Wednesday, November 7, 2018

** အရွေ့ ***


မင်းအဂ္ဂ (ဆင်တဲဝ)ဝတ္ထုတို Unicode

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ။ မြဝတီ မဂ္ဂဇင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


“ ကိုမိုးထိ.တာယာတွေအသစ်လဲပေးထားတယ်.. ရိုရိုသေသေလည်းသုံးဦး.. သားကြီးက. ငြမ်းတွေပေါ် တက်ရင်.. သတိထား..ချော်ကျနေဦးမယ်.. သမီးက. သူများငြိုငြင်အောင် မနေနဲ့.. သားငယ်က စာကို ကြိုးစား.. ဆော့မနေနဲ့.. ကဲ.. အမေသွားတော့မယ်.. အငယ်ကောင်..ကျောင်းသွားရင် တံခါးကို သေချာ ပိတ်ခဲ့. ကြားလား..”

သည်တေးသံသာသည် သည်မိသားစုအတွက် နေ့ဦးချီရာ အားကဗျာများ ဖြစ်နေမည်လား။

(၁)

လမ်းတို့၏မာယာဟုသမုတ်သော်ရကောင်း၏၊ ချိုင့်ခွက်များ၊ ထိုးထိုးထောင်ထောင်သံချောင်းများကို ရှောင် ကွင်းမောင်းနေသည့်ကားများကို ကြည့်မိလိုက်လျှင် ရေချိန်လွန်နေသူတစ်ယောက် လမ်းလျှောက်လာသည်နှင့်ပင် တူချေသည်။ ဆိုင်ကယ်မျိုးစုံကို အံ့ဖွယ်စီးနင်းနေကြသူများသည် လိုင်စင်ရခရီးကြမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ဆင်နွှဲသည် သို့ရှိ၏။ လမ်းသွားလမ်းလာများကတော့ ကိုယ့်ကိုယ်ကို သရဏဂုံတင်၍ လမ်းလျှောက်နေကြဆဲ။ လမ်းနှုတ်ခမ်းသား များသည်ကား ကလနားများဖွာလန်ကြဲနေလျက်။

ကိုမိုးထိသည် ဘရိတ်အစုံကိုထိန်းလျက် ချိုင့်ခွက်အတွင်းသို့ သုံးဘီးလုံးတည့်ဆင်းလိုက်၏။ ရှေ့မှာထိုင်နေ သည့် ထိုင်ခုံအပြင်ဘက်တင်ပါးနှစ်ဘက်လျှံထွက်နေသောဒေါ်စိန်မြက ရှေ့သို့အနည်းငယ်ငိုက်သွားသည်။။ နောက် ခုံမှာက သူ့စားသောက်ဆိုင်အတွက် စုံစီနဖာဝယ်လာခဲ့သည့် စျေးခြင်းတောင်းကြီးက သူနှင့်နင်လားငါလား။ စပုတ် တိုင်ပြတ်သွားမှဖြင့်။ ဂွေခွေသွားမှဖြင့်။ နဖူးပြင်တွင်လှိုင်းလေးငါးတွန့်ခန့် ဂယက်ထပြီးနောက် ကိုမိုးထိသည် ထိုင်ခုံ ထက်မှ ဆတ်ခနဲကြွလိုက်သည်။ ခါးသည်ကိုင်းပြီးသားဖြစ်သွားပြီး ရှိသမျှအင်အားသည်လည်း ခြေနင်းပေါ်သို့ စုပုံ ရောက်ရှိသွားသည်။ မေးရိုးများထောင်ပြီးတင်းသွားချိန်တွင် ဆိုက္ကားသည် လမ်းသားပေါ်သို့တက်သွား၏။ ဒေါ်စိန်မြ အတ္တဘောကြီးသည်လည်း ယိမ်းထိုးသွားသည်။

“ ဟွန်း.. စည်းမရှိ၊ ကမ်းမရှိ..စီးချင်တိုင်းစီးနေလိုက်ကြတာ. သေနာတွေ.. ဘယ်သူကမှလဲ မဖမ်းကြ ဘူးတော်.. ဒီကြားထဲ.. ကြားကားတွေကလည်း တမှောင့်..လွန်ကိုလွန်လွန်းတယ်..”

“ အော်..အမရယ်. ဆိုင်ကယ်ကယ်ရီတွေလည်း မရှိလို့လုပ်စားကြတာတွေချည်းပါဗျာ.. ဆိုးတာတော့ ဆိုးကြတာပေါ့.. အခုလို ဘီးလိမ့်ခွင့်လေးရနေကြတာ တော်သေးတာပေါ့.. အရင်တုံးကဆို.. ဒီပုဂံလမ်းပေါ် မှာ ဆိုက္ကားတောင်မှ လုံးဝတက်ခွင့်ပေးတာ မဟုတ်တာ.. ”

ကိုမိုးထိသည် နဖူးပြင်တွင်တွဲခိုနေသော ချွေးသီးလေးများကို လက်ဖမိုးဖြင့်သိမ်းဆည်းပြီး ခပ်ဆတ်ဆတ် လေး ခါထုတ်ပြစ်လိုက်သည်။ ဝင်သက်ဝဝရှူလိုက်ချိန်တွင် ကလိုင်သံသည် ညင်သာစွာထွက်ပေါ်လာသည်။ ဘီးပတ် ရေသည်လည်း သွက်လာပြီ။ စိတ်ကူးသချင်္ာတွင် ကိန်းဂဏန််းများက အစဉ်လိုက်နေရာယူလျက်။ အုံနာကြေး၊ ကွမ်းယာဖိုး၊ ထွေလီကာလီစရိတ်များနှုတ်လိုက်လျှင် တစ်သောင်းဝန်းကျင်သောအသပြာသည် ဒေါ်စိန်မြဖင်အောက် ရှိ ထိုင်ခုံဘဏ်တိုက်တွင် စုစည်းမိလောက်ပြီ။ ‘စိန်မြ’ စားသောက်ဆိုင်သို့ရောက်ပြီ။ ခြင်းတောင်းကို ဆိုင်တွင်းသို့ မနိုင်မနင်းကူသယ်ပေးလိုက်၏။ ကျသင့်ငွေအပေါ်ထပ်ဆောင်းပေးလိုက်သော ငါးရာကျပ်တန်သည် ကိုမိုးထိ၏ လက်ထဲတွင် ချွေးစေးတို့နှင့်ကပ်နေလျက်။

(၂)

ပွက်ပွက်ဆူနေသော ဒန်အိုးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုံ့တို့က တဖေါက်ဖေါက်မြည်နေသည်။ မလှယဉ်သည် ကိုက်လန်ရွက်များကို အရိုးသင်ရင်းမှ နှာသီးဖျားမှာပွတ်တိုက်သွားသော ဆီမွှေးန့ံကြောင့် အရိုးသင် ပြီးစ ကိုက်လံရွက်များကို ဆားရည်ခွက်ထဲ ပစ်ထည့်ရင်း၊ ဆား၊ နနွင်း၊ မန်ကျည်းသီးမှည့်ရည်ဖြင့်နယ်ထားသည့် ဆိတ်သားတုံးများကို ဒန်အိုးထဲထည့်မွှေလိုက်သည်။ ငရုတ်ဆုံဆေးရည်ကို ထပ်ထည့်ပြီး အဖုံးပိတ်နှပ်ထားလိုက်၏။ ပဲဟင်းလည်းကျက်ပြီ။ ငါးပိရည်တို့စရာလည်း ပြင်ပြီးပြီ။ စားခါနီးမှ ကိုက်လန်နှင့်ပုဇွန်ခြောက် ကြော်ရုံပင်။

“ လှယဉ်.. အမေ့ကို ရေချိုးပေးလိုက်.. သေချာတွဲခေါ်.. ကြားလား..”

