သေမင်းထောင်ချောက်အတွင်းဝယ်
ရေးသားသူ. ဆင်တဲဝမြတ်ဖုန်း၊
၁၉၇၈ခု၊ မေလ၊ရှုမဝမဂ္ဂဇင်း
++++++++++++++++++++++++++ +++++++++
''မိုင်းထဲမှာ မြေပြိုလို့တဲ့ဟေ့..." ဟူသော အမင်္ဂလာ သတင်းစကားသည် ငြိမ်သက်နေသော
'ဘော်နန်း' သတ္တုတွင်းမြို့ငယ်ကို ခပ်ကြမ်းကြမ်း ဆွဲကိုင်လှုပ်ယမ်းလိုက်လေသည် ။
''ဟယ်...ဒုက္ခပါပဲ၊ လူတွေများ အထိအခိုက်ရှိသေးလား မသိဘူး"
''ဒီမိုင်းက တစ်နှစ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်တော့ ခုလိုဖြစ်နေကျပဲ"
''ဖွဟဲ့...လွဲပါစေ...ဖယ်ပါေ စ၊ အသေအပျောက် မရှိပါစေနဲ့တော်..."
''ဘယ် 'လယ်ဗယ်' မှာဖြစ်တာတဲ့တုန်း"
''ကိုကျော်စိန်တို့ 'စတုပ်' များဖြစ်နေမလား မသိဘူး...၊သူတို့စတုပ်က သိပ်စိတ်ချရတာမှုတ်ဖူး"
အာမေဋိတ်သံများ၊ မေးခွန်းများနှင့် စိုးရိမ်သံများသည် ဘော်နန်းမြို့၏ကျဉ်းမြောင်း သော
လမ်းများ ပေါ်တွင် ယောက်ယက်ခတ် လှုပ်ရှားနေကြသော လူများနှင့်အတူ၊
ဖရိုဖရဲပြန့်ကြဲနေကြ၏။ ပူပန်နေကြ သော သူတို့တတွေသည် လယ်ဗယ်နံပါတ် ဘယ်လောက်၊
စတုပ်နံပါတ်ဘယ်လောက်မှာ ဖြစ်တာလဲဆို သည်ကို အလွန်အမင်းသိချင်နေကြသည်။
၎င်းတို့ကိုသိပါက လောလောဆယ် အန္တရာယ်နှင့် ရင်ဆိုင်နေရ ဖွယ်ရှိသူများမှာ
သူ့ဆွေမျိုးလား၊ ငါ့ဆွေမျိုးလား၊ သူ့ယောကျာ်းလား၊
ငါ့ယောကျာ်းလား...ဆိုသည်ကို သိနိုင်ပေမည်။ သို့ကြောင့်လည်း စိုးရိမ်ပူပန်စိတ်ဖြင့် တစ်ယောက်တစ်ပေါက် အလောတကြီး မေးမြန်းစုံစမ်း နေကြခြင်းဖြစ်၏။
လယ်ဗယ်တို့၊ စတုပ်တို့ဆိုသည်က သတ္တုတွင်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ မြေအောက် ပေပေါင်း (၁၃၀ဝ)ကျော်နက်သော ဘော်နန်းသတ္တုတွင်း၌၊ တစ်ခုနှင့်တစ်ခု အထက်အောက်ပေ (၁၀ဝ) ကျော် ဝေးကွာသော လိုဏ်ခေါင်း အထပ်ပေါင်း (၁၂) ထပ်ရှိပြီး၊ ၎င်းအထပ်များကို 'လယ်ဗယ်' (LEVEL)ဟုခေါ် ကြသည်။ မြေအောက်သို့ ဆင်းသည့် အဓိကဆင်းတွင်းအတိုင်း ဓာတ်လှေကားဖြင့် ဆင်းသွားလျှင် နံပါတ် (၁)အထပ်၊ နံပါတ်(၂)အထပ်စသော လိုဏ်များကို အစဉ်လိုက်အတိုင်း တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားရပေ သည်။ အထပ်တစ်ခုစီတွင် ကျောရိုးသဖွယ်ဖြစ်သော အမြင့်(၆)ပေ၊ အကျယ်(၅)ပေမျှရှိသည့် 'လိုဏ်မ'နှင့်၊၎င်းလိုဏ်မမှ ခွဲထွက်သွားကြသော လိုဏ်မထက်ပို၍ ကျဉ်းမြောင်းသည့် 'လိုဏ်ခွဲ' များရှိကြသည်။ လိုဏ်ခွဲ များအတိုင်းလိုက်သွားပါက သတ္တုကြောရှိရာသို့ ရောက်ရှိသွားပြီး၊ 'စတုပ်'(Stope) ဟုခေါ်သည့် သတ္တု ထုတ်လုပ်ရာလုပ်ကွက်များကို တွေ့ရပေမည်။ သတ္တုတွင်းထဲတွင် အထပ်တွေများသလို၊ အထပ်တစ်ခုစီတွင် လည်း သတ္တုထုတ်လုပ်ရာ လုပ်ကွက်တွေအနည်းဆုံး သုံးလေးခုမျှ ရှိကြသည်။ (၄)ယောက်တစ်ဖွဲ့၊ (၅) ယောက်တစ်ဖွဲ့ စသည်ဖြင့် မြေအောက်တွင် အလုပ်လုပ်ကြရသော အလုပ်သမား အဖွဲ့များကလည်း များပြားလှသည်။ သို့ကြောင့်လည်းယခုကဲ့သို့ မြေပြိုသည်ဟု သတင်းကြားလိုက်ရသောအခါ မည်သူတွေ နှင့်ပက်သက်နေသည်ကို သိနိုင်ရန်၊ အထပ်နံပါတ် ဘယ်လောက်၊ သတ္တုထုတ်ရာလုပ်ကွက်နံပါတ်ဘယ် လောက်စသည်ဖြင့် စုံစမ်းကြဖြင်းဖြစ်၏။
သို့သော် သတင်းအတိအကျကို မည်သူမျှချက်ချင်း မပြောနိုင်ကြသေး။ တစ်ယောက်တစ်မျိုးသာ ထင် မြင်ချက်ပေးနေကြသည်။ မိုင်းထဲသို့ဆင်းသည့် ဂိတ်ဝရှိ တာဝန်ကျသူများကလည်း လာရောက်စုံစမ်းသူများ ကိုကျေနပ်လောက်အောင် သတင်းမပေးနိုင်ကြသေးပေ။ သတင်းကို သိလိုသူများမှာ အမျိုးမျိုးထင်၊ အမျိုး မျိုးတွေးတောကာ စိတ်ပင်ပန်း နေကြရရှာပေသည်။ မြေပြိုတဲ့အထဲ ဘယ်နှစ်ယောက် ပါသွားပါလိမ့်။ ပြိုတဲ့
မြေတွေ ပိပြီးသေကုန်ကြလေသလား။ မြေမပိပဲ ချောင်ထဲမှာ ပိတ်မိနေကြလေသလား။
တယ်လီဖုန်းသံများသည် နေရာအနှံ့ မှ ထွက်ပေါ်နေကာ တာဝန်ရှိသော မိုင်းချုပ်နှင့်လက်ထောက် မိုင်းချုပ်များ၊ ဆေးရုံမှဆရာဝန်နှင့်အမှုထမ်း များသည် မိုင်းထဲသို့ အပြေးအလွှားဆင်းသွားကြလေသည်။ မြေအောက်တွင် အလုပ်ဆင်းနေကြသူတို့၏ ဇနီး၊သားသမီးနှင့်ဆွေမျိုးများမှာ သောကကိုသယ်ဆောင်လျက် ဟိုပြေးလိုက် ဒီပြေးလိုက်၊ ဟိုမေးလိုက် ဒီမေးလိုက်ဖြင့် ဗျာများနေကြရရှာသည်။
သို့ဖြင့် ဘော်နန်းမြို့တစ်မြို့လုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကာ၊ စိတ်တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်နေလေပြီ။
++++++++++++++++++++++++++
''မိုင်းထဲမှာ မြေပြိုလို့တဲ့ဟေ့..." ဟူသော အမင်္ဂလာ သတင်းစကားသည် ငြိမ်သက်နေသော
'ဘော်နန်း' သတ္တုတွင်းမြို့ငယ်ကို ခပ်ကြမ်းကြမ်း ဆွဲကိုင်လှုပ်ယမ်းလိုက်လေသည်
''ဟယ်...ဒုက္ခပါပဲ၊ လူတွေများ အထိအခိုက်ရှိသေးလား မသိဘူး"
''ဒီမိုင်းက တစ်နှစ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်တော့
''ဖွဟဲ့...လွဲပါစေ...ဖယ်ပါေ
''ဘယ် 'လယ်ဗယ်' မှာဖြစ်တာတဲ့တုန်း"
''ကိုကျော်စိန်တို့ 'စတုပ်' များဖြစ်နေမလား မသိဘူး...၊သူတို့စတုပ်က သိပ်စိတ်ချရတာမှုတ်ဖူး"
အာမေဋိတ်သံများ၊ မေးခွန်းများနှင့် စိုးရိမ်သံများသည် ဘော်နန်းမြို့၏ကျဉ်းမြောင်း
လယ်ဗယ်တို့၊ စတုပ်တို့ဆိုသည်က သတ္တုတွင်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ မြေအောက် ပေပေါင်း (၁၃၀ဝ)ကျော်နက်သော ဘော်နန်းသတ္တုတွင်း၌၊ တစ်ခုနှင့်တစ်ခု အထက်အောက်ပေ (၁၀ဝ) ကျော် ဝေးကွာသော လိုဏ်ခေါင်း အထပ်ပေါင်း (၁၂) ထပ်ရှိပြီး၊ ၎င်းအထပ်များကို 'လယ်ဗယ်' (LEVEL)ဟုခေါ် ကြသည်။ မြေအောက်သို့ ဆင်းသည့် အဓိကဆင်းတွင်းအတိုင်း ဓာတ်လှေကားဖြင့် ဆင်းသွားလျှင် နံပါတ် (၁)အထပ်၊ နံပါတ်(၂)အထပ်စသော လိုဏ်များကို အစဉ်လိုက်အတိုင်း တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားရပေ သည်။ အထပ်တစ်ခုစီတွင် ကျောရိုးသဖွယ်ဖြစ်သော အမြင့်(၆)ပေ၊ အကျယ်(၅)ပေမျှရှိသည့် 'လိုဏ်မ'နှင့်၊၎င်းလိုဏ်မမှ ခွဲထွက်သွားကြသော လိုဏ်မထက်ပို၍ ကျဉ်းမြောင်းသည့် 'လိုဏ်ခွဲ' များရှိကြသည်။ လိုဏ်ခွဲ များအတိုင်းလိုက်သွားပါက သတ္တုကြောရှိရာသို့ ရောက်ရှိသွားပြီး၊ 'စတုပ်'(Stope) ဟုခေါ်သည့် သတ္တု ထုတ်လုပ်ရာလုပ်ကွက်များကို တွေ့ရပေမည်။ သတ္တုတွင်းထဲတွင် အထပ်တွေများသလို၊ အထပ်တစ်ခုစီတွင် လည်း သတ္တုထုတ်လုပ်ရာ လုပ်ကွက်တွေအနည်းဆုံး သုံးလေးခုမျှ ရှိကြသည်။ (၄)ယောက်တစ်ဖွဲ့၊ (၅) ယောက်တစ်ဖွဲ့ စသည်ဖြင့် မြေအောက်တွင် အလုပ်လုပ်ကြရသော အလုပ်သမား အဖွဲ့များကလည်း များပြားလှသည်။ သို့ကြောင့်လည်းယခုကဲ့သို့ မြေပြိုသည်ဟု သတင်းကြားလိုက်ရသောအခါ မည်သူတွေ နှင့်ပက်သက်နေသည်ကို သိနိုင်ရန်၊ အထပ်နံပါတ် ဘယ်လောက်၊ သတ္တုထုတ်ရာလုပ်ကွက်နံပါတ်ဘယ
