Thursday, February 9, 2017


မိုးတစ်နေ့
ဆင်တဲဝမြတ်ဖုန်း
၁၉၉၁ခု၊ဇူလိုင်လ၊ရှုမဝမဂ္ဂဇင်
++++++++++++++++++++++++

နွားလှည်းတွေချွတ်သော၊ နွားအရောင်းအဝယ်လည်းဖြစ်သော၊ ဈေးမြောက်ဘက်ကမြေကွက်လပ် ထဲမှာမဆိုထားဘိ၊ 'နွားလှည်းမဝင်ရ'သောလမ်းများမှအပ၊ဈေးဝန်းကျင်လမ်းတကာမှာပင်နွားလှည်းတွေကို ရှောင်မလွတ်နိုင်။နွားကောင်းနွားသန့်ကြီးတွေ၊ လှလှစွေ့စွေ့၊ ဝ၀ပြည့်ပြည့်၊ ဒေါက်ကောင်းကောင်းကြီးတွေ။ လှည်းဆွဲသွားပုံမှာပေါ့ပါးလွန်းသဖြင့်ဝန်ပါသည်ဟုပင်မထင်ရ။နွားလှည်းမောင်းသူများမှာလှည်းကိုခဏရပ် ချင်လျှင်ပင်နဖားကြိုးကိုမနည်းအားစိုက်ပြီးဆောင့်ဆွဲရသည်။ဒါတောင်နွားတွေ၏နှာမှုတ်သံကတရှုးရှုး တရှဲရှဲ။
လှည်းဦးစီးတွေကလည်းအစုံ။အဘိုးကြီး၊အဘွားကြီးတွေပါသလို၊ကလေးအရွယ်နှင့်မိန်းမပျိုများလည်းမလွတ်။
သည်လှည်းတွေသည် မိုးမလင်းခင်ကတည်းက အရပ်ရှစ်မျက်နှာမှ သဲတောဈေးရှိရာသို့ ဦးတည်ပြီး လာခဲ့ကြသည်။ အရှေ့ဘက်တောင်ခြေမှ၊ လွင်ပြင်များမှ၊ စမုံရိုးမှ၊ တောင်ယာတဲများမှ၊ ကျေးရွာအသီးသီးမှ လာခဲ့ကြသည်မှာ၊ သဲလက်ယက်တွင်းထဲသို့ ဘေးပတ်ပတ်လည်မှ စိမ့်စမ်းရေများ အကြောလေးတွေ ယှက် ဖြာစီးဝင်လာသလိုပင်ဖြစ်မည်။သဲတောဈေးသည် တောသူတောင်သားများအားထားရာ တကယ့်တောဈေး ကြီးဖြစ်သည်။ လူသံ၊ နွားသံများဖြင့်စည်ကားလိုက်ပုံမှာ တောဘုရားပွဲအလား ထင်ရသည်။ သဲတောနှင့်တ ဆက်တည်းဖြစ်နေသော ဝမ်းတွင်းမြို့၌ ဈေးရှိသော်လည်း၊ ထိုဈေးကိုတောသူတောင်သားတို့အားမထားကြ။
ဈေးရှိသည် ဟူ၍ပင်သူတို့ကအသိအမှတ်ပြုပုံမရကြ။ ဝမ်းတွင်းဈေးမှာ အထည်စက် ပိုင်ရှင်ကြီးများ၏
လက်သုံးဖြစ်၍ 'သူဌေးဈေး' ဟုသူတို့ကခေါ်ကြသည်။
နေအတော်မြင့်ပြီဖြစ်၍ ဈေးလှည်းများသည် သဲတောဈေးမှသည်အရပ်ရှစ်မျက်နှာသို့ အလျှိုအလျှို
ပြန်လည်ထွက်ခွာနေကြပြီ။ လေးငါးရက်ဆက်၍ ရွာထားသောမိုးကြောင့် လှည်းများသော်လည်း ဖုန်မထ။
သဲတောဘူတာနှင့် မလှမ်းမကမ်းလမ်းဘေး တစ်နေရာတွင် ဖွဲဖွဲကျနေသော မိုးအောက်၌ ရပ်နေ သော မိုးကာအင်္ကျီဝတ်လူနှစ်ယောက်ကို လှည်းသမားများမြင်ကြရသည်။ သူတို့မှာ သတ္တုရှာဖွေရေးအဖွဲ့ တစ်ခုမှအဖွဲ့ခေါင်းဆောင် ဦးအောင်ဖုန်းနှင့်အဖွဲ့ဝင်ကိုမြင့်အောင်တို့ဖြစ်ကြသည်။ သူတို့သည်လှည်းတစ်စီး လာတိုင်း 'ဘယ်ရွာသွားမှာလဲ' ဟုဆီးမေးကြသည်။ လှည်းသမားများ၏ပြန်ဖြေသံအဆုံးတွင် သူတို့ရပ်မြဲရပ် လျက်။ နောက်လာမည့်လှည်းကို လည်တစွင့်စွင့်ရှိနေကြပြန်သည်။
အဖွဲ့ခေါင်းဆောင် ဦးအောင်ဖုန်းမှာ အေးအေးဆေးဆေးပင်ရှိသော်လည်း၊ အဖွဲ့ဝင်ကိုမြင့်အောင်မှာ မူမျက်နှာတွင်စိုးရိမ်ပူပန်မှု အနည်းငယ် ယှက်သန်းနေသည်။ သူသည်ဤနယ်မြေတွင် လူသစ်တစ်ဦးမျှသာ ဖြစ်သည်။ ယခင်ကမရောက်ဖူးခဲ့။ ဦးအောင်ဖုန်းမှာမူ သဲတော ဝမ်းတွင်းလွင်ပြင်အရှေ့ဘက် ရှမ်းတောင် တန်းပေါ်မှာ ပဏာမ သတ္တု စူးစမ်းလေ့လာရေး ခရီးစဉ်တစ်ခေါက်ရောက်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်ကတွေ့ရှိ ခဲ့သော သတ္တုသိုက်တစ်ခုကို အသေးစိတ်လေ့လာရန် ညွှန်ကြားချက်အရ၊ ယခုတစ်ခေါက် ဤနယ်မြေသို့ ခရီးထွက်ခွာလာခဲ့ရပြန်ခြင်းဖြစ်သည်။ ဝမ်းတွင်းမြို့သို့ရောက်ရှိသည့်နေ့မှစ၍ တန်ဆောင်မုန်း နှောင်းမိုးက နေ့စဉ်ရက်ဆက် ရွာသွန်းနေသဖြင့်၊ အပြင်သို့မထွက်နိုင်ဘဲရှိခဲ့သည်။ ယနေ့မှသာမိုးအတန်ငယ် ပါးလာ သဖြင့် တောင်ပေါ်တွင် တဲစခန်းဆောက်နိုင်ဖို့ ကြိုတင်စီစဉ်ရန်၊ ထမင်းစောစောစီးစီးစားပြီး (ကျန်အဖွဲ့သား များကိုထားခဲ့ကာ) နှစ်ဦးသား ရှေ့ပြေး ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ကိုမြင့်အောင်သည် မိုးမှုန်များအောက်မှ ပြာမှိုင်းနေသော ရှမ်းရိုးမကိုငေးကြည့်ရင်း မသိမသာသက် ပြင်းချလျက် ရှိသည်။
''ဟော-ဟိုမှာဘုရားဖြူဖြူလေး တွေ့တယ်မှုတ်လား။အဲဒီဆီကိုပဲ တို့သွားကြရမှာ'' ဦးအောင်ဖုန်း လက်ညိုးထိုးပြရာသို့ကြည့်လိုက်တော့၊ ရှမ်းရိုးမတောင်စွယ်တစ်နေရာတွင် ဘုရားဖြူ ဖြူလေးတစ်ဆူကိုမြင်ရသည်။ရွားသွန်းနေသော မိုးဖွဲဖွဲအောက်၌ဘုရားဖြူလေးကို မြင်ရသည်ဆိုရုံမျှ မှုန်ပျပျ သာမြင်ရသည်။ゞင်းနေရာဆိုလျှင် သဲတောမှ အရှေ့တည့်တည့်မကျ၊ တောင်ဘက်ယွန်းနေသေးသည်။နည်း တဲ့ခရီးမှမဟုတ်ဘဲ။ ဘယ်နည်းနဲ့မဆို ၁၂-မိုင် ထက်တော့လျော့လိမ့်မည်မဟုတ်။ လှည်းကြုံမတွေ့ရင်တော့ ဒုက္ခပဲ။ လှည်းကလည်းအဲဒီတောင်စွယ်နားအထိရောက်ပါမည်လားမသိ။ကိုမြင့်အောင်စိတ်ထဲမှာလေးလံနေ သည်။ တောင်ပေါ်ရောက်ရင် ညဘယ်မှာအိပ်ကြမလဲ။ အိပ်ရာလိပ်တွေလည်း ပါလာကြတာမဟုတ်။ထမင်း ကောဘယ်မှာ စားရမလဲ။ ဘာပဲဖြစ်ဖြစ်လေ၊ အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်က 'မပူပါနဲ့ကွာ၊ ငါကြည့်စီစဉ်ပါ့ မယ်' ဟုပြောထားသားပဲ။ သူကြည့်လုပ်သွားလိမ့်မပေါ့။ ကိုယ်ကသူ့အစီအစဉ်အတိုင်းလိုက်ရုံပဲမဟုတ်လား။ နောက်ပြီး ဦးအောင်ဖုန်းကသည် နယ်မြေကို အလျင်တစ်ခေါက်ရောက်ခဲ့ဖူးပြီးသားပဲ။ သည်လိုတွေးလိုက်မိ တော့လဲ ကိုမြင့်အောင် စိတ်သက်သာရာ ရသွားပြန်သည်။
လှည်းတစ်စီးလာတိုင်း 'ြွကယ်ကန်သွားမှာလား' ဟုမေးသည့်တိုင်၊ြွကယ်ကန်သို့သွားမည့်လှည်းတစ် စီးတစ်လေကိုမျှမတွေ့ရသေး။ စီစဉ်ထားသည်မှာတောင်ခြေနှင့်အနီးဆုံြးွကယ်ကန်ရွာသို့ လှည်းကြုံဖြင့်လိုက် ပြီးမှ၊ ゞင်းမှတဆင့်တောင်ပေါ်သို့ခြေကျင်တက်ရန်ဖြစ်သည်။ြွကယ်ကန်ရွာသို့သွားမည့်လှည်းကိုမတွေ့ရသေးသဖြင့်၊ ဦးအောင်ဖုန်းကိုယ်တိုင်ပင် စိတ်ဓါတ်ကျလာပုံရသည်။ လာသည့်လှည်းများကိုမေးလိုက်တိုင်း၊ ရိုးရွာ၊ ဂုံရွာ၊ မန်ကျည်းအုတ်၊ ဆူးပန်း၊ ညောင်အုပ်ဖီး-စသည်ဖြင့်သာကြားရသည်။ြွကယ်ကန်ဟူသောနာမည်ကို လုံးဝမကြားရ။ နောက်တော့ ဦးအောင်ဖုန်းက မေးပုံမေးနည်းကို ပြောင်းလိုက်သည်။
''ြွကယ်ကန်ရွာကလှည်းတွေ မတွေ့ဘူးလား''
''ြွကယ်ကန်ရွာကိုသွားမဲ့လှည်းတွေရှိသေးသလား''
သည်တော့မှပင်ြွကယ်ကန်ရွာမှလှည်းများကိုမတွေ့ရသည့်အကြောင်းရင်းကိုသိရတော့သည်။
''စမုံရေကြီးနေလို့ြွကယ်ကန်လှည်းတွေမလာကြဘူး''