ညာဘက်တစ်ခြမ်းလေဖြတ်နေသော အိမ်ရှင်၏အမေကို ထမင်းကျွေး၊ ဆေးတိုက်၊ ရေချိုး၊ အဝတ်အစားလဲ၊ လေ့ကျင့်ခန်းလုပ်ပေးရခြင်းတွေက အပိုဆုတွေ။ အကြင်နာဆာလောင်နေသည့် အဘွားမျက်ဝန်းများက အရောင် ဖျော့တော့လွန်းလေစွ။

“ ဟဲ့.. တီဗွီလာပြီး. ငေးကြည့်မနေနဲ့..ကြမ်းတိုက်စရာရှိတာ..တိုက်လေ.. “

အကြားအာရုံနှင့်ပင်အားမရနိုင်ဘဲ အမြင်အာရုံထိလောဘတက်မိသည့်မိမိကိုယ်ကို မလှယဉ် အပြစ်တင်မိ လိုက်သည်။ တီဗွီကိုကျောခိုင်းလိုက်ပြီး ပါကေးပေါ်ရှိရေစိုအဝတ်ကို လက်နှစ်ဘက်ဖြင့် ခပ်ပြင်းပြင်းလေး ဖိချလိုက် သည်။

“ ရှပ်အကျီင်္ကော်လံနဲ့လည်ပင်းတွေပြောင်အောင် သေချာလျှော်.. ဘရပ်နဲ့မတိုက်နဲ့.. လက်နဲ့ ပွတ်လျှော်. ကြားလား..”

တစ်နေ့တစ်နေ့ လျှော်လိုက်၊ဖွတ်လိုက်ရသည့် အဝတ်တွေက မနည်းလှ။ ဘယ်ကဘယ်လို ထွက်လာသည် မသိ။ ကျားဝတ်၊မဝတ် အရောင်သွေးကအစုံ။ မီးပူတိုက်ရသည်က လက်အံသေမတတ်။ တစ်ရက်ခြားလျှော်၊ တစ်ရက်ခြားတိုက်ရသည်မို့ တော်ပါသေးရဲ့။

“ အမ. မနက်က ကျန်တဲ့ ကြက်သားဟင်းလေး. ဘယ်လိုလုပ်ရမလဲ..”

“ ဘယ်လိုမှ မလုပ်နဲ့ ဖိုးကဲကို ထမင်းနဲ့နယ်ကျွေးလိုက်..”

လှေကားခြေရင်းတွင် ဝပ်စင်းနေသည့်ဖိုးကဲက သူ့သခင်မထံ ခေါင်းမော့လိုက်သည်။ မိမိထံသို့ ဦးတည်လာ တော့မည့် ဖိုးကဲ၏အကြည့်ကို မလှယဉ် ရင်မဆိုင်ရဲတော့။

ထမင်းစားပွဲပေါ်ကဟင်းကျန်ဖတ်လေးများသည် အိမ်ကကလေးသုံးယောက်၏မျက်နှာလေးများနှင့် အဝေး ဆုံးသို့ ရောက်ကုန်လျက်။

(၃)

သဲလေးပုံးစာနှင့်ကျောက်စရစ်ခဲနှစ်ပုံးစာကို ဂေါ်ပြားဖြင့်သမအောင်မွှေလိုက်သည်။ ဘိလပ်မြေတစ်ပုံး ထပ် လောင်းပြီးနောက် ထပ်မွှေလိုက်၏။ အလယ်တွင်ချိင့်ခွက်လုပ်ပြီး ရေအနည်းငယ်လောင်းထည့်လိုက်သည်။ တတိယ အကြိမ် မွှေရပြန်ပြီ။

“ ဟေ့ကောင် သံလုံး.. ဘေးကိုတအားမပျံ့စေနဲ့ကွ.. ပြန်သိမ်းပြီးမွှေဟ..”

ပန်းရံဆရာက ပစိပစပ်များလှသည်မို့ သံလုံးတတ်နိုင်သမျှ ဂရုစိုက်သည်။ စုပုံပြီးသွားသောမဆလာကို နှစ်ဂေါ်စာကော်ပြီး ဒယ်ထဲသို့ထည့်ပေးလိုက်ရင်း ခါးညောင်းဆန့်လိုက်သည်။ မိချောခေါင်းပေါ်သို့ ဒယ်ကိုပင့်တင် ပေးလိုက်၏။ ချွေးနံ့ရောသောသနပ်ခါးနံ့နှင့်အတူ မိချောပါးပြင်ပေါ်တွင် သံလုံးအကြည့်က အလည်ရောက်သွား သည်။ ရင်တော့မခုန်မိလိုက်။ မွှေးသည်ဟုတော့ ထင်မိလိုက်သည်။ ဝင်သက်တစ်ချက်ရှိုက်လိုက်ရင်း သူ့ဆရာထံ စွေကြည့်မိသည်။ တော်ပါသေးရဲ့၊ ဟိုဘက်လှည့်နေလို့။

“ သံလုံးရေ.. အဲဒီ မဆလာတွေကုန််ရင် အုတ်ရိုးစီဖို့ အုတ်ကူသယ်လိုက်ဦး..”

မိချောကို ကူသယ်ပေးရသည်မှာ ဘာအပန်းကြီးသည်မှတ်လို့။ မိချောသက်သာလျှင် ပြီးရော။ သံလုံးသည် မနော၏ဗိုလ်အောင်ဒင်သီချင်းအလိုက်ကိုပင် လေချွန်နေလိုက်သေးသည်။ သည်လိုနှင့် တစ်ခေါက်ပြီးတစ်ခေါက်။ သူများကိုပင့်ပေးလိုက်၊ ကိုယ်တိုင်ကူသယ်လိုက်။ မောတော့မောသည်ပေါ့။ သို့ပေသည့် မိချော၏သနပ်ခါးလွင်ပြင် ပေါ်ဖြတ်စီးသွားသည့် ချွေးစီးကြောင်းလေးကိုတော့ နှာဖျားထိပ်ဖြင့် တမံလေးတစ်ခုတော့ တုတ်ပေးလိုက်ချင်သား။

“ အောင်မယ်လေးဗျ.. “

မိချောခေါင်းပေါ်မှ ပြုတ်ကျလာသောအုတ်ခဲက သံလုံး၏ဘယ်ဖက်ခြေမကို ခပ်ကြမ်းကြမ်းလေး မိတ်ဆက် ပေးလိုက်သည်။ ခြေမထိပ်ရှိအက်ကွဲကြောင်းလေးမှ နီကျင်ကျင်သွေးလေး စီးထွက်လာသည်။ မိချောသည် ခေါင်းပေါ်က အုတ်ခဲထပ်ကို ဘေးဖက်သို့ခါချလိုက်ပြီး သံလုံးခြေမကို စိုးရိမ်တကြီး ဆုတ်ကိုင်လိုက်သည်။

“ နင်ကလည်းဟယ်.. ဂရုတစိုက်လုပ်မှပေါ့.. မှန်းစမ်း.တော်တော်များသွားလား မသိပါဘူးဟယ်..”

မိချောအသံက နားထဲတွင်စိုသွားသကဲ့သို့ မိချောအကြည့်ကလည်း ရင်ထဲတွင်ဖိုသွားသည်ဟု သံလုံးထင် လိုက်၏။ သံလုံး၏အာရုံတွင် ဒုက္ခဝေဒနာအစား သုခဝေဒနာကနေရာယူသွားပြီ။

“ အို.. နင်ကလည်းဟယ်.. ကြည့်နေလိုက်တာ လွန်ပါရော.. “

“ မိချောရယ်..ငါလေ ခိုက်မိတာနောက်တောင်ကျသွားပြီထင်တယ်..”

