Sunday, January 20, 2019


ကျောက်စိမ်းနယ်ကို တရုတ်ထံ အပေါင်ထားခဲ့ရခြင်း
Zawgyi Font
၂၀၁၈ ခုနှစ် Faces Magazine
ဆင်တဲဝမြတ်ဖုန်း

စွန့်စားသော တရုတ်များ
ဖားကန့်၏ ကျောက်စိမ်းမှော်အားလုံးလိုလိုမှာ ကျွန်တော် ခြေချခဲ့
ဖူးသည်။ ယခုတော့ ကျွန်တော်သည် ဖားကန့်နှင့် ဝေးနေသည်။ သို့ပေမယ့်
သတင်းစာ၊ ဂျာနယ်တွေ၊ အသံလွှင့်ချက်တွေ၊ လူမှုကွန်ရက်တွေကနေ
ဖားကန့်သတင်းတွေကို ကြားနေရတော့လည်း ဖားကန့်နှင့် နီးနေသလို
ခံစားရပြန်သည်။ နောက်ပြီး ဖားကန့်ရောက်နေသော အပေါင်းအသင်းအချို့
ထံမှလည်း ဖားကန့်သတင်းတွေ ရောက်ရောက်လာတတ်ပြန်သည်။
ဘော်တွင်းမိုင်းမှာ နေခဲ့စဉ်က ညီငယ်တစ်ယောက်လို ချစ်ခင်ရင်းနှီး
ခဲ့ရသော ဖားကန့်ရောက် ကိုတင့်ဆွေက ယခုနှစ် မတ်လအတွင်းမှာ ဖားကန့်
မြို့နယ်မဂ္ဂဇင်း၊ အမှတ် (၄) ကို ကျွန်တော့်ထံ ပို့လိုက်သည်။ မြို့နယ်မဂ္ဂဇင်း
ဆိုတာ အရပ်ဇာတ်နှင့်တူကြောင်း စာရေးသူတစ်ယောက်က ခိုင်းနှိုင်းရေးခဲ့ဖူး
သည့်တိုင် ကျွန်တော်ကတော့ မြို့နယ်မဂ္ဂဇင်းတွေကို စိတ်ဝင်စားမိသည်။
ဒေသခံများ ရေးသားလေ့ရှိသော သူတို့မြို့နယ်၏အကြောင်း ဆောင်းပါး
တွေကို ဖတ်ရှုလေ့လာခွင့်ရသောကြောင့်ပင်။
ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း ၃၉
ယခုလည်း ဖားကန့်မဂ္ဂဇင်းမှာ မောင်ယဉ်မွန် (မောင်နေခြည်) ၏
]]ဖားကန့်အစ}} ဆောင်းပါးကို ဖတ်ရှုရသည်။ သူ့ဆောင်းပါးမှာ မှတ်မှတ်
သားသား ဖြစ်မိသော အချက်နှစ်ချက် တွေ့ရသည်။ တစ်ချက်မှာ ဘိုးတော်
မင်းတရား (ဗဒုံမင်း) က တရုတ်ဘုရင်ကို ကျောက်စိမ်းလက်ဆောင်ပေးခဲ့
ခြင်းနှင့် စပ်လျဉ်း၍ ရှမ်းမိုင်းတောင်းမှ ရွှေမှူးကြီး (ရွှေတူးဖော်မှုများကို
ကြီးကြပ်ကွပ်ကဲအုပ်ချုပ်ရသူ) ၏ စိတ်တွင်းခံစားချက် ဖြစ်သည်။ (ရှေးဘုန်း
ရှေးကံကောင်း၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော်လည်း နောင်ရေးကို
မျှော်တွေးမမြင်သည့်ဘုရင်) ဟု လည်းကောင်း၊ (မြန်မာနိုင်ငံတွင် ထိုကဲ့သို့
ရတနာများ ထွက်ရှိကြောင်း ဘုရင်ကြွကားခြင်းဖြစ်ရာ အမှန်တော့ြွကားရာ
မမည်၊ တိုင်းတစ်ပါးရန်သူကို လက်ယပ်၍ ခေါ်ခြင်းမျှသာ ဖြစ်သည်) ဟု