စမုံချောင်းသည် သဲတောလွင်ပြင်အရှေ့ဘက်ခြမ်းတွင် တောင်မှမြောက်သို့ဆီးဆင်းနေသည်။ စမုံ ရေကြီးပြီဆိုလျှင် စမုံချောင်းအရှေ့ဘက်ကတောင်ခြေရွာများသည် သဲတော-ဝမ်းတွင်းသို့ လာဖို့မလွယ်ကြ တော့။ စမုံကိုဖြတ်ကျော်ထားသည့် ရိုးဇုံတံတားတော့ရှိသည်။ သဲတောအရှေ့ဘက် ၆-မိုင်လောက်အကွာ တောင်ခြေနှင့် ခပ်လှမ်းလှမ်း ရိုးဇုံရွာနားမှာဖြစ်သည်။ ရိုးဇုံရွာက ချောင်းအရှေ့ဘက်ကမ်းနဖူးမှာရှိသည်။ သည်တော့ ရိုးဇုံမှ တဆင့် တောင်ဘက်သို့လည်းကောင်း၊ မြောက်ဘက်သို့လည်းကောင်း သွားလာနိုင်သည်။ သို့ရာတွင် တကွေ့ကြီး ပတ်လာရမည် ဖြစ်၍ ခရီးရှည်လျားလွန်းသောကြောင့် အရေးတကြီးကိစ္စမရှိလျှင်မလာ ကြသည်သာများသည်။ သို့ဖြစ်၍ ယခုလည်းြွကယ်ကန်လှည်းကိုမျှော်လင့်လို့မရနိုင်တော့ပြီ။ ဦးအောင်ဖုန်း ဘယ်လို စခန်းသွားမည်လဲ မေးကြည့်လိုက်မိသည်။
''ရိုးဇုံကိုပဲ လှည်းကြုံနဲ့သွားပြီး၊ ရိုးဇုံကနြွေကယ်ကန်ကို လမ်းလျှောက်သွားကြတာပေါ့"""''
ဦးအောင်ဖုန်း ကတော့ ယနေ့တောင်ပေါ်ကိုမဖြစ် ဖြစ်အောင်သွားမည်ဟုပိုင်းဖြတ်ထားပုံရသည်။ အဆင်သင့် ချင်တော့ မကြာမီရိုးဇုံလှည်းတစ်စီးရောက်လာသဖြင့် လှည်းဦးစီးလူငယ်ကလေးကိုပြောပြီး နှစ် ယောက်သား လှည်းပေါ် တက်လိုက်ခဲ့ကြသည်။ လှည်းပေါ်မှာတခြားလူလည်းမပါ၊ ဈေးပစ္စည်းကလည်းနည်း နည်းပါးပါးမို့ တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်လျှင် အားနာစရာဖြစ်နေဦးမည်။
နွားနှစ်ကောင်ကသန်သည်။ နွားကန် အရွယ်ပင်မခံ။ ခပ်သွက်သွက်လှမ်းကြသည်။ လှည်းပေါ် ရောက်ပြီးမကြာမီမှာပင် တောင်ဘက်ဆီမှလွင်ပြင်ကိုဖြတ်၍ ပြေးလာသောမိုးပြေးတသုတ်ကို ရင်ဆိုင်လိုက် ရသည်။ဝန်းကျင်တစ်ခွင်၊ တစ်ပြင်လုံး မှုန်မှိုင်းသွားသည်။ မိုးကာအင်္ကျီများဝတ်ဆင်ထားကြသော်လည်း နေရာမလပ်တော့ မိုးကမလုံ။ စိုသည့်နေရာတော့စိုသေးသည်ပင်။
မိုးက သည်းကြီး မဲကြီးရွာတာတော့မဟုတ်။ ဗြောခနဲရွာသွားလိုက်၊ လင်းသွားလိုက်နှင့်ဖြစ်နေသည်။နေရောင် ကိုတော့လုံးဝမမြင်ရ။
နောက်တော့လှည်းဦးစီး မောင်ကျော်မန်းနှင့် စကားစမြည်ပြောဆိုရင်း စမုံရေကြီးသည့်သတင်းကို စုံစမ်း ကြည့်ကြသည်။
''ဒီနှစ်စမုံချောင်းရေကြီးတာဗျာ၊ လူနှစ်ယောက်တောင်သေသွားတယ်ဗျ''
''ဟာ"""ဟုတ်လား''
''မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ဗျ။ မိန်းမကကျောက်အိုးရွာက။ကျောက်အိုးရွာဆိုတာ
စမုံချောင်းညာမှာပေါ့၊ြွကယ်ကန်ရွာရဲ့ အနောက်ဘက် သိပ်မဝေးလှဘူးဗျ''
''အေး"""ကျောက်အိုးရွာကိုငါရောက်ဖူးပါတယ်။ ဘယ်လိုဖြစ်တာတုံး''
ဦးအောင်ဖုန်းကထောက်ပေးသည်။
''လယ်တောကရွာအပြန်မှာ အလာတုန်းကလိုပဲ ချောင်းကိုဝါးလုံးတစ်လုံးနဲ့ကူးကြတာ''
''ဟေ"""ဝါးလုံးနဲ့၊ ဟုတ်လား။ ဘယ်လိုကူးတာလဲကွ''
''ဒီလိုဗျ၊ ရေကျွမ်းကျင်တဲ့ယောကျာ်းနှစ်ယောက်က ဝါးလုံးရဲ့ ရှေ့ထိပ်ကတစ်ယောက်၊နောက်အဖျား တစ်ယောက် ထိန်းကိုင်ပြီး ချောင်းကို ကူးကြတာ။မိန်းမလေးယောက်ကကြားထဲကနေဝါလုံးကိုကိုင်ပြီးလိုက် ကြတာပေါ့။ ရေကဝါးတစ်ပြန်နီးပါးနက်လိမ့်မယ်။ အဲဒီမှာခုသေတဲ့မိန်းမကလှိုင်းရိုက်လို့ထဘီကျွတ်သွားတာ နဲ့ အမှတ်တမဲ့နဲ့ လက်ကဝါးကို လွှတ်ပြီး ထဘီကို ဖမ်းဆွဲလိုက်တော့-တစ်ခါတည်း ချောင်းထဲမျောပါသွားတော့ တာပဲဗျ''
''ဖြစ်မှဖြစ်ရလေကွာ။ အလောင်းကိုပြန်ဆယ်လို့ရသေးလား''