သံလုံးတစ်ယောက် ဆိုက်ထဲကအပြန် နေ့တွက်စရိတ်ခပ်ပါးပါးကို အိတ်ကပ်ထဲထည့်ထားပေမည့် ခါတိုင်း ကဲ့သို့ညှိုးနွမ်းဟန်က စိုးစဉ်းမျှမမြင်တွေ့ရ။

(၄)

“ ဟဲ့. စနေမ..ရှေ့မှာစျေးဝယ်လာနေတယ်လေ.. မမြင်ဖူးလား.. “

“ ဟုတ်. ကြီးကြီး.. သမီး ဒီမှာ ကြက်သွန်အခွန််တွေ ဖယ်နေလို့.. “

အော်မည့်သာအော်လိုက်ရသည်။ အရွယ်နှင့်မလိုက်ဖက်အောင် အကင်းပါးသည့်၊ ဖင်ပေါ့သည့်၊ ကလေးမ မှန်း ဒေါ်ခင်အေးသိသည်။ သူ့အရင်ကထွက်သွားသူနှင့်က နံ့သာဆီနှင့်အီး။ စနေမ သည်ဆိုင်မှာ အလုပ်လုပ် သည်မှာ အခါလည်ကျော်ရော့မည်။ မိသားစုပုံဆက်ဆံရေးမို့ အလုပ်လုပ်ရသည်ကို စနေမပျော်သည်။ လေးတန်းနှင့် ကျောင်းထွက်ထားပေမည့် အောင်သည်ရှုံးသည်ကိုဖြင့် ဒေါ်ခင်အေးစိတ်မဝင်စား။ အလုပ်ကို ထောင့်စေ့အောင် လုပ်နိုင်သည်ကိုတော့ သဘောကျမိသား။ တစ်နေသာကုန်သွားရော တစ်ချက်လေးမျှညည်းသံမကြားရ။ ဆိုင်အလုပ် သာမက မီးဖိုချောင်အလုပ်ပါဝင်ပါလိုက်သေး။ ဒါကြောင်လည်း စနေမအိမ်အပြန်မှာ တိုတိုထွာထွာလေးတွေ ပေးလိုက်မြဲ။

“ စနေမရေ.. သမီးကျောင်းကပြန်လာတော့မယ်.. ထမင်းကျွေးဖို့ ပြင်ထားတော့.. “

စနေမ၏အကြည့်သည် လမ်းမပေါ်အလည်ရောက်သွားသည်။ ဆွေဇင်ဦးက ဆိုင်ကယ်နောက်ခုံပေါ်မှ ဆင်း ကာ ကျောပိုးအိတ်ကိုပိုးလျက် ဆိုင်ထဲသို့ပြေးဝင်လာသည်။ သူ့အမေကို အားပါးတရပွေ့ဖက်ဆဲ။

“ မေမေ.. သမီးတို့ လေးတန်းတွေအတွက် ကထိန်အလှူငွေထည့်ဖို့ ဆရာမ မှာလိုက်တယ် “

စနေမ၏မျက်ဝန်းအစုံက မီးခိုးရောင်တို့ဖြင့် လွှမ်းခြုံနေလျက်။ မျက်နှာပြင်တွင် သွေးကြောများက ယာယီ ပြတ်တောက်ဆဲ။ ဦးနှာက်သည်လည်း ဝင်္ဂပါလမ်းတွင် မျက်စိလည်ကောင်းတုံး။ စနေမ၏ မျက်ကြည်လွှာတွင် လေးတန်းကျောင်းသူ နှင်းနှင်းဝေ၏သူ့ဘဝ၊သူ့ပုံရိပ်က ပြန်ပေါ်နေ၏။ စာသင်ခုံမှာထိုင်လျက် ဆရာမ စာသင်ပြ သည်ကို နားထောင်ချင်သား။ ကျောင်းရှေ့ကဖြတ်သွားတိုင်း ဘာကိုမှန်းမသိ၊ လွမ်းမိသည်က အကြိမ်ကြိမ်။ ‘မိန်းကလေးဘဲ.သေစာရှင်စာတတ်ရင်တော်ရောပေါ့.’ဆိုသည့် သူ့အမေစကားကို ခုချိန်ထိ သူနားမလည်နိုင်သေး။ သူ့အမေ၏စကားသည် သူကျောင်းနေချင်သေးသည့်ဆန္ဒနှင့်တော့ တခြားစီမှန်း သူသိနေသည်။ သူ့မောင်လေးက တော့ ကံကောင်းလိမ့်မည်ဟု သူထင်ထားသည်။ သူကယောင်္ကျားလေးကိုး။ သေစာရှင်စာထက်ကျော်အောင် ထား ပေးရမည်ဟု ယုံကြည်ထား၏။ သူ့မောင်လေးက သည်နှစ်လေးတန်း။ သူ့အတွက်ကြိုးစားရမည်။ သူ လေးတန်း အောင်ရမည်။

“ စနေမ..အိမ်ပြန်ရင်.. ဖယ်ထားတဲ့.အာလူးနဲ့ကြက်သွန်တွေ..ယူသွားလိုက်.. “

(၅)

ကျောင်းဆင်းခေါင်းလောင်းထိုးပြီ။ လာကြိုမည့်သူမရှိမှန်းသိလျက်နှင့် ကျောင်းဂိတ်ဝမှာ ရှေ့ဆုံးက နေရာ ရအောင် ကျောက်ခဲအပြေးသွားသည်။ ရင်ခွင်ထဲပိုက်ထားသည့် ကျောပိုးအိတ်က တိုးရင်းဝှေ့ရင်း ဘုတ်ခနဲ ပြုတ်ကျ သွားလိုက်သေး။ မွဲစုတ်စုတ်အိတ်မှာ ထူးပြီးပေစရာမရှိပြီမို့ လက်ဖြင့်စတိသဘောခါလိုက်သည်။။ ညာလက်ဖြင့် ကြိုး ကို လွယ်သိုင်းလိုက်၏။ လွယ်ကြိုးတစ်ချောင်းက ပြတ်နေသည်မို့ ဘယ်ဖက်လက်က အနားရသွားသည်။ ကျောင်း ကြိုစက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေကို ကွေ့ပတ်ရှောင်ရှားရင်း လူစီးကြောင်းမှာ မျောပါသွားလျက်။

“ ဟာ..သွားပြီ.. ဖိနပ်ပြတ်သွားပြီ.. “

ပြတ်သွားသော ညာတစ်ဖက်သည် ဝမ်းနည်းမှုလွန်ကြိုးကို ကျောက်ခဲနှင့်အားပြိုင်ဆွဲနေလေရဲ့။ ကျောက်ခဲ သည် ဘေးဘီသို့မျက်လုံးတစ်ချက် ဝေ့လိုက်ရင်း ဘယ်ညာဖိနပ်နှစ်ဖက်ပူးကိုင်လိုက်သည်။ နောက်တော့ ခါးနောက် ကျော ဘောင်းဘီကြားသို့ ထိုးထည့်လိုက်၏။ ဝါကြန့်ကြန့်ကျောင်းအကျင်္ီအနားသားက ကျောက်ခဲ၏အရှက်ကို အကာအကွယ်ပေးသွားသည်။ အမျိုးအမည်မတတ်တတ်သည့်ဝေဒနာကို ခံစားရသည်ထင်၏။ ကျောက်ခဲ မပြေး တော့။ ကျောက်ခဲခြေထောက် ခဲဆွဲခံထားရပြီထင့်။ နှစ်တောင်ခန့်အကွာတွင် မြေကသိုဏ်းကိုမှန်မှန်ရှုရင်း တစ်လှမ်း ချင်း၊ တစ်လှမ်းချင်း။