လည်းကောင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သမိုင်းမြှုပ်ကွက်ကို ကျွန်တော် ယခင်က မတွေ့ဖူးခဲ့။
ယခုမှ ဖတ်ရှုရခြင်း ဖြစ်သည်။
ခရစ်နှစ် ၁၃ ရာစုလောက်က တရုတ်ကုန်သည်တစ်ဦး အလေးချိန်
ဟန်ချက်ညီစေရန် လား၏ ကျောပေါ်တင်သွားသော ကျောက်တုံးသည်
တရုတ်ပြည်ရောက်သွားသောအခါ ကျောက်စိမ်းတုံးဖြစ်မှန်း သိသွားကြပြီး
ကျောက်စိမ်းကို အထူးစွဲလမ်းမြတ်နိုးကြသော တရုတ်လူမျိုး များစွာတို့သည်
ကျောက်စိမ်းရှာဖွေရန် မြန်မာနိုင်ငံအတွင်းသို့ စွန့်စွန့်စားစား လာရောက်ခဲ့
ကြသည် ဆိုသည့်အကြောင်းကိုသာ ကျွန်တော် ဖတ်ခဲ့ရဖူးသည်။
တရုတ် လားသမားကြောင့် ဖြစ်စေ၊ ဘိုးတော်မင်းတရား၏
ကျောက်စိမ်းလက်ဆောင်ကြောင့် ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် တရုတ်
တို့ ကျောက်စိမ်း အနံ့ခံမိသွားပြီး မြန်မာနိုင်ငံအထက်ပိုင်းဆီသို့ သက်စွန့်
ဆံဖျား လာရောက်ခဲ့ကြသည်မှာမူ မငြင်းနိုင်သောအချက် ဖြစ်သည်။
ဧရာဝတီမြစ်ကိုဖြတ်၍ လည်းကောင်း၊ ချင်းတွင်းမြစ်ကို ဆန်တက်၍
လည်းကောင်း လမ်းကြောင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလျက် စွန့်စွန့်စားစား
လာရောက်ခဲ့ကြသော တရုတ်အများစုမှာ ခရီးကြမ်းတမ်း ဖျားနာ၍ လည်းကောင်း
ဒေသခံ တောင်ပေါ်သားတို့၏ တိုက်ခိုက်ခံရမှုကြောင့် လည်းကောင်း အများ
အပြား သေဆုံးခဲ့ကြရသည်။ ၁၉ ရာစု ခေတ်ဦးမှစ၍ ကျောက်စိမ်းတွင်း
၄၀ ဆငတ် ဝဲ မြတဖ် နုး
ဒေသသို့ လာရောက်လုပ်ကိုင်ရင်း သေဆုံးခဲ့ကြသော တရုတ်လူမျိုးတို့စာရင်း
ကို အမရပူရ တရုတ်ဘုံကျောင်းရှိ ကျောက်စာစာရင်းအရ ၆၀ဝ၀ ကျော်
ရှိကြောင်း သိရပါသည်။ ထိုစာရင်းသည် မှတ်တမ်းဝင် လူသိများသော
ပုဂ္ဂိုလ်များသာဖြစ်ပြီး မထင်မရှား သာမန်ကုန်သည်များ မပါဝင်ဟု ဆိုပါ
သည်။ သေဆုံးသူ အများအပြားရှိသည့်တိုင် တရုတ်တို့သည် မလျှော့သော
ဇွဲဖြင့် အသက်ကို ပဓာနမထားဘဲ ဆက်လက်ရှာဖွေကြရာ ကုန်းဘောင်
ခေတ်ဦးပိုင်းလောက်မှာပင် ကျောက်စိမ်းတွင်းကို စတင်တွေ့ရှိခဲ့သည်ဟု
ဆိုပါသည်။
မောင်ယဉ်မွန် (မောင်နေခြည်) ၏ ]]ဖားကန့်အစ}} ဆောင်းပါးပါ
မှတ်မှတ်သားသား ဖြစ်မိသော နောက်တစ်ချက်မှာ ကျောက်စိမ်းတွင်း ကံဆီး
နယ်ကြီးတစ်ခုလုံးကို တရုတ်ထံ ၅ နှစ်စာချုပ်ဖြင့် လွှဲပြောင်းပေးလိုက်ရသည့်
