အချစ်တောမှအပြန်. . . [ဝတ္ထုရှည်] unicode
ဆင်တဲဝမြတ်မင်း
ဖေဖေါ်ဝါရီလ၊ မဟေသီမဂ္ဂဇင်း
ညသည် ဝင်းလက်နေသော လရောင်အောက်၌ ဆိတ်ငြိမ်နေလေသည်။ မည်းညစ်နေသော တောင်တန်းကြီး များသည်လှနေသည်။ နွေလေက “တောင်ကြားမြို့”လေးထဲသို့ တဖြူးဖြူးတိုတ်ခတ်ဝင်လာနေ၏။ ကျောက်ပြုတ် လမ်းမကြီးကား ခုအခါ၌လရောင်ကြောင့် အသွင်တစ်မျိုးဖြစ်နေသည်။ လမ်းဘေးအလုပ်သမားတန်းလျားတွေလည်း တိတ်ဆိတ်ငြိမ်ခြင်းအောက်၌အိပ်မောကျနေတော့သည်။
“ဘာဖြစ်လို့များ ငါဟာဒီချိန်ထိ မအိပ်နိုင်သေးတာလဲ”
ကျွန်တော်သည် အခန်းပြတင်းကိုဖွင့်ကာ လရောင်အရသာခံစားရင်းအေတွးကိုဖြန့်လွှင့်နေမိသည်။ ၁၂ နာရီ သံချောင်းခေါက်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြန်သည်။
“မဖြစ်ဘူး၊ သွားကိုသွားရမယ်။ ဆရာမလေးဆီသွားတွေ့မယ်”
ကျွန်တော့်နှလုံးရင်ပြင်၌ ကြီးမားသောလှိုင်းလုံးများဘောင်ဘင်ရိုက်ခတ်နေသည်။ တစ်ခါတစ်ရံ ညအလှထဲနစ်မြုပ်ရင်း စိတ်သည်လွမ်းမောရီဝေနေမိပြန်သည်။
ဝါရွှေနု လရောင်အမျှင်တန်းကလေးများသည် ကျွန်တော့်အခန်းထဲသို့ ကျူးကျော်ဝင်ရောက်လာနေသည်။ ကျွန်တော့်မျက်နှာပြင်ပေါ်၊ ကျွန်တော့်ခုတင်ပေါ် . . . ကျွန်တော့်စာကြည့်စားပွဲပေါ်၌ လရောင်သည် နားခိုနေသည်။
ကျွန်တော်လည်း အိမ်နောက်ဖေးခြံထဲသို့ မျက်လုံးဝေ့ကြည့်လိုက်မိသောအခါ တညင်းညင်းတိုက်ခတ်နေ သော လေကြောင့် လှုပ်ရှားယိမ်းထိုးနေသော ငှက်ပျောရွက်များကို မြင်နေရသည်။ အစိမ်းရောင်ငှက်ပျောရွက် လေးများမှတစ်ဆင့် လုံချည်စိမ်းနှင့်အင်္ကျီအဖြူထည်လေးကိုဝတ်ကာ စာသင်ကျောင်းဆီသို့ ဣန္ဒြေခြေလှမ်းကလေး များဖြင့် လျှောက်လှမ်းသွားနေသော ဆရာမလေးရုပ်လွှာကို မြင်ယောင်နေမိပြန်သည်။
“သူမပြောင်းလဲနေပြီ၊ အဟုတ်ကိုပြောင်းလဲနေပြီ၊ အစစအရာရာပြောင်းလဲနေပြီ၊ ကောင်းပါတယ်လေ။ ဒီလို ပဲဖြစ်ရမှာပေါ့၊ ဒီလိုပဲဖြစ်ရမှာပေါ့” ကျွန်တော့်ရင်ထဲ၌ အကြိမ်ကြိမ်ပြောနေမိသောစကား။
ကုန်လွန်ခဲ့သော တနင်္ဂနွေတစ်နေ့ကပင် ကျွန်တော်သည် ဆရာမလေးကို စိတ်ထဲမှကျိတ်ကာချီးကျူးနေမိ တော့သည်။ ထိုနေ့က ကျွန်တော်တို့ တက္ကသိုလ်စာပေးစာယူသင်တန်းသူ/သားများက နှစ်ပတ်လည်အစည်းအဝေးနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို နှစ်ထပ်ဧည့်ရိပ်သာ၌ကျင်းပပြုလုပ်ကြသည်။ ထိုပွဲ၌ မိုင်းအလုပ်တစ်ဖက်ဖြင့် ဘွဲ့ယူဖို့ကြိုးစားနေသောအလုပ်သမား ကျောင်းသားလူငယ်တွေတက်ရောက်ကြသည်။ မောင်မယ်သစ်လွင်တွေ လည်းပါသည်။ ထိုအထဲမှာ နှစ်သစ်ဖြစ်သောဆရာမလေးလည်းတက်ရောက်လာသည်။
“မှောင်နေပြီ လိုက်ပို့ဖို့လိုသေးလားဟင်”
ကျွန်တော်သည် ဆရာမလေးကိုငေးကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ ဆရာမလေးနှင့်အတူရပ်နေသော မနှင်းခိုင်က အလိုက်သိစွာ မျက်နှာကို အဝေးသို့ရှောင်ငေးကြည့်နေသည်။
“လိုက်ပို့ရင်တော့ သိပ်ကောင်းမှာပဲ။ ကျေးဇူးတင်မယ်လေ၊ ဟင်း . . .ဟင်း . . .ဟင်း”
ဆရာမလေးလည်းရယ်မောကာ ကျွန်တော့်ကို စူးစူးနစ်နစ်ကြည့်နေသည်။ ကျွန်တော်ကား သူမအကြည့်ဒဏ် ကို ကြာကြာမခံနိုင်ဖြစ်ကာ မျက်လွှာအောက်ချလျက် “ကဲ. . .သွားကြစို့” ဟုပြောပြီး ကျွန်တော့တို့ သုံးယောက် အစည်းအဝေးမှကျောခိုင်းထွက်လာခဲ့တော့သည်။
