မိုင်ကချူး
ဆင်တဲဝမြတ်မင်း
(၁၉၉၉ ခုနှစ်၊ ဇူလိုင်လ စတိုင်သစ်မဂ္ဂဇင်း အမှတ်၇၆)
ညနေမိုးချုပ်လို့အနောက်ဘက်တောင်တန်းမှာ နေလုံးကြီးဝင်သွားတော့ လက်ဖက်ခင်းထဲက ပြန်လာခဲ့ကြတယ်။ အပြန်လမ်း မှာကျွန်မမလှုပ်ချင်ဘူး။ ခြေထောက်ကလည်းညောင်း၊ လက်ကလည်းနာ၊ လက်ဖက်ပလိုင်းလည်းထမ်းလာရတာဆိုတော့ ခေါင်းလည်း ကျိန်းလှပြီ။ အရွေးတို့မောင်နှမက အိမ်အပြန်လမ်းမှာ မမောမပန်း စကားတွေပြောနေပေမယ့် တစ်နေကုန်လက်ဖက်ခူးရတော့ ကျွန်မ မလှုပ်ချင်တော့ဘူး။ ထမင်းလည်းဆာလှပြီ။
]အိုးမလော့}ရွာနားက ဖြတ်လာတော့ ကျွန်မတို့လိုပဲ လက်ဖက်ခူးပြန်လာတဲ့လူတွေ ပလိုင်းကိုယ်စီနဲ့. . .။ ဗမာတွေ၊ ရှမ်းတွေ၊ ပလောင်တွေ. .တစ်ယောက်နဲ့တစ်ယောက် လှမ်းစကားပြောလို့.. . . ။ ပလောင်သီချင်းတွေလည်းဆိုလို့.. . . ။ သူတို့ ကျတော့လည်းမောတယ်.. ပန်းတယ်ဆိုတာ ရှိဟန်မတူဘူး။ အင်း. . .သူတို့ရဲ့ဘ၀ကို သူတို့ပျော်မွေ့နေကြပါကလား.. ။
ရေချောင်းရောက်တော့ ကျွန်မတို့လည်း မျက်နှာသစ်ကြ၊ ရေသောက်ကြနဲ့ခဏနားကြတယ်။ တခြားရွာက လက်ဖက်ခူးပြန် လာတဲ့ ပလောင်ကောင်လေးတွေလည်း အော်ကျယ်အော်ကျယ်နဲ့ စကားပြောရင်း ကျွန်မတို့နားရောက်လာတယ်။ ကျွန်မတို့. . .ရေ ချောင်းကအထွက်. . .သူတို့လည်းရေချောင်းနားအရောက် . . ရွှေအေးနဲ့အရွေးကို ပလောင်လိုလှမ်းအော်ပြောနေတယ်။ ကျွန်မနား မလည်ဘူး။ စကားသံတွေက ဆူညံနေတယ်။ မောမောရှိတာနဲ့ ကျောင်းနေဖက်သူငယ်ချင်းရွှေခင်ပြော. .ပြောနေတဲ့ ပလောင်စကားနဲ့ သူတို့ကို လှမ်းပြောလိုက်တယ်။
]]ဟေး. . .မိုင်ကချူး.. }}
ကျွန်မအသံက ရေချောင်းဖြတ်မသွင်းခင်မှာပဲ ပလောင်ကောင်လေးတွေရဲ့ ]ဝါး}ကနဲရယ်သံကို ကြားရတော့ ကျွန်မရှက်သွား တယ်။ ရွှေအေးနဲ့ အရွေးတို့ကလည်းကျွန်မကိုကြည့်ပြီး ရယ်နေကြတယ်။ အင်း. . .တန်းခန်းထဲမှာ ]ဟိုက်တောင်ရွာ}က ပလောင်မလေး ရွှေခင်ပြောတဲ့ ]]မိုင်ကချူး}}ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာမှန်းမသိဘဲပြောမိတာတော့ မှားပြီထင်ပါရဲ့။ ကျွန်မတို့ စကား တစ်ခွန်းပြောတိုင်းရွှေခင်က လက်ညှိုးလေးနဲ့ ပါးပြင် ထိခတ်ရင်း ]]မိုင်းကချူး}}လို့ အမြဲတမ်းပြောတဲ့စကားသံက နားထဲစွဲနေပြီ။
]]အရွေး အဲဒီကောင်လေးတွေက ဘာလို့ရယ်တာလဲ. . .}}
ကျွန်မသိချင်လို့ အရွေးကိုမေးတော့ ရွှေအေးကကြားဖြတ်ပြီး . .
]]မချိုပြောတဲ့စကားက ရယ်စရာပါနေတာကိုး...}}
]]ဘာ. . ငါ့စကားက ရယ်စရာ. . .ဟုတ်လား. . ။ နေပါဦး.. ဘယ်လိုရယ်စရာလဲ. . }}
]]ခုနက အကျင်းတို့က ကျွန်တော်တို့ကို ပလောင်လိုလှမ်းပြောတယ်။ မင်းတို့အိမ်မှာ အပျိုမချောချောလေးရောက်နေတယ်လို့ ကြားတယ်။ ညကျ.. လာလည်မယ်လို့ပြောတာလေ. . . ။ အဲဒါကို မချိုက မိုင်ကချူးလို့ပြောတော့ သူတို့ရယ်တာပေါ့. . .}}
]]နေပါဦး. . . မိုင်ကချူးဆိုတာဘာတဲ့လဲ. . }}
]] မိုင်ကချူးဆိုတာက. . မင်း. . ညာတယ်လို့ပြောတာ. . ။ သူတို့ပြောလိုက်တဲ့စကားကို မချိုက ]မင်းညာ တယ်}လို့ပြောတော့ သူတို့သိပ်သဘောကျသွားတယ်။ ဗမာမက ပလောင်လိုပြန်ပြောတတ်ပါလားဆိုပြီး ပိုသဘောကျနေတာလေ. . }}
ရွှေအေးရှင်းပြမှပဲ ကျွန်မလည်းကျိတ်ပြုံးလေးပြုံးမိတယ်။ အဲဒီစကားကိုလည်း တိုးတိုးလေးရွတ်ဆိုလိုက်မိတယ်။
]] မိုင်ကချူး}}
အိမ်ရောက်ရောက်ချင်း ပလိုင်းချပြီး နားမယ်ကြံတုန်းရှိသေး. . ။ လက်ဖက်ချိန်ရပြန်တယ်။ သားအမိနှစ်ယောက်ခူးတာ ၁၃ ပိဿာရတယ်။ အမေက ရေသွားခပ်ဦးဆိုလို့အရွေးနဲ့လိုက်ခဲ့တယ်။ ဝါးကျည်တောက်တွေပလိုင်းထဲထည့်ပြီး သွားခပ်ရတယ်။ ရေ ချောင်းကလည်း ရွာအရှေ့ဘက် လျှိုကြီးထဲမှာ. ..။ အိမ်နဲ့တော်တော်လှမ်းတယ်။ ရေခပ်ကအပြန်မှ ထမင်းချက်ရမှာ။ အမေ ထမင်းချက်ရင် ကျွန်မက လက်ဖက်လိမ်း(လက်ဖက်နယ်)ရမှာ. . ။ တစ်ခါမှလည်း မလုပ်ဘူးတော့ ဖြစ်မှဖြစ်ပါ့မလား။ အေးလေ. . ဒီနေ့တောင် မခူးတတ်ခူးတတ်နဲ့ ခူးပြီးသွားပြီမဟုတ်လား. . ။ အလုပ်ကပဲသင်သွားမှာပဲမဟုတ်လား. .။ လက်ဖက်ခူးတဲ့လူက လက်ဖက်ခူးပြီး ပေါလိန်း..မဲလိန်းဆီအပ်ရုံနဲ့တာဝန်က မပြီးသေးဘူး။ ကိုယ်ခူးလာတဲ့လက်ဖက်တွေကို ပေါင်းအိုးကြီးတွေနဲ့ထည့် ပေါင်း..၊ ပြီးရင်အဲဒီလက်ဖက်ပူပူကြီးကို လက်ထဲထည့်ပြီး တစ်ညွန့်စီဖြစ်အောင်၊ သေးသေးလေးတွေဖြစ်အောင် လိပ်ရတယ်။ အဲဒါကို လက်ဖက်လိမ်းတယ်လို့ ပလောင်တွေကပြောကြတယ်။
ကျွန်မတို့ အိမ်ပြန်ရောက်တော့ လက်ဖက်တွေကို ပေါင်းအိုးထဲကသွန်ချစ ပဲရှိသေးတယ်။ မလေး၊ မရှမ်းမ၊ ကိုကံရှိန်နဲ့ အမေတို့လက်ဖက်စ လိမ်းနေပြီ။အမေ့ကို ထမင်းချက်ဖို့ပြောပြီးကျွန်မလက်ဖက်စလိမ်းလိုက်တယ်။ ပေါင်းအိုးထဲကချချချင်းလက်ဖက် တွေစုရုံးပြီး လက်နှစ်ဖက်နဲ့တဖျပ်ဖျပ် လှည့်ရိုက်လိုက်တယ်။ အို. . ပူလိုက်တာ. . ပူလိုက်တာ။ လက်ဖက်ရွက် ပြားပြားလေးတွေ ကိုလိပ်အောင်လှည့်ပတ်နယ်ရတာ မလွယ်လှပါလား။
]]မချို. . ကျွန်တော်တို့ကူလိမ်းမယ်. . }}
ဝဲတဲတဲ အသံကို မော့်ကြည့်လိုက်တော့ ကျွန်မကို ဝိုင်းဟားတဲ့ကောင်တွေ. ..။ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်နဲ့ ကောင်လေးက ကျွန်မကို ပြုံးစပ်စပ်နဲ့ မဝံ့မရဲကြည့်နေတယ်။
]]နေပါစေ. . ရပါတယ်. .}}
ကျွန်မလက်တွေပူနေပြီ။ လက်ဖက်တွေက အများကြီး ကျန်သေးတယ်။ ကျွန်မစကားမဆုံးခင်မှာပဲ ပလောင်ကောင်လေး သုံးယောက်ကျွန်မနားရောက်လာတယ်။
]]မချို.. ထိုင်နေ. . ။ ကျွန်တော်တို့လိမ်းမယ်. . . }}
