Thursday, February 9, 2017

ပန်းသည်မလေး
ဆင်တဲဝမြတ်မင်း
(၂၀ဝ၁ ခုနှစ်၊ မတ်လ၊ ချယ်ရီရသစုံမဂ္ဂဇင်း၊ အမှတ် ၇၄)


ညကရွာသောမိုးဦး၏ မိုးရေစက်တို့ကြောင့် မနက်၌မြေပြင်တစ်ခုလုံး အေးစက်စိမ့်စိုနေသည်။ အိမ်နောက်ဖေး ဥယျာဉ်ခြံထဲ ၌ ကား လိမ္မော်ရောင်နေခြည်နုဖြာကျနေပေသည်။ ငှက်ပျောရွက်စိမ်းနုနု၊ နှာနတ်ရွက်စိမ်းပြာပြာ၊ ငွေပန်းပွင့်ဝါဖြူဖြူ၊ သစ်ခွပန်း ခရမ်းပြာ ပြာ၊ နှင်းင်္ဆီပန်းဖူး ကြက်သွေးနီနီ. . . ။ ခြံထဲရှိသဘာဝပစ္စည်းအားလုံးမှာ မိုးရေဝသဖြင့်လတ်ဆတ်လှပနေ ပေသည်။
]]အို. . . စပယ်ပန်းလေးပွင့်နေပါပေါ့လား. . . }}
တအံ့တဩဖြစ်လျက်မှာပင် ထခုန်မိတော့မတတ်ဝမ်းသာသွားမိသည်။ စံပယ်ပွင့်ချိန်ကို ငံ့လင့်ခဲ့ရသည်မှာ ရက်လရှည်ကြာ တိုင်ခဲ့ပြီမို့ ခုလိုမိမိလက်ဖြင့် ပြုစုပျိုးထောင်ခဲ့ရသော စံပယ်ပင်မှ ဖူးပွင့်လာသည့် ဖွေးဖွေးဖြူဖြူစံပယ်ဥလေးကို မြင်လိုက်ရသောအခါ ဥယျာဉ်မှူးကျွန်တော်အဘယ်မှာလျှင်ဝမ်းမသာဘဲနေနိုင်ပါအံ့နည်း။ ညကကျွန်တော့်အခန်းထဲသို့စံပယ်ပန်းရနံ့အလည်လာသည်လို့တော့ အထင်မိသားပဲ။ စိတ်ကစွဲလန်းနေမိလို့ထင်မိပါရဲ့။ ပွင့်ချိန်မှ မတန်သေးတာဟု ကျွန်တော်တွေးခဲ့လေသည်။ ခုတော့. . အဟုတ်ကို ပွင့်နေပြီပဲ။
ကျွန်တော်သည် မနက်ရုံးသို့မသွားမီနှင့် ညနေရုံးမှ ပြန်လာတိုင်းခြံထဲဆင်းလေ့ရှိပါသည်။ ပန်းပွင့်လေးတွေလှလှပပဝေဝေ ဆာဆာဖူးပွင့်နိုင်အောင်မြေဆွပေါင်းသင်ရေလောင်းဖြင့်တယုတယပြုစုတတ်ပါသည်။ ပန်းတွေထဲမှာတော့ ကျွန်တော်သည်စံပယ်ပန်းကို ပိုချစ်လေသည်။ အစကခြံထဲ၌စံပယ်ပင်မရှိခဲ့ချေ။ အခြားပန်းပင်များသာ မျိုးစုံခဲ့လေသည်။ ဤခြံထဲသို့ ကျွန်တော်တို့ရောက်ရှိလာပြီး နောက်မှသာ(လွန်ခဲ့သောတစ်နှစ်နီးပါး အချိန်လောက်က) ကျွန်တော်၏မေတ္တာရေးရာကို အကြောင်းပြု၍ စံပယ်တစ်ပင်ကို ကျွန်တော် ပျိုးခဲ့လေသည်။ ကျွန်တော်၏ မေတ္တာအစုအဝေးတို့သည် သန့်စင်ဖြူဖွေးရနံ့မွှေးသောစံပယ်ပန်း၌သာ တည်စေသတည်းဟု အဓိဌာန် မပြုခဲ့သော်ငြား၊ စံပယ်ပန်းကို ကျွန်တော့်မေတ္တာ၏ အမှတ်အသားသဖွယ်စွဲမှတ်ခဲ့လေသည်။ စံပယ်ပွင့်သောနေ့သည် သူမ၏အထံ၌ ကျွန်တော်၏ မေတ္တာပန်းငုံဖူးကို ပွင့်စေမည့်နေ့ပင်ဖြစ်ပေမည်။ ကျွန်တော်ကားစိတ်ကူးယဉ်တတ်သည့်နှင့်အမျှ အစွဲအလန်းလည်းကြီး ခဲ့လေသည်။
စံပယ်ပင်ပျိုးသည့်နေ့မှစ၍ကျွန်တော်သည် စံပယ်ပင်လေးကို အရိပ်တကြည့်ကြည့်ဖြင့် အထူးဂရုစိုက်စောင့်ရှောက်ခဲ့လေသည်။ အခြားပန်းပွင့်တွေထက် စံပယ်ပင်လေးကိုရေပိုလောင်းပေးသည်။ မြေပိုဆွပေးသည်။ အရွက်တွေ၊ အညွန့်တွေမြန်မြန်ဝေစီပါစေ၊ငုံကွေး သောပွင့်ဖတ်လွှာတို့ အညောင်းဆန့်ကာ မြန်မြန်လည်းပွင့်ပါစေဟူ၍ ဆန္ဒစောမိလေသည်။ စံပယ်ပွင့်လျှင် စံပယ်ပန်းရနံ့ကို တဝကြီး ရှုရှိုက်ရအောင် စံပယ်ပင်လေးကု ကျွန်တော့်အခန်းနှင့်နီးသောနေရာ၌ ရွေးချယ်စိုက်ထားခဲ့သည်။
