Sunday, July 8, 2018

ဟားဗတ္ဟူးဗားႏွင့္ ေမာရစ္ေကာလစ္တို႔ကို ေျခရာခံၾကည့္ျခင္း
ဆင္တဲဝျမတ္ဖုန္း၊ ေဆာင္းပါး၊ Zawgyi
ေခတ္ရနံ႔မဂၢဇင္း၊ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နမၼတူ ေဘာ္တြင္းမွာက်င္းပမည့္ အာစရိယပူေဇာ္ပြဲ
နမၼတူႏွင့္ေဘာ္တြင္းအာစရိယပူေဇာ္ပြဲေတြကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ႏွင့္ ၂၉ ရက္မွာက်င္းပေတာ့မည္ဆိုေတာ့ အနယ္ နယ္အရပ္ရပ္မွာ တကြဲတျပားေရာက္ရွိေနၾကကုန္ေသာ ဆရာ ဆရာမမ်ားႏွင့္ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားက ေဝးလံ ေခါင္ဖ်ား နယ္စြန္နယ္ဖ်ားရွိ နမၼတူေဘာ္တြင္းမွာ သြားေရာက္ စုဆံုၾကဖို႔ စိုင္း ျပင္းလႈပ္ရွားလာၾကသည္။ ေဖ့စ္ဘုတ္ေတြမွာေရးၾက၊ ေမးၾက၊ အလွဴေငြေတြထည့္ဝင္ၾကျဖင့္ တက္ျြကမႈဒီေရျမင့္တက္လာ ေတာ့သည္။ ထိုအခ်ိန္မွာပင္..။
၂၀-၁၁-၂၀၁၆ မွာ ထိတ္လန္႔တုန္လႈပ္ဖြယ္ သတင္းဆိုးတစ္ခု ထြက္ေပၚလာခဲ့ေတာ့သည္။  လား႐ိႈးႏွင့္မူဆယ္ၾကားရွိ ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္လိုက္ျခင္းပင္။ သို႔ျဖင့္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းတစ္ခြင္လံုးလိုလို စစ္မီးေတာက္ေလာင္သြားေတာ့ သည္။ စစ္ေရွာင္ဒုကၡသည္မ်ားခမ်ာ ဟိုေျပးသည္ပုန္းႏွင့္ ဆန္ေကာ ထဲဆီးျဖဴသီးလွိမ့္သလို ေျဗာင္းဆန္ကုန္သည္။ သတင္းစာတစ္ ေစာင္တြင္ စစ္ေရွာင္ဒုကၡသည္မ်ား၏ စာရင္းကို ၿမိဳ႕နယ္အလိုက္ ေဖာ္ျပခဲ့ရာ နမၼတူၿမိဳ႕နယ္သည္ ဒုကၡသည္ အမ်ားဆံုးျဖစ္ေနသျဖင့္ ကြ်န္ေတာ္တို႔အလန္႔တၾကားျဖစ္သြားမိၾကသည္။ ဒီလိုပံုျဖင့္ နမၼတူကို ဘယ္လိုလုပ္သြားၾကရပါမည္နည္း။
နမၼတူသို႔သြားမည္ဆိုလွ်င္ သီေပါမွ ေျမာက္အရပ္သို႔ ေတာ လမ္း ၄၂ မိုင္၊ လား႐ိႈးမွသြားမည္ဆိုပါက အေနာက္၊ အေနာက္ ေျမာက္သို႔ေတာလမ္း ၄၄ မိုင္၊ နမၼတူေရာက္ၿပီးလွ်င္ အေနာက္ ဘက္ရွိေဘာ္တြင္းသို႔ က်ဥ္းေျမာင္းမတ္ေစာက္ေသာ ေတာင္ၾကား လမ္း ၁၄ မိုင္ခရီးဆက္လက္သြားရဦးမည္။ သီေပါ-လား႐ိႈး-နမၼတူ ၿမိဳ႕ေတြက ဖိုုခံေလာက္ဆိုင္တည္ရွိေနၾကသည္။ ထိုသံုးၿမိဳ႕ကို မ်ဥ္း ေျဖာင့္ဆြဲလိုက္လွ်င္ အနားမညီႀတိဂံပံုတစ္ခုရမည္ (တစ္ခ်ိန္က နာမည္ႀကီးခဲ့ေသာ ေရႊႀတိဂံမဟုတ္)။ ထိုႀတိဂံဧရိယာအတြင္းမွာ လည္း တိုက္ပြဲေတြႀကိဳၾကားႀကိဳၾကားျဖစ္ေနသျဖင့္ နမၼတူေရာက္ ေအာင္ ဘယ္လိုသြားၾကရပါမည္နည္း။ လား႐ိႈးအထိကေတာ့ လံုၿခံဳေရးပူစရာမရွိဟုဆိုႏိုင္ေပမဲ့ မႏၱေလး-လား႐ိႈး-မူဆယ္ ကား လမ္းမႀကီးမွ ဖဲခြာ၍သြားရေသာ ေတာလမ္းခရီးမွာေတာ့ လံုၿခံဳေရး စိတ္မခ်ရေတာ့ၿပီ။ လမ္းခရီးမွာ အမ်ိဳးမ်ိဳးျဖစ္သြားႏိုင္သည္မဟုတ္ လား။
ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ အာစရိယပူေဇာ္ပြဲကို ရက္အကန္႔အသတ္မရွိ ေရႊ႕ဆိုင္းလိုက္ရေတာ့သည္။ သက္ဆိုင္ၾက သူမ်ား ခဲေလသမွ် သဲေရက်ျဖစ္ၾကရၿပီေပါ့။

ထပ္မံႀကိဳးစားၾကျပန္ျခင္း
ရခိုင္ဘဂၤါလီအေရးအခင္းအၿပီး ရွမ္းျပည္နယ္အေရွ႕ေျမာက္ ပိုင္းမွာ ေသနတ္သံေတြက်ဲသြား၊ က်ဲရာမွ စဲသလိုျဖစ္သြားသည္။ ထိုေျပာင္းလဲလာသည့္ အေျခအေန၏အားသာမႈကို လက္လြတ္မခံ ဘဲ ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းထားေသာ (အာစရိယပူေဇာ္ပြဲျဖစ္ေျမာက္ေရးေကာ္မတီ) က မေၾကပြဲႏႊဲလို စိတ္ျဖင့္ လႈပ္ရွားေဆာင္ရြက္လိုက္ၾကျပန္သည္ႏွင့္ ၃၀-၁၂-၂၀၁၇ မွာ ေဘာ္တြင္းအာစရိယပူေဇာ္ပြဲက်င္းပမည္ဟု သတင္းစာမွာ အတိအလင္းေၾကညာလိုက္ႏိုင္ေတာ့သည္။ သို႔ျဖင့္ သက္ဆိုင္သူ မ်ား ေခါင္းေထာင္ၾကည့္မိၾကျပန္သည္။ သည္တစ္ႀကိမ္ေတာ့ မျဖစ္ မေနေရာက္ေအာင္သြားၾကေတာ့မည္ေပါ့။
