Friday, April 28, 2017

ယမ်းထွန်းကြီးဖတ်ဖို့ဝတ္တု
(Unicode)
ဆင်တဲဝမြတ်မင်း
(၂၀၀၀ပြည့်နှစ်၊ ဩဂုတ်လ၊ န၀ဒေးရသစုံ  စာပေမဂ္ဂဇင်း အမှတ် ၈)


]ချွေး}ဝတ္တုတိုလေးအဆုံးသတ် ရေးပြီးချိန်တွင်ကြက်သွေးနုဆည်းဆာရောင် ပျောက်နေပေပြီ။
ကျွန်တော်သည်ဝတ္တုစာမူကို ရင်ဝယ်ပိုက်ရင်း]နန့်ပန်ယွန်း}ချောင်းဘေးရှိ ကျောက်ပြုပ်များထနေသော တောင်ကြားသတ္တုတွင်း မြို့၏လမ်းမပေါ်၌ စိတ်တက်ကြွစွာ လျှောက်လှမ်းကာ တောင်ကြား၌ ပြွတ်သိပ်ကျပ်တည်းစွာ ဆောက်လုပ်ထားသော ယမ်းထွန်းကြီး နေသော အလုပ်သမားလိုင်းများဆီသို့လာခဲ့သည်။
ငါဝတ္တုရေးလိုက်ပြီ။ မိုင်းအလုပ်သမားအကြောင်း ဝတ္တုရေးလိုက်ပြီ။ ဒီဝတ္တုကို ယမ်းထွန်းကြီးဖတ်မိရင်သိပ်ကြည်နူးမိမှာပဲ။ နီကျင်ကျင်ဖြစ်နေတဲ့ သူ့သွားကျဲကြီးတွေကို ဖြီးဖြီးကြီးလုပ်ပြီး ပြုံးနေမှာပဲ။ ပြီးတော့ ငါ့ပခုံးကို ကိုင်လှုပ်ရင်း ]မင်းသိပ်တော်တဲ့ လူငယ်လေးပဲ} လို့ချီးကျူးခန်းဖွင့်နေဦးမှာပဲ။
ကျွန်တော့်ရင်ထဲ၌ ပီတိဖြစ်နေမိသည်။ အတွေးထဲ၌လည်း ယမ်းထွန်းကြီးရုပ်လွှာသာလျှင် ပေါ်လာနေသည်။

]မင်းကစာရေးတယ်ဆို။ တို့မိုင်းအလုပ်သမားတွေအကြောင်းရေးစမ်းပါကွာ}
ယမ်းခိုးတွေလှိုင်နေသော ]စတုတ်}(သတ္တုထုတ်သည့်လုပ်ကွက်) ထဲ၌ လေပိုက်အနီး ပန်းပြား(မိုင်းသုံးသစ်သား)ပေါ်တွင် ထိုင်နေသည့် ယမ်းထွန်း(ရှေ့ဆောင်လုပ်သား)ကြီး ဦးထွန်းသည်ကျွန်တော့်ဘက်သို့လှည့်ကာ စကားပြောနေသည်။ ကျွန်တော်လည်း ယမ်းထွန်းကြီးကို ချက်ချင်းပြန်မပြောမိ။ ခုအခါ၌ ကျွန်တော့်တွင် ပြောစရာစကားမရှိသေးဟု တွေးမိကာ ဘော်ချနေသော သံချောင်းဘက် မီးထိုးပြရင်း နှုတ်ဆိတ်နေသည်။
စောစောက ဒိုင်းနမိုင်းခွဲထားသဖြင့် ဘော်ခဲများသည် ]စတုတ်}ထဲ၌ ဖွာရာကျဲနေလျက်။ ယမ်းခိုးယမ်းငွေ့တွေလည်း မပြယ် သေးပေ။ သံချောင်းသည် လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဂေါ်ပြားဖြင့် ဘော်များကို အောက်ဖက်ဘော်ဒိုက်ထဲသို့ ချနေ သည်။ သူသည် ခါးကိုကိုင်းညွတ်ကာ ဒူးတစ်ချောင်းကို ညွတ်ရင်းဘော်ခဲများကို ဂေါ်ပြားဖြင့် ရှပ်တိုက်ထိုးနေရသည်။ ကာဘိုက် မီးခွက်၏ မှုန်ဝါးဝါး အလင်းရောင်အောက်၌ သံချောင်းကိုယ်တွင် ချွေးတွေသီးနေလျက်။
]တို့မိုင်းအလုပ်သမားတွေ မိုင်းထဲမှာ ဘယ်လိုပင်ပန်းဆင်းရဲအောင် လုပ်ရတယ်၊ အန္တရာယ်တွေဝိုင်းရံနေတဲ့ကြားကနေ ဘော် တွေတူးနေကြရတယ်၊ ဟောဒီ ကာဘိုက်မီးခွက်ကလေးရဲ့အလင်းရောင်ဟာ တို့ရဲ့အသက်ဖြစ်တယ် ဆိုတာမင်းရေးစမ်းပါကွာ}
ကျွန်တော်သည်သံချောင်းကိုယ်မှာချွေးတွေရွှဲနေသည်ကိုလည်းမသိမဟုတ်။ ကိုသာရင်နှင့်ကိုစံမြိုင်တို့နှစ်ယောက်ရေဗွက်များဖုံး နေသည့် သံလမ်းအဟောင်းပေါ်တွင် ဘော်လှည်းတွန်းနေရသည်ကိုလည်း မသိမဟုတ်။ ကျွန်တော်တို့ငယ်သားလေးယောက် ငါးပတ် လည် ဆယ်ပတ်လည် စသည့် သစ်သားတုံးကြီးများကို ခေါင်းမလွတ်သည့် လယ်ဗယ်ကျဉ်းကျဉ်းကျပ်ကျပ်ကြားမှ မနိုင့်တနိုင်ထမ်းရ သည့်အဖြစ်များကိုလည်း မသိမဟုတ်။ ကာဘိုက်မီးခွက်ငယ်ကို ရေခဏခဏဖွင့်ရင်း ပြုတ်ကျနိုင်မလား၊ ပြိုကျနိုင်မလားဟု ကိုယ့်စတုတ်ကို လိုက်လံကြည့်ရှုနေရသော ယမ်းထွန်းကြီး၏ စိုးထိတ်နေသည့် အဖြစ်ကိုလည်း မသိမဟုတ်။ ကျွန်တော့်နှလုံးပြင်၌ မြေအောက်မိုင်း အလုပ်သမားဘဝများ၏ ကြီးမားသော အန္တရာယ်ထောင်ချောက်နှင့် အချိန်ပြည့်ရင်ဆိုင်နေရပုံကို တွေးတောမိကာ မောနေသည်။
]ကျွန်တော်လဲ မိုင်းအလုပ်သမားတွေအကြောင်း ဝတ္တုရေးဖို့စဉ်းစားနေတာပဲ။ကျွန်တော်တို့ အလုပ်လုပ်ရတာ ဘယ်လောက်ပင် ပန်းတယ်၊ ခါးကျိုးအောင်ဂေါ်ထိုးနိုင်မှ ဘောနပ်(စ်)ငွေစားရတယ်၊ လေရှုမဝလို့ ယမ်းခိုးတွေရှုနေရလို့ မွန်းမွန်းကျပ်ကျပ်ဖြစ်နေရတယ် ဆိုတာကိုလဲ ကျွန်တော်တို့ခံစားနေကြရတာပဲ။ ရေးရမယ်၊ ဒီအကြောင်းတွေကို ရေးကို ရေးရမယ်}
ကျွန်တော်သည် ကာဘိုက်မီးခွက် ရေဖွင့်နေရင်း ယမ်းထွန်းကြီးကို စကားပြန်ပြောမိသည်။ စောစောက မှိန်မှိန်သာလင်းနေ သော ကာဘိုက်မီးခွက်သည် ချက်ခြင်းပင်ပို၍ တောက်ပလာသည်။ လင်းလက်သော မီးရောက်အောက်၌ ယမ်းထွန်းကြီး၏ မျက်နှာ မည်းမည်းကြီးမှာ အပြုံးတွေဝေလျက်။သူ၏ လက်ကြမ်းကြီးဖြင့် ကျွန်တော့် ပခုံးကိုင်လှုပ်ရင်း. . . .