စံပယ်ပွင့်ပြီဆိုလျှင် ကျွန်တော့်ရင်ဖွင့်သည့်နည်းတူ ညတွင် ပြတင်းတံခါးအားလုံးကိုလည်းဖွင့်ထားလိုက်မည်။ တောင်ကြား တလျှောက်ညှင်းညှင်းလေးသုန်ဖြူးလာသော ညလေပြေအေးက စံပယ်ပန်းရနံ့ကို သယ်ဆောင်ကာ အခန်းထဲဝင်လာသော အခါ၌ စံပယ်ရနံ့သည်ကျွန်တော့်စိတ်ကို ဆွတ်ပျံ့ကြည်နူးစေတော့မည်။ ကျွန်တော်သည် စံပယ်ပန်းရနံ့သင်းထုံသောလောကထဲ၌ မေတ္တာဗိမာန်ကို တည်ဆောက်လျှက် အတွေးရေယာဉ်ဝယ်စီးမျောနေမည်။ ထိုသို့ပင် ကျွန်တော်သည်စိတ်ကူးယဉ်ချင်တိုင်းယဉ်ခဲ့မိလေ သည်။ ကျွန်တော်သည် ပွင့်ဦးစံပယ်လေးကို အသာအယာပင် ခူးလိုက်လေသည်။ သို့တိုင်ညှာတံသည် တဆတ်ဆတ်တုန်ခါသွားပေ သေးသည်။ ကျွန်တော်သည် ပန်းပွင့်လေးကိုလက်ခုပ်ထဲရွရွလေးထည့်ကာအသာပင် နမ်းရှိုက်လိုက်မိသည်။ အို. . .မွှေးလိုက်တဲ့ စံပယ်ပန်းလေးရယ်။ ခြံထဲဆင်းလာသော မမသည် ကျွန်တော်နှင့် မလှမ်းမကမ်းတွင်ရပ်လာ၏။
]]ဟေ့မောင်လေး၊ စံပယ်ပန်းလေးကို ဘာဖြစ်လို့ခူးပစ်လိုက်ရတာလဲ၊ ခြံထဲမှာသူ့ဖာသာသူလှနေစေရောပေါ့}}
]]မမကလဲ၊ ကျွန်တော်မခူးလဲ တစ်ချိန်ချိန်ြွေကသွားမှာပဲဥစ္စာ}}
]]သူ့ဟာသြူွေကြွေကပေါ့၊ ပန်းဆိုတာတစ်နေ့နွမ်ြးွေကရမယ့်အမျိုးပဲ၊ နင်ကပြောတော့ဖြင့် ကြီးကြီးကျယ်ကျယ် ဥယျာဉ်မှူး လေး ဘာလေးနဲ့ ဟင်း. . . }}
]] ကျွန်တော်ခူးတာ ဖဲ့ချွေပစ်ဖို့မှမဟုတ်ဘဲမမရဲ့၊ မွှေးကြူဖို့သက်သက်၊ အလှကြည့်ဖို့သက်သက်}}
]]မသိရင်ခက်မယ်ဖိုးကျော်၊ နင်ဟိုပန်းသည်မလေးကို ပေးဖို့မဟုတ်လား}}
]]ဟာ. . . မမကလဲ ဘာတွေလျှောက်ပြောနေမှန်း မသိပါဘူး}}
]]ဟွန်း. . .}}
မမသည် ]နင့်အကြောင်းငါနောကျေအောင်သိတယ်ဟေ့}ဆိုသောမျက်နှာထားဖြင့် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ကာအိမ်ပေါ် ပြန်တက်သွားသည်။ ကျွန်တော့်မှာမူ စံပယ်ပင်လေးနားက မခွာနိုင်သေးပေ။ အင်း. . .ငါ့အကြောင်းကိုမမတောင်သိနေပါပေါ့လား။ ပန်းသည်မလေးကို ပေးဖို့မဟုတ်လားတဲ့။ ဟုတ်ပါတယ်မမရယ်၊ ပန်းသည်မလေးကို ကျွန်တော်လက်ဆောင်ပေးမလို့ပါပဲ၊ ကျွန်တော့် ရင်ထဲမှာရက်ရှည်လများငုံဖူးနေခဲ့တဲ့ မေတ္တာပန်းလက်ဆောင်ပေါ့မမရယ်။ မျိုသိပ်ထားခဲ့တဲ့မေတ္တာစကားလှလှအသင်္ချေကို ပန်းပွင့် လေးတစ်ပွင့်နဲ့ ကိုယ်စားပြုပြောခိုင်းမှာပေါ့။
လွယ်နေကျနီညိုရောင်လွယ်အိတ်ကလေးကို ပခုံးပေါ်ချိတ်ကာ ရုံးသို့ထွက်လာချိန်၌ စံပယ်ပွင့်လေးကို ကျွန်တော့်အင်္ကျီ အိတ်ကပ်ထဲမှာ ဂွမ်းစခံ၍ ခပ်ဖွဖွထည့်လာခဲ့သည်။ သွက်လက်သောခြေလှမ်းများကို လှမ်းရင်းက ပန်းသည်မလေး၏ ချစ်စရာ မျက်နှာလေးကို မြင်ယောင်နေမိသည်။

]]ဘယ်နှယ့်လဲစာရေးလေးရဲ့၊ သည်မှာပန်းတွေဝယ်ရင်ရပါတယ်၊ စာရေးလေးရဲ့ရည်းစားအတွက် ပန်းဝယ်သွားပါဦးလား၊ မိန်းကလေးဆိုတာပန်းကြိုက်တတ်တယ်နော်}}