ျဖစ္ခ်င္ေတာ့ ဒီဇင္ဘာလထဲေရာက္ခါမွ အခ်ိန္ေတာ္ၾကာ ဆိတ္သုဥ္းေနခဲ့ေသာ ေသနတ္သံမ်ားကို ၾကားလာရျပန္ေတာ့ သည္။ ျပႆနာပဲ သြားမည့္ဟန္တျပင္ျပင္ျဖင့္ တက္ျြကေနသူေတြ ေတြေဝတြန္႔ဆုတ္ကုန္ၾကသည္။ သြားမည့္သူေတြ၏စာရင္း တက္လာေတာ့ အေရအတြက္က အေတာ္ေလးနည္းလြန္းလွပါ လား။
တိုက္ပြဲသတင္းေတြ နားစြင့္ေနရင္းႏွင့္ပင္ အာစရိယပူေဇာ္ပြဲ ရက္ကနီးကပ္လာေနၿပီ။ သြားၾကမည့္သူေတြနည္းပါးလြန္းပါက (ေဒသခံေတြက ရွိသည္ဆို႐ံုမွ်သာျဖစ္၍ ရပ္ေဝးကလာမည့္သူေတြ ကိုသာ အားထားက်င္းပရမွာျဖစ္လို႔) အာစရိပူေဇာ္ပြဲျဖစ္မွျဖစ္ႏိုင္ ပါ့မလား စိုးရိမ္ပူပန္လာၾကရျပန္ၿပီ။
အံ့ဩစရာေတာ့ အေကာင္းသား။ ရက္နီးကပ္လာေတာ့ သြား မည့္လူစာရင္းက ႐ုတ္တရက္တိုးတက္သြားသည္။ ရန္ကုန္ကခ်ည္း ၁၇ ေယာက္၊ အျခားၿမိဳ႕မ်ားျဖစ္ေသာ ပ်ဥ္းမနား၊ ေခ်ာက္၊ မႏၱေလး၊ မံုရြာ၊ ကေလး၊ ေရႊဘို၊ ျမစ္ႀကီးနား၊ ျပင္ဦးလြင္၊ ေတာင္ႀကီး၊ ေနာင္ ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ လား႐ိႈး၊ ကြတ္ခိုင္၊ မူဆယ္စေသာၿမိဳ႕ေတြ ကလည္း သြားမည့္လူေတြမ်ားျပားလာသည္ကို ေဖ့စ္ဘြတ္မွာေတြ႕ လာရေတာ့ အားရွိလာမိသည္။ ေစာေစာက မသြားဝံ့ဝံ့ျဖစ္ေနၾကသူ မ်ားမွာ မေရာက္ေရာက္ေအာင္သြားမည္ဟူ၍ ရဲစိတ္ေတြဝင္လာ ၾကျပန္ေတာ့သည္။

ႀတိဂံဧရိယာကိုျဖတ္သန္းၿပီ
၂၉-၁၂-၂၀၁၇ ရက္မွာ ၅ စီးထက္မနည္းေသာ ကားတန္း ရွည္ လား႐ိႈးမွထြက္ခဲ့သည္။ ေတာလမ္းခရီးျဖင့္ ႀတိဂံဧရိယာကို ျဖတ္သန္းၾကရၿပီေပါ့။
သည္လမ္းခရီးက ကြ်န္ေတာ့္အတြက္ အသစ္အဆန္းမဟုတ္။ သစ္ေတာေတြမရွိေတာ့ေသာ ေတာင္တန္း၊ ေတာင္ေၾကာမနိမ့္ မျမင့္ေတြမွာ ညိဳဝါဝါ ျမက္ရွည္ေတာေတြကဖံုးလို႔။ ေကြ႕လိုက္ဝိုက္ လိုက္၊ ခပ္ေျပေျပတက္လိုက္ ဆင္းလိုက္ႏွင့္ ရွမ္း၊ ပေလာင္ တိုင္း ရင္းသားရြာေလးေတြကို ျဖတ္သန္းခဲ့။ လယ္ကြက္ေသးေသးေလး ေတြ ဟိုတစ္ကြက္သည္တစ္ကြက္။ မုန္ညင္း၊ ေျပာင္းဖူးႏွင့္ပန္းႏွမ္း ခင္းကြက္တိကြက္ၾကား။ ရာဘာစိုက္ခင္းတစ္ကြက္တေလ ဤမွ် သာပါပဲ။

သည္ႀတိဂံဧရိယာကို ကြ်န္ေတာ္စျဖတ္သန္းဖူးတာ (သတၲဳ တြင္းဝန္ထမ္းစျဖစ္ခဲ့ေသာ) ၁၉၇၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာျဖစ္သည္။ အဲဒီအခ်ိန္ကတည္းက နယ္ေျမကမေအးခ်မ္း။ နမ့္ေမွ်ာ္ဘူတာ (သီေပါႏွင့္လား႐ိႈးၾကား)ႏွင့္နမၼတူဘူတာေျပးဆြဲေသာ သတၲဳတြင္း ပိုင္ႏွစ္ေပသံလမ္းသြား ေက်ာက္မီးေသြးသံုးရထားငယ္ေလးမိုင္းထိ လို႔တဲ့။ ခရီးသည္ေတြ ဘယ္ႏွေယာက္ေသ၊ ဘယ္ႏွေယာက္ဒဏ္ရာ ရဆိုေသာ သတင္းေတြ။ နမၼတူ-လား႐ိႈးေျပးဆြဲေသာ သတၲဳတြင္း ပိုင္ေမာ္ေတာ္ယာဥ္အပစ္ခံရလို႔တဲ့။ မိုင္းထိလို႔တဲ့။ ေသဆံုးသူ ဒဏ္ ရာရသူေတြ ၾကားရဖန္မ်ားေတာ့ ႐ိုးသြားသလားမသိ။ အဲဒီလို သတင္းေတြကို အေလးထားၿပီး ေျပာမေနၾကေတာ့။ ဘယ္လိုပင္ ပစ္ခတ္ပါေစ၊ မိုင္းခြဲပါေစ၊ ေနာက္တစ္ေန႔က်ေတာ့ ရထားမွာလည္း လူေတြအျပည့္၊ ကားေတြမွာလည္း လူေတြအျပည့္ပင္။ သြားၿမဲသြား ေနၾကသည္သာ။ အသက္ကိုဖက္နဲ႔ပဲထုပ္ရထုပ္ရ၊ သစ္ရြက္နဲ႔ထုပ္ ရထုပ္ရ တိုင္းရင္းသားျပည္သူမ်ားမွာ စားဝတ္ေနေရးအတြက္ သြားၿမဲသြားၾက၊ အပစ္ခံရၿမဲခံရ၊ မိုင္းအခြဲခံရၿမဲခံရ။ ဒီလိုနဲ႔ ႏွစ္ကာလ ရွည္လ်ားလွပါေပါ့။

ကိုလိုနီေခတ္ဆီသို႔သမင္လည္ျပန္