X X X X X
“တောင်ကြားမြို့”၏လမ်းမပေါ်၌ ညနေ မှုန်ရီရီအမှောင်စများဖြန့်ကြက်နေသည်။ ကျွန်တော်၊ မနှင်းခိုင်၊ ဆရာမလေးတို့လည်း စကားဖောင်ဖွဲ့ရင်း ကျောက်ပြုတ်လမ်းပေါ်ဖြည်းလေးစွာလျှောက်လှမ်းနေမိကြသည်။ ကျွန်တော်ကား ဆရာမလေးကိုကြည့်နေမိရင်း “သူမအဟုတ်ကို ဆရာမလေးဖြစ်နေပြီ”ဟု တိုးတိုးလေးရေရွတ်နေမိ ပြန်သည်။ ကျွန်တော့်စကားသံထဲ၌ ဝမ်းသာပျော်ရွှင်စိတ်များလှိုက်နေသည်။
ဖုန်ထနေသောလမ်းချိုးတစ်နေရာသို့ ရောက်လာသောအခါ ဆရာမလေးက စကားအနည်းငယ်ကို ပြောနေ သည်။ သူမအသံကား အပေါ်ယံမှထွက်လာခြင်းမဟုတ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲထွက်လာခြင်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်နေမိသည်။
“ကျွန်မကိုလေ ကလေးတွေက ခြင်းကူဆွဲပေးတာ၊ မုန့်ဝယ်ကျွေးတာ၊ ပန်းကုံးလှလှလေးတွေပေးတာကို သိပ်ကြည်နူးမိတာပဲ။ သူတို့လေးတွေဝယ်ပေးတဲ့မုန့်ကိုလည်းမစားရက်နိုင်ပါဘူး။ စာသင်လို့ဘယ်လောက်မောမော အပြစ်ကင်းစင်တဲ့ သူတို့လေးတွေရဲ့ဖြူစင်တဲ့ မျက်နှာလေးတွေကို မြင်လိုက်ရရင် အမောကိုပြေသွားတာပဲ။ တကယ်”
ဆရာမလေးပြောလိုက်သော စကားသံလေးများမှာ အိပ်မောကျနေသော ကျွန်တော့်နှလုံးသားကို ဖျက်ကနဲ လှုပ်နှိုးလိုက်သလိုပင်၊ ရုတ်ချည်းနိုးထသွားသည်။ ဘယ်လိုမှမျှော်လင့်မထားသော စကားတွေကြားရသောအခါတွင် လည်းရင်၌ “အေးကနဲ” ခံစားလိုက်ရသည်။ ထို ခံစားရမှုမှာ နက်ရှိုင်းသောချောက်ကမ်းပါးထိပ်ကနေခုန်ချလိုက်သော လူတစ်ယောက်အသည်းအေးခနဲဖြစ်သွားသည့်ပုံစံမျိုးလိုပင်။ တဒင်္ဂ၌ ကျွန်တော်သည် ဆရာမလေးစကားကို ယုံကြည် လက်ခံဖို့ခဲယဉ်းနေမိသည်။ သို့သော်လည်း ကျွန်တော့်ရှေ့မှာပင် ဖွင့်ပြောနေပြန်သောအခါ မယုံကြည်၍မရတော့။ ယခုအခါ သူမသည် ကလေးတွေကိုချစ်တတ်နေပြီ။ သံယောဇဉ်ထားတတ်နေပြီ။ အားလုံးကို လေးလေးနက်နက် တွေးတောစဉ်းစားတတ်နေပြီ။
“ဒါကြောင့် တို့က ခဏခဏပြောတာ၊ မိန်းကလေးတွေဆိုရင် ဆရာမလေးတွေဖြစ်စေချင်တာပဲ။ တွေ့ရင် တိုက်တွန်းနေတာပဲ”
ကျွန်တော်သည် ဆရာမလေးနှင့်မတွေ့ခင်ကပင် မိန်းကလေးပေါင်းများစွာကို ဆရာမလုပ်ဖို့ အခါခါ တိုက်တွန်းခဲ့ဖူးသည်ပင်။
“အခု ဆရာမလေးဖြစ်နေပြီလေ။ ကျေနပ်ပြီမို့လား ဟင်”
ကျွန်တော့်ကို မျက်လုံးလေးဝေ့ကြည့်ရင်း ဆရာမလေး၏နုညက်သောမေးခွန်းကို ရုတ်တရက် ကျွန်တော်မြေဖနိုင်ခဲ့။ သူမကိုသာ အကြာကြီးကြည့်ငေးနေမိသည်။ ယခုအခါ၌ ဆရာမလေးမျက်နှာပြင် မှာ ဒေါသရောင်၊ မာနရောင်၊ ဝံ့ကြွားမော်ဟန်သည့်အရောင်များ တစ်စက်ကလေးမှ မတွေ့ရတော့ဘဲ “ချမ်းမြေ့ကြည်အေး”နေသည့် ရုပ်လွှာသာလျှင်မြင်နေရသည်။ တစ်ခါတလေဆိုလျှင် တည်ငြိမ်အေး ဆေးနေသည့်ရုပ်လွှာကပင် တပည့်ငယ်တွေကို ကြည့်ပြီးဆုံးမနေသည့်ပုံစံအတိုင်းပင်။ ဟိုးယခင်က ပုံပန်းသဏ္ဍာန်တွေ၊ စရိုက်တွေနှင့်ကွာခြားချင်တိုင်း ကွာခြားလာ သည့်ဆရာမလေးကို ကြည့်နေမိရင်း ရင်မှာပီတိတွေ ဖြာခဲ့ရပြန်သည်။
