Thursday, February 9, 2017

အလွမ်းကျောက်ခဲလေးများ 
(၁၉၉၉ ခုနှစ်၊ ဧပြီလ၊ မဟေသီရုပ်စုံမဂ္ဂဇင်း၊ အမှတ်၁၇၂)
ဆင်တဲဝမြတ်မင်း


အေရှားဝါး လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ဖောက်လုပ်ရေးစီမံကိန်း
နောင်ချို-သီပေါလမ်းအပိုင်း
နောင်ချိုမှ ထွက်ထွက်ချင်း အဖြူရောင်နောက်ခံပေါ်၌ အပြာရောင်စာလုံးကြီးများဖြင့် ရေးသားထားသော ‘အေရှားဝါး’လမ်း လုပ်ငန်းမှ ဆိုင်းဘုတ်ကြီးကို ဘွားခနဲတွေ့လိုက်ရသည်။
နောင်ချိုမြို့ထဲမှ ဖြတ်လာရသော ကားလမ်းမပေါ်တွင် ချိုင့်ကွက်ကလေးများ ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့ရသော်လည်း ဆိုင်းဘုတ်ကြီးနားမှစ၍ ဘာချိုင့်ခွက်မှ မတွေ့ရတော့။ ကာလမ်းမကြီးမှာ ဖြူးနေတော့သည်။ မိုင်းအလုပ်သမားများအတွက် မန္တလေးမှ ဝယ်ယူလာသည့် သက်သာကုန်ပစ္စည်းတွေ အပြည့်အမောက်နှင့် ခရီးသည်ဝန်ထမ်းများကို သယ်ဆောင်လာသော တီအီးထရပ်ကားကြီး လည်းခုမှ အရှိန်မြှင့်မောင်းရတော့သည်
‘‘လမ်းတော်တော်ကောင်းသွားပြီပဲ။ ဘယ်. . ဟိုတုန်းကနဲ့တခြားစီ’’
ကားခေါင်းထဲက အဝယ်တော်ကိုလှမြင့်ကပြောလိုက်တော့ ကားဆရာကိုတင်ရွေကှ. . .
‘‘ခင်ဗျားက လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းကိုမရောက်ဘူးသေးလို့။ ကျုပ်ပြီးခဲ့တဲ့လက တရုတ်နယ်စပ်သွားပြီး သံစတိုးပစ္စည်း သွားသယ်ရတယ်။ ကားမောင်းလို့ကောင်းသလား မမေးနဲ့။ အဲဒီလမ်းလည်း အေရှားဝါးကုမ္ပဏီကပဲ လုပ်တာလေ’’
‘‘အဲလိုဆို လမ်းတွေကဆိုးဆိုး၊ ချိုင့်တွေကပေါ၊ ဇောချွေးလေးများပြန်နေအောင်မောင်းတယ်. . . ဆိုတဲ့ဆိုင်မောဝ် သီချင်းထဲ ကလိုမဟုတ်တော့ဘူးပေါ့’’
ကိုတင်ရွေစှကားကို ကိုလှမြင့်က ဝင်ထောက်သည်။
‘‘ဘာပဲဖြစ်ဖြစ်ဗျ၊ စိုင်းခမ်းလိတ်ရေးပြီး ဆိုင်မောဝ်ဆိုခဲ့တဲ့‘မူဆယ်နမ့်ခမ်းလမ်း’ သီချင်းကတော့ သူ့ခေတ်နဲ့သူတော့ခေတ်ကို ထင်ဟပ်တဲ့ဘ၀သရုပ်ဖော်သီချင်းတစ်ပုဒ်ပဲ။ ခုဆိုအဲဒီသီချင်းလည်း ဂန္တဝင်သီချင်းတစ်ပုဒ်အဖြစ် ခုချိန်ထိ ဆိုကြရွတ်ကြတုန်း’’
ကျွန်တော့်စကားဆုံးတော့ ကိုတင်ရွေကှ -
‘‘ဟုတ်တယ်ဗျာ၊ ဒီသီချင်းကြောင့် မူဆယ်-နမ့်ခမ်းလမ်းကြမ်းတာကို လူတွေခံစားနားလည်လာကြတာဗျ။ ကျုပ်ကတော့ ခု ဒီလမ်းကောင်းသွားတယ်ဆိုတာ ဒီသီချင်းရဲ့ဂယက်တစိတ်တစ်ပိုင်းပါနေတယ်ဆိုတာ မငြင်းနိုင်ဘူးလို့ထင်တယ်’’
‘‘ဘာလဲ၊ ခင်ဗျားတို့ ကားသမားတွေကတော့ အကြိုက်ပေါ့’’
‘‘စဉ်းစားကြည့်ပေါ့ ကိုလှမြင့်ရာ၊ အရင်က ငါးနာရီမောင်းရမယ့် ခရီင်္းကို ဆယ်နာရီကြာအောင်မောင်းရတယ်။ ချိုင့်ခွက်များ တော့ လေးကျိုးတယ်။ ဘီးပေါက်တယ်။ ကားခဏခဏပျက်တယ်။ ဟော ခုတော့ အချိန်တိုတိုအတွင်းလိုရာခရီးပေါက်တယ်။ ကား လည်းသက်သာလူလည်းသက်သာ။ ဒါကြောင့်ကျန်တဲ့ဂိတ်တွေမှာ ဂိတ်ကြေးပေးရတာထက် အေရှားဝါးကိုပေးရတာတော့သဒ်ဓါတယ်ဗျာ’’
လမ်းအကွေ့ရောက်လာသဖြင့် ကားကို အရှိန်လျှော့လိုက်သည်။ လမ်း၏ ညာဘက်ပြင်ကျယ်သောနေရာ၌ တပြန့်တလျား စီချထားသော ကတ္တရာစေးပုံးတွေက မနည်းမနော။ အနည်းဆုံးပုံးလေးငါးရာခန့်ရှိမည်။ဒီလောက်များပြားသည့် ကတ္တရာစေးပုံးတွေ ဒီ တစ်ခါပဲတွေ့ဖူးသည်။