မနက်က သူ့အမေချန်ထားသွားသော ထမင်းကြမ်းခဲအား မစားအားသေး။ သူ့အဖေ ဆိုက်ကားပြင်သည့် တိုလီမိုလီအိတ်ထဲမှ ပလာယာကိုနှိုက်သည်။ တိုင်နှင့်ထရံကပ်ချည်ထားသော သွပ်နန်းကြိုးအစ လက်ငါးလုံးခန့် ဖြတ်သည်။ ဘဝပေးပညာကို လက်တွေ့အကောင်အထည်ဖေါ်လိုက်၏။ ဖိနပ်လေးကို လေထဲတွင် လှည့်ပတ်ကိုင် ကြည့်ချိန်၌ ကျောက်ခဲ၏မျက်နှာပြင်ဝယ် အပြုံးမိုးက နေရာအနှံ့ ရာနှုန်းပြည့် ရွာချလိုက်သည်။

“ ဖိနပ်ပြတ်တာ.. အမေ့ကိုအသိပေးလို့မဖြစ်သေးဘူး.. ကထိန်အတွက်.. အမေ့ဆီက အလှူငွေ တောင်း ရအုံး(ဦး)မှာ.. ဟုတ်တယ်.. ဖိနပ်လည်းကောင်းသွားပြီဘဲ..“

(၆)

ချဉ်ရည်ဟင်းထည့်ထားသောစတီးဇလုံသည် ညပိုင်းမှာသာလက်ဆုံစားရသော မိသားစုထမင်းဝိုင်း၏ အလယ်တွင် အခန့်သားနေရာယူလျက်။ ငရုတ်သီးနိုင်းချင်းနှင့်ငါးခြောက်ခေါင်းပြတ်ကြော်ပန်းကန်က ကပ်၍နေရာ ယူထား၏။ ထမင်းပန်းကန်ငါးချပ်က ပတ်ချာလည်ဝိုင်းရံလျက်။ ထမင်းဝိုင်းဆိုပေသည့် စားပွဲမလို။ သည်ဆယ်ပေ ပတ်လည်သည်ပင် ထမင်းစားခန်း။ ဧည့်သည်လာလျှင် ဧည့်ခန်း။ ညရောက်ပြီဆိုလျှင် အိပ်ခန်းအဖြစ် အသွင်ပြောင်း သွားရော။

“ အမေ..သားတို့ဆရာမက ကထိန်အတွက် အလှူငွေယူလာခဲ့ဖို့ မှာလိုက်တယ်.. “

ကျောက်ခဲက သူ့အမေကို မဝံ့မရဲ မော့ကြည့်ရင်း အာလုတ်သံနှင့် လှမ်းပြောသည်။

“ နင်တို့ကျောင်းကလည်းဟာ. ခဏခဏပိုက်ဆံကောက်နေတော့တာဘဲ.. ငါ့မှာရတာနဲ့ကုန်တာနဲ့ လုံးချာကို လည်နေတာ.. ဆိုက်ကားတာယာကလည်း..ဒီလကျမှ လဲလိုက်ရတယ်.. အိမ်ခန်းခလည်း ပေးရဖို့နီးပြီ.. ဆောင်းမဝင်ခင်. ဂွမ်းစောင်လေးနှစ်ထည်လောက်ဝယ်ချင်သား..မနှစ်က အေးချက်.. နင်တို့အဖေကြီးကို လည်း အနွေးထည်ထူထူလေး ဝယ်ပေးဦးမှ.. သူက အေးပြီဆို ရင်ကကြပ်ပါဘိနဲ့.. ငွေတွင်းကလည်း နက်လိုက်ပါဘိတော်..”

မလှယဉ်သည် ခိုတစ်ကောင်၏တေးသွားကို သံစဉ်မပီ ဆိုညည်းနေလျက်။ ချဉ်ရည်ဟင်းသည် ကိုမိုးထိကို နှုတ်ပိတ်စေသည်။ သံလုံး၏နားထဲတွင် သူ့မိခင်၏စကားလုံးများအစား မိချော၏အသံတို့က နေရာယူကုန်၏။ မောင် လေးအတွက် ကထိန်အလှူငွေသည် စနေမ၏အတွေးထဲတွင် ပျံ့လွင့်နေဆဲ။

ကျောက်ခဲတစ်ယောက် မျက်မှောင် ကုတ်စဉ်းစားနေရင်းမှ အလန့်တကြား အော်လိုက်တော့သည်။

“ အမေ.. ဒီမှာကြည့်စမ်း.. ပုရွက်ဆိတ်ကလေးတွေ.. ထမင်းလုံးကို.. ဝိုင်းသယ်နေလိုက်ကြတာ.. အားရ စရာကြီး.. ကျွန်တော်တို့မိသားစုလည်း.. အားလုံးဝိုင်းပြီးအလုပ်လုပ်နေကြတာပဲ..တစ်နေ့ကျ အဆင်ပြေမှာ ပေါ့ အမေရာ.. ဘာညည်းစရာလိုလို့လဲ..”

အားလုံး၏အကြည့်များက ကျောက်ခဲ၏မျက်နှာပေါ်တွင် တစ်လွှာချင်းထပ်လျက်။

“ အမေ. ဘာမှပူမနေနဲ့.. လေးတန်းအောင်ရင်.. သားအလုပ်ထွက်လုပ်မယ်.အမေ.”

ကျောက်ခဲ၏အသံသည် ဝမ်းခေါင်းထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသည်။ သို့ရာတွင် သောက လွှမ်းသောအသံ မဟုတ်သည်ကတော့ သေချာသည်။ ။
** အေရြ႕ ***