ကုန်ဆုံးခဲ့သော ၃ နှစ်လောက်က တောင်ကြားမြို့ တွဲဖက်အထက်တန်းကျောင်းလေးတွင် ကျွန်တော်နှင့် ဆရာမလေးတို့ ဝေဝေဝါးဝါးလောက်သာသိခဲ့ရသည်။ ကျွန်တော် ၁၀ တန်းနှစ်တွင် ဆရာမလေးက ၉ တန်း ကျောင်းသူ။ ထိုစဉ်က သူမသည် ကျောင်း၌ပေါ်ပြူလာဖြစ်ခဲ့၏။ သူမမိဘက ချောင်လည်တော့ ရွှေလိုချင်ရွှေဖြစ်ခဲ့သူ။ ခေတ်အမီဆုံးအဝတ်အစား၊ အသွင်အပြင်နှင့်ဝံ့ကြွား မောက်မော်နေ၏။ ကျောင်းနေသည်ကို ပျော်ရွှင်ဖို့ကောင်းသော စားကျက်တစ်နေရာအဖြစ် သဘောထားလေသလားမသိ။ သူမစရိုက်၊ သူမအသွင်အပြင်လက္ခဏာများမှာ နှစ်မြို့ မက်မောချင်စရာ တစ်ကွက်မှမရှိခဲ့ပေ။
ထိုအချိန်က ကျွန်တော်ကား ၁၀ တန်းအောင်မှ ဘဝတစ်ဆစ်ချိုးပြောင်းမည်ဟု တစ်ထစ်ချ ယုံကြည်ခဲ့ သူဖြစ်၏။ ြမေအောက်မိုင်းထဲ ပင်ပန်းတကြီးလုပ်ရင်း ကျွန်တော့်ကိုကျောင်းထား ပေးခဲ့သော မိုင်းသမားကြီးအဖေ့ကို ငဲ့စောင်းကြည့်ရသေးသည်မဟုတ်ပါလား။ ကြိုးစားခဲ့သည့်အတိုင်းပင် ကျွန်တော်လည်း ၁၀ တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ထို့နောက် ရုံးစာရေးလေးဘဝနှင့်ပင် စာပေးစာယူသင်တန်းဆက်တက်ကာ ဘဝကို စတင် ရန်းကန်ခဲ့ရလေသည်။ ကျွန်တော် ၁၀ တန်းအောင် သွားပြီး နောက်တွင်မှ သူမ ၁၀ တန်းတက်လာသည်။ သည့်နောက် သူမအကြောင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ကျွန်တော် ဒုတိယနှစ် စာပေးစာယူသင်တန်းတက်နေစဉ်၌ သူမအိမ်သို့ သူငယ်ချင်းမနှင်းခိုင်နှင့် အတူ မထင်မှတ်ဘဲရောက်သွားဖြစ်သည်။ ထိုအချိန်တွင် သူမ ၁၀ တန်းအောင်ပြီးနေပြီ။ သူမလည်း စာပေးစာယူသင်တန်း တက်ရန် တာစူနေသူဖြစ်သောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ကို ဆွေးနွေးမေးမြန်းခဲ့ရာမှ ရင်းနှီးခင်မင်မှု ရလာခဲ့ခြင်းဖြစ်သည်။ သည့်နောက်မှာတော့ တနင်္ဂနွေညနေလေးတွေမှာ စာပေးစာယူသင်ခန်းစာလေးများ ဆွေးနွေးရန် မနှင်းခိုင်နှင့်အတူ ဆရာမလေး အိမ်သို့ မကြာမကြာရောက်သွားတတ်သည်။ ထိုစဉ်ကလည်း သူမကို ဆရာမလုပ်ဖို့ပြောသေးသည်။
“မိန်းကလေးတွေ ဆရာမဖြစ်ရင် ဣန္ဒြေလေးတွေ၊ သိက္ခာလေးတွေနဲ့ ကြည့်လိုက်ရင် သိပ်ကျက် သရေရှိတာ”
“ ကျွန်မလည်း ကျောင်းဆရာမလုပ်ဖို့ စိတ်ဝင်စားပါတယ်။ စမ်းကြည့်ဦးမယ်လေ”
သူမသည် မရေရာသော ခပ်ပေါ့ပေါ့အဖြေစကားပြောနေသဖြင့် ဆရာမလုပ်လိမ့်မည်ဟု မထင်မိခဲ့ပေ။ ယခုတော့ ကျွန်တော်ဖြစ်စေချင်လွန်းသော ဆရာမလေးဖြစ်နေပြီလေ။
“ကျွန်မလေ အပြစ်ကင်းစင်တဲ့သူတို့လေးတွေ မျက်နှာကိုမြင်လိုက်ရရင် အမောကိုပြေသွားတာပဲ ၊ အခု ဆရာမလေးဖြစ်နေပြီလေ။ ကျေနပ်ပြီမို့လား ဟင်”
ဆရာမလေး၏ နှလုံးသည်းပွတ်ထဲက ပွင့်ထွက်လာသော ထိုစကားသံလေးများကား သံမဏိလို မာကျောနေ သော ကျွန်တော့်နှလုံးသားကို တစ်စစီ၊ တစ်စစီ ခြေမွပစ်နေသလို ခံစားနေရတော့သည်။
ထိုညက ဆရာမလေးကို လိုက်ပို့ပြီးပြန်လာသောညက ကျွန်တော်သည် တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပါ။ နှလုံးဝိညဉ်သည် ဆရာမလေးထံ ပျံဝဲနေတော့သည်။
X X X X X
အတွေးရေအလျဉ်သည် ဆရာမလေးအပါးမှတစ်စတစ်စခွာလာသည်။ ကျွန်တော့်မျက်စိ အမြင်၌ လွမ်းမော ဖွယ်တောင်တန်းကြီးကို မှိုင်းပျပျမြင်နေရသည်။ လရောင်အောက်၌ တောင်တန်းကြီးမှာ နှစ်ခြိုက်စွာအိပ်မောကျ နေတော့သည့်။ ကျွန်တော်သည် ပြတင်းတံခါးကိုပိတ်လိုက် ပြီးနောက် ဆရာမလေးထံပေးလိုက်သော စာမိတ္တူကို နောက်တစ်ကြိမ်ဖွင့်ဖောက်ဖတ်မိပြန်သည်။ ဤ အကြိမ်ရောဆိုလျှင် ဆယ်ခါထက်မနည်းပြီ။