အချက် ဖြစ်သည်။ (တစ်နည်းအားဖြင့် တရုတ်ထံ အပေါင်ထားလိုက်ရခြင်း
ဖြစ်ရာ ထိုအကြောင်းကို ဆက်လက် ဖော်ပြသွားပါမည်။)
ကံဆီးနယ် ထင်ရှားလာခြင်း
မှတ်တမ်းများ ထားလေ့မရှိခြင်းမှာ မြန်မာတိုင်းရင်းသားတို့ အရိုးစွဲ
လာခဲ့သော အလေ့အထဖြစ်ရာ ကျောက်စိမ်း၏နိဒါန်းကို မှန်းဆကြည့်ရ
သည်မှာ အလွန်ပင် မှုန်ဝါးဝါးနိုင်လှပါသည်။ ဘိုးတော်ဘုရားလက်ထက်
ခရစ်နှစ် ၁၇၈၄ ခုနှစ်လောက်တွင် ကျောက်စိမ်းရောင်းဝယ်မှု စတင်နေပြီဟု
ဆိုသောကြောင့် ကျောက်စိမ်းကို ဘိုးတော်ဘုရားမတိုင်မီကတည်းကပင်
စတင်တူးဖော်ခဲ့သည်ဟု ယူဆရပါမည်။
ထိုကာလက ကျောက်စိမ်းနယ်မြေတွင် (ဖားကန့်) ဆိုသော အမည်
နာမ မရှိသေး။ (ကံဆီး) ဆိုသော နာမည်သာလျှင် နှစ်အတန်ကြာ ထင်ရှား
ခဲ့ပါသည်။ ဥရု (ရှေးအခေါ် ဦးရူး) ချောင်းဖျားတွင် ရှိသဖြင့် ဦးရူးချောင်းဖျား
ကံဆီးမြို့ဟုလည်း ခေါ်ဆိုခဲ့ကြပါသည်။ ကံဆီးသည် ကျောက်စိမ်းနယ်မြေ
ကို ချုပ်ကိုင်အုပ်စိုးခဲ့သော နယ်ရှင်စော်ဘွားတို့၏ အချက်အချက် ဖြစ်ခဲ့
ပါသည်။
ကျောက်စိမ်းဒေသ၌ ရှေးဦးအစ နေထိုင်ခဲ့သော လူမျိုးတို့မှာ တဲမော်
ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း ၄၁
(ရှမ်းဂဒူး) တို့ ဖြစ်ကြပြီး ချင်းလူမျိုးတို့လည်း အချိန်ကာလတစ်ခုအထိ
အခြေချနေထိုင်ခဲ့ဖူးကြကြောင်း၊ နောင်တွင် သိန်းဖော (ဂျိန်းဖော) တို့သာ
ရွာအမြဲတည်၍ နေခဲ့ကြပြီး ရှမ်းမြန်မာတို့မှာ အမြဲ အတည်တကျ နေထိုင်
ခြင်း မရှိသေးကြောင်း သိရပါသည်။
အလွန်ရှေးကျသော အတိတ်ကာလက ကျောက်စိမ်းနယ်မြေတွင် ကံဆီး
နယ်၊ ဟွေခါနယ်၊ လယ်ဆဲနယ်နှင့် ဆယ်ရွာနယ် ဟူ၍ ရှိခဲ့ရာမှ၊ နောင်တွင်
လယ်ဆဲနယ်နှင့် ကံဆီးနယ်တို့သာ မှတ်တမ်းတွင် ပေါ်လွင်လာပါသည်။
လယ်ဆဲကံ ဆိုသော လယ်ဆဲနယ်ရှင်စော်ဘွားမှ ဆင်းသက်လာကြ
သည့် လယ်ဆဲစောရာကံ၊ လယ်ဆဲအင်ဆွောင်နောင်၊ လယ်ဆဲလဂျာ၊ လယ်ဆဲတူ
တို့သည် လယ်ဆဲစော်ဘွား၏ အဆက်အနွယ်များ ဖြစ်လာကြသည်။
လယ်ဆီတူသည် ဦးရူးချောင်းဖျား ဖာလဲတောင်ခြေရင်း၌ (ကံဆီး
မြို့) ကို တည်ထောင်နေရာမှ ကံဆီးနယ်စား အစဉ်အဆက် ဖြစ်လာသည်။
လယ်ဆဲတူ၏သားကို ကံဆီးတဲဖာဂန့်ဟု ခေါ်ဆိုရာမှ သားစဉ်အဆက်ဆက်
ကို ကံဆီးစောရာ၊ ကံဆီးစောကင်၊ ကံဆီးဝရာတူ၊ ကံဆီးစောကိန်နှင့်