ပန်းသည်မလေးကတရင်းတနှီးပင် ခပ်ရွှင်ရွှင်ခပ်ပျော်ပျော်ပြောနေသည်။ ဤနယ်မြေသို့ကျွန်တော်ရောက်လာစတုန်းကတော့ ဈေးထဲ၌ ပန်းသည်မလေးမရှိသေး။ မိုးဦးတစ်ရက်ကမှ သူမကိုစတင်တွေ့မြင်ရခြင်းဖြစ်လေသည်။ သူမကိုစတွေ့ချိန်ကတည်းကပင်လျှင် နေ့စဉ်ရုံးတက်ရသော ကျွန်တော့်ကို ]စာရေးလေး}ဟုခေါ်သဖြင့် စိတ်ကသိကအောက်ဖြစ်ခဲ့ရသေးသည်။ တကယ်တော့ကျွန်တော်သည် စာရေးမဖြစ်သေးဘဲတစ်နေ့သောအခါ၌ စာရေးဖြစ်လာနိုး၊ မျှော်ကိုးကာ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်းပြင်ပမှအလွတ်ဖြေဆိုရင်း ]ရုံး အကူ}လိုလို၊ ]အကူစာရေး}လိုလိုလုပ်နေရသူတစ်ယောက်မျှသာဖြစ်ကြောင်းကို သူမသိလျှက်နှင့်ပင် လှောင်သလိုပြောသည်လား၊ အမှန်ကို မသိသောကြောင့်ပင် သူမထင်သလို အရိုးခံအတိုင်းပြောလေသလား၊ ကျွန်တော်ခွဲခွဲခြားခြားမသိပေ။ သူမနှင့်ခင်မင်လာသော အခါ၌
]]ငါ့ကို အဲဒီနာမည်နဲ့တော့ မခေါ်နဲ့ကောင်မလေး}}
]]နင့်ကိုစတာပါဖိုးကျော်ရယ်၊ နင်မကြိုက်ရင်အဲဒီလို မခေါ်တော့ပါဘူး၊ ကဲကျေနပ်ပြီလား}}
မျက်နှာဝိုင်းဝိုင်းလေးထဲမှ မျက်တောင်ကော့ကော့နှင့်ကြည့်နေသော ရီဝေနေသော မျက်လုံးကလေးများက ချစ်စရာကောင်း နေသော်လည်း ကျွန်တော်သည် တင်းထားသောမျက်နှာကို လျော့ပြေမသွားစေရန် တမင်ပင် ဂရုပြုနေလိုက်သည်။
]]နောက်ပြီးတော့ မကျေနပ်တာရှိသေးတယ်}}
ကျွန်တော်ကအတည်ပေါက်လိုလိုလုပ်ပြီး ခပ်မာမာလုပ်လိုက်ပေမင့် သူမမျက်နှာပျက်မသွားသည့်အပြင် မျက်ခုံးကလေး ချီလိုက်ရင်းက သွားဖွေးဖွေးလေးတွေပေါ်သည်ဆိုရုံမျှ မပွင့်တပွင့် ပြုံးလျှက် ခပ်ရွှင်ရွှင်ခပ်သောသောပင် ပြောလိုက်သေးသည်။
]]ကဲ. . .ဆိုစမ်းပါဥိးရှင်}}
]]ငါ့မှာဘယ်ရည်းစားမှ မရှိဘူး၊ အဲဒါကိုပြောတာစိတ်အဆိုးဆုံးပဲ၊ အဲလိုပြောရင် နင့်ကို မခင်တော့ဘူး၊ ခေါ်လည်းမခေါ် တော့ဘူးဒါပဲ}}
သူမ၏မျက်နှာကို မကြည့်တော့ဘဲပြောချင်ရာစွတ်ပြောချလိုက်ပြီး ချာကနဲလှည့်ထွက်ခဲ့သည်။ မျက်နှာမှာတော့ ထူပူရှိန်းဖိန်း လို့နေသည်။ ရင်ထဲမှာလည်းကတုန်ကယင်ကြီး၊ ဘယ်လိုဖြစ်မှန်းမသိ၊ လမ်းတစ်ဝက်ရောက်တော့မှသူမမျက်နှာ ဘယ်လိုကျန်ခဲ့ သလဲ ဆိုတာ လှည့်ကြည့်ခဲ့ရအကောင်းသားဟု နောင်တလေးတစ်ခုရလိုက်မိသေးသည်။
နောက်တော့. . .သူမက ကျွန်တော့်ကို]စာရေးလေး} ဟု မခေါ်တော့၊ ]ရည်းစားအတွက် ပန်းဝယ်သွားပါဦးလား}ဟုလည်း မပြောတော့ပေ။ တစ်ယောက်နှင့်တစ်ယောက်ပို၍လည်း ရင်းနှီးလာကြသည်။ ကျွန်တော်ကသူမကို ]ကောင်မလေး}ဟု အမြဲတမ်း ခေါ်မည့်အကြောင်းပြောလိုက်သောအခါမှာတော့ သူမသိပ်သဘောကျသွားသည်။
]]ကောင်းမလေးတဲ့၊ ကောင်မလေးတဲ့၊ ကောင်းတယ်၊ ကောင်းတယ် ဟင်းဟင်း. . .}}ဟု ပါးစပ်ကအသံထွက်ဆိုကြည့်ပြီး တစ်ကိုယ်လုံးလှုပ်ခါသွားအောင်ပင်ပေါ့ပေါ့ပါးပါး ရယ်မောနေလေသည်။ ထို့နောက်မှာတော့ သူမကိုယ်တိုင်ပင် သူမ၏ နာမည်အစား ]ကောင်မလေး}ဟူသော နမ်စားကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲနေတော့သည်။
ကျွန်တော်ရုံးသို့သွားရာလမ်း၌ ဖြတ်သွားရသောဈေးကွင်းထဲတွင် သူမကို ပလိုင်းတစ်လုံးနှင့်အတူ နံနက်တိုင်းတွေ့နေရလေ သည်။ ဒေလီယာ၊ နှင်းဆီ၊ သစ္စာပန်း၊စံပယ်ပန်း၊ ငွေပန်း၊ ရွက်လှပန်း၊ နှစ်တစ်ရာပန်း၊ အသွေးအရောင်စုံ ရနံ့စုံသောပန်းမျိုးစုံကို ရာသီအလိုက်တွေ့ရတတ်သည်။ သနပ်ခါးရည်ကျဲလိမ်း၊ ပါးကွက်ကွက်ထားလျက် ခေါင်း၌လည်း ပန်းတွေဝေနေအောင် ပန်ထားရင်းက သူမသည် နံနက်တိုင်းရောင်းနေကျ ခုံတန်းကလေး၌ ပလိုင်းကိုတင်ကာ