ကားသည် ဂုတ်တွင်းဆင်းတော့မှာမို့ ဘရိတ်ထိန်းပြီးမောင်းနေရသည်။ လမ်း၏ ဘယ်ဘက်၌ လမ်းလုပ်သားများယာယီ ဆောက်လုပ်နေထိုင်သွားခဲ့သောတဲငယ်အဟောင်းလေးများအစီအရီ။ အမှိုက်သရိုက်များ၊ အစုတ်အပဲ့များ၊ မီးဖိုများ၊ ထင်းတိုထင်းစများ နှင့်ကတ္တရာစေးပုံးအခွံများ။
ဂုတ်တွင်းဆင်းင်္ပြီဆိုကတည်းက အကွေ့အကောက်တွေပိုများလာသည်။ ကားသည် မိုးတိမ်တွေကြားရောက်သွားသည်။ ကျွန်တော်ရန်ကုန်သို့ပြောင်းလာသည့် ဒီဇင်ဘာ ဆောင်းရာသီတုန်းကလည်း မိုးတိမ်တွေ၊ ယခု နွေရာသီမတ်လထဲရောက်တော့လည်း မိုးတိမ်တွေ။ ကျွန်တော်တို့ကားကြီးတစ်စီးလုံး မိုးတိမ်တွေ၊ မိုးမှုန်တွေကြားထဲ ပျောက်သွားမတတ်ပင်။
ကားဆရာကိုတင်ရွေကှမီးသီးဖွင့်ကာ ဖြည်းဖြည်းချင်းဆင်းနေသည်။ တစ်ခါတစ်ရံ ဂုတ်တွင်းမှ တက်လာသော ကားတွေကို စောင့်ပေးနေရသည်။ သို့သော်ယခင်ကလိုတော့ အကြာကြီးစောင့်မနေရတော့။ ယခင်က ကတ္တရာတွေမရှိဘဲ အချိုင့်အခွက်တွေကြောင့် ကားနှစ်စီးရှောင်လျှင် ဟိုတိမ်းဒီတိမ်းနှင့်ကြောက်စရာ။ ယခုတော့ ကားလမ်းကကောင်းနေပြီဆိုတော့ ရုတ်တရက်မှောက်မှာ မပူရ တော့။ အေးရှားဝါးကတော့ လမ်းကို စပယ်ရှယ်ပြင်ထားသည်။ တောင်ကမ်းပါးဘက်လည်းချဲ့ထားသည်။ တစ်ဖက်ချောက်ကမ်းပါး ဘက်လည်းတိုးချဲ့ထားသည်။ ရေကျလျှိုနေရာတွေလည်း ကွန်ကရစ်ပိုက်လုံးများဖြင့် သေချာလုပ်ထားသည်။ ချောက်ကမ်းပါးအကွေ့ နေရာများတွင်လည်း အကာအရံတိုင်များစိုက်ထူထားသည်။ ယခင်က ကားတစ်စီး အနိုင်နိုင်သွားနိုင်သောလမ်းမှာ ယခုတော့ ကား နှစ်စီး ကောင်းကောင်းရှောင်တိမ်းနိုင်သည်အထိ ကျယ်သွားတော့သည်။
ဂုတ်တွင်း တံတားပေါ် ကားဖြတ်တော့မိုးက ဖွဲဖွဲရွာချပြန်သည်။ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း. ..ရှမ်းပြည်နယ် ဂုတ်တွင်း ကတော့ မိုးတိမ်တွေ တအိအိပြိုဆင်းနေလျက်၊ ဂွမ်းစိုင်တိမ်လိပ်တို့ သစ်တောကြီင်္းအပေါ် ဆော့ကစားနေလျက်၊ မိုးစက်မှုန်မှုန်က လည်း အမြဲလိုလို ရွာချနေလျက်။
ကျွန်တော်တို့ကားကြီးလည်း ဂုတ်တွင်းအတက်ကိုစတက်နေရပြီ။ လမ်း၌ အဝါရောင်ဆေးသုတ်ထားသော အေရှားဝါးမှ ကားတွေကို ရှောင်နေရသည်။ တစ်ခါတစ်ရံ မူဆယ်၊ နမ့်ခမ်းမှ ခရီးသည်တင်ကားငယ်လေးတွေ၊ လားရှိုး ကျောက်မဲ သီပေါမှ လူစီးမှန်လုံကားကြီးတွေ ရှောင်နေရသည်။ သို့သော်ဟိုးယခင်ကလောက် ကားတွေသိပ်မများတော့။ ယခင်က မူဆယ်နှင့် မန္တလေး ကုန်တင်သည့် ကွန်ဒါကားရှည်ကြီးတွေ၊ သစ်ကားကြီးတွေကို ရှောင်၍ မပြီးနိုင်။ တံတားတစ်ခုခုများကျိုးနေလျှင် ဟိုဘက်ဒီဘက် ကုန်ကားကြီးတွေ တစ်သီတစ်တန်း။ ထိုအခါမှပင် မန္တလေး-မူဆယ်ကုန်သယ်သည့် ကားများမှန်းသိသာတော့သည်။ ယခုတော့-
‘‘ဟိုမှာ ဂုတ်ထိပ်တံတား’’
ဂုတ်တွင်းအတက်ကို တအိအိတက်လာရာ ကိုလှမြင့်က ကျွန်တော့်ကို ဂုတ်ထိပ်တံတားပြနေသည်။ တိမ်ဖြူဖြူတွေကြားမှ ဝိုးတဝါးသာမြင်ရသော ဂုတ်ထိပ်တံတားကြီး။ သြော်. . နှစ်ပေါင်းအတော်ကြာသည်အထိ ခိုင်ခံ့သည့် တံတားကြီးပါလား။