ကံဆီးစမော့နောင် ဟူ၍ အမည်တွင်ခဲ့ပါသည်။
နယ်ရှင်စော်ဘွား ကံဆီးစမော့နောင် လက်ထက်တွင် ငိုပင်းမှော်မှ
တူးဖော်ရရှိသော လူ ၁၆ ယောက် ထမ်းရသည့် ကျောက်စိမ်းတုံးကြီးကို
မင်းတုန်းဘုရင်ထံ ဆက်သခဲ့သဖြင့် ခရစ်နှစ် ၁၈၆၄ တွင် ဘုရင်မင်းမြတ်က
ကံဆီးစမော့နောင်အား ပဗ္ဗတရာဇာတောင်စားဘွဲ့ထူးအမည်နှင့် ကျောက်စိမ်း
နယ်ကို အပိုင်စားပေးခဲ့သည်။ အဆောင်အယောင်များလည်း အပ်နှင်းခဲ့သည်။
ကံဆီးစော်ဘွားကလည်း တစ်နှစ်လျှင် ငွေကြေးသုံးရာကျ ဘုရင်မင်းမြတ်ထံ
ကန်တော့ပန်း ဆက်သရသည်။
ဘုရင်မင်းမြတ်၏ ချီးမြှောက်ခံရသည်မှစ၍ ကံဆီးအမည်သည်
ပေါ်လွင်ထင်ရှားလာတော့သည်။ ကံဆီးသည် ယနေ့တိုင် ဤအမည်ဖြင့်ပင်
ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ဥရုချောင်းဖျားတွင် တည်ရှိသော
ကံဆီးသည် (လက်ရှိ) ကျောက်စိမ်းရုံးတည်ရှိရာ လုံးခင်း၏ မြောက်ဘက်
၉ မိုင်ခန့်အကွာတွင် ရှိနေပါသည်။
စော်ဘွားကြီး ကံဆီးစမော့နောင်၏ အရိပ်ကိုခို၍ ကျောက်စိမ်းတူးဖော်
၄၂ ဆငတ် ဝဲ မြတဖ် နုး
သည့်လုပ်ငန်းကို ဂျိန်းဖော၊ ရှမ်း၊ တရုတ်၊ မြန်မာ လူအများတို့ လုပ်ကိုင်လာ
ကြရာ ကံဆီးနယ်သည် စည်ပင်သာယာ ပြန့်ပြောခဲ့လေသည်။ ထိုကျောက်တူး
သူများကို ထိန်းသိမ်းစောင့်ရှောက်ရန် မှော်အုပ်၊ မှော်ထိန်းတို့ ထားရှိခဲ့ရ
သည်။ ကံဆီးစမော့နောင်ကို ကံဆီးနောင်ဂျာ၊ ကံဆီးလှတောင်တို့ ဆက်ခံခဲ့
ကြရာ စော်ဘွား ကံဆီးလှတောင် လက်ထက်၌ တောမှော်တွင် ထိန်းသိမ်း
စောင့်ရှောက်ရန် မှော်အုပ်ခန့်ထားရာ၊ ရှမ်းမြန်မာဘက်တွင် ဦးရွှေဖား၊
ဂျိန်းဖောဘက်တွင် ဦးဖာရှောင်၊ တရုတ်ဘက်တွင် ဦးလောတာတို့ ဖြစ်ကြ
ပါသည်။ ခရစ်နှစ် ၁၈၃၁ မှ ၁၈၄၀ အတွင်း၌ ကျောက်စိမ်းလုပ်ငန်း
လုပ်ကိုင်ခဲ့သူ တရုတ်လူမျိုး ၈၀ဝ ကျော်၊ ရှမ်းလူမျိုး ၆၀ဝ ကျော် ရှိသည်ဟု
ကံဆီးမှတ်တမ်း၌ ဖော်ပြထားရာ ရှေးကတည်းက ကျောက်စိမ်းနယ်မြေမှာ
တရုတ်တို့ ထဲထဲဝင်ဝင် ရှိနေခဲ့မှုကို ဂရုပြုဖို့ ဖြစ်ပါသည်။
ရှေးခေတ်က အရေးပါခဲ့သော မမုံ
ယနေ့အချိန်၌ ဖားပြင်ရွာနှင့် တစ်ဆက်တည်းလို ဖြစ်နေသော မမုံရွာ
(မမုံမှော်) ကို ကျောက်စိမ်းလောကသားများ မသိသူ မရှိကြ။ မမုံရွာသည်
