လူသစ်ကလေး (ဘော်တွင်းမိုင်းဘဝ သရုပ်ဖော်ဝတ္ထုတို) unicode
ဆင်တဲဝမြတ်မင်း
“သွားနှင့်ရမလား၊ စောင့်ရဦးမလား၊ လူသစ်ကလေး”…
ယမ်းခိုးတွေဝေ့နေသော၊ စိမ်းရွှေရွှေယမ်းနံ့များလှိုင်နေသော စတုတ်ထဲမှ ပေါက်ချွန်းနှင့်ဂေါ်ပြား ထား သည့် ဆောင်းတိုင်(သစ်သားထောက်တိုင်)ဆီသွားနေစဉ် ကိုအိုက်ကျုံးကမေးနေသည်။
ေးလိုက်ခဲ့မယ် . . .”
ီးကို ပခုံးပေါ်ကောက်ထမ်းပြီး စတုတ်ထဲက ထွက်ခွာတော့မည်ကို အိုက်ကျုံးကနောက်ဖက်လှည့်ကာ “မရှင်းငါယူသွားပြီနော်၊ ပေါက်ချွန်းနဲ့ဂေါ်ပြားဘဲမင်းသယ်ခဲ့။ ီးလို့ ရေတိုင်မှာရေချိုးပြီးရင်ဂိတ်ကစောင့်မယ်။ ကြားလား လူသစ်ကလေး”……ဟု ပြောပြီး ထွက်သွားပြီ။
ယမ်းခွဲပြီးစ စတုတ်ထဲက ယမ်းငွေ့များနှင့်အတူ ၊ မရှင်းထမ်းသွားသော ကိုအိုက်ကျုံးလည်း ြု၍ ကျောက်ဖောက် ရသည့်မရှင်း (လွန်ဖောက်စက်)မှာ တော်တော်လေးပါသည်။ တကယ်တော့ . . .ယမ်းခွဲဖို့၊ ယမ်းတောင့်ထည့်ဖို့၊ ယမ်းပေါက်ဖောက်ရ သည့် အလုပ်မှာမလွယ်လှ။ အနည်းဆုံးလူ(၂)ယောက်အားဖြင့် မရှင်းကိုဖိကာ ဘော်ကြော ကိုဖောက်ရခြင်းဖြစ်သည်။ တခါတရံ ဘော်ကြောကတအားမာနေလျှင်တော့ . . .(၃)ယောက်ဖောက်မှရသည်။ စတုတ်တစ်ခုမှာ လူ(၅)ယောက် ဖြင့် ဖွဲ့စည်းထားရာ အခု ကျနော်တို့စတုတ်တွင် ဦးဆောင်သူယမ်းထွန်းက ဦးထွန်းကျော်၊ ဒုတိယဦးဆောင်သူ စက္ကင်း က ဦးအောင်ဘ၊ မိုင်နာ(ငယ်သား)သုံးယောက်က ကိုဘဲလာ၊ ကိုအိုက်ကျုံးနှင့် ကျနော် ။
မရှင်းဖောက်တာကို အများ အားဖြင့် နောက်ဆုံးဝင်လာသောငယ်သား(၂)ယောက်ဖြစ်သည့် ကိုအိုက်ကျုံးနှင့် ကျနော်က ဖောက်ရမည်ဖြစ်သော်လည်း၊ အသက်ကလည်းငယ်သေး၊ အလုပ်ကလည်းမကျွမ်းကျင်သေး၊ ကျောင်းသား အရွယ် လွန်စဘဲရှိသေးသော ကျနော့်ကို မရှင်းမဖောက်ခိုင်းပါ။ ကိုအိုက်ကျုံးနှင့် ကိုဘဲလာတို့ (၂)ယောက်ဘဲ ဒိုင်ခံဖောက် တာများပါသည်။ ောကမာလွန်း လျှင်တော့ . . . ကျနော်ပါဝင်ပြီး မရှင်းကို ဖိတွန်းပေးရ၏။ ကူဖောက်ပေးရ၏။ ပြောရလျှင် . . . ယမ်းထွန်း၊ စက္ကင်း၊ ကိုဘဲလာနှင့် ကိုအိုက်ကျုံးတို့က ကျနော်ကိုညှာကြပါသည်။ ခိုက်မိတိုက်မိမည့် အလုပ်မျိုး၊ အန္တရာယ်များ သောအလုပ်မျိုး မခိုင်းပဲ၊ စတိုးမှာ ပစ္စည်းထုတ်ခိုင်း၊ ခိုင်းတာ လောက်ပဲ လုပ်ခိုင်းသည်။
ကျနော်တို့ငယ်သား(၃)ယောက် မရှင်းဖောက်နေချိန်တွင် စက္ကင်းဦးအောင်ဘက မရှင်းပေါက်ဖောက်ပြီး သော မရှင်းပေါက်ထဲမှ ကျောက်စ ကျောက်နလေးများကို ဆမ်ရှူးဘာလီ၊ (နဖားချေးကလော်သည့်ညှပ်နှင့် ဆင်ဆင်တူသည်)ဖြင့် ဆွဲယူနေ၏။ သို့မှသာ မရှင်းပေါက်ထဲသို့ ယမ်းတောင့်များအောက်ခြေအထိ ထည့်နိုင်ပြီး၊ ယမ်းကွဲအားလည်းကောင်းပေ မည်။ ထို့နောက် စက္ကင်းသည် မရှင်းပေါက်ထဲသို့ ယမ်းတောင့်များထည့်ပြီးနောက် ရွံ့များထည့်သိပ်ကာ တုတ်တိုနှင့် ဖိဆောင့်သည်။
စ်လို့ ရွံ့တွေသိပ်ပြီး တုတ်နဲ့ဆောင့်နေတာလဲ စက္ကင်း. . .”