ဂုတ်တွင်းထိပ်ရောက်တော့ မိုးတိမ်တွေမရှိတော့ဘဲ နေရောင်လင်းလာပေပြီ။ အောက်ဘက်ငုံ့ကြည့်လိုက်တော့လေးငါးခြောက် ကွေ့ ကွေ့တက်လာခဲ့ရသည့် ဂုတ်တွင်းလမ်း။ တံတောင်ဆစ်အချိုးလေးတွေ။ ဟိုး. . . အောက်၌ ကွေ့ကောက်စီးဆင်းနေသော ဂုတ်တွင်းချောင်းနှင့် တံတားကို မသဲမကွဲ။ ဆင်းလာခဲ့သော ဂုတ်တွင်းအဆင်းလမ်းဘက် ကြည့်လိုက်သောအခါ သစ်ပင်စိမ်းစိမ်းတွေ အပေါ် လှိမ့်ဆင်းနေသော တိမ်ပင်လယ်တွေ။
ကျွန်းပင်ကြီးတွေ အုပ်ဆိုင်းနေသော လမ်းပေါ်ရောက်သောအခါ လမ်းမှာ ပိုကျယ်လာပြီး ပိုဖြောင့်လာသည်။ ကားဆရာ ကလည်း အရှိန်မြှင့်ကာမောင်းနေသည်။ သို့သော်အရှိန်ဖြင့်မောင်းနေစဉ် အေရှားဝါးလမ်းပြင်နေသည့်နေရာကိုရောက်လာသဖြင့် ကား လည်းအရှိန်လျှော့လိုက်ရသည်။
‘လမ်းပြင်နေသည်’
‘လုပ်ငန်းခွင်’
ဆိုင်းဘုတ်အနီလေးတွေချထားသည့် လမ်း၏တစ်ခြမ်း၌ ပေါက်ချွန်းဖြင့်မြေပေါက်နေသူတွေ၊ ကျောက်ခဲတုံးကြီးင်္ကြီးတွေကို စီချနေသူတွေ၊ ကားလမ်းဘေးရှိဝဲယာမှ အပင်များခုတ်နေသူတွေ။ ကားသည်ပြင်နေဆဲလမ်းဘေးရှိလမ်းဟောင်းပေါ်၌ ဖြည်းဖြည်းချင်း မောင်းနေရသည်။
ဂုတ်တွင်းထိပ်ကျွန်းတောကြီးအနီး လမ်းစပြင်နေသည့် လမ်းဘယ်ဘက်ဘေး၌ တာလပတ်စအပြာကြီးမိုးထားသော အလုပ် သမားတဲတန်းကြီး။ တချို့တဲမှ မီးခိုးတွေအူနေလျက်၊ တချို့ကလေးငိုသံတွေဖြင့်ညံနေလျက်၊ တချို့‘ဝါးကနဲ’ရယ်မောနေလျက်။ တချို့ လမ်းပေါ်ရောက်ပြီး အလုပ်လုပ်နေပြီ။ တချို့ကသွားဖို့ပြင်တုန်း ဆင်တုန်း။
ရှေ့၌ အေရှားဝါးမှ ကားကြီးတစ်စီး ကျောက်သွန်ချနေသဖြင့် ကျွန်တော်တို့ကားရပ်စောင့်နေရသည်။ ကျောက်ကား၏ ဟိုဘက်၌ ကျောက်မဲဘက်မှ ကားတွေတန်းစီနေသည်။ ကျွန်တော်တို့ကား ရပ်နေတာကို လမ်းဘေးအလုပ်သမားတဲတန်းထဲက လူတွေမြင် သွားသည်။

‘‘ဟိုမှာ နမ္မတူဘော်တွင်းကားကြီးဟေ့’’
‘‘ဟေ့. . .ဘော်တွင်းမိုင်းကားကြီးရပ်လို့ဟေ့’’
တဲတန်းဆီမှ အော်ဟစ်ပြေးဆင်းလာကြသည်။ ယောက်ျားကြီး၊ မိန်းမကြီး၊ အပျို၊ လူပျို အရွယ်လတ်၊ ကလေးတွေ. . . အယောက်နှစ်ဆယ်လောက်ရှိမည်ထင်သည်။ ကားနောက်ပိုင်းမှ လူတွေဆီကို အသိမိတ်ဆွေတွေက မေးကြမြန်းကြ၊မှာကြကြားကြနှင့် ဆူညံသွားသည်။ အထက်ကုန်းသီရိမင်္ဂလာက အလုပ်သမားတစ်ယောက်က ကိုလှမြင့်ကို နှုတ်ဆက်စကားပြောနေသည်။
‘‘အယ်. . . ဆရာလည်း ဒီကားနဲ့ပါလာတယ်’’
ကြည့်လိုက်တော့ မင်္ဂလာကွေ့က ကိုးတန်းကျောင်းသူ ဘုတ်ဆုံ။ ကျွန်တော့်တွေ့တော့ မျက်နှာပြုံးရွငှ်နေသည်။ မျက်နှာမှာ လည်းသနပ်ခါး ပါးကွက်ကျားနဲ့။ ခေါင်းမှာလည်းပုဆိုးတစ်ထည်ပတ်လို့။
‘‘ဆရာ၊ ရန်ကုန်ပြောင်းသွားတယ်ဆို’’
‘‘အေးဟ၊ အခုနွေကျောင်းပိတ်ရက် မိသားစု ဘော်တွင်းသွားခေါ်မလို့’’
‘‘ဝမ်းသာလိုက်တာဆရာရယ်၊ တွေ့မှတွေ့တတ်တယ်။ တောကြီးတောင်ကြီးထဲမှာ’’
‘‘ဘုတ်ဆုံ၊ နင်တို့လမ်းလုပ်ရတာ အဆင်ပြေရဲ့လား’’
‘‘ပြေပါတယ်ဆရာ၊ တစ်နေ့သုံးရာရတယ်’’
‘‘ဟာ. . .ဟန်ကျတာပေါ့။ ဘာမှာဦးမလဲ နင့်အမေတို့ဆီကို’’
‘‘မမှာတော့ဘူးဆရာ၊ နေကောင်းတယ် အဆင်ပြေတယ်လို့ပြောပေးနော်ဆရာ။ ဆရာ၊ ဘော်တွင်းကိုပြန်လိုက်ချင်လိုက်တာ’’
ဘုတ်ဆုံနှင့်ပြောနေတုန်း မင်္ဂလာကွေ့တံတားထိပ်မှာ ဈေးရောင်းသည့် မကြည်ဝင်းက အတင်းအော်ခေါ်နေသည်။