ဖားကန့်မပေါ်ပေါက်မီကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းရွာကြီးတစ်ရွာ
ဖြစ်သည်။ (ခရစ်နှစ် ၁၉၃၆ တွင် ဖားကန့်မှော်ဟု စတွင်ခဲ့ပြီး ၁၉၃၈
ခုနှစ်တွင် ဖားကန့်ရွာ ဖြစ်လာသည်။)
ကံဆီးနယ် စည်ကားလာချိန်၌ ရှမ်းမိုင်းတောင်းမှ ရွှေ့ပြောင်းလာသူ
များက သရက်ဥယျာဉ်ကြီးမှာ ရွာတည်နေချိန်မှစ၍ (မမုံ) ရွာဟူ၍ ဖြစ်လာ
ခဲ့ခြင်းပင်။
ရှေးခေတ်က ကျောက်စိမ်းများကို သယ်ဆောင်ရာတွင် ရေလမ်းကို
အဓိကထားခဲ့ကြရာ၊ ဥရုချောင်းကမ်းမှာရှိသော မမုံသည် ဖောင်များ ဆိုက်ကပ်၊
ထွက်ခွာရာ ထင်ရှားကျော်ကြားခဲ့သော ဆိပ်ကမ်းရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။
မှော်အသီးသီးမှ တူးဖော်ရရှိသော ကျောက်စိမ်းများကို မမုံသို့ နည်းအမျိုးမျိုး
ဖြင့် သယ်ဆောင်လာကြရသည်။ ထိုခေတ်က ကျောက်စိမ်းတူးရာတွင်
သစ်ချွန်၊ ဝါးချွန်၊ ကျွဲရိုး၊ နွားရိုးများနှင့် တူးဖော်ကြပြီး၊ ကျောက်စိမ်းအမျိုး
အစားမှာလည်း ပန်းဖောက်၊ ပန်းကြား၊ ပန်းကြိုး၊ ကြိုးပတ်များကို မနှစ်သက်
ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း ၄၃
ကြဘဲ၊ ထယ်လုံးစိမ်းကျောက်မျိုးကိုသာ တော်ဝင်သည် ဟူ၍ အထူးနှစ်သက်
ကြကြောင်း သိရပါသည်။ ကျောက်များကို သယ်ယူရာတွင် လူဆွဲ၊ လူလွယ်၊
ဖောင်တင်ကြရသည်။ ရေပေါများသော ဝါဆို၊ ဝါခေါင်လများတွင် မမုံဆိပ်
မှာ ကျောက်စိမ်းများကို တင်ပြီး ဟောင်ပါးကိုဖြတ်၍ ချင်းတွင်းမြစ်ကြော
အတိုင်း စုန်ဆင်းလျက် မင်းနေပြည်တော်အရောက် ပို့ဆောင်ကြရသည်။
ထိုလမ်းကြောင်းသည် ရှေးခေတ်က ကျောက်စိမ်းများ သယ်ဆောင်ရာ ဗဟို
ရေလမ်းမကြီး ဖြစ်ခဲ့သည်။
ကံဆီးစော်ဘွားများ တန်ခိုးဩဇာ ကြီးထွားနေချိန် ကျောက်တူးကြသူ
များကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်ရန် မှော်အုပ်များ ထားရှိခဲ့ရာတွင်၊ မမုံမှော်၌
ပထမဦးဆုံး မှော်အုပ်မှာ ဦးအံ ဖြစ်သည်။ ထို့နောက် ဦးဆန်း၊ ဦးချင်းလော်၊
ဆရာချို၊ ဦးခါ၊ စာရေးအဲ့ကံ စသည်ဖြင့် အဆက်ဆက် ထားရှိခဲ့သည်။
ထိုမှော်အုပ် ငါးဆက်တိုင်တိုင် အခွန်တော်ငွေများကို အစိုးရမင်းများထံ
မဆက်သွင်းရဘဲ စော်ဘွားကြိး (ကံဆီးစော်ဘွား) ထံ ဆက်သွင်းရသည်။
ထိုအချိန်အထိ ကံဆီးစော်ဘွားများနှင့် မမုံမှော်အုပ်တို့ကြား ဆက်ဆံရေး