မင္းအဂၢ (ဆင္တဲဝ)ဝတၳဳတို Zawgyi
၂၀၁၈ခုႏွစ္၊ ေအာက္တိုဘာလ။ ျမဝတီ မဂၢဇင္း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ ကိုမိုးထိ.တာယာေတြအသစ္လဲေပးထားတယ္.. ရိုရိုေသေသလည္းသံုးဦး.. သားႀကီးက. ျငမ္းေတြေပၚ တက္ရင္.. သတိထား..ေခ်ာ္က်ေနဦးမယ္.. သမီးက. သူမ်ားၿငိဳျငင္ေအာင္ မေနနဲ႔.. သားငယ္က စာကို ႀကိဳးစား.. ေဆာ့မေနနဲ႔.. ကဲ.. အေမသြားေတာ့မယ္.. အငယ္ေကာင္..ေက်ာင္းသြားရင္ တံခါးကို ေသခ်ာ ပိတ္ခဲ့. ၾကားလား..”
သည္ေတးသံသာသည္ သည္မိသားစုအတြက္ ေန႔ဦးခ်ီရာ အားကဗ်ာမ်ား ျဖစ္ေနမည္လား။
(၁)
လမ္းတို႔၏မာယာဟုသမုတ္ေသာ္ရေကာင္း၏၊ ခ်ိုင့္ခြက္မ်ား၊ ထိုးထိုးေထာင္ေထာင္သံေခ်ာင္းမ်ားကို ေရွာင္ ကြင္းေမာင္းေနသည့္ကားမ်ားကို ၾကည့္မိလိုက္လွ်င္ ေရခ်ိန္လြန္ေနသူတစ္ေယာက္ လမ္းေလွ်ာက္လာသည္ႏွင့္ပင္ တူေခ်သည္။ ဆိုင္ကယ္မ်ိဳးစံုကို အံ့ဖြယ္စီးနင္းေနၾကသူမ်ားသည္ လိုင္စင္ရခရီးၾကမ္းၿပိဳင္ပဲြကို ယွဥ္ၿပိဳင္ဆင္ႏႊဲသည္ သို႔ရွိ၏။ လမ္းသြားလမ္းလာမ်ားကေတာ့ ကိုယ့္ကိုယ္ကို သရဏဂံုတင္၍ လမ္းေလွ်ာက္ေနၾကဆဲ။ လမ္းႏွဳတ္ခမ္းသား မ်ားသည္ကား ကလနားမ်ားဖြာလန္ႀကဲေနလ်က္။
ကိုမိုးထိသည္ ဘရိတ္အစံုကိုထိန္းလ်က္ ခ်ိဳင့္ခြက္အတြင္းသို႔ သံုးဘီးလံုးတည့္ဆင္းလိုက္၏။ ေရွ႕မွာထိုင္ေန သည့္ ထိုင္ခံုအျပင္ဘက္တင္ပါးႏွစ္ဘက္လွ်ံထြက္ေနေသာေဒၚစိန္ျမက ေရွ႕သို႔အနည္းငယ္ငိုက္သြားသည္။။ ေနာက္ ခံုမွာက သူ႔စားေသာက္ဆိုင္အတြက္ စံုစီနဖာဝယ္လာခဲ့သည့္ ေစ်းျခင္းေတာင္းႀကီးက သူႏွင့္နင္လားငါလား။ စပုတ္ တိုင္ျပတ္သြားမွျဖင့္။ ေဂြေခြသြားမွျဖင့္။ နဖူးျပင္တြင္လွိဳင္းေလးငါးတြန္႔ခန္႔ ဂယက္ထၿပီးေနာက္ ကိုမိုးထိသည္ ထိုင္ခံု ထက္မွ ဆတ္ခနဲၾကြလိုက္သည္။ ခါးသည္ကိုင္းၿပီးသားျဖစ္သြားၿပီး ရွိသမွ်အင္အားသည္လည္း ေျခနင္းေပၚသို႔ စုပံု ေရာက္ရွိသြားသည္။ ေမးရိုးမ်ားေထာင္ၿပီးတင္းသြားခ်ိန္တြင္ ဆိုကၠားသည္ လမ္းသားေပၚသို႔တက္သြား၏။ ေဒၚစိန္ျမ အတၱေဘာႀကီးသည္လည္း ယိမ္းထိုးသြားသည္။
“ ဟြန္း.. စည္းမရွိ၊ ကမ္းမရွိ..စီးခ်င္တိုင္းစီးေနလိုက္ၾကတာ. ေသနာေတြ.. ဘယ္သူကမွလဲ မဖမ္းၾက ဘူးေတာ္.. ဒီၾကားထဲ.. ၾကားကားေတြကလည္း တေမွာင့္..လြန္ကိုလြန္လြန္းတယ္..”
“ ေအာ္..အမရယ္. ဆိုင္ကယ္ကယ္ရီေတြလည္း မရွိလို႔လုပ္စားၾကတာေတြခ်ည္းပါဗ်ာ.. ဆိုးတာေတာ့ ဆိုးၾကတာေပါ့.. အခုလို ဘီးလိမ့္ခြင့္ေလးရေနၾကတာ ေတာ္ေသးတာေပါ့.. အရင္တံုးကဆို.. ဒီပုဂံလမ္းေပၚ မွာ ဆိုကၠားေတာင္မွ လံုးဝတက္ခြင့္ေပးတာ မဟုတ္တာ.. ”
ကိုမိုးထိသည္ နဖူးျပင္တြင္တြဲခိုေနေသာ ေခၽြးသီးေလးမ်ားကို လက္ဖမိုးျဖင့္သိမ္းဆည္းၿပီး ခပ္ဆတ္ဆတ္ ေလး ခါထုတ္ျပစ္လိုက္သည္။ ဝင္သက္ဝဝရွဴလိုက္ခ်ိန္တြင္ ကလိုင္သံသည္ ညင္သာစြာထြက္ေပၚလာသည္။ ဘီးပတ္ ေရသည္လည္း သြက္လာၿပီ။ စိတ္ကူးသခ်ၤာတြင္ ကိန္းဂဏန္္းမ်ားက အစဥ္လိုက္ေနရာယူလ်က္။ အံုနာေၾကး၊ ကြမ္းယာဖိုး၊ ေထြလီကာလီစရိတ္မ်ားႏွဳတ္လိုက္လွ်င္ တစ္ေသာင္းဝန္းက်င္ေသာအသျပာသည္ ေဒၚစိန္ျမဖင္ေအာက္ ရွိ ထိုင္ခံုဘဏ္တိုက္တြင္ စုစည္းမိေလာက္ၿပီ။ ‘စိန္ျမ’ စားေသာက္ဆိုင္သို႔ေရာက္ၿပီ။ ျခင္းေတာင္းကို ဆိုင္တြင္းသို႔ မနိုင္မနင္းကူသယ္ေပးလိုက္၏။ က်သင့္ေငြအေပၚထပ္ေဆာင္းေပးလိုက္ေသာ ငါးရာက်ပ္တန္သည္ ကိုမိုးထိ၏ လက္ထဲတြင္ ေခၽြးေစးတို႔ႏွင့္ကပ္ေနလ်က္။
(၂)