ုံးစစဖြင့်ပြန်ဖြေပါသည်။
“ဒီမှာ လူသစ်ကလေးရ ၊ ယမ်းတောင့်ကြီးဘဲ ထည့်ခွဲရင် ယမ်းကွဲအား သိပ်မကောင်းဘူးကွ။ ယမ်းတောင့် အပေါ်ကနေ ရွံ့သိပ်ပြီးတော့ . . . တုတ်တိုနဲ့ နာနာဖိဆောင့်ပြီး ယမ်းခွဲရင်၊ ကွဲအားကောင်းတယ်ကွ . . .”
“အော်. . . ဒီလိုကိုး. . .”ဟု ကျနော့်စိတ်ထဲက ပြောနေမိသည်။
ိုးတွေဆိုတော့ . . . (၂)မိနစ်အတွင်း မီးလောင်သဖြင့် မီးရှို့ပြီးပြီးချင်း ိုးမီးရှို့တာ ကတော့ . . . စက္ကင်းနှင့် ယမ်းထွန်းတို့ဘဲလုပ်ရ၏။ ကျနော်တို့ငယ်သား(၃)ယောက်ကတော့. . . လယ်ဗယ်လမ်းဆုံလမ်းခွများ၌ ယမ်းခွဲမည့် နေရာကို ီဆိုမှ ကျနော်တို့လဲစတုတ်ထဲပြန်ဝင် လုပ်စရာရှိတာ ဆက်လုပ်။
အခု . . . ကျနော်လိုက်ရသော မိုင်းသာနံပါတ်(၅)စတုတ်မှာ လဝက်ပင်ရှိသေး၏။ (၈)ခန်းပြီးနေပြီ။ လကုန် လျှင် အနည်းဆုံး(၁၆)ခန်းကတော့ အသာလေး။ ဘော်တွင်းမိုင်း၌ သတ္တုထုတ်လျှင်(၇)ပေခန်းဖွဲ့၍ ဘော်ထုတ်ကြရ ၏။ (၁၀)ခန်းကို ဌာနအတွက်ထုတ်ပေးပြီးလျှင်- ကျန်တာထုတ်နိုင်လျှင် ထုတ်နိုင်သလောက် ဘောနပ်စ်စားရသည်။ မနက်ဆင်း(၁)ဆိုင်း၊ နေ့လည်ဆင်း(၁)ဆိုင်း၊ ညဆင်း(၁)ဆိုင်း၊ ဤအဆိုင်း(၃)ဆိုင်းမှ (၁၅)ယောက်ရှိ မိုင်းသမားများ ဘောနပ်စ်ခွဲဝေယူကြပေတော့။
ယခုလည်း . . . မနက်ဆင်းကျသော ကျနော်တို့အဖွဲ့က ပထမအကြိမ် ယမ်းခွဲ၊လှည်းတွန်း၊ ိမ်ယမ်းခွဲ ပေးခဲ့ခြင်းဖြစ်သည်။
ိုင်းသွား၏။ ကျောက်ကတအားမာတော့- ငယ်သား(၃)ယောက်ထဲ အားနှင့်ယမ်းကျင်းဖောက်မရသဖြင့် ယမ်းထွန်းရော၊ စက္ကင်းပါ မရှင်းဝိုင်းဖောက်ရခြင်းဖြစ်သည်။ (၉)ကျင်းအထိမဖောက်နိုင်တော့ပဲ၊ (၆)ကျင်းပဲခွဲနိုင်တော့၏။ ဒါကြောင့်- . . . ကျန်သည့် န်အပ်ဖို့ ယမ်းတွန်း၊ စက္ကင်းနှင့် ကိုဘဲလာတို့က စတိုးကိုသွားနှင့်ပြီ။ ကျန်သည့်ပစ္စည်းလေးတွေအပ်ပြီး နောက်ကလိုက်လာဖို့ ယမ်းထွန်းက ကျနော်နှင့် ကိုအိုက်ကျုံးကိုမှာခဲ့သည်။ မနက်(၆)နာရီထဲက စတုတ်ထဲဝင်ခဲ့တာ အခု . . . (၁)နာရီခွဲသွားတာတောင် စတုတ်ထဲက မထွက်ရသေး။ ညာဖက် ပခုံးစောင်းစောင်းဖြင့် မရှင်းထမ်းသွား သော ကိုအိုက်ကျုံးကို လှမ်းကြည့်ရင်း၊ ကျနော်လည်း ဂေါ်ပြားနှင့်ပေါက်ချွန်းထမ်းကာ၊ စတုတ်ထဲမှ ထွက်ခဲ့သည်။
အောက်ဖက်အိုးလေးထဲမှာ ကာဗိုက်တုံးထည့်ထားပြီး အပေါ်အိုးလေးထဲမှာရေထည့်ထားသော ေးအိုး ကာဗိုက်မီးခွက်ကလေး၏ အပေါ်အိုးပေါ်မှ ခလုတ်(ရေဘား)လှည့်ဖွင့်လိုက်သည်။ မီးရောင်ပိုလင်းသွားသည်။ ကာဗိုက်မီး ရောင်အောက်တွင် လယ်ဗယ်ထဲမှ ယမ်းခိုးငွေ့များကို တရိပ်ရိပ်မြင်နေရ၏ ယမ်းနံ့များကတော့ . . . အော်ဂလီဆန်စွာ နှာခေါင်းထဲဝင်လာနေပြီ။ အစက သည်အနံ့ရလျှင် အံချင်သည်။ ခုတော့. . . သည်ယမ်းနံ့များမှာ ကျနော့်နှာခေါင်းနှင့် ြုလာနေပြီ။
x x x x x
“ခုမှ အလုပ်သိမ်းတာလား၊ လူသစ်ကလေး” . . .