သူတို့သုံးယောက်ပေါင်းအိုးထဲက လက်ဖက်တွေကို ခပ်ကြီးကြီးစုရုံးပြီး လက်နှစ်ဖက်နဲ့ ကျွမ်းကျွမ်းကျင်ကျင်နယ်တယ်။ ခဏကြာတော့ ကျွန်မတို့တစ်ဖွဲ့လုံးရဲ့လက်ဖက်တွေ အားလုံးပြီးသွားတယ်။
]]မချိုရှိတာကောင်းတယ်။ မြန်မြန်ပြီးတယ်။ အကျင်းတို့နေ့တိုင်းမချိုကိုလာပြီး လက်ဖက်ကူလိမ်းနော်. }}
လိမ်းပြီးသား လက်ဖက်ဖျာကြီးတွေကို ရွှေ့ရင်း ရွှေအေးကပြောလိုက်တယ်။ အကျင်းမျက်နှာကို ကျွန်မလှမ်းကြည့်လိုက် တော့ ရှက်ကိုးရှက်ကန်း အမူအယာနဲ့ ခေါင်းငုံ့သွားတယ်။ ကျွန်မစိတ်ထဲမှာ အကျင်းတို့သုံးယောက်ကို ကျိတ်ပြီး ကျေးဇူးတင်မိ တယ်။ သူတို့လာကူလို့ပေါ့. . ။ နို့မို့ဆိုရင် ကျွန်မလက်တွေ အရေခွံ ကျွတ်ကုန်မလားပဲ. . ။ ကိုကံရှိန်၊ မလေး၊ မရှမ်းမတို့က တော့ အကျင်းတို့ကို ကျေးဇူးမတင်ဘူး။ ကျွန်မကိုပဲ ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်နေကြတယ်။
]]ရွှေအေး. . . ဟောင်ပေါင်း. . ဟောင်ပေါင်း. . }}
]]အရွေး. . . ဟောင်ပေါင်း. . ဟောင်ပေါင်း. . }}
မနက်အစောကြီးအိမ်ရှင် ပေါလိန်း(လက်ဖက်ခြံပိုင်ရှင် အမျိုးသား)က သူ့သားသမီးနှစ်ယောက်ကို ထမင်းစားဖို့ နှိုးခေါ် တော့မှ ကျွန်မလည်း အိပ်မှုန်စုံမွှားနဲ့လူးလဲထလိုက်တယ်။ အမေတို့အားလုံးက ထမင်းချက်ပြီးလို့ ချိုင့်ထဲတောင်မှ ထည့်နေကြပြီ။ ဟင်းကတော့ အခြားမရှိဘူး။ မဲလိန်း(လက်ဖက်ခြံပိုင်ရှင်အမျိုးသမီး)ပေးတဲ့တိုဟူးချဉ်နဲ့ မုန်ညင်းချဉ်ပဲ. . ။ သူတို့ကတော့ ဒီဟင်းနှစ်မျိုးကို ပဲ တစ်လှည့်စီစားနေကြတာ. ။ ဟင်းကတော့ အလကားပေးတယ်။ ဆန်ကတော့ ကိုယ့်ဆန်နဲ့ကိုယ်. .။ တောင်ပေါ်မှာ ဆန်တစ်ပြည် တစ်ရာ့ငါးဆယ်ကျပ်တဲ့။ ဘော်တွင်းမှာ တစ်ရာ့တစ်ဆယ်. . တစ်ရာ့နှစ်ဆယ်လောက်ပဲရှိတာ။ တောင်ပေါ်ရွာတွေမှာ အစစ ဈေးကြီးတယ်။
ဟိုး.. အရင်နှစ်တွေကဆိုရင် ပလောင်တွေက သူတို့အိမ်မှာ ထမင်းကျွေးပြီး လက်ဖက်ခူးခိုင်းတာ။ သူ့ထမင်းစားဆိုရင် လက်ဖက်တစ်ပိဿာ တစ်ဆယ်ပေးတယ်။
ခူးချင်တဲ့လူက ကိုယ့်ထမင်းကိုယ်စားပြီး လာခူးရင်ရတယ်။ တစ်ပိဿာ အစိတ်ပေးတယ်။ ဒါကြောင့် ဒီနှစ် . . ရွှေဖီချိန် မှာလက်ဖက်ခူးတဲ့လူတအားနည်းသွားတယ်။ ကျွန်မတို့သားအမိတောင်မှ ကိုယ့်ဆန်နဲ့ကိုယ်တောင်ပေါ်သယ်ပြီး လက်ဖက်ခူးရမယ် ဆို ရင်တော့ မသွားတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် အဖေ့ရဲ့မိုင်းလစာနဲ့မလောက်တော့ လက်ဖက်ခူးလိုက်လာခဲ့ရတာပေါ့လေ. .။နွေကျောင်းပိတ်ရက်လည်း အလကားမနေရဘူးလေ. . ။ ဘော်တွင်းအလုပ်သမားတွေအဖို့ ရွှေဖီပေါ်ချိန်ဟာ ငွေပေါ်ချိန်မဟုတ် လား။ တစ်နှစ်လုံးယူသုံးထားတဲ့ အကြွေးတွေကို ဒီငွေနဲ့ပဲ ဆပ်ရတာပဲမဟုတ်လား။
ဒီမနက် လက်ဖက်ခင်းသွားတဲ့ အချိန်မှာ မနေ့ကလောက် မချမ်းဘူး။ ညကလည်း သိပ်ပြီးမချမ်းဘူး။ မိုးတိမ်တွေက ပြည့်လို့.. ။ နေရောင်တောင်မမြင်ရသေးဘူး။ သင်္ကြန်နီးလို့မိုးရိပ်ပြတယ်ထင်ပါရဲ့။ သင်္ကြန်ကို ရောက်တော့မှာပါလား။ သင်္ကြန်မိုးရွာ ဖို့ မိုးရိပ်တွေဆင်နေတယ်ထင်ပါ့.. ။
]]ဝေး.. မချို..လက်ဖက်ခူးသွားပြီလား. . }}
]အိုးမလော့}ရွာဘေးရဲ့ ခင်တန်းပေါ်ရောက်တော့ ခပ်လှမ်းလှမ်းလက်ဖက်ခြံထဲက လှမ်းခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ လွယ်အိတ်ရှည်ရှည်ကြီးတွေလွယ်ပြီး လက်ဖက်ခူးနေတဲ့ အကျင်း(အိုက်ကျင်း)၊ အအေး(အိုက်အေး)နဲ့ အလန်း(အိုက်လန်း).. . ။
]]အေး..အေး.. လက်ဖက်ခူးသွားပြီဟေ့...}
ကျွန်မလည်းသူတို့ကို ပြန်အော်ပြောလိုက်တယ်။
]]အကျင်းရေ. .}}
ခပ်လှမ်းလှမ်းရောက်မှ သတိရလို့ ကျွန်မလှမ်းဟစ်လိုက်တယ်။
]]ဘာလဲမမ. .၊ ဘာလဲ မချို. .}
ပလောင်သံဝဲဝဲနဲ့ ]မမ}လို့ပြောတဲ့အသံလေးကို ကျွန်မသိပ်သဘောကျပြီး ပါးစပ်ဖွင့်ရယ်မိတယ်။ ]မမ}တဲ့၊ ငါနဲ့ သက်တူ ရွယ်တူလောက်ပဲရှိတဲ့ဥစ္စာများ. .။ ကျွန်မရယ်တော့ အကျင်း ရှက်နေမယ်ထင်ရဲ့. .။ အင်မတန် အရှက်ကြီးတတ်တဲ့အကျင်း. .။
မနေ့ညကလည်း အကျင်း၊ အအေးနဲ့ အလန်းတို့ ကျွန်မဆီလာလည်ကြတော့ ထင်းမီးဖိုကြီးဘေးမှာ ကျွန်မထိုင်ပေးနေရ တယ်။ ပလောင်ထုံးစံက တစ်မျိုး. . ။ မိန်းမပျိုရှိတဲ့အိမ်ကို ယောက်ျားလေးလူပျိုလာလည်လို့ရတယ်။ အိမ်အောက်လှေခါးရင်းမှာ ဖိနပ်တွေရှိနေပြီဆိုရင် လူပျိုတစ်ဖွဲ့ရောက်နေပြီဆိုတာသိပြီ။ ဒါဆိုရင် နောက်လာတဲ့လူပျိုတွေက အိမ်ပေါ်မတက်တော့ဘဲ တန်းပြီး လှည့်ပြန်သွားကြတယ်။ ပလောင်မဟုတ်ပေမယ့် သူ့ရွာရောက်တော့ သူ့ထုံးစံအတိုင်း လိုက်ရတယ်။ ကျွန်မစိတ်ထဲတော့ ဆန်းကြယ် နေတယ်လေ။ ညတုန်းကလည်း အကျင်းကကျွန်မနဲ့ စကားပြောချင်ပေမယ့် ရှက်နေလို့လားမသိဘူး။ ထမင်းစားရေသောက် ပဲမေး တယ်။ ပြောတယ်။ သူတို့အချင်းချင်းပြောတာများတယ်။ ကျွန်မလည်း ညောင်းလွန်းလို့ အိပ်ချင်ပေမယ့် အကျင်းတို့အားနာတာနဲ့ပဲ ထိုင်ပေးနေရတယ်။ ညနေက လက်ဖက်ကူလိမ်းပေးထားတာမဟုတ်လား...။ အိပ်ရာထဲဝင်ရင်ရိုင်းသွားမယ်လေ. . ။ ညသူတို့ပြန်မှ ကျွန်မလည်းအိပ်ရတယ်။ သူတို့ပြန်သွားတော့ သန်းခေါင်တောင်ကျော်နေပြီ။ ပြန်သာသွားရော အကျင်းကရှက်တတ်လို့ ကျွန်မ ကိုတောင်ရဲရဲကြည့်သွားဟန်မတူဘူး. .။ အခုလည်း ကျွန်မရယ်သံကြားတော့ ရှက်ရှက်နဲ့ပြန်မေးနေတယ်ထင်တယ်။
]]ဘာလဲမချို. .}}
]]ညနေကျလက်ဖက်ကူလိမ်းပေးဦးမလား. .}}
]]ကူလိမ်းပေးမှာပေါ့. .။ ညနေကျ မချိုဆီကို ကျွန်တော်တို့ လာခဲ့မယ်. .}}