]]ပန်းတွေနော်၊ ဘုရားအိုးတင်ဖို့ပန်းတွေနော်၊ နောက်ကျရင်မရလိုက်ဘဲရှိမယ်နော်၊ သစ္စာပန်းနဲ့ပန်းပြားတွေလည်းပါတယ် တော်တို့ရေ...}}
ဘေးဘီဝန်းကျင်တဝိုက်သို့ မျက်လုံးကစားရင်း တစာစာအော်နေသည်။ ထိုအချိန်၌ အရှေ့ဘက်တောင်ကုန်းပေါ်မှ နေလုံးနီ ကြီးတရွေ့ရွေ့တက်လာနေသည်။ အောက်ခြေရှင်းသော ထင်းရှူးပင်တွေကြားမှ နီနီရဲရဲနေလုံးကြီးကို နံနက်တိုင်းနှစ်သက်ကြည်နူးစွာ မျှော်ငေးကြည့်ရသည်မှာလည်း သူမ၏ နိစ္စဓူဝတာဝန်တစ်ခုပင်။ ဆောင်းကာလမှာတော့ နှင်းမှုန်ကြားမှ ပန်းနုရောင်နေလုံးကြီးကို ကြည့်ရင်းက ဆွယ်တာအနွမ်းလေးနှင့် သူမမှာ ချမ်းတုန်နေတော့သည်။
ကုန်ခြောက်ရောင်းသည့် ဒေါ်မြသည် ဆိုင်ထဲ၌ ပစ္စည်းတွေချနေရာမှ ပန်းသည်ကောင်မလေးရောက်လာပြီဆိုလျှင် ဆိုင်ကို ပစ်ခဲ့ပြီး အသော့ပြေးလာတတ်သည်။ ဒေါ်မြကား နံနက်တိုင်း ဘုရားအိုးတင်ရန် ပန်းဝယ်နေကြဖြစ်ရာ အစောဆုံးဝယ်သူဖောက်သည် တစ်ယောက်ဖြစ်သည်။ ဒေါ်မြသည် ကောင်မလေးအပါး၌ ရပ်ရင်း၊ လက်ထဲ၌ ပန်းတွေကိုရွေးရင်း၊ ပါးစပ်ကလည်း
]]အိမ်မှာဘုရားအိုးစင်က စိမ်းပြီး ပန်းတွေဝေနေရင် တစ်အိမ်လုံးကျက်သရေရှိလို့အေ}} ဟုပြောနေပြန်သည်။
မကြာမီပန်းဝယ်ဖို့အပျိုချောတွေ၊ ရုံးစာရေးမတွေ၊ အရာရှိကတော်တွေ ရောက်လာကြသည်။ စကားပန်းဝယ်သူ၊ သစ္စာပန်း ဝယ်သူ၊ ဒေလီယာပန်းဝယ်သူ၊ မိမိအလိုရှိရာပန်းရွှေးနေကြသူတွေတရုန်းရုန်း၊ လူတွေရှုပ်နေသောအခါ၌လည်း ပန်းသည်မလေးခမျာ ပါးစပ်အငြိမ်မနေရပြန်။
]]ဖြည်းဖြည်းရွေးကြပါရှင်၊ အားလုံးလှပါတယ်၊ြွေကမှာကြေမှာစိုးလို့ပြောတာပါနော်}}
]]အော်.. . နှင်းဆီပန်းဖိုးလား၊ အမ်းစရာမရှိသေးဘူး။ ခဏလေးစောင့်ပေးနော်}}
ချိုသာယဉ်ကျေးစွာဈေးခေါ်ရောင်းနေသောကောင်မလေး၏အသံ၊ ပိုက်ဆံပြန်အမ်းသံ၊ ပန်းဝယ်သူတွေ၏စကား တွတ်ထိုးပြော သံတို့သည် ဈေးကွင်းထဲ၌ ညံနေတော့သည်။ လက်မလည်အောင်ပန်းရောင်းနေရချိန်၌ ကောင်မလေးခမျာဘာကိုမှ သတိမရတော့နိုင်။ သူမနှင့်အနီးဆုံး သင်္ဘောသီးသုတ်ဆိုင်မှ အေးအေး၊ မုံညှင်းချဉ်၊ ပဲပုပ်ရောင်းသော နန်းမိုးဟိန်း၊ တို့ဟူးသုတ်ဆိုင်မှ ဂျာဘောက်တို့ နှင့်လည်း စကားမပြောနိုင်အား၊ ပတ်ဝန်းကျင်ကိုခေတ္တခဏမျှဥပေက္ခာပြုထားရတော့သည်။ နေထွက်ပြူစကတည်းက ပန်းရောင်းလာ ရာ နံနက်ရှစ်နာရီလောက်ဆိုလျှင် ပါလာသမျှပန်းတွေအားလုံး ကုန်တော့သည်ပင်။
စံပယ်ပန်းပေါ်ချိန်မျိုး၌ ကျွန်တော်သည် နေ့စဉ်စံပယ်ပန်းကုံးတစ်ကုံးဝယ်တတ်လေသည်။ ပန်းကုံးကိုလည်ပင်းမှာ ဆွဲထား သဖြင့် ဖြူဖွေးသောစံပယ်ပွင့်များသည် ကျွန်တော့်ရင်ဘတ်ပေါ်တွင်တလှုပ်လှုပ်ဝဲနေတော့သည်။ ထိုအခါ ကောင်မလေးသည် ကျွန်တော့်ကို ကြည့်ပြီးပီတိဖြစ်နေတတ်သည်။ ကျွန်တော်ချစ်သောစံပယ်ပန်း မပေါ်သေးသောကာလမျိုး၌ ကျွန်တော်သည် ပန်းမဝယ် ဖြစ်သော်လည်း ]]ကောင်မလေး ရောင်းလို့ကောင်းရဲ့လား}} ဟု အရေးတယူမေးမြန်းတတ်လေသည်။ ထိုအခါတွင် ကောင်မလေးသည် ပြုံးသည်ဆိုရုံမျှပြုံးလျက် ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလေ့ရှိသည်။ နောက်ပိုင်းရက်များ၌ ကျွန်တော်နံနက်ပိုင်းရုံးသို့သွားလျှင် ကောင်မလေးကို မေးဖို့မြန်းဖို့တာဝန်တစ်ခုကိုအလိုလိုရလာတော့သည်။ ကောင်မလေးကလည်း ကျွန်တော့်၏အမေးအမြန်းခံဖို့၊ အဖြေ ပြန်ပေးဖို့ တာဝန်တစ်ရပ်ကို ယူထားမိသလိုဖြစ်လာရတော့သည်။ သို့ဖြင့်ကျွန်တော်နှင့်ကောင်မလေးတို့၏ ရင်းနှီးချစ်ခင်မှုတို့မှ အမြှင်ဖြာထွက်လာသော သံဃောဇဉ်ကြိုးကလေးက ကျွန်တော်တို့နှစ်ယောက်ကြားတွင် မထင်မရှား သွယ်တန်းလာနေပြီဟု ကျွန်တော် ထင်မိတော့သည်။
နံနက်တိုင်း ကျွန်တော်ရုံးသွားလျှင် ကောင်မလေးပန်းရောင်းနေကျနေရာလေးဆီကို မျက်စိတစ်ဆုံး ဟိုးအဝေးမှပင် လှမ်း ကြည့်လာတတ်လေသည်။ ကောင်မလေးကို ရောင်းနေကျနေရာ၌ မတွေ့လိုက်ရလျှင်ကျွန်တော့်ရင်သည် ဟာသွားရတော့သည်သာ။ ကျွန်တော်လာနေကျဖက်သို့ လှည့်ကာအပြုံးတွေဝေနေသော ကောင်မလေး၏ မျက်နှာလေးကို အဝေးကြီးကတည်းကပင် မြင်လိုက်ရ လျှင် ထိုနေ့အဖို့ကျွန်တော့်ဘဝသည် ပြည့်စုံသွားလေပြီဟု ထင်မှတ်နေမိတော့သည်။
]]ကောင်မလေးက လှတယ်နော်၊ ပန်းသည်လုပ်ဖို့မကောင်းဘူး}}
ကျွန်တော်ကရယ်သွမ်းသွေးကာပြောလိုက်သည်။
]]ကောင်မလေးကို အစတော့ ‘ဒီလိုပဲ အမွှမ်းတင်တတ်ကြတာပဲ}}
ကောင်မလေးက မျက်နှာလေးအိုမလို၊ နှုတ်ခမ်းလေးစူမလိုပြန်ပြောရင်းက ကျွန်တော့်မျက်နှာကို မော့ကြည့်ရင်းမရဲတရဲရှက် ပြုံးလေး ပြုံးလာပြန်တော့ မျက်နှာလေးက ချစ်စရာချိုလာပြန်သည်။ သည်တော့မှ ကျွန်တော့်ရင်ထဲမှာ ပျော်လာရတော့သည်။
]]အစလဲဒီလိုပြောမှာဘဲ၊ နောင်လည်း”ဒီလိုပြောမှာပဲ၊ လှတဲ့လုက ဘယ်အချိန်မှာဖြစ်ဖြစ်လှကိုလှနေတာကိုး၊ အဲ. . .ကောင်မလေး ရဲ့အလှကို စိတ်မချဘူးလို့ပြောရင်တော့ စိတ်မဆိုးစေချင်ဘူးလေ}}
ကျွန်တော်က အတည်လိုလို အပျက်လိုလိုပြောကာအကဲခတ်နေလိုက်သည်။
]]ဖိုးကျော်ရယ်. . . စိုးရိမ်တတ်ရန်ကောဟယ်၊ ကောင်မလေးတို့ ပူဖို့များချန်စမ်းပါဦး}}
သည်လိုမထိတထိ ဂီတစကားသံလေးများ၊ ချစ်စရာ အမူအယာလေးများ၊ ချိုသောအပြုံးပွင့်ကလေးများဖြင့် တစ်ယောက် ကိုတစ်ယောက်အပြန်အလှန်ဖြန်းပက်ကာ ကြည်နူးချမ်းမြေ့ပျော်ရွှင်ခဲ့ကြလေသည်။ ကျွန်တော်သည် ကောင်မလေးနှင့် အနေနီးလာ သောအခါ၌ ဖိုနှင့်မတို့၏ အချစ်ဆိုသည်ကို မမှီမကမ်းတွေးတောကြည့်မိလေသည်။ အချစ်ဆိုတာ ဘယ်လိုဟာ ဖြစ်မည်လဲ။ အချစ် ဆိုတာ ဆူပွက်နေတဲ့သွေးသားကိုငြိမ်သက်သွားစေတဲ့ အာဟာရ တစ်မျိုးဖြစ်လေသလား၊ ကောင်မလေးအပေါ် ကျွန်တော်ငြိတွယ်နေ သော အချစ်စိတ်ကတော့ ထိုသို့မဟုတ်နိုင်။ နှလုံးသည်းပွတ်ထဲမှ ရုန်းထွက်လာသောမေတ္တာကို ကောင်မလေး၏ မျက်နှာပြင်ပေါ်ဝယ် အပြုံးတစ်ပွင့် အဖြစ် ကျွန်တော်မြင်ခွင့်ရသည်ဆိုလျှင်ပင် အချစ်ကို ခံစားခွင့်ရှိသူအဖြစ်ကျေနပ်ပေပြီ။