“အချစ်ဆိုတာ ရင်ထဲမှာ အများကြီးရှိနေတာပဲ။ နှလုံးသားကိုလှုပ်ရှားလာအောင် ၊ ရင်ခုန်လာအောင်ပြုမူ နိုင်သူရှိရင် တစ်ဦးနဲ့တစ်ဦး နှလုံးဝိညာဉ်ချင်း စကားပြောပြီး အချစ်ဆိုတာ ပေါက်ဖွားလာမှာပဲ”
“အခုတော့ ကိုယ်လေ၊ ဆရာမလေးကို တိုင်းတာလို့မရနိုင်တဲ့ အချစ်များစွာနဲ့ချစ်နေပြီလေ”
ကျွန်တော်က ဆရာမလေးကို ပေးလိုက်သောစာထဲမှာ ဤစာ ၂ ကြောင်းကို အလွန်နီးပါး ရနေတော့့သည်။ ဤစာကို ဒီကနေ့ညနေ ၆ နာရီ၌ မနှင်းခိုင်မှတစ်ဆင့် ပေးခိုင်းထားပြီးဖြစ်ရာ၊ ဤစာကို ဆရာမလေးလက်ခံရရှိမည့် အချိန်၊ စာဖတ်မည့်ည ၁၂ နာရီအချိန် (ည ၁၂ နာရီမှဖွင့်ဖတ်ရန် ရေးထား၍)များ၌ ကျွန်တော့်ရင်ဝယ် လှိုင်းထ နေခဲ့သည်။
ထို့ကြောင့်လည်း ဒီည ၁၂ နာရီအချိန်က ကျွန်တော့်ဝိညာဉ်ကား နေရာအနှံ့လွင့်မျောနေခဲ့ခြင်း ဖြစ်သည်။ စာထဲ၌ ဣန္ဒြေတွေ၊ သိက္ခာတွေနှင့် တစ်မျိုးဆန်းသစ်လာသည့် ဆရာမလေးရုပ်လွှာမှာ ယခင်က ပုံပန်းသဏ္ဌာတွေနှင့် လုံးဝကွာခြားလာကြောင်း၊ ယခုအခါ လေးစားစရာ၊ ချစ်စရာကောင်းတဲ့ ဆရာမလေးဖြစ်နေကြောင်း စာလုံးလှလှဖြင့် ရေးထားသည်ကို ပြန်တွေးမိကာ ကျွန်တော့်မှာ ပြုံးနေရပြန်သည်။
“ခုချိန်ဆိုရင် ဆရာမလေးဟာ ငါရဲ့စာကို ဖတ်ပြီးလောက်ရောပေါ့။ စာဖတ်ပြီးရင် သူမရင်ခုန်နေမလား။ မျက်နှာကိုတင်းထားလေမလား။ စာကိုအစိတ်စိတ်အမြွာမြွာဆုတ်ဖြဲပစ်လေမလား။ ဒီစာဟာ ငါရဲ့နှလုံးသားနဲ့ ရေးထားတဲ့စာဖြစ်နေတော့ ဒီစာကို ဆုတ်ဖြဲပစ်တယ်ဆိုရင် ငါ့အသည်းတွေကို တစ်စစီ တစ်စစီ ဆုတ်ဖြဲပစ်သလို စိတ်ဖွာပစ်သလိုခံစားရမှာပဲ”
ကျွန်တော်၏ခန္ဓာကိုယ်တစ်ခုလုံး ပူပန်စိတ်များဖြင့် ဖုံးလွှမ်းနေတော့သည်။
ညသည် လှပနေဆဲပင်။ ၁၂ နာရီ ထိုးပြီး၍လည်း ကျွန်တော့်ရင့်မှာ ပို၍ခုန်နေ၏။ အိပ်ချင်စိတ်များသည် ဘယ်ဆီလွင့်မျောသည်မသိလေတော့။
“မဖြစ်ဘူး။ သွားကိုသွားရမယ်။ ဆရာမလေးဆီ သွားတွေ့မယ်”
နောက်ဆုံးတွင် ရင်ထဲ၌ဆုံးဖြတ်ချက်ခိုင်ခိုင်ချလိုက်ပြီးနောက် အနေဝေးလွန်းလှသော ဆရာမလေးအိမ်ဆီသို့ သွားရန် အိမ်ထဲမှာ တိတ်တဆိတ်ထွက်လာခဲ့သည်။
အပြင်ဘက်၌ ဖိုးလမင်းသည် ကျွန်တော့် နောက်မှနေ၍ တရိပ်ရိပ်လိုက်လာကော ကျွန်တော့်ကို ပြုံးပြနေ သည်ထင်သည်။
X X X X X
ကျောက်ပြုတ်လမ်းမပေါ် ကျွန်တော်ခြေချလိုက်မိသောအခါ ညဉ့်လေပြည်သည် တောင်ကြားမှဖြတ်တိုက် လာကာ ကျွန်တော့်မျက်နှာပြင်နှင့် ပွတ်သပ်ထိတွေ့ပြီးနောက် လမ်းမကြီးအတိုင်း တိုက်ခတ်သွားလေတော့သည်။
ဝါရွှေသောလရောင်အောက်၌ လမ်းမပေါ်မှ ကျောက်စရစ်ခဲလေးများမှာ ပန်းပွင့်လေးတွေပြန့်ကျဲနေသကဲ့သို့ ကျွန်တော်ခံစားနေရသည်။ ကုန်လွန်ခဲ့သော တစ်ညနေက . . . ဆရာမလေးကို အိမ်လိုက်ပို့သော တစ်ညနေက . . . ဤလမ်းမကြီးမှာ ရယ်မောသံတွေလှွမ်းနေသော်လည်း ၊ ယခုကျွန်တော်တစ်ယောက်တည်း လျှောက်နေချိန်မှာ ငြိမ်သက်တိတ်ဆိတ်လွန်းလှသည်တကား၊ အထီးကျန်ဆန်လွန်းလှသည်တကား။
“ခုလို လပြည့်ညမှာ အေးချမ်းသာယာတဲ့ညမှာ ဆရာလေးနဲ့အတူ ဟောဒီလမ်းမကြီးပေါ်မှာလျှောက်ရရင် သိပ်ကြည်နူးစရာကောင်းမှာပဲ”