''ရတယ်ဗျ။ ခုကျုပ်တို့ဖြတ်မဲ့ ရိုးဇုံတံတားအောက်နားမှာပဲ လာတင်တာ။ သူ့ကိုကမ်းစပ်ကနေ ကုန်းပေါ် ဆွဲတင်တဲ့ ယောကျာ်းကြီးလည်း တံတားပေါ်ကနေချောင်းထဲကို ခုန်ချလိုက်တာ တစ်ခါတည်းစုံးစုံးမြုပ် သွားတော့တာပဲဗျ''
''ဟေ"""ဘယ်လို ဘယ်လို၊ ဒီလူကဘာဖြစ်လို့ ချောင်းထဲ ခုန်ချရတာလဲကွ''
ဦးအောင်ဖုန်းက နားမလည်သဖြင့်တအံတသြမေးသည်။
''ဒီလိုဗျ။ အဲဒီလူက ရိုးဇုံကပဲ- ဦးထွန်းလူတဲ့။ သူကအရက်မူးမူးနဲ့ ခုနပြောတဲ့မိန်းမကိုဆွဲတင်တာ၊ လူတွေကလဲ ဝိုင်းကြည့်နေကြတာပေါ့ဗျာ။ အဲ-အလောင်းလဲကုန်းပေါ်ရောက်ရော၊ ဝိုင်းကြည့်နေကြတဲ့လူ တွေကတစ်ယောက်တစ်ပေါက်နဲ့ဦးထွန်းလူကို ဝိုင်းအပြစ်တင်ကြတာပေါ့။ ခင်ဗျားတော့အမှုပတ်တော့မှာပဲ။ ဘယ်သူက အဆယ်ခိုင်းလို့ ဆယ်ရတာလဲ။ ခင်ဗျာ့လက်ထဲရောက်မှသေသွားတာ မှုတ်လား"""။ အဲသလို ဝိုင်းအပြစ်တင်နေကြတော့၊ ဦးထွန်းလူကအရက်ကလည်းအမူးလွန်နေတော့ဗျာ- ဘယ်လိုကနေ ဘယ်လို စိတ်ရူးပေါက်သွားတယ်မသိပါဘူး 'ဟေ့"""ငါ့ကိုကြည့်ထားကြ၊ငါရေကူးကျွမ်းကျင်ပါတယ်ကွ"""'ဆိုပြီး၊ တံတားပေါ်ကခုန်ချလိုက်တာ။ တစ်ခါတည်း စုံးစုံးမြုပ်သွားတာပါပဲဗျာ။ အလောင်းလဲပြန်ပေါ်တယ်လို့ခုထိ မကြားရသေးဘူး''
''အဲ-အဲဒါဘယ်တုန်းကဖြစ်တာလဲကွ''
ကိုမြင့်အောင်ကထိတ်လန့်တုန်လှုပ်စွာဖြင့်မေးသည်။
''မနေ့ကဘဲဗျ'' လူငယ်လေး၏အဖြေစကားကြောင့် ကိုမြင့်အောင်မျက်လုံးဝိုင်းစက်သွားသည်။ မနေ့ကပင်လူနှစ်ယောက် သေဆုံးထားသော တံတားပေါ်ကို မကြာခင်သူတို့ ဖြတ်ကူးကြရတော့မည် မဟုတ်ပါလား။
စမုံချောင်း မရောက်မီမှာပင် ရိုးများ၊ မြောင်းများနှင့် ချိုင့်ခွက်များတွင်ရေများပြည့်လျှံနေသည်ကို တွေ့လာကြရသည်။ စမုံချောင်းရေမှာပြည့်လျှံနေသဖြင့်၊ ゞင်းနှင့်ဆက်စပ်နေသော အနိမ့်ပိုင်းတစ်လျှောက် အတိုင်း ရေများစီးဝင်နေခြင်းဖြစ်သည်
တံတားပေါ်ဖြတ်တော့ ကိုမြင့်အောင်ကျောချမ်းနေသည်။ ပေနှစ်ရာကျော်လောက်ကျယ်မည်ဟု ခန့် မှန်းရသောစမုံချောင်းထဲမှပြည့်လျှံမိုမောက်နေသော ရေပြင်နှင့်လှိုင်းများ၊ လှိုင်းကြက်ခွပ်နှင့်ဝဲကန်တော့များ၊ အမှိုက်သရိုက်နှင့်ရေမြှပ်များက သူ့ကိုချောက်လှန့်သလိုဖြစ်နေသည်။ ဝါးလုံးလက်မှလွှတ်၍ရေထဲမျောပါ သေဆုံးသွားရှာသော မိန်းမကိုလည်းကောင်း၊ ချောင်းထဲခုန်ချသွားသော ယောကျာ်းကြီးကိုလည်းကောင်း၊ စိတ်အတွေးမှာမြင်ယောင်ရင်း၊ ချောင်းရေပြင်ကိုပင်ကောင်းစွာမကြည့်ရဲ။ သံဘောင်တံတားပေါ်တွင် ခင်းထားသော ပျဉ်ချပ်တွေက ကျိုးသည့်နေရာကကျိုး၊ ပေါက်သည့်နေရာကပေါက်၊ ထိုးထိုးထောင်ထောင် ဖြစ်သည့်နေရာကဖြစ်နှင့် ရှိနေရသည့်အထဲတွင်၊ မိုးကြောင့်တံတားအခင်းမှာချောနေသဖြင့်နွားနှစ်ကောင် မှာခြေကျပုံမမှန်ဘဲ အိုးနင်းခွက်နင်းဖြစ်နေရာ၊ နှစ်ယောက်လုံးရင်တမမနှင့် ရှိနေကြရတော့သည်။ တံတားအဆုံး ရောက်တော့မှပင် သက်ပြင်းချနိုင်ကြတော့သည်။
ရိုးဇုံရွာထဲမှာလည်းအနိမ့်ပိုင်းနေရာတွေမှာ ရေတွေပြည့်နေလေပြီ။ ချိုင့်ခွက်သောလှည်းလမ်းတစ် နေရာတွင်ရေအိုင်ကြီးဖြစ်နေရာ၊ ရေမှာနွားများ၏ဝမ်းပိုက်ကိုပင်ကျော်နေသည်။ လှည်း၏ကြမ်းခင်းကိုပင် ရေမြုပ်လာသဖြင့်၊ နှစ်ယောက်သားဖင်တြွကြွကလုပ်၍လိုက်ခဲ့ကြရသည်။