တ်ကထွက်ထွက်ချင်း မိန်းလယ်ဗယ်မှ လျှောက်လာသော လေဘာ ဘော(ြမေအောက်ကြီးကြပ်ရေးမှူး)ကိုခင်မောင်လွင်က ဆီးမေးသည်။ ကိုခင်မောင်လွင်လည်း မိုင်းသာ ဆက်ရှင်မှ လုပ်ကွက်များဆီ ရောင်;လှည့်စစ်ဆေးပြီး ြမေပေါ်ပြန်တက်ရန် ဂိတ်ဆီပြန်လာဟန်တူသည်။
ဘော်တွင်းမိုင်းတွင် အေရှိတ်(ကအဆိုင်း)၊ ဘီရှိတ်(ခအဆိုင်း)၊ စီရှိတ်(ဂအဆိုင်း)ဟူ၍ အဆိုင်း(၃) ဆိုင်းဖြင့် (၂၄)နာရီအလုပ်ဆင်းရခြင်းဖြစ်ရာ၊ ကျနော်တာဝန်ကျသည့်ရှိတ်မှာ ဘီရှိတ်(ခအဆိုင်း)ဖြစ်ပြီး ဂိတ်ကြီး နံပါတ်(၃) လယ်ဗယ်၌စပြီး တာဝန်ချထားခြင်းခံရသည်။ ဘီရှိတ်၏လေဘာဘောမှာ ကိုခင်မောင်လွင်ဖြစ်ပြီး၊ အဖေနှင့်တရှိတ်ထဲ ေတောက်တွေ သန်သန်မာမာမဟုတ်တော့သဖြင့် ဆရာဝန်၏မှတ်ချက် အရ ဆေးပင်စင်ယူလိုက်ရ ခြင်းဖြစ်သည်။ လေဘာဘော ကိုခင်မောင်လွင်နှင့် အဖေက တော်တော်ရင်းနှီး ခင်မင်ကြ၏။
အဖေပင်စင်ယူလိုက်တော့ . . . ကျနော်လည်း မိုင်းထဲဆင်းရတော့သည်။ မဆင်း၍မရတော့။ ပထမဆုံး အခက်အခဲမှာ နေစရာဖြစ်ပါသည်။ အဖေနေထိုင်ခွင့်ရခဲ့သော(၁၀)ပေခန်းမှာ ပင်စင်ယူလိုက်သဖြင့် မိသားစုဆင်းပေး ရတော့မည်။ ဆက်လက်နေထိုင်ခွင့်ရရန် ကျနော်အလုပ်လုပ်မှဖြစ်သည်။ ဒုတိယအခက်အခဲမှာ အဖေ၏ ဆေးပင်စင် ငွေလေးဖြင့် မိသားစုအတွက် ဘယ်လိုမှရပ်တည်လို့မရနိုင်။ သို့ဖြင့်(၁၀)တန်းစာမေးပွဲဖြေပြီး နောက်တစ်နေ့မှာပင် ကျနော်မိုင်းထဲ ဆင်းလာရခြင်းဖြစ်သည်။ အဖေ၏သံယောဇဉ်ကြောင့် ကိုခင်မောင်လွင်က ကျနော့်ကို ဂရုစိုက်ပါ သည်။ စတိုးကလပ်တွေ၊ ကူလီခေါင်းတွေကို ကျနော့်ကိုဂရုစိုက်ဖို့ ပြောထား၏။ အန္တရာယ်မများလွန်းသော နေရာများ၌ တာဝန်ချ ထားခိုင်းသည်။
မ်းလုပ်ရမဲ့ လူမှုတ်ဖူးနော်။ (၁၀)တန်း အောင်ရင် လေဘာဘောလုပ်ရမဲ့လူ။ ဒီတော့. . . ကူလီခေါင်းကခိုင်းရင် . . . ဂျမ်းရှင်းဆိုလဲရှင်း၊ ယမ်းသယ် ခိုင်းရင်လဲ သယ်၊ ကျောက်ခွဲဆိုလဲခွဲ။ ဂျမ်းဝါလားအလုပ်၊ လာလီဝါလားအလုပ်၊ လပဲယားအလုပ်၊ စတုတ်ထဲအလုပ်။ ဘာအလုပ် ဖြစ်ဖြစ် . . . မငြင်းနဲ့နော်။ ဒါပေမဲ့- သူတို့ခိုင်းတဲ့အလုပ်လုပ်ရုံနဲ့ မပြီးသေးဘူးနော်။ သေသေချာချာ မှတ်သား ီးတွေကိုမေး။ စတိုးထဲရောက်ရင်၊ စတိုးကလပ်ထုတ်ပေးတဲ့ ပစ္စည်း တွေမှတ်ထား။ ပြီးတော့ . . . လေဘာဘော၊ ရှစ်ဘော့တွေရှိတ်ပြောင်း ရှိတ်လွှဲမှာ ၊ အင်္ဂလိပ် လိုရေး ထားတဲ့ Instruction တွေလဲလေ့လာ။ ဖတ်။ နောက်တရှိတ်ဝင်လာရင် - ဘာတွေဆက်လုပ်ရမယ် ဆိုပြီးရေး ီးတွေက မင်းကိုဦးစား ပေးခန့်ပေးလိမ့်မယ် သိလား၊ လူသစ်ကလေး”