ပြေလည်ခဲ့သည်။ သို့ရာတွင် ဆဋ္ဌမမြောက် မှော်အုပ် ဦးညီဟိနြေ္ဒ လက်ထက်
မှစ၍ အဖုအထစ်များ ရှိလာခဲ့တော့သည်။
ကံဆီးနယ် ယုတ်လျော့ပျက်ပြားခြင်း အစ
မင်းတုန်းဘုရင်၏ ချီးမြှောက်ခံရသော ကံဆီးစော်ဘွား စမော့နောင်
လက်ထက်မှစ၍ ကံဆီးနယ်သည် ကျောက်စိမ်းလုပ်ငန်းများ ဖြစ်ထွန်းပြီး
နယ်မြေသာယာ စည်ပြောခဲ့လေသည်။ ကံဆီးစမော့နောင် လွန်သော် သားတော်
ကံဆီးနောင်ဂျာနှင့် ကံဆီးလှတောင်တို့ကိုပင် မင်းတုန်းမင်းနှင့် သီပေါမင်း
တို့က ဆက်လက် ချီးမြှောက်ခဲ့ပြန်သည်။
ခရစ်နှစ် ၁၈၈၅ ခုနှစ်၌ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်
လိုက်ပြီးနောက်တွင်လည်း၊ အင်္ဂလိပ်မင်းက စော်ဘွားကြီး ကံဆီးနောင်ဂျာနှင့်
စော်ဘွားကလေး ကံဆီးလှတောင်တို့ကိုပင် ကျောက်စိမ်းတွင်း ကံဆီးနယ်ကို
အပိုင်စားပေးခဲ့ပြန်သည်။ (အင်္ဂလိပ်အစိုးရလက်ထက်တွင် စော်ဘွားအစား
ဒူဝါဟု ခေါ်ဝေါ်ခဲ့သည်။) မြန်မာဘုရင်ထံ ကန်တော့ပန်း ဆင်မြန်းသကဲ့
၄၄ ဆငတ် ဝဲ မြတဖ် နုး
သို့ပင် တစ်နှစ်လျှင် တစ်ကြိမ်ကျ ရန်ကုန်မြို့ ဘုရင်ခံထံသို့ လက်ဆောင်ပဏ္ဏာ
ကန်တော့ကြေးငွေ သုံးရာနှင့် ကန်တော့ပန်းများ ဆက်သွင်းကြရသည်။
ခရစ်နှစ် ၁၈၉၂ ခုနှစ်တွင် ဒူဝါနောင်ဂျာ ကွယ်လွန်၍ ကံဆီးနယ်
ကို ညီတော် ကံဆီးလှတောင်က ဆက်ခံအုပ်ချုပ်ရသည်။ ၁၉၀၄ ခုနှစ်တွင်
ဒူဝါကံဆီးလှတောင် ကွယ်လွန်သောအခါ ゞင်း၏ သားတော် ကံဆီးဒူဝါ
လှဆိုင်က နယ်ကို အုပ်ချုပ်ရသည်။ ထိုမင်းပြောင်းမင်းလွဲကာလ၌ မှော်အုပ်၊
]ကံဆီးမှတ်တမ်း အတ္ထုပ္ပတ္တိ} စာအုပ်ကို ရေးသားခဲ့သော ဆရာတော် ဦးညေယျာဘိဝံသဓဇ
ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း ၄၅
မှော်ထိန်း၊ သူကြီးအပေါင်းတို့သည် ဒူဝါကြီး ကံဆီးလှတောင် ရှိသကဲ့သို့
မဟုတ်ဘဲ စိတ်တစ်မျိုးပြောင်းကုန်ကြ၏။
ယခင်က ဒူဝါကြီးများ ရပ်ရွာများသို့ သက်ဆင်းလာသောအခါ
မှော်အုပ်၊ မှော်ထိန်း၊ သူကြီးနှင့်တကွ နယ်သူ နယ်သားများပါ ခရီးဦးကြို
ပြုရခြင်း၊ တစ်အိမ်လျှင် ထမင်းပွဲ တစ်အုပ်ကျစီ ပို့ဆောင်ဆက်သရခြင်း၊
သီတင်းကျွတ်ပြီးလျှင် မှော်အုပ်၊ မှော်ထိန်း၊ သူကြီးအပေါင်း စသော နယ်သူ
နယ်သားတို့သည် ကံဆီးသို့တက်ရောက်၍ ကန်တော့ပန်းများ ဆက်ရခြင်း၊