ကြ်န္ေတာ္ေဘာ္တြင္းမိုင္းမွာ အလုပ္စဝင္ကတည္းက ၾကားခဲ့ ရေသာ ေသနတ္သံမ်ားကို ယခု (၂၀၁၇ ခုႏွစ္ကုန္ဆံုးခ်ိန္)လည္း ၾကားေနရဆဲပင္။
ေရွးတုန္းကေတာ့ ေသနတ္သံေတြမၾကားခဲ့ၾကရ။ ေခတ္သစ္ နည္းျဖင့္သတၲဳထူးေဖာ္ျခင္းကို အစျပဳခဲ့ၾကေသာ ၿဗိတိသွ်ကုမၸဏီ တို႔ေခတ္တုန္းကေပါ့။ တနည္းအားျဖင့္ေတာ့ ဟားဗတ္ဟူးဗားတို႔ ေခတ္ေပါ့။ သူသည္ ေနာင္တစ္ခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စု ၏သမၼတတစ္ဦးျဖစ္လာခဲ့သူပင္။
ဟားဗတ္ဟူးဗားသမၼတမျဖစ္မီက သူသည္သတၲဳတြင္းအင္ဂ်င္ နီယာတစ္ေယာက္အျဖစ္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်င္လည္ခဲ့ ၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာခဲ့သည္။ သူေရာက္ရွိလာခ်ိန္ မွာ ေဘာ္တြင္းမိုင္းေဟာင္းေနရာသည္ လူသူကင္းမဲ့ေသာေတာႀကီး မ်က္မည္းျဖစ္ေနေပၿပီ။
ခရစ္ႏွစ္ ၁၄၁၂ ေလာက္ကတည္းက ေငြသတၲဳမ်ားတူးေဖာ္ ထုတ္ယူခဲ့ၾကေသာ တ႐ုတ္လူမ်ိဳးတို႔ ၁၈၆၈ ခုႏွစ္ ပန္းေသးသူပုန္ ထခ်ိန္တြင္ တ႐ုတ္ျပည္သို႔ျပန္ဆုတ္ကုန္ၾကသျဖင့္ ေဘာ္တြင္းမိုင္း သည္ လူသူကင္းမဲ့ကာ တိတ္ဆိတ္ၿငိမ္သက္ေနေတာ့သည္။
သို႔ရာတြင္ တ႐ုတ္တို႔ခ်န္ထားရစ္ခဲ့ေသာ တန္ခ်ိန္ငါးသိန္းခန္႔ မွ်ေသာ ခဲေခ်ာ္ေခ်းပံုႀကီးမ်ားက အေနာက္ႏိုင္ငံသားပညာရွင္တို႔ ကို လက္ယပ္ေခၚသကဲ့သို႔ ရွိေနခဲ့သည္။ အဆိုပါခဲေခ်ာ္ေခ်းပံုႀကီး မ်ား၏သတင္းကို ေရွ႕ေျပးစံုစမ္းေထာက္လွမ္းေစၿပီးေနာက္ ေအစီ မာတင္ႏွင့္ဟားဗတ္ဟူးဗားတို႔ႏွစ္ဦးသည္ ေဘာ္တြင္းမိုင္းေဟာင္း တည္ရွိရာသို႔ မန္းပြဲဘူတာမွသြားခဲ့ၾကသည္။ ထိုအခ်ိန္မွာ ၁၉၀၄ ခုႏွစ္ျဖစ္ပါ၏။ မႏၱေလး-လား႐ိႈးမီးရထားလမ္းေဖာက္လုပ္ၿပီးစျဖစ္ ၍ သူတို႔သည္ သီေပါႏွင့္လား႐ိႈးၾကားရွိ မန္းပြဲဘူတာတြင္ဆင္းၿပီး အေနာက္ေျမာက္အရပ္ဆီသို႔ ေဘာ္တြင္းမိုင္း(ေဟာင္း)စူးစမ္းေလ့ လာေရးခရီးစဥ္ကို စတင္လိုက္ျခင္းျဖစ္သည္။
ဟားဗတ္ဟူးဗား၏ ]]စြန္႔စားလုပ္ကိုင္ရေသာႏွစ္မ်ား}}ဟု ၫႊန္း ဆိုထားေသာ ကိုယ္တိုင္ေရးအတၲဳပၸတိထဲမွ အေၾကာင္းအနည္း ငယ္ကို ကြ်န္ေတာ္မွတ္မွတ္သားသားရွိေနမိခဲ့သည္။
]]ကြ်ႏု္ပ္တို႔သည္ ရထားသံလမ္းမွဖယ္ခြာ၍ အမ်ားအား ျဖင့္ ျမင္းစီးလ်က္ ႏွင္းရည္စက္စက္က်စိုစြတ္ေနေသာ ေတာ နက္ႀကီးမ်ားကို ျဖတ္သန္း၍ခရီးႏွင္ခဲ့ၾကသည္။ မိုင္းမ်ားမွာ ေတာင္ ထူထပ္ရာအရပ္မွာရွိသည္}}
ဟားဗတ္ဟူးဗားတို႔၏ ခရီးလမ္းမွာ အထက္တြင္ေဖာ္ျပခဲ့ သည့္ ႀတိဂံဧရိယာအတြင္းမွ ျဖတ္သန္းခဲ့ၾကရျခင္းပင္။ ထို စဥ္က နမၼတူၿမိဳ႕ဆိုတာ ရွိေသးမည္မဟုတ္။ သူတို႔ႏွစ္ေယာက္ျမင္း စီး၍ သြားၾကသည့္ခရီးမွာ မည္သည့္လံုၿခံဳေရးအေစာင့္အေရွာက္ မွလည္းမပါ။ အဲဒီတုန္းကေတာ့ ရွမ္းျပည္နယ္တစ္ခုလံုးသူပုန္သူ ကန္လံုးဝမရွိ။ ပကတိေအးခ်မ္းလွသည္။
ထိုခရီးမွအစျပဳ၍ ဟားဗတ္ဟူးဗားသည္ ေဘာ္တြင္းမိုင္းကို ကမၻာေက်ာ္မိုင္းႀကီးအျဖစ္ ေအာင္ျမင္စြာထူေထာင္ႏိုင္ခဲ့ကာ ျြကယ္ဝခ်မ္းသာလာၿပီး ေနာင္တစ္ခ်ိန္ ၁၉၂၉ ခုႏွစ္တြင္ အေမရိ ကန္ႏိုင္ငံ၏ ၃၁ ဆက္ေျမာက္သမၼတႀကီးျဖစ္လာခဲ့ေတာ့သည္။
ဟူးဗားတို႔ ျမင္းစီးၿပီး ျဖတ္သန္းသြားခဲ့သည့္အခ်ိန္က သီေပါ- လား႐ိႈး-နမၼတူသံုးၿမိဳ႕ၾကားက ႀတိဂံဧရိယာတြင္ ဘာေသနတ္သံမွ် မၾကားခဲ့ရဘဲ ေအးခ်မ္းတိတ္ဆိတန္ၿငိမ္သက္ေနခဲ့ပါလားဆိုသည့္ အခ်က္ကို ကြ်န္ေတာ္က မီးေမာင္းထိုးျပလိုျခင္းျဖစ္သည္။