]မင်းတစ်နေ့တော့ပေါက်မြောက်အောင်မြင်မယ့်သူငယ်လေးဖြစ်လာမှာပါကွာ}
ယမ်းထွန်းကြီးသည် ကျွန်တော့်အနီးမှ ထသွားပြီးနောက် သံချောင်းလက်ထဲမှ ဂေါ်ပြားကို ဆွဲယူကာ ဘော်များ ပစ်ချနေ သည်။ သံချောင်းလည်း လေပိုက်အနီး၌ ထိုင်ကာ အမောဖြေနေသည်။ အသက်လေးဆယ်ကျော်စပြုနေသော ယမ်းထွန်းကြီးသည် ခွန်အားရှိသမျှ ဘော်များချနေသော်လည်း သူ၏အားအင်များမှာ လျော့နည်းစပြုနေပြီကို ကျွန်တော်အမှတ်မထင် သတိထားလိုက် မိသည်။
မိသားစုခုနစ်ယောက် ထမင်းနပ်မှန်အောင် စားရရေးအတွက် ယမ်းထွန်းကြီးမှာ မိုင်းထဲ၌ အပန်းတကြီး လုပ်နေရသည်။ သည်ကြားထဲက ကလေးငါးယောက်ကျောင်းစရိတ်ကလည်းရှိသေးသည်။ သူ့ဇနီးဒေါ်မြခင်ကလည်းရထားဈေး၌ ဈေးတောင်းများကို ရွက်ကာ တစ်ဖက်တစ်လမ်းမှ ကြားဝင်ငွေရှာရသေးသည်။ ယမ်းထွန်းကြီး တစ်နေ့အလုပ်မဆင်းနိုင်လျှင် သူ့မိသားစုမှာ ချက်ခြင်းပင် ပြဿနာပေါ်တော့သည်။ သည်စားဝတ်နေရေးနှင့် သားသမီးများ ကျောင်းစရိတ်မှန်မှန် ဖြေရှင်းနိုင်ရေးအတွက် ယမ်းထွန်းကြီးသည် ဘောနပ်(စ်)များများရဖို့၊ တန်စားပေးစားရဖို့၊ အိုတီများများရဖို့ အမြဲစိတ်ကူးနေလိမ့်မည်။
ကျွန်တော်သည် အမှတ်မထင်ပင် ယမ်းထွန်းကြီးတို့ ဘဝကို နက်နက်ရှိုင်းရှိုင်း တွေးနေမိသည်။
တစ်ခါတစ်ရံယမ်းထွန်းကြီးသည် ကျွန်တော်တို့ ငယ်သားများအလယ်၌ ထိုင်ကာ ]ငါကွာ. . ဒီလောက်ပင်ပင်ပန်းပန်းလုပ်ရ တာတောင်အလျဉ်ကမမီချင်ဘူး။ ဘာဖြစ်လို့များလောက်လောက်ငငမဖြစ်ရသလဲနော်။ အေးလေ. . . ဖြစ်သမျှအကြောင်း အကောင်း ချည်းပေါ့ကွာ}ဟူ၍ညည်းညူတတ်သည်။ စင်စစ်ယမ်းထွန်းကြီးလိုပင် ကျွန်တော်နှင့် အခြားအခြားသော မိုင်းသမားများ၏ ဘဝများမှာ အတူတူနှင့် အနူနူချည်းသာ။ ကျွန်တော်သည် ရင်နင့်စရာစကားကြားရသည့်အခါတိုင်း ယမ်းထွန်းကြီး၏ ပြောစကားမှာ နားထဲ၌ ကြားယောင်နေမိပြန်သည်။
]တို့မိုင်းအလုပ်သမားတွေ အကြောင်းရေးစမ်းပါကွာ}
ယခုအခါတွင်ကျွန်တော်သည် ယမ်းထွန်းကြီးစတုတ်ထဲ၌ မဟုတ်တော့။ သူ့ငယ်သားတစ်ယောက်ခွင့်ယူထားရက်၌ စပယ်ရာ လိုက်နေရသော ကျွန်တော်သည် ယမ်းထွန်းကြီးတို့အဖွဲ့၌ ခေတ္တလိုက်နေရခြင်းဖြစ်ရာယခု ၎င်းငယ်သားလည်းအလုပ်ပြန်ဆင်းလာပြီဖြစ်  သောကြောင့် ကျွန်တော်လည်း အခြား]စတုတ်}ထဲ၌ ပြောင်းလိုက်ရသည်။ လုပ်ကွက်နေရာချင်းဝေးသွားခဲ့ပြီဖြစ်သော်လည်း လူချင်းက တော့ ရင်းနှီးခင်မင်နေဆဲပင်။ အထူးသဖြင့် သူကျွန်တော့်ကို အရေးခိုင်းနေသော မိုင်းဝတ္တုကိုကား ရေးဖြစ်အောင်ရေးဖို့ ကျွန်တော် ကြိုးစားနေဆဲပင်။

မိုင်းထဲ၌ ယမ်းထွန်းကြီးကို စိတ်ထက်သန်စွာ ပြောခဲ့သော်လည်း တကယ်တမ်း၌ ကျွန်တော်ချမရေးနိုင်။ ကျွန်တော် ကားမိုင်းထဲ၌ ပင်ပန်းတကြီး အလုပ်လုပ်ပြီး အိမ်ပြန်လာသောအခါ အားအင်တွေကုန်ခမ်းလာကာ ဘာဆိုဘာမျှ မတွေးတောနိုင်၊ မရေးနိုင်၊ မဖတ်နိုင်။ ကျပ်ခိုးတွေသီးနေသော မွမ်းကျပ်အိုက်လှောင်နေသော ဆယ်ပေအခန်းကျဉ်းထဲ၌ ခြေပစ်လက်ပစ်အိပ်ပစ်လိုက် သည်ကများသည်။
အလုပ်တအား ပင်ပန်းလာသည့်နေ့ဆိုလျှင် အမေသည် ကျွန်တော့်အနီး၌ ထိုင်ကာ အမောပြေစကားပြောတတ်သည်။
]သားရယ်. .  . အောင်စာရင်းမထွက်ခင်ပဲ ပင်ပင်ပန်းပန်းလုပ်ရမှာပါ။ သားလဲဒီနှစ်ဆယ်တန်းအောင်မှာပါကွယ်။ အင်း. . . မင်းအဖေသာအခုလိုမဖြစ်ရင်သားလေးပင်ပန်းမှာ မဟုတ်ပါဘူး}
တကယ်တော့ အမေသည် ကျွန်တော့်ကို အားပေးစကားပြောနေခြင်းဖြစ်သည်။ အကယ်၍ ဆယ်တန်းအောင်ခဲ့လျှင် မြေပေါ်ရုံးတစ်ရုံး၌ စာရေးလေးအဖြစ် သက်တောင့်သက်သာလုပ်ခိုင်းရန် စိတ်ကူးထားဟန်ရှိသည်။ ကျွန်တော်ကား စာမေးပွဲအောင် သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ ဘဝကို ရဲရဲဝံ့ဝံ့ ရုန်းကန်ဖို့ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ထားပြီးဖြစ်သည်။ အမေကျွန်တော့်ကိုနှစ်သိမ့် အားပေးစကားပြောနေချိန်တွင် အမေ့အသံသည် အက်ကွဲတုန်ခါနေသည်။ ကျွန်တော်သည် အမေ့အသံမဆုံးခင်မှာပင် အခန်းကျဉ်းထဲမှ ခုတင်ပေါ် တွင်လဲလျောင်းနေသော အဖေ့ကိုလှမ်းကြည့်မိသည်။
အဖေသည်ယခုအခါ၌ ဒုက္ခိတဘ၀ရောက်နေရပြီ။ ခုဆိုလျှင် အဖေ့နားတွင် အမေသည် အမြဲတစေ ပြုစုနေရပြီ။ ထူပေး ထောင်ပေးလှဲပေးရသည်အထိ ပြုစုနေရပြီ။
]ငါ့သားကို ပညာတတ်တစ်ယောက်ဖြစ်အောင် အဖေကျောင်းထားမယ်}
မိုင်းထဲ၌ သန်သန်မာမာလုပ်ကိုင်နိုင်စဉ်က အဖေပြောခဲ့သောစကားစုမှာ ယခုအခါ၌ ဘယ်ဆီလွင့်ပျောက်ကုန်ပြီ မသိတော့နိုင်။ အမေနှင့်အဖေသည်တစ်ဦးတည်းသောသားကျွန်တော့်ကို ချစ်ကြသည်။သို့သော်ကျွန်တော်(၁၀)တန်းရောက်သောနှစ်မှာပင် အဖေသည် ရုတ်တရက်လေဖြတ်ကာ အိပ်ရာထဲ၌ ဘုန်းဘုန်းလဲရရှာတော့သည်။ ခန္ဓာကိုယ်မှာ ဘာမျှလှုပ်ရှားမရတော့။
ကျွန်တော်လည်း ပညာတစ်ပိုင်းတစ်စနှင့်ပင်အလုပ်ဝင်လုပ်လိုက်ရသည်။ ဒုက္ခိတဖြစ်နေသော အဖေနှင့် အမေတို့ကိုလုပ်ကိုင် ကျွေးမွေးရန် တာဝန်ဖြစ်လာပြီ။ ယခုတော့ကျွန်တော်သည် မိုင်းအလုပ်ကြမ်းသမားလေးဘ၀နှင့်ပင် အလုပ်ကို ပင်ပန်းကြီးစွာလုပ်နေ ရင်းပြင်ပမှ (၁၀)တန်းစာမေးပွဲဆက်ဖြေနေရသော အလုပ်သမားကျောင်းသားလေးဖြစ်နေရချေပြီတကား။
ယမ်းထွန်းကြီးသည် ကျွန်တော့်အဖေနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဘူးသည်။ ယခုလို အဖေဒုက္ခိတဘ၀ရောက်နေစဉ်၌ ကျွန်တော့်ကို သူ့]စတုတ်}ထဲတွေ့လိုက်ရသောအခါ ကျွန်တော့်အပေါ် သနားကရုဏာပိုနေမိတော့သည်။ သည့်ထက်ပို၍ ကျွန်တော့်ကို ရင်းနှီးသည်မှာ တောင်ကြားသတ္တုတွင်းမြို့မှ စာပေဝါသနာရှင်များအဖွဲ့၏ တစ်လတစ်ကြိမ်ထွက်နေသော (ရွက်နု)နံရံကပ်စာစောင်၌ ကျွန်တော်၏ ]အခန်းနံပါတ် ၁၂၃}ဆိုသော ဝတ္တုတိုလေးဖော်ပြခံရခြင်းကြောင့်ဖြစ်သည်။
တောင်ကြားသတ္တုတွင်းမြို့၌ရွက်နုနံရံကပ်တွင် မိုင်းအလုပ်သမားဘဝအကြောင်း ထင်ဟပ်နေတတ်သည်။ ကြွေးပတ်လည်ဝိုင်း ကာ တစ်လနှင့်တစ်လအလျင်မီအောင် ကြိုးစားနေရသော အလုပ်သမားများအကြောင်း။ ပိန်းပိတ်အောင်နက်မှောင်သည့် မြေအောက်၌ အသက်ရှုမဝသည့်အလုပ်သမားများအကြောင်း။ နမ့်ပန်ယွန်းချောင်းနံဘေးမှညည်းညူစွာ အသက်ရှုနေရသည့် အလုပ်သမားများ အကြောင်း။ ဤအကြောင်းပေါင်းများစွာထဲ၌ ကျွန်တော်၏ ]အခန်းနံပါတ် ၁၂၃}ဝတ္တုတိုတစ်ပုဒ်က လှလှပပဖော်ပြ ထားခြင်းခံရသည်။ ဤဝတ္တုတိုလေး၌ ကြိုးချင်းထား၍ကြိုးချင်းငြိကြရပုံတွေ။ အိုးချင်းထား၍အိုးချင်းထိကြရပုံတွေ။အခန်းချင်းနီးကပ် ကျပ်ညပ်လွန်း၍ စိတ်ဖောက်ပြန်ကြရပုံတွေကို ဖွဲ့ကာနွဲ့ကာရေးခြယ်ထားခြင်းဖြစ်သည်။  ဤဝတ္တုနံရံကပ်၌ ဖော်ပြခံရခြင်းသည် ကျွန်တော့် ကို အလုပ်သမားများက တလေးတစားဆက်ဆံလာကြသည်။ ရင်းနှီးမှုကျယ်ပြန့်လာခဲ့သည်။
သည်အထဲ၌ ယမ်းထွန်းကြီးသည် ထိုဝတ္တုကို သဘောကျနေသူဖြစ်ရာ သူ့ ]စတုတ်}ထဲကျွန်တော်ရောက်သွားသောအခါ ပို၍ ရင်းနှီးနေတော့သည်။ ကျွန်တော့်လိုနံရံကပ်ရေးနေသည့် ကလောင်လက်သင်တစ်ယောက်ကို ယမ်းထွန်းကြီးက အထင်တကြီးဖြစ်နေ သောအခါ ကျွန်တော်ပြုံးနေရသည်။ ပုံနှိပ်စာလုံးဖြင့် ဖော်ပြမခံရ၍ ကျွန်တော်တို့အပေါ်အထင်သေးသူများအကြား၌ ယမ်းထွန်းကြီးတို့ လိုအလုပ်သမားများက အသိအမှတ်ပြု လာကြသောအခါ ဖန်တီးရကျိုးနပ်သည်ဟု ရင်၌ တမြေ့မြေ့ခံစားနေရသည်။ ထို့ကြောင့် လည်းမိုင်းအလုပ်သမားများအကြောင်း ပီပီပြင်ပြင်ရေးရန် ယမ်းထွန်းကြီး တိုက်တွန်းမှုကို ကျွန်တော်လိုလားစွာ လက်ခံခဲ့ရသည် မဟုတ်လား။
ကျွန်တော်သည်အားလပ်သည့် အချိန်များ၌ ယမ်းထွန်းကြီးအခန်းသို့ မကြာမဏအလည်သွားတတ်သည်။ သူသည် အားလပ် ချိန်အချို့၌ စာဖတ်သည်။ မျက်စိအားနည်းနေပြီဖြစ်သော်လည်းကြိုးစား၍ စာဖတ်သည်။ ကျွန်တော်သည် သူနှစ်သက်လောက်မည့် စာအုပ်များ ကို ပေးဖတ်သည်။ ကြိုက်သည်လည်းရှိ၊ မကြိုက်သည်လည်းရှိ။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က တောင်ကြားသတ္တုတွင်းမြို့၌ စာပေဟောပြောပွဲလာသည့် စာရေးဆရာများထဲမှ တောင်ကြားသတ္တုတွင်းမြို့ အကြောင်းရေးသားထားသည့်ဝတ္တုကို ယမ်းထွန်းကြီးအားပေးဖတ်မိသည်။ ကိုယ့်မြို့အကြောင်းရေးထားသည် ဆိုတော့ သူလည်းပို၍စိတ်ဝင်စားနေသည်။ ထို့ကြောင့်သူသည် ခပ်မြန်မြန်ဖတ်လိုက်မည်ဟု ကျွန်တော့်ကိုပြောကာ ]တုန်ပဲ}ချောင်းသို့ ထင်းထမ်းမသွားပဲ တစ်နေ့တည်းနှင့် အပြီးဖတ်လိုက်သည်။ နောက်ဆုံးတွင် ယမ်းထွန်းကြီးသည် ဝတ္တုစာအုပ်ကို ကျွန်တော့်လက်ထဲ ပစ်ထည့်ရင်း. . . .