အဆုံးအမ ဩဝါဒကိုလည်း နာခံရခြင်း၊ အခွန်တော်များ ဆက်သွင်းရခြင်း
စသည်ဖြင့် အရိုအသေပြုမြဲ ဖြစ်သည်။
ကံဆီးဒူဝါလှဆိုင်မှာ ကျန်းမာခြင်း မရှိသောကြောင့်လည်း နယ်သူ
နယ်သားများကို စောင့်ရှောက်ခြင်း မပြုနိုင်ဘဲရှိရာတွင်၊ ယခင်ကကဲ့သို့
နယ်ရှင် ဒူဝါအပေါ် ရိုသေမှုမရှိ ပေါ့လျော့ယွင်းပါး၍ ရိုင်းပျခြားနားခြင်း
ရှိလာကြသည်။
ရန်ကုန်ဘုရင်ခံ၏ အမိန့်အရ မြစ်ကြီးနားအရေးပိုင်က ဒူဝါလှဆိုင်
မကွယ်လွန်မီမှာပင် (ဒူဝါအဖြစ်မှ ရပ်ဆိုင်း၍) သားကြီးဖြစ်သူ ကံဆီးဒူဝါ
ဆင်ဝါနောင်ကို (ဖခင်၏ ရာထူးကို ဆက်ခံရန်) ဘိသိက်မြှောက်ပေးသည်။
ထိုအချိန်မှာ ကံဆီး ဒူဝါဆင်ဝါနောင်မှာ အသက် ၁၄ နှစ်သာ ရှိသေးသဖြင့်
အရေးပိုင်မင်းက ကံဆီးသူကြီး ဘိုးနိန်ဂျာအား ဒူဝါကိုယ်စား နယ်ကို အုပ်ချုပ်
စောင့်ရှောက်ရန် လွှဲအပ်ပေးခဲ့သည်။ ဒူဝါဆင်ဝါနောင်ကိုလည်း ပညာတော်
သင်ရန် မန္တလေးသို့ ပို့ခဲ့သည်။
ဒီအချိန်မှာ ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။ ဦးညီဟိနြေ္ဒ မမုံမှော်အုပ်
ဖြစ်နေချိန်နှင့် ကံဆီးနယ်ကို (ဒူဝါကိုယ်စား) သူကြီးဘိုးနိန်ဂျာက တာဝန်ယူ
စောင့်ရှောက်ရသောအခါ၊ မှော်အုပ် ဦးညီဟိနြေ္ဒသည် လေးစားခြင်းမပြုဘဲ
အခွန်တော်ငွေများကို ခေတ္တဒူဝါဖြစ်သူ ဘိုးနိန်ဂျာထံ မဆက်သွင်းဘဲ (အစဉ်
အလာကို ချိုးဖောက်၍) ကာမိုင်းမြို့တောင်တန်း ဝန်ထောက်ရုံးသို့ တင်သွင်း
ရာမှစ၍ တစ်ယောက်အတု တစ်ယောက်လိုက်ပြီးလျှင် အခြား မှော်အုပ်၊
သူကြီးအပေါင်းတို့သည်လည်း ကာမိုင်းမြို့ဝန်ထောက်ရုံးသို့သာ တင်သွင်း
ခြင်းပြုကြလေသည်။
၄၆ ဆငတ် ဝဲ မြတဖ် နုး
ကျောက်စိမ်းနယ်ကို အပေါင်ထားလိုက်ရပြီ
မမုံမှော်အုပ် ဦးညီဟိနြေ္ဒသည် ကံဆီးဒူဝါတို့အပေါ်၌ မေတ္တာပျက်
လျက် ရန်ငြိုးထားပြီး ဒူဝါအဆက်ဆက် နောက်ပွားများကို မခံစားစေနိုင်ရန်
ရည်ရွယ်ချက်ဖြင့်၊ အခွန်တော်ငွေများကို နယ်ရှင်ဒူဝါထံ မဆက်သွင်းဘဲ
အင်္ဂလိပ်အစိုးရထံ အခွန်တော်များကို ပြောင်းလဲဆက်သွင်းခြင်း ဖြစ်သည်။
အခြား မှော်အုပ်များကလည်း ကံဆီးသို့ မသွားတော့ဘဲ ကာမိုင်း အစိုးရရုံး
သို့သာ သွားရောက်ငွေသွင်းခဲ့ကြသည်။ မမုံမှော်အုပ် ဦးညီဟိနြေ္ဒ အနားယူ