ခဏကြာလျှင်လှည်းဖြင့်သွားနိုင်သောခရီးဆုံးသို့ရောက်ခဲ့ကြပေပြီ။ ရှေ့သို့ခြေကျင်ခရီးဆက်ကြရ တော့မည်။ မောင်ကျော်မန်းကိုနှုတ်ဆက်ပြီးလှည်းပေါ်မှဆင်းလိုက်ကြ၏။ သူတို့သွားကြရမည့်တောင်ဘက် ဆီသို့မျှော်ကြည့်မိကြ၏။ မိုးရေဖြင့်နူးအိနေသောမြေအပြင်၊ ရေမြောင်းနှင့်ရေအိုင်ကွက်များ၊ မိုးမှုန်တို့ဖြင့် မှုန်မှိုင်းဝေ၀ါးနေသော မိုးကောင်းကင် တို့ကိုသာမြင်ကြရသည်။ အဝေးသို့ကောင်းစွာမမြင်ကြရ။ ထို့ကြောင့် ဦးအောင်ဖုန်းက တွေးတွေးဆဆဖြင့် ကိုမြင့်အောင်ကိုပြောသည်။
''ြွကယ်ကန်သွားတဲ့လမ်းကိုစုံစမ်းကြည့်ကြရင်ကောင်းမယ်ထင်တယ်။ငါဟိုတစ်ခေါက်ရောက်တုန်းက နွေရာသီခြောက်သွေ့နေတဲ့အချိန်ဆိုတော့၊ စမုံကိုလဲဖြတ်ချင်တဲ့နေရာကဖြတ်။ရေကခြေကျင်းဝတ်ပဲရှိတယ်။ ဘယ်လိုပဲသွားသွားဘာအခက်အခဲမှမရှိဘူး။ နီးတာနဲ့ဝေးတာပဲကွာမယ်။ သွားချင်တဲ့နေရာတော့ရောက်တာ ချည်းပဲ။ ခုဟာကမိုးများတဲ့အချိန်ဖြစ်နေတော့၊ မှန်းဆပြီးသွားဖို့မသင့်တော်ဘူး။ နောက်ပြီးတော့ြွကယ်ကန် ကိုသွားရင်စမုံချောင်းရိုးနဲ့မလှမ်းမကမ်းက သွားကြရမှာ။ ဒီတော"""တို့ရွာလူကြီးအိမ်ဝင်ပြီး ခရီးလမ်းစနည်းနာ ကြသေးတာပေါ့ကွာ''
ဦးအောင်ဖုန်းကိုယ်တိုင်က ထိုသို့စိုးရိမ်ပူပန်စကားဆိုလာတော့၊ ကိုမြင့်အောင်စိတ်ထဲပို၍လေးလံ သွားမိသည်။
ရွှံ့တွေ ဗွက်တွေနှင့်မို့ ဖိနပ်များကိုချွတ်ပြီးမှမေးရင်းစမ်းရင်းဖြင့် ရွာလူကြီးအိမ်သို့ရောက်ရှိသွားကြ ပါသော်လည်း၊ ရွာလူကြီးခရီးလွန်နေသဖြင့် သူ၏ဇနီးကိုသာတွေ့ရသည်။ လူကြီး၏ဇနီးပြောစကားကြားရ ပြန်တော့၊ ပို၍စိတ်အား ငယ်စရာဖြစ်ရပြန်သည်။
''စမုံထဲကိုဝင်တဲ့ြွကယ်ကန်မြောက်ဘက်ကရိုးထဲမှာဟိုတစ်နှစ်ကလူတစ်ယောက်ရေပါသွားဖူးတယ်။ ခုချိန်မယ် အဲဒီလမ်းကသွားလို့သိပ်မကောင်းဘူး''
''ဒီရွာကနြွေကယ်ကန်ကိုသွားရင်- အဲဒီရိုးကိုဖြတ်ရသလား''''ဖြတ်ရတာပေါ့''
ဦးအောင်ဖုန်းနှင့်ကိုမြင့်အောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
''လှည်းလမ်းကသွားရင်လဲဖြတ်ရတာပဲလား''
ဦးအောင်ဖုန်းကထပ်မေးသည်။
''ရိုးက ရွာရဲ့အရှေ့ဘက်နဲ့မြောက်ဘက်ကပတ်နေတာဆိုတော့- လှည်းလမ်းကသွားလဲဖြတ်ရမှာပဲ။ ဘာမှမထူးဘူး။ လှည်းလမ်းကတော့ ဗဟိုစိုက်ကွင်းဘက်ကလှည့်သွားရတာဆိုတော့အများကြီးဝေးတာပေါ့''
''ဖြတ်လမ်းကတော့လမ်းကောင်းသလား''
''ဖြတ်လမ်းရယ်လို့မှမရှိဘဲ။ လှည်းလမ်းအတိုင်းသွားရင်ဝေးလွန်းလို့သာ တစ်ခါတလေသွားဖို့ကြုံရင်၊ လယ်ကွက်တွေ ယာကွက်တွေကို ဖြတ်သွားကြတာ။ အသွားအလာလဲ အင်မတန်နည်းတယ်။ ဆရာတို့ချည်း ပဲသွားရင်တော်တော်နဲ့ရောက် မှာမှုတ်ဘူး''
သည်တော့ဦးအောင်ဖုန်းတွေသွားသည်။ကိုမြင့်အောင်ကမျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်းက-
''ြွကယ်ကန်ကို မသွားတော့ဘဲ၊တောင်ပေါ်ကိုတစ်ခါတည်းတက်လို့မဖြစ်ဘူးလား''ဟုမေးလိုက်သည်။
''မဖြစ်ဘူးလေ၊ တောင်ပေါ်စခန်းမှာနေကြတာကြွကယ်ကန်သားတွေဆိုတော့ ရွာကိုအရင်သွားမှ
ဖြစ်မှာပေါ့''
ဦးအောင်ဖုန်းတို့နှစ်ယောက် တိုင်ပင်နေကြသည်ကိုကြည့်ပြီး၊ ရွာလူကြီး၏ဇနီးကဝင်ပြောပြန်သည်။