‘‘ဆရာ၊ ဒီဘက်ကခေါ်နေတာ။ဆရာက ရန်ကုန်ပြောင်းသွားလို့ သွေးကြီးသွားတာလား’’
မကြည်ဝင်းကို ခေါင်းရမ်းပြလိုက်သည်။ သူ့ယောက်ျားက ကိုအောင်မြင့်။ ဘော်တွင်းစက်မှုမှာ လုပ်နေသည်။ အစက မုန့်ဆိုင်လေးနှင့်။ ခုတော့ ဆိုင်ပြုတ်ကာ လမ်းဘက်ရောက်လာကြသည်။
‘‘ကိုအောင်မြင့်ဆီ ဘာမှာဦးမလဲ’’
‘‘မမှာတော့ဘူးဆရာ။ ဟိုတစ်နေ့က သက်သာအဖွဲ့က ဦးစိန်ဌေးနဲ့ သုံးထောင်ပေးလိုက်တယ်’’
မြေအောက်မိုင်းထဲသို့ အဝင်အထွက်လုပ်သည့် မာမီယံရှပ်ဂိတ်ကြီး၌ ဂိတ်ဒရိုင်ဘာ(မိုင်းထဲသို့ လူအတင်အချ၊ သစ်သား အတင်အချလုပ်သည့်ဂိတ်ကို မောင်းရသူ) မြင့်သူလည်း မြေပေါက်နေရာမှ ကျွန်တော့်ကို လာနှုတ်ဆက်သည်။ သူ့နဖူးမှာချွေးတွေ ရွှဲနေသည်။ သူ့မိန်းမ သီတာလည်း ဓာတုဗေဒရုံးမှာ နေ့စားလုပ်နေသည့်ကြားထဲက မြင့်သူမှာ ခွင့်သုံးလယူပြီး အေရှားဝါးမှာ လာလုပ်နေရသည်။
‘‘အဆင်ပြေလားကွ’’
‘‘ပြေပါတယ်။ တစ်နေ့လေးရာလောက်ရတယ်။ သီတာကိုပြောပေးပါဦး။ ခွင့်စေ့လည်းဆက်မတင်တော့နဲ့လို့။ ဒီမှာဆက်လုပ် တော့မယ်လို့’’
ထို့နောက်လျှပ်စစ်က တင်ဝင်း၊ ဒီစီတီ(မြေပေါ်ဌာန)က သန်းမတို့သားအမိ၊ ရန်နိုင်ကွေ့က မိုင်းသမားလေးစိုးဝင်းတို့လည်း အလုပ်လုပ်နေရင်းမှ လာနှုတ်ဆက်ကြသည်။ ကျောက်ကားကြီင်္းသွားပြီမို့ ကျွန်တော်တို့ကားလည်း တဖြည်းဖြည်းချင်းစထွက်သည်။
‘‘ကဲ. . . အားလုံးသွားဦးမယ်နော်’’
ကျွန်တော်တို့နှုတ်ဆက်သောအခါ လက်တွေ၊ အဝတ်တွေ ဝှေ့ရမ်းပြကြသည်။ သူတို့ မလွဲမသွေမိုင်းကားကြီးနောက် ငေးကြည့်နေကြမည်မုချ။
ဇီးပင်ကြီးစခန်းရောက်သောအခါ ခဏနားကြသည်။ မနားလို့ မရတော့။ ဂုတ်တွင်းအတက်ကြီးကို တအိအိတက်လာရသဖြင့် ကားမှာတော်တော်မောနေပြီ။ နောင်ချိုမှ တက်လာသည့်ကားတိုင်းဇီးပင်ကြီးစခန်းမုန့်ဆိုင်များရှေ့၌ အသီးသီးရပ်နားကြသည်။ နေ ကတော့ မတ်လနေရယ်လို့မပြောရ။စူးစူးရဲရဲပူနေပြီ။ ရှမ်းပြည်နယ်ရယ်၊ ပြည်မရယ်မခွဲ။ နွေနေအစွမ်းကိုပြနေတော့သည်။ ခရီးသည် တွေလည်း ကောက်ညှင်းပေါင်းနှင့် တိုဟူးကြော်စားသူစား၊ ရှမ်းခေါက်ဆွဲစားသူစား၊ လက်ဖက်ရည်သောက်သူသောက်ဖြင့် ဗိုက်ဖြည့်ကြသည်။
ကား၏ဘေး မြင်သာသည့်နေရာများ၌ အဝါရောင်ဆေးသားပေါ်တွင် ကမ္ဘာလုံးပေါ်မှာ ဗျွှ စာလုံးဖြင့် အေရှားဝါးတံဆိပ် ကိုဖော်ပြထားသည့် အေရှားဝါးမှ ကားတွေလည်း ဇီးပင်ကြီးစခန်းမှာ။ လမ်းကြိတ်စက် အကြီးအငယ်၊ ကျောက်သယ်ကား၊ ဖြုန်း သယ်ကား၊ ကတ္တရာစေးလောင်းသည့်ကား။
ဇီးပင်ကြီးစခန်းမှထွက်လာတော့ အေရှားဝါးလမ်းပြင်သည့်အပိုင်းဖြစ်နေသဖြင့် ကားလမ်းမှာ ကောင်းနေပြန်သည်။ ကျောက် ခဲအမှုန့်လေးများက တို့ပတ်ရိုက်သလို ဖြူးထားတော့ လမ်းမှာပို၍ ချောမွတ်နေသည်။ ရန်ကုန်မြို့တော်ကြီးမှာ ခင်းထားသည့် နိုင် လွန်ကတ္တရာလမ်းမကြီးနှင့် နင်လားငါလား။ ကားဆရာကလည်း လမ်းကောင်းတာနှင့် အရှိန်မြှင့်မောင်းနေသည်။
လမ်းဘေး‘လုပ်သားစခန်း’ဟု ဆိုင်းဘုတ်တပ်ထားသောနေရာ၌ အပြာရောင်မိုးထားသော အလုပ်သမားတဲတန်းလျားများ၊ တက္တရာစေးပုံးများ၊ မီးဟုန်းဟုန်းတောက်နေသည့် မီးဖိုပေါ်၌ ကတ္တရာစေးကျိုနေသူများ၊ ထင်းကားပေါ်မှထင်းတွေအဆက်မပြတ်ချနေ သည့်အလုပ်သမားများ။