ကျနော်၏နာမည်ရင်း ဝင်းနိုင်လို့မခေါ်တော့၊ လူသစ်ကလေးဘဲခေါ်ကာ ကျနော်၏ တိုးလမ်းတက်လမ်း အတွက် စေတနာဖြင့်ပြောပြသော ကိုခင်မောင်လွင်စကားကို မြေဝယ်မကျနားထောင်ခဲ့ပါ၏။ ဟုတ်ပါသည်။ ဒုက္ခိတဖြစ်နေသော အဖေ၊ အမေနှင့် (၆)တန်းရောက် ညီမလေးနှင့် (၃)တန်းရောက်ညီလေးတို့၏ အနာဂါတ်မှာ ကျနော့်အပေါ်မှာ များစွာ မူတည်နေသည် မဟုတ်လား။
ဂိတ်ကြီးမှာ(၁)လဆင်းပြီး၊ အခုမိုင်းသာဆက်ရှင်သို့ ကျနော့်ကိုပြောင်းလဲတာဝန်ချထားချိန်မှာပင် ကိုခင်မောင် လွင်လည်း မိုင်းသာသို့ပြောင်းလာတော့ . သေိမ်းမိုင်းအလုပ်တွေ နားလည် အောင် ဂျမ်းဝါလားတာဝန်၊ ဘာလီဝါလားတာဝန်၊ လပဲးယား(ပြင်ဆင်ရေး)တာဝန်များကို ကိုခင်မောင်လွင်က တာဝန် ပေးခဲ့သည်သာမက၊ အခု- ဘော်ထုတ်သောစတုတ်ထဲအထိ သွင်းပေးခဲ့သူမှာ ကိုခင်မောင်လွင်ပင်။ အခုလည်း တွေ့တွေ့ ချင်း အလုပ်သိမ်း နောက်ကျကာကိုမေးနေပြန်သည်။
“ဟုတ်တယ် . . .လေဘာဘော . . .”
င်ထွက်ကုန်ပြီ။ လူသစ်ကလေးတို့ ဘာလို့အလုပ်သိမ်း နောက်ကျ တာလဲ . . .”
“နောက်တရှိတ်အတွက် ယမ်းခွဲပေးခဲ့လို့ပါ လေဘာဘော။ ဘော်ကြောကလဲမာတော့ . . .မရှင်းဖောက်ရ တာ ခရီးမတွင်ဘူး။ ယမ်းတောင်မှ(၉)လုံး မခွဲနိုင်ဘူး။ (၆)လုံးဘဲခွဲခဲ့ရတယ်။ ဒါ့ကြောင့် . . . အလုပ်သိမ်း နောက်ကျသွားတာပါ လေဘာဘော . . .”
ီးကို။ လေဘာဘောကမေးနေတယ်လို့ . . .”
ောလိုက်ပါ့မယ်။ အဖေကလဲလေဘာဘောကိုကျေးဇူးတင်နေတာ။ ကျနော့်ကိုဂရုစိုက်လို့တဲ့ . . .”
“ကျေးဇူးတင်စရာမလိုပါဘူး လူသစ်ကလေးရာ။ ဘဝတူလုပ်ဖော်ကိုင်ဖက်တွေဘဲကွာ။ သေတူရှင်ဖက်တွေဘဲ ကွာ။ ဘဝတူချင်း ကူညီရမှာပေါ့ကွာ။ မှုတ်ဘူးလား။ မင်းတို့အောင်စာရင်းမထွက်သေးဘူလား . . .”
“ဒီလကုန်ထွက်မယ်တဲ့လေဘာဘော . . .”
“လူသစ်ကလေးက စာတော်တယ်လို့ကြားပါတယ်။ အောင်မှာပါ။ အောင်ရင် လေဘာဘောရအောင် ရှစ်ဘော၊ ဖိုမင် နဲ့ မိုင်းချုပ်တွေကို ကူပြောပေးပါ့မယ်။ ဒီကြားထဲတော့ အလုပ်ကိုစိတ်ဝင်တစားနဲ့လုပ်ပေါ့ . . .”