''ဒီလိုဆိုလဲြွကယ်ကန်ကိုဖြတ်လမ်းကသွားတတ်တဲ့လူတစ်ယောက်ခေါ်သွားပါ့လား''
ဦးအောင်ဖုန်း မျက်နှာဝင်းလက်သွားသည်။
''ကောင်းတယ်- အဲဒါကောင်းတယ်၊ သူ့ကိုကျွန်တော်တို့လမ်းပြပေးခကြည့်ပေးလိုက်ပါ့မယ်''
သည်သို့ဖြင့် ဦးညိုခေါ်ဆောင်ရာနောက်သို့သူတို့လိုက်ဖြစ်ခဲ့ကြသည်။ ရွှံ့ဗွက်တွေမကြာခဏဖြတ်ရ သဖြင့်ဖိနပ်များကို ချွတ်ကိုင်ခဲ့ကြရသည်။ လူသွားလမ်းအရာဟူ၍ပင်မရှိ။ ယာခင်းတွေကိုဖြတ်သည့်အခါ ဖြတ်ဲရသည်။ လယ်ကန်သင်းရိုးပေါ်မှသွားသည့်အခါသွားကြရသည်။ ဖိနပ်စီးမထားသောခြေထောက်ကို ဆူးလေဆူးများက မကြာခဏစူးသေးသည်။တောင်မှလာသောမိုးပြေးကလည်းခဏချင်းဖြတ်ဖြတ်ပြေးသဖြင့်၊ မျက်မှန်သမား ဦးအောင်ဖုန်းမှာ မိုးရေစက်တို့ဖြင့်မှုန်ဝါးသွားသောမျက်မှန်ကိုမကြာခဏချွတ်ပြီးလက်ကိုင်ပဝါဖြင့် သုတ်ပစ်နေရသည်။ ဝန်းကျင်တစ်ခုလုံးမှာလင်းလာလိုက်၊ မှုန်ဝါးသွားလိုက်နှင့် ဖြစ်နေဆဲပင်။
ြွကယ်ကန်ရွာရောက်လုနီးတွင်လူတစ်ယောက်ပါသွားဖူးသည်ဆိုသောရိုးကိုဖြတ်ကြရသည်။သို့ရာတွင်
ရေကခါးလောက်သာရှိ၍ အခက်အခဲမရှိဘဲ ကူးသွားနိုင်သဖြင့် တော်ပေသေးသည်ဟုဆိုရမည်။
ရွာဝင်ပေါက်နားရောက်မှပင်ဦးညိုလှည့်ပြန်တော့သည်။ရွာထဲသို့ဝင်ခဲ့ကြ၏။ဦးစံလှ၏အိမ်သို့ရောက်ရှိပြီး၊ ခဏတာအချိန်အတွင်းမှာပင် ရွာထဲမှလူကြီးလူလတ်အများအပြားရောက်ရှိလာကြသည်။ သတ္တုရှာဖွေရေး လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ကြရန်ကိစ္စနှင့်ပက်သတ်ပြီး ဦးအောင်ဖုန်းနှင့်စကားပြောကြသည်။တောင်ပေါ်စခန်းတွင် တဲဆောက်ရန်အတွက်လည်းဦးအောင်ဖုန်းကစုံစမ်းမေးမြန်းသည်။ တောင်ပေါ်ရေပြာ စခန်းမှာပင် ရွာသားအချို့ ရှိနေဆဲဖြစ်ကြောင်း သိရသဖြင့်၊ ရွာထဲမှလူများကိုလောလောဆယ် တောင်ပေါ်သို့ ခေါ်သွားရန်မလိုတော့ဘဲ၊ သူတို့နှစ်ယောက်ချည်းပဲတက်သွားတော့မည်ဟုဦးအောင်ဖုန်းကဆုံးဖြတ်လိုက်သည်။
ရေနွေးကြမ်းနှင့်လက်ဖက်၊ဂျင်းသုပ်များကို အဆာပြေစားသောက်ကြပြီးနောက်၊ သူတို့နှစ်ယောက် ရွာထဲမှထွက်ခဲ့ကြသည်။ ရွာအရှေ့ဘက်ထန်းတောထဲမှထွက်လိုက်လျှင်၊ ကွင်းပြင်ထဲတွင်မို့မောက်နေသော ဟစ်တော်မူတောင်ကုန်းငယ်နှင့်တောင်ကုန်းထက်မှဟစ်တော်မူဘုရားကိုဖူးမြော်ကြရသည်။ゞင်းမှအတန်ကြာ ဆက်လျှောက်သော်၊ ရှမ်းရိုးမတောင်စွယ်တစ်ခု၏ထိပ်တွင်တည်ထားသော စည်တီးဘုရားကိုဖူးမြင်ကြရပြန် သည်။ သဲတောမှာတုန်းက ဦးအောင်ဖုန်းကကိုမြင့်အောင်အားလက်ညိုးညွှန်ပြသခဲ့သောဘုရားပင်ဖြစ်သည်။ အဝေးကြီးလို့ထင်ရပေမင့်၊ ခုလိုမနားမနေ ခရီးနှင်လိုက်တော့လဲ 'သွားပါများခရီးရောက်' တော့တာပဲဟု ကိုမြင့်အောင် စိတ်ထဲ ပေါ့ပါးသွားသည်။ မိုးရွာထဲသွားနေရဆဲဖြစ်ပေမင့်၊ ခြေလှမ်းတို့ကပိုသွက်လာသလို ထင်ရသည်။
''ဒီလိုဆိုရောက်ဖို့နီးပြီပေါ့''
ကိုမြင့်အောင်ကဆန္ဒစောလျက်မေးတော့ဦးအောင်ဖုန်းကပြုံးသည်။ သူ့အပြုံးကတစ်မျိုးကြီးပဲဟု
ကိုမြင့်အောင်ထင်မိသည်။
''နီးပါပြီကွာ။ ဒါပေမယ့်ဘုရားရှိတဲ့တောင်စွယ်အခြေရောက်ပြီးရင် ရှေ့ဆက်ပြီးတော့ထပ်လျှောက်
ရဦးမယ်''