ေနာက္ထပ္ ကြ်န္ေတာ္ေဖာ္ျပလိုသည္မွာ အဂၤလိပ္လူမ်ိဳး အေရးပိုင္ေဟာင္းေမာရစ္ေကာလစ္ျဖစ္သည္။ သူကား ]]ကေမၺာဇ ေနဝင္ဘုရင္မ်ား}}စာအုပ္ကိုေရးသားခဲ့သူျဖစ္သည္။ ထိုစဥ္ကရွမ္း ျပည္နယ္မ်ားမင္းႀကီး ဖိလစ္ေဖာ္ဂါတီ၏ ဧည့္သည္အျဖစ္ ရွမ္း ျပည္နယ္အႏွံ႔သြားေရာက္ကာ မွတ္တမ္းတင္ခဲ့ျခင္းျဖစ္သည္။
ေမာရစ္ေကာလစ္သည္ ရွမ္းျပည္ေတာင္ပိုင္းေနရာေတာ္ ေတာ္မ်ားမ်ားသို႔ သြားေရာက္ခဲ့ၿပီးေနာက္ ေျမာက္ပိုင္းရွိမိုးမိတ္၊ ထိုမွတစ္ဆင့္ ေတာင္ပိုင္ေစာ္ဘြားႀကီးႏွင့္အတူ နမ့္ဆန္ေဟာ္နန္း သို႔လိုက္ပါလည္ပတ္ခဲ့ၿပီး ေက်ာက္မဲ၊ သီေပါတို႔ကိုျဖတ္၍ နမၼတူ ေဘာ္တြင္းမိုင္းသို႔ေရာက္ရွိခဲ့သည္။ ထိုစဥ္က ေဘာ္တြင္းမိုင္း၏ မန္ ေနဂ်ာမွာ မစၥတာအိုဘာလင္းဒါးျဖစ္သည္။ ေဘာ္တြင္းမိုင္းမွ လား ႐ိႈးသို႔ျပန္ထြက္ၿပီး ေရႊလီျမစ္ကိုကူး၍ တ႐ုတ္ျပည္ေပၚမွာပင္ ေျခခ် ခဲ့ေသးသည္။
ေမာရစ္ေကာလစ္၏ ေဘာ္တြင္းခရီးစဥ္၌ အသြားတြင္ သီ ေပါ-နမၼတူကားလမ္းျဖင့္လည္းေကာင္း အျပန္တြင္ နမၼတူ-လား႐ိႈး ကား လမ္းျဖင့္လည္းေကာင္းသြားခဲ့ျခင္းျဖစ္ရာ သီေပါ-လား႐ိႈး-နမၼတူ ႀတိဂံဧရိယာကို ျဖတ္သန္းခဲ့ရျခင္းပင္။ ထိုစဥ္က ေမာရစ္ ေကာလစ္သည္လည္း မည္သည့္လံုၿခံဳေရးအေစာင့္အေရွာက္မွ် မပါရွိဘဲ သြားခဲ့ျခင္းျဖစ္သည္။ သူ႔အား ရန္ျပဳတိုက္ခိုက္မည့္ လက္နက္ကိုင္ အဖြဲ႕အစည္းတစ္စံုတစ္ရာမွမရွိေသာေၾကာင့္လည္း ထိုသို႔လြတ္လပ္စြာ စိတ္ေအးလက္ေအးသြားႏိုင္ခဲ့ျခင္းပင္။ ရွမ္းျပည္ ၏ နယ္ပယ္အသီးသီးသို႔ ေမာရစ္ေကာလစ္သြားေရာက္ခဲ့ေသာ အခ်ိန္ကာလ သည္ ၁၉၃၈ ခုႏွစ္ခန္႔ကျဖစ္ပါ၏။
ေမာရစ္ေကာလစ္က ]]ရွမ္းျပည္နယ္မ်ားသည္ ေအးခ်မ္း သာယာ၍ ၾကည္ႏူးစရာေကာင္းလွသည့္ ေနရာဌာနီမ်ားျဖစ္ ေၾကာင္း}}ေဖာ္ျပခဲ့ၿပီး ]]ဤလူမ်ိဳးမ်ား (ရွမ္းျပည္မွ တိုင္းရင္း သားမ်ား)အတြက္ စစ္ဆိုသည္မွာ ေဝးလံေသာပဲ့တင္သံမ်ားသာ ျဖစ္ေနေသးသည္}} ဟုလည္းေကာင္း၊ ]]ႏွစ္ေပါင္း ၆၀ မွ် အတြင္း င္းတို႔၏ေတာင္ၾကားထဲတြင္ လက္နက္ဆြဲကိုင္ၾကသူ မ်ား၏ အသံကိုမွပင္မၾကားခဲ့ၾကရေခ်}}ဟုလည္းေကာင္း ေရး သားခဲ့ပါသည္။ ထိုအေျခအေနသည္ ကိုလိုနီေခတ္ကျဖစ္ပါ၏။
၁၉၄၈ ခုႏွစ္တြင္ ရရွိခဲ့ေသာ လြတ္လပ္ေရးႏွင့္အတူ ျမန္မာ တစ္ႏိုင္ငံလံုးျပည္တြင္းစစ္မီးေတာက္ေလာင္ခဲ့သည္မွာ ႏွစ္ေပါင္း ၇၀ ခန္႔ရွိခဲ့ေပၿပီ။ ယေန႔ (၂၀၁၇ ခုႏွစ္ ကုန္သည္အထိ) လည္း မၿငိမ္းခ်မ္းေသး။ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ ပင္လံုညီလာခံ က်င္းပေနရဆဲပင္။
ကြ်န္ေတာ္တို႔ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္သည္ကို ႏိုင္ငံသားတိုင္းျမင္ ေတြ႕လိုၾကမည္ျဖစ္ပါ၏။ လက္ေတြ႕မွာေတာ့ ကြ်န္ေတာ္တို႔ႏိုင္ငံ သည္ အေရွ႕ေတာင္အာရွအဆင့္မွာပင္ နိမ့္က်ေနဆဲျဖစ္သည္။
ေမာရစ္ေကာလစ္ သူ၏စာအုပ္တြင္ မွတ္ခ်က္ျပဳခဲ့ေသာ စာတစ္ေၾကာင္းကိုလည္း ကြ်န္ေတာ္မေမ့ပါ။ ]]မတိုးတက္ႏိုင္ ေအာင္ ဟန္႔တားထားခဲ့သည့္အခ်က္ႀကီးက မစည္းလံုး မညီ ၫြတ္ျခင္း}}ပါတဲ့။ အလြန္မွန္ေသာ စကားျဖစ္ပါ၏။ ကြ်န္ေတာ္ တို႔တိုင္းရင္းသားအခ်င္းခ်င္း မညီၫြတ္ၾကလွ်င္ ၿငိမ္းခ်မ္းေရးမရႏိုင္။ ၿငိမ္းခ်မ္းေရးမရွိလွ်င္ ဖြံ႕ၿဖိဳးတိုးတက္မႈလည္းျဖစ္ေပၚလာႏိုင္မည္ မဟုတ္ပါ။ ဒါ အလြန္ေသခ်ာေသာအခ်က္ျဖစ္ပါ၏။
သို႔ျဖစ္ပါ၍ လက္နက္စြဲကိုင္ေနၾကသူမ်ားအားလံုးကို ကြ်န္ေတာ္လိႈက္လွဲစူးနစ္စြာ ေမတၲာရပ္ခံပန္ၾကားခ်င္တာကေတာ့ ]]ရပ္ၾကပါေတာ့၊ စစ္ပြဲေတြရပ္ၾကပါေတာ့}} ဟူ၍။

ဆင္တဲဝ ျမတ္ဖုန္း

ကိုးကား
၁။ ေဘာ္တြင္းမိုင္းအစီရင္ခံစာမ်ား
၂။ ကေမၺာဇေနဝင္ဘုရင္မ်ား
ဟားဗတ်ဟူးဗားနှင့် မောရစ်ကောလစ်တို့ကို ခြေရာခံကြည့်ခြင်း