ရှမ်းရွာငယ်လေးဘေးဖြတ်လာတော့ ‘လမ်းပြင်နေသည်’ဆိုသည့်စာတမ်းချထားသည်။ ရှေ့ကြည့်လိုက်တော့ ကျောက်ခဲခင်းသူ တွေ၊ ပေါက်တူးပေါက်နေသူတွေနှင့် ပြည့်နေလျက်။ ကျွန်တော်တို့ကားလည်းရပ်လိုက်ရသည်။ မရပ်၍ မရတော့။ ကားလမ်းပေါ်၌ ကားပေါ်မှချခဲ့သည့် ကျောက်ခဲတွေကို ညီအောင်ညှိပေးနေသည့် စက်ကြီးက အလုပ်လုပ်နေသည်။ လူအား ၁၀ ယောက်စာ ဂေါ် ဖြင့်ပစ်ရမည့် ကျောက်ခဲများကို စက်ကတစ်ဂေါ်စာပဲဆွဲယူလိုက်ရသည်။ ကျွန်တော်လည်းဒီစက်မျိုးဒီတစ်ခါပဲမြင်ဘူးသည်။ ကျွန်တော် သာမဟုတ်။ရှမ်းလူကြီးနှင့်ကလေးတွေလည်း ဝိုင်းကြည့်နေကြသည်။ သဘောကျ၍ ပြုံးတောင်ပြုံးလိုက်သေး။
ဂေါ်ပြားကြည့်ရင်းစက်မောင်းသူကိုကြည့်မိသည်။ ဒီမျက်နှာကိုမြင်ဘူးသလိုလိုပဲဟုစဉ်းစားနေစဉ် ကျောက်ညှိစက်ကကျွန်တော် တို့ကားနှင့် ဖြည်းဖြည်းချင်းရှောင်သည်။ ထို့နောက်စက်မောင်းသူက ရပ်ပြီးကားခေါင်းထဲလှမ်းငုံ့ကြည့်ရင်း-
‘‘ဆရာ၊ ဘာငေးနေတာတုန်း။ ကျွန်တော့်မသိဘူးလား’’
မသိဘဲရှိမလား။ ဘော်တွင်းနှင့် ၂မိုင်သာဝေးသည့် ကျားစခန်းက ကျောင်းဆရာမကြီးဒေါ်တင်လှိုင့်သားဇော်မင်း။ ဘော်တွင်း တွဲဖက်အ.ထ.က၌ ကိုးတန်းဆယ်တန်းတွင် ကျွန်တော်စာသင်ပေးခဲ့သည့်တပည့်။ ဆယ်တန်းတော့မအောင်ပါ။ ဘော်တွင်း Open Pit (မြေပေါ်သတ္တုထုတ်လုပ်ရေး)၌ ဘူဒိုဇာမောင်းခဲ့သူ၊ ယမ်းခွဲပြီးသတ္တုရိုင်းများကို ဘိုဒိုဇာဖြင့် ဇက်အမ်ကားပြာကြီးတွေပေါ် ကော်တင် ပေးရသောအလုပ်ကိုလုပ်ခဲ့သူ။
‘‘သိတာပေါ့ဇော်မင်းရာ၊ ဘယ်နှယ့်လဲ အဆင်ပြေလား’’
‘‘ပြေပါတယ်ဆရာ။ ကျွန်တော်တစ်လ သောင်းနှစ်ထောင်ရတယ်’’
‘‘ဟာ. . .ပွတာပေါ့။ ငါတောင်လုပ်ချင်လာပြီ’’
‘‘လာခဲ့လေဆရာ။ ဒီမှာအလုပ်လည်းပေါ၊ ဝင်ငွေလည်းမဆိုးဘူး’’
‘‘မင်းအမေဆီဘာပြောရဦးမလဲ’’
‘‘အဆင်ပြေကြောင်းပေါ့ဆရာ၊ ကဲ. . . သွားဦးမယ်ဆရာ’’
ဇော်မင်းထွက်သွားတော့ ကျွန်တော်တို့ကားဆီ ကောင်မလေးနှစ်ယောက်နှင့် ကောင်လေးတစ်ယောက်ပြေးလာသည်။ ကျောက်သယ်ရင်းမှပြေးလာသဖြင့် လက်ထဲမှာလည်း တောင်းလေးတွေကိုင်လို့။ ရှေ့ကပြေးလာတာ ခင်တိုးကြည်။ ၉ တန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်သူ။ နောက်ကတင်မိုးလတ်။ ၁၀ တန်းကျ။ နောက်ဆုံးကမြင့်ဦး။ ၁၀ တန်းဝိဇ္ဇာ(မြန်မာစာ)တွဲဖြင့်အောင်ပြီး မိုင်းထဲ၌ လေလာဘော(မြေအောက်ကြီးကြပ်ရေးမှုး)လုပ်ရန် မိုင်းထရိန်နင်လိုက်နေခဲ့သူ။သို့သော်. . . ထရိန်နင်ကာလ တစ်နှစ်ခွဲ ကြာသော်လည်းလေဘာဘောလစာမရသဖြင့် အလုပ်ထွက်ကာ အေရှားဝါးရောက်လာသူ။ သုံးယောက်လုံး ကျားစခန်းက မိုင်းသမား သားသမီးတွေပင်။ ရှစ်ဆယ့်သုံးမှ ကိုးဆယ့်တစ်အတွင်း ကျွန်တော်စာသင်ပေးလိုက်သည့် တပည့်များထဲမှာ သူတို့လည်းပါသည်။
‘‘ဆရာ၊ ကျားစခန်းပြန်လိုက်ချင်လိုက်တာ’’
‘‘ဆရာ၊ ရန်ကုန်ပြောင်းသွားတော့ ဘော်တွင်းကျားစခန်းကလေးတွေနာတောပေါ့’’
‘‘အမလေး၊ ငကန်းသေရင်ငစွေပေါ်လာမှာပေါ့’’
‘‘ဒါပေမယ့် ဆရာ့လိုစေတနာဆရာကတော့ ဒီကမ္ဘာမှာ ရှာမှရှား’’
‘‘နင်တို့ပဲအပြောကောင်း။ ဟင်း ဟင်း. . . အပြောကတော့ ချမ်းသာတို့၊ ဆန်းဝင်းတို့အဖေဘဲ’’