မေတ္တာဆိုသည်ကို ကျွန်တော်ထိုသို့ပင်နားလည်ခဲ့ချေ၏။ တစ်နေ့နံနက်ရုံးသွားစဉ် ကျွန်တော်သည် ကောင်မလေး ပန်းရောင်းသည့်နေရာဆီသို့ ခါတိုင်းလိုပင် လှမ်းကြည့်လာခဲ့သည်။ ပန်းဝယ်သူတွေ ဝိုင်းဝိုင်းလည်နေသဖြင့် သူမ၏ အပြုံးကို မြင် ခွင့်မရ။ သို့နှင့်ပန်းဝယ်သူတွေစဲသွားသည်အထိ စောင့်ကြည့်နေပါသည်။
သို့သော်ပန်းဝယ်သူတွေစဲသွားသည့်တိုင် တစ်ယောက်သောသူကား]ထ}မသွားသေးပဲကောင်မလေးနှင့် စကားလက်ဆုံကျနေ သည်ကို မြင်လိုက်ရသဖြင့် ရင်ထဲဒိတ်ကနဲဖြစ်ကာချက်ချင်းပင်စိုးရိမ်သွားမိလေ၏။ ငါ့ရင်ကွဲအောင်လုပ်သူတော့ မဖြစ်တန်ကောင်းပါ ဘူးဟု သက်သာအောင် တွေးရင်းက ထိုသူကို အသေအချာကြည့်လိုက်မိပြန်သည်။ ထိုသူသည် သားသားနားနားပင် ဝတ်ဆင်ထား သည်။ လတ်သောအသားမှာ အဖြူဘက်လုနေကာ ဆံပင်တွေကတွန့်၍ လှိုင်းထနေသည်။ သူနှင့်မလှမ်းမကမ်းတွင် မာဇဒါဂျစ် အစိမ်းလေး ရပ်ထားသည်ကို မြင်လိုက်မိတော့မှ၊ ဪသာ်. . .ဦးစိုးမင်းထွန်းကိုး၊ ဟိုတစ်နေ့ကမှ ခေတ္တရောက်ရှိလာသောရန်ကုန်မှ သူဌေးကြီးတစ်ယောက်။ ဒီတော့လဲအတန်ငယ်စိတ်အေးသွားမိရသည်။ ဦးစိုးမင်းထွန်းလို အရာရှိတစ်ယောက်သည် ကောင်မလေးကဲ့ သို့သော အညတြပန်းသည်မလေးကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်ဖို့အိပ်မက်ပင်မက်လိမ့်မည်မဟုတ်ဟု ကျွန်တော်ထင်သည်။ သို့တိုင်တစ်နေ့၌ ကောင်မလေးကို ဦးစိုးမင်းထွန်းနှင့် ပတ်သက်၍ မေးကြည့်လိုက်မိသေးသည်။
]]ဟိုတစ်နေ့က ဦးစိုးမင်းထွန်းက ဘာတွေပြောနေတာလဲ ကောင်မလေး}}
]]ကားအစိမ်းလေးနဲ့လူကြီးကို ပြောတာလား}}
]]အေး၊ ဟုတ်တယ်}}
]]ဪသာ်. . .သူကကောင်မလေးကို သူ့ညီမလေးနဲ့တူလို့တဲ့}}
]]နောက်ကော}}
]]နောက်ပြီး သူရန်ကုန်မပြန်ခင် ကောင်မလေးဆီမှာ ပန်းလာဝယ်ရဦးမယ်တဲ့၊ သူက ခုဟိုးတောင်ကုန်းအမြင့်ကြီးပေါ်က ဗိုလ်တဲမှာနေတာတဲ့၊ ဗိုလ်တဲပတ်လည်မှာ တရုတ်စကားပွင့်တွေဖွေးနေပေမယ့် သူ့အခန်းထဲမှာ ဘာပန်းမှ မရှိဘူးတဲ့၊ သူကပန်းကို သိပ်ချစ်တာပဲတဲ့}}
]]ဒါပဲလား. . . }}
]]နောက်ပြီးလေသူကပြောသွားသေးတယ်၊ ကောင်မလေးကလှတယ်တဲ့၊ ချစ်စရာလေးတဲ့. . . }}
]]ဟင်. . . }}
ကျွန်တော်က အထိတ်တလန့်မျက်နှာပျက်သွားသော်လည်းကောင်မလေးကဘာမှမဖြစ်သလိုပင်လွင်လွင်လေးရယ်မောနေသည်။
]]အဲဒီလူကြီးကပြောသေးတယ်၊ ရန်ကုန်မှာ သူပိုင်တဲ့တိုက်လည်းရှိတယ်တဲ့၊ ပိုက်ဆံတွေလဲ အများကြီးပဲတဲ့. . . }}
ရိုးသားစွာကောင်မလေးပြောနေဟန်မှာ ဗိုက်ဆာနေသောကလေးသည်မုန့်တောင့်တနေသလိုပင်ဖြစ်မည်။
]]ကောင်မလေးကို သူကရန်ကုန်ကို လိုက်ခဲ့မလားတဲ့၊ ပန်းရောင်းနေရတာသနားပါတယ်တဲ့. . .}
]]ဒီတော့ကောင်မလေးက ဘယ်လိုပြန်ပြောလိုက်သလဲဟင်. . . }}
]]ဟင့်အင်း. . . မလိုက်ချင်ပါဘူး၊ အမေနဲ့လဲမခွဲနိုင်ပါဘူးလို့ပြောလိုက်တာပေါ့}}
]]အဲဒီတော့. . . }}
]]အဲဒီတော့. . . သူကကောင်မလေးရဲ့ အမေကိုကော ခေါ်သွားမှာပေါ့တဲ့၊ ဟင်း. . . ဟင်း၊ အဲဒီလူကြီးက ဇွတ်ကြီး အတင်းကြီးပဲ၊ ဘယ်လိုလူကြီးမှန်းမသိပါဘူး၊ ဟင်း. . . ဟင်း}}