စည်တီးဘုရားတည်ထားရာတောင်စွယ်ခြေရင်းမှာ (ပ-လ-ဖ) စည်တီးစိုက်ကွင်းရှိသည်။ စိုက်ကွင်းမှ တဲအိမ်ငယ်များကို လွန်ပြီးနောက်၊ အရှေ့စူးစူးသို့လွင်ပြင်ထဲတွင် ဆက်လျှောက်ကြရပြန်သည်။ ရှမ်းတောင် တန်းသည် တောင်မြောက်သွယ်တန်းနေရာမှထိုနေရာတွင်အရှေ့ဘက်ဆီသို့ကွေ့ဝိုက်နေသဖြင့် တောင်ခြေ နှင့်အပြိုင် မလှမ်းမကမ်းမှ လျှောက်နေကြရသည်။ တောင်ခြေလွင်ပြင်ထဲတွင် ဝါးရုံတောများကိုနေရာအနှံ ထူထပ်စွာတွေ့ရလေသည်။
စည်တီးစိုက်ကွင်းမှလျှောက်ခဲ့ကြရာလေးဆယ့်ငါးမိနစ်ကြာမှပင်တောင်ခြေသို့ရောက်ရှိကြတော့ သည်။တောင်ခြေတွင်အင်ဖက်တဲတစ်လုံးကိုတွေ့ရသည်။တဲပတ်ပတ်လည်တွင်အိမ်တိုင်များ၊ ပျဉ်ချပ်များ၊ ဝါးစည်းများ၊ မီးသွေးအိပ်များကို ဟိုတစ်ပုံ၊သည်တစ်ပုံတွေ့ရသည်။ဤနေရာကို'လှည်းဂံ' ဟုခေါ်ကြောင်း၊ တောင်ခြေ လှည်းလမ်း ဆုံးပြီဖြစ်၍ လှည်းများစခန်းချရာဖြစ်ကြောင်းဦးအောင်ဖုန်းက ကိုမြင့်အောင်အားရှင်း ပြသည်။ တဲအနီး၌ သူတို့ခဏ အနားယူနေကြစဉ်မှာပင် အရှေ့ဘက်တောင်ပေါ်မှခပ်ရွယ်ရွယ် ယောကျာ်း၊ မိန်းမများ အသော့ဆင်းလာကြသည်။ သူတို့ ခေါင်းပေါ်မှာ၊ ပုခုံးပေါ်မှာ ဝါးစည်းများ၊ မီးသွေးအိပ်များ၊ အိမ်တိုင်များ၊ပျဉ်ချပ်များကိုတနင့်တပိုးသယ်လာကြသည်။တဲအနီးရောက်သော်တစ်ယောက်ပြီးတစ်ယောက် သယ်လာသမျှတို့ကိုပစ်ချကြသည်။နောက်မိုးရေနှင့် ရောနှော ရွှဲစိုနေသည့်ချွေးများကို ပုဆိုးစုတ်ဖြင့်ပွတ်တိုက် သုတ်ပစ်ကြသည်။ သူတို့အထဲမှအချို့က ဦးအောင်ဖုန်းကို မှတ်မိသဖြင့် နှုတ်ဆက်စကားပြောကြသည်။
ခေတ္တနားနေပြီးသော်၊ မိုးအတန်ငယ်ချုပ်လာပြီဖြစ်၍တောင်ပေါ်တက်ရန် ဦးအောင်ဖုန်းကနေရာမှ
ထလိုက်သဖြင့် ကိုမြင့်အောင်လည်းလေးပင်စွာထလိုက်သည်။
'' ဒီတစ်ခါအတက်ခရီးပြီးရင်ရောက်ပါပြီကွ။ စိတ်မလျှော့ပါနဲ့''
ဦးအောင်ဖုန်းကရယ်ကျဲကျဲလုပ်ပြီးပြောလိုက်တော့ ကိုမြင့်အောင်မျက်နှာမှာစပ်ဖြဲဖြဲဖြစ်လာသည်။
''အားမလျော့ပါဘူး။ ကျွန်တော်ကရန်ကုန်မှာထိုင်နေရတာကြာသွားတော့ အလေ့အကျင့်ပျက်သွား လို့ပါ။ နို့မဟုတ်ရင်ဒီခရီးလောက်တော့မမှုပါဘူး။ ဟဲ"""ဟဲ"""''
''ဒီလိုဆို ပြီးတာပါပဲ။ ကဲ- ချီတက်လိုက်ကြဦးစို့။ ကြာရင်သွေးအေးသွားလို့ အကြောတွေလေးသွား
လိမ့်မယ်။ ကဲ- မသောင်းတို့ ကျွန်တော်တို့တက်နှင့်ကြမယ်။ တောင်ပေါ်ကျမှတွေ့ကြသေးတာပေါ့''
ပြောပြောဆိုဆို ပစ္စည်းများသယ်သူများကိုလည်း နှုတ်ဆက်ရင်း အတက်ခရီးကိုစတင်လိုက်သည်။
တောင်ကြောမှာလိပ်သဲကျောက်တောင်ဖြစ်၍၊ ကျောက်တုံးတစ်ခုမှတစ်ခုသို့လည်းကောင်း၊ ကျောက်ဖျာ မျက်နှာပြင်ပေါ် ဖြတ်နင်း၍လည်းကောင်း တက်ကြရသည်။မိုးရက်ဆက်ရွာထားပေမင့်ရွှံ့ဗွက်မရှိ။ သဲကြမ်း များသာရှိသဖြင့် မောရုံ၊ ချွေးထွက်ရုံမျှအပ၊အခက်အခဲမရှိလှ။ သို့ရာတွင်ထိုသို့တက်ရင်းက အတက်ကမတ် လာသည်။ လမ်းကကြမ်းလာသည်။ မိုးကလည်းရွာလိုက်၊စဲသွားလိုက်ဖြစ်နေဆဲပင်။မိုးရေနှင့်ချွေးကို ခွဲခြား၍ ပင်မရတော့။ မိုးအေးသည့်ကြားမှပင် အသက် ရှူသံများ ပြင်းလာကြသည်။ ကိုမြင့်အောင်၏စိတ်ထဲတွင်သွားရ မည့်ခရီးကို ဝေးသည်မထင်ရအောင် ဦးအောင်ဖုန်းက သူ့ကိုတစ်ဆင့်ပြီးတစ်ဆင့် မျှား၍ခေါ်နေသည်ဟု သဘောပေါက်လာခဲ့သည်။