ကျွန်တော့်စကားဆုံးတော့ ခင်တိုးကြည်၊ တင်မိုးလတ်နှင့်မြင့်ဦးတို့ဝိုင်းရယ်မောလိုက်ကြသည်။ မြင့်ဦးကတော့ ဆယ်တန်း အောင်တုန်းကမကန်တော့ရသေးလို့ ဒီတစ်ခါ ကျားစခန်းပြန်လာမှ ကန်တော့ရဦးမတဲ့။
‘‘မင်းပြန်လာတော့ ငါကရန်ကုန်ရောက်နေပြီ။ ဘယ်လိုလုပ်ကန်တော့လို့ရမှာတုံး။ အခုကန်တော့’’
‘‘ဒီအတိုင်း မကန်တော့ဘူးဆရာ။ အေရှားဝါးကထိုက်ထိုက်တန်တန်ရတဲ့ လုပ်အားခနဲ့ ဆရာ့ကို ထိုက်ထိုက်တန်တန် ကန်တော့မှာ။ ရန်ကုန်မြို့တော်ကြီးကို လိုက်ကန်တော့မှာ’’
သူလည်းကျောက်စာရေးလုပ်နေကြောင်း၊ခင်တိုးကြည်တို့ကတော့ ကျောက်သယ်တဲ့အလုပ်လုပ်နေကြောင်း၊ တစ်နေ့သုံးလေးရာ ဝင်ကြောင်းပြောပြသည်။
သူတို့နှုတ်ဆက်ပြီး ကားဆက်ထွက်လာခဲ့သည်။ လမ်းပြင်သည့်အပိုင်းဖြစ်နေ၍ ကားကိုမြန်မြန်မောင်း၍မရ။ လမ်း၏ တစ်ခြမ်း၌ ပြင်နေပြီး ကျန်တစ်ခြမ်းကမောင်းနေရတော့ ပိုတောင်မြန်မြန်မောင်းမရ။ တစ်ဆစ်ချိုးကွေ့ရောက်တော့ အလုပ်သမားတွေ၊ လမ်းကြိတ်စက်တွေ၊ ကတ္တရာစေးလောင်းသည့် ကားတွေနှင့်ရှုပ်နေသည်။ ဆူညံနေသည်။ အသံတွေက အေးချမ်းငြိမ်သက်နေသော တောတောင် စိမ်းစိမ်းနှင့် ရှမ်းတောင်တန်းပြာဆီသို့ ပဲ့တင်ရိုက်ခတ်နေသယောင်။
လမ်းကြိတ်စက်နှင့် ကတ္တရာစေးလောင်းသည့်ကားတွေ အလုပ်ရှုပ်နေသဖြင့် ကားကို ရပ်ထားလိုက်ရပြန်သည်။
‘‘ဘော်တွင်းမိုင်းကားကြီးဟေ့’’
စူးကနဲအော်သံနှင့်အတူ လမ်းလုပ်နေသူတွေ ကားဆီပြေးလာကြပြန်သည်။ အော်ကြ၊ ဟစ်ကြ၊ နှုတ်ဆက်ကြနှင့် ဆူညံပွက် လောရိုက်သွားသည်။ နမ္မတူ မီးရထားမှာလုပ်နေသည့် ဘရိတ်စ်မန်းကြီးက ကားဆရာကို မှာနေသည်။
‘‘ကိုတင်ရွှေ၊ ဆယ်တန်းဖြေပြီးရင် အကြီးကောင်နဲ့ အလတ်ကောင်ကို မန္တလေးဆင်းတဲ့ သတလကားကြုံနဲ့ထည့်ပေးလို့ ငါ့မိန်းမ နန်းရွေှ့ကြာကို ပြောဖြစ်အောင်ပြောပေးနော်။ ကျောက်မဲနဲ့နောင်ချိုကြားကို ကုလားတို့အဖွဲ့ ဘယ်နေရာလဲလို့ ဘယ်သူ့မေး မေးသိတယ်။ အဲမှာဆင်းလို့ပြောပေးနော်’’
ကားနောက်ပိုင်းမှလူတွေဆီလည်း အသီးသီးမှာနေကြသည်။ ဘော်တွင်းအထက်ကုန်းအောင်ချမ်းသာက ကိုပေါက်စကလည်း ကိုလှမြင့်ဆီလာနှုတ်ဆက်သည်။
‘‘ဘော်တွင်းပြန်လိုက်ခဲ့လေ။ မင်းကို စက္ကင်း(မြေအောက်ဒု-ရှေ့ဆောင်လုပ်သား)ကနေ ယမ်းထွန်း(ရှေ့ဆောင်လုပ်သား) ပေးမယ်တဲ့’’
‘‘ဒီမှာလှမြင့်၊ယမ်းထွန်းမကလို့ ဖိုမင်ပေးလည်း မလုပ်ဘူး။ ကုန်ကုန်ပြောမယ်ကွာ။ မိုင်းချုပ်ရာထူးပေးတောင်မလုပ်ဘူး။မိုင်း ထဲမှာ မရှင်းဖောက်ရလွန်းလို့ဗိုက်ထဲရောက်နေတဲ့ ဘော်မှုန့်တွေခုချိန်ထိ ချောင်းဆိုးရင်တောင် တစ်ချက်တစ်ချက်ထွက်လာသေးတယ်။ ဒါပေမယ့် ချောင်းဆိုးရကျိုးမနပ်ခဲ့ပါဘူး လှမြင့်ရာ’’
ကားနောက်ဘက်သို့ လာရောက်နှုတ်ဆက်သည့်လူတွေကြည့်လိုက်တော့ ကျွန်တော်သိသည့် လူတွေချည်းပင်။ စတိုးကလပ် ကိုကျော်မင်း၊ သန့်စင်စက်ရုံက ဦးလှပွား၊ ဂိတ်ကြီးဝင်းထဲမိုင်းလုံခြုံရေးစောင့်သည့် ကိုလေးမြင့်၊ လေဘာဘော ကိုထွန်းထွန်း၊ လေဘာရုံးကစာရေးထွန်းလင်း၊ သံဖြူက ဦးညိုကြီး၊ ဈေးတန်းထဲမှမုန့်ဟင်းခါးသည် ဒေါ်တင်ကြည်မိသားစုနှင့် ရှမ်းခေါက်ဆွဲသည် မရင်။ တချို့က သက်ပြည့်ပင်စင်၊ တချို့ဆေးပင်စင်စား၊ တချို့အလုပ်ထွက်၊ တချို့အလုပ်ပြုတ်၊ တချို့ခွင့်လွန်၊ တချို့. . . ။