“ဟုတ်ကဲ့ . . .”
န်သွားအပ်။ မိုင်းထဲလူတောင်မရှိတော့ဘူးထင်တယ် . . .”
ီးထွက်သွားသော လေဘာဘောမှာ ဘက်ထရီမီးရောင်လင်းထိန်ထိန်ဖြင့် လယ်ဗယ်အတိုင်း ထွက်ခွာသွားပြီ။ ပစ္စည်းအပ်ရန် စတိုးဆီခြေဦးလှည့်လိုက်ချိန်တွင် ကျနော်၏ကာဘိုက် မီးရောင်ကတော့ လယ်ဗယ်ထဲမှာ ခပ်မှိန်မှိန်သာလင်းနေလျက်။
x x x x x
ားကောထိုးနိုင်ပြီလား၊ ဟင်း ဟင်း ဟင်း . . .”
စတိုးထဲရောက်ရောက်ချင်း ဂေါ်ပြားနှင့်ပေါက်ချွန်း ကိုကျော်မင်းဆီအပ်ရန် ပစ္စည်းများပခုံးပေါ်မှချနေစဉ် ကူလီခေါင်းကြီး ဦးသောင်းညွှန့်က ကျနော့်ကိုကလိနေသည်။
“ဘော်တစ်ဂေါ်စာကို လှည်းထဲထည့်နိုင်ပါပြီဗျ . . ."
ောလိုက်သည်။ ကျနော်အလုပ်စဝင်တော့ လေဘာဘော ကိုခင်မောင်လွင် က ကျနော့်ကို ကူလီခေါင်း ဦးသောင်းညွှန့်လက်ထဲအပ်သည်။
ီးလုပ်ခိုင်းဗျာ . . .”
ောင်းကို ဂျမ်းရှင်းခိုင်းသည်။ ကျနော့်မှာ စတိုးမှထုတ်လာ သော ဂေါ်ပြားနှင့်ပေါက်ချွန်းကို မနည်းထမ်းခဲ့ရ၏။ ဘော်လှည်းတွန်းသည့်သံလမ်းဘေး ရေမြောင်းထဲမှ ဗွက်တွေ၊ ရွံ့ တွေ၊ သစ်တိုသစ်စတွေ ပေါက်ချွန်းဖြင့်ပေါက်ခိုင်းတာကို ဟန်ကျပန်ကျမပေါက်တတ်၊ ဂေါ်ပြားလဲ ဟုတ္တိပတ္တိမကော်တတ်။ ဦးသောင်းညွှန့်မှ ရှေ့မှနမူနာလုပ်ပြသည်။ ပြီးတော့ . . . စတုတ်တွေမှ လာသွန်ချသော ဘော်များ ဒိုက် (ဘော်သွန်ချသည့် လမ်းကြောင်း)အဝ၌ တင်နေသော ီးများကို တူကြီးကြီးဖြင့်ထုခွဲတော့လည်း၊ သေသေ ချာချာမထုတတ်သဖြင့် ဦးသောင်းညွှန့်က ထုပြ၊ ခွဲပြသည်။ တူးကြီးကြီးဖြင့် ဘော်တုံးကိုမခွဲတတ်လျှင် ကျောက်စကျောက်န များက လူကို ထိမှန်မှာစိုးသော ကြောင့်ပင်။
တစ်ရက်တုန်းကဖြစ်သည်။ ဘော်ဒိုက်နားမှာကျောက်ခွဲနေစဉ် ကျောက်စလွင့်စင်သဖြင့် ိမ်းသွားသည်။ ထိုအချိန်အနီးတွင် ဦးသောင်းညွှန့်မရှိ။ ခါတိုင်းတုန်းကတော့ . . . ခပ်လှမ်းလှမ်းမှာရှိနေကျ။ ဒီကနေ့တော့ . . .အခြားနေရာမှာ တာဝန်ပေးထားသော စ်သလဲဆိုပြီး ဦးသောင်းညွှန့်ကြီး အမောတကောပြေးလာသည်။ သူရောက်လာတော့ . . .ကျနော်ကငုတ်တုတ်။
“ဟ . . . လူသစ်ကလေး၊ ဘာလို့မီးခွက်သေသွားတာလဲ . . .။
“ကျောက်မှုန့်တွေ မှန်လို့သေသွားတာပါ . . .”
န်လင်းအောင်လုပ်လေ . . .”
“ . . . မလုပ်တတ်ဘူး . . .”
“ဟာ . . . မင်းကလဲ . . . ”
ဆိုပြီး၊ ကျနော့်မီးခွက်ဆွဲယူကာ “ဒီမှာ . . . ရှိတ်ခွက်ရဲ့အဖျားမှာ ောဆိုဆို ဆွဲချလိုက်ရာ၊ “ဖုန်း” ဆိုသောအသံနှင့်အတူ၊ ကာဗိုက်မီးခွက်မီးပြန်လင်းလာသည်။ ကာဗိုက်မီး ခွက်မီးပြန်လင်းလာတာ ကိုကြည့်ပြီး ကျနော်သဘောကျနေမိ၏။
ိမ်းသွားလျှင်မီးပြန်လင်းလာအောင် ကျနော်လုပ်တတ်သွားခဲ့သည်။
“ဘောနပ်စ်ကဘယ်လောက်စားရမလဲမသိသေးဘူး ကူလီခေါင်းကြီးရေ။ ဒီနေ့မရှင်းဖောက်လိုက်ရတာ တဖွဲ့လုံး ဟိုက်သွားတာဘဲ။ ကျောက်တအားမာတယ်. . . ”
“အေးပါကွာ၊ မိုင်းသမားဘဝကတော့ ဒီလိုပါဘဲ။ မင်းဂိတ်မလိုက်သေးဘူးလား . . .”