ဆင်တဲဝမြတ်ဖုန်း၊ ဆောင်းပါး၊ Unicode
ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နမ္မတူ ဘော်တွင်းမှာကျင်းပမည့် အာစရိယပူဇော်ပွဲ
နမ္မတူနှင့်ဘော်တွင်းအာစရိယပူဇော်ပွဲတွေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်မှာကျင်းပတော့မည်ဆိုတော့ အနယ် နယ်အရပ်ရပ်မှာ တကွဲတပြားရောက်ရှိနေကြကုန်သော ဆရာ ဆရာမများနှင့်ကျောင်းသူကျောင်းသားဟောင်းများက ဝေးလံ ခေါင်ဖျား နယ်စွန်နယ်ဖျားရှိ နမ္မတူဘော်တွင်းမှာ သွားရောက် စုဆုံကြဖို့ စိုင်း ပြင်းလှုပ်ရှားလာကြသည်။ ဖေ့စ်ဘုတ်တွေမှာရေးကြ၊ မေးကြ၊ အလှူငွေတွေထည့်ဝင်ကြဖြင့် တကြွ်ကမှုဒီရေမြင့်တက်လာ တော့သည်။ ထိုအချိန်မှာပင်..။
၂၀-၁၁-၂၀၁၆ မှာ ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းဆိုးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။  လားရှိုးနှင့်မူဆယ်ကြားရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းပင်။ သို့ဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတစ်ခွင်လုံးလိုလို စစ်မီးတောက်လောင်သွားတော့ သည်။ စစ်ရှောင်ဒုက္ခသည်များခမျာ ဟိုပြေးသည်ပုန်းနှင့် ဆန်ကော ထဲဆီးဖြူသီးလှိမ့်သလို ဗြောင်းဆန်ကုန်သည်။ သတင်းစာတစ် စောင်တွင် စစ်ရှောင်ဒုက္ခသည်များ၏ စာရင်းကို မြို့နယ်အလိုက် ဖော်ပြခဲ့ရာ နမ္မတူမြို့နယ်သည် ဒုက္ခသည် အများဆုံးဖြစ်နေသဖြင့် ကျွန်တော်တို့အလန့်တကြားဖြစ်သွားမိကြသည်။ ဒီလိုပုံဖြင့် နမ္မတူကို ဘယ်လိုလုပ်သွားကြရပါမည်နည်း။
နမ္မတူသို့သွားမည်ဆိုလျှင် သီပေါမှ မြောက်အရပ်သို့ တော လမ်း ၄၂ မိုင်၊ လားရှိုးမှသွားမည်ဆိုပါက အနောက်၊ အနောက် မြောက်သို့တောလမ်း ၄၄ မိုင်၊ နမ္မတူရောက်ပြီးလျှင် အနောက် ဘက်ရှိဘော်တွင်းသို့ ကျဉ်းမြောင်းမတ်စောက်သော တောင်ကြား လမ်း ၁၄ မိုင်ခရီးဆက်လက်သွားရဦးမည်။ သီပေါ-လားရှိုး-နမ္မတူ မြို့တွေက ဖိုခံလောက်ဆိုင်တည်ရှိနေကြသည်။ ထိုသုံးမြို့ကို မျဉ်း ဖြောင့်ဆွဲလိုက်လျှင် အနားမညီတြိဂံပုံတစ်ခုရမည် (တစ်ချိန်က နာမည်ကြီးခဲ့သော ရွှေတြိဂံမဟုတ်)။ ထိုတြိဂံဧရိယာအတွင်းမှာ လည်း တိုက်ပွဲတွေကြိုကြားကြိုကြားဖြစ်နေသဖြင့် နမ္မတူရောက် အောင် ဘယ်လိုသွားကြရပါမည်နည်း။ လားရှိုးအထိကတော့ လုံခြုံရေးပူစရာမရှိဟုဆိုနိုင်ပေမဲ့ မန္တလေး-လားရှိုး-မူဆယ် ကား လမ်းမကြီးမှ ဖဲခွာ၍သွားရသော တောလမ်းခရီးမှာတော့ လုံခြုံရေး စိတ်မချရတော့ပြီ။ လမ်းခရီးမှာ အမျိုးမျိုးဖြစ်သွားနိုင်သည်မဟုတ် လား။
ထိုသို့သော အခြေအနေများကြောင့် အာစရိယပူဇော်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတော့သည်။ သက်ဆိုင်ကြ သူများ ခဲလေသမျှ သဲရေကျဖြစ်ကြရပြီပေါ့။ထပ်မံကြိုးစားကြပြန်ခြင်း
ရခိုင်ဘင်္ဂါလီအရေးအခင်းအပြီး ရှမ်းပြည်နယ်အရှေ့မြောက် ပိုင်းမှာ သေနတ်သံတွေကျဲသွား၊ ကျဲရာမှ စဲသလိုဖြစ်သွားသည်။ ထိုပြောင်းလဲလာသည့် အခြေအနေ၏အားသာမှုကို လက်လွတ်မခံ ဘဲ ကျောင်းသူကျောင်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော (အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ) က မကြေပွဲနွှဲလို စိတ်ဖြင့် လှုပ်ရှားဆောင်ရွက်လိုက်ကြပြန်သည်နှင့် ၃၀-၁၂-၂၀၁၇ မှာ ဘော်တွင်းအာစရိယပူဇော်ပွဲကျင်းပမည်ဟု သတင်းစာမှာ အတိအလင်းကြေညာလိုက်နိုင်တော့သည်။ သို့ဖြင့် သက်ဆိုင်သူ များ ခေါင်းထောင်ကြည့်မိကြပြန်သည်။ သည်တစ်ကြိမ်တော့ မဖြစ် မနေရောက်အောင်သွားကြတော့မည်ပေါ့။