]]အကျင်း]ကချူး}နေတာပါ. . ။ တကယ်လာမှာ မဟုတ်ဘဲနဲ့}}
]] ကျွန်တော်. . မ]ကချူး}ဘူး. .မချို. . ။ ညနေ တကယ်လာမှာ. . }}
အကျင်းရဲ့ပလောင်သံဝဲဝဲလေးဟာ ကျွန်မနားထဲက မထွက်ဘူး။ တခြားလူတွေပြောတဲ့ အသံနဲ့မတူဘဲတစ်မျိုး နားထောင် ကောင်းနေတယ်။
ည မှောင်ရီသန်းလို့ လက်ဖက်ခူးကပြန်လာပြီး ခဏအကြာဆိုရင် အကျင်းတို့သုံးယောက် ရောက်လာပြီး ကျွန်မတို့ကို ကူပြီး လက်ဖက်လိမ်းတော့တာပဲ။ ညနေတိုင်း ကူလိမ်းရမယ့် တာဝန်ကို အကျင်းက အပိုင်ယူထားသလိုပဲ။
]]မချိုရှိတာ ကောင်းတယ်. . ။ လက်ဖက်လိမ်းတာ မြန်မြန်ပြီးတယ်။ ပလောင်တောင်ကနေ ပြန်သွားမှာ နှမြောတယ်. . }}
နေ့တိုင်လိုလို အကျင်းတို့ လက်ဖက်ကူလိမ်းပေးတော့ အိမ်ရှင်ရွှေအေးက နောက်နောက်ပြောင်ပြောင် ပြောနေတယ်။
]]သမီးချောတော့ အရပ်ပြောတဲ့. .။ မချိုချောတော့ တို့သက်သာတာပေါ့. .}}
ကျွန်မတို့အဖွဲ့ထဲက မရှမ်းမကလည်း မထိတထိစတယ်။
]] အဒေါ့်သမီးတော့ ပလောင်ရွာမှာပဲ နေခဲ့ရတော့မယ်ထင်တယ်နော့. .}}
မလေးကတော့ အမေ့ကို စိုးရိမ်သလို ကျီစယ်နေတယ်။
သူတို့က ရယ်ရွန်းပတ်ရွန်းနဲ့ နောက်ပြောင်နေတာကို ကျွန်မက ပြုံးနေပေမယ့် အကျင်းကတော့ ခေါင်းကြီးငုံ့ပြီး လက် ဖက်လိမ်းနေတော့တာပဲ။ လက်ဖက်လိမ်းရင်း ထမင်းစားရေသောက် နားလည်အောင် ကျွန်မလည်းပဲ ပလောင်စကားသင်တယ်။ကျွန်မ က ချက်ချင်းလက်ငင်း ပလောင်လိုပြန်ပြောလိုက်တဲ့အခါများ အကျင်းတို့အဖွဲ့ သိပ်သဘောကျကြတယ်။ ပလောင်သံဝဲဝဲနဲ့ ချီးကျူး တတ်ကြတယ်။အိမ်ရှင်ရွှေအေးနဲ့ အရွေးတို့မောင်နှမကလည်း အကျင်းနဲ့ ကျွန်မစကားပြောရယ်မောနေရင်လိုက်ရယ်နေတတ်တယ်။
ဒီလိုနဲ့ ကျွန်မလည်း ဒီရွာလေးမှာ လက်ဖက်ခူးရတာ ပျော်ပိုက်လာတယ်။ အကျင်းတို့စားတဲ့ တို့ဟူးချဉ်၊ မုန်ညင်းချဉ်၊ မျှစ်ချဉ်ကို ကြိုက်လာတယ်။ ပန်လုံးရေ သောက်ရတာချိုလာတယ်။ ပလောင်စကားတွေပြောရတာ ခံတွင်းတွေ့လာတယ်။ ရိုးသားတဲ့ သူတို့အပြုံးတွေကို နှစ်သက်လာတယ်။ ည. . ညမှာ ထင်းမီးဖိုကြီးဘေးထိုင်ပြီး အကျင်း၊ အအေး၊ အလန်းတို့နဲ့ ရယ်ပွဲဖွဲ့ရတာကို ပျော်ရွှင်လာတယ်။ နေ့ခင်းလက်ဖက်ခူးလို့ ပင်ပန်းတာတောင် မေ့နေတတ်တယ်။ အကျင်းတို့ပြန်သွားမှာကို စိုးရိမ်နေမိတယ်။ အမေက ]]အိပ်တော့လေ. .သမီး။ မနက်လည်း လက်ဖက်ခူသွားရဦးမှာ..}} လို့ပြောမှ အကျင်းက အလိုက်တသိနဲ့ ]]အမေကြီးက အိပ်ချင်နေင်္ပြီ။ တို့ပြန်ကြရအောင်.. }}ဆိုပြီးသူတို့ပြန်သွားမှ ကျွန်မလည်းအိပ်ရာထဲဝင်ခဲ့တယ်။
ဒီနေ့ကျတော့ အအေးနဲ့ အလန်းတို့မပါဘဲ အကျင်းတစ်ယောက်တည်း လာလည်တယ်။ သူ့ကြည့်ရတာ ကျွန်မကိုတစ်ခုခု ပြောချင်နေသလိုပဲ။ ထင်းမီးဖိုကြီးဘေးမှာ အကြာကြီးထိုင်နေပေမယ့် စကားကတော့ တစ်ခွန်းမှမထွက်ဘူး။ ကျွန်မလည်း သူစကား ပြောလာအောင် မခံချင်တဲ့စကားပြောလိုက်တယ်။
]]အကျင်း အရက်သောက်လာတယ်ထင်တယ်. . }}
]]မသောက်ပါဘူး. .မမ၊ အဲ. .မသောက်ပါဘူး. .မချို}}
မဟုတ်ကြောင်းကို လက်နဲ့ခါပြတော့ ကျွန်မအရမ်းရယ်ချင်တယ်။ ဒါပေမယ့်ရယ်ချင်စိတ်ကိုချိုးနှိမ်ပြီး. . .
]]သောက်လာပါတယ်. .။ မျက်နှာကြည့်ရင်သိပါတယ်။ အကျင်း]ကချူး}နေတာပါ}}
]]ကျွန်တော်မ]ကချူး}ဘူးမချို။ ကျွန်တော်. . .မ]ကချူး}တတ်ပါဘူး}}
အဲဒီညက ညနက်အထိမနေတော့ဘဲ စောစောပြန်သွားတယ်။ ကျွန်မမျက်စိထဲမှာတော့ ရှက်ရွံ့နေတဲ့အကျင်းရဲ့ မျက်နှာလေး ကိုပဲမြင်နေတယ်။ နားထဲမှာတော့ ကျွန်တော် မ]ကချူး}တတ်ပါဘူး.. ဆိုတဲ့ ပျာပျာသလဲနဲ့ပြန်ပြောတဲ့အသံလေးကိုပဲကြားယောင် နေတယ်၊၊
ဒီနေ့ဆိုရင် သင်္ကြန်အကြတ်နေ့တောင်ရောက်လာပြီ။ ခုချိန်ထိ သင်္ကြန်မိုးတစ်ဖြိုက်နှစ်ဖြိုက်တောင် မကျသေးဘူး။ နေ ကတော့ ထွက်လာကတည်းကပူလိုက်တာ...။ မိုးမရွာတာပဲ လက်ဖက်ခင်းရှင်တွေက သဘောကျနေကြတယ်။ ဒါမှရွှေဖီမိုးလွတ် လက် ဖက်ရွက် နုနုလေးတွေက သောက်လို့ကောင်းမှာတဲ့။ ဈေးကောင်းကောင်းရမယ်တဲ့. .။ အရင်နှစ်တွေက ရွှေဖီပေါ်ချိန်ဆိုရင် တောင် ပေါ်မှာ လက်ဖက်ခြောက်တစ်ပိဿာမှ တစ်ရာ့ငါးဆယ်. . ။ ဒီနှစ်တော့ တောင်ပေါ်မှာကိုပဲ နှစ်ရာ့ငါးဆယ်ဈေး။ ဆန်ဈေး တက် တော့ လက်ဖက်ဈေးလည်းတက်လာတယ်။
မနှစ်က. . . ခုလိုချိန်မှာ ဆိုရင် ကျွန်မတို့ ဘော်တွင်းမှာ ရေကစားလို့ပေါ့။ ဘော်တွင်းကနေ နမ္မတူ သွားပြိုင်တဲ့ သံချပ်အဖွဲ့တွေ၊ ယိမ်းအဖွဲ့တွေ. .ဒီဇယ်ရထား၊ ကားရထားတွေနဲ့သွားရင်းပျော်ရွှင်လို့ပေါ့. . ။ ယိမ်းကတဲ့အထဲမှာ ပါလို့ ကျွန်မ လည်း မြူးရွှင်လို့ပေါ့။ ခေါင်းပေါ်မှာလည်း စိန်ပန်းပြာပန်းတွေဝေလို့ပေါ့. .။ ခုတော့.. .
သင်္ကြန်ပန်းဆိုလို့ လက်ဖက်ခင်းရဲ့ အရှေ့ဘက် ငုစပ်ပင်ကြီး ပွင့်နေတာပဲ မြင်နေရတယ်။ ပန်ချင်ပေမယ့်လည်း လက်ဖက် ခူးနေရတော့ ပန်ခွင့်ကမကြုံဘူးလေ။ လက်ဖက်ပင်တွေရဲ့ ကိုင်းဖျားလေးတွေနှိမ်ပြီး စိမ်းဖန့်ဖန့် လက်ဖက်နုနုလေးတွေ ခူးရင်းနဲ့ ဒီနှစ်သင်္ကြန်ကို ကုန်ဆုံးရတော့မှာပေါ့။
]]ဝေး. .မချို}}
ဟိုး. ခပ်ဝေးဝေးတောင်စောင်းလက်ဖက်ခင်းထဲကနေ လှမ်းခေါ်သံသဲ့သဲ့ကြားလို့ ကျွန်မနဲ့အရွေးကြည့်လိုက်တော့ အကျင်း တို့အဖွဲ့ဆင်းလာတာမြင်နေရတယ်။ ဟိုတစ်နေ့ကတည်းက သင်္ကြန်အကြတ်နေ့မှာ ကျွန်မကို လက်ဖက်ကူခူးပေးမယ်လို့ပြောခဲ့တာကို ကျွန်မက စနေတယ်ပဲထင်နေတာ။ အဲဒီနေ့ကလည်း ဘုမသိဘမသိနဲ့ ကျွန်မရယ်နေရသေးတယ်။
အဲဒီနေ့က ကျွန်မလည်းလက်ဖက်ခူးသွားတော့ အကျင်းတို့လက်ဖက်ခြံနားလည်းရောက်ရော . .