ကောင်မလေးက ခပ်ပေါ့ပေါ့ရယ်မောနေရင်းမှ ခုံပေါ်တွင် တင်နေသောြွေကသော၊ ကြေသော၊ နွမ်းသောပန်းပွင့်လေး တွေကိုတစ်ပွင့်ချင်းကောက်ယူပြီး မြေကြီးပေါ်ပစ်ချနေသည်။ ကျွန်တော်က သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်ပြီး ကောင်မလေး ကို ကျောခိုင်းခဲ့ကာ ရုံးဘက်သို့ထွက်လာခဲ့သည်။
နောက်တစ်ပတ်အတွင်း၌ ဦးစိုးမင်းထွန်း၏ ဂျစ်ကားလေးကို ကောင်မလေး၏ ပန်းဆိုင်အနီးမှာ နှစ်ကြိမ်သုံးကြိမ်မျှ တွေ့ လိုက်ရပြီးနောက် ကားရောလူရောမမြင်ရတော့။ သူ့လုပ်ငန်းပြီးဆုံးပြီဖြစ်၍ ရန်ကုန်ပြန်သွားသောကြောင့်ဖြစ်ပေသည်။ ခုမှပင် ကျွန်တော့်ရင်ထဲမှ အလုံးကြီးကျသွားကာ စိတ်အေးရတော့သည်။ ဒီတော့လဲယခင်ရက်များတုန်းကလိုပင် ကျွန်တော်သည်ကောင်မလေး ပန်းရောင်းရာနေရာလေးဆီကို မျက်စေ့တစ်ဆုံး အဝေးကြီးမှပင် လှမ်းမျှော်ကြည့်မြဲ။ ကောင်မလေးကလည်း ကျွန်တော်လာနေကျလမ်း ဘက်သို့ လှည့်ကာအပြုံးတွေဝေနေမြဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ချစ်စကားလှလှလေးတွေဆိုမြဲ။ ရင်ခုန်နွေးစေသော မထိတထိ အမူအယာလေးတွေကို အပြန်အလှန်ဝေငှမြဲ။
ကျွန်တော်သည် ကောင်မလေး၏ ချစ်စရာမျက်နှာလေးကို မြင်ယောင်မိရင်း ခပ်သွက်သွက်လျှောက်လာရာမှ အိတ်ကပ်တွင်း မှစံပယ်ပွင့်လေးကို ငုံ့ကြည့်လိုက်မိပြန်သည်။ နမ်းမရှိုက်ပါဘဲလျက်နှင့်ပင် သင်းပျံ့ပျံ့ရနံ့လေးက နှာဝအတွင်းသို့ပြေးဝင်လာလိုက် သေးသည်။ ကောင်မလေးကို ပန်းပွင့်လေးပေးပြီးလျှင်တော့ မေးခွန်းထုတ်ရဦးမည်။ ဟောဒီနူးညံ့တဲ့ပွင့်ဖတ်လွှာလေးထဲမှာ မေတ္တာရဲ့ အဖြူရောင်ကို သယ်သူကထည့်လိုက်ပါသလဲ။ ဝတ်ဆံလေးထဲမှာ မေတ္တာရဲ့မွှေးရနံ့ကို သယ်သူကထည့်လိုက်ပါသလဲ၊ မေးခွန်းကို ကောင်မလေး မဖြေနိုင်ဘဲ မျက်လုံးလေးကလယ်ကလယ်ဖြစ်နေသောအခါ ကျွန်တော်သည် ရင်ကိုကော့၍ လက်မထောင်ပြလိုက်ကာ မိမိအမေးကို မိမိဘာသာပင်ဖြေလိုက်မည်။
ရင်ဖိုလျှက်နှင့်ပင်ဈေးကွင်းထဲဝင်လာခဲ့သည်။ ကောင်မလေး၏ ခုံတန်းလေးရှိရာကို ဟိုးအဝေးကြီးကတည်းက လှမ်းမျှော် ကြည့်လာမိသည်။ ]အလို. . } ကောင်မလေးမရှိပါလား။ ရင်ထဲ၌ ထိတ်ကနဲဖြစ်သွားမိတော့သည်။ ခုံတန်းကလေးအနီးသို့ ရောက် သော်သခင်မဲ့နေသဖြင့် ညှိုးနွမ်းခြောက်သွေ့နေသောထိုင်ခုံကလေးကသာ ကျွန်တော့်ကို ဆီးကြိုနေရှာသည်။ ကောင်မလေး ဘာဖြစ်လို့ မလာပါလိမ့်၊ နေမကောင်းလို့များလား၊ ဒါမှ၊ ဒါမှမဟုတ်ရင်... ကျွန်တော် ဆက်မတွေးရဲ။ ဈေးကွင်းထဲလှည့်ပတ်ရှာဖွေကြည့်မိပြန် သည်။ ဘယ်နေရာမှာမှ ကျွန်တော့်ကောင်မလေးကို မတွေ့။ ကျွန်တော့်ရင်သည် မငြိမ်တော့၊ စိုးရိမ်စိတ်လှိုင်းတံပိုးများထန်နေလေပြီ။
]]ဒေါ်လေးမြ. . . ၊ဒေါ်လေးမြ. . . ၊ ကောင်မလေးကောဟင်. . . }}
ဒေါ်မြသည်မျက်စိမျက်နှာပျက်နေသည်။ ကျွန်တော်တို့နှစ်ယောက်၏ ခင်မင်တွယ်တာမှုကို သိနေသော ဒေါ်မြက ကျွန်တော့် ကို အဖြေပေးဖို့ဝန်လေးနေဟန်တူသည်။
]]ပြောစမ်းပါ ဒေါ်လေးမြရာ၊ ကောင်မလေးဘာဖြစ်သလဲလို့၊ ကျွန်တော်စိတ်ပူလိုက်တာဗျာ. . . }}
အတန်ကြာမှ ဒေါ်မြသည် လှုပ်ရှားလာကာ. . .