သို့သော် သတင်းအတိအကျကို မည်သူမျှချက်ချင်း မပြောနိုင်ကြသေး။ တစ်ယောက်တစ်မျိုးသာ ထင် မြင်ချက်ပေးနေကြသည်။ မိုင်းထဲသို့ဆင်းသည့် ဂိတ်ဝရှိ တာဝန်ကျသူများကလည်း လာရောက်စုံစမ်းသူများ ကိုကျေနပ်လောက်အောင် သတင်းမပေးနိုင်ကြသေးပေ။ သတင်းကို သိလိုသူများမှာ အမျိုးမျိုးထင်၊ အမျိုး မျိုးတွေးတောကာ စိတ်ပင်ပန်း နေကြရရှာပေသည်။ မြေပြိုတဲ့အထဲ ဘယ်နှစ်ယောက် ပါသွားပါလိမ့်။ ပြိုတဲ့
မြေတွေ ပိပြီးသေကုန်ကြလေသလား။ မြေမပိပဲ ချောင်ထဲမှာ ပိတ်မိနေကြလေသလား။
တယ်လီဖုန်းသံများသည် နေရာအနှံ့ မှ ထွက်ပေါ်နေကာ တာဝန်ရှိသော မိုင်းချုပ်နှင့်လက်ထောက် မိုင်းချုပ်များ၊ ဆေးရုံမှဆရာဝန်နှင့်အမှုထမ်း
သို့ဖြင့် ဘော်နန်းမြို့တစ်မြို့လုံးမ
မြေအောက် သတ္တုတွင်းထဲမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေလေ၏။ မြေပြိုသည့်
နံပါတ်(၉) အထပ် ၌ မြေအောက်အလုပ်သမားမှအစ ကြီးကြပ်ရေးမှူး၊
အဆိုင်းမှူးနှင့်အင်ဂျင်နီယာများသည် ခြေချင်းလိမ် လျက်ရှိနေကြ၏။ မြေပြိုသည့်နေရာမှာ လိုဏ်အဝမှ မြောက်ဖက်ပေ(၁၅၀ဝ)ခန့်မျှဝေးပြီး၊ လိုဏ်မမှ အရှေ့ ဖက်သို့ ခွဲထွက်သွားသည့် လိုဏ်ခွဲတစ်ခုအတွင်းမှာဖြစ် လေသည်။၎င်းလိုဏ်ခွဲအတွင်း၌ လိုဏ်မမှ(၄၅)ပေ ခန့်ကွာသောနေရာတွင် မြေကြီးများပိတ်ဆို့လျက်ရှိ နေ၏။
အင်ဂျင်နီယာများ ဆွဲထားသောမြေပုံကို ကြည့် ခြင်းဖြင့်
ဤလိုဏ်ခွဲသည်ပေ(၈၀)ခန့်သာ ရှည်လျားကာ၊ လိုဏ်မမှ(၅၈)ပေ အကွာ၌ 'ဘော်ဒိုက်'
တစ်ခုရှိပြီး၊ ゞင်းနှင့်တွဲလျက် အထက်အောက်တည့်မတ်စွာ တက်နိုင်ဆင်းနိုင်သော
လူအတက်အဆင်းလမ်းတစ်ခု ရှိသည် ဟုသိရလေသည်။ ဤအတက်အဆင်းလမ်းဖြင့်
အထက်နံပါတ်(၈) အထပ်မှ အောက်နံပါတ်(၉)အထပ်သို့ လှေကားများဖြင့်ဆင်းနိုင်သလို၊
အောက်အထပ်မှလည်း အထက်အထပ်သို့ တက်နိုင်ပေသည်။ ငွေနှင့်ခဲ ရောနေသော
သတ္တုများကို အလုပ်သမား များက 'ဘော်'ဟုခေါ်ကြပြီး၊ 'ဘော်ဒိုက်' ဆိုသည်မှာ
အပေါ်ပိုင်းရှိ သတ္တုထုတ်ရာ လုပ်ကွက်မှ တူးယူရရှိသော ဘော်ခဲ၊ဘော်မှုန့်များကို
အောက်အထပ်သို့ ချပေးရာလမ်း ကြောင်းဖြစ်လေသည်။၎င်းလမ်းကြော င်းမှာ လေးထောင့်ပုံသဏ္ဌာန်ရှိပြီး၊
သစ်သားများ ကာရံထားလျက်၊ အောက်တည့်တည့်သို့ စိုက်ဆင်းနေသည်။ အပေါ်မှ
သွန်ချလိုက်သော ဘော်များသည် ဘော်ဒိုက်ကိုဖြတ် ကာ အောက်အထပ်မှခံထားသော
'မိုင်းလှည်း' ထဲသို့ တိုက်ရိုက် ဒလဟောကျသွားသည်တော့ မဟုတ်ပေ။
ဘော်ဒိုက်၏အောက်ခြေတွင် ဘော်ခဲ၊ဘော်မှုန့်များ လိမ့်ဆင်းရန်
သစ်သားမြောင်းတစ်ခု တပ်ဆင်ထားပြီး၊ ゞင်းကိုလိုအပ်သလို
ပိတ်နိုင်ဖွင့်နိုင်လေသည်။ မလိုအပ် သေးသည့်အခါများတွင် ဘော်များကို
ဘော်ဒိုက်ထဲ မှာပင် သိမ်းဆည်းထားပြီး၊ လိုအပ်သည့်အခါကျမှသာ သစ်သားပြား
အပိတ်ကို ဆွဲဖွင့်၍ ဘော်များကို အောက်မှခံထားသော မိုင်းလှည်းထဲသို့
ကျစေလေသည်။ လှည်းတစီး ပြည့်သွားသောအခါ သစ်သားပြားကို ပြန်ပိတ်လိုက်ရလေ၏။
ယခုမြေပြိုသည်မှာ၊ ဤဘော်ဒိုက်နှင့်လူအတက်အဆင်း လမ်းတွင်
တစ်စုံတစ်ခုချို့ယွင်းကာ၊ ဘော်ဒိုက် အတွင်းမှ ဘော်ခဲ၊ ဘော်မှုန့်၊ ရွံ့စေး၊
မြေကြီးများက တဟုန်ထိုး စုပြုံကျဆင်းလာခြင်းကြောင့်
ဖြစ်နိုင်ပေ သည်။ သို့သော်သေချာပေါက် မပြောနိုင်ပေ။ အခြားအကြောင်း
တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင် မြေပြိုသည်ဖြစ်စေ၊
လောလောဆယ် မှာတော့ မိုင်းလှည်းကိုတွန်းရသော ကိုထွန်းခတစ်ယောက်ကား ဘေးအန္တရယ်
နှင့် ရင်ဆိုင်နေရလေပြီ။ ပြိုကျသော မြေကြီးထုက သူ့အားပိသွားခဲ့ပါက၊
အပိခံရပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူသေဆုံးခဲ့ပေမည်။ သို့မဟုတ်ပဲ
လိုဏ်ခွဲ၏ တဖက်အစွန်အဖျားတွင် ပိတ်မိနေ ပါက ချက်ချင်းသေနိုင်မည်
မဟုတ်သေးပေ။ သို့သော်ပြိုကျထားသော မြေများကို အချိန်မီ ဖယ်ထုတ်ရှင်း
လင်းခြင်း မပြုနိုင်ပါက၊ အသက်ရှုဖို့ လေကုန်ခန်းကာ သူ့ခမျာ
အသက်ထွက်မည့်အချိန်ကိုသာ စောင့်ရပေတော့မည်။ သို့ရာတွင် မည်သည့်အတိုင်း
အတာအထိ မြေပြိုသနည်း ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြ သေးပေ။
လိုဏ်ခွဲတစ်ခုလုံး နေရာလွတ် မကျန်အောင် ပိတ်ဆို့သွားလေပြီလော...။
သည်သို့ဆိုလျှင် ကိုထွန်းခ အတွက်အသက်ရှင်နိုင်ဘို့ အခွင့်အရေး
လုံးဝရှိနိုင်တော့မည် မဟုတ်ပေ။
ကိုထွန်းခသည် မြေအပိခံရ၍ သေဆုံးနေသည်ဖြစ်စေ၊ အပိတ်ခံနေရ၍ အသက်ရှင်နေသေးသည် ဖြစ်စေ၊ ယခုအချိန်၌ မလွှဲမသွေလုပ်ရမည့်တစ်ခုတည်း သော
အလုပ်မှာပိတ်ဆို့နေသော မြေများကိုအမြန်ဆုံး ဖယ်ရှားပစ်ရန် ပင်ဖြစ်သည်။
သို့ကြောင့်လည်း ဤကိစ္စမျိုးတွင် အတွေ့အကြုံရှိ၍ ကျွမ်းကျင်ကြသော မြေအောက်
အလုပ်သမား ကြီးများသည် မိမိတို့၏ လုပ်ဖော်ကိုင်ဘက် ရဲဘော်တစ်ယောက်အတွက်
အတတ်နိုင်ဆုံး ခွန်အား စိုက်ထုတ်ကာ မြေများကို အမြန်ဆုံးသယ်ယူရှင်းလင်းကြေ လသည်။
သို့သော်ပြိုကျနေသောမြေမှာ ဘော်ခဲ၊ဘော်မှုန့်များချည်းမ ဟုတ်ဘဲ၊
ရွံ့စေးနှင့်ရေများပါ ရောနှောနေ သဖြင့် နုန်းမြေများကဲ့သို့ ဖြစ်နေပြီး
အောက်ကကျုံးလိုက်တိုင်း အပေါ်မှထပ်၍ ပြိုဆင်းလာနေတော့သည်။ ဤသို့မြေကြီးကို
ဒလစပ်ကျုံးနေပါက ပိတ်ဆို့နေသော မြေထုကိုအချိန်မီ