]]မချို. . သင်္ကြန်အကြတ်နေ့မှာ ကျွန်တော်]ရက်ပေး}မယ်။ ရမလား . .}
အကျင်းပြောတဲ့စကားနားမလည်ဘဲဖြစ်နေတယ်။ ပလောင်စကားကို ထမင်းစားရေသောက် နားလည်ပေမယ့်]ရက်ပေးမယ်} ဆိုတဲ့စကားကို ကျွန်မနားမလည်လို့ယောင်နနဖြစ်နေတုန်း အရွေးက. ..
]] မချို . . ရက်ပေးလှဲ့. . ရတယ်လို့ပြန်ပြောလိုက်. . .}}လို့ပြောတာနဲ့ ကျွန်မလည်း. .
]]အေး. . အေး. . ၊ ရက်ပေးလှဲ့. ။ ရတယ်. .ရတယ်. . }}လို့ မဝံ့မရဲပြန်ပြောလိုက်ရတယ်။
]]မချိုကလည်း အçကို အတယ်. . }}
]]ဟဲ့၊ သူပြောတဲ့စကားအဓိပ္ပါယ်မှမသိတာ. . }}
]]မှတ်ထား၊ ရက်ပေးမယ်. . ရမလားဆိုတာ လက်ဖက်ကူခူးပေးမယ်. .ရမလားလို့မေးတာ။ သင်္ကြန်ရောက်ရင် ကျွန်မတို့ ပလောင်တွေထုံးစံက လူပျိုလေးတွေကတစ်ရက်နားကြတယ်။ နားတဲ့ရက်မှာ ကိုယ်ကြိုက်တဲ့ အပျိုမေကို လက်ဖက်ကူခူးပေးတဲ့ ထုံးစံရှိတယ်။ လက်ဖက်ခူးပေးရင် ရေလောင်းတယ်။ ရည်းစားစကားပြောတယ်။ အဲဒါကို စိတ်မဆိုးရဘူး။ ဒေါသမထွက်ရဘူး။ အခုလည်း အကျင်းက မချိုကို လက်ဖက်ခူးပေးပြီး ရေလောင်းလိမ့်မယ်။ ပြီးတော့. . . }}
အရွေးပြောပြတော့မှ ကျွန်မအားပါးတရ ရယ်မိတော့တယ်။ အခုလည်း အကျင်း၊ အအေးနဲ့ အလန်းတို့ သီချင်းတွေ အော်ဆိုရင်း ကျွန်မတို့ဆီလာနေတယ်၊ ဟို. . အရှေ့ဘက်လက်ဖက်ခြံထဲကလူတွေက လက်ဖက်ခူးရင်းသီချင်းတွေဆိုလို့. ။ ပလောင်ကလည်း ပလောင်သီချင်း. . ၊ ရှမ်းကလည်း ရှမ်းသီချင်း. . .၊ ဗမာကလည်းဗမာသီချင်း. . ။
]]လက်ပံပွင့်တွေ___ လေတိုက်ကြွေလိုက်တဲ့ခါ___ တဝဲဝဲဝေ့ကာ__လေယာဉ်ပမာ__}}
နွေလေရူးနဲ့အတူ သီချင်းသံက ကျွန်မတို့ဆီလွင့်လာတယ်။ အမေ၊ ကိုကံရှိန်နဲ့ ကျွန်မတို့က ဗမာသီချင်းသံကြားတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိကြတယ်။ နေကပူ. .လက်ဖက်ခူးရတာပင်ပန်းဆိုတော့စိတ်ရဲ့ထွက်ပေါက်အနေနဲ့ တစ်ယောက်နဲ့တစ်ယောက်စကြ. . .နောက်ကြတဲ့အသံ၊ တစ်ခြံနဲ့တစ်ခြံလှမ်းပြီးဟစ်တဲ့]]ဟေး. .ဟေး}ဆိုတဲ့အသံတွေဟာ လက်ဖက် ခြံတွေရဲ့အပေါ် တောတောင်လျှိုမြောင်တလွှားအပေါ် ပဲ့တင်ရိုက်ခတ်နေတယ်။
]]မချို . .လက်ဖက်တွေအများကြီးရပြီလား. . }}
လက်ဖက်ခင်းရဲ့အောက်ခြေကနေ မောမောနဲ့လှမ်းပြောတဲ့အသံကိုကြားလိုက်ရတော့ ကျွန်မသိပ်ပျော်သွားတယ်။
]]အကျင်းက သိပ်သနားစရာကောင်းတယ်။ တမြန်နှစ်က သူ့အဖေဆုံးသွားလို့ ကျန်ခဲ့တဲ့ အမေရယ်၊ အငယ်ကလေးငါး ယောက်ကို သူတစ်ယောက်တည်းလုပ်ကိုင်ကျွေးနေတာ။ ကိုယ်ပိုင်လက်ဖက်ခြံမရှိဘူး။ ရွှေဖီချိန်၊ ခါးကန့်ချိန်၊ ခါးဟော့ချိန်၊ ခါးနိုင်ချိန်တွေကို လှည့်ခူးရင်းနဲ့သူ့မိသားစုကို ထမင်းဝအောင်ကျွေးနေရတာပေါ့. .မချို}}
လက်ဖက်ကိုင်းတွေလှမ်းဆွဲပြီး ခူးမယ်အလုပ် အရွေးကပြောလိုက်တော့ ရင်ထဲတစ်မျိုးဖြစ်သွားတယ်။ ကျွန်မအကျင်းလေးကို သနားသွားတယ်။ အော်. . သူ့ဘ၀ဆင်းရဲလွန်းလို့ လူတွေကို ရဲရဲမကြည့်ရဲတာဖြစ်မှာပေါ့။ ရင်မဆိုင်ရဲတာဖြစ်မှာပေါ့။ ကျွန်မကို လည်းရဲရဲမကြည့်ဘဲ ရှက်ရွံ့နေတာဖြစ်မှာပေါ့။ ရုတ်တရက် နုသစ်စလက်ဖက်ရွက်လေးတွေကို ခူးဖို့ကျွန်မမေ့နေတယ်။
]]မချို. .နားနေ. .နားနေ. .။ ကျွန်တော်တို့ခူးမယ်. .}}
ဝဲတဲတဲအသံကြားမှ နောက်လှည့်ကြည့်လိုက်တော့ အကျင်း၊ အအေးနဲ့အလန်းတို့ရပ်လို့.. ။
]]အကျင်းတို့ မလာတော့ဘူးလို့ထင်တာ.. ။ ]ကချူး}နေတယ်ထင်တာ. . .}}
]]ကျွန်တော်မ]ကချူး}တတ်ပါဘူး. .မချို၊ မချို.. အပင်ရိပ်မှာ ထိုင်နေပါ. . }}
နေကခေါင်းပေါ်ရောက်ခါနီးလို့တအားပူလာတယ်။ မနက်ကလိမ်းခဲ့တဲ့ သနပ်ခါးထူထူလည်းမရှိတော့ဘူး။နဖူးပြင်မှာတွဲနေတဲ့ ချွေးတွေသုတ်ရင်း အကျင်းကိုကြည့်လိုက်တယ်။ သူကျွန်မကို ခိုးကြည့်နေတာ ကျွန်မမြင်တော့ ခေါင်းကြီးငုံ့သွားတယ်။ အော်. .ရှက်တတ်လွန်းတဲ့ အကျင်းရယ်..။
အအေး၊ အလန်းနဲ့ အရွေးတို့က ကျွန်မတို့နဲ့ ဝေးတဲ့နေရာတွေမှာ သွားခူးကြတယ်။ ကျွန်မလည်း မနားဘဲနဲ့ လက်ဖက် ခူးတယ်။ အကျင်းတို့သုံးယောက်ခူးတာကတော့ တကယ်မြန်တယ်။ ကျွန်မပလိုင်းထဲ လက်ဖက်တွေ ခဏခဏလာထည့်ကြတယ်။ မြင့်တဲ့လက်ဖက်ပင်တွေဆိုရင် အကျင်းက ကိုင်းနှိမ်ပေး. . ကျွန်မကခူး။ ကျွန်မအနားက အကျင်းမခွာဘူး။ စကားလည်း မပြော ဘူး။ လက်ဖက်ခူးပေးပြီးရင် ရေလောင်းမယ်တဲ့. . ။ ပြီးတော့ . .၊၊ ကျွန်မရင်ထဲ လှုပ်ရှားနေတယ်။ တဒိတ်ဒိတ်ခုန်တော့မလိုဘဲ..။ ခဏကြာတော့ အကျင်း အောက်ဘက်ဆင်းသွားပြီး ပြန်တက်လာတယ်။
]]မချို. . ကျွန်တော်ရေလောင်းမယ်နော်. . ။ စိတ်ဆိုးမှာလား. . .}}
အော်.. လက်စသတ်တော့ ရေသွားယူတာကိုး. . ။ ကျွန်မက ပြုံးယဲ့ယဲ့လေးနဲ့. .