]အလကားဝတ္တုပါကွာ။ တောင်ကြားသတ္တုတွင်းမြို့ကို ခဏတဖြုတ်လာပြီး ပြီးစလွယ်ရေးသွားတယ်။ သိပ်ပြီးအပေါ်ယံဆန် တယ်။ အနုပညာဝါသနာပါတဲ့မိုင်းလုပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့လုပ်သားကြေးမုံဇာတ်ကို ဟိုးကမ္ဘေကမ္ဘာကနာမည်ကြီးခဲ့တဲ့ မြို့တော်သိန်းအောင်ဇာတ်နဲ့ယှဉ်ထားသေးတယ်။ အလကား]ရုပ်တမ်း}ထားတယ်။ တို့ရေးစေချင်တာက အဲလိုမျိုးအပေါ်ယံဆန်တာမျိုးမ ဟုတ်ဘူး။ အပေါ်ယံအမြင်မဟုတ်ဘူး။ မိုင်းထဲမှာ အလုပ်သမားတွေ ပင်ပင်ပန်းပန်းလုပ်ကြရတာတွေ၊ ချွေးစက်တွေထွက်အောင် အလုပ်လုပ်ကြရတာတွေ}
သူ၏စကားသံမှာ မထင်မှတ်ဘဲတင်းမာနေသည်။ ဒေါသသံလွှမ်းနေသည်။ အပေါ်ယံဆန်သော စာရေးဆရာများကို ဘဝင်ကျဟန်မတူ။ ရင်ထဲ၌ ကြိတ်မနိုင်ခဲမရဖြစ်နေဟန်တူသည်။ သူသည် စိန်တွေ၊ ရွှေတွေ ပြိုးပြိုးပြက်ပြက်ဝတ်ဆင်ပြီး စင်မြင့် ပေါ်၌ ဟောပြောသွားသည့် စာရေးဆရာမကြီး၏ တောင်ကြားသတ္တုတွင်းမြို့နောက်ခံဝတ္တုကြီးကို သုံးသပ်တင်ပြနေသည်။ သူ့စကား ကို နားထောင်နေစဉ် ကျွန်တော်သည် ဗန်းမော်တင်အောင်လို ]ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည်နည်း} ဟူသော စကားကို ပြန်ပြောရမလို ဖြစ်နေသည်။ နောက်ဆုံး၌ ကျွန်တော့်ကို. . . .
]မင်းတို့ကဒီအကြောင်းတွေဖွင့်ချပြရမယ်။ တို့ဘဝအဖြစ်မှန်တွေကို ရေးပြရမယ်} ဟူ၍ ပြောကာ ကျွန်တော့်ကို ပြုံးဖြီးဖြီး နှင့် ကြည့်နေတော့သည်။
ယခုဆိုလျှင် ကျွန်တော်သည်လည်း ယမ်းထွန်းကြီး အခန်းသို့မရောက်သည်မှာ ကြာပြီ။ သို့သော်လည်းသူအရေးခိုင်း နေသည့် ဝတ္တုတိုလေးကိုကား သည်ကနေ့နားသည့်ရက်၌ အပြီးသတ်အောင်ရေးလိုက်သည်။ နဂိုကတည်းက ရင်ထဲ၌ ခံစားနေမိရာ ယခုလက်တွေ့ချရေးသောအခါ ချေမောပြေပြစ်နေတော့သည်။
ဝတ္တုခေါင်းစဉ်ကို ]ချွေး}ဟူ၍ ပေးလိုက်သည်။ ဇနီးသားသမီးအတွက် ကျရသည့် ဇောချွေး၊ အသက်ရှူမ၀၍ အိုက်စပ်ပူ လောင်သဖြင့် ထွက်လာရသောချွေး၊ ပင်ပန်းနွမ်းနွယ်မှုကြောင့် ခန္ဓာကိုယ်မှ အန်ထွက်လာရသောချွေး။ဤချွေးစက်ပေါင်းများစွာသည် ပိန်းပိတ်အောက်နက်မှောင်သောမြေအောက်မိုင်းထဲ၌ အခါခါကျသဖြင့် ငွေပွင့်ကလေးတွေထွက်လာရကြောင်း၊ ဤချွေးစက်ကလေးများမှ ရသော ငွေပွင့်ကလေးများသည် လုပ်အား၏ရလဒ်ဖြစ်ကြောင်း၊ သို့သော် မိုင်းထဲ၌ သံသရာလည်နေသော ချွေးစက်ကလေးများကဲ့သို့ မိုင်းအလုပ်သမားများ၏ ဘဝများစွာသည်လည်း လုံးချာလည်လိုက်နေကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကျွန်တော်သည် ဆည်းဆာနုကုန်ဆုံးစအချိန်၌ ဝတ္တုတိုကို အဆုံးသတ်လိုက်သည်။ ကျွန်တော့်မှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသည့်နှယ် ရင်ထဲ၌ ပေါ့ပါးလန်းဆန်းသွားသည်။

ကျွန်တော်သည် လမ်းလျှောက်ရင်း အတွေးတွေပျံ့လွင့်နေခဲ့သည်။ ကျွန်တော်လည်း လမ်းမကြီးပေါ်မှ ဖဲ့ဆင်းကာ ယမ်းထွန်းကြီး နေသည့် တန်းလျားဆီသို့ ခြေဦးလှည့်လိုက်သည်။ အမှောင်ထုသည် တစတစသိပ်သည်းလာနေပြီ။ လမ်းဓာတ်မီးတိုင် များမှာ စိတ်မပါတော့သလို မှိန်ပျပျသာ လင်းလက်နေလျက်။ ယခုတစ်ပတ်၌ယမ်းထွန်းကြီး နေ့လယ်နှစ်နာရီဆင်းဖြစ်၍ ည(၁၀)နာရီ အထိသူ့ကိုစောင့်ရင်း သူ့ဇနီးဒေါ်မြခင်နှင့်စကားလက်ဆုံကျကာအချိန်ဖြုန်းရမည်။ အရင့်အရင်သွားလည်စဉ်ကလည်း တစ်ခါတစ်ရံ ညဉ့်နက်သန်းခေါင်နေဖူးသည်ပင်။
ကျွန်တော်သည် အညစ်အကြေးများ၊ အမှိုက်ပုံများကြားမှ ဖြတ်သန်းလာရသဖြင့် ဆိုးဆိုးရွားရွား အနံ့အသက်များက နှာဝသို့ ဝင်လာသည်။ ကျွန်တော်သည် ပြွတ်သိပ်ကျပ်တည်းလှသော အလုပ်သမားတန်းလျားများဆီသို့ ဦးတည်လျှောက်နေရာမှ ယမ်းထွန်းကြီး အခန်းကျဉ်းဆီသို့ ခပ်သွက်သွက်လှမ်းနေတော့သည်။
ထိုခဏ၌ စူးရှသောအသံနှင့်အတူ အော်ကြီးဟစ်ကျယ်ငိုယိုနေသော အသံများသည် ကျွန်တော့်နားထဲအတင်းပြေးဝင်လာ နေသည်။
]အမလေးကိုထွန်းရဲ့။ ကိုယ်ကျိုးနည်းကုန်ပါပြီတော့။ကျုပ်တို့ကို ပစ်ထားခဲ့တော့မှာလား}
စီခနဲအော်ငိုလိုက်သံသည် အမှောင်ဖုံးစပြုနေသော ရပ်ကွက်တစ်ခုလုံးကို လွှမ်းသွားသည် ထင်ရသည်။ ကျွန်တော်၏ ခြေလှမ်းများမှာ တုံ့ခနဲရပ်သွားသည်။ ကျွန်တော့် နားထဲ၌ ဝေဝေဝါးဝါးအသံများကြားထဲ၌]ကိုထွန်းရဲ့}ဆိုသော အသံကို ကောင်း ကောင်းကြားလိုက်မိသည်။ ကိုထွန်း၊ ဘယ်ကကိုထွန်းလဲ။ ငါတို့ယမ်းထွန်းကြီး ဦးထွန်းကို ပြောတာလား။ ကျွန်တော့်ခေါင်းထဲ၌ လားပေါင်းများစွာထပ်နေပြီ။
]အဖြစ်ဆိုးလှချေလား။ ကျုပ်တို့ကို တစ်ပါတည်းခေါ်သွားပါတော့လား ကိုထွန်းရဲ့ ဟီး. . . ဟီး. . }
ကျွန်တော်သည် လက်ထဲ၌ ကိုင်လာသော ]ချွေး}ဝတ္တုတိုကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်ကာ ယမ်းထွန်းကြီး အခန်းသို့ အပြေး သွားမိသည်။ ဟင်. . .  ဒေါ်မြခင်ငိုနေတာပါလား။ ကလေးတွေလည်းငိုလို့ယိုလို့။
အခန်းရှေ့၌ လူတွေဝိုင်းအုံနေသည်။ ဒေါ်မြခင်ကို ချော့မော့နေသူတွေ၊ ကလေးတွေကိုထိန်းပေးနေသူတွေနှင့် ဆူညံပွက်လော ရိုက်နေသည်။ တဒင်္ဂ၌ ငရဲပွက်နေသည်သည့်အလား ထင်ရသည်။ ကျွန်တော်လည်း လူအုပ်ကြားထဲ တိုးဝင်ကာ ဒေါ်မြခင်ဆီ အတင်းပြေးသွားသည်။
]ဘယ်လိုဖြစ်တာလဲ ဒေါ်လေး၊ ကျွန်တော့်ကိုပြောပါဦး}
ငိုကြွေးလွန်းအားကြီး၍ ဒေါ်မြခင်မျက်နှာမှာ မို့နေသည်။ မျက်လုံးမှာလည်း နီရဲနေသည်။ ပြီးတော့ ကျွန်တော့်ကို လှည့်ကြည်ကာ . . . . .