ဖယ်ရှားရှင်းလင်းပစ်နိုင်မည်
မဟုတ်ပေ။ သို့ဖြင့်လူတစ်ကိုယ်စာ ငုတ်တုတ်ထိုင်ပြီး ဝင်သာရုံ
လမ်းကြောင်းကလေးဖောက်၍ အတွင်းမှလူကို ကယ်ဆယ်ရန် ကြံစည်ကြရပြန်သည်။
လိုဏ်တစ်ခုလုံးကို ပြန်ဖော်ရသည်နှင့်စာလျှင် လူတစ်ကိုယ်စာလမ်း ကြောင်းကလေး
ဖောက်ဝင်ရသည်မှာ အချိန်ကုန်လည်း သက်သာ၍ ရှေ့သို့လည်းမြန်မြန်ရောက်နိုင်သည်။
သို့သော် ဤလမ်းကြောင်းကလေးကို အပေါ်မှမြေကြီးများက ဖုံးအုပ်မသွားရလေအောင်
သစ်သားများဖြင့် ထောက်ပင့် ကာရံထားရသည်။ မြေကြီးကို သယ်ထုတ်ရာတွင်လည်း
ရှေ့ဆင့်နောက်ဆင့် တစ်ယောက်စီ ငုတ်တုတ်ထိုင် တန်းစီကာ လက်ဆင့်ကမ်းပြီး
ယက်ထုတ်ကြရသည်။ ဤလမ်းကြောင်း ငယ်ထဲဝင်ပြီး မြေယက်ရသူများမှာ
အန္တရာယ်နှင့်အလွန်နီးကပ်နေသ ည်။
အခုအခံသစ်သားများမခိုင်၍ မြေပြိုကျပါက အားလုံးသေကုန်ကြတော့မည်။
သို့သော်ဘဝတူ ကိုယ့်လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို လျစ်လျူရှု၍
မထားလိုကြသဖြင့်၊ အသက်ကိုရင်း၍ လုပ်ကိုင် နေကြခြင်းဖြစ်ပေသည်။
နောက်ပိုင်းမှလူများကလည်း လိုအပ်သောသစ်သားများကို အဆင်သင့်
ဖြတ်တောက်ပေးကြလေ၏။
လူတစ်ယောက်၏အလောင်းကိုပြန်ထုတ်ယူရန်
(သို့မဟုတ်) လူတစ်ယောက်၏အသက်ကို ကယ်ဆယ် ရန် ယခုကဲ့သို့သက်စွန့်ဆံဖျား
လုပ်နေကြရသည်မှာ တထိတ်ထိတ်နှင့် ရင်ကိုတဖိုလှိုက်လှိုက်ဖြစ်စေ ပေသည်။ လမ်းကြောင်းငယ် ဖောက်နေသည့် လူများမှာ ကိုယ်မော၊စိတ်မောဖြစ်ကာ မွန်းကြပ်ပြီး ဇောချွေးများပြန်နေ
ကြတော့သည်။
အချိန်များကား ကုန်လွယ်လှလေသည်။ နေ့လယ်(၂)နာရီထိုးပြီဖြစ်၍၊
မနက်အဆိုင်းမှလူများအစား ညနေအဆိုင်းမှလူများက နေရာယူကြကာ လမ်းကြောင်းကို
ဆက်ဖောက်ကြပြန်လေပြီ။ ကိုထွန်းခ၏အခြေ အနေမှာ မည်သို့ရှိနေလေသနည်း။
မြေပြိုခဲ့သည်မှာ(၅)နာရီခန့် မျှပင်
ကြာခဲ့ချေပြီ။ သို့သော်(၅)နာရီ ဆိုသည်မှာ ခန့်မှန်းချက်မျှသာဖြစ်၏။
အမှန်တကယ်တော့ မြေပြိုသည်ကို ကိုထွန်းခမှအပ မည်သူမျှ မသိလိုက်ကြ။
အပေါ်ပိုင်းရှိ သတ္တုထုတ်ရာလုပ်ကွက်တွင် အလုပ်လုပ်နေကြသော ကိုထွန်းခနှင့်တစ်ဖွဲ့ထဲသား များပင်လျှင်
အသံသဲ့သဲ့မျှကိုသာ ကြားလိုက်ကြရသည်။ သို့သော် ထိုအသံကို ကြားနေကျဖြစ်သော
သမရိုးကျလှည်းသွန် သံဟုသာမှတ်ထင်ခဲ့ကြသည်။ တာဝန်ကျအဆိုင်းမှူးရောက်လြာ ပီး
လှည်းတွန်းသံမကြား၍ အလုပ်သမား တစ်ယောက်ကို သွားကြည့်စေသောအခါမှသာ
မြေပြိုကျနေသည်ကို တွေ့ရခြင်းဖြစ်လေသည်။ ထို့ကြောင့်လည်း မြေပြိုချိန်ကို
အတိအကျမသိရခြင်းဖြစ်၏။
အသက်ကယ် လမ်းကြောင်းငယ်ကလေးသည် အလွန်ဖြည်းနှေးစွာပင် ရှေ့သို့ဝင်နေ၏။ အပေါ်မှ ပိနေသောမြေကြီးများက ရေနှင့်ရောကာ အိပြိုဆင်းနေသည့်အတွက် ရှေ့သို့တမိုက်တထွာ ရောက်ရှိရေးမှာ ထင်သည်ထက်ပို၍ ခက်ခဲနေပေသည်။ သို့ဖြင့်နောက်ထပ်(၄)နာရီမျှကြာသည့်တိုင် လမ်းကြောင်းငယ်မှာ (၇)ပေကျော်မျှသာ ရှိသေးကြောင်းတွေ့ရသည်။ ယခုနှုန်းအတိုင်းဆိုပါက ရှေ့သို့(၁)ပေရောက်ဖို့အတွက် အချိန်(၄၅)မိနစ်မျှကြာနေပေသ ည်။
မြေပြိုသည့်အတိုင်းအတာကို အတိအကျမသိသေးသော်လည်းအနည်း ဆုံးပေ(၂၀)မျှအထိ
ပိတ်ဆို့နေမည်ဟု ခန့်မှန်းနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘော်ဒိုက်၏သည်
ဖက်မှာပင်(၁၀)ပေခန့်အထိ မြေများပိတ်ဆို့နေသည်ဖြစ်ရာ ၊ ဟိုတဖက်မှာလည်း(၁၀)ပေခန့်အထိ ပိတ်ဆို့ နေမည်ဟု အကြမ်းဖျဉ်းတွက်နိုင်ပေသည်။
သည်သို့ဆိုလျှင် အသက်ကယ်လမ်းကြောင်းငယ်ကို ဟိုတစ်ဖက် ပေါက်ဖို့အတွက်
နောက်ထပ်(၁၀)နာရီကျော်မျှ ကြာပေအုံးမည်။ ဤသည်မှာအနည်းဆုံး
တွက်ထားခြင်းဖြစ်၏။ မြေပိတ်ဆို့နေသည်မှာ ပေ(၂၀)မျှမကပဲ
ထို့ထက်ပို၍သော်လည်းကောင်း၊ လိုဏ်ခွဲအဆုံးထိသော် လည်းကောင်း ပိတ်ဆို့ချင် ပိတ်ဆို့နေပေမည်။
အရေးအကြီးဆုံးလုပ်ရမည့်အလုပ်မှာ
ကိုထွန်းခသည် အသက်ရှင်နေသေးပါက သူ့အသက်ကို မရ ရအောင် လုယူရန်ပင်ဖြစ်သည်။
မြေအပိခံရပြီး သေနေပြီဆိုလျှင်ကား မည်သို့မျှ အကြောင်းထူးမည်မဟုတ် တော့။
ယခုကား သေမှန်းရှင်မှန်းမသိနိုင်သေးသဖြင့် သူ့ဆီကိုအမြန်ဆုံး လမ်းကြောင်းပေါက်ဖို့လိုသည် ။ သို့မှသာ သူသည်အပြင်သို့ ထွက်လာနိုင်ပေမည်။ သို့သော်အသက်ကယ်လမ်းကြောင်း
ဖောက်ရသည်မှာ ခက်ခဲလွန်းသဖြင့် အချိန်ကြာလွန်းလှသည်။ ကိုထွန်းခသည်
တဖက်တွင်ပိတ်မိနေ၍ အသက်ရှင်နေသေးသည့်တိုင် ဤလမ်းကြောင်း မပေါက်မီမှာပင်
လေဝင်လေထွက်မရှိဘဲ မွန်းကြပ်ကာ သေသွားဖွယ်ရှိလေသည်။ သို့ဆိုလျှင် သူ့ထံသို့
လေအမြန် ဆုံးသွင်းပေးဖို့လိုသည်။ ထို့ကြောင့် (လမ်းကြောင်းငယ် ဆက်ဖောက်ရန်
ကျန်နေသေးသော မြေထုမှာလည်း ပိုက်လုံးတလုံးစာ မှီနိုင်လောက်ပြီဟု
ခန့်မှန်းနိုင်ပြီ ဖြစ်သည့်အတွက်) ၂-လက်မ သံပိုက်လုံးတလုံး အထဲသို့
ရိုက်သွင်းကြလေသည်။ ဤပိုက်လုံးသွင်းခြင်းဖြင့် ပြိုကျနေသော မြေထုထယ်ပမာဏကို
သိနိုင်မည့်အပြင် ကိုထွန်းခထံသို့လည်း လေကောင်းလေသန့်
အမြန်ဆုံးပေးနိုင်မည် ဖြစ်၏။
အချင်းဖြစ်ပွားရာ နေရာတဝိုက်တွင် တဒုတ်...ဒုတ်နှင့်ပိုက်လုံး ရိုက်သွင်းသံကိုသာ ကြားနေရသည်။ လူအများမှာ တလက်မချင်း တဖြည်းဖြည်းဝင်သွားသော ပိုက်လုံးကိုသာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။
ပြိုကျနေသော မြေထုကုန်ဆုံးသွားပြီဆိုလျှ င် ပိုက်လုံးသည်လျှောကနဲ အလွယ်တကူ ဝင်သွားပေမည်။ သို့မဟုတ်ပဲ လိုဏ်ဆုံးသည်အထိပိုက်လုံးကို ရိုက်သွင်းနေရပါက လိုဏ်ထဲတွင်နေရာလပ်ဟူ၍ မကျန်တော့ဟု
မှတ်ယူရပေတော့မည်။
''ဟေ့- ပေါက်သွားပြီကွ...ပေါက်သွား ပြီ"
ပိုက်လုံးကို ရိုက်သွင်းနေသူထံမှ ဝမ်းသာအားရအော်သံ ထွက်လာသဖြင့် လူအားလုံးမှာ လှုပ်လှုပ်
ရွရွဖြစ်သွားကြတော့သည်။
''အထဲကို ပိုက်လုံးဘယ်နှစ်ပေလောက် ဝင်သွားတုန်းဟေ့"
''(၁၅)ပေလောက် ဝင်သွားတယ်"
''ဟာ ဒီလိုဆို နေရာလွတ်တွေ ကျန်သေးတာပေါ့၊ ထွန်းခ မသေနိုင်သေးဘူးကွ"
''ကဲ- ပိုက်လုံးအခေါင်းထဲ ဝင်နေတဲ့မြေတွေကို မြန်မြန်ထိုးပစ်စမ်းကွာ..."