ပြက္ပြက္ဆူေနေသာ ဒန္အိုးထဲတြင္ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ငရုတ္သီးမွံု႔တို႔က တေဖါက္ေဖါက္ျမည္ေနသည္။ မလွယဥ္သည္ ကိုက္လန္ရြက္မ်ားကို အရိုးသင္ရင္းမွ ႏွာသီးဖ်ားမွာပြတ္တိုက္သြားေသာ ဆီေမႊးန႔ံေၾကာင့္ အရိုးသင္ ၿပီးစ ကိုက္လံရြက္မ်ားကို ဆားရည္ခြက္ထဲ ပစ္ထည့္ရင္း၊ ဆား၊ နႏြင္း၊ မန္က်ည္းသီးမွည့္ရည္ျဖင့္နယ္ထားသည့္ ဆိတ္သားတံုးမ်ားကို ဒန္အိုးထဲထည့္ေမႊလိုက္သည္။ ငရုတ္ဆံုေဆးရည္ကို ထပ္ထည့္ၿပီး အဖံုးပိတ္ႏွပ္ထားလိုက္၏။ ပဲဟင္းလည္းက်က္ၿပီ။ ငါးပိရည္တို႔စရာလည္း ျပင္ၿပီးၿပီ။ စားခါနီးမွ ကိုက္လန္ႏွင့္ပုဇြန္ေျခာက္ ေႀကာ္ရံုပင္။
“ လွယဥ္.. အေမ့ကို ေရခ်ိဳးေပးလိုက္.. ေသခ်ာတြဲေခၚ.. ၾကားလား..”
ညာဘက္တစ္ျခမ္းေလျဖတ္ေနေသာ အိမ္ရွင္၏အေမကို ထမင္းေကၽြး၊ ေဆးတိုက္၊ ေရခ်ိဳး၊ အဝတ္အစားလဲ၊ ေလ့က်င့္ခန္းလုပ္ေပးရျခင္းေတြက အပိုဆုေတြ။ အၾကင္နာဆာေလာင္ေနသည့္ အဘြားမ်က္ဝန္းမ်ားက အေရာင္ ေဖ်ာ့ေတာ့လြန္းေလစြ။
“ ဟဲ့.. တီဗြီလာၿပီး. ေငးၾကည့္မေနနဲ႕..ၾကမ္းတိုက္စရာရွိတာ..တိုက္ေလ.. “
အၾကားအာရံုႏွင့္ပင္အားမရနိုင္ဘဲ အျမင္အာရံုထိေလာဘတက္မိသည့္မိမိကိုယ္ကို မလွယဥ္ အျပစ္တင္မိ လိုက္သည္။ တီဗြီကိုေက်ာခိုင္းလိုက္ၿပီး ပါေကးေပၚရွိေရစိုအဝတ္ကို လက္ႏွစ္ဘက္ျဖင့္ ခပ္ျပင္းျပင္းေလး ဖိခ်လိုက္ သည္။
“ ရွပ္အက်ီၤေကာ္လံနဲ႔လည္ပင္းေတြေျပာင္ေအာင္ ေသခ်ာေလွ်ာ္.. ဘရပ္နဲ႔မတိုက္နဲ႔.. လက္နဲ႔ ပြတ္ေလၽွာ္. ၾကားလား..”
တစ္ေန႔တစ္ေန႔ ေလွ်ာ္လိုက္၊ဖြတ္လိုက္ရသည့္ အဝတ္ေတြက မနည္းလွ။ ဘယ္ကဘယ္လို ထြက္လာသည္ မသိ။ က်ားဝတ္၊မဝတ္ အေရာင္ေသြးကအစံု။ မီးပူတိုက္ရသည္က လက္အံေသမတတ္။ တစ္ရက္ျခားေလွ်ာ္၊ တစ္ရက္ျခားတိုက္ရသည္မို႔ ေတာ္ပါေသးရဲ႕။
“ အမ. မနက္က က်န္တဲ့ ၾကက္သားဟင္းေလး. ဘယ္လိုလုပ္ရမလဲ..”
“ ဘယ္လိုမွ မလုပ္နဲ႔ ဖိုးကဲကို ထမင္းနဲ႔နယ္ေကၽြးလိုက္..”
ေလွကားေျခရင္းတြင္ ဝပ္စင္းေနသည့္ဖိုးကဲက သူ႕သခင္မထံ ေခါင္းေမာ့လိုက္သည္။ မိမိထံသို႔ ဦးတည္လာ ေတာ့မည့္ ဖိုးကဲ၏အၾကည့္ကို မလွယဥ္ ရင္မဆိုင္ရဲေတာ့။
ထမင္းစားပဲြေပၚကဟင္းက်န္ဖတ္ေလးမ်ားသည္ အိမ္ကကေလးသံုးေယာက္၏မ်က္ႏွာေလးမ်ားႏွင့္ အေဝး ဆံုးသို႔ ေရာက္ကုန္လ်က္။
(၃)
သဲေလးပံုးစာႏွင့္ေက်ာက္စရစ္ခဲႏွစ္ပံုးစာကို ေဂၚျပားျဖင့္သမေအာင္ေမႊလိုက္သည္။ ဘိလပ္ေျမတစ္ပံုး ထပ္ ေလာင္းၿပီးေနာက္ ထပ္ေမႊလိုက္၏။ အလယ္တြင္ခ်ိင့္ခြက္လုပ္ၿပီး ေရအနည္းငယ္ေလာင္းထည့္လိုက္သည္။ တတိယ အႀကိမ္ ေမႊရျပန္ၿပီ။
“ ေဟ့ေကာင္ သံလံုး.. ေဘးကိုတအားမပ်ံ႕ေစနဲ႔ကြ.. ျပန္သိမ္းၿပီးေမႊဟ..”
ပန္းရံဆရာက ပစိပစပ္မ်ားလွသည္မို႔ သံလံုးတတ္နိုင္သမွ် ဂရုစိုက္သည္။ စုပံုၿပီးသြားေသာမဆလာကို ႏွစ္ေဂၚစာေကာ္ၿပီး ဒယ္ထဲသို႔ထည့္ေပးလိုက္ရင္း ခါးေညာင္းဆန္႔လိုက္သည္။ မိေခ်ာေခါင္းေပၚသို႔ ဒယ္ကိုပင့္တင္ ေပးလိုက္၏။ ေခၽြးနံ႔ေရာေသာသနပ္ခါးနံ႔ႏွင့္အတူ မိေခ်ာပါးျပင္ေပၚတြင္ သံလံုးအၾကည့္က အလည္ေရာက္သြား သည္။ ရင္ေတာ့မခုန္မိလိုက္။ ေမႊးသည္ဟုေတာ့ ထင္မိလိုက္သည္။ ဝင္သက္တစ္ခ်က္ရွိဳက္လိုက္ရင္း သူ႔ဆရာထံ ေစြၾကည့္မိသည္။ ေတာ္ပါေသးရဲ႕၊ ဟိုဘက္လွည့္ေနလို႔။
“ သံလံုးေရ.. အဲဒီ မဆလာေတြကုန္္ရင္ အုတ္ရိုးစီဖို႔ အုတ္ကူသယ္လိုက္ဦး..”
မိေခ်ာကို ကူသယ္ေပးရသည္မွာ ဘာအပန္းႀကီးသည္မွတ္လို႔။ မိေခ်ာသက္သာလွ်င္ ၿပီးေရာ။ သံလံုးသည္ မေနာ၏ဗိုလ္ေအာင္ဒင္သီခ်င္းအလိုက္ကိုပင္ ေလခၽြန္ေနလိုက္ေသးသည္။ သည္လိုႏွင့္ တစ္ေခါက္ၿပီးတစ္ေခါက္။ သူမ်ားကိုပင့္ေပးလိုက္၊ ကိုယ္တိုင္ကူသယ္လိုက္။ ေမာေတာ့ေမာသည္ေပါ့။ သို႔ေပသည့္ မိေခ်ာ၏သနပ္ခါးလြင္ျပင္ ေပၚျဖတ္စီးသြားသည့္ ေခၽြးစီးေၾကာင္းေလးကိုေတာ့ ႏွာဖ်ားထိပ္ျဖင့္ တမံေလးတစ္ခုေတာ့ တုတ္ေပးလိုက္ခ်င္သား။
“ ေအာင္မယ္ေလးဗ်.. “