‘‘ကျောင်းဆရာ၊ တွေ့ရတာဝမ်းသာလိုက်တာဗျာ’’
‘‘ဟာ. . .ယမ်းထွန်းကြီး၊ ပျောက်ချက်သားကောင်းလိုက်တာ။ လက်စသတ်တော့ ဒီရောက်နေတာကိုး’’
ကျွန်တော်တွဲဖက်မှာ စာသင်နေစဉ်က အမိမဲ့သူ့သမီးလေး ဆယ်တန်းအောင်ဖို့ ကျွန်တော့်ကို အားကိုးတကြီးလာအပ်သည်။ ကျွန်တော်သင်ကြားသည့် ဘာသာတွေကတော့အောင်သည်။ သို့သော်ပန်းလှခမျာ သိပ္ပံတွဲဖြင့်ကျလေသည်။ သမီးစာမေးပွဲအောင်လျှင် မိုင်း၌ အလုပ်မခိုင်းဘူးတဲ့။ တောင်ပေါ် ပလောင်ကချင်ရွာတွေမှာ ကျောင်းဆရာမလုပ်ခိုင်းမယ်တဲ့။ သူပင်စင်ကျလျှင် ဇာတိမြေ ဆိတ်ဖြူသို့သမီးကို ပြန်ပြောင်းခိုင်းပြီးရွာကိုပြန်ကပ်မတဲ့။ သို့သော်ယမ်းထွန်းကြီးဦးတင်ရကို မမြင်မတွေ့ရတာငါးနှစ်လောက်တော့ ရှိ ရော့မည်။
‘‘ဘယ့်နှယ်တုန်း၊ ခုရော လုပ်ငန်းကိုင်ငန်းအဆင်ပြေရဲ့လား’’
‘‘ဟိုမှာတွေ့လားကျောင်းဆရာ၊ လမ်းကြိတ်စက်ကြိတ်သွားတဲ့အပေါ်ကို ကတ္တရာစေးကားဖျန်းနေတာ။ အဲဒါပြီးလို့ချည်ခင် လောင်းပြီးရင် ကျုပ်တို့အဖွဲ့တာဝန်ပြီးပြီ။ ပထမကိုယ်ယူထားတဲ့နေရာထိကို ဝမ်းတူးကျောက်ခင်းတယ်။ လက်သီဆုပ်နီးနီးကျောက်ခဲ တွေပေါ့။ ပြီးရင်လမ်းကြိတ်စက်ဝင်တယ်။ ပြီးရင်ကတ္တရာစေးလောင်းတယ်။ အဲဒါပထမအဆင့်။ ပြီးရင်သုံးမတ်ကျောက်ခင်းတယ်။ လောက်စာလုံးသာသာကျောက်ခဲတွေပေါ့။ ပြီးရင်လမ်းကြိတ်စက်ဝင်၊ ပြီးရင်ကတ္တရာစေးလောင်းတယ်။ အဲဒါဒုတိယအဆင့်။ ပြီးရင် တော့ချည်ခင်လောင်းတယ်။ ရှင်းအောင်ပြောရရင်ကျောင်းဆရာရယ်၊ အနုစားကျောက်မှုန့်လေးတွေပေါ့၊ နောက်ဆုံးဖြူးပေးလိုက်တာ။ အဲဒါပြီးရင်ကျုပ်တို့ပြီးပြီင်္။ ပုတ်ပြတ်ပဲ။ တစ်ခါတလေ နေ့လယ်တစ်ချက်ထိုးလောက်နဲ့ပြီးတယ်။ တစ်ခါတလေ ညနေလေးနာရီ လောက်ပြီးတယ်။ တစ်ခါတလေညမှပြီးတယ်။ ညအထိလုပ်ရတာတော့ နည်းပါတယ်’’
‘‘လမ်းဗိုလ်ကြီး ချည်ခင်ချပေးဦး’’
ကောင်မလေးတွေက ဆယ်လူလာဖုန်းဖြင့်လမ်းသလားနေသော ကုလားပုံလမ်းဗိုလ်င်္ဆီလှမ်းအော်နေသဖြင့် ယမ်းထွန်းကြီးက စကားရပ်ထားလိုက်သည်။
‘‘အဲဒါသိပ်အရေးကြီးတယ်ကျောင်းဆရာ။တစ်နေကုန်လုပ်ရပြီးနောက်ဆုံးပိတ်ချည်ခင်မလောင်းနိုင်ရင်လည်းပုတ်ပြတ်ကမပြီး ဘူး။ ဒါကြောင့်တကြော်ကြော်အော်တောင်းရတာ။ အဲဒီကောင်မလေးသိလား။ အောင်သပြေက ဦးထွန်းရသမီးနွဲ့နွဲ့သန်းလေ။ သမီးနဲ့ ကျောင်းနေဖက်’’
‘‘အခုယမ်းထွန်းကြီးက အဖွဲ့ခေါင်းဆောင်ပေါ့’’
‘‘ဒါပေါ့။ အဖွဲ့သားခြောက်ယောက် ရှိတယ်။ ဘော်တွင်းကသုံးယောက်၊ ကျားစခန်းကသုံးယောက်။ ကိုယ့်မိုင်ြးွကက် မိသားစုတွေပဲ။ တစ်ယောက်နဲ့တစ်ယောက်တက်ညီလက်ညီပဲ။ ခေါင်းဆောင်ဆိုပြီး ကျုပ်ကရေသာမခိုဘူး။ ပိုတောင်အပင်ပန်းခံသေး’’
ကျွန်တော်တို့ပြောနေစဉ် နွဲ့နွဲ့သန်းကလာနှုတ်ဆက်သည်။ ကျွန်တော်နှင့်စကားပြောနေစဉ် မျက်ရည်တွေဝေ့နေသည်။ သူ့အဖေကမိုင်းထဲက ယမ်းထွန်းကြီး၊ သူ့အမေက မြေပေါ်ဒီစီတီမှာလုပ်သည်။ ကျောင်းအားရက်လည်း သူ့ခမျာအနားမနေရ။ တောင်ပေါ်ပလောင်ရွာတွေဆီဈေးရောင်း၊ ရွေဖှီချိန်လက်ဖက်ခူး။ ဒါ့ကြောင့်ထင်သည်။ ၁၀ တန်း နှစ်နှစ်ဖြေတာတောင်မအောင်။ ခုတော့လမ်းဘက်ရောက်လာသည်။ ခဏနေတော့ချည်ခင်သဲမှုန့်ကားလာသဖြင့် နှုတ်ဆက်ကာ သူပြေးသွားသည်။