ပိုက်လုံးမှာရွှံ့စေးမြေထဲ ဖြတ်သွားရသောကြောင့် မြေကြီးများ ပိတ်ဆို့နေသဖြင့် သံချောင်းရှည် တစ်ချောင်းဖြင့် ထိုးချပစ်ရသည်။ ယခုကား ကိုထွန်းခအတွက် မျှော်လင့်ချက်ရောင်နီဦး သန်းလာပြီဟု ဆိုရ
ပေမည်။
''ဟော- ဟိုမှာ...ဟိုမှာ မီးရောင်တွေ့တယ်၊ ထွန်းခရှိနေတာ သေချာပြီဟေ့"
အလုပ်သမားများမှာ ဝမ်းသာအားရ ထခုန်သူခုန်ကြသည်။ အမှန်လည်း ပိုက်လုံးခေါင်းထဲတွင် တစ်ဖက်မှ ကာဘိုက်မီးရောင်မှိန်မှိန်ကို မြင်နေရသည်။ မီးရောင်ကိုမြင်နေရသည့် သဘောမှာ ကိုထွန်းခသည် မြေအပိတ်ခံနေရခြင်းသာဖြစ်ပြီး တစ်ဖက်နေရာလွတ်တွင် အန္တရာယ်ကင်းစွာရောက်ရှိနြေေ ကာင်းကို ဖော်ပြ နေခြင်းပင် ဖြစ်လေသည်။ ကာဘိုက်မီးခွက်သည် သူ့ချည်းသက်သက်တော့ဖြင့် ထိုနေရာသို့ ရောက်နေမည် မဟုတ်ပေ။
''ဟေ့- အောက်စီဂျင် ပိုက်သွင်းရအောင် ဖယ်ကြ...ဖယ်ကြ"
ဆရာဝန်က အောက်စီဂျင်သွင်းရန် အရေးတကြီး ပြင်ဆင်သည်။ သို့မှသာ ပိတ်မိနေသောလူမှာ အသက်ရှုချောင်သွားပေမည်။ အသက်ကောင်းစွာ ရှုနေရပြီဆိုလျှင် စိုးရိမ်စရာမရှိတော့။ အသက်ကယ် လမ်းကြောင်းပေါက်သွားချိန်တွင်
အပြင်သို့ အေးအေးဆေးဆေး ထွက်လာလိုက်ရုံမျှသာ ရှိတော့သည်။ သို့သော်-
သို့သော် သိမ့်ကနဲ တချက်မျှ ဖြစ်သွားကာ ပိုက်လုံးမှမြင်နေရသော
အလင်းရောင်သည် ရုတ်တရက် ကွယ်ပျောက်
သွားလေတော့သည်။
''ဟာ- မီးရောင် ပျောက်သွားပြီ"
လူအားလုံး စိုးရိမ်တုန်လှုပ်သွားကြတော့ ၏။
သိမ့်ကနဲဖြစ်သွားသည်မှာ ကိုထွန်းခ ရောက်ရှိနေသော နေရာတွင် ထပ်မံ၍
မြေပြိုကျခြင်း ဖြစ်ရပေမည်။ ကိုထွန်းခသည် ခုတကြိမ် မြေပြိုသည့် အန္တရာယ်ကို
လွတ်အောင် ရှောင်နိုင်ပါအုံးမည်လော။ စောစောကနေရာလွတ်တွင် ရောက်ရှိနေခဲ့သော
ကိုထွန်းခမှာ ယခုအခါ ပြေးစရာမြေ မရှိတော့ဘဲ ရွှံ့စေးမြေအောက်ရောက်ရှိ
သွားလေပြီလော။ ကိုထွန်းခ၏ ကံကြမ္မာကား မတွေးဝံ့ စရာပင် ဖြစ်နေလေပြီ။
ယခုမြေပြိုသည်မှာ၊ ဤဘော်ဒိုက်နှင့်လူအတက်အဆင်း
ကိုထွန်းခသည် မြေအပိခံရ၍ သေဆုံးနေသည်ဖြစ်စေ၊ အပိတ်ခံနေရ၍ အသက်ရှင်နေသေးသည် ဖြစ်စေ၊ ယခုအချိန်၌ မလွှဲမသွေလုပ်ရမည့်တစ်ခုတည်း
သို့သော်ပြိုကျနေသောမြေမှာ ဘော်ခဲ၊ဘော်မှုန့်များချည်းမ
လူတစ်ယောက်၏အလောင်းကိုပြန်ထ
ကြတော့သည်။
အချိန်များကား ကုန်လွယ်လှလေသည်။ နေ့လယ်(၂)နာရီထိုးပြီဖြစ်၍၊
အပေါ်ပိုင်းရှိ သတ္တုထုတ်ရာလုပ်ကွက်တွင် အလုပ်လုပ်နေကြသော ကိုထွန်းခနှင့်တစ်ဖွဲ့ထဲသား
အသက်ကယ် လမ်းကြောင်းငယ်ကလေးသည် အလွန်ဖြည်းနှေးစွာပင် ရှေ့သို့ဝင်နေ၏။ အပေါ်မှ ပိနေသောမြေကြီးများက ရေနှင့်ရောကာ အိပြိုဆင်းနေသည့်အတွက် ရှေ့သို့တမိုက်တထွာ ရောက်ရှိရေးမှာ ထင်သည်ထက်ပို၍ ခက်ခဲနေပေသည်။ သို့ဖြင့်နောက်ထပ်(၄)နာရီမှ
အရေးအကြီးဆုံးလုပ်ရမည့်အလုပ
အချင်းဖြစ်ပွားရာ နေရာတဝိုက်တွင် တဒုတ်...ဒုတ်နှင့်ပိုက်လုံး
ပြိုကျနေသော မြေထုကုန်ဆုံးသွားပြီဆိုလျှ
မှတ်ယူရပေတော့မည်။
''ဟေ့- ပေါက်သွားပြီကွ...ပေါက်သွား
ပိုက်လုံးကို ရိုက်သွင်းနေသူထံမှ ဝမ်းသာအားရအော်သံ ထွက်လာသဖြင့် လူအားလုံးမှာ လှုပ်လှုပ်
ရွရွဖြစ်သွားကြတော့သည်။
''အထဲကို ပိုက်လုံးဘယ်နှစ်ပေလောက် ဝင်သွားတုန်းဟေ့"
''(၁၅)ပေလောက် ဝင်သွားတယ်"
''ဟာ ဒီလိုဆို နေရာလွတ်တွေ ကျန်သေးတာပေါ့၊ ထွန်းခ မသေနိုင်သေးဘူးကွ"
''ကဲ- ပိုက်လုံးအခေါင်းထဲ ဝင်နေတဲ့မြေတွေကို မြန်မြန်ထိုးပစ်စမ်းကွာ..."
ပိုက်လုံးမှာရွှံ့စေးမြေထဲ ဖြတ်သွားရသောကြောင့် မြေကြီးများ ပိတ်ဆို့နေသဖြင့် သံချောင်းရှည် တစ်ချောင်းဖြင့် ထိုးချပစ်ရသည်။ ယခုကား ကိုထွန်းခအတွက် မျှော်လင့်ချက်ရောင်နီဦး သန်းလာပြီဟု ဆိုရ
ပေမည်။
''ဟော- ဟိုမှာ...ဟိုမှာ မီးရောင်တွေ့တယ်၊ ထွန်းခရှိနေတာ သေချာပြီဟေ့"
အလုပ်သမားများမှာ ဝမ်းသာအားရ ထခုန်သူခုန်ကြသည်။ အမှန်လည်း ပိုက်လုံးခေါင်းထဲတွင် တစ်ဖက်မှ ကာဘိုက်မီးရောင်မှိန်မှိန်က
''ဟေ့- အောက်စီဂျင် ပိုက်သွင်းရအောင် ဖယ်ကြ...ဖယ်ကြ"
ဆရာဝန်က အောက်စီဂျင်သွင်းရန် အရေးတကြီး ပြင်ဆင်သည်။ သို့မှသာ ပိတ်မိနေသောလူမှာ အသက်ရှုချောင်သွားပေမည်။ အသက်ကောင်းစွာ ရှုနေရပြီဆိုလျှင် စိုးရိမ်စရာမရှိတော့။ အသက်ကယ် လမ်းကြောင်းပေါက်သွားချိန်တ
သွားလေတော့သည်။
''ဟာ- မီးရောင် ပျောက်သွားပြီ"
လူအားလုံး စိုးရိမ်တုန်လှုပ်သွားကြတော့
မအေးစိန်သည် ကိုထွန်းခ၏သတင်းကို ကြားလိုက်ရသည်နှင့် ရင်ဝတွင် အလုံးကြီးဆို့ကာ မေ့မြော
သွားလေတော့၏။ ဂိတ်ဝရှိလူများက တတ်သမျှမှတ်သမျှ ဝိုင်းဝန်းပြုစုကြမှ သတိပြန်လည်လာလေသည်။
''အမလေး-အမလေး...ဖြစ်ရလေ ကိုထွန်းခရယ်...ဖြစ်ရလေခြင်း"
မအေးစိန်သည် ပရိဒေဝမီး တောက်လောင်ကာ ရင်အုံကို တအုံးအုံးထုပြီး ရှိုက်ကြီးတငင် ငိုယိုလေသည်။
''ဒီလောက်လဲ ပူမနေပါနဲ့ အေးစိန်ရာ ထွန်းခ ဘာမှမဖြစ်ပါဘူး။ ပိတ်မိနေရုံပဲ ဥစ္စာ. ခဏနေရင်
လွတ်တော့မှာပဲ"
အလုပ်သမားကြီးတစ်ယောက်က ဖျောင်းဖျနေသည်။ မအေးစိန်ကမူ မျက်ရည်အသွယ်သွယ်ကျရင်း
ခေါင်းကိုသာ အတွင်ယမ်းနေသည်။
''ကျုပ် မယုံတော့ဘူးတော့၊ သူသေပြီ-သူသေပြီ၊ တော်တို့က ကျုပ်ကိုလိမ်နေကြတာ"
''နင့်ကို ဘာလို့လိမ်မှာလဲဟ...ခုနကပဲ မြေအောက်က ကျော်မောင်တက်လာလို့ သတင်းအတိအကျ
ပြောသွားတယ်၊ ခုမြေတွေကို ဝိုင်းဆယ်နေကြတယ်၊ မကြာခင် ရတော့မှာပါဟ"
''ဒါမျိုးတွေ ရိုးနေပါပြီတော် အရင်တခါ ကိုကျော်ထွန်း ဖြစ်တုန်းကလဲ ဒီလိုပြောကြတာပဲ နောက်တော့
သေတာပဲ မှုတ်လားတော့။ အမလေး ကိုထွန်းခရယ်...ကျုပ်မတွေးဝံ့တော့ပါဘူးတော် ဟီး...ဟီး..."