]မင်းယမ်းထွန်းကြီး ကိုထွန်းလေ. . .  ဆုံးပေါ့ ဆုံးပေါ့}
]ဟင်. . . ယမ်းထွန်းကြီးဆုံးပြီ၊ ဘယ်လိုဖြစ်တာလဲ}
]ဘာဖြစ်ရမလဲ မိုင်းထဲမှာ မြေပိလို့လေ။ အမယ်လေးကိုထွန်းရဲ့ အဖြစ်ဆိုးလှချည်ရဲ့}
ဒေါ်မြခင်သည် ငိုကြွေးရင်းတက်သွားပြန်သည်။ အမျိုးသမီးများကခြေထောက်တွေကို လှန်ချိုးပေးနေသည်။ ခဏအကြာတွင် မှသတိပြန်လည်လာသည်။ ကလေးများမှာလည်း ဆာလောင်နေသလားမသိ။ တဟီးဟီးငိုယိုနေဆဲပင်။ လူအုပ်ကြီးကို အကဲခတ်မိ သောအခါ သူတို့အားလုံး၏ မျက်နှာများမှာ စိတ်မကောင်းသည့် အမူအရာလွှမ်းနေသည်။ ရပ်ကွက်ထဲမှ ဘဝတူအလုပ်သမားတွေက ဝိုင်းဝန်းဖျောင်းဖျနေကြသည်။ ထိုစဉ်လူအုပ်ကြီးကို အတင်းတိုးဝှေ့ဝင်လာသူ လူတစ်ယောက်သည် ဒေါ်မြခင်အနီးသို့ အပြေးအလွှား သွားကာ ဗလုံးဗထွေးနှင့် စကားအချို့ကို ပြောလိုက်သည်။ ထိုလူ၏စကားသံကြောင့် လူအုပ်ကြီးသည် တဒင်္ဂအတွင်း ငြိမ်သက်သွား လေသည်။
]ဟဲ့မြခင် ငထွန်းမသေဘူးဟ။ မိုင်းထဲမှာ အသက်ကယ်ဆယ်ရေးတွေက ပြောလို့သိခဲ့ရတာ။ အထဲမှာ မြေကြီးပိတ်မိနေ တာပါ။ အခု ငထွန်းပိတ်မိနေတဲ့နေရာကို မိုင်းချုပ်တို့၊ဒုမိုင်းချုပ်တို့၊ မိုင်းဖိုမင်တို့၊ အင်ဂျင်နီယာတို့၊ ရှစ်ဘော့တို့လဲရောက်နေပြီ။ ဆေးရုံက ဆရာဝန်ကြီးဒေါက်တာချစ်ခိုင်လဲရောက်လို့ ပိတ်မိနေတဲ့ ငထွန်းဘက်ကို ရေနဲ့ နွားနို့တွေကို ပိုက်နဲ့ဆက်ချပေးနေတယ်။ အခု စပယ်ရှယ် ယမ်းထွန်းကြီးတွေနဲ့ ပိတ်မိနေတဲ့မြေကြီးတွေကို အမြန်ဆုံးဖယ်ထုတ်ပေးနေတယ်ဟ}
]ကျုပ်ကိုလိမ်ပြောနေတာပဲမို့လား၊ ကျုပ်မယုံဘူးတော့}
]ဟ ငါ့နားနဲ့ဆတ်ဆတ်ကြားလာခဲ့ရတာပါ။ ငထွန်းလုံးဝမသေပါဘူး}
ကျွန်တော်သည် ဆူဆူညံညံ အော်ဟစ်ငိုယိုသံ၊ တစ်ယောက်တစ်ပေါက်စကားပြောနေသံ၊ ခွေးဟောင်သံကြားထဲ၌ ရပ်နေမိသော်လည်း စိတ်သည်ယမ်းထွန်းကြီးဆီရောက်နေသည်။ ကျွန်တော်သည် အသားမည်းမည်းနှင့် ပြုံး၍ နှုတ်ဆက်တတ်သော ယမ်းထွန်းကြီး မျက်နှာကိုမြင်ယောင်နေမိသည်။
တစ်ဆက်တည်းမှာပင် သူ့ကိုပေးဖတ်ဖို့ယူလာခဲ့သော ဝတ္တုတို၏ အမည်ကို သတိရလိုက်သည်။ ခေါင်းစီးက]ချွေး}။
ထိုခဏ၌ ဒေါ်မြခင်၏ တရှိုက်ရှိုက်ငိုရင်းပြောလိုက်သော စကားကြောင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးနှလုံးခုန်နှုန်းတွေ ရပ် သွားသလားခံစားလိုက်ရသည်။
]ကိုထွန်းရဲ့ တော်သာမရှိရင်တော့ တော့်ကလေးတွေနဲ့ကျူပ်တို့ ဘယ်မှာနေပြီး ဘာစားကြရမလဲ မသိဘူးနော်။ ကျုပ်မတွေး ဝံ့ဘူး}
ဟုတ်ပါသည်။ အကယ်၍ ယမ်းထွန်းကြီးသာ မရှိခဲ့လျှင် ဒေါ်မြခင်တို့မိသားစု၏ ရှေ့ရေးမှာ ရင်မအေးနိုင်စရာဖြစ်နိုင်ပါ သည်။ ယခုတော့ . . . .

ယခုတော့ဆေးရုံပေါ်၌ မိန်းမောနေသည့် ယမ်းထွန်းကြီးကို ဒေါ်မြခင်က ဝမ်းသာသော ရင်ခုန်မှုဖြင့် မျက်တောင်မခတ်ဘဲ စူးစူးနစ်နစ် ကြည့်နေသည်။
ကျွန်တော်သည် ယမ်းထွန်းကြီးအား ပေးဖတ်ရန် ]ချွေး}ဝတ္တုတိုကို ကိုင်ရင်းစောင့်နေမိလေသည်။

(၂၀၀၀ပြည့်နှစ်၊ ဩဂုတ်လ၊ န၀ဒေးရသစုံ  စာပေမဂ္ဂဇင်း အမှတ် ၈)
ယမ္းထြန္းႀကီးဖတ္ဖို႔ဝတၱဳ 
(Zaw Gyi)
ဆင္တဲဝျမတ္မင္း
(၂၀၀၀ျပည့္ႏွစ္၊ ဩဂုတ္လ၊ န၀ေဒးရသစုံ  စာေပမဂၢဇင္း အမွတ္ ၈)

]ေခၽြး}ဝတၱဳတိုေလးအဆုံးသတ္ ေရးၿပီးခ်ိန္တြင္ၾကက္ေသြးႏုဆည္းဆာေရာင္ ေပ်ာက္ေနေပၿပီ။
ကၽြန္ေတာ္သည္ဝတၱဳစာမူကို ရင္ဝယ္ပိုက္ရင္း]နန္႔ပန္ယြန္း}ေခ်ာင္းေဘးရွိ ေက်ာက္ျပဳပ္မ်ားထေနေသာ ေတာင္ၾကားသတၱဳတြင္း ၿမိဳ႕၏လမ္းမေပၚ၌ စိတ္တက္ႂကြစြာ ေလၽွာက္လွမ္းကာ ေတာင္ၾကား၌ ႁပြတ္သိပ္က်ပ္တည္းစြာ ေဆာက္လုပ္ထားေသာ ယမ္းထြန္းႀကီး ေနေသာ အလုပ္သမားလိုင္းမ်ားဆီသို႔လာခဲ့သည္။
ငါဝတၱဳေရးလိုက္ၿပီ။ မိုင္းအလုပ္သမားအေၾကာင္း ဝတၱဳေရးလိုက္ၿပီ။ ဒီဝတၱဳကို ယမ္းထြန္းႀကီးဖတ္မိရင္သိပ္ၾကည္ႏူးမိမွာပဲ။ နီက်င္က်င္ျဖစ္ေနတဲ့ သူ႕သြားက်ဲႀကီးေတြကို ၿဖီးၿဖီးႀကီးလုပ္ၿပီး ၿပဳံးေနမွာပဲ။ ၿပီးေတာ့ ငါ့ပခုံးကို ကိုင္လႈပ္ရင္း ]မင္းသိပ္ေတာ္တဲ့ လူငယ္ေလးပဲ} လို႔ခ်ီးက်ဴးခန္းဖြင့္ေနဦးမွာပဲ။
ကၽြန္ေတာ့္ရင္ထဲ၌ ပီတိျဖစ္ေနမိသည္။ အေတြးထဲ၌လည္း ယမ္းထြန္းႀကီး႐ုပ္လႊာသာလၽွင္ ေပၚလာေနသည္။

]မင္းကစာေရးတယ္ဆို။ တို႔မိုင္းအလုပ္သမားေတြအေၾကာင္းေရးစမ္းပါကြာ}
ယမ္းခိုးေတြလႈိင္ေနေသာ ]စတုတ္}(သတၱဳထုတ္သည့္လုပ္ကြက္) ထဲ၌ ေလပိုက္အနီး ပန္းျပား(မိုင္းသုံးသစ္သား)ေပၚတြင္ ထိုင္ေနသည့္ ယမ္းထြန္း(ေရွ႕ေဆာင္လုပ္သား)ႀကီး ဦးထြန္းသည္ကၽြန္ေတာ့္ဘက္သို႔လွည့္ကာ စကားေျပာေနသည္။ ကၽြန္ေတာ္လည္း ယမ္းထြန္းႀကီးကို ခ်က္ခ်င္းျပန္မေျပာမိ။ ခုအခါ၌ ကၽြန္ေတာ့္တြင္ ေျပာစရာစကားမရွိေသးဟု ေတြးမိကာ ေဘာ္ခ်ေနေသာ သံေခ်ာင္းဘက္ မီးထိုးျပရင္း ႏႈတ္ဆိတ္ေနသည္။