သွားသောအခါ သမက်ဖြစ်သူ ဦးဘိုးမြစ် မမုံမှော်အုပ် ဖြစ်လာသည်။
ဦးဘိုးမြစ်ကလည်း သူ့ယောက္ခမနည်းတူ အခွန်တော်ငွေများကို ကံဆီးသို့
မဆက်သွင်း။ သို့ဖြင့် ကံဆီးဟော်နန်းမှာ ဝင်ငွေမရှိ အခက်ကြုံလာရတော့
သည်။
ထိုအချိန်မှာ မန္တလေး၌ ပညာသင်ယူနေသော (ဒူဝါ) ဆင်ဝါနောင်
က လိုအပ်နေသော ငွေများကို ကျံသဟင်း တရုတ်လောပန်းထံမှ ယူသုံး
ရသည်။ ထိုအသုံးငွေအတွက် ကံဆီးမှာလည်း ငွေမရှိသဖြင့် ခရစ်နှစ်
၁၉၁၈ ခုနှစ်တွင် ကျောက်စိမ်းတွင်း ကံဆီးနယ်ကြီးတစ်ခုလုံးကို တရုတ်
လောပန်းထံ ၅ နှစ် စာချုပ်ဖြင့် လွှဲပြောင်းပေးလိုက်ရလေတော့သည်။
သို့ဖြင့် ကံဆီးဒူဝါများနှင့် မမုံမှော်အုပ်တို့ မသင့်မမြတ်ဖြစ်ရာမှ
ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်သဖြင့် ကံဆီးနယ် ကျောက်စိမ်းဒေသ
ကြီးတစ်ခုလုံးကို တရုတ်လက် ဝကွက်အပ်ခဲ့ရပေသည်။ တစ်နည်းအားဖြင့်
တရုတ်ထံမှာ အပေါင်ထားခဲ့ရခြင်းပင် ဖြစ်တော့သည်။
ယနေ့အချိန်၌ ဖားကန့်ကျောက်စိမ်းနယ်မြေမှာ တရုတ်လူမျိုးတို့
ခြေချင်းလိမ်နေသည်။ ရှောင်မလွတ်နိုင်။ နိုင်ငံသား တရုတ်ရော၊ နိုင်ငံသား
ယောင် ဆောင်ထားသော တရုတ်ရော... အုတ်အရောရော၊ ကျောက်
အရောရော။ လုပ်ငန်းပမာဏကြီးမားသော ကျောက်စိမ်းကုမ္ပဏီကြီးများကို
ငွေထုပ်ပိုက်ထားကြသော နိုင်ငံခြားသား တရုတ် ဆင်လောပန်းကြီးများက
နောက်ကွယ်မှ ကြိုးကိုင်ထားကြသည်ဟု မှော်ကြာ ဖားကန့်သားတို့က
ယုံကြည်လက်ခံထားလျက် ရှိကြပါသည်။
အထက်ဖော်ပြပါ ကံဆီးနှင့် မမုံတို့ အချင်းချင်း ရန်ဖက်ပြုကြသည့်
ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း ၄၇
ပွဲတွင် အချောင် အမြတ်ထွက်သွားသူမှာ ကျံသဟင်း တရုတ်လောပန်းသာ
ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း မညီညွတ်ကြလျှင် (နွားကွဲလျှင် ကျား
ဆွဲခံရမည်မှာ) အထူးပြောစရာ မလိုတော့ပါ။ ကျားက ဆွဲရန် အသင့်စောင့်
နေသည်ဖြစ်၍ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းမကွဲကြဖို့
သမိုင်းသင်ခန်းစာ ယူကြရမှာ ဖြစ်ပါကြောင်း။
ကိုးကား
၁။ ဖားကန့်ဆရာတော် ညေယျာဘိဝံသ၏ ပဗ္ဗတရာဇာဘွဲ့ခံ ကံဆီးမှတ်တမ်း။
၂။ ဖားကန့်မြို့နယ်မဂ္ဂဇင်း၊ အမှတ် (၄)



No comments:

Post a Comment