ညနေစောင်းလာလေပြီ။ တောင်ကြားထဲတွင်ရှိသော ဘော်နန်းမြို့မှာ မိုးတိမ်ထဲ နစ်မြုပ်နေသဖြင့်
ရှစ်မျက်နှာစလုံး မှုန်မှိုင်းနေကာ လွမ်းဆွတ် ကြေကွဲစရာ ကောင်းနေတော့သည်။
အခန်းနီးချင်း မိန်းမများသည် မအေးစိန်အား ဖျောင်းဖျကာ သူ့အခန်းသို့ ခေါ်သွားကြ၏။ လမ်းတလျှောက်လုံးတွင် အေးမြသော မိုးမှုန်စက်ကလေးများသည် လွင့်မျောလာကာ မအေးစိန်မျက်နှာပြင်ကို တိုးဝှေ့ပွတ်သပ်သွားကြလေသည် ။
မိုးမှုန်စက်ကလေးများသည် မအေးစိန်ကို အေးမြသွားစေရန် မတတ် နိုင်ကြပေ။
မအေးစိန်ခမျာမှာတော့ သူ့ဘဝတစ်ခုလုံးမှာ ဟင်းလင်းပြင်ထဲ လွင့်စင် ပျောက်ကွယ်
သွားလေပြီဟု ထင်မှတ်နေကာ တတွတ်တွတ် ငိုမြည်တမ်းတမဆုံး ဖြစ်နေတော့သည်။
မအေးစိန် သူ့(၁၀)ပေခန်းထဲရောက်တော့ မှောင်စပျိုးပေပြီ။ ကလေးနှစ်ယောက်မှာ ထမင်းဆာ သဖြင့် တရှုံ့ရှုံ့ငိုယိုနေကြသည်။ ကလေးများကား သူတို့ဖခင်၏အဖြစ်ကို မသိကြပေ။ ကလေးပီပီ ဗိုက်ဆာလျှင် ငိုပြီး အစာတောင်း ဖို့သာ သိတတ်ကြပေမည်။ မအေးစိန်ခမျာ ညစာကို မချက်နိုင်အောင် သောက ပင်လယ်ဝေနေသဖြင့် ကလေးများကို အခန်းနီးချင်းများက ထမင်းခေါ်ကျွေးလိုက်ရလေသည်။ မအေးစိန်ကား စားရသောက်ရ မှန်းလည်းမသိ။ ကလေးများကိုလည်း ဂရုမထားမိတော့။
အပြင်ဖက်တွင်ကား မိုးမှုန်စက်ကလေးများ တဖွဲဖွဲ ကျဆင်းနေလျက်။
သွားလေတော့၏။ ဂိတ်ဝရှိလူများက တတ်သမျှမှတ်သမျှ ဝိုင်းဝန်းပြုစုကြမှ သတိပြန်လည်လာလေသည်။
''အမလေး-အမလေး...ဖြစ်ရလေ ကိုထွန်းခရယ်...ဖြစ်ရလေခြင်
မအေးစိန်သည် ပရိဒေဝမီး တောက်လောင်ကာ ရင်အုံကို တအုံးအုံးထုပြီး ရှိုက်ကြီးတငင် ငိုယိုလေသည်။
''ဒီလောက်လဲ ပူမနေပါနဲ့ အေးစိန်ရာ ထွန်းခ ဘာမှမဖြစ်ပါဘူး။ ပိတ်မိနေရုံပဲ ဥစ္စာ. ခဏနေရင်
လွတ်တော့မှာပဲ"
အလုပ်သမားကြီးတစ်ယောက်က ဖျောင်းဖျနေသည်။ မအေးစိန်ကမူ မျက်ရည်အသွယ်သွယ်ကျရင်း
ခေါင်းကိုသာ အတွင်ယမ်းနေသည်။
''ကျုပ် မယုံတော့ဘူးတော့၊ သူသေပြီ-သူသေပြီ၊ တော်တို့က ကျုပ်ကိုလိမ်နေကြတာ"
''နင့်ကို ဘာလို့လိမ်မှာလဲဟ...ခုနကပဲ မြေအောက်က ကျော်မောင်တက်လာလို့ သတင်းအတိအကျ
ပြောသွားတယ်၊ ခုမြေတွေကို ဝိုင်းဆယ်နေကြတယ်၊ မကြာခင် ရတော့မှာပါဟ"
''ဒါမျိုးတွေ ရိုးနေပါပြီတော် အရင်တခါ ကိုကျော်ထွန်း ဖြစ်တုန်းကလဲ ဒီလိုပြောကြတာပဲ နောက်တော့
သေတာပဲ မှုတ်လားတော့။ အမလေး ကိုထွန်းခရယ်...ကျုပ်မတွေးဝ
ညနေစောင်းလာလေပြီ။ တောင်ကြားထဲတွင်ရှိသော ဘော်နန်းမြို့မှာ မိုးတိမ်ထဲ နစ်မြုပ်နေသဖြင့်
ရှစ်မျက်နှာစလုံး မှုန်မှိုင်းနေကာ လွမ်းဆွတ် ကြေကွဲစရာ ကောင်းနေတော့သည်။
အခန်းနီးချင်း မိန်းမများသည် မအေးစိန်အား ဖျောင်းဖျကာ သူ့အခန်းသို့ ခေါ်သွားကြ၏။ လမ်းတလျှောက်လုံးတွင် အေးမြသော မိုးမှုန်စက်ကလေးများသည် လွင့်မျောလာကာ မအေးစိန်မျက်နှာပြင်ကို တိုးဝှေ့ပွတ်သပ်သွားကြလေသည်
မအေးစိန် သူ့(၁၀)ပေခန်းထဲရောက်တော့ မှောင်စပျိုးပေပြီ။ ကလေးနှစ်ယောက်မှာ ထမင်းဆာ သဖြင့် တရှုံ့ရှုံ့ငိုယိုနေကြသည်။ ကလေးများကား သူတို့ဖခင်၏အဖြစ်ကို မသိကြပေ။ ကလေးပီပီ ဗိုက်ဆာလျှင် ငိုပြီး အစာတောင်း ဖို့သာ သိတတ်ကြပေမည်။ မအေးစိန်ခမျာ ညစာကို မချက်နိုင်အောင် သောက ပင်လယ်ဝေနေသဖြင့် ကလေးများကို အခန်းနီးချင်းများက ထမင်းခေါ်ကျွေးလိုက်ရလေသည်။ မအေးစိန်ကား စားရသောက်ရ မှန်းလည်းမသိ။ ကလေးများကိုလည်း ဂရုမထားမိတော့။
အပြင်ဖက်တွင်ကား မိုးမှုန်စက်ကလေးများ တဖွဲဖွဲ ကျဆင်းနေလျက်။
ကိုထွန်းခသည်
ပိုက်လုံးကို မြင်လိုက်ရသဖြင့် ဝမ်းမြောက် အားတက်သွားကာ ပိုက်လုံးနားသို့
ကပ်လိုက်စဉ်၊ ကာဘိုက်မီးရောင်ဖြင့် အပေါ်မှ ရွှံ့စေးမြေများ အိဆင်းလာသည်ကို
မြင်လိုက်ရသောကြောင့် တဖက်သို့ လွတ်အောင် ခုန်ရှောင်လိုက်ရလေသည်။
သူပစ်လဲကျသွားသည်နှင့် တပြိုင်နက် 'ဝေါ' ကနဲ မြေပြိုကျကာ၊ ပိုက်လုံးကို
မြေကြီးများ ဖုံးအုပ်သွားလေတော့သည်။ ပြိုကျသောမြေမှာ သူ့နေရာထိ
မရောက်သဖြင့် သူ့ခမျာ စိတ်အေးသွားရပြန်သည်။ သို့သော် ကြောက်အား
လန့်အားနှင့် ခုန်ရှောင် လိုက်ရသဖြင့်၊ ကာဘိုက်မီးခွက်မှာ သူ့လက်ထဲမှ
လွင့်စင်သွားကာ မီးငြိမ်းသွားလေတော့သည်။ထို အခါ အမှောင်ထုသည် ချောက်ချားဘွယ်ကောင်းအောင် ဖုံးလွှမ်းသွားလေတော့၏။
မြေအောက်သတ္တုတွင်းထဲမှာ နေ့ဟူသည်မရှိ။ အမြဲတမ်းမဲမှောင်နေသော မကုန်ဆုံးနိုင်သည့် ညများသာ ရှိလေသည်။ ဤမျှ မဲမှောင်သော မြေအောက် လိုဏ်ခေါင်းထဲမှာပင် ထပ်မံ၍ အပိတ်လှောင် ခံထားရပြန်ရာ၊ နေရာကျဉ်းကလေးကို လွှမ်းမိုးနေသော အမှောင်ထုကို တခြား မည်သည့် အမှောင်ထုကမျှ မှီနိုင်မည် မဟုတ်ပေ။ နောက်ပြီး ဘေးပတ်ပတ်လည်နှင့် အထက်ရောအောက်မှာပါ မြေကြီးထုက ကာရံ ထားသည်။ လေကောင်းစွာ မရတော့သောကြောင့်လည်း မွန်းကြပ်နေသေးသည်။ ယခုအချိန်တွင် ကိုထွန်းခ ရောက်ရှိနေသော နေရာလွတ်မှာ (၇)ပေ အရှည်မျှသာကျန်တော့သည်။ နောက်တကြိမ်များ ထပ်မံပြိုကျလျှင် ကိုထွန်းခ ခမျာ အလိုအလျောက် မြေမြှုပ်ခံရပြီး ဖြစ်တော့မည်။
ကိုထွန်းခသည် သူ့အသက်ကို ကယ်ဆယ်လိုက်သော ကာဘိုက်မီးခွက်ကို အမှောင်ထဲမှာ လိုက်ရှာ၏။
ဤမီးခွက်မှ မီးရောင်သာ မရှိပါက စောစောတုန်းက မြေပြိုသည်ကို ကြိုတင်၍ ရှောင်နိုင်မည် မဟုတ်ပေ။