ဖြစ်ချင်တော့ ဒီဇင်ဘာလထဲရောက်ခါမှ အချိန်တော်ကြာ ဆိတ်သုဉ်းနေခဲ့သော သေနတ်သံများကို ကြားလာရပြန်တော့ သည်။ ပြဿနာပဲ သွားမည့်ဟန်တပြင်ပြင်ဖြင့် တကြွ်ကနေသူတွေ တွေဝေတွန့်ဆုတ်ကုန်ကြသည်။ သွားမည့်သူတွေ၏စာရင်း တက်လာတော့ အရေအတွက်က အတော်လေးနည်းလွန်းလှပါ လား။
တိုက်ပွဲသတင်းတွေ နားစွင့်နေရင်းနှင့်ပင် အာစရိယပူဇော်ပွဲ ရက်ကနီးကပ်လာနေပြီ။ သွားကြမည့်သူတွေနည်းပါးလွန်းပါက (ဒေသခံတွေက ရှိသည်ဆိုရုံမျှသာဖြစ်၍ ရပ်ဝေးကလာမည့်သူတွေ ကိုသာ အားထားကျင်းပရမှာဖြစ်လို့) အာစရိပူဇော်ပွဲဖြစ်မှဖြစ်နိုင် ပါ့မလား စိုးရိမ်ပူပန်လာကြရပြန်ပြီ။
အံ့ဩစရာတော့ အကောင်းသား။ ရက်နီးကပ်လာတော့ သွား မည့်လူစာရင်းက ရုတ်တရက်တိုးတက်သွားသည်။ ရန်ကုန်ကချည်း ၁၇ ယောက်၊ အခြားမြို့များဖြစ်သော ပျဉ်းမနား၊ ချောက်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ တောင်ကြီး၊ နောင် ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်စသောမြို့တွေ ကလည်း သွားမည့်လူတွေများပြားလာသည်ကို ဖေ့စ်ဘွတ်မှာတွေ့ လာရတော့ အားရှိလာမိသည်။ စောစောက မသွားဝံ့ဝံ့ဖြစ်နေကြသူ များမှာ မရောက်ရောက်အောင်သွားမည်ဟူ၍ ရဲစိတ်တွေဝင်လာ ကြပြန်တော့သည်။တြိဂံဧရိယာကိုဖြတ်သန်းပြီ
၂၉-၁၂-၂၀၁၇ ရက်မှာ ၅ စီးထက်မနည်းသော ကားတန်း ရှည် လားရှိုးမှထွက်ခဲ့သည်။ တောလမ်းခရီးဖြင့် တြိဂံဧရိယာကို ဖြတ်သန်းကြရပြီပေါ့။
သည်လမ်းခရီးက ကျွန်တော့်အတွက် အသစ်အဆန်းမဟုတ်။ သစ်တောတွေမရှိတော့သော တောင်တန်း၊ တောင်ကြောမနိမ့် မမြင့်တွေမှာ ညိုဝါဝါ မြက်ရှည်တောတွေကဖုံးလို့။ ကွေ့လိုက်ဝိုက် လိုက်၊ ခပ်ပြေပြေတက်လိုက် ဆင်းလိုက်နှင့် ရှမ်း၊ ပလောင် တိုင်း ရင်းသားရွာလေးတွေကို ဖြတ်သန်းခဲ့။ လယ်ကွက်သေးသေးလေး တွေ ဟိုတစ်ကွက်သည်တစ်ကွက်။ မုန်ညင်း၊ ပြောင်းဖူးနှင့်ပန်းနှမ်း ခင်းကွက်တိကွက်ကြား။ ရာဘာစိုက်ခင်းတစ်ကွက်တလေ ဤမျှ သာပါပဲ။

သည်တြိဂံဧရိယာကို ကျွန်တော်စဖြတ်သန်းဖူးတာ (သတ္တု တွင်းဝန်ထမ်းစဖြစ်ခဲ့သော) ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာဖြစ်သည်။ အဲဒီအချိန်ကတည်းက နယ်မြေကမအေးချမ်း။ နမ့်မျှော်ဘူတာ (သီပေါနှင့်လားရှိုးကြား)နှင့်နမ္မတူဘူတာပြေးဆွဲသော သတ္တုတွင်း ပိုင်နှစ်ပေသံလမ်းသွား ကျောက်မီးသွေးသုံးရထားငယ်လေးမိုင်းထိ လို့တဲ့။ ခရီးသည်တွေ ဘယ်နှယောက်သေ၊ ဘယ်နှယောက်ဒဏ်ရာ ရဆိုသော သတင်းတွေ။ နမ္မတူ-လားရှိုးပြေးဆွဲသော သတ္တုတွင်း ပိုင်မော်တော်ယာဉ်အပစ်ခံရလို့တဲ့။ မိုင်းထိလို့တဲ့။ သေဆုံးသူ ဒဏ် ရာရသူတွေ ကြားရဖန်များတော့ ရိုးသွားသလားမသိ။ အဲဒီလို သတင်းတွေကို အလေးထားပြီး ပြောမနေကြတော့။ ဘယ်လိုပင် ပစ်ခတ်ပါစေ၊ မိုင်းခွဲပါစေ၊ နောက်တစ်နေ့ကျတော့ ရထားမှာလည်း လူတွေအပြည့်၊ ကားတွေမှာလည်း လူတွေအပြည့်ပင်။ သွားမြဲသွား နေကြသည်သာ။ အသက်ကိုဖက်နဲ့ပဲထုပ်ရထုပ်ရ၊ သစ်ရွက်နဲ့ထုပ် ရထုပ်ရ တိုင်းရင်းသားပြည်သူများမှာ စားဝတ်နေရေးအတွက် သွားမြဲသွားကြ၊ အပစ်ခံရမြဲခံရ၊ မိုင်းအခွဲခံရမြဲခံရ။ ဒီလိုနဲ့ နှစ်ကာလ ရှည်လျားလှပါပေါ့။ကိုလိုနီခေတ်ဆီသို့သမင်လည်ပြန်
ကျွန်တော်ဘော်တွင်းမိုင်းမှာ အလုပ်စဝင်ကတည်းက ကြားခဲ့ ရသော သေနတ်သံများကို ယခု (၂၀၁၇ ခုနှစ်ကုန်ဆုံးချိန်)လည်း ကြားနေရဆဲပင်။