ကျွန်တော့် ရင်ထဲ၌ အတွေးစိတ်ကြောင့် လှပ်ကနဲ ခံစားနေရသည်။
“ငါ့ကို သူမ ချစ်မှချစ်ပါ့မလား။ သူမက အချစ်တွေအများကြီးထားခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ဆိုတော့ ငါ့ကို ကြိုးရှည်ရှည်နဲ့ လှန်များထားလေမလား”
ဤသို့ တွေးမိသောအခါ၌ ကျွန်တော့်ရင်သည် မောပန်းနေပြန်သည်။
တကယ်တမ်း၌ ကျွန်တော်ကား အချစ်အရသာကို တစ်ခါမျှ ခံစားဖူးသူမဟုတ်။ ဆရာမလေးကား ဤလောက၌ နောကျေခဲ့သူဖြစ်သည်။ ကျွန်တော်သည် သူမနှင့်ပတ်သက်ရတော့မည်ဟိုဆိုလျှင် မသိချင်ဘဲသိရ တော့မည့် သူမအတိတ်ဇာတ်လမ်းများကို ြခေရာကောက်ခဲ့ရသည်။ သူမသည် စိတ်လှုပ်ရှားစဉ်အရွယ်၊ စိတ်ကစား တတ်သည့်ဆယ်ကျော်သက်အရွယ်၌ ယောကျ်ားလေး ၄ ယောက်နှင့်လက်တွဲဖြုတ်ခဲ့ဖူးသူဖြစ်၏။ ထိုယောကျ်ားလေး များနှင့် ချစ်ကြိုက်နေစဉ်၌ သူမနာမည်သည် အဖတ်ဆယ်မရတော့အောင် ဆိုးဝါးနေခဲ့သည်။ မိန်းကလေး ဣန္ဒြေ ရွှေပေး၍မရဆိုသည့် စကားမှာ တစ်ချိန်က သူမနှင့်စိမ်းနေခဲ့ဟန်တူသည်။
ဤအဖြစ်အပျက်မျိုးတွေ နောကျေခဲ့သော မိန်းကလေးတစ်ယောက်ကို အချစ်အကြောင်း နှမ်းတစ်စေ့စာ လောက်မျှ နားမလည်သော ကျွန်တော့်လိုယောကျ်ားလေးတစ်ယောက်က ချစ်ရေးဆိုသောအခါ သူမရယ်မောနေ မလား . . .ဟက်ဟက်ပက်ပက်ရယ်မောနေမလား။
မည်သို့ဆိုစေ၊ ယခုအခါ၌ သူမသည် ကလေးတွေရဲ့ဆရာမ၊ တည်ငြိမ်အေးဆေးနေသည့် ဆရာမလေးဖြစ်နေ သည်မဟုတ်လား။
“ငါချစ်တာက ကလေးတွေကို စာသင်နေတဲ့ ဆရာမဆိုတဲ့ သူမကိုချစ်တာပါ”
ဤအတွေးကား မွန်းကျပ်နေသော ရင်ကို လန်းဆတ်သွားစေခဲ့သည်။
ကျောက်ပြုတ်လမ်းမဘေးရှိ နမ့်ပန်ယွန်းချောင်းရေအလျဉ်မှာ ညင်ညင်သာသာစီးဆင်းလျှက်ရှိသည်။ ကျွန်တော်သွားရာလမ်းတစ်လျှောက်လုံး၌ အချစ်ကိုဖော်ကျူးထားသည့် သံစဉ်တေးသွားကို နောက်ခံတေးဂီတသံသာ အဖြစ် တီးခတ်ပေးနေသကဲ့သို့ ထင်နေမိပြန်သည်။
ချောင်းရေကြည်ကြည်ထဲ၌ကား ဝိုင်းစက်နေသော လမင်းနှင့်ပြိုးပြိုးပြက်ပြက်တောက်ပနေသော ကြယ်ပွင့် ကလေးများကိုမြင်နေရသည်။ ဤကြယ်ရောင်လေးများကို ဆရာမလေး၏ရွှန်းလဲ့သောမျက်လုံးအရောင်လေးများ ဟုထင်နေမိပြန်သည်။ ထိုခဏ၌ ကျွန်တော်လုံးဝမတွေးတောခဲ့မိသော အရာတစ်ခု ဖျတ်ခနဲပေါ်လာသဖြင့် ကျွန်တော်၏လှမ်းလက်စခြေလှမ်းလေးများမှာ ရုတ်တရက်ရပ်ဆိုင်းသွားတော့သည်။ မျှော်လင့်ချက်ကြီးစွာဖြင့် လျှောက်လာခဲ့မိသော ကျွန်တော်ကား ယခု တဒင်္ဂအချိန်တိုအတွင်းမှာပင် ခေါင်းထဲ၌ နောက်ကျူရီဝေ မှိုင်းမှုန်နေရ လေပြီ။
“တကယ်တော့ ငါဟာ စိတ်ကနှိုးဆွလွန်းလို့၊ ဆရာမလေးမျက်နှာကို ကြည့်ချင်လွန်းလို့၊ စကားတွေ တဝကြီး ပြောချင်လွန်းလို့ ခရီးဝေးလွန်းလှတဲ့ နေရာကိုလာခဲ့မိတယ်။ အို ငါတကယ်ကို ဆရာမလေးဆီလာခဲ့မိပြီ။ ခက်တာက ငါလာမယ်ဆိုတာ ဆရာမလေး သိထားတာမဟုတ်ဘူး။ ငါ သူမအိမ်ကိုလာတော့ကော သူမသိမှာတဲ့လား။ သူမနှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေမှာပေါ့။ ဟင်း . . . ငါဟာ ငါ့စိတ်ကို အစိုးမရနိုင်ပါ့လား။ စိတ်ကို အစိုးမရနိုင်ပါ့လား”
ထိုအတွေးများခေါင်းထဲရောက်လာမိသောအခါ၌ ကျွန်တော့်မှာ စိတ်မကောင်းကြီးစွာ ဖြစ်သွားရတော့သည်။ စင်စစ်ကျွန်တော်ကား စိတ်ကူးယဉ်ပင့်ကူအိမ်၌ ကရွတ်ကင်းခွေ လျှောက်နေမိခဲ့ခြင်းသာ။