ချောင်ထဲတွင် ပိတ်မိနေသော ရွှံ့ရေမှာ ခြေသလုံးတဝက်ခန့်ထိ ရောက်နေသဖြင့် ရွှံ့ရေထဲမှာပင် ကာဘိုက်မီးခွက်ကို ရှာရလေသည်။ မြေအောက် သတ္တုတွင်းထဲမှာ ရေတစက်စက်ကျနေတတ်သည်မို့၊ အထပ်တိုင်းမှာ ရေများရှိနေသည်။ ယခုမြေပြိုကျလိုက်သောအခါ လွတ်နေသောနေရာသို့ ရေများလာစု နေသဖြင့်၊ ရေမှာ ဤမျှလောက် နက်နေခြင်း ဖြစ်လေသည်။ မကြာမီ ကိုထွန်းခသည် ကာဘိုက်မီးခွက်ကို ရေလွတ်သော ကမ်းစပ်တနေရာမှ ရှာ၍ တွေ့သွား လေ၏။ မီးခွက်တွင် စိုနေသော ရေအနည်းငယ်ကို အင်္ကျီဖြင့်သုတ်ပစ်လိုက်ပြီး မီးခွက်၏စလောင်းတွင် တပ်ထားသော မီးခြစ်ကျောက်ကို ခြစ်လိုက်သောအခါ 'ဟုတ်' ကနဲ မီးလင်းလာပြီးနောက် သူသည် ကာဘိုက်မီးခွက်ကို ရေပိတ်လိုက်၏။ ရေပိတ်လိုက်သဖြင့် ကာဘိုက်တုံးကလေးများနှင့် ရေဓာတ်ပြုမှု နည်းသွားပြီး မီးခွက်မှာ မှုန်ပျပျသာ လင်းတော့သည်။ မီးကို မှိန်မှိန်သာ ထားရှိခြင်းမှာ အချိန်ကြာမြင့်စွာ မီးရောင်ရှိနေနိုင်စေရန်နှင့် ရှိသမျှအောက်စီဂျင်ဓာတ်ကလေး မီးလောင်ကျွမ်း၍ ကုန်ခန်းမသွား စေရန် အတွက်ဖြစ်ပေသည်။ သူသည် ဗဟုသုတ အတော်အသင့်ရှိသဖြင့် ဤသို့ အတွေးပေါက်မိခြင်း ဖြစ်၏။
ထို့နောက် သူသည် ရေအစိုသက်သာအောင် လိုဏ်ဘေးတနေရာရှိ သစ်သားခုံတန်းကလေးအပေါ် ထိုင်ချလိုက်ကာ မြေပြိုစဉ်ကအဖြစ်ကို ပြန်၍ စဉ်းစားနေမိလေသည်။ သူသည်ဘော်လှည်းနှစ်စီးမျှ တွန်းပို့ ခဲ့ပြီးနောက် တတိယအခေါက်အတွက် ဘော်ဒိုက်ကို ဖွင့်၍ဘော်ထည့်နေစဉ် မြေကြီးများ ပြိုကျလာခြင်း ဖြစ်သည်။ သူရပ်နေသည်မှာ လှည်းတွန်းရမည့်ဖက်က ရပ်နေသည်ဖြစ်သောကြောင့် သူ့မှာလိုဏ်ခွဲ၏ အဖျားဖက် ရောက်နေတော့သည်။ ဘော်ဒိုက်ကို ကာထားသော သစ်သားများ ပြုတ်ထွက်၍ လူအတက် အဆင်းလမ်းမှ မြေကြီးများ ရုတ်တရက် ပြိုကျလာသောအခါ၊ သူသည် လမ်းပိတ်နေသောလှည်းကို ကျော်ပြီးပြေးချိန် မရတော့။ လှည်းကိုကျော်နေလျှင်လည်း မြေပိ၍ သေသွားမည်သာ ဖြစ်၏။ သို့နှင့် သူသည် လိုဏ်ခွဲ၏ အဖျားဖက်ကိုသာ ပြေးကပ်လိုက်ရသဖြင့် ပြိုကျသော မြေထု၏ တဖက်တွင် အပိတ်ခံရခြင်း ဖြစ်လေသည်။
သူသည် (၁၂)ပေခန့်သာ ကျန်တော့သည့် လိုဏ်ထဲတွင် ပိတ်လှောင်ခြင်းခံလိုက်ရသော အခါ၊ အလွန်အမင်း အထိတ်အလန့်ဖြစ်သွားလေ၏။ ငါလွတ်မှ လွတ်ပါဦးမည်လား။ ဒီအထဲမှာပဲ အသက်ရှူကြပ်ပြီး သေသွားတော့မှာလား။
ထို့နောက် သူ့လက်ထဲတွင် ကာဘိုက်မီးခွက် ရှိနေသေးသည်ကို သတိရမိလိုက်သည်နှင့် သူ့ပတ်ဝန်း
ကျင်ကို မီးထိုးကြည့်လိုက်သည်။ ဟော-ဟိုမှာ ဒိုက်ဟောင်းတစ်ခုပါလား။ သူသည် တအံတဩဖြစ်ကာ အကြီးအကျယ် ဝမ်းသာသွားတော့သည်။ ဤဒိုက်မှ အပေါ်သို့ တက်နိုင်လျှင် ထောင်ချောက်ထဲမှ လွတ်မြောက် နိုင်မည်မဟုတ်ပါလော။ သို့သော်- ဒိုက်ဟောင်းက လုံးဝ အသုံးမပြုနိုင်အောင် ပျက်စီးနေပြီး နံရံများသည် ပြိုကျနေကာ သစ်သားများဖြင့် နေရာအနှံ ဆို့ပိတ်ထားသဖြင့် ၎င်းကိုအသုံးပြုဖို့ လက်လျှော့လိုက်ရသည်။ သူ့အတွက် တစ်ခုကံကောင်းသည်ကား သစ်သားအကြိုအကြားမှ မဖြစ်စလောက်သော လေအနည်းငယ် စိမ့်ဝင်နေခြင်း ဖြစ်လေသည်။ ဤလေကိုသာ မရပါက သူသည် ၄-၅ နာရီထက်ပိုပြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့သော် ဤလေကို ရနေသည့်တိုင်အောင် ထောင်ချောက်ထဲတွင် သူသည်နာရီပေါင်း မြောက်များစွာ အသက်ရှင်နိုင်မည် မဟုတ်။ ယခုပင်လျှင် မွန်းကြပ်နေပေပြီ။ နောက်ပြီး ရေထဲခြေထောက် ချထားရသဖြင့် တကိုယ်လုံးမှာ အေးစက်နေသည်။ ဘောင်းဘီကလည်းတို၊ အင်္ကျီကလည်း အစုတ်အပြဲ ဖြစ်၍ အအေးဒဏ်ကို မကာကွယ်နိုင်။
သူသည် ဇနီး သား သမီးများ နှင့် မိဘဆွေမျိုးများကို စဉ်းစားလိုက်သောအခါ 'ငါများ သေသွားရင်တော့'
ဟုတွေးမိကာ များစွာစိတ်ထိခိုက်နေလေသည်။
အချိန်များသည် တဖြည်းဖြည်း ကုန်လွန်နေ၏။ သူသည် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မှန်းဆမရ။ ဘဝတူ အလုပ်သမားများ၏ ကယ်ဆယ်မှုကိုသာ သူစောင့်မျှော်နေမိပေသည်။ ထို့ကြောင့် ပြိုကျနေသော မြေကြီးထဲမှ ပိုက်လုံးထွက်လာသောအခါ၊ ဝမ်းသာအားရ အနားသို့ ချက်ချင်း တိုးကပ်သွားမိခြင်း ဖြစ်၏။ သို့သော် မြေထပ်မံ ပြိုကျပြန်သဖြင့် ကာဘိုက်မီးခွက်၏ အလင်းရောင်ဖြင့် လွတ်အောင် ရှောင်ခဲ့ရသည် မဟုတ်ပါလော။
အခုကား သူ့အတွက်နေရာလွတ်သည် အလွန်ကျဉ်းမြောင်း သွားလေပြီ။ ကျဉ်းမြောင်းလာသည်နှင့် အမျှလည်း အသက်ရှူရသည်မှာ ပိုမို ခက်ခဲလာလေပြီ။ ရင်ထဲမှာ တဖိုလှိုက်လှိုက် ဖြစ်နေကာ အလွန်အမင်း မောပန်းနေတော့သည်။ သေမင်းသည် သူ့ထောင်ချောက်ထဲ ပိတ်မိနေသော သားကောင်ကို မကြာခင် ဖမ်းယူပေတော့မည်။ သူ့ခမျာ သေမင်း၏ ခံတွင်းမှ လွတ်မြောက်ရန် ရှိသမျှ အင်အားကို ဖျစ်ညှစ် ထုတ်ကာ ရုန်းကန်နေရသဖြင့် မောသည်ထက် မောလာကာ နုံးခွေနေလေတော့သည်။
မြေအောက်သတ္တုတွင်းထဲမှာ နေ့ဟူသည်မရှိ။ အမြဲတမ်းမဲမှောင်နေသော မကုန်ဆုံးနိုင်သည့် ညများသာ ရှိလေသည်။ ဤမျှ မဲမှောင်သော မြေအောက် လိုဏ်ခေါင်းထဲမှာပင် ထပ်မံ၍ အပိတ်လှောင် ခံထားရပြန်ရာ၊ နေရာကျဉ်းကလေးကို လွှမ်းမိုးနေသော အမှောင်ထုကို တခြား မည်သည့် အမှောင်ထုကမျှ မှီနိုင်မည် မဟုတ်ပေ။ နောက်ပြီး ဘေးပတ်ပတ်လည်နှင့် အထက်ရောအောက်မှာပါ မြေကြီးထုက ကာရံ ထားသည်။ လေကောင်းစွာ မရတော့သောကြောင့်လည်း မွန်းကြပ်နေသေးသည်။ ယခုအချိန်တွင် ကိုထွန်းခ ရောက်ရှိနေသော နေရာလွတ်မှာ (၇)ပေ အရှည်မျှသာကျန်တော့သည်။ နောက်တကြိမ်များ ထပ်မံပြိုကျလျှင် ကိုထွန်းခ ခမျာ အလိုအလျောက် မြေမြှုပ်ခံရပြီး ဖြစ်တော့မည်။
ကိုထွန်းခသည် သူ့အသက်ကို ကယ်ဆယ်လိုက်သော ကာဘိုက်မီးခွက်ကို အမှောင်ထဲမှာ လိုက်ရှာ၏။