ေစာေစာက ဒိုင္းနမိုင္းခြဲထားသျဖင့္ ေဘာ္ခဲမ်ားသည္ ]စတုတ္}ထဲ၌ ဖြာရာက်ဲေနလ်က္။ ယမ္းခိုးယမ္းေငြ႕ေတြလည္း မျပယ္ ေသးေပ။ သံေခ်ာင္းသည္ လက္ထဲ၌ တင္းက်ပ္စြာ ဆုပ္ကိုင္ထားေသာ ေဂၚျပားျဖင့္ ေဘာ္မ်ားကို ေအာက္ဖက္ေဘာ္ဒိုက္ထဲသို႔ ခ်ေန သည္။ သူသည္ ခါးကိုကိုင္းၫြတ္ကာ ဒူးတစ္ေခ်ာင္းကို ၫြတ္ရင္းေဘာ္ခဲမ်ားကို ေဂၚျပားျဖင့္ ရွပ္တိုက္ထိုးေနရသည္။ ကာဘိုက္ မီးခြက္၏ မႈန္ဝါးဝါး အလင္းေရာင္ေအာက္၌ သံေခ်ာင္းကိုယ္တြင္ ေခၽြးေတြသီးေနလ်က္။
]တို႔မိုင္းအလုပ္သမားေတြ မိုင္းထဲမွာ ဘယ္လိုပင္ပန္းဆင္းရဲေအာင္ လုပ္ရတယ္၊ အႏၲရာယ္ေတြဝိုင္းရံေနတဲ့ၾကားကေန ေဘာ္ ေတြတူးေနၾကရတယ္၊ ေဟာဒီ ကာဘိုက္မီးခြက္ကေလးရဲ႕အလင္းေရာင္ဟာ တို႔ရဲ႕အသက္ျဖစ္တယ္ ဆိုတာမင္းေရးစမ္းပါကြာ}
ကၽြန္ေတာ္သည္သံေခ်ာင္းကိုယ္မွာေခၽြးေတြ႐ႊဲေနသည္ကိုလည္းမသိမဟုတ္။ ကိုသာရင္ႏွင့္ကိုစံၿမိဳင္တို႔ႏွစ္ေယာက္ေရဗြက္မ်ားဖုံး ေနသည့္ သံလမ္းအေဟာင္းေပၚတြင္ ေဘာ္လွည္းတြန္းေနရသည္ကိုလည္း မသိမဟုတ္။ ကၽြန္ေတာ္တို႔ငယ္သားေလးေယာက္ ငါးပတ္ လည္ ဆယ္ပတ္လည္ စသည့္ သစ္သားတုံးႀကီးမ်ားကို ေခါင္းမလြတ္သည့္ လယ္ဗယ္က်ဥ္းက်ဥ္းက်ပ္က်ပ္ၾကားမွ မႏိုင့္တႏိုင္ထမ္းရ သည့္အျဖစ္မ်ားကိုလည္း မသိမဟုတ္။ ကာဘိုက္မီးခြက္ငယ္ကို ေရခဏခဏဖြင့္ရင္း ျပဳတ္က်ႏိုင္မလား၊ ၿပိဳက်ႏိုင္မလားဟု ကိုယ့္စတုတ္ကို လိုက္လံၾကည့္႐ႈေနရေသာ ယမ္းထြန္းႀကီး၏ စိုးထိတ္ေနသည့္ အျဖစ္ကိုလည္း မသိမဟုတ္။ ကၽြန္ေတာ့္ႏွလုံးျပင္၌ ေျမေအာက္မိုင္း အလုပ္သမားဘ၀မ်ား၏ ႀကီးမားေသာ အႏၲရာယ္ေထာင္ေခ်ာက္ႏွင့္ အခ်ိန္ျပည့္ရင္ဆိုင္ေနရပုံကို ေတြးေတာမိကာ ေမာေနသည္။
]ကၽြန္ေတာ္လဲ မိုင္းအလုပ္သမားေတြအေၾကာင္း ဝတၱဳေရးဖို႔စဥ္းစားေနတာပဲ။ကၽြန္ေတာ္တို႔ အလုပ္လုပ္ရတာ ဘယ္ေလာက္ပင္ ပန္းတယ္၊ ခါးက်ိဳးေအာင္ေဂၚထိုးႏိုင္မွ ေဘာနပ္(စ္)ေငြစားရတယ္၊ ေလ႐ႈမ၀လို႔ ယမ္းခိုးေတြ႐ႈေနရလို႔ မြန္းမြန္းက်ပ္က်ပ္ျဖစ္ေနရတယ္ ဆိုတာကိုလဲ ကၽြန္ေတာ္တို႔ခံစားေနၾကရတာပဲ။ ေရးရမယ္၊ ဒီအေၾကာင္းေတြကို ေရးကို ေရးရမယ္}
ကၽြန္ေတာ္သည္ ကာဘိုက္မီးခြက္ ေရဖြင့္ေနရင္း ယမ္းထြန္းႀကီးကို စကားျပန္ေျပာမိသည္။ ေစာေစာက မွိန္မွိန္သာလင္းေန ေသာ ကာဘိုက္မီးခြက္သည္ ခ်က္ျခင္းပင္ပို၍ ေတာက္ပလာသည္။ လင္းလက္ေသာ မီးေရာက္ေအာက္၌ ယမ္းထြန္းႀကီး၏ မ်က္ႏွာ မည္းမည္းႀကီးမွာ အၿပဳံးေတြေဝလ်က္။သူ၏ လက္ၾကမ္းႀကီးျဖင့္ ကၽြန္ေတာ့္ ပခုံးကိုင္လႈပ္ရင္း. . . .
]မင္းတစ္ေန႔ေတာ့ေပါက္ေျမာက္ေအာင္ျမင္မယ့္သူငယ္ေလးျဖစ္လာမွာပါကြာ}
ယမ္းထြန္းႀကီးသည္ ကၽြန္ေတာ့္အနီးမွ ထသြားၿပီးေနာက္ သံေခ်ာင္းလက္ထဲမွ ေဂၚျပားကို ဆြဲယူကာ ေဘာ္မ်ား ပစ္ခ်ေန သည္။ သံေခ်ာင္းလည္း ေလပိုက္အနီး၌ ထိုင္ကာ အေမာေျဖေနသည္။ အသက္ေလးဆယ္ေက်ာ္စျပဳေနေသာ ယမ္းထြန္းႀကီးသည္ ခြန္အားရွိသမၽွ ေဘာ္မ်ားခ်ေနေသာ္လည္း သူ၏အားအင္မ်ားမွာ ေလ်ာ့နည္းစျပဳေနၿပီကို ကၽြန္ေတာ္အမွတ္မထင္ သတိထားလိုက္ မိသည္။
မိသားစုခုနစ္ေယာက္ ထမင္းနပ္မွန္ေအာင္ စားရေရးအတြက္ ယမ္းထြန္းႀကီးမွာ မိုင္းထဲ၌ အပန္းတႀကီး လုပ္ေနရသည္။ သည္ၾကားထဲက ကေလးငါးေယာက္ေက်ာင္းစရိတ္ကလည္းရွိေသးသည္။ သူ႕ဇနီးေဒၚျမခင္ကလည္းရထားေဈး၌ ေဈးေတာင္းမ်ားကို ႐ြက္ကာ တစ္ဖက္တစ္လမ္းမွ ၾကားဝင္ေငြရွာရေသးသည္။ ယမ္းထြန္းႀကီး တစ္ေန႔အလုပ္မဆင္းႏိုင္လၽွင္ သူ႕မိသားစုမွာ ခ်က္ျခင္းပင္ ျပႆနာေပၚေတာ့သည္။ သည္စားဝတ္ေနေရးႏွင့္ သားသမီးမ်ား ေက်ာင္းစရိတ္မွန္မွန္ ေျဖရွင္းႏိုင္ေရးအတြက္ ယမ္းထြန္းႀကီးသည္ ေဘာနပ္(စ္)မ်ားမ်ားရဖို႔၊ တန္စားေပးစားရဖို႔၊ အိုတီမ်ားမ်ားရဖို႔ အၿမဲစိတ္ကူးေနလိမ့္မည္။
ကၽြန္ေတာ္သည္ အမွတ္မထင္ပင္ ယမ္းထြန္းႀကီးတို႔ ဘ၀ကို နက္နက္႐ႈိင္း႐ႈိင္း ေတြးေနမိသည္။
တစ္ခါတစ္ရံယမ္းထြန္းႀကီးသည္ ကၽြန္ေတာ္တို႔ ငယ္သားမ်ားအလယ္၌ ထိုင္ကာ ]ငါကြာ. . ဒီေလာက္ပင္ပင္ပန္းပန္းလုပ္ရ တာေတာင္အလ်ဥ္ကမမီခ်င္ဘူး။ ဘာျဖစ္လို႔မ်ားေလာက္ေလာက္ငငမျဖစ္ရသလဲေနာ္။ ေအးေလ. . . ျဖစ္သမၽွအေၾကာင္း အေကာင္း ခ်ည္းေပါ့ကြာ}ဟူ၍ညည္းၫူတတ္သည္။ စင္စစ္ယမ္းထြန္းႀကီးလိုပင္ ကၽြန္ေတာ္ႏွင့္ အျခားအျခားေသာ မိုင္းသမားမ်ား၏ ဘ၀မ်ားမွာ အတူတူႏွင့္ အႏူႏူခ်ည္းသာ။ ကၽြန္ေတာ္သည္ ရင္နင့္စရာစကားၾကားရသည့္အခါတိုင္း ယမ္းထြန္းႀကီး၏ ေျပာစကားမွာ နားထဲ၌ ၾကားေယာင္ေနမိျပန္သည္။
]တို႔မိုင္းအလုပ္သမားေတြ အေၾကာင္းေရးစမ္းပါကြာ}
ယခုအခါတြင္ကၽြန္ေတာ္သည္ ယမ္းထြန္းႀကီးစတုတ္ထဲ၌ မဟုတ္ေတာ့။ သူ႕ငယ္သားတစ္ေယာက္ခြင့္ယူထားရက္၌ စပယ္ရာ လိုက္ေနရေသာ ကၽြန္ေတာ္သည္ ယမ္းထြန္းႀကီးတို႔အဖြဲ႕၌ ေခတၱလိုက္ေနရျခင္းျဖစ္ရာယခု ၎ငယ္သားလည္းအလုပ္ျပန္ဆင္းလာၿပီျဖစ္  ေသာေၾကာင့္ ကၽြန္ေတာ္လည္း အျခား]စတုတ္}ထဲ၌ ေျပာင္းလိုက္ရသည္။ လုပ္ကြက္ေနရာခ်င္းေဝးသြားခဲ့ၿပီျဖစ္ေသာ္လည္း လူခ်င္းက ေတာ့ ရင္းႏွီးခင္မင္ေနဆဲပင္။ အထူးသျဖင့္ သူကၽြန္ေတာ့္ကို အေရးခိုင္းေနေသာ မိုင္းဝတၱဳကိုကား ေရးျဖစ္ေအာင္ေရးဖို႔ ကၽြန္ေတာ္ ႀကိဳးစားေနဆဲပင္။