]]စိတ်မဆိုးပါဘူး. .အကျင်းရာ။ သင်္ကြန် ဆိုတာ ရေလောင်းကြရတဲ့ဥစ္စာ. . }}
ကျွန်မပခုံးပေါ်ကနေ တဖြည်းဖြည်းလေးလောင်းတယ်။ အို. . နွေနေပူရဲ့ အပူတွေ ပျောက်သွားသလိုပဲ. ..။ ကျွန်မရင်ထဲ အေးမြသွားတယ်။
လက်ဖက်ခင်းရဲ့ အရှေ့ဘက်ထိပ် ငုစပ်ပင်ကြီးပေါ်က ]ကုကူ. . ကုကူ}}ဆိုတဲ့ငှက်သံက ချိုမြမြလေးနဲ့ လက်ဖက်ခင်း တွေအပေါ်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ပျံ့လွင့်နေတယ်။ ကျွန်မက ငုစပ်ပင်ပေါ် လှမ်းကြည့်တော့ အကျင်းလည်းလိုက်ကြည့်တယ်။
]]မချို. .ကျွန်တော်. .စကားနည်းနည်းပြောချင်လို့. . ။ စိတ်ဆိုးမှာလား. . }}
အကျင်းမျက်နှာကိုကြည့်လိုက်တော့ခေါင်းငုံ့သွားတယ်။ အကျင်းရယ်. . မင်းဘာပြောမယ်ဆိုတာ မချိုသိပြီးသားပါကွာ. .။
]]နေ့တိုင်းပြောနေတဲ့ဥစ္စာ. . ၊ အဆန်းလုပ်လို့အကျင်းရာ. .။ နည်းနည်းမဟုတ်ဘူး...များများပြောလည်းရတယ်}}
ခမ်းလှမ်းလှမ်းက အအေးနဲ့အလန်းတို့က ]ခွိ}ကနဲရယ်လိုက်ကြတယ်။ ကျွန်မလှမ်းကြည့်တော့ အရယ်ရပ်သွားတယ်။ အကျင်း ကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက ကျွန်မကိုစိုက်ကြည့်လို့။ ဒီတစ်ခါတော့ ခေါင်းငုံHUမသွားပါလား. . .။ သူ့အကြည့် ထဲမှာ ရိုးသားဖြူစင်မှုတွေ ပါနေသလိုပဲ. . .။ ကြင်နာမှုတွေပါနေသလိုပဲ.. ။
]]မချို. . .မချို ဘော်တွင်းကို မပြန်ပါနဲ့လား၊ တောင်ပေါ်မှာဘဲနေရစ်ခဲ့ပါလား။ တောင်ပေါ်ရွာမှာပဲ နေမလားဟင်..။ နေမှာ မဟုတ်ပါဘူး။ မချိုတို့က ဖောင်တိန်ကိုင်မယ့်လက်တွေပါ။ ကျွန်တော်တို့တောင်ပေါ်က ပလောင်လိုမျိုး ပေါက်ပြားကိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်တွေက ကြမ်းတယ်။ မချိုရဲ့လက်ကလေးတွေက နုနုလေးတွေ. .}}
ကျွန်မလက်ထဲက လက်ဖက်တွေကို ပလိုင်းထဲထည့်လိုက်ရင်း သူ့ကို ငေးကြည့်လိုက်တယ်။ ကျွန်မကို မေးတယ်ဆိုပေမယ့် သူ့စကားထဲမှာ အဖြေတွေပြောသွားသလိုပဲလေ. . ။ ငုစပ်ပင်ကြီးပေါ်ကနေ အော်မြည်နေတဲ့ ငှက်သံဟာ ကျွန်မတို့ လက်ဖက်ခင်းရဲ့ မြောက်ဘက်နားမှာရှိတဲ့ အင်ကြင်းပင်ကြီးပေါ် ပြောင်းသွားပြီး ]ကုကူ..ကုကူ}}လို့အော်မြည်နေတုန်းပဲ. . ။
]]ဘာငှက်လဲ မသိဘူး။ အသံကနားထောင်လို့ကောင်းလိုက်တာ.. .}}
အကျင်းရဲ့စကားဟာ သူ့ရင်ထဲကပြောချင်တဲ့စကား အမှန်မဟုတ်သေးဘူးဆိုတာ ကျွန်မရိပ်မိလို့ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
]]အဲဒီငှက်ကို ပလောင်တွေက ကုကူငှက်လို့ခေါ်ကြတယ်။ ]ကုကူ..ကုကူ}}ဆိုတာ ]နုပြီ. .. နုပြီ}လို့ပြောနေတာ။ လက်ဖက် တွေနုပြီလို့ အော်ပြောနေတာနေမှာပေါ့။ ]ကုကူ}ငှက်ကလေးက တခြားအချိန်တွေမှာ ပျောက်နေပြီး ရွှေဖီပေါ်တဲ့အချိန်မှာ ရောက်လာလို့ ]ရွှေဖီငှက်}လို့ ကျွန်တော်တို့ ပလောင်တွေကခေါ်ကြသေးတယ်}}
ကျွန်မကိုမကြည့်ဘဲ အကျင်းခပ်တိုးတိုးပြောနေတယ်။ သူသိပ်ရှက်နေတယ်ထင်တယ်။ ကျွန်မကိုပြောချင်တဲ့စကား တဲ့တိုး မပြောရဲဘူးထင်တယ်။ ကျွန်မထင်ထားတဲ့စကား မပြောပါလား အကျင်း. . ။ အမှန်ပြောရရင် အကျင်းပြောမယ့်စကားကို ကျွန်မအသည်းနှလုံးနဲ့ နားထောင်ဖို့ အသင့်စောင့်မျှော်နေတယ်ဆိုတာ အကျင်းမသိလေရော့သလားကွယ်။
]]အကျင်း. .}}
]]ဘာလဲ. . မမ။ အော်. .ဘာလဲ မချို. . }}
ဝဲတဲတဲနဲ့ ပြန်ထူးတဲ့အသံလေးကြားရတာကျွန်မကြည်နူးသွားတယ်။ ကျွန်မက မပွင့်တပွင့်ရယ်မောနေတော့ အကျင်း. . လက်ဖက်တွေပဲ မဲပြီးခူးနေတယ်။
]]တကယ်လို့ မချို...တောင်ပေါ်မှာ နေမယ်ဆိုရင် ဘယ်သူက ထမင်းကျွေးမှာလဲ...}}
]]ကျွန်တော်က ကျွေးမှာပေါ့. . မချို။ မချို. .တောင်ပေါ်မှာ တကယ်နေခဲ့မှာလားဟင်.. }}
စကားလုံးတွေ ခလုတ်တိုက်မလား ထင်ရလောက်အောင် အကျင်းက မြန်မြန်ကြီး ပြောတော့ ကျွန်မရင်ထဲလှပ်ကနဲ ခံစားနေရတယ်။
]]ကျွေးမှာ မဟုတ်ပါဘူး . .။ အကျင်း]ကချူး} နေတာပါ. .}}
]]ကျွန်တော်မ]ကချူး}ပါဘူး. .မချို..}}
လက်ဖက်ပင်လေးတွေ ယိမ်းခါသွားမလား ထင်မှတ်ရလောက်အောင် ကျွန်မအူပေါက်မတတ်ရယ်နေတော့ အကျင်းလည်း ကျွန်မနဲ့အတူတူ လိုက်ပြီးရယ်နေတယ်။ ဒီအချိန်မှာပဲ ]ကုကူ}ငှက်သံလေးလည်း လွင့်ပျံ့လာတယ်။
]]ကျွန်တော်မ]ကချူး}တတ်ပါဘူး. }}ဆိုတဲ့ ပလောင်သံဝဲဝဲလေးရယ်. . ၊ ကုကူ ငှက်သံလေးရယ်ကတော့ ကျွန်မရဲ့ ရင်ထဲ အတင်းဖောက်ခွဲပြီး ဝင်သွားသလိုပါပဲလေ. . ။
နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေအေးနဲ့လျှောက်လည်မယ်၊ ညနေမှ အမေ့ကို လက်ဖက်ပလိုင်းလာထမ်းမယ်လို့ပြောတော့ အမေကခွင့်ပေးတယ်။ အမေ၊ မလေး၊မရှမ်းမနဲ့ ကိုကံရှိန်တို့ လက်ဖက်ခူးသွားကြတယ်။
မနက်မိုးလင်းတော့ ရွှေအေးက လက်ဖက်ဖြန့်ထားတဲ့ ဖျာကြီးတွေကို အိမ်အပြင်ဘက်ထုတ်ပြီးလှမ်းနေတယ်။ ညကလိမ်းပြီး သားလက်ဖက်တွေကို သေးသေးမျှင်မျှင်ရအောင်လုပ်ပြီး ဖျာပေါ်ဖြန့်ပြီးနေပြရတယ်။ ဒါမှ မြန်မြန်ခြောက်မယ်မဟုတ်လား. .။ လက်ဖက်ဖျာချပ်ကြီးတွေကို တလင်းအနှံ့ လှမ်းပြီးတော့ ရွှေအေးနဲ့ကျွန်မ အိမ်ကထွက်ခဲ့ကြတယ်။
ပန်လုံးရွာရဲ့ တောင်ဘက်က ]နမ့်ကျင်း}ရွာကို ရောက်လာတယ်။ ဒီရွာလေးကလည်း တောင်စောင်းဘေးမှာ .. ။ ရွာရဲ့ အလယ်မှာ ချောင်းဖြတ်စီးနေတာက တကယ်လှမှလှ. .ကျယ်လည်းကျယ်. . ရေစီးလည်းသန်. . စိမ်းလဲ့နေတာပဲ။ ချောင်းကမ်းဘေးတွေမှာ သစ်ပင်ချုံနွယ်တွေနဲ့ စိမ်းစိုစို. . ။
ချောင်းကမ်းဘေးမှာ အဝတ်လျှော်တဲ့လူ၊ ရေချိုးတဲ့လူ၊ ငါးမျှားနေတဲ့လူတွေဆူလို့. . ညံလို့..။ ပလောင်ကလေးတွေ တစ်ယာက်နဲ့တစ်ယောက် ရေပက်တမ်းကစားနေတုန်းဘဲ . .။ ကျွန်မနဲ့ရွှေအေးလည်းနမ့်ကျင်းချောင်းကို ဆန်တက်လာခဲ့ကြတယ်။
