်းအဝေးလုပ်တယ်။ မနက်ဖြန်သွားမယ့်ကိစ္စ၊ မနက် ဘော်တွင်း ကနေ ဘယ်အချိန်ထွက်မလဲဆိုတာ ဒီအစည်းအဝေးပြီးမှသိရမှာ။ သူ့ကို ဒီကလပ်ဝင်ခဲ့ဖို့ ငါကမှာထားလို့။ အင်း. . . ခုချိန်ထိ မလာသေးဘး။ သူလာမှ သိရမှာ. . }
]ကဲ. . ဒါဆိုရင်လည်း ကျန်တဲ့အရက်ဆက်သောက်ရင်း စောင့်ကြတာပေါ့။ ကဲ. . . ခင်ငြိမ်း၊ စာကလေးရော့ကွာ။ ဟော. . .ဟော . . ထော်လီဝင်လာသံကြာတယ်}
ကြည်ဆန်းပြောနေစဉ် ထရော်လာဂျီ အင်ဂျင်စက်တပ်ထားသော ထော်လီဝင်လာသံ]] ထုတ်ထုတ်ထုတ်ထုတ်. . . } ဆို သောအသံက ဘူတာရုံထဲ ဆူညံသွားသည်။ မိုင်းချုပ်တို့ပြန်လာကြပြီ။ ကိုချန္ဒရာလည်း ဒီထော်လီဖြင့် ပါလာမည်ထင်သည်။
ဘူတာရုံမှ စကားသံတွေ ကြားနေရသည်။ တဖြည်းဖြည်း ကလပ်အနီး၌ စကားသံတွေ ပိုကျယ်လာသည်။ မိုင်းချုပ်၊ ဆရာ ဦးကျော်ဆွေနှင့် ဦးတင့်လွင်တို့ အသံတွေဖြစ်သည်။ သူတို့ အိမ်လုံးတွေက ကလပ်အထက်ဘက် တောင်စောင်းပေါ်မှာရှိသည်။ မကြာမီ ကလပ်ပေါ်သို့ ကိုချန္ဒရာ ရောက်လာသည်။
]ဖိုးကျော်ရှိလား. . . ဖိုးကျော်}
ဘိလိယက်အခန်းထဲဝင်လာပြီးအော်ခေါ်နေသည်။
]ဒီမှာရှိတယ်ဗျို့. . . ခင်ဗျားကို စောင့်နေတာဗျ . . . .}
ကိုခင်ငြိမ်းက ပြန်ဖြေသည်။
]ဟာ. . .ကိုချန်လာ၊ ရော့ တစ်ခွက်တဖလားချ}
ကျွန်တော်က ဒရိုင်းဂျင်အရက်ခွက်ကို ထိုးပေးတော့ သူက လက်ကာပြသည်။
]ဒါဆိုအမြည်းစားဗျာ}
စာကလေးက ခရုဟင်းချိုပန်းကန်ယူပေးတော့ တစ်ဇွန်းယူသောက်လိုက်သည်။
]မနက်ကျ ကျွန်တော်တို့ ဘယ်အချိန်ထွက်ရမလဲ}
]အေး. . . အဲဒါပြောမလို့ပဲကွ။ တို့အဖွဲ့တွေ မနက်ဘူတာရုံကို လေးနာရီခွဲအရောက်လာရမယ်။ ကားရထားလဲ ရယ်ဒီ လုပ်ထားပြီးပြီ။ ငါးနာရီခွဲ နမ္မတူရောက်။ လိပ်ပြာတောင်မှာ မစ္စတာ ဟိုင်ဇင်လောင်းတို့နဲ့ဆုံပြီး သူတို့ကားနဲ့ မဟိုးချောင်း ကို ထွက်မှာ။ တို့ဘော်တွင်းဘူမိအဖွဲ့တွေအားလုံး လိုက်ရမှာ။ ဒါပေမယ့် မနက်ခရီးစဉ်မှာ မင်းမပါဘူး}