မိုင္းထဲ၌ ယမ္းထြန္းႀကီးကို စိတ္ထက္သန္စြာ ေျပာခဲ့ေသာ္လည္း တကယ္တမ္း၌ ကၽြန္ေတာ္ခ်မေရးႏိုင္။ ကၽြန္ေတာ္ ကားမိုင္းထဲ၌ ပင္ပန္းတႀကီး အလုပ္လုပ္ၿပီး အိမ္ျပန္လာေသာအခါ အားအင္ေတြကုန္ခမ္းလာကာ ဘာဆိုဘာမၽွ မေတြးေတာႏိုင္၊ မေရးႏိုင္၊ မဖတ္ႏိုင္။ က်ပ္ခိုးေတြသီးေနေသာ မြမ္းက်ပ္အိုက္ေလွာင္ေနေသာ ဆယ္ေပအခန္းက်ဥ္းထဲ၌ ေျခပစ္လက္ပစ္အိပ္ပစ္လိုက္ သည္ကမ်ားသည္။
အလုပ္တအား ပင္ပန္းလာသည့္ေန႔ဆိုလၽွင္ အေမသည္ ကၽြန္ေတာ့္အနီး၌ ထိုင္ကာ အေမာေျပစကားေျပာတတ္သည္။
]သားရယ္. .  . ေအာင္စာရင္းမထြက္ခင္ပဲ ပင္ပင္ပန္းပန္းလုပ္ရမွာပါ။ သားလဲဒီႏွစ္ဆယ္တန္းေအာင္မွာပါကြယ္။ အင္း. . . မင္းအေဖသာအခုလိုမျဖစ္ရင္သားေလးပင္ပန္းမွာ မဟုတ္ပါဘူး}
တကယ္ေတာ့ အေမသည္ ကၽြန္ေတာ့္ကို အားေပးစကားေျပာေနျခင္းျဖစ္သည္။ အကယ္၍ ဆယ္တန္းေအာင္ခဲ့လၽွင္ ေျမေပၚ႐ုံးတစ္႐ုံး၌ စာေရးေလးအျဖစ္ သက္ေတာင့္သက္သာလုပ္ခိုင္းရန္ စိတ္ကူးထားဟန္ရွိသည္။ ကၽြန္ေတာ္ကား စာေမးပြဲေအာင္ သည္ျဖစ္ေစ၊ မေအာင္သည္ျဖစ္ေစ ဘ၀ကို ရဲရဲဝံ့ဝံ့ ႐ုန္းကန္ဖို႔ ပိုင္ပိုင္ႏိုင္ႏိုင္ဆုံးျဖတ္ထားၿပီးျဖစ္သည္။ အေမကၽြန္ေတာ့္ကိုႏွစ္သိမ့္ အားေပးစကားေျပာေနခ်ိန္တြင္ အေမ့အသံသည္ အက္ကြဲတုန္ခါေနသည္။ ကၽြန္ေတာ္သည္ အေမ့အသံမဆုံးခင္မွာပင္ အခန္းက်ဥ္းထဲမွ ခုတင္ေပၚ တြင္လဲေလ်ာင္းေနေသာ အေဖ့ကိုလွမ္းၾကည့္မိသည္။
အေဖသည္ယခုအခါ၌ ဒုကၡိတဘ၀ေရာက္ေနရၿပီ။ ခုဆိုလၽွင္ အေဖ့နားတြင္ အေမသည္ အၿမဲတေစ ျပဳစုေနရၿပီ။ ထူေပး ေထာင္ေပးလွဲေပးရသည္အထိ ျပဳစုေနရၿပီ။
]ငါ့သားကို ပညာတတ္တစ္ေယာက္ျဖစ္ေအာင္ အေဖေက်ာင္းထားမယ္}
မိုင္းထဲ၌ သန္သန္မာမာလုပ္ကိုင္ႏိုင္စဥ္က အေဖေျပာခဲ့ေသာစကားစုမွာ ယခုအခါ၌ ဘယ္ဆီလြင့္ေပ်ာက္ကုန္ၿပီ မသိေတာ့ႏိုင္။ အေမႏွင့္အေဖသည္တစ္ဦးတည္းေသာသားကၽြန္ေတာ့္ကို ခ်စ္ၾကသည္။သို႔ေသာ္ကၽြန္ေတာ္(၁၀)တန္းေရာက္ေသာႏွစ္မွာပင္ အေဖသည္ ႐ုတ္တရက္ေလျဖတ္ကာ အိပ္ရာထဲ၌ ဘုန္းဘုန္းလဲရရွာေတာ့သည္။ ခႏၶာကိုယ္မွာ ဘာမၽွလႈပ္ရွားမရေတာ့။
ကၽြန္ေတာ္လည္း ပညာတစ္ပိုင္းတစ္စႏွင့္ပင္အလုပ္ဝင္လုပ္လိုက္ရသည္။ ဒုကၡိတျဖစ္ေနေသာ အေဖႏွင့္ အေမတို႔ကိုလုပ္ကိုင္ ေကၽြးေမြးရန္ တာဝန္ျဖစ္လာၿပီ။ ယခုေတာ့ကၽြန္ေတာ္သည္ မိုင္းအလုပ္ၾကမ္းသမားေလးဘ၀ႏွင့္ပင္ အလုပ္ကို ပင္ပန္းႀကီးစြာလုပ္ေန ရင္းျပင္ပမွ (၁၀)တန္းစာေမးပြဲဆက္ေျဖေနရေသာ အလုပ္သမားေက်ာင္းသားေလးျဖစ္ေနရေခ်ၿပီတကား။
ယမ္းထြန္းႀကီးသည္ ကၽြန္ေတာ့္အေဖႏွင့္ လုပ္ေဖာ္ကိုင္ဖက္ျဖစ္ခဲ့ဘူးသည္။ ယခုလို အေဖဒုကၡိတဘ၀ေရာက္ေနစဥ္၌ ကၽြန္ေတာ့္ကို သူ႕]စတုတ္}ထဲေတြ႕လိုက္ရေသာအခါ ကၽြန္ေတာ့္အေပၚ သနားက႐ုဏာပိုေနမိေတာ့သည္။ သည့္ထက္ပို၍ ကၽြန္ေတာ့္ကို ရင္းႏွီးသည္မွာ ေတာင္ၾကားသတၱဳတြင္းၿမိဳ႕မွ စာေပဝါသနာရွင္မ်ားအဖြဲ႕၏ တစ္လတစ္ႀကိမ္ထြက္ေနေသာ (႐ြက္ႏု)နံရံကပ္စာေစာင္၌ ကၽြန္ေတာ္၏ ]အခန္းနံပါတ္ ၁၂၃}ဆိုေသာ ဝတၱဳတိုေလးေဖာ္ျပခံရျခင္းေၾကာင့္ျဖစ္သည္။
ေတာင္ၾကားသတၱဳတြင္းၿမိဳ႕၌႐ြက္ႏုနံရံကပ္တြင္ မိုင္းအလုပ္သမားဘ၀အေၾကာင္း ထင္ဟပ္ေနတတ္သည္။ ေႂကြးပတ္လည္ဝိုင္း ကာ တစ္လႏွင့္တစ္လအလ်င္မီေအာင္ ႀကိဳးစားေနရေသာ အလုပ္သမားမ်ားအေၾကာင္း။ ပိန္းပိတ္ေအာင္နက္ေမွာင္သည့္ ေျမေအာက္၌ အသက္႐ႈမ၀သည့္အလုပ္သမားမ်ားအေၾကာင္း။ နမ့္ပန္ယြန္းေခ်ာင္းနံေဘးမွညည္းၫူစြာ အသက္႐ႈေနရသည့္ အလုပ္သမားမ်ား အေၾကာင္း။ ဤအေၾကာင္းေပါင္းမ်ားစြာထဲ၌ ကၽြန္ေတာ္၏ ]အခန္းနံပါတ္ ၁၂၃}ဝတၱဳတိုတစ္ပုဒ္က လွလွပပေဖာ္ျပ ထားျခင္းခံရသည္။ ဤဝတၱဳတိုေလး၌ ႀကိဳးခ်င္းထား၍ႀကိဳးခ်င္းၿငိၾကရပုံေတြ။ အိုးခ်င္းထား၍အိုးခ်င္းထိၾကရပုံေတြ။အခန္းခ်င္းနီးကပ္ က်ပ္ညပ္လြန္း၍ စိတ္ေဖာက္ျပန္ၾကရပုံေတြကို ဖြဲ႕ကာႏြဲ႕ကာေရးျခယ္ထားျခင္းျဖစ္သည္။  ဤဝတၱဳနံရံကပ္၌ ေဖာ္ျပခံရျခင္းသည္ ကၽြန္ေတာ့္ ကို အလုပ္သမားမ်ားက တေလးတစားဆက္ဆံလာၾကသည္။ ရင္းႏွီးမႈက်ယ္ျပန္႔လာခဲ့သည္။
သည္အထဲ၌ ယမ္းထြန္းႀကီးသည္ ထိုဝတၱဳကို သေဘာက်ေနသူျဖစ္ရာ သူ႕ ]စတုတ္}ထဲကၽြန္ေတာ္ေရာက္သြားေသာအခါ ပို၍ ရင္းႏွီးေနေတာ့သည္။ ကၽြန္ေတာ့္လိုနံရံကပ္ေရးေနသည့္ ကေလာင္လက္သင္တစ္ေယာက္ကို ယမ္းထြန္းႀကီးက အထင္တႀကီးျဖစ္ေန ေသာအခါ ကၽြန္ေတာ္ၿပဳံးေနရသည္။ ပုံႏွိပ္စာလုံးျဖင့္ ေဖာ္ျပမခံရ၍ ကၽြန္ေတာ္တို႔အေပၚအထင္ေသးသူမ်ားအၾကား၌ ယမ္းထြန္းႀကီးတို႔ လိုအလုပ္သမားမ်ားက အသိအမွတ္ျပဳ လာၾကေသာအခါ ဖန္တီးရက်ိဳးနပ္သည္ဟု ရင္၌ တေျမ႕ေျမ႕ခံစားေနရသည္။ ထို႔ေၾကာင့္ လည္းမိုင္းအလုပ္သမားမ်ားအေၾကာင္း ပီပီျပင္ျပင္ေရးရန္ ယမ္းထြန္းႀကီး တိုက္တြန္းမႈကို ကၽြန္ေတာ္လိုလားစြာ လက္ခံခဲ့ရသည္ မဟုတ္လား။