‘‘ယမ်းထွန်းဘော်တွင်းပြန်လိုက်ခဲ့ပါလား။ အခုဆို နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ဖြစ်တော့မှာ။ အလုပ်သမားတွေဒေါ်လာ တွေ၊ အက်ဖ်အီးစီတွေစားရတော့မှာ။ အခုလက်ငင်းပဲ သတ္တုရိုင်းတစ်တန်ထုတ်ရင် ငါ့းရာ့ငါးဆယ်တန်စားပေးစားတွေပေးနေပြီ။ ပြီးတော့မိုင်းသမားတွေ မိုင်းထဲကအထွက်မှာ အားဖြည့်အစားအစာတွေလည်း ကျွေးနေပြီ။ လုပ်ငန်းကျွမ်းကျင်တဲ့ ယမ်းထွန်းကြီးတို့လို လူဟောင်းကြီးတွေပြန်လာရင် လူကြီးတွေကသိပ်သဘောကျမှာ’’
‘‘ဒီမှာ ကျောင်းဆရာ၊ ဖက်စပ်ဆိုတာလည်း ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ ဒေါ်လာဆိုတာ ခေါ်ရင်သွားနိုင်တဲ့လူမှ ဒေါ်လာစားထဲပါမှာ။ တန်စားပေစားတွေ ထုတ်ရရင် အလွန်ဆုံးရရင်ခြောက်ထောင်ပေါ့။ ဒါတောင်ခါးကျိုးအောင်လုပ်နိုင်မှပါ။ တော် ပြီကျောင်းဆရာ။ ဘော်တွင်းကို ကျေးဇူးကန်းစကားပြောတာမဟုတ်ဘူးနော်။ ကိုယ့်ကိုထမင်းကျွေးတဲ့ဒေသကို ဘယ်တော့မှ မမေ့ဘူးဗျာ။တာဝန်ကျေခဲ့ပြီပေါ့ဗျာ။ အခုတော့ ကျုပ်နဲ့ ကျုပ်သမီးလေးရဲ့ရှေ့ရေး၊ ရပ်တည်ရေးနဲ့ နေစရာအိမ်လေးတစ်လုံးအတွက် ကျုပ်ငွေရှာပါရစေဗျာ။ ဒီမယ်ကျောင်းဆရာ၊ အေရှားဝါးမှာကျုပ်ရဲ့တစ်လဝင်ငွေဟာ အနည်းဆုံး (လက်ညှိုးတစ်ချောင်းထောင်ပြသည်) ဒီလောက်ရတယ်’’
ကားထွက်လာသောအခါ ယမ်းထွန်းကြီးဦးတင်ရ၏ စကားသံတွေက ကားနောက်လိုက်ပါလာနေဆဲပင်။
ကျွန်တော်တို့အလယ်တန်းကျောင်းသားလောက်ကနေ နာမည်ကြီးခဲ့သော အဆိုတော်ဇော်ဝမ်း၏ သီချင်းတစ်ပုဒ်ကို ပြေးသတိရသည်။
‘‘လမ်းခင်းတဲ့ကျောက်ခဲကတော့ အသွေးအရောင်ပြောင်မွဲ xxxတန်ဖိုးမှာလည်းနည်းxxx’’
ဇော်ဝမ်း၏‘ကျောက်ခဲ’သီချင်းထဲမှ အသွေးအရောင်မွဲသောလမ်းခင်းသည့်ကျောက်ခဲလေးများ၏ ဘ၀တန်ဖိုးမှာ အလွန်နည်းလှ သည်ဟု ဖွဲ့ဆိုထားသည်။
သို့သော် အရောင်မွဲသော ကျောက်ခဲကလေးများကို လမ်းခင်းသော လုပ်အားတန်ဖိုးနှင့် အရောင်တလက်လက်တောက်ပနေ သော ဘော်ခဲ(ငွေ၊ခဲ၊ သွပ်ရောနေသည့် သတ္တု)လေးများကို ထုတ်လုပ်ပေးခဲ့ရသည့် လုပ်အား၏ တန်ဖိုးအနည်းအများကိုတော့ ကိုပေါက်စတို့ ယမ်းထွန်းကြီး ဦးတင်ရတို့လို မိုင်းလုပ်သားတွေက အသိဆုံးဖြစ်မည်ပင်။
ကားလမ်းနှင့်နီးသော ကျောက်တောင်အနီးသို့ ရောက်လာသောအခါ၌ ကျောက်ခွဲစက်များ၊ ကျောက်တင်ကားများနှင့် အဝင်အထွက်ရှုပ်နေသဖြင့် ကားကိုရပ်ထားရပြန်သည်။ လမ်းပြင်နေသည့် အလုပ်သမားများက ကျွန်တော်တို့ကားဆီ ခေါင်းမော့ ကြည့်နေကြသည်။
‘‘ဟိုမှာဘော်တွင်းမိုင်းကားကြီးလာပြီဟေ့’’ဟု တစ်ယောက်ကအော်လိုက်လျှင် သူတို့ပြေးလာကြလိမ့်မည်။ မိုင်းကားကြီးမြင် တာနှင့်ပင်‘ဘော်တွင်းကို ပြန်လိုက်ချင်လိုက်တာ’’လို့ပြောနေကြလိမ့်မည်။ ပြီးတော့သူတို့နားမှ ကားကြီးဖြတ်သွားသောအခါ ကား နောက်ပိုင်းကို ငေးကြည့်ရင်းတောင်ပတ်လည်နှင့် ဘော်တွင်းဆိုတဲ့ ညိုမည်းနေသည့်မြို့လေးကိုလွမ်းနေမည်။ သို့သော်. . . ။

(၁၉၉၉ ခုနှစ်၊ ဧပြီလ၊ မဟေသီရုပ်စုံမဂ္ဂဇင်း၊ အမှတ်၁၇၂)
ဆင်တဲဝမြတ်မင်း
 

No comments:

Post a Comment