]ဗျာ. . .ကိုချန်ကလည်း နောက်စရာမရှိ ကြံဖန်နောက်နေပြန်ပြီ}
]ငါမင်းကို ဘယ်တုန်းကနောက်ဘူးလို့လဲ ဖိုးကျော်။ ဒီနေ့စည်းဝေးနေတုန်း ရုံးချုပ်က ကြေးနန်းဝင်လာတယ်။ ကွန်ပျူတာ အိတ်စ်ပတ် အယ်ဂါလင်တန်၊ ဘူမိဗေဒပညာရှင်ဒေးဗစ်ပေါ်တာနဲ့ ဦးကြင်လင်းတို့ သဘက်ခါ ဘော်တွင်းရောက်မယ်။ မြေပေါ် မြေအောက်သတ္တုတွင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကွန်ပျူတာထဲထည့်ပြီး တန်ချိန်ပမာဏနဲ့ ပါဝင်မှုအရည်အသွေးတွေ ကွန်ပျူတာနဲ့ တွက်ယူမှာတဲ့။ ပြိးတော့. . . မြေပေါ်ဟင်းလင်ဖွင့်နဲ့ မြေအောက်မိုင်းထဲကို ဘူမိဗေဒဆိုင်ရာအချက်အလက်တွေကို ဒေးဗစ်ပေါ်တာနဲ့ ဦးကြင်လင်းတို့က လေ့လာမှာတဲ့။ အဲဒီတော့ဘူမိဆိုင်ရာမြေပုံတွေ၊ နမူနာကောက်တာတွေ လုပ်ဖို့ ဆရာ ဦးကျော်ဆွေကနိုင်ငံခြားသားနဲ့အတူ လုပ်ပေးရမှာ။ ဦးကျော်ဆွေအတွက် ကွင်းဆင်းအကူတစ်ယောက်ထားခဲ့ရမယ်လို့ လူကြီးတွေက ဆွေး နွေးဆုံးဖြတ်ကြတာ။ ဒါကြောင့်မင်းနေခဲ့ရမှာ။ မင်းကို ဘာဖြစ်လို့ထားခဲ့ရတာလဲဆိုတော့ မင်းကလုပ်သက်အနည်းဆုံးမို့လို့. . .}
ကိုချန့်စကားဆုံးတော့ တစ်ကိုယ်လုံးထူပူသွားသည်။ ရင်ထဲမှာလည်း ယောက်ယက်ခတ်သွားသည်။ ဟန်ဆောင်ပြီး မသိ မသာ သက်ပြင်းချလိုက်သော်လည်း ]ဟင်း]ဆိုသော သက်ပြင်းရှိုက်သံကား သိသိသာသာကြီးမြည်သွားသည်။ စောစောက ဆူညံ ပွက်လောရိုက်နေသော အဖွဲ့တော်သားတွေလည်း ငြိမ်သက်သွားသည်။ ကျွန်တော်မျက်စိမျက်နှာပျက်သွားတာ ကိုချန္ဒရာ ရိပ်မိသည် ထင်သည်။
]ဒါပေမယ့်၆ လပြည့်ရင်တော့ မွေးပျံ့နဲ့ဖြစ်ဖြစ်၊ ဆန်းညွန့်နဲ့ဖြစ်ဖြစ်၊ မင်းကိုလဲပေးဖို့ လူကြီးတွေက ပြောပါတယ်}
ကျွန်တော့်ခေါင်းထဲ၌ ရီဝေဝေ ရစ်တစ်တစ်ဖြစ်နေသည်။ ကိုချန်ပြောတဲ့စကားတွေလည်း မကြားတစ်ချက်၊ ကြားတစ်ချက်။ ရင်ထဲတွင် မွန်းကြပ်လာသည်။ မျက်လုံးက တစ်နေရာထဲစူးစိုက်ကြည့်နေစဉ် အသက်ရှူသံလည်း ပိုမြန်လာသည်။
]ကိုချန်ပြောတာမှန်ပါတယ်။ ဒီတစ်ခါ မလိုက်ရလဲ နောက်တစ်ခါ လိုက်ရမှာပေါ့ ဖိုးကျော်ရာ}