ကၽြန္ေတာ္သည္အားလပ္သည့္ အခ်ိန္မ်ား၌ ယမ္းထြန္းႀကီးအခန္းသို႔ မၾကာမဏအလည္သြားတတ္သည္။ သူသည္ အားလပ္ ခ်ိန္အခ်ိဳ႕၌ စာဖတ္သည္။ မ်က္စိအားနည္းေနၿပီျဖစ္ေသာ္လည္းႀကိဳးစား၍ စာဖတ္သည္။ ကၽြန္ေတာ္သည္ သူႏွစ္သက္ေလာက္မည့္ စာအုပ္မ်ား ကို ေပးဖတ္သည္။ ႀကိဳက္သည္လည္းရွိ၊ မႀကိဳက္သည္လည္းရွိ။
လြန္ခဲ့သည့္ လအနည္းငယ္ခန္႔က ေတာင္ၾကားသတၱဳတြင္းၿမိဳ႕၌ စာေပေဟာေျပာပြဲလာသည့္ စာေရးဆရာမ်ားထဲမွ ေတာင္ၾကားသတၱဳတြင္းၿမိဳ႕ အေၾကာင္းေရးသားထားသည့္ဝတၱဳကို ယမ္းထြန္းႀကီးအားေပးဖတ္မိသည္။ ကိုယ့္ၿမိဳ႕အေၾကာင္းေရးထားသည္ ဆိုေတာ့ သူလည္းပို၍စိတ္ဝင္စားေနသည္။ ထို႔ေၾကာင့္သူသည္ ခပ္ျမန္ျမန္ဖတ္လိုက္မည္ဟု ကၽြန္ေတာ့္ကိုေျပာကာ ]တုန္ပဲ}ေခ်ာင္းသို႔ ထင္းထမ္းမသြားပဲ တစ္ေန႔တည္းႏွင့္ အၿပီးဖတ္လိုက္သည္။ ေနာက္ဆုံးတြင္ ယမ္းထြန္းႀကီးသည္ ဝတၱဳစာအုပ္ကို ကၽြန္ေတာ့္လက္ထဲ ပစ္ထည့္ရင္း. . . .
]အလကားဝတၱဳပါကြာ။ ေတာင္ၾကားသတၱဳတြင္းၿမိဳ႕ကို ခဏတျဖဳတ္လာၿပီး ၿပီးစလြယ္ေရးသြားတယ္။ သိပ္ၿပီးအေပၚယံဆန္ တယ္။ အႏုပညာဝါသနာပါတဲ့မိုင္းလုပ္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့လုပ္သားေၾကးမုံဇာတ္ကို ဟိုးကေမၻကမၻာကနာမည္ႀကီးခဲ့တဲ့ ၿမိဳ႕ေတာ္သိန္းေအာင္ဇာတ္နဲ႔ယွဥ္ထားေသးတယ္။ အလကား]႐ုပ္တမ္း}ထားတယ္။ တို႔ေရးေစခ်င္တာက အဲလိုမ်ိဳးအေပၚယံဆန္တာမ်ိဳးမ ဟုတ္ဘူး။ အေပၚယံအျမင္မဟုတ္ဘူး။ မိုင္းထဲမွာ အလုပ္သမားေတြ ပင္ပင္ပန္းပန္းလုပ္ၾကရတာေတြ၊ ေခၽြးစက္ေတြထြက္ေအာင္ အလုပ္လုပ္ၾကရတာေတြ}
သူ၏စကားသံမွာ မထင္မွတ္ဘဲတင္းမာေနသည္။ ေဒါသသံလႊမ္းေနသည္။ အေပၚယံဆန္ေသာ စာေရးဆရာမ်ားကို ဘဝင္က်ဟန္မတူ။ ရင္ထဲ၌ ႀကိတ္မႏိုင္ခဲမရျဖစ္ေနဟန္တူသည္။ သူသည္ စိန္ေတြ၊ ေ႐ႊေတြ ၿပိဳးၿပိဳးျပက္ျပက္ဝတ္ဆင္ၿပီး စင္ျမင့္ ေပၚ၌ ေဟာေျပာသြားသည့္ စာေရးဆရာမႀကီး၏ ေတာင္ၾကားသတၱဳတြင္းၿမိဳ႕ေနာက္ခံဝတၱဳႀကီးကို သုံးသပ္တင္ျပေနသည္။ သူ႕စကား ကို နားေထာင္ေနစဥ္ ကၽြန္ေတာ္သည္ ဗန္းေမာ္တင္ေအာင္လို ]ကၽြန္ေတာ္ကေကာ ဘာမ်ားတတ္ႏိုင္ဦးမည္နည္း} ဟူေသာ စကားကို ျပန္ေျပာရမလို ျဖစ္ေနသည္။ ေနာက္ဆုံး၌ ကၽြန္ေတာ့္ကို. . . .
]မင္းတို႔ကဒီအေၾကာင္းေတြဖြင့္ခ်ျပရမယ္။ တို႔ဘ၀အျဖစ္မွန္ေတြကို ေရးျပရမယ္} ဟူ၍ ေျပာကာ ကၽြန္ေတာ့္ကို ၿပဳံးၿဖီးၿဖီး ႏွင့္ ၾကည့္ေနေတာ့သည္။
ယခုဆိုလၽွင္ ကၽြန္ေတာ္သည္လည္း ယမ္းထြန္းႀကီး အခန္းသို႔မေရာက္သည္မွာ ၾကာၿပီ။ သို႔ေသာ္လည္းသူအေရးခိုင္း ေနသည့္ ဝတၱဳတိုေလးကိုကား သည္ကေန႔နားသည့္ရက္၌ အၿပီးသတ္ေအာင္ေရးလိုက္သည္။ နဂိုကတည္းက ရင္ထဲ၌ ခံစားေနမိရာ ယခုလက္ေတြ႕ခ်ေရးေသာအခါ ေခ်ေမာေျပျပစ္ေနေတာ့သည္။
ဝတၱဳေခါင္းစဥ္ကို ]ေခၽြး}ဟူ၍ ေပးလိုက္သည္။ ဇနီးသားသမီးအတြက္ က်ရသည့္ ေဇာေခၽြး၊ အသက္႐ႉမ၀၍ အိုက္စပ္ပူ ေလာင္သျဖင့္ ထြက္လာရေသာေခၽြး၊ ပင္ပန္းႏြမ္းႏြယ္မႈေၾကာင့္ ခႏၶာကိုယ္မွ အန္ထြက္လာရေသာေခၽြး။ဤေခၽြးစက္ေပါင္းမ်ားစြာသည္ ပိန္းပိတ္ေအာက္နက္ေမွာင္ေသာေျမေအာက္မိုင္းထဲ၌ အခါခါက်သျဖင့္ ေငြပြင့္ကေလးေတြထြက္လာရေၾကာင္း၊ ဤေခၽြးစက္ကေလးမ်ားမွ ရေသာ ေငြပြင့္ကေလးမ်ားသည္ လုပ္အား၏ရလဒ္ျဖစ္ေၾကာင္း၊ သို႔ေသာ္ မိုင္းထဲ၌ သံသရာလည္ေနေသာ ေခၽြးစက္ကေလးမ်ားကဲ့သို႔ မိုင္းအလုပ္သမားမ်ား၏ ဘ၀မ်ားစြာသည္လည္း လုံးခ်ာလည္လိုက္ေနေၾကာင္း ေရးဖြဲ႕ထားျခင္းျဖစ္သည္။
ကၽြန္ေတာ္သည္ ဆည္းဆာႏုကုန္ဆုံးစအခ်ိန္၌ ဝတၱဳတိုကို အဆုံးသတ္လိုက္သည္။ ကၽြန္ေတာ့္မွာ ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခု က်သြားသည့္ႏွယ္ ရင္ထဲ၌ ေပါ့ပါးလန္းဆန္းသြားသည္။

ကၽြန္ေတာ္သည္ လမ္းေလၽွာက္ရင္း အေတြးေတြပ်ံ႕လြင့္ေနခဲ့သည္။ ကၽြန္ေတာ္လည္း လမ္းမႀကီးေပၚမွ ဖဲ့ဆင္းကာ ယမ္းထြန္းႀကီး ေနသည့္ တန္းလ်ားဆီသို႔ ေျခဦးလွည့္လိုက္သည္။ အေမွာင္ထုသည္ တစတစသိပ္သည္းလာေနၿပီ။ လမ္းဓာတ္မီးတိုင္ မ်ားမွာ စိတ္မပါေတာ့သလို မွိန္ပ်ပ်သာ လင္းလက္ေနလ်က္။ ယခုတစ္ပတ္၌ယမ္းထြန္းႀကီး ေန႔လယ္ႏွစ္နာရီဆင္းျဖစ္၍ ည(၁၀)နာရီ အထိသူ႕ကိုေစာင့္ရင္း သူ႕ဇနီးေဒၚျမခင္ႏွင့္စကားလက္ဆုံက်ကာအခ်ိန္ျဖဳန္းရမည္။ အရင့္အရင္သြားလည္စဥ္ကလည္း တစ္ခါတစ္ရံ ညဥ့္နက္သန္းေခါင္ေနဖူးသည္ပင္။
ကၽြန္ေတာ္သည္ အညစ္အေၾကးမ်ား၊ အမႈိက္ပုံမ်ားၾကားမွ ျဖတ္သန္းလာရသျဖင့္ ဆိုးဆိုး႐ြား႐ြား အနံ႔အသက္မ်ားက ႏွာ၀သို႔ ဝင္လာသည္။ ကၽြန္ေတာ္သည္ ႁပြတ္သိပ္က်ပ္တည္းလွေသာ အလုပ္သမားတန္းလ်ားမ်ားဆီသို႔ ဦးတည္ေလၽွာက္ေနရာမွ ယမ္းထြန္းႀကီး အခန္းက်ဥ္းဆီသို႔ ခပ္သြက္သြက္လွမ္းေနေတာ့သည္။