“ရေချိုးပြီးမှ လိုက်ခဲ့မယ် . . .”
ကူလီခေါင်းကြီး ဦးသောင်းညွှန့်စတိုးခန်းထဲမှထွက်ခွာပြီ။
န်လိုက်သွား။ ငါလဲသွားတော့မယ်၊ မင်းပစ္စည်း တွေလက်ခံဖို့စောင့်နေတာ။ မေပေါ်ရောက်ကုန်ပြီ . . .”
စတိုးကလပ်ကိုကျော်မင်းကထပ်သတိပေးနေသည်။
ောလိုက်ပါဦး . . .”
ကိုကျော်မင်းလည်း စတိုခန်းသော့ပိတ်ကာ ဂိတ်ဆီသွားလေပြီ။
x x x x x
စတုတ်ထဲမှာဝတ်ထားသော ဘောင်ဘီဟောင်းနှင့် အင်္ကျီဟောင်းများအတိုင်း မေအောက်ရေပိုက်မှာ ဘားအဆုံးအထိ ပိတ်ထားသော်လည်း မလုံသဖြင့် ရေတွေကတဖျောဖျောကျနေ၏။
ကျနော်လည်း မိုင်းထဲကထွက်ရမှာမို့ သံစတိုးကထုတ်ပေးထားသော ာအင်္ကျီကို ဝတ်၊ မိုင်းဘိနပ်ကိုစီး၊ မိုင်းဦးထုတ်ကိုဆောင်း၊ ရေစိုအဝတ်(၂)ထည်ကိုလိပ်ကာ န်တက်ဖို့ ဂိတ်(လူနှင့်သစ်သားအတင်အချလုပ် သည့်ဂိတ်ပုံး)မှာ စ်မယ်ဆိုသောအတွေးဖြင့် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းနေစဉ် . . . “အင့် . . .”
မိုင်းဘိနပ်က ကျောက်တုံးကိုတိုက်မိကာ လူကလယ်ဗယ်ထဲလဲကျသွားသည်။ ရုတ်တရက် ိမ်းသွား၏။ တော်သေးသည်၊ လက်ထဲက မီးခွက်လွတ်ကျမသွားလို့ပေါ့။ ချက်ချင်းပင် . . . ကူလီခေါင်းကြီးပြ ထားသလို ကာဗိုက် မီးခွက်၏ရှိတ်ခွက်ကိ လက်ဖမိုးဖြင့်အုပ်ကာဆွဲလိုက်သည်။ သို့သော် . . . ကာဗိုက်မီးခွက်က မီးမလင်း။
ောင်းထဲကျသွား၍ မီးခြစ်မရခြင်းဖြစ်မည်၊ မျက်စိက ဘာမှမမြင်ရတော့။ ဘာဆိုဘာမှမမြင်ရတော့။ ောင်းကိုင်ပြီး ဂျင်ပြာအင်္ကျီ ဖြင့် ရှိတ်ခွက်ကိုမှန်း၍ သုတ်လိုက်သည်။ ထို့နောက် စ်လိုက်သည်။ ခါတိုင်းလို “ဟုတ်”ဟူသောအသံထွက်ကာ၊ မီးလင်းလမည်ဟု ထင်မိသော် လည်း၊ ည်ဟိန်းသွားသည်ထင်၏။
မှောင်သွားပြီ၊ မှောင်ပိန်းသွားပြီ၊ ပိန်းပိတ်အောင်မဲမှောင်သွားပြီ။ မျက်လုံးကဖွင့်ထားသော်လည်း၊ အကန်း တစ်ယောက်ပမာ ဘာမှမမြင်ရတော့။ ကျနော့်ရင်ထဲ၊ စိုးရိပ်စိတ်များဝင်လာနေပြီ။ ရေတိုင်မှ တဖျောဖျောကျနေသော အသံကြီးသာလျှင်ကြားနေရ၏၊။ ထိတ်ဆိတ်နေသောြမေအောက် အမှောင်ကမ္ဘာထဲ၌ ဤအသံကြီးမှာ ကြောက်စရာ ကောင်းသောအသံအဖြစ် စိတ်ထဲထင်မှတ်လာနေပြန်သည်။ ပြီးတော့ . . . ချောက်ချားလာသည်။
“မိုင်းထဲမှာ ကာဗိုက်မီးခွက်သေရင် ဘာမှမစိုးရိမ်နဲ့။ လယ်ဗယ်ထဲမှာ လေပိုက်တွေ ရေပိုက်တွေရှိတယ်။ ကျောက်ခဲတစ်လုံးရအောင် စမ်း။ တွေ့တဲ့ကျောက်ခဲနဲ့ ရေပိုက် လေပိုက်တွေ ီဆိုတာ . . .”