ကိုခင်ငြိမ်းအားပေးစကားလည်း သိသလို မသိသလို။ ကျွန်တော်သည် ပုလင်းထဲ၌ ကျန်နေသော ဒရိုင်းဂျင်ကို ဖန်ခွက်ထဲ မထည့်တော့ဘဲ တစ်ဘရိတ်ထဲ မော့ထည့်လိုက်သည်။ လည်ချောင်းထဲ တရုတ်အပ် အချောင်းတစ်သောင်းခန့် ဝင်သွားသည့် အတိုင်း ပင်။ ရင်ထဲမှာ ချော်ရည်ပူတွေ လောင်းချခံရသည့် အတိုင်းပင်။ အသည်းနှလုံးကိုလည်း အက်ဆစ်ဖြင့် အပက်ခံရသည့် အတိုငး်ပင်။ မျက်လုံးတွေလည်း နဂါးငွေ့အမှုတ်ခံလိုက်ရသည့်အတိုင်းပင်။ အခိုးရိုက်ထားသည့် မျက်စိထဲဝယ် ဒေါ်ရွှေဥမျက်နှာ ဖျတ်ကနဲ ပေါ် လာသည်။ ယခင်စားကျွေးကတစ်ထောင့်ငါးရာ။ ခြင်ထောင်၊ ဆွယ်တာ၊ အနွေးထည်၊ ကင်းဘတ်ရှူးကနှစ်ထောင်၊ စားဆေးတွေက တစ်ထောင်၊ ယဉ်မေတို့စားဖို့သောက်ဖို့ကြိုတင်ငွေက နှစ်ထောင်၊ အခု.. .  . ကလပ်မှာစားတာသောက်တာက တစ်ထောင်ကျော်။ စုစုပေါင်း ခုနှစ်ထောင်ကျော်။ရင်ထဲမှာ နေအစင်း တစ်ရာမကသည့် အပူလုံးကြီးက ငယ်ထိပ်ဆီသို့ တရိပ်ရိပ်တက်လာကာ. . .
]ချလန်. . . ချွမ်.. . .ချွမ်. .  .ချွမ်}
]ဟ. . . ဖိုးကျော်.  .ဖိုးကျော် သတိထား။ ဆွဲပါဟ}
မိုက်ကနဲဖြစ်သွားသဖြင့် စားပွဲပေါ်မှ အရက်ပုလင်းများ၊ ဖန်ခွက်များနှင့် အမြည်းပန်းကန်များ ခေါင်းဖြင့် တိုက်မိကာ ပုလင်းနှင့် အမြည်းပန်းကန်တွေလည်းကျကွဲကုန်သည်။ စာကလေးနှင့် ကြည်ဆန်းက ကျွန်တော့်ကို အတင်းဆွဲထူသည်။
]ကဲကဲ. . .ခင်ငြိမ်းတို့၊ ဖိုးကျော်ကို အိမ်တွဲပို့လိုက်ကွာ။ သူအရက်သောက်တာ များနေပြီနဲ့တူတယ်။ တအားမူးနေပြီ. . }
ကျွန်တော့်လက်နှစ်ဘက်ကို ကြည်ဆန်းနှင့် စာကလေးတို့က တစ်ဘက်စီ ဆွဲကာ သူတို့ပခုံးပေါ် တွဲထမ်းလိုက်သည်။ ကိုခင်ငြိမ်းကလျော့လျဲလျဲဖြစ်နေသော ကျွန်တော့်ပုဆိုးကို ကတုန်ကယင်လက်များဖြင့် ပြန်ဝတ်ပေးနေသည်။
ကိုချန်ရေ. . .  ကျုပ်အရက်ကြောင့် မူးတာ မှုတ်ဘူး။ အရက်ကြောင့် မူးတာ မှုတ်ဘူး. . . ။


No comments:

Post a Comment