]]မချို. . အဲဒါလက်ဖက်ခြောက် အချိုစက်ရုံပေါ့.. }}
ချောက်းကမ်းဘေးမှာ စက်ရုံခပ်ကြီးကြီးကို တွေ့ရတယ်။ နုတဲ့လက်ဖက်တွေကို လက်ဖက်ခြောက်လုပ်ပြီး အရွက်ကြမ်းတဲ့ လက်ဖက်ဆိုရင် အချိုခြောက်လုပ်တဲ့ စက်ရုံကို သွင်းကြတယ်။ အချိုခြောက်လုပ်တဲ့ စက်ရုံမှာ ရေမောင်းဆုံကြီးနဲ့ လက်ဖက်တွေ ထောင်းလို့။ ထောင်းပြီးသားလက်ဖက်တွေကို တဟုန်းဟုန်းတောက်နေတဲ့ အုတ်မီးဖိုကြီးရဲ့အပေါ်က သွပ်ပြားတွေပေါ်တင်ပြီး လှော်တဲ့ လူကလှော်လို့. . ။ လှော်ပြီးသား အချိုခြောက်တွေကို ဇကာတွေနဲ့ ချတဲ့လူက ချုလို့. . ။ အချိုခြောက်အိတ်တွေကို လား တွေ၊ မြင်းတွေရဲ့ ကျောကုန်းပေါ်မှာ တင်တဲ့လူက တင်လို့. . ။ အလုပ်သမား ပလောင်လေးတွေက ကျွန်မတို့ကို လိုက်ကြည့် နေတယ်။
အပေါ်ဘက်စက်ရုံနားရောက်တော့ ပလောင်တွေ ခြေချင်းလိမ်နေတယ်။ ဆိုင်းတန်းတွေလည်းပြည့်လို့။ အရက်ဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ ထမင်းဆိုင်၊ အလှပစ္စည်းရောင်းတဲ့ဆိုင်၊ အို. .တောဈေးလေးကျနေတာပဲ။ ရောင်းတဲ့လူတွေကြည့်လိုက်တော့ တရုတ်တွေ၊ တရုတ်မတွေ. . ။ ညနေဆိုရင် ပလိုင်းကိုယ်စီနဲ့ လက်ဖက်လာသွင်းတဲ့ ပလောင်တွေနဲ့တအားစည်ကားနေမယ်ထင် တယ်။
ရေချောင်းအတိုင်းဆန်တက်လာတော့ လားတွေ၊ မြင်းတွေရဲ့ကျောပေါ်မှာ အိတ်တွေနဲ့ နောက်က လူလေးငါးယောက် ခင်တန်းပေါ်က ဆင်းလာတာတွေ့တော့ ရွှေအေးက အဲဒါပလောင်တွေဆီက ရွှေဖီလက်ဖက်ခြောက်သိမ်းလာတဲ့တရုတ်တွေတဲ့. . ။
နမ့်ကျင်းရွာ အပေါ်နားရောက်တော့ သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ လူသွားလမ်းလေးပေါ်ကနေ သီချင်းတွေ အော်ဆိုလာတဲ့ ပလောင်ကောင်လေးသုံးယောက်က ကျွန်မနဲ့ ရွှေအေးကို မြင်တော့ ပြေးဆင်းလာကြတယ်။ ရွှေအေးကို ပလောင်လို လှမ်းမေးနေတယ်။
]]ရွှေအေးရေ. . အဲဒီဗမာမတကယ်]ကရိုး}တယ်ကွာ. .}}
လျှာထိုးဦးထုတ်အဖြူဆောင်းထားပြီး ဂျင်းဂျာကင်ဝတ်ထားတဲ့ ခပ်ချောချော ပလောင်လေးက ကျွန်မကို ကြည့်ပြီး ပြောနေ တယ်။ သူ့အသံက ပလောင်သံ မဝဲဘဲ ဗမာသံ ပီပီသသထွက်နေတယ်။
]]ကရိုးတယ်ဆိုတာ ဘာလဲ. .ရွှေအေး}}
]]လှတယ်လို့ပြောတာ. . ၊ မချိုက သိပ်လှတယ်လို့ လှမ်းပြောတာ}}
ကျွန်မနားရောက်လာတော့ ခပ်ချောချောကောင်လေးက. .
]]ကျွန်တော်တို့ မချိုကို ရေလောင်းမယ်နော်}}
ရဲတင်းပွင့်လင်းလှချည့်လား။ စကားသံပီသလှချည့်လား။
]]အလကားတော့ မလောင်းရဘူး. . ။ ရေလောင်းရင် လက်ဖက်ကူခူးရမယ်. .}}
ကျွန်မစကားဆုံးတော့ သူတို့ မျက်နှာတွေ ပြုံးရွှင်သွားတယ်။
]]စိတ်ချ. .ကူခူးမယ်။ အခု. .ရေအရင်လောင်းမယ်}}
ကလေးတွေဆီက ရေခွက်နဲ့ နမ့်ကျင်းချောင်းထဲပြေးခပ်ပြီး ကျွန်မကို ဝိုင်းလောင်းကြတယ်။
နေစောင်းချိန်မှာ အမေတို့ ခူးတဲ့ လက်ဖက်ခြံဆီပြန်လာတော့ လမ်းမှာ ရွှေအေးက စကားပြောလာတယ်။
]]မချိုတော့ ည. ည. အိပ်ရေးပျက်ဦးမှာပဲ။ အဲဒီကောင်တွေ ညတိုင်း မချိုဆီလာတော့မှာပဲ။ ဦးထုတ်အဖြူနဲ့ကောင်ကိုမချို သတိထားမိလား။ သူ့နာမည်က အထူးတဲ့..။ နမ့်ကျင်းရွာက. .။ သူ့အဖေက လက်ဖက်ခြံဆယ်ခြံလောက်ရှိတယ်။ ပလောင်သူဌေးပဲ။ အထူးက ဒီနှစ်ဆယ်တန်းဖြေထားတယ်။ နမ္မတူမြို့ကျောင်းမှာ နေတယ်။ နောက်ကသူ့သူငယ်ချင်းနှစ်ယောက်ရဲ့ အမည်က အဘန်းနဲ့ အညှိုး။ ဒီကောင်တွေ ခဏနေ ကျွန်တော်တို့နောက် လက်ဖက်ခြံထဲ လာလိမ့်မယ်။ အခု အချိုခြောက်စက်ရုံကို သွားဦးမယ်တဲ့. . }}
ဟိုး. .ခင်တန်းပေါ်က ]ကုကူ}ငှက်သံက ကျွန်မတို့ဆီ ဝေ့လာနေတယ်။ ဒီငှက်သံကြားတော့ အကျင်းကို ပြေးသတိရနေတယ်။ သင်္ကြန်အကြတ်နေ့က ကျွန်မကို မဝံ့မရဲနဲ့ ပြောခဲ့တဲ့စကားသံကို ကြားယောင်နေတယ်။ အခုချိန်ဆိုရင် အကျင်း တစ်ယောက် လက်ဖက်တွေ ခူးနေရောပေါ့။
အမေတို့ကို လက်ဖက်တွေကူခူးပြီး အိမ်ပြန်လာချိန်ထိ အထူးတို့ရောက်မလာဘူး။ ဒီကောင်တွေရေလောင်းချင်လို့ပဲ ညာသွားတာဖြစ်မယ်။ တကယ်လည်းကူမခူးဘဲနဲ့။ အိုးမလော့ရွာနားရောက်တော့မှ အထူး(အိုက်ထူး)၊အဘန်း(အိုက်ဘန်း)နဲ့အညှိုး (အိုက်ညှိုး)တို့ပြေးလိုက်လာပြီး ကျွန်မတို့ ပလိုင်းတွေကို ဝင်ကူထမ်းကြတယ်။
]]ကျွန်တော်တို့ လက်ဖက်ခြံကို လိုက်ရှာတာ မတွေ့ဘူး။ မချိုက. .လိမ်တယ်လို့ထင်နေမှာပဲ. . .}}
အထူးကရှင်းပြရင်း ကျွန်မဘေးကလိုက်လာတယ်။ အဘန်းနဲ့ အညှိုးကလည်း စကားတွေ ရွန်းရွန်းဝေအောင် ပြောလာကြတယ်။ သူတို့ ကျွန်မကိုမြင်မြင်ချင်းပဲရင်းရင်းနှီးနှီးခင်မင်ကြတယ်။ အိမ်ရောက်တော့လည်း သူတို့ပဲ လက်ဖက်တွေပေါင်း၊ လက်ဖက်တွေလိမ်းကြတယ်။
အထူးတို့လက်ဖက်လိမ်းနေတုန်း အကျင်းတို့အဖွဲ့ရောက်လာတယ်။ အရွေးက. . . ကျွန်မကို လက်တို့တယ်။ အကျင်းက အိမ်ပေါ်သွားမထိုင်ပဲ ကျွန်မနဲ့ အထူးကို စူးစူးနစ်နစ်ကြည့်နေတယ်။
]]အကျင်းလာလေ. . ။ လက်ဖက်ကူမလိမ်းတော့ဘူးလား}}
ကျွန်မကချိုသာတဲ့အသံနဲ့ခေါ်တာတောင်မှ အကျင်းက အအေးနဲ့အလန်းကို ခေါ်ပြီးချာကနဲလှည့်ထွက်သွားတယ်။ ကျွန်မရင် ထဲ ကျင်ခနဲခံစားလိုက်ရတယ်။ ကျွန်မအကျင်းနောက်ကို လိုက်ပြီးငေးကြည့်နေမိတယ်။ အော်. .အကျင်းရယ်. . ။
ညမှာတော့ အကျင်းတို့လာမှာပါ အတွေးနဲ့ တစောင့်စောင့်မျှော်နေပေမယ့် အိပ်ရာဝင်တဲ့အထိ အရိပ်အရောင်တောင် မတွေ့ ရဘူး။ ညမှာအထူတို့အဖွဲ့ပဲရောက်လာပြီး စကားဝိုင်းဖွဲ့ကြတယ်။ အညှိုးနဲ့အဘန်းကအရင်ပြန်သွားတယ်။ အထူးတစ်ယောက်တည်း နေခဲ့တယ်။ အထူးနဲ့ ကျွန်မကအတန်းချင်းတူတော့ ကျောင်းစာတွေအကြောင်းပြောနေတယ်။ညနက်တဲ့အခါကျတော့ အထူးက ကျွန်မကို စိုက်ကြည့်ပြီး . .