မိေခ်ာေခါင္းေပၚမွ ျပဳတ္က်လာေသာအုတ္ခဲက သံလံုး၏ဘယ္ဖက္ေျခမကို ခပ္ၾကမ္းၾကမ္းေလး မိတ္ဆက္ ေပးလိုက္သည္။ ေျခမထိပ္ရွိအက္ကြဲေၾကာင္းေလးမွ နီက်င္က်င္ေသြးေလး စီးထြက္လာသည္။ မိေခ်ာသည္ ေခါင္းေပၚက အုတ္ခဲထပ္ကို ေဘးဖက္သို႔ခါခ်လိုက္ၿပီး သံလံုးေျခမကို စိုးရိမ္တႀကီး ဆုတ္ကိုင္လိုက္သည္။
“ နင္ကလည္းဟယ္.. ဂရုတစိုက္လုပ္မွေပါ့.. မွန္းစမ္း.ေတာ္ေတာ္မ်ားသြားလား မသိပါဘူးဟယ္..”
မိေခ်ာအသံက နားထဲတြင္စိုသြားသကဲ့သို႔ မိေခ်ာအၾကည့္ကလည္း ရင္ထဲတြင္ဖိုသြားသည္ဟု သံလံုးထင္ လိုက္၏။ သံလံုး၏အာရံုတြင္ ဒုကၡေဝဒနာအစား သုခေဝဒနာကေနရာယူသြားၿပီ။
“ အို.. နင္ကလည္းဟယ္.. ၾကည့္ေနလိုက္တာ လြန္ပါေရာ.. “
“ မိေခ်ာရယ္..ငါေလ ခိုက္မိတာေနာက္ေတာင္က်သြားၿပီထင္တယ္..”
သံလံုးတစ္ေယာက္ ဆိုက္ထဲကအျပန္ ေန႔တြက္စရိတ္ခပ္ပါးပါးကို အိတ္ကပ္ထဲထည့္ထားေပမည့္ ခါတိုင္း ကဲ့သို႔ညွိဳးႏြမ္းဟန္က စိုးစဥ္းမွ်မျမင္ေတြ႕ရ။
(၄)
“ ဟဲ့. စေနမ..ေရွ႕မွာေစ်းဝယ္လာေနတယ္ေလ.. မျမင္ဖူးလား.. “
“ ဟုတ္. ႀကီးႀကီး.. သမီး ဒီမွာ ၾကက္သြန္အခြန္္ေတြ ဖယ္ေနလို႔.. “
ေအာ္မည့္သာေအာ္လိုက္ရသည္။ အရြယ္ႏွင့္မလိုက္ဖက္ေအာင္ အကင္းပါးသည့္၊ ဖင္ေပါ့သည့္၊ ကေလးမ မွန္း ေဒၚခင္ေအးသိသည္။ သူ႔အရင္ကထြက္သြားသူႏွင့္က နံ႔သာဆီႏွင့္အီး။ စေနမ သည္ဆိုင္မွာ အလုပ္လုပ္ သည္မွာ အခါလည္ေက်ာ္ေရာ့မည္။ မိသားစုပံုဆက္ဆံေရးမို႔ အလုပ္လုပ္ရသည္ကို စေနမေပ်ာ္သည္။ ေလးတန္းႏွင့္ ေက်ာင္းထြက္ထားေပမည့္ ေအာင္သည္ရွံုးသည္ကိုျဖင့္ ေဒၚခင္ေအးစိတ္မဝင္စား။ အလုပ္ကို ေထာင့္ေစ့ေအာင္ လုပ္နိုင္သည္ကိုေတာ့ သေဘာက်မိသား။ တစ္ေနသာကုန္သြားေရာ တစ္ခ်က္ေလးမွ်ညည္းသံမၾကားရ။ ဆိုင္အလုပ္ သာမက မီးဖိုေခ်ာင္အလုပ္ပါဝင္ပါလိုက္ေသး။ ဒါေၾကာင္လည္း စေနမအိမ္အျပန္မွာ တိုတိုထြာထြာေလးေတြ ေပးလိုက္ၿမဲ။
“ စေနမေရ.. သမီးေက်ာင္းကျပန္လာေတာ့မယ္.. ထမင္းေကၽြးဖို႔ ျပင္ထားေတာ့.. “
စေနမ၏အၾကည့္သည္ လမ္းမေပၚအလည္ေရာက္သြားသည္။ ေဆြဇင္ဦးက ဆိုင္ကယ္ေနာက္ခံုေပၚမွ ဆင္း ကာ ေက်ာပိုးအိတ္ကိုပိုးလ်က္ ဆိုင္ထဲသို႔ေျပးဝင္လာသည္။ သူ႔အေမကို အားပါးတရေပြ႔ဖက္ဆဲ။
“ ေမေမ.. သမီးတို႔ ေလးတန္းေတြအတြက္ ကထိန္အလွဴေငြထည့္ဖို႔ ဆရာမ မွာလိုက္တယ္ “
စေနမ၏မ်က္ဝန္းအစံုက မီးခိုးေရာင္တို႔ျဖင့္ လႊမ္းၿခံဳေနလ်က္။ မ်က္ႏွာျပင္တြင္ ေသြးေၾကာမ်ားက ယာယီ ျပတ္ေတာက္ဆဲ။ ဦးႏွာက္သည္လည္း ဝဂၤပါလမ္းတြင္ မ်က္စိလည္ေကာင္းတံုး။ စေနမ၏ မ်က္ၾကည္လႊာတြင္ ေလးတန္းေက်ာင္းသူ ႏွင္းႏွင္းေဝ၏သူ႔ဘဝ၊သူ႔ပံုရိပ္က ျပန္ေပၚေန၏။ စာသင္ခံုမွာထိုင္လ်က္ ဆရာမ စာသင္ျပ သည္ကို နားေထာင္ခ်င္သား။ ေက်ာင္းေရွ႕ကျဖတ္သြားတိုင္း ဘာကိုမွန္းမသိ၊ လြမ္းမိသည္က အႀကိမ္ႀကိမ္။ ‘မိန္းကေလးဘဲ.ေသစာရွင္စာတတ္ရင္ေတာ္ေရာေပါ့.’ဆိုသည့္ သူ႔အေမစကားကို ခုခ်ိန္ထိ သူနားမလည္နိုင္ေသး။ သူ႔အေမ၏စကားသည္ သူေက်ာင္းေနခ်င္ေသးသည့္ဆႏၵႏွင့္ေတာ့ တျခားစီမွန္း သူသိေနသည္။ သူ႔ေမာင္ေလးက ေတာ့ ကံေကာင္းလိမ့္မည္ဟု သူထင္ထားသည္။ သူကေယာကၤ်ားေလးကိုး။ ေသစာရွင္စာထက္ေက်ာ္ေအာင္ ထား ေပးရမည္ဟု ယံုၾကည္ထား၏။ သူ႔ေမာင္ေလးက သည္ႏွစ္ေလးတန္း။ သူ႕အတြက္ႀကိဳးစားရမည္။ သူ ေလးတန္း ေအာင္ရမည္။
“ စေနမ..အိမ္ျပန္ရင္.. ဖယ္ထားတဲ့.အာလူးနဲ႔ၾကက္သြန္ေတြ..ယူသြားလိုက္.. “
(၅)
ေက်ာင္းဆင္းေခါင္းေလာင္းထိုးၿပီ။ လာႀကိဳမည့္သူမရွိမွန္းသိလ်က္ႏွင့္ ေက်ာင္းဂိတ္ဝမွာ ေရွ႕ဆံုးက ေနရာ ရေအာင္ ေက်ာက္ခဲအေျပးသြားသည္။ ရင္ခြင္ထဲပိုက္ထားသည့္ ေက်ာပိုးအိတ္က တိုးရင္းေဝွ႔ရင္း ဘုတ္ခနဲ ျပဳတ္က် သြားလိုက္ေသး။ မဲြစုတ္စုတ္အိတ္မွာ ထူးၿပီးေပစရာမရွိၿပီမို႔ လက္ျဖင့္စတိသေဘာခါလိုက္သည္။။ ညာလက္ျဖင့္ ႀကိဳး ကို လြယ္သိုင္းလိုက္၏။ လြယ္ႀကိဳးတစ္ေခ်ာင္းက ျပတ္ေနသည္မို႔ ဘယ္ဖက္လက္က အနားရသြားသည္။ ေက်ာင္း ႀကိဳစက္ဘီးေတြ၊ ဆိုင္ကယ္ေတြ၊ ကားေတြကို ေကြ႔ပတ္ေရွာင္ရွားရင္း လူစီးေၾကာင္းမွာ ေမ်ာပါသြားလ်က္။