ဤမီးခွက်မှ မီးရောင်သာ မရှိပါက စောစောတုန်းက မြေပြိုသည်ကို ကြိုတင်၍ ရှောင်နိုင်မည် မဟုတ်ပေ။
ချောင်ထဲတွင် ပိတ်မိနေသော ရွှံ့ရေမှာ ခြေသလုံးတဝက်ခန့်ထိ ရောက်နေသဖြင့် ရွှံ့ရေထဲမှာပင် ကာဘိုက်မီးခွက်ကို ရှာရလေသည်။ မြေအောက် သတ္တုတွင်းထဲမှာ ရေတစက်စက်ကျနေတတ်သည်မို့၊ အထပ်တိုင်းမှာ ရေများရှိနေသည်။ ယခုမြေပြိုကျလိုက်သောအခါ လွတ်နေသောနေရာသို့ ရေများလာစု နေသဖြင့်၊ ရေမှာ ဤမျှလောက် နက်နေခြင်း ဖြစ်လေသည်။ မကြာမီ ကိုထွန်းခသည် ကာဘိုက်မီးခွက်ကို ရေလွတ်သော ကမ်းစပ်တနေရာမှ ရှာ၍ တွေ့သွား လေ၏။ မီးခွက်တွင် စိုနေသော ရေအနည်းငယ်ကို အင်္ကျီဖြင့်သုတ်ပစ်လိုက်ပြီး မီးခွက်၏စလောင်းတွင် တပ်ထားသော မီးခြစ်ကျောက်ကို ခြစ်လိုက်သောအခါ 'ဟုတ်' ကနဲ မီးလင်းလာပြီးနောက် သူသည် ကာဘိုက်မီးခွက်ကို ရေပိတ်လိုက်၏။ ရေပိတ်လိုက်သဖြင့် ကာဘိုက်တုံးကလေးများနှင့် ရေဓာတ်ပြုမှု နည်းသွားပြီး မီးခွက်မှာ မှုန်ပျပျသာ လင်းတော့သည်။ မီးကို မှိန်မှိန်သာ ထားရှိခြင်းမှာ အချိန်ကြာမြင့်စွာ မီးရောင်ရှိနေနိုင်စေရန်နှင
ထို့နောက် သူသည် ရေအစိုသက်သာအောင် လိုဏ်ဘေးတနေရာရှိ သစ်သားခုံတန်းကလေးအပေါ် ထိုင်ချလိုက်ကာ မြေပြိုစဉ်ကအဖြစ်ကို ပြန်၍ စဉ်းစားနေမိလေသည်။ သူသည်ဘော်လှည်းနှစ်စီးမျှ တွန်းပို့ ခဲ့ပြီးနောက် တတိယအခေါက်အတွက် ဘော်ဒိုက်ကို ဖွင့်၍ဘော်ထည့်နေစဉ် မြေကြီးများ ပြိုကျလာခြင်း ဖြစ်သည်။ သူရပ်နေသည်မှာ လှည်းတွန်းရမည့်ဖက်က ရပ်နေသည်ဖြစ်သောကြောင့် သူ့မှာလိုဏ်ခွဲ၏ အဖျားဖက် ရောက်နေတော့သည်။ ဘော်ဒိုက်ကို ကာထားသော သစ်သားများ ပြုတ်ထွက်၍ လူအတက် အဆင်းလမ်းမှ မြေကြီးများ ရုတ်တရက် ပြိုကျလာသောအခါ၊ သူသည် လမ်းပိတ်နေသောလှည်းကို ကျော်ပြီးပြေးချိန် မရတော့။ လှည်းကိုကျော်နေလျှင်လည်း မြေပိ၍ သေသွားမည်သာ ဖြစ်၏။ သို့နှင့် သူသည် လိုဏ်ခွဲ၏ အဖျားဖက်ကိုသာ ပြေးကပ်လိုက်ရသဖြင့် ပြိုကျသော မြေထု၏ တဖက်တွင် အပိတ်ခံရခြင်း ဖြစ်လေသည်။
သူသည် (၁၂)ပေခန့်သာ ကျန်တော့သည့် လိုဏ်ထဲတွင် ပိတ်လှောင်ခြင်းခံလိုက်ရသော
ထို့နောက် သူ့လက်ထဲတွင် ကာဘိုက်မီးခွက် ရှိနေသေးသည်ကို သတိရမိလိုက်သည်နှင့် သူ့ပတ်ဝန်း
ကျင်ကို မီးထိုးကြည့်လိုက်သည်။ ဟော-ဟိုမှာ ဒိုက်ဟောင်းတစ်ခုပါလား။ သူသည် တအံတဩဖြစ်ကာ အကြီးအကျယ် ဝမ်းသာသွားတော့သည်။ ဤဒိုက်မှ အပေါ်သို့ တက်နိုင်လျှင် ထောင်ချောက်ထဲမှ လွတ်မြောက် နိုင်မည်မဟုတ်ပါလော။ သို့သော်- ဒိုက်ဟောင်းက လုံးဝ အသုံးမပြုနိုင်အောင် ပျက်စီးနေပြီး နံရံများသည် ပြိုကျနေကာ သစ်သားများဖြင့် နေရာအနှံ ဆို့ပိတ်ထားသဖြင့် ၎င်းကိုအသုံးပြုဖို့ လက်လျှော့လိုက်ရသည်။ သူ့အတွက် တစ်ခုကံကောင်းသည်ကား သစ်သားအကြိုအကြားမှ မဖြစ်စလောက်သော လေအနည်းငယ် စိမ့်ဝင်နေခြင်း ဖြစ်လေသည်။ ဤလေကိုသာ မရပါက သူသည် ၄-၅ နာရီထက်ပိုပြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့သော် ဤလေကို ရနေသည့်တိုင်အောင် ထောင်ချောက်ထဲတွင် သူသည်နာရီပေါင်း မြောက်များစွာ အသက်ရှင်နိုင်မည် မဟုတ်။ ယခုပင်လျှင် မွန်းကြပ်နေပေပြီ။ နောက်ပြီး ရေထဲခြေထောက် ချထားရသဖြင့် တကိုယ်လုံးမှာ အေးစက်နေသည်။ ဘောင်းဘီကလည်းတို၊ အင်္ကျီကလည်း အစုတ်အပြဲ ဖြစ်၍ အအေးဒဏ်ကို မကာကွယ်နိုင်။
သူသည် ဇနီး သား သမီးများ နှင့် မိဘဆွေမျိုးများကို စဉ်းစားလိုက်သောအခါ 'ငါများ သေသွားရင်တော့'
ဟုတွေးမိကာ များစွာစိတ်ထိခိုက်နေလေသည်။
အချိန်များသည် တဖြည်းဖြည်း ကုန်လွန်နေ၏။ သူသည် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မှန်းဆမရ။ ဘဝတူ အလုပ်သမားများ၏ ကယ်ဆယ်မှုကိုသာ သူစောင့်မျှော်နေမိပေသည်။ ထို့ကြောင့် ပြိုကျနေသော မြေကြီးထဲမှ ပိုက်လုံးထွက်လာသောအခါ၊ ဝမ်းသာအားရ အနားသို့ ချက်ချင်း တိုးကပ်သွားမိခြင်း ဖြစ်၏။ သို့သော် မြေထပ်မံ ပြိုကျပြန်သဖြင့် ကာဘိုက်မီးခွက်၏ အလင်းရောင်ဖြင့် လွတ်အောင် ရှောင်ခဲ့ရသည် မဟုတ်ပါလော။
အခုကား သူ့အတွက်နေရာလွတ်သည် အလွန်ကျဉ်းမြောင်း သွားလေပြီ။ ကျဉ်းမြောင်းလာသည်နှင့် အမျှလည်း အသက်ရှူရသည်မှာ ပိုမို ခက်ခဲလာလေပြီ။ ရင်ထဲမှာ တဖိုလှိုက်လှိုက် ဖြစ်နေကာ အလွန်အမင်း မောပန်းနေတော့သည်။ သေမင်းသည် သူ့ထောင်ချောက်ထဲ ပိတ်မိနေသော သားကောင်ကို မကြာခင် ဖမ်းယူပေတော့မည်။ သူ့ခမျာ သေမင်း၏ ခံတွင်းမှ လွတ်မြောက်ရန် ရှိသမျှ အင်အားကို ဖျစ်ညှစ် ထုတ်ကာ ရုန်းကန်နေရသဖြင့် မောသည်ထက် မောလာကာ နုံးခွေနေလေတော့သည်။
အသက်ကယ်လမ်းကြောင်းဖောက်နေေ သာ
အလုပ်သမားများသည် မြေထပ်မံပြိုကျသဖြင့် ရုတ်တရက် စိတ်ပျက်သွားမိသော်လည်း
''ဒို့မှမကယ်ရင် ထွန်းခတော့ သေမှာပဲ" ဟု တွေးမိကာ အားတင်း၍ထပ်မံ ကြိုးစား
ကြပြန်သည်။ သို့ဖြင့် အချိန်များစွာ ထပ်မံကုန်လွန်သွားကြပြန်လေ၏ ။
ကိုထွန်းခ အပိတ်ခံနေရသည်မှာ နာရီပေါင်း (၂၀)ကျော် သွားပေပြီ။ အလုပ်သမားများမှာ အသက်ကယ်လမ်းကြောင်းကို ဆက်ဖောက်နေကြသလို ပိုက်လုံးကိုလည်းထပ်မံရိုက် သွင်းနေကြပြန်လေသည်။
''ဟော...ပေါက်သွားပြီဟေ့... "
ပိုက်လုံး တစ်ဖက်သို့ ပေါက်သွားသဖြင့် ဝမ်းသာအားရဖြစ်ကာ ပိုက်လုံးထဲမှမြေကြီးများကို အမြန်ဆုံး
ထိုးထုတ်ပစ်လိုက်ကြသည်။ ဟော- မီးရောင်ကို ခုတကြိမ် မြင်ကြရပြန်ပြီ။
''ဟေ့...ထွန်းခ...ထွန်းခ... ထွန်းခ..."