]]ဟောဒီပလောင်တောင်ကို နှစ်တိုင်းဗမာမတွေ လက်ဖက်လာခူးကြတယ်။ ဒါပေမယ့် မချိုလောက် ချောတဲ့လှတဲ့သူ မတွေ့ သေးဘူး. . }}
]]မချို. . မလှပါဘူး။ အထူးက ဗမာစကားတတ်တိုင်း မြှောက်ပြောနေတာပါ. . }}
]]မမြှောက်ပါဘူး။ တကယ်ပြောတာပါ. . ။ မချိုမျက်နှာကိုမြင်မြင်ချင်းခင်သွားတယ်၊၊ ဟို. .ဗမာစကားပုံ တစ်ခုနဲ့ သွားတူ တယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့စကားနဲ့ မချိုက ဆုတောင်းပြည့်ခဲ့တယ်ထင်တယ်. . .}}
မီးအရှိန်ကောင်းတဲ့ ထင်းမီးဖိုကြီးရဲ့မီးရောင်ဟပ်နေတဲ့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီး အထူးက ပြောနေတယ်၊ ဗမာ စကားကောင်းကောင်းပြောတတ်မှာပေါ့။ နမ္မတူမြို့ကျောင်းမှာ သွားနေတဲ့ဥစ္စာ. . ။ နောက်ညတွေလည်း အထူးတို့အဖွဲ့ရောက် ရောက်လာတယ်။ တကယ်တော့ နမ့်ကျင်းရွာနဲ့ ပန်းလုံးရွာက အဝေးကြီး. .။အသွားအပြန်လေးနာရီလောက်လျှောက်ယူရတယ်။ သူတို့အဖွဲ့ညဆို သန်းခေါင်သန်းနွှဲမှ ပြန်ကြတာ. .။ ကျွန်မအံ့ဩလို့မဆုံးဘူး။
]]မိန်းမပျိုရှိတဲ့အိမ်ကို ညဥ့်နက်သန်းခေါင်သွားပြီးလည်ကြပတ်ကြတဲ့ထုံးစံကလည်းတစ်မျိုးပဲနော်. . . }}
ဒီညမှာ အထူးကစကားထူးစကားဆန်းပြောနေတော့ ကျွန်မအံ့ဩသွားတယ်။ ညဥ့်နက်သန်းခေါင်လူပျိုလှည့်တဲ့ ပလောင် ထုံးစံကို သူမနှစ်မြို့ဘူးထင်ပါ့. . ။ ဒါဆိုရင် နောက်ည. .ညတွေမှာ ကျွန်မဆီလာမလည်တော့ဘူးထင့်ပါ့. ..။ တွေးရင်း ကျွန်မ ဝမ်းသာမိပြီး သူ့စကားဆက်နာထောင်နေလိုက်မိတယ်။
]]ဟောဒီ . ပန်လုံး၊ အိုးမလော့၊ နမ့်ကျင်း၊ ခေးခင် ပလောင်ရွာတွေထဲကအပျိုတွေကိုလည်း မြင်ဖူးတယ်။ နမ္မတူမြို့ ပေါ်ကအပျိုတွေလည်း မြင်ဖူးတယ်။ ဒါပေမယ့် မချိုလောက် ကရိုးတဲ့လူ(လှတဲ့လူ)မရှိဘူး။ ဒါကြာင့် နမ့်ကျင်းကနေ မချိုရှိတဲ့ ပန်လုံးရွာကို ညတိုင်း. . ညတိုင်းလာလည်မိတဲ့ ကျွန်တော်ကိုယ်ကျွန်တော် နားမလည်တော့ဘူး။ ခုတော့လည်း မိန်းမပျိုရှိတဲ့အိမ်ကို ညဥ့်နက်သန်းခေါင် အိပ်ရေးပျက်ခံပြီး လည်ပတ်တဲ့ ပလောင်တွေရဲ့ ဓလေ့ထုံးစံကို သဘောကျသလို ဖြစ်နေပြန်ရော. .}}
အမလေး. . စကားတတ်လိုက်တဲ့အထူး။ မပြုံးဘဲနဲ့ဝါးလုံးကွဲအောင် ရယ်လိုက်ချင်တော့တယ်။ အိပ်မောကျနေတဲ့ ပန်လုံးရွာ ကို အားနာလို့သာပေါ့။ မကြာပါဘူး. . .။ နောက်သုံးရက်မြောက်တဲ့ညမှာတော့ အထူးက ကျွန်မကို စာတစ်စောင် ပေးခဲ့တယ်။ အိပ်ချင်ယောင်ဆောင်နေတဲ့ရွှေအေးကကြားတော့ နောက်တစ်နေ့ လက်ဖက်ခူးရင်းနဲ့ နောက်ပြောင်နေတယ်။ ဒီရက်ပိုင်းမှာ ဆိုရင် အထူးဟာ ညနေတိုင်းလက်ဖက်လာလိမ်းပေး၊ ညနက်တဲ့အထိ လာလည်တော့ ထင်လဲထင်စရာပေါ့။ နောက်မယ်ဆိုလည်း နောက်စရာပဲလေ. . .။ နမ့်ကျင်းချောင်းနဲ့အပြိုင် နောက်ထပ်ချောင်းတစ်ခုပေါက်အောင် အထူးဖောက်နေသလားမသိဘူး။
အထူးရေးတဲ့စာထဲမှာ ]အို့အုံးမိုင်}(ငါမင်းကိုချစ်တယ်)လို့ပဲရေးထားတယ်။ နောက်တစ်ရက်ညနေ လက်ဖက်ခူးကပြန်လာတော့ အဖြေတောင်းတယ်။ တကယ်တော့ ကျွန်မအထူးကို မမုန်းဘူး၊ မချစ်ဘူး၊ ခင်ပဲခင်တာ. . .။
ခင်မင်မှု တိုတောင်းတဲ့ရက်ပိုင်းအတွင်းမှာ ချစ်စကားကြိုက်စကားပြောလာတဲ့အထူးကိုတော့]လက်ဖက်ကောင်းစားချင် ရင် ပလောင် တောင်တက်နှေး}ဆိုတဲ့စကားကို ဖွင့်မပြောတော့ဘဲနဲ့ လိမ္မာတဲ့ အဖြေပဲပေးထားခဲ့မိတယ်။ ဒီစကားတွေပြောနေတဲ့အချိန်မှာ ကျွန်မအကျင်းကို သတိရနေတယ်။ သူကျွန်မဆီမလာတာ တော်တော်ကြာနေပါပကော. . .။ အထူးတို့လက်ဖက်စလိမ်းပေးတဲ့ နေ့ကစပြီး မလာတော့ဘူး။ ကျွန်မကိုစိတ်ဆိုးနေပြီလား အကျင်းရယ်။ တစ်ညနေ ရေချောင်းကအပြန်မှာ အကျင်းနဲ့ ပတ်သက်တဲ့ စကားကို အရွေးကပြောတယ်။
]]မချိုက အထူးနဲ့ချစ်နေတာပါ။ တစ်ရွာလုံးကပြောနေကြတယ်။ ငါ့လိုဆင်းရဲတဲ့ ပလောင်ကို မခင်ပါဘူး။ ချမ်းသာတဲ့အထူးကိုပဲ ပိုခင်မှာပေါ့..။ ပြီးတော့ သူတို့တွေကလည်း အတန်းပညာကလည်း တူတယ်ဆိုတော့ ငါ့လိုစာမတတ်တဲ့၊ ပေါက်တူးပေါက်နေရတဲ့၊ တစ်ရွာလုံးရဲ့ အခိုင်းခံနေရတဲ့ ဆင်းရဲသားပလောင်ကို ဘယ်ခင်ပါ့မလဲအရွေးရယ်. . လို့မနေ့က အကျင်း ပြောပြတယ်မချို.. }}
အရွေးစကားဆုံးတော့ ကျွန်မလုံးဝစိတ်မကောင်းဘူး။ အော်.. ငါ့ကို အထူးနဲ့ချစ်ကြိုက်နေတယ်လို့ အကျင်းက အထင်မှား နေတာကိုး. . ။ ဒါကြောင့် ငါ့ဆီကို မလာဘဲရှောင်နေတာကိုး.. ။
]]အထူးနဲ့ငါမချစ်ပါဘူး။ အထူးကိုလည်းခင်တယ်။ အကျင်းကိုလည်းခင်တယ်။ ဟိုတစ်နေ့က လက်ဖက်ခြံထဲမှာ အရွေးပြော ပြလို့ အကျင်းအကြောင်းသိရတော့ငါလေ. . အကျင်းကို ပိုပြီးသနားသွားတယ်။ ပိုတောင်ခင်ပါတယ်. . အရွေးရာ၊ တကယ်ကို ပြောတာ...}}
ကျွန်မပြောလိုက်တဲ့စကားကို အရွေးကိုပြန်ပြောပြတယ်ထင်တယ်။ ဘော်တွင်းပြန်မယ့်နေ့ မတိုင်ခင် နှစ်ရက်လောက်အလိုမှာ ကျွန်မဆီကို အကျင်းရောက်လာတယ်။ ကျွန်မအရမ်းဝမ်းသာသွားတယ်။ အမျိုးအမည်ဖော်ပြလို့မရနိုင်တဲ့ ဝေဒနာတစ်ခုဟာ ကျွန်မရင်ထဲဘောင်ဘင်ခတ်နေတယ်။ ထုံးစံအတိုင်းသူ့မျက်နှာကတော့ ရှက်ရွံ့နေတုန်းပဲ။ အထူးနဲ့ ချစ်ကြိုက်နေတာမဟုတ်ကြောင်း၊ အကျင်းကိုပိုခင်ကြောင်း ပြောပြတဲ့အခါ သူ့မျက်နှာဟာ ဝင်းလက်နေတာပဲ။ သန်ဘက်ခါ ဘော်တွင်းကို ပြန်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာတော့ အကျင်းမျက်နှာဟာ သိသိသာသာညှိုးသွားတယ်။ အဲဒီနေ့ကျရင် လက်ဖက်ခူးဖျက်ပြီး တုန်ပဲချောင်းနား အထိ ကျွန်မကို လိုက်ပို့မလို့တဲ့။ လက်ဖက်ခူးပျက်မှာစိုးလို့ လိုက်မပို့ပါနဲ့လို့ အခါခါပြောပေမယ့်မရဘူး။ အမှတ်တရ အနေနဲ့ လိုက်ပို့ချင်တယ်တဲ့လေ. . ။ အဲဒီစကားတွေပြောနေတဲ့အချိန်မှာ အကျင်းက ကျွန်မကို အတင်း စိုက်ကြည့်နေတယ်။ သူ့မျက်လုံး အကြည့်ထဲမှာ ကျွန်မကို စကားတွေအများကြီးပြောနေသလိုပဲလေ။ သူပြောတဲ့စကားသံတွေဟာလည်း ကျွန်မရဲ့ အသည်းနှလုံး အနီး တစ်ဝိုက်မှာ ဝေ့ဝဲနေသလို ခံစားနေရပြန်တယ်လေ။