“ ဟာ..သြားၿပီ.. ဖိနပ္ျပတ္သြားၿပီ.. “
ျပတ္သြားေသာ ညာတစ္ဖက္သည္ ဝမ္းနည္းမႈလြန္ႀကိဳးကို ေက်ာက္ခဲႏွင့္အားၿပိဳင္ဆြဲေနေလရဲ႕။ ေက်ာက္ခဲ သည္ ေဘးဘီသို႔မ်က္လံုးတစ္ခ်က္ ေဝ့လိုက္ရင္း ဘယ္ညာဖိနပ္ႏွစ္ဖက္ပူးကိုင္လိုက္သည္။ ေနာက္ေတာ့ ခါးေနာက္ ေက်ာ ေဘာင္းဘီၾကားသို႔ ထိုးထည့္လိုက္၏။ ဝါၾကန္႔ၾကန္႔ေက်ာင္းအက်ၤီအနားသားက ေက်ာက္ခဲ၏အရွက္ကို အကာအကြယ္ေပးသြားသည္။ အမ်ိဳးအမည္မတတ္တတ္သည့္ေဝဒနာကို ခံစားရသည္ထင္၏။ ေက်ာက္ခဲ မေျပး ေတာ့။ ေက်ာက္ခဲေျခေထာက္ ခဲဆြဲခံထားရၿပီထင့္။ ႏွစ္ေတာင္ခန္႔အကြာတြင္ ေျမကသိုဏ္းကိုမွန္မွန္ရွုရင္း တစ္လွမ္း ခ်င္း၊ တစ္လွမ္းခ်င္း။
မနက္က သူ႔အေမခ်န္ထားသြားေသာ ထမင္းၾကမ္းခဲအား မစားအားေသး။ သူ႔အေဖ ဆိုက္ကားျပင္သည့္ တိုလီမိုလီအိတ္ထဲမွ ပလာယာကိုႏွိဳက္သည္။ တိုင္ႏွင့္ထရံကပ္ခ်ည္ထားေသာ သြပ္နန္းႀကိဳးအစ လက္ငါးလံုးခန္႔ ျဖတ္သည္။ ဘဝေပးပညာကို လက္ေတြ႔အေကာင္အထည္ေဖၚလိုက္၏။ ဖိနပ္ေလးကို ေလထဲတြင္ လွည့္ပတ္ကိုင္ ၾကည့္ခ်ိန္၌ ေက်ာက္ခဲ၏မ်က္ႏွာျပင္ဝယ္ အၿပံဳးမိုးက ေနရာအႏွံ႔ ရာႏွဳန္းျပည့္ ရြာခ်လိုက္သည္။
“ ဖိနပ္ျပတ္တာ.. အေမ့ကိုအသိေပးလို႔မျဖစ္ေသးဘူး.. ကထိန္အတြက္.. အေမ့ဆီက အလွဴေငြ ေတာင္း ရအံုး(ဦး)မွာ.. ဟုတ္တယ္.. ဖိနပ္လည္းေကာင္းသြားၿပီဘဲ..“
(၆)
ခ်ဥ္ရည္ဟင္းထည့္ထားေသာစတီးဇလံုသည္ ညပိုင္းမွာသာလက္ဆံုစားရေသာ မိသားစုထမင္းဝိုင္း၏ အလယ္တြင္ အခန္႔သားေနရာယူလ်က္။ ငရုတ္သီးနိုင္းခ်င္းႏွင့္ငါးေျခာက္ေခါင္းျပတ္ေၾကာ္ပန္းကန္က ကပ္၍ေနရာ ယူထား၏။ ထမင္းပန္းကန္ငါးခ်ပ္က ပတ္ခ်ာလည္ဝိုင္းရံလ်က္။ ထမင္းဝိုင္းဆိုေပသည့္ စားပြဲမလို။ သည္ဆယ္ေပ ပတ္လည္သည္ပင္ ထမင္းစားခန္း။ ဧည့္သည္လာလွ်င္ ဧည့္ခန္း။ ညေရာက္ၿပီဆိုလွ်င္ အိပ္ခန္းအျဖစ္ အသြင္ေျပာင္း သြားေရာ။
“ အေမ..သားတို႔ဆရာမက ကထိန္အတြက္ အလွဴေငြယူလာခဲ့ဖို႔ မွာလိုက္တယ္.. “
ေက်ာက္ခဲက သူ႔အေမကို မဝံ့မရဲ ေမာ့ၾကည့္ရင္း အာလုတ္သံႏွင့္ လွမ္းေျပာသည္။
“ နင္တို႔ေက်ာင္းကလည္းဟာ. ခဏခဏပိုက္ဆံေကာက္ေနေတာ့တာဘဲ.. ငါ့မွာရတာနဲ႔ကုန္တာနဲ႔ လံုးခ်ာကို လည္ေနတာ.. ဆိုက္ကားတာယာကလည္း..ဒီလက်မွ လဲလိုက္ရတယ္.. အိမ္ခန္းခလည္း ေပးရဖို႔နီးၿပီ.. ေဆာင္းမဝင္ခင္. ဂြမ္းေစာင္ေလးႏွစ္ထည္ေလာက္ဝယ္ခ်င္သား..မႏွစ္က ေအးခ်က္.. နင္တို႔အေဖႀကီးကို လည္း အေႏြးထည္ထူထူေလး ဝယ္ေပးဦးမွ.. သူက ေအးၿပီဆို ရင္ကၾကပ္ပါဘိနဲ႔.. ေငြတြင္းကလည္း နက္လိုက္ပါဘိေတာ္..”
မလွယဥ္သည္ ခိုတစ္ေကာင္၏ေတးသြားကို သံစဥ္မပီ ဆိုညည္းေနလ်က္။ ခ်ဥ္ရည္ဟင္းသည္ ကိုမိုးထိကို ႏွဳတ္ပိတ္ေစသည္။ သံလံုး၏နားထဲတြင္ သူ႔မိခင္၏စကားလံုးမ်ားအစား မိေခ်ာ၏အသံတို႔က ေနရာယူကုန္၏။ ေမာင္ ေလးအတြက္ ကထိန္အလွဴေငြသည္ စေနမ၏အေတြးထဲတြင္ ပ်ံ႕လြင့္ေနဆဲ။
ေက်ာက္ခဲတစ္ေယာက္ မ်က္ေမွာင္ ကုတ္စဥ္းစားေနရင္းမွ အလန္႔တၾကား ေအာ္လိုက္ေတာ့သည္။
“ အေမ.. ဒီမွာၾကည့္စမ္း.. ပုရြက္ဆိတ္ကေလးေတြ.. ထမင္းလံုးကို.. ဝိုင္းသယ္ေနလိုက္ၾကတာ.. အားရ စရာႀကီး.. ကၽြန္ေတာ္တို႔မိသားစုလည္း.. အားလံုးဝိုင္းၿပီးအလုပ္လုပ္ေနၾကတာပဲ..တစ္ေန႔က် အဆင္ေျပမွာ ေပါ့ အေမရာ.. ဘာညည္းစရာလိုလို႔လဲ..”
အားလံုး၏အၾကည့္မ်ားက ေက်ာက္ခဲ၏မ်က္ႏွာေပၚတြင္ တစ္လႊာခ်င္းထပ္လ်က္။
“ အေမ. ဘာမွပူမေနနဲ႔.. ေလးတန္းေအာင္ရင္.. သားအလုပ္ထြက္လုပ္မယ္.အေမ.”
ေက်ာက္ခဲ၏အသံသည္ ဝမ္းေခါင္းထဲမွ လွိဳက္လွိဳက္လွဲလွဲ ထြက္ေပၚလာသည္။ သို႕ရာတြင္ ေသာက လႊမ္းေသာအသံ မဟုတ္သည္ကေတာ့ ေသခ်ာသည္။ ။