ထိုခဏ၌ စူးရွေသာအသံႏွင့္အတူ ေအာ္ႀကီးဟစ္က်ယ္ငိုယိုေနေသာ အသံမ်ားသည္ ကၽြန္ေတာ့္နားထဲအတင္းေျပးဝင္လာ ေနသည္။
]အမေလးကိုထြန္းရဲ႕။ ကိုယ္က်ိဳးနည္းကုန္ပါၿပီေတာ့။က်ဳပ္တို႔ကို ပစ္ထားခဲ့ေတာ့မွာလား}
စီခနဲေအာ္ငိုလိုက္သံသည္ အေမွာင္ဖုံးစျပဳေနေသာ ရပ္ကြက္တစ္ခုလုံးကို လႊမ္းသြားသည္ ထင္ရသည္။ ကၽြန္ေတာ္၏ ေျခလွမ္းမ်ားမွာ တုံ႔ခနဲရပ္သြားသည္။ ကၽြန္ေတာ့္ နားထဲ၌ ေဝေဝဝါးဝါးအသံမ်ားၾကားထဲ၌]ကိုထြန္းရဲ႕}ဆိုေသာ အသံကို ေကာင္း ေကာင္းၾကားလိုက္မိသည္။ ကိုထြန္း၊ ဘယ္ကကိုထြန္းလဲ။ ငါတို႔ယမ္းထြန္းႀကီး ဦးထြန္းကို ေျပာတာလား။ ကၽြန္ေတာ့္ေခါင္းထဲ၌ လားေပါင္းမ်ားစြာထပ္ေနၿပီ။
]အျဖစ္ဆိုးလွေခ်လား။ က်ဳပ္တို႔ကို တစ္ပါတည္းေခၚသြားပါေတာ့လား ကိုထြန္းရဲ႕ ဟီး. . . ဟီး. . }
ကၽြန္ေတာ္သည္ လက္ထဲ၌ ကိုင္လာေသာ ]ေခၽြး}ဝတၱဳတိုကို ခပ္က်စ္က်စ္ ဆုပ္ကိုင္ကာ ယမ္းထြန္းႀကီး အခန္းသို႔ အေျပး သြားမိသည္။ ဟင္. . .  ေဒၚျမခင္ငိုေနတာပါလား။ ကေလးေတြလည္းငိုလို႔ယိုလို႔။
အခန္းေရွ႕၌ လူေတြဝိုင္းအုံေနသည္။ ေဒၚျမခင္ကို ေခ်ာ့ေမာ့ေနသူေတြ၊ ကေလးေတြကိုထိန္းေပးေနသူေတြႏွင့္ ဆူညံပြက္ေလာ ႐ိုက္ေနသည္။ တဒဂၤ၌ ငရဲပြက္ေနသည္သည့္အလား ထင္ရသည္။ ကၽြန္ေတာ္လည္း လူအုပ္ၾကားထဲ တိုးဝင္ကာ ေဒၚျမခင္ဆီ အတင္းေျပးသြားသည္။
]ဘယ္လိုျဖစ္တာလဲ ေဒၚေလး၊ ကၽြန္ေတာ့္ကိုေျပာပါဦး}
ငိုေႂကြးလြန္းအားႀကီး၍ ေဒၚျမခင္မ်က္ႏွာမွာ မို႔ေနသည္။ မ်က္လုံးမွာလည္း နီရဲေနသည္။ ၿပီးေတာ့ ကၽြန္ေတာ့္ကို လွည့္ၾကည္ကာ . . . . .
]မင္းယမ္းထြန္းႀကီး ကိုထြန္းေလ. . .  ဆုံးေပါ့ ဆုံးေပါ့}
]ဟင္. . . ယမ္းထြန္းႀကီးဆုံးၿပီ၊ ဘယ္လိုျဖစ္တာလဲ}
]ဘာျဖစ္ရမလဲ မိုင္းထဲမွာ ေျမပိလို႔ေလ။ အမယ္ေလးကိုထြန္းရဲ႕ အျဖစ္ဆိုးလွခ်ည္ရဲ႕}
ေဒၚျမခင္သည္ ငိုေႂကြးရင္းတက္သြားျပန္သည္။ အမ်ိဳးသမီးမ်ားကေျခေထာက္ေတြကို လွန္ခ်ိဳးေပးေနသည္။ ခဏအၾကာတြင္ မွသတိျပန္လည္လာသည္။ ကေလးမ်ားမွာလည္း ဆာေလာင္ေနသလားမသိ။ တဟီးဟီးငိုယိုေနဆဲပင္။ လူအုပ္ႀကီးကို အကဲခတ္မိ ေသာအခါ သူတို႔အားလုံး၏ မ်က္ႏွာမ်ားမွာ စိတ္မေကာင္းသည့္ အမူအရာလႊမ္းေနသည္။ ရပ္ကြက္ထဲမွ ဘ၀တူအလုပ္သမားေတြက ဝိုင္းဝန္းေဖ်ာင္းဖ်ေနၾကသည္။ ထိုစဥ္လူအုပ္ႀကီးကို အတင္းတိုးေဝွ႔ဝင္လာသူ လူတစ္ေယာက္သည္ ေဒၚျမခင္အနီးသို႔ အေျပးအလႊား သြားကာ ဗလုံးဗေထြးႏွင့္ စကားအခ်ိဳ႕ကို ေျပာလိုက္သည္။ ထိုလူ၏စကားသံေၾကာင့္ လူအုပ္ႀကီးသည္ တဒဂၤအတြင္း ၿငိမ္သက္သြား ေလသည္။
]ဟဲ့ျမခင္ ငထြန္းမေသဘူးဟ။ မိုင္းထဲမွာ အသက္ကယ္ဆယ္ေရးေတြက ေျပာလို႔သိခဲ့ရတာ။ အထဲမွာ ေျမႀကီးပိတ္မိေန တာပါ။ အခု ငထြန္းပိတ္မိေနတဲ့ေနရာကို မိုင္းခ်ဳပ္တို႔၊ဒုမိုင္းခ်ဳပ္တို႔၊ မိုင္းဖိုမင္တို႔၊ အင္ဂ်င္နီယာတို႔၊ ရွစ္ေဘာ့တို႔လဲေရာက္ေနၿပီ။ ေဆး႐ုံက ဆရာဝန္ႀကီးေဒါက္တာခ်စ္ခိုင္လဲေရာက္လို႔ ပိတ္မိေနတဲ့ ငထြန္းဘက္ကို ေရနဲ႔ ႏြားႏို႔ေတြကို ပိုက္နဲ႔ဆက္ခ်ေပးေနတယ္။ အခု စပယ္ရွယ္ ယမ္းထြန္းႀကီးေတြနဲ႔ ပိတ္မိေနတဲ့ေျမႀကီးေတြကို အျမန္ဆုံးဖယ္ထုတ္ေပးေနတယ္ဟ}
]က်ဳပ္ကိုလိမ္ေျပာေနတာပဲမို႔လား၊ က်ဳပ္မယုံဘူးေတာ့}
]ဟ ငါ့နားနဲ႔ဆတ္ဆတ္ၾကားလာခဲ့ရတာပါ။ ငထြန္းလုံး၀မေသပါဘူး}
ကၽြန္ေတာ္သည္ ဆူဆူညံညံ ေအာ္ဟစ္ငိုယိုသံ၊ တစ္ေယာက္တစ္ေပါက္စကားေျပာေနသံ၊ ေခြးေဟာင္သံၾကားထဲ၌ ရပ္ေနမိေသာ္လည္း စိတ္သည္ယမ္းထြန္းႀကီးဆီေရာက္ေနသည္။ ကၽြန္ေတာ္သည္ အသားမည္းမည္းႏွင့္ ၿပဳံး၍ ႏႈတ္ဆက္တတ္ေသာ ယမ္းထြန္းႀကီး မ်က္ႏွာကိုျမင္ေယာင္ေနမိသည္။
တစ္ဆက္တည္းမွာပင္ သူ႕ကိုေပးဖတ္ဖို႔ယူလာခဲ့ေသာ ဝတၱဳတို၏ အမည္ကို သတိရလိုက္သည္။ ေခါင္းစီးက]ေခၽြး}။
ထိုခဏ၌ ေဒၚျမခင္၏ တ႐ႈိက္႐ႈိက္ငိုရင္းေျပာလိုက္ေသာ စကားေၾကာင့္ ကၽြန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံးႏွလုံးခုန္ႏႈန္းေတြ ရပ္ သြားသလားခံစားလိုက္ရသည္။
]ကိုထြန္းရဲ႕ ေတာ္သာမရွိရင္ေတာ့ ေတာ့္ကေလးေတြနဲ႔က်ဴပ္တို႔ ဘယ္မွာေနၿပီး ဘာစားၾကရမလဲ မသိဘူးေနာ္။ က်ဳပ္မေတြး ဝံ့ဘူး}
ဟုတ္ပါသည္။ အကယ္၍ ယမ္းထြန္းႀကီးသာ မရွိခဲ့လၽွင္ ေဒၚျမခင္တို႔မိသားစု၏ ေရွ႕ေရးမွာ ရင္မေအးႏိုင္စရာျဖစ္ႏိုင္ပါ သည္။ ယခုေတာ့ . . . .

ယခုေတာ့ေဆး႐ုံေပၚ၌ မိန္းေမာေနသည့္ ယမ္းထြန္းႀကီးကို ေဒၚျမခင္က ဝမ္းသာေသာ ရင္ခုန္မႈျဖင့္ မ်က္ေတာင္မခတ္ဘဲ စူးစူးနစ္နစ္ ၾကည့္ေနသည္။
ကၽြန္ေတာ္သည္ ယမ္းထြန္းႀကီးအား ေပးဖတ္ရန္ ]ေခၽြး}ဝတၱဳတိုကို ကိုင္ရင္းေစာင့္ေနမိေလသည္။

(၂၀၀၀ျပည့္ႏွစ္၊ ဩဂုတ္လ၊ န၀ေဒးရသစုံ  စာေပမဂၢဇင္း အမွတ္ ၈)