ပိုက်လုံးအဝမှနေ၍ တစ်ယောက်က လှမ်းအော်ကြည့်နေသည်။ ကိုထွန်းခသည် အသက်ရှင်လျက် ရှိနေသေးပါက ပြန်ထူးပေလိမ့်မည်။ သူတို့သည် ရင်တထိတ်ထိတ်ဖြင့် နားစွင့်ကြည့်ကြ၏။ ဟော-ကြားရပါပြီ။ အသံက အလွန်အမင်း မောဟိုက် နွမ်းနယ်နေသံ။
''မော...မောတယ်...မောတယ်... "
သူတို့သည် ကိုထွန်းခ အသက်ရှင်နေမှန်း သိရသဖြင့် များစွာ ပျော်ရွှင်သွားကြသည်။ ဆရာဝန်သည် ပလပ်စတစ်ပိုက်ငယ်ကို သံပိုက်လုံးထဲသို့ အမြန်ဆုံး ထိုးသွင်းစေပြီး၊ အောက်စီဂျင်ဓာတ်ငွေ့ သွင်းပေး လိုက်လေသည်။
မိနစ်ပိုင်းအတွင်းမှာပင် ကိုထွန်းခအတွက် အခြေအနေ ကောင်းမွန်လာလေပြီဟု ထင်မှတ်ရတော့၏။ အကြောင်းမှာ ပိုက်လုံးမှတဆင့် စကားလှမ်းပြောနိုင်ပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။ အလုပ်သမားများသည် နောက်ထပ်(၂)လက်မ သံပိုက်လုံးတလုံးကို ရိုက်သွင်းလိုက်ကြပြန်လေသည် ။ အသက်ကယ်လမ်းကြောင်း ဖောက်နေကြသူများကလည်း အားကြိုးမာန်တက်ပင် ဆက်လက် ဖောက် နေကြပေသည်။
ကိုထွန်းခသည် အောက်စီဂျင်ဓာတ်ငွေ့ကို အချိန်မနှောင်းမီ ရှူလိုက်ရသဖြင့်၊ သေမင်း၏ခံတွင်းမှ သီကာပွတ်ကာ ရုန်းထွက်လိုက်နိုင်ပေတော့သ ည်။
မကြာမီ နောက်သံပိုက်ထဲမှ ပလပ်စတစ်ပိုက်ငယ်တစ်ခု ပေါ်လာကာ ပိုက်ထဲမှ
ရေတစက်စက် ကျလာသည်နှင့် ပိုက်ကိုပါးစပ်ထဲသွင်းကာ ရေများကို အငမ်းမရ
စုပ်ယူသောက်သုံးလိုက်တော့သည်။ ရေထဲမှ အနံ့တမျိုးရသဖြင့် ရောဂါကာကွယ်ဆေး ထည့်ထားတာပဲဟု သိလိုက်မိလေ၏။
ရေအလာရပ်ဆိုင်းသွားပြီး ခဏကြာသောအခါ ပိုက်ထဲမှ နွားနို့များ တစက်စက် ကျလာပြန်လေသည်။ ကိုထွန်းခက နွားနို့များကိုလည်း အငမ်းမရပင် စုပ်ယူလိုက်ပြန်လေ၏။ အချိန်များသည် တရွေ့ရွေ့ ကုန်လွန်နေကြလေသည်။ ကိုထွန်းခ မြေအောက်တွင် ပိတ်မိနေသည်မှာ နာရီပေါင်း (၃၀)နီးပါးမျှ ကြာသွားလေပြီ။
ကိုထွန်းခသည် လွတ်မြောက်ဖို့နီးပြီဟု သိနေသဖြင့် အားတင်းထားလေသည်။ မြေထုကို ဖောက်၍ တူးသံ၊ ဆွသံ၊ မြေယက်သံ များကို ကြားလာရသဖြင့်၊ သူသည်တဖက်မှနေပြီး မြေများကို တတ်နိုင်သမျှ ယက်ထုတ်နေတော့သည်။
တဖြည်းဖြည်းနှင့် ကယ်ဆယ်ရေး အလုပ်သမားကြီးများသည် ကိုထွန်းခနှင့် နီးသည်ထက်နီးလာလေပြီ။
မြေပြိုကျပြီး(၃၂)နာရီခန့် အကြာတွင်၊ ကိုထွန်းခသည် တင်းထားသမျှသော သူ့စိတ်တို့ကို လျှော့ချ လိုက်လေတော့၏။ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်လျက် ပျော့ခွေနေသော သူ့ခန္ဓာကိုယ်သည် ကယ်ဆယ်ရေး
အလုပ်သမားကြီးများ၏ လက်ပေါ်သို့ပုံလဲကျသွားတော့သ ည်။
ခုတော့...သူ...သူ...လုံးဝ လွတ်မြောက်သွားပေပြီ။
++++++++++++++++++++++++++ ++++++++++++++++
မြေပြိုကျပြီး (၃၃)နာရီ အကြာတွင်ကား ဆေးရုံခုတင်ပေါ်တွင် အားနည်းလွန်းသဖြင့် မှိန်းနေသော ကိုထွန်းခအား မအေးစိန်သည် ပျောက်ကွယ်သွားမှာ စိုးသည့်အလား တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ဖက်ကာ အားရပါးရ တဝကြီး ငိြုွေကးနေပေတော့သည်။
ကြပြန်သည်။ သို့ဖြင့် အချိန်များစွာ ထပ်မံကုန်လွန်သွားကြပြန်လေ၏
ကိုထွန်းခ အပိတ်ခံနေရသည်မှာ နာရီပေါင်း (၂၀)ကျော် သွားပေပြီ။ အလုပ်သမားများမှာ အသက်ကယ်လမ်းကြောင်းကို ဆက်ဖောက်နေကြသလို ပိုက်လုံးကိုလည်းထပ်မံရိုက်
''ဟော...ပေါက်သွားပြီဟေ့...
ပိုက်လုံး တစ်ဖက်သို့ ပေါက်သွားသဖြင့် ဝမ်းသာအားရဖြစ်ကာ ပိုက်လုံးထဲမှမြေကြီးများကိ
ထိုးထုတ်ပစ်လိုက်ကြသည်။ ဟော- မီးရောင်ကို ခုတကြိမ် မြင်ကြရပြန်ပြီ။
''ဟေ့...ထွန်းခ...ထွန်းခ...
ပိုက်လုံးအဝမှနေ၍ တစ်ယောက်က လှမ်းအော်ကြည့်နေသည်။ ကိုထွန်းခသည် အသက်ရှင်လျက် ရှိနေသေးပါက ပြန်ထူးပေလိမ့်မည်။ သူတို့သည် ရင်တထိတ်ထိတ်ဖြင့် နားစွင့်ကြည့်ကြ၏။ ဟော-ကြားရပါပြီ။ အသံက အလွန်အမင်း မောဟိုက် နွမ်းနယ်နေသံ။
''မော...မောတယ်...မောတယ်...
သူတို့သည် ကိုထွန်းခ အသက်ရှင်နေမှန်း သိရသဖြင့် များစွာ ပျော်ရွှင်သွားကြသည်။ ဆရာဝန်သည် ပလပ်စတစ်ပိုက်ငယ်ကို သံပိုက်လုံးထဲသို့ အမြန်ဆုံး ထိုးသွင်းစေပြီး၊ အောက်စီဂျင်ဓာတ်ငွေ့ သွင်းပေး လိုက်လေသည်။
မိနစ်ပိုင်းအတွင်းမှာပင် ကိုထွန်းခအတွက် အခြေအနေ ကောင်းမွန်လာလေပြီဟု ထင်မှတ်ရတော့၏။ အကြောင်းမှာ ပိုက်လုံးမှတဆင့် စကားလှမ်းပြောနိုင်ပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။ အလုပ်သမားများသည် နောက်ထပ်(၂)လက်မ သံပိုက်လုံးတလုံးကို ရိုက်သွင်းလိုက်ကြပြန်လေသည်
ကိုထွန်းခသည် အောက်စီဂျင်ဓာတ်ငွေ့ကို အချိန်မနှောင်းမီ ရှူလိုက်ရသဖြင့်၊ သေမင်း၏ခံတွင်းမှ သီကာပွတ်ကာ ရုန်းထွက်လိုက်နိုင်ပေတော့သ
ရေအလာရပ်ဆိုင်းသွားပြီး ခဏကြာသောအခါ ပိုက်ထဲမှ နွားနို့များ တစက်စက် ကျလာပြန်လေသည်။ ကိုထွန်းခက နွားနို့များကိုလည်း အငမ်းမရပင် စုပ်ယူလိုက်ပြန်လေ၏။ အချိန်များသည် တရွေ့ရွေ့ ကုန်လွန်နေကြလေသည်။ ကိုထွန်းခ မြေအောက်တွင် ပိတ်မိနေသည်မှာ နာရီပေါင်း (၃၀)နီးပါးမျှ ကြာသွားလေပြီ။
ကိုထွန်းခသည် လွတ်မြောက်ဖို့နီးပြီဟု သိနေသဖြင့် အားတင်းထားလေသည်။ မြေထုကို ဖောက်၍ တူးသံ၊ ဆွသံ၊ မြေယက်သံ များကို ကြားလာရသဖြင့်၊ သူသည်တဖက်မှနေပြီး မြေများကို တတ်နိုင်သမျှ ယက်ထုတ်နေတော့သည်။
တဖြည်းဖြည်းနှင့် ကယ်ဆယ်ရေး အလုပ်သမားကြီးများသည် ကိုထွန်းခနှင့် နီးသည်ထက်နီးလာလေပြီ။
မြေပြိုကျပြီး(၃၂)နာရီခန့် အကြာတွင်၊ ကိုထွန်းခသည် တင်းထားသမျှသော သူ့စိတ်တို့ကို လျှော့ချ လိုက်လေတော့၏။ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်လျက် ပျော့ခွေနေသော သူ့ခန္ဓာကိုယ်သည် ကယ်ဆယ်ရေး
အလုပ်သမားကြီးများ၏ လက်ပေါ်သို့ပုံလဲကျသွားတော့သ
ခုတော့...သူ...သူ...လုံးဝ လွတ်မြောက်သွားပေပြီ။
++++++++++++++++++++++++++
မြေပြိုကျပြီး (၃၃)နာရီ အကြာတွင်ကား ဆေးရုံခုတင်ပေါ်တွင် အားနည်းလွန်းသဖြင့် မှိန်းနေသော ကိုထွန်းခအား မအေးစိန်သည် ပျောက်ကွယ်သွားမှာ စိုးသည့်အလား တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ဖက်ကာ အားရပါးရ တဝကြီး ငိြုွေကးနေပေတော့သည်။
No comments:
Post a Comment