]]မင်း. . .တကယ်မသိဘူးပေါ့}}
]]တကယ်မသိတာပါ ဒေါ်လေးမြရာ၊ သင်္ကြန်ပြီးကတည်းက ခွင့်ဆယ်ရက်ယူပြီး တောင်ပေါ်လက်ဖက်ခူးသွားလိုက်တာ မနေ့ကမှ ပြန်ရောက်တယ်၊ ဒီနေ့ကျတော့ ကောင်မလေးကို မတွေ့ရတော့ဘူး}}
ဒီတော့မှ ဒေါ်မြသည် ကျွန်တော်အား ဂရုဏာသက်စွာကြည့်လျှက်
]]ဪသာ်. . ဟုတ်သားပဲ၊ အဲဒီရက်တုန်းက မင်းမရှိဘဲကိုးကွယ့်၊ ဒေါ်လေးမြတို့ဈေးကွင်းတစ်ခုလုံးလဲ စိတ်မကောင်းကြပါဘူး ကွယ်၊ ကောင်မလေးကိုလေ ဟို. . ဟို ရန်ကုန်က သူဌေးကြီးခေါ်သွားတယ်}}
]]ဗျာ. . .ရန်ကုန်က သူဌေးကြီးဟုတ်လား၊ ဦးစိုးမင်းထွန်းဆိုတာပေါ့}}
]]အေး၊ ဟုတ်တယ်}}
]]သူ. . သူက ပြန်သွားပြီ မဟုတ်လားလို့}}
]]နောက်တစ်ခေါက်လာတာလေ၊ ကောင်မလေးရော၊ မအေရောပါသွားတာပဲ}}
]]တောက်. . . . }}
နှမြောတသ ယူကြုံးမရစိတ်၊ ခံပြင်းနာကျည်းစိတ်တို့ဖြင့် ]တောက်}တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်မိရင်းမှ ကျွန်တော်ရင် သည်နှစ်ခြမ်းကွဲကာ အသည်းနှလုံးတို့သည် စကြာဝဠာတံတိုင်း၏ ဟိုဘက်စွန်းဆီသို့ ခုန်ထွက်ပြေးသွားသလိုပင် ဆုံးရှုံးခြင်းဝေဒနာ ကိုနင့်ကနဲခံစားလိုက်ရတော့သည်။ ထိုခဏ၌ ကျွန်တော့်ရင်ထဲတွင် ဟင်းလင်းပြင်မှအပ ဘာမှမရှိလေတော့ပြီတကား။ ခေါင်းငိုက် စိုက်ချလျှက်ပင် ဒေါ်မြဆိုင်ရှေ့မှထွက်လာခဲ့တော့သည်။
]]အဲဒီလူမှာသားနဲ့မယားလဲရှိတယ်ဆိုပဲကွယ်၊ ကောင်မလေးကို အငယ်အနှောင်းပဲထားမယ်ထို့ထင်ရတာပဲလေ၊ ကောင်မလေး ရဲ့အမေကလဲငွေမျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး တယ်ယုံလွယ်တာကိုး. . . }}
ဒေါ်လေးမြ၏စကားသံများက ကျွန်တော့်နောက်က လိုက်လာပြီး နှိပ်စက်နေပြန်တော့သည်။ ဆာလောင်သူနှင့်ပိုလျှံသူတို့၏ ဆုံစည်းမှုသည် မည်သို့သော အဓိပ္ပါယ်ဆောင်လေသနည်း။ ကျွန်တော်မတွေးချင်တော့။ ကောင်မလေးထိုင်ခဲ့ရာ ခုံတန်းကလေး အောက်၌ကား သူမပစ်ချထားခဲ့သေြာွေကသော၊ ကြေသော၊ နွမ်းသော ပန်းပွင့်ခြောက်ကလေးတွေ ပြန့်ကျဲနေသည်။ အလှအပဟူသည် သူတို့၌ မရှိကြတော့။ ဪသာ်. . .သူတို့၏ သခင်မလေးလည်း သူတို့ြွေကသလိုမြွေကပါစေနှင့်။ သူတို့ကြေသလိုမကြေပါစေနဲ့။ သူတို့နွမ်းသလိုမနွမ်းပါစေနဲ့။ ကျွန်တော်ကား ယခုအခါ၌ ကောင်မလေးအတွက် ဆုတောင်းရုံမှအပ ဘာမှ မတတ်နိုင်။ အိတ်ကပ် ထဲ၌ တယုတယထည့်လာခဲ့သော စပယ်ပန်းပွင့်လေးကို အသာပင် ထုတ်ယူလိုက်ပြီးနောက်ဆုံးအနေနှင့် တစ်ချက်မျှ မွှေးကြူ လိုက် ကာ ကောင်မလေးကိုယ်စား ခုံတန်းပေါ်၌ပင် ချထားခဲ့လျှက်ကျောခိုင်းထွက်ခွာခဲ့တော့သည်။
 

No comments:

Post a Comment