မိုင်းသမားဟောင်းကြီးများပြောစကားကြားယောင်လာတော့ ကျနော်အားတက်သွားသည်။ ီကွ။ ထိုကျောက်ခဲဖြင့် ရေပိုက်လား၊ လေပိုက် လားမသိ။ အားကုန်ခေါက်နေမိသည်။
“တောင် . . . တောင် . . . တောင် . . .တောင် . . . ”
နံပါတ်(၅)လယ်ဗယ်ထဲ၌ ရေဘဲကျသံကြီးနှင့်ပိုက်ခေါက်သံမှာဆူညံပွက်လောရိုက်ခတ်နေ၏။ ပိုက်ခေါက်သံ ကြားရင် . . .ငါ့ဆီမိုင်းသမားတစ်ယောက်လောက် ရောက်လာမှာဘဲဟုတွေးရင်း၊ အားတင်းကာ ကူညီမည့်သူကို မျှော်နေ၏။ သို့သော် . . . မည်သူမှပေါ်မလာသဖြင့် ပိုက်ကိုထပ်၍ခေါက်ပြန်သည်။ လက်သာညောင်းလာသည်။ ဘယ်သူမှပေါ်မလာ။ ကျနော့်မှာအားငယ်စိတ်များ၊ ညိုးငယ်စိတ်များသာ တဖွားဖွားမြင့်တက်လာနေတော့သည်။
ိုင်သေသွားဖူးတယ်။ အဲ့ဒီလူတွေ ကမကျွတ်ဖူး။ မနက်(၄)နာရီဆိုရင် . . . ားလို့ အဲနေရာသွားကြည့်၊ ဘာမှမတွေ့ရဘူး။ သေတဲ့လူတွေက ခြောက်တာပေါ့။ ိုင်သေသွားဖူးတယ်။ ဖော်လို့မရဘူး။ ဒီလူတွေလဲ မကျွတ်ဘူး။ မနက်(၅)နာရီထိုးရင် . . . ယမ်းခွဲသံ (၅)ချက်ကြားရတယ်။ အဲ့နေရာသွားကြည့်။ ဘာမှမတွေ့ရဘူး။ အဲ့ချိန်မှာ ဘယ်စတုတ်ကမှ ယမ်းမခွဲဘူး၊ မနက်ဆင်း သမားတွေလဲမဝင်သေးဘူ။တအားခြောက်တာ။ ယမ်းခွဲသံ မကြားခင်မှာ “ဂလုတ် . . .ဂလုတ် . . .”ဆိုတဲ့ မိုင်းဘိနပ်သံတွေ အယင်ကြားရသတဲ့။ သေတဲ့လူတွေက လမ်းလျှောက်နေတာ နေမှပေါ . . .”
စတိုးကလပ်ကို ကျော်မင်းစကားပြန်ကြားယောင်ရင်း၊ ကျနော်ကြောက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီး မွေးညှင်းများထလာနေပြီ။ လယ်ဗယ်ထဲမှာ ဘယ်မိုင်းသမားမှမရှိဘဲ မိမိတစ်ယောက်ထဲကျန်နေသဖြင့် ြမေအောက်၌ သေသွားသည့် မကျွတ်မလွတ်သေးသော မိုင်းသမားတွေကလာပြီး ခြောက်တော့မှာလား။ ပြီးရင် . . .ယမ်းခွဲသံတွေ ပေးတော့မှာလား။
ောက်စိတ်တွေ ပိုမိုပြီးဝင်လာသဖြင့် မျက်လုံးလည်းမဖွင့်ရဲတော့။ ဖွင့်လည်း ပိန်းပိတ် အောင်မဲ မှောင်နေသော အမှောင်ထုသာတွေ့ရမည်မဟုတ်လား။ ခုတော့ . . . မဖွင့်ရဲ၊ ဖွင့်မိလျှင် ီးသေသွားလိမ့်မည်။
ောက်စိတ်တွေနှင့်အတူ၊ ပင်ပန်းသည့်စိတ်၊ ဆာလောင်သည့်စိတ်တွေကြောင့် အသက်ရှုမဝတော့ပဲ၊ မောပန်းနွမ်းလျလာပြီး၊ လူမှာမောဟိုက်လာနေပြီ။ ခန္ဓာကိုယ်မှာလည်း ထိန်းမထားနိုင်တော့သဖြင့် လယ်ဗယ်နံရံ ကိုမှီကာ အိပ်ပျော်သွားပြီလား၊ မူးမေ့သွားပြီးလား၊ ကျနော့်ကိုကျနော်မသိတော့။
x x x x x
“ဂလုတ် . . . ဂလုတ် . . . ဂလုတ် . . .”
စ်နေချိန်တွင် ကျနော့်နားထဲ၌ မိုင်းဘိနပ်သံကြားနေရသည်။ဟင်. . .ဒီ. . . ဒီ. . .ဒီအသံတွေဟာ. . ောက်စိတ်တွေစိုးမိုးလာပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများရွဲလာ နေပြီ။
“ကိုအုက်ကျုံး . . . ကိုအိုက်ကျုံး၊ ကျနော့်ကိုကူညီပါဦး။ ကျနော်ကြောက်လှပြီ . . .”