“အို . . .ဘာပဲဆိုဆို၊ ငါ့စာကိုဖတ်မိရင် ဆရာမလေး အိပ်ပျော်မှာ မဟုတ်ပါဘူး။ သူမ ရင်ခုန်နေမှာပါ။ အတွေးတွေဝေစည်နေမှာပါ”
ထိုအတွေးမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေမိကာ လှမ်းလက်စခြေလှမ်းများကို ဆက်လျှောက်နေမိပြန် သည်။
နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော်သည် ခေါင်းထဲ၌ ကောက်ချက်တစ်ခုချလိုက်မိသောအခါတွင် ခြေလှမ်းတွေက ပိုမိုသွက်လာသည်ဟု ထင်ရတော့သည်။
“ ငါဆရာမလေးအိမ်ကိုတော့ ရောက်အောင်သွားမယ်။ သူမရဲ့အိမ်နောက်ဘက်က စိန်ပန်းပြာပန်းတစ်ပွင့်ကို ကောက်ယူဖြစ်အောက်ကောက်ယူခဲ့မယ်။ ညက သူမအိမ်နားရောက်တဲ့အကြောင်း မနက်ကျောင်းမှာ စိန်ပန်းပြာ ပန်းပွင့်လေးပေးရင်း ပြောပြလိုက်မယ်။ စိန်ပန်းပြာပန်းပွင့်လေး မြင်ရင်တော့ သူမ ယုံသွားမှာပါ။ တကယ်လို့များ သူမ အိပ်ရာကနိုးထနေတာနဲ့များ တိုက်ဆိုင်ခဲ့ရင်လည်း သူမကို အဲဒီပန်းကလေး ပေးခဲ့မယ်လေ”
ညကား တိတ်ဆိတ်လွန်းနေသည်။ ဖိုးလမင်းကလည်း သာပဲသာနိုင်လွန်းလှသည်။
X X X X X
ဆရာမလေး အိမ်အနီးရောက်လာသောအခါတွင် ရင်မှာ တဒိတ်ဒိတ်ခုန်နေပြန်သည်။ န်ဆန်လွန်းနေသည်။
ဆရာမလေးတို့တစ်အိမ်လုံး အိပ်မောကျနေသည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ်မှုအောက်၌ နစ်မြှုပ်နေ တော့သည်။ ကျွန်တော်သည် ခရမ်းရင့်ရောင် ြွကျေနေ၏။ တစ်ပင်လုံးဝေနေသဖြင့် ခရမ်းရောင်လွင်နေသည်။ အပင် အောက်၌ ခရမ်းရောင်မင်များ ဖျန်းပက်ထားသကဲ့သို့ ရှိနေမည်ထင်သည်။
ကျွန်တော်သည် ဆရာမလေးတို့အိမ်နောက်ဖေးရှိ စိန်ပန်းပြာပင်အနီး ခြေသံဖော့ကာနင်းပြီး တဖြည်းဖြည်း လျှောက်လှမ်းလာသည်။ ကျွန်တော့်ရင်ခုန်သံကသာ ည၏တိတ်ဆိတ်မှုကို ဖုံးလွှမ်းနေသည်ဟု ထင်နေမိပြန်သည်။ ထိုခဏ၌ ကျွန်တော့်နားထဲတွင် တောင်ကြားက တိုတ်ခတ်လာသော လေနုအေးနှင့်အတူ ညင်သာသောစကားတစ်ခွန်း ားလိုက်ရသည်။ ကျွန်တော်လည်း ခြေလှမ်းတွေကို ရပ်ပစ်လိုက်ကာ အသံလာရာနေရာဆီသို့ ရှာဖွေနေမိ လေသည်။
“သူ . . .သူ၊ ဒီကိုဘာလာလုပ်တာလဲဟင်”
ထိုစကားပြောသံလေးမှာ ပါးစပ်ကိုလက်နှင့်အုပ်ကာ ထိန်း၍ပြောသောအသံဖြစ်သည်။ ကျွန်တော်သည် ထိုအသံလာရာဆီသို့ မျက်လုံးဝေ့ဝဲကြည့်လိုက်မိသောအခါ၊ ည်နိုင်လောက် အောင် အံ့သြနေမိသည်။ တဒင်္ဂ၌ ကျွန်တော့်တစ်ကိုယ်လုံး ီလားဟုပင် ထင်နေမိတော့သည်။ အို ဆရာမလေး . . .ဆရာမလေးပါလား။
“သူ . . . သူ ဒီကို ဘာလာလုပ်တာလဲဟင်”
ကျွန်တော်သည် စိန်ပန်းပြာပင်အောက်မှာ တစ်ယောက်တည်း ထိုင်နေသော အသံရှင်ဆီသို့ တရွေ့ရွေ့ လျှောက်သွားမိသည်။
“အယ်၊ ဆရာမလေး။ တကယ် ညကြီးမင်းပြီး ထထိုင်နေတယ်နော်”
စိတ်တွေရောထွေးနေကာ ကျွန်တော့်တစ်ကိုယ်လုံးသည် လေဟာပြင်ထဲ၌ လွင့်မျောသလိုခံစားနေမိတော့သည်။
စ်လို့လာတာလဲကွယ်။ ညဉ့်တစ်အားနက်နေပြီ။ သူ . . .သူ တကယ်ရော ဟုတ်ရဲ့လား။ တစ္ဆေများလာခြောက်တာလားဟင်”
ဆရာမလေးအသံသည် တိုးတိတ်ညင်သာနေ၏။ သူမလည်း ကျွန်တော့်လိုပင် အံ့သြနေဟန်တူသည်။