ရှေးတုန်းကတော့ သေနတ်သံတွေမကြားခဲ့ကြရ။ ခေတ်သစ် နည်းဖြင့်သတ္တုထူးဖော်ခြင်းကို အစပြုခဲ့ကြသော ဗြိတိသျှကုမ္ပဏီ တို့ခေတ်တုန်းကပေါ့။ တနည်းအားဖြင့်တော့ ဟားဗတ်ဟူးဗားတို့ ခေတ်ပေါ့။ သူသည် နောင်တစ်ချိန်တွင် အမေရိကန်ပြည်ထောင်စု ၏သမ္မတတစ်ဦးဖြစ်လာခဲ့သူပင်။
ဟားဗတ်ဟူးဗားသမ္မတမဖြစ်မီက သူသည်သတ္တုတွင်းအင်ဂျင် နီယာတစ်ယောက်အဖြစ် နိုင်ငံတော်တော်များများမှာ ကျင်လည်ခဲ့ ပြီးနောက် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။ သူရောက်ရှိလာချိန် မှာ ဘော်တွင်းမိုင်းဟောင်းနေရာသည် လူသူကင်းမဲ့သောတောကြီး မျက်မည်းဖြစ်နေပေပြီ။
ခရစ်နှစ် ၁၄၁၂ လောက်ကတည်းက ငွေသတ္တုများတူးဖော် ထုတ်ယူခဲ့ကြသော တရုတ်လူမျိုးတို့ ၁၈၆၈ ခုနှစ် ပန်းသေးသူပုန် ထချိန်တွင် တရုတ်ပြည်သို့ပြန်ဆုတ်ကုန်ကြသဖြင့် ဘော်တွင်းမိုင်း သည် လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
သို့ရာတွင် တရုတ်တို့ချန်ထားရစ်ခဲ့သော တန်ချိန်ငါးသိန်းခန့် မျှသော ခဲချော်ချေးပုံကြီးများက အနောက်နိုင်ငံသားပညာရှင်တို့ ကို လက်ယပ်ခေါ်သကဲ့သို့ ရှိနေခဲ့သည်။ အဆိုပါခဲချော်ချေးပုံကြီး များ၏သတင်းကို ရှေ့ပြေးစုံစမ်းထောက်လှမ်းစေပြီးနောက် အေစီ မာတင်နှင့်ဟားဗတ်ဟူးဗားတို့နှစ်ဦးသည် ဘော်တွင်းမိုင်းဟောင်း တည်ရှိရာသို့ မန်းပွဲဘူတာမှသွားခဲ့ကြသည်။ ထိုအချိန်မှာ ၁၉၀၄ ခုနှစ်ဖြစ်ပါ၏။ မန္တလေး-လားရှိုးမီးရထားလမ်းဖောက်လုပ်ပြီးစဖြစ် ၍ သူတို့သည် သီပေါနှင့်လားရှိုးကြားရှိ မန်းပွဲဘူတာတွင်ဆင်းပြီး အနောက်မြောက်အရပ်ဆီသို့ ဘော်တွင်းမိုင်း(ဟောင်း)စူးစမ်းလေ့ လာရေးခရီးစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။
ဟားဗတ်ဟူးဗား၏ ]]စွန့်စားလုပ်ကိုင်ရသောနှစ်များ}}ဟု ညွှန်း ဆိုထားသော ကိုယ်တိုင်ရေးအတ္တုပ္ပတိထဲမှ အကြောင်းအနည်း ငယ်ကို ကျွန်တော်မှတ်မှတ်သားသားရှိနေမိခဲ့သည်။
]]ကျွန်ုပ်တို့သည် ရထားသံလမ်းမှဖယ်ခွာ၍ အများအား ဖြင့် မြင်းစီးလျက် နှင်းရည်စက်စက်ကျစိုစွတ်နေသော တော နက်ကြီးများကို ဖြတ်သန်း၍ခရီးနှင်ခဲ့ကြသည်။ မိုင်းများမှာ တောင် ထူထပ်ရာအရပ်မှာရှိသည်}}
ဟားဗတ်ဟူးဗားတို့၏ ခရီးလမ်းမှာ အထက်တွင်ဖော်ပြခဲ့ သည့် တြိဂံဧရိယာအတွင်းမှ ဖြတ်သန်းခဲ့ကြရခြင်းပင်။ ထို စဉ်က နမ္မတူမြို့ဆိုတာ ရှိသေးမည်မဟုတ်။ သူတို့နှစ်ယောက်မြင်း စီး၍ သွားကြသည့်ခရီးမှာ မည်သည့်လုံခြုံရေးအစောင့်အရှောက် မှလည်းမပါ။ အဲဒီတုန်းကတော့ ရှမ်းပြည်နယ်တစ်ခုလုံးသူပုန်သူ ကန်လုံးဝမရှိ။ ပကတိအေးချမ်းလှသည်။
ထိုခရီးမှအစပြု၍ ဟားဗတ်ဟူးဗားသည် ဘော်တွင်းမိုင်းကို ကမ္ဘာကျော်မိုင်းကြီးအဖြစ် အောင်မြင်စွာထူထောင်နိုင်ခဲ့ကာ ြွကယ်ဝချမ်းသာလာပြီး နောင်တစ်ချိန် ၁၉၂၉ ခုနှစ်တွင် အမေရိ ကန်နိုင်ငံ၏ ၃၁ ဆက်မြောက်သမ္မတကြီးဖြစ်လာခဲ့တော့သည်။
ဟူးဗားတို့ မြင်းစီးပြီး ဖြတ်သန်းသွားခဲ့သည့်အချိန်က သီပေါ- လားရှိုး-နမ္မတူသုံးမြို့ကြားက တြိဂံဧရိယာတွင် ဘာသေနတ်သံမျှ မကြားခဲ့ရဘဲ အေးချမ်းတိတ်ဆိတန်ငြိမ်သက်နေခဲ့ပါလားဆိုသည့် အချက်ကို ကျွန်တော်က မီးမောင်းထိုးပြလိုခြင်းဖြစ်သည်။
နောက်ထပ် ကျွန်တော်ဖော်ပြလိုသည်မှာ အင်္ဂလိပ်လူမျိုး အရေးပိုင်ဟောင်းမောရစ်ကောလစ်ဖြစ်သည်။ သူကား ]]ကမ္ဗောဇ နေဝင်ဘုရင်များ}}စာအုပ်ကိုရေးသားခဲ့သူဖြစ်သည်။ ထိုစဉ်ကရှမ်း ပြည်နယ်များမင်းကြီး ဖိလစ်ဖော်ဂါတီ၏ ဧည့်သည်အဖြစ် ရှမ်း ပြည်နယ်အနှံ့သွားရောက်ကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