ဒီနေ့ ဘော်တွင်းပြန်မှာမို့ စောစောအိပ်ရာကထကြတယ်။ ပစ္စည်းတွေကို ပလိုင်းထဲစုထည့်ကြတယ်။ ရွှေအေးတို့ မိသားစုက တို့ဟူးချဉ်နဲ့ မုန်ညင်းချဉ်အပြင် အိမ်သောက်ဖို့ လက်ဖက်ခြောက်တစ်ပိဿာစီ လက်ဆောင်ပေးလိုက်သေးတယ်။
ရက်ပေါင်းနှစ်ဆယ်ကျော်ကျော်နေခဲ့တဲ့ ပန်လုံးရွာလေးနဲ့ ခွဲရမယ်ဆိုတော့ ကျွန်မတို့အားလုံးဝမ်းနည်းနေကြတယ်။ ဒီထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကျွန်မမှာ ပိုပြီးဝမ်းနည်းနေမိတယ်။ ရွှေအေးနဲ့ အရွေးတို့ရဲ့အမေ ပလောင်အမျိုးသမီးကြီးကလည်း တုန်ခါ တဲ့အသံနဲ့ နောင်နှစ်ရွှေဖီချိန်လာခဲ့ကြဦးနော်လို့မှာနေတယ်။
ကျွန်မတို့လည်းပလိုင်းကိုယ်စီလွယ်ပြီးရွာထဲက ထွက်လာတော့ အရွေးလေးက ကျွန်မကို မပြန်ပါနဲ့၊ တောင်ပေါ်မှာပဲနေခဲ့ ပါလို့ တဖွဖွပြောရင်း ရွာအပြင်ဘက်အထိပါလာတယ်။ အမေတို့ ရှေ့ကသွားနှင့်ပေမယ့် ကျွန်မကနောက်ကျနေခဲ့တယ်။ အရွေးကို မြင်ရတာ စိတ်မကောင်းစရာပဲလေ.. .။ သည့်ထက်စိတ်မကောင်းဖြစ်မိတာက အကျင်းကို မတွေ့ရသေးလို့ဘဲ. . ၊ ခုချိန်ထိ အကျင်း ရောက်မလာသေးလို့ ကျွန်မနောက်ဆံတငင်ငင်ဖြစ်နေတယ်။ ကျွန်မကို လိုက်.. ပို့ဖြစ်အောင်ပို့မယ်လို့ပြောထားရက်နဲ့ ကျွန်မကို အကျင်း ]ကချုး}ပြီထင်တယ်။ လည်စောင်းပြီး ရွာဘက်ငဲ့ငဲ့ကြည့်တာကို အရွေးကသိတယ်ထင်တယ်။
]]မချို . .အကျင်းကို စောင့်နေတာလား}}
]]ဟုတ်တယ်.. အရွေး၊ မချိုပြန်တဲ့နေမှာ တုံပဲချောင်းနားအထိ လိုက်ပို့မယ်ပြောထားလို့. .. }}
]]မစောင်နဲ့တော့မချို။ အကျင်းမလာတော့ဘူ. . ။ လိုက်မပို့တော့ဘူး. ..}}
]]ဘာရယ်. . }}
]]မနေ့ညက မချိုအိပ်သွားတော့ အကျင်းလာသေးတယ်။ မချိုက သူ့ကို ညာတယ်လို့ ကျွန်မကိုလာပြောသွားတယ်။ အထူးနဲ့ ချစ်နေတာ မဟုတ်ဘူးဆိုပြီး မချိုက သူ့ကိုပြောတုန်းက သူသိပ်ဝမ်းသာနေတယ်တဲ့. . ။ သူသိပ်ပျော်သတဲ့.. ။ အဲဒီညက ပျော်လွန်းလို့ အိပ်တောင် မပျော်ဘူးတဲ့ . .။ ဒါပေမယ့် မချိုဟာ သူ့ကိုယုံအောင်ကိုညာသွားတယ်တဲ့ ။ လူများပြောရင် ဘယ်လိုမှ ငါယုံမယ့်ကောင်စားမျိုး မဟုတ်ဘူးတဲ့. . ။ ခုတော့ ငါ့မျက်စိနဲ့ကို တပ်အပ်မြင်ရတော့ ငါ့မျက်စိကိုတောင်ငါမယုံဘူးတဲ့. . မချို}}
]]ဘာကိုမြင်တာလဲအရွေး. .၊ သူ့မျက်စိနဲ့ ဘာကိုမြင်တာလဲ.. ဟင်}}
]]ဟို. . တစ်နေ့ညနေကရေချောင်းမှာ ရေခပ်သွားတုန်းက အပြန်အမှောင်ထဲမှာ အထူးက မချိုလက်ကို ဆွဲကိုင်ထားတာ သူ မြင်သတဲ့လေ။ သူတို့နှစ်ယောက်ကတော့ ငါ့ကို ဘယ်မြင်မလဲတဲ့.. .]မိုင်ကချူး}လို့ငါတအားကို အော်ပစ်မိတယ်တဲ့. .။ မချို ငါ့ကို ညာ တယ်ဆိုပြီး ငိုသံနဲ့ပြောတယ်မချိုရယ်.. }}
]]တကယ်တော့ အကျင်း ]ကချူး}နေတာပါလို့ ပြောပြောနေတဲ့ မချိုကို ကျွန်တော်. .မ]ကချူး}ပါဘူး။ မချို. . ]ကချုး}နေ တာပါလို့ ငါမချိုကို ပြောလိုက်ချင်တယ်ဟာ. . ။ ဒါပေမယ့် ဒီဘ၀ ပြောခွင့်မကြုံတော့ပါဘူးလေ. . }}
ကျွန်မထွက်လာတော့ ခပ်လှမ်းလှမ်းခင်တန်းပေါ်ကနေ အော်မြည်နေတဲ့ ]ကုကူ..ကုကူ}ဆိုတဲ့ ငှက်ကလေးရဲ့အသံဟာ လွင့်ပျံ့ လာနေတယ်။ ကုကူငှက်သံလေးဟာ ကျွန်မနောက်ကနေ ငိုကြွေးပြီး လိုက်လာနေတယ်။
အကျင်းရယ်.. မချိုမညာပါဘူး။ မချို. . မင်းကို မ]ကချုး}ပါဘူး။ မချို. . အထူးကိုလည်းခင်တယ်။ အကျင်းကိုလည်း ခင်တယ်။ ဒီထဲမှာ အကျင်းဘ၀ဟာ နွမ်းပါးဆင်းရဲမှန်းသိလို့ မချိုလေ . . အကျင်းကိုပိုခင်မိတယ်။ ပိုပြီးသနားမိတယ်။ ရေချောင်း ကအပြန် အမှောင်ထဲမှာ အထူးက မချိုလက်ကို ကိုင်တာမဟုတ်ပါဘူး. . . အကျင်း။ မှောင်မဲမဲထဲလမ်းလျှောက်ရင်း ချိုင့်ထဲ ချော်ကျ သွားလို့အထူးက မချိုကို ဆွဲထူတာပါ။ ဒါကို အကျင်းက အထင်လွဲသွားတယ်ဆိုတော့၊ မချိုက ]ကချူး}တယ်လို့ အကျင်းထင်နေ တော့ မချို.. ဘယ်လိုရှင်းပြရမလဲဟင်... ဘယ်လိုရှင်းပြရမလဲ. .။ နောက်. . တစ်နှစ်. .ရွှေဖီပေါ်ချိန်ကျရင်. .. အကျင်းကို မချို ရှင်းပြမယ်လေ။
ဟော. .ကုကူငှက်ကလေးအော်နေပြီအကျင်း၊ ရွှေဖီငှက်ကလေးအော်နေပြီ အကျင်းရေ၊ မချိုလည်း ရွှေဖီငှက်ကလေးလို ရွှေဖီချိန်ကျရင် ပလောင်တောင်ကို လာခဲ့ဦးမယ်လေ. . ။ အကျင်းဆီလာခဲ့ဦးမယ်လေ။ အဲဒီအခါကျရင် အကျင်း ကို မချိုရှင်းပြမယ် လေ။ အကျင်းက မချိုကို ခင်ဦးမှာလားဟင်.. ။ လက်ဖက်တွေ ကူခူးဦးမှာလားဟင်။ လက်ဖက်တွေ ကူလိမ်းဦးမှာလားဟင်။ သင်္ကြန်ရေလောင်းဦးမှာလားဟင်။ အကျင်း]ကချူး}နေတာပါလို့စရင် ]ကျွန်တော်မ]ကချူး}ပါဘူးမချို}လို့ ပြန်ပြောဦးမှာလားဟင်။
ရင်ထဲမှာ စကားတွေပြောနေတဲ့အချိန်မှာ ကျွန်မရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေပြီလေ. .။ လာလမ်းလေးကို ပြန်ကြည့်လိုက်တော့ မီးခိုးတန်းလေးတွေ ထွက်နေတဲ့ ဆည်းဆာအောက်က ပန်းလုံးရွာကလေးကို မျက်ရည်မြူမှုန်တွေကြားက မြင်နေရတယ်လေ။ ခုချိန်ဆိုရင် အကျင်းလဲ လက်ဖက်တွေခူးရင်းနဲ့ ကျွန်မရောက်မယ့်နေရာကို မှန်းဆနေရောပေါ့...၊
အကျင်းရဲ့ရင်ထဲမှာတော့ မချိုညာနေတယ်လို့ တစ်ထစ်ချယုံကြည်နေရောပေါ့။ အောင့်အည်းထိန်းသိမ်းထားတဲ့ . . စကားလုံးလေး တွေဟာလည်း . . အကျင်းရင်ထဲကနေ ခုန်ထွက်လာပြီး ပါးစပ်ဖျားမှာ ပွင့်ထွက်လာရောပေါ့။ အကျင်းရင်ထဲကနေ ကြေကြေကွဲကွဲနဲ့ အော်ဟစ်နေတဲ့ ]]မိုင်ကချုး}} ဆိုတဲ့အသံလေးဟာ လက်ဖက်ခြံတွေရဲ့အပေါ်မှာ . . ၊ နမ့်ကျင်းချောင်းပေါ်မှာ. . .၊ ပန်လုံးရွာလေးပေါ်မှာ. . ၊ ပြာမှိုင်းနေတဲ့တောင်တန်းတွေအပေါ်မှာ . . ၊ မချိုရဲ့ အသည်းနှလုံးပေါ်မှာ. ..။ ။
(၁၉၉၉ ခုနှစ်၊ ဇူလိုင်လ စတိုင်သစ်မဂ္ဂဇင်း အမှတ်၇၆)