“ဆရာမလေးနဲ့ တွေ့ချင်လို့လေ။ ညနေက စာကိုဖတ်ပြီးလောက်တဲ့အချိန်ကတည်းက စိတ်တွေဂယက်ထ နေခဲ့တာ။ တို့ စိတ်ထဲမှာ စာဖတ်ပြီးရင် ဆရာမလေးစိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်နေမိတယ်”
ကျွန်တော်၏ တီးတိုးလေသံကြောင့် ဆရာမလေး၏ ဆံပင်စလေးတွေ လှုပ်ခါသွားသည်။ ကျွန်တော်လည်း ဆရာမလေးအနီး ခုံတန်းပေါ်၌ ထိုင်လိုက်သည်။
“စာဖတ်ပြီးတော့ သူ့ကို သိပ်တွေချင်နေတယ်။ ပြီးတော့ သူလာမယ်လို့လည်း စိတ်ကထင်နေတယ်။ ဘယ်လိုဖြစ်မှန်းမသိဘူး။ ဆန်းတော့ဆန်းတယ်ကွယ်”
ီဆိုရင် တစ်ခုခုတော့သိချင်နေတယ်”
“သူ . . . ဆန္ဒဇော သိပ်မကြီးနဲ့လေ။ စဉ်းစားခွင့်လေးတော့ပေးဦးလေ။ အချိန်တွေစောနေသေး တယ်ထင်တယ်”
“တို့ကို ညာလို့ရချင်ရနေလိမ့်မယ်။ ချစ်တတ်တဲ့ နှလုံးသားကိုတော့ ညာလို့မရဘူးလေ။ ဆရာမလေး ကိုယ့်ကိုယ်ကိုယ်နှိပ်စက်သလို ဖြစ်နေမှာပေါ့။ ပြောစမ်းပါဦး”
ကျွန်တော်သည် ရွှန်းဝေသောမျက်လုံးအစုံဖြင့် ဆရာမလေးကို စူးစူးနစ်နစ်ကြည်ဖေတစ်ခု ပေးရန် တောင်းဆိုနေမိသည်။ ဤအချိန်တိုအတွင်း၌ ကျွန်တော်၏ အချစ်စိတ်တွေသည် တားမနိုင်ဆီးမရဖြစ်နေ သဖြင့် ကိုယ့်ကိုယ်ကိုယ်မနည်းပင် ချုပ်တည်းထိန်းသိမ်းထားနေရပြန်သည်။
ုံတွေ့ခဲ့ဖူးတော့ ယောကျ်ားလေးတွေဆိုရင် လန့်နေတာအမှန်ပဲ။ အဲဒီအထဲမှာလည်း သူလည်းခဲနဲ့လာပစ်သလားလို့ ဒီက သံသယဝင်နေတယ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ်က ြုပြင်လာတာ၊ နေထိုင်လာတာ၊ ခုမှ အနည်ထိုင်စပဲရှိ သေးတယ်။ ဆရာမလေးဖြစ်ခါမှ ဘယ်ယောကျ်ားလေးနဲ့မှ မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဘဝကို ကလေးတွေရဲ့ စာသင်ခန်းထဲမှာ ထာဝရမြှုပ်နှံတော့မယ်လို့ ဆုံးဖြတ်ထားတာ။ ခုတော့ သူရဲ့စာဖတ်လိုက်ရတော့ လည်း အားလုံးအရည်ပျော်ကုန်တယ်။ ဝေဒနာတွေ လာပေးလာသလား၊ သူ့ကို ဘယ်လို ယုံကြည်ရမလဲ မသိဘူး ကွယ်”
တောင်ကြားမှ ဖြတ်သန်းလာရသော လေနုအေးကား ဆရာမလေးစကားသံလေးများကို သယ်ဆောင်သွားနေ သော်လည်း ကျွန်တော့်ရင်ထဲဝယ် ထိုစကားသံချိုချိုလေးတွေက ာပွင့်ကလေးများမှာ မြေပြင်အပေါ်၊ ခုံတန်းကလေးအပေါ်၊ ကျွန်တော်နှင့် ဆရာမလေးအပေါ် ပန်းမိုးရွာချသလို ပြန့်ကျဲနေတော့သည်။ ကျွန်တော်သည် ရုတ်တရက် ာပင်အောက်တွင် ဆူညံနေသည်ထင်သည်။
ြွင်းမဲ့ယုံစေချင်တယ်လေ။ တို့ချစ်တာက ဟိုးအရင်တုန်းက သူမကို ချစ်တာမဟုတ်ပါဘူး။ ကလေးတွေရဲ့ ဆရာမ၊ စာသင်ခန်းထဲက ဆရာမ၊ သိက္ခာရှိတဲ့ဆရာမလေးဆိုတဲ့ သူမကို ချစ်တာပါ။ တို့ဟာ အရာရာကို လေးလေးနက်နက်ထားတဲ့သူပါ”
ကျွန်တော်၏စကားသံများမှာ မိုင်ပေါင်းများစွာက ပြေးလွှားဖြတ်သန်းလာရသော လူတစ်ယောက်လို၊ နွမ်းနွယ်နေမည်ဖြစ်သော်လည်း ဆရာမလေးအတွက် အားမာန်ပြည့်ဝသောစဉ်းစားစရာစကားလုံးများဖြစ်မည်ထင် သည်။ ကျွန်တော်၏စကားများသည် မည်မျှလေးနက်ကြောင်း ဆရာမလေးသိမည်ထင်သည်။ ဆရာမလေးသည် မလရောင်အောက်တွင် ကျွန်တော့်ကိုရွှန်းလက်သောအကြည့်ဖြင့်ကြည့်နေပြန်သည်။ ပြီးတော့ နှစ်ဦးသားကြား လောက်ရုံ စကားကိုတိုးတိုးဖွဖွ လေးပြောနေပြန်သည်။
“သူ သိပ်ပြောတတ်တယ်။ တကယ်ရော ယုံရမှာလား။ ဘဝတစ်ခုလုံးအတွက် လက်တွဲဖို့အထိ စဉ်းစားပြီးပြီ လား။ ဒီက မိန်းကလေးဆိုတော့ . . .”