မောရစ်ကောလစ်သည် ရှမ်းပြည်တောင်ပိုင်းနေရာတော် တော်များများသို့ သွားရောက်ခဲ့ပြီးနောက် မြောက်ပိုင်းရှိမိုးမိတ်၊ ထိုမှတစ်ဆင့် တောင်ပိုင်စော်ဘွားကြီးနှင့်အတူ နမ့်ဆန်ဟော်နန်း သို့လိုက်ပါလည်ပတ်ခဲ့ပြီး ကျောက်မဲ၊ သီပေါတို့ကိုဖြတ်၍ နမ္မတူ ဘော်တွင်းမိုင်းသို့ရောက်ရှိခဲ့သည်။ ထိုစဉ်က ဘော်တွင်းမိုင်း၏ မန် နေဂျာမှာ မစ္စတာအိုဘာလင်းဒါးဖြစ်သည်။ ဘော်တွင်းမိုင်းမှ လား ရှိုးသို့ပြန်ထွက်ပြီး ရွှေလီမြစ်ကိုကူး၍ တရုတ်ပြည်ပေါ်မှာပင် ခြေချ ခဲ့သေးသည်။
မောရစ်ကောလစ်၏ ဘော်တွင်းခရီးစဉ်၌ အသွားတွင် သီ ပေါ-နမ္မတူကားလမ်းဖြင့်လည်းကောင်း အပြန်တွင် နမ္မတူ-လားရှိုး ကား လမ်းဖြင့်လည်းကောင်းသွားခဲ့ခြင်းဖြစ်ရာ သီပေါ-လားရှိုး-နမ္မတူ တြိဂံဧရိယာကို ဖြတ်သန်းခဲ့ရခြင်းပင်။ ထိုစဉ်က မောရစ် ကောလစ်သည်လည်း မည်သည့်လုံခြုံရေးအစောင့်အရှောက်မျှ မပါရှိဘဲ သွားခဲ့ခြင်းဖြစ်သည်။ သူ့အား ရန်ပြုတိုက်ခိုက်မည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်စုံတစ်ရာမှမရှိသောကြောင့်လည်း ထိုသို့လွတ်လပ်စွာ စိတ်အေးလက်အေးသွားနိုင်ခဲ့ခြင်းပင်။ ရှမ်းပြည် ၏ နယ်ပယ်အသီးသီးသို့ မောရစ်ကောလစ်သွားရောက်ခဲ့သော အချိန်ကာလ သည် ၁၉၃၈ ခုနှစ်ခန့်ကဖြစ်ပါ၏။
မောရစ်ကောလစ်က ]]ရှမ်းပြည်နယ်များသည် အေးချမ်း သာယာ၍ ကြည်နူးစရာကောင်းလှသည့် နေရာဌာနီများဖြစ် ကြောင်း}}ဖော်ပြခဲ့ပြီး ]]ဤလူမျိုးများ (ရှမ်းပြည်မှ တိုင်းရင်း သားများ)အတွက် စစ်ဆိုသည်မှာ ဝေးလံသောပဲ့တင်သံများသာ ဖြစ်နေသေးသည်}} ဟုလည်းကောင်း၊ ]]နှစ်ပေါင်း ၆၀ မျှ အတွင်း ၎င်းတို့၏တောင်ကြားထဲတွင် လက်နက်ဆွဲကိုင်ကြသူ များ၏ အသံကိုမှပင်မကြားခဲ့ကြရချေ}}ဟုလည်းကောင်း ရေး သားခဲ့ပါသည်။ ထိုအခြေအနေသည် ကိုလိုနီခေတ်ကဖြစ်ပါ၏။
၁၉၄၈ ခုနှစ်တွင် ရရှိခဲ့သော လွတ်လပ်ရေးနှင့်အတူ မြန်မာ တစ်နိုင်ငံလုံးပြည်တွင်းစစ်မီးတောက်လောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ခန့်ရှိခဲ့ပေပြီ။ ယနေ့ (၂၀၁၇ ခုနှစ် ကုန်သည်အထိ) လည်း မငြိမ်းချမ်းသေး။ ငြိမ်းချမ်းရေးတည်ဆောက်ရန် ပင်လုံညီလာခံ ကျင်းပနေရဆဲပင်။
ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ကို နိုင်ငံသားတိုင်းမြင် တွေ့လိုကြမည်ဖြစ်ပါ၏။ လက်တွေ့မှာတော့ ကျွန်တော်တို့နိုင်ငံ သည် အရှေ့တောင်အာရှအဆင့်မှာပင် နိမ့်ကျနေဆဲဖြစ်သည်။
မောရစ်ကောလစ် သူ၏စာအုပ်တွင် မှတ်ချက်ပြုခဲ့သော စာတစ်ကြောင်းကိုလည်း ကျွန်တော်မမေ့ပါ။ ]]မတိုးတက်နိုင် အောင် ဟန့်တားထားခဲ့သည့်အချက်ကြီးက မစည်းလုံး မညီ ညွတ်ခြင်း}}ပါတဲ့။ အလွန်မှန်သော စကားဖြစ်ပါ၏။ ကျွန်တော် တို့တိုင်းရင်းသားအချင်းချင်း မညီညွတ်ကြလျှင် ငြိမ်းချမ်းရေးမရနိုင်။ ငြိမ်းချမ်းရေးမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုလည်းဖြစ်ပေါ်လာနိုင်မည် မဟုတ်ပါ။ ဒါ အလွန်သေချာသောအချက်ဖြစ်ပါ၏။
သို့ဖြစ်ပါ၍ လက်နက်စွဲကိုင်နေကြသူများအားလုံးကို ကျွန်တော်လှိုက်လှဲစူးနစ်စွာ မေတ္တာရပ်ခံပန်ကြားချင်တာကတော့ ]]ရပ်ကြပါတော့၊ စစ်ပွဲတွေရပ်ကြပါတော့}} ဟူ၍။ဆင်တဲဝ မြတ်ဖုန်းကိုးကား
၁။ ဘော်တွင်းမိုင်းအစီရင်ခံစာများ
၂။ ကမ္ဗောဇနေဝင်ဘုရင်များ