ကယောင်ကတမ်းဖြင့်အော်နေသော်လည်း ၊ ဘာသံမှထွက်မလာ။ အာခေါင်တွေလည်း ောက်မက်ဖွယ်ရေကျသံကြီးနှင့်အတူ . . . ကျနော့်ခေါ်သံသဲ့သဲ့ကြားနေရပြီ။
“လူသစ်ကလေး၊ လူသစ်ကလေး. . . ”
ီးတွေက ငါ့ကို ခေါ်နေ တာလား။ တစတစ . . .အသံကနီးလာပြီ။ ကြောက်စိတ်ကြောင့်မျက်လုံးကို လက်ဝါး(၂)ဖက်ဖြင့် အုပ်ထား လိုက်မိသည်။ သို့သော် . . . လက်ဝါးအုပ်ထားသည့်ကြားမှပင်၊ ကျနော့်မျက်လုံးထဲ၌ အလင်းတန်းလိုလို၊ ရောင်ခြည်မျှင်လိုလို ပေါ်လာ သည်။
“လူသစ်ကလေး၊ လူသစ်ကလေး. . . ”
မိုင်းဘိနပ်သံကလည်းနီးလာပြီ၊ မီးရောင်ကလည်း . . . မျက်လုံးအိမ်ထဲကတစတစဝင်လာပြီ၊ နားကိုပို၍ စွင့်လိုက် သည်။ ဒီအသံကြားဖူးသလိုလိုဘဲ၊ သို့ဖြင့် . . . မျက်လုံးကိုမရဲတရဲဖွင့်ကြည့်လိုက်သည်။ အသံရှင်သည် ကျနော်နှင့်နီးလာပြီ၊ နီးလာပြီ။ တစ္ဆေလား၊ လူလား။
“ဟင် . . . လူသစ်ကလေး၊ ဘယ်လိုဖြစ်နေတာလဲ၊ ဟင် . . .”
အို. . . ကိုအိုက်ကျုံးရဲ့အသံပါလား။ သေချာပြီ။ ကိုအိုက်ကျုံးရဲ့အသံပါဘဲ၊ ောလိုက်မိသည်။
ောက်လွန်းလို့ ကျနော်သေတော့မှာ . . .”
ီပဲကွာ။ ထ . . .ထ၊ ဘာမှမကြောက်နဲ့ . . .”
ကိုအိုက်ကျုံးအားပေးစကားသံကြားရတော့ ကျနော်၏အားငယ်စိတ်၊ ကြောက်စိတ်၊ ပင်ပန်းနွမ်းလျ နေသောစိတ်များပျောက်သွားကာ ရုတ်ချည်းအားတက်လာမိသည်။ သို့သော် . . .လူမှာမလှုပ်ချင်တော့။ ကိုအိုက်ကျုံးကို မှီတွဲကာ ဂိတ်ဆီသို့ လိုက်လာခဲ့သည်။
ောတာကိုး။ ငါ့ကို မင်းစောင့်ခိုင်း ရင် . . .ဒီလိုဖြစ်မှာမှုတ်ဖူး။ ခုတော့ . . .”
စ်တင်စကားဆိုနေသည်။
စိတ်ပူပန်စွာဖြင့် စောင့်နေသည့် ယမ်းထွန်း၊ စက္ကင်း၊ ကိုဘဲလာတို့က လိုက်တော့၊ ယမ်းထွန်းက ကရုဏာလေသံတိုးတိုး လေးဖြင့် . . .
“လူသစ်ကလေး၊ ဘာမှမကြောက်နဲ့ ဘာမှစိတ်အားမငယ်နဲ့။ မိုင်းထဲမှာ စ်သွားတာ။ နောက်ဆိုရင်တော့ . . . ယမ်းထွန်းတို့အဖွဲ့နဲ့ အတူဝင်၊ အတူထွက်၊ ကိုယ့်အဖွဲ့နဲ့ကိုယ်နေ၊ ကွဲမသွားနဲ၊ တစ်ယောက်ထဲမနေခဲ့နဲ့။ ဒါသင်ခန်းစာ ဘဲ . . .”
ယမ်းထွန်းစကားသံဆုံးသွားချိန်တွင် နံပါတ်(၅)လယ်ဗယ်မှကျနော်တို့စီးလာသော ဂိတ်ပုံးမှာနံပါတ်(၂)လယ်ဗယ် သို့ ရောက်လာပြီ။ ဂိတ်ပုံးထဲမှထွက်လာပြီး မိုင်းသာနံပါတ်(၂)လယ်ဗယ်လိုဏ်ဝမှ ထွက်လိုက်တော့ . . .ရောင်ခြည် တစ်ထောင် င်တွေ့လိုက်ရသဖြင့် ကျနော်မျက်လုံးများကျိန်းစပ်သွားသည်။
အင်း . . . မှုန်ဝါးဝါးကာဗိုက်မီခွက်ငယ်လေး တစ်လုံးနှင့်မြေအောက်ကမ္ဘာထဲမှာ ဖြတ်သန်းရဦးမည်ဆိုတာ . . .ကျနော်မသိ။ ။
ဆင်တဲဝမြတ်မင်း
No comments:
Post a Comment