ုံးနေလိုက်သည်။
“ညဉ့်နက်သန်းခေါင် ဟိုးအဝေးကြီးကနေ စွန့်စွန့်စားစားနဲ့လာခဲ့တဲ့ လူရဲ့အချစ်အား ဘယ်လောက်ကြီးမား တယ်ဆိုတာ ဆရာမလေး လက်တွေ့သိနေပြီပဲဥစ္စာ။ တစ်ယောက်တည်းလာခဲ့ရတဲ့လူကို ဒီလောက်အထိ နှိပ်စက် မနေပါနဲ့လေ။ ဆရာမဆိုတာ ောလိုက်စမ်းပါကွာ၊ ချစ်ပါတယ်လို့”
ုံးနေသည်။ နှစ်ဦးသားရင်ထဲ၌ ကြည်နူးရွှင်ပျစိတ်များ ပိုမိုနေသည်ဟု ထင်မိပြန်သည်။ သူမသည် ကျွန်တော့်ဘက်လှည့်ကာ . . .
“ကဲ တစ်ခါပဲပြောမယ်။ နောက်ထပ်မမေးရတော့ဘူးနော်”
ကျွန်တော်ခေါင်းညိတ်လိုက်သည်။
“သူ့ကိုချစ်တာထက် တိုင်းတာလို့မရနိုင်တဲ့ သံယောဇဉ်တွေက ပိုပါတယ်။ ကျေနပ်ပြီမို့လား”
“တကယ် . . . ဆရာမလေးက တို့ကို အဟုတ်ချစ်တယ်ပေါ့နော်။ သံယောဇဉ်တွေရှိတယ်ပေါ့နော်”
ကျွန်တော့်ရင်ထဲ၌ ဝမ်းသာလှိုက်မောနေကာ နွေးကနဲ ခံစားလိုက်ရသည်။ ဆရာမလေးက ုံးနေ၏။ ကျွန်တော်သည် ဆရာမလေးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ထိုင်ခုံမှထလိုက်သည်။ ချစ်စိတ်တွေကြောင့် ထင်ပါရဲ့၊ နှစ်ဦးစလုံး လက်တွေမှာ နွေးထွေးလျက်၊ တုန်ယင်လျက်၊ ပြီးတော့ နှစ်ဦးစလုံး၏နှလုံးသားထဲသို့ ချစ်စိတ်များ စမ်းချောင်းငယ်တစ်ခုလို နွေးထွေးစွာစီးဆင်းသွားတော့သည်။
ာပန်းတစ်ပွင့်ကို ဆရာမလေးကို ကောက်ယူပေးလိုက်သည်။
“မနက်ကျောင်းသွားရင် ဒီပန်းလေးပန်သွားပေးနော်”
ာပန်းလေးကို ခေါင်းပေါ်မှာ သေသေချာချာ၊ လှလှပပ ပန်သွားမယ်နော်”
“ညဉ့်နက်ပြီ။ တို့ ပြန်တော့မယ်နော်”
ောလိုက်သည်။
“သူ့ကို လိုက်ပို့ပေးမယ်လေ။ တို့စိတ်မချဘူး။ ပြန်ရမှာလည်း အဝေးကြီး။ ဒီညဟာ လှပတဲ့ညဖြစ်နေမှာပါ”
“တို့အတွက် စိတ်မပူပါနဲ့ကွာ။ ဆရာမလေး အိပ်ရေးပျက်မှာစိုးလို့ပါ”
“မဟုတ်ဘူး။ သူ့ကို လိုက်ပို့ချင်သေးတယ်။ တစ်ယောက်တည်းစိတ်မချဘူး”
“တို့အတွက် စိတ်ချပါနော်၊ ဆရာမလေး အိပ်ရေးပျက်နေပြီ။ မနက်အစောလည်းကျောင်းသွားရဦးမယ် မဟုတ်လား။ တို့ကိုချစ်ရင် အိပ်တော့နော်”
ကျွန်တော်နှင့်ဆရာမလေးတို့မှာ မခွဲနိုင်မခွာရက်ဖြစ်နေတော့သည်။ တွေ့စဉ်က ဝမ်းသာလှိုက်မော၍ ပျော်ရွှင်ကြည့်မွေ့စရာကောင်းသော်လည်း ခွဲခွာရတော့မည်ဆိုသောအခါ နှစ်ဦးသားရင်မှာ ဆွေးမြေ့ကြေကွဲနေရပြန် သည်။
ကျွန်တော်သည် မခွဲချင်ခွဲချင်နှင့် စိတ်မကောင်းစွာဖြင့် ဆရာမလေးကို ကျောခိုင်းထားရစ်ခဲ့ကာ လာရာလမ်း အတိုင်း ပြန်လာခဲ့တော့သည်။
X X X X X
ဖိုးလမင်းနှင့်ကြယ်ကလေးတွေက ကျွန်တော့်ကို ပြုံး၍ကြည့်နေကြသည်။
ကျွန်တော်သည် ဝမ်းသာစရာ၊ ကြည်နူးစရာ၊ ဆွေးမြေ့ကြေကွဲစရာများနှင့် ရောထွေးနေသော အချစ်တောမှ အပြန်၌ ရင်တွင်းအမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာတစ်ခု စွဲကပ်ပါလာသည်။
ဤဝေဒနာကို အဆိပ်ဝေဒနာဟု အများကအမည်ပေးကင်ပွန်းတပ်ကြစေကာမူ၊ ဤအဆိပ်သည် ချိုမြိန်နေလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ယခုအခါ ကျွန်တော်သည်ဤ အဆိပ်ချိုကိုပင် နှစ်ချိုက်စွာသောက်ဖို့ ဝန်မလေးတော့။
နောက် ညပေါင်းများစွာ၌ အဆိပ်ချိုကို သောက်ဖြစ်ဦးမလား။ ။
* * *
ဆင်တဲဝမြတ်မင်း
No comments:
Post a Comment