မတ်စောက်လွန်းသောအတက်ဆုံးသော်ခဏနားကြရသည်။ ချွေးတွေကတော့တစ်ကိုယ်လုံးနစ်နေ ကြပြီ။ ထိုနေရာမှလှမ်းမျှော်ကြည့်လျှင်အနိမ့်ပိုင်းဖြစ်သော သဲတော၊ဝမ်းတွင်းလွင်ပြင်ကိုစီး၍မြင်နေရသည်။ မိုးဖွဲတို့ဖြင့် မှိုင်းမှုန်နေသော အောက်ကျင်းမှ မြင်ကွင်းကို တမျှော်တခေါ်ကြီးမြင်နေရသည်မှာ လွမ်းစဖွယ်ပင် ကောင်းနေ သေးတော့သည်။
''ဒီနေရာရောက်ပြီဆိုရင် နောက်အတက်လေးတွေက အသေးအဖွဲဖြစ်သွားပါပြီကွာ''
ဦးအောင်ဖုန်းက ကိုမြင့်အောင် စိတ်ဓာတ်မကျအောင် အားပေးစကားဆိုပြန်သည်။ ကိုမြင့်အောင်က ''ရပါတယ်ဗျာ။ ထွက်လာတုန်းကနဲ့စာရင် ရောက်ဖို့ နီးပြီမဟုတ်လား။ ဟဲ-ဟဲ''ဟု ရယ်စရာလုပ်သည်။ ရယ်ပွဲဖွဲ့၍ သာပြောနေရသော်လည်း၊ သူအတော်ပင်ညောင်းညာပြီး မောပန်းနွမ်းနယ်နေသည်ကို ဖုံးဖိမရနိုင်။ နောက်ထပ် အတက် များကို ဆက်တက်တော့ ကိုမြင့်အောင်သာမက ဦးအောင်ဖုန်းကိုယ်တိုင်ပင် မနည်းအားခဲ တက်နေရသည်။ သစ်မြစ် ကောင်းကောင်း၊ ကျောက်ဖျာကောင်းကောင်း တွေ့လျှင်ပစ်လှဲထိုင်ချချင်စိတ်က လှိုက်လှိုက် တက်လာသဖြင့် မနည်းချိုးနှိမ်နေကြရသည်။
တောင်ကြောထိပ်ရောက်လျှင် သစ်ပင်များကိုခပ်စိပ်စိပ်တွေ့လာရသည်။
''ဒါရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းနယ်ခြားမှတ်တိုင်ပဲ''
ဦးအောင်ဖုန်းပြသော လူတစ်ရပ်ခန့်မြင့်သည့် သစ်သားမှတ်တိုင်ခြေရင်းတွင်ကျောက်ခဲများ ပုံထားသည်ကို တွေ့ရသည်။ မှတ်တိုင်နံဘေးမှကပ်၍ခြေတစ်လှမ်းလှမ်းလိုက်လျှင်ပင် ရှမ်းပြည်နယ်ထဲသို့ရောက် သွားကြတော့သည်။
''အဲဒါပန်းလောင်မြစ်အရှေ့ဘက်ကမ်းပေါ်မှာမိုးနေတဲ့ရှမ်းကမ်းပါးကြီးပဲ''
ဦးအောင်ဖုန်းလက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ၊ အရှေ့ဘက်အတော်ဝေးဝေးဆီတွင်အချွန် အတက် အဖုအထစ်တွေနှင့်မြင့်မားသောကမ်းပါးပြတ်ကြီးကိုလှမ်းမြင်ရသည်။ ရှမ်းကုန်းမြင့်ပေါ် ရောက်ရှိ လိုလျှင် ဤကမ်းပါး ပြတ်ကြီးကို မဖြတ်ကျော်ဘဲ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်၌မြင်နေရသမျှ မြင် ကွင်းတစ်ခုလုံးမှာ တောင်စွယ်၊ တောင်တန်းများ အထပ်ထပ်သွယ်တန်းနေလျက်၊ သစ်ပင်များလည်း ပိုမိုထူထပ် သိပ်သည်းနေပေသည်။
တောင်ကြောပေါ်မှ အတန်ကြာသက်ဆင်းပြီးနောက်၊ တောင်ကျချောင်းငယ်တစ်ခုကို ဖြတ်ကျော် လိုက်လျှင်ပင် သစ်ပင်၊ ဝါးပင် စိမ်းအုပ်အုပ်တွေကြားမှ အင်ဖက်တဲသေးသေးလေးများကို ဘွားခနဲတွေ့လိုက်ရသည်။
''ကဲ- ရေပြာစခန်းရောက်ပါပြီတဲ့ဗျာ''
သည်တစ်ခါကြားလိုက်ရသော ဦးအောင်ဖုန်၏စကားတစ်ခွန်းသည် ယနေ့တစ်နေ့လုံးကြားခဲ့ရသမျှသော စကားတွေထဲတွင် နားဝင်အချိုဆုံးဟု ကိုမြင့်အောင်ထင်မှတ်လိုက်လျက်၊ တစ်ကိုယ်လုံးပေါ့ပါးရွှင်လန်းသွားပုံမှာ ဘယ်လိုအရသာရှိမှန်းပင်မသိ။ အလင်းရောင်များ အားနည်းမှုန်မှိုင်းစပြုလာနေပြီကို သတိပြုမိလိုက်သဖြင့် လက်ပတ်နာရီကိုကြည့်လိုက်ရာ ညနေ ၆ နာရီထိုးခါနီးပြီကိုတွေ့လိုက်ရသည်။
အင်ဖက်တဲငယ်အချို့ကိုဖြတ်ကျော်ခဲ့ပြီး၊ ဦးအောင်ဖုန်းကခပ်ကြီးကြီးတဲတစ်လုံးဆီသို့ဦးဆောင်သွား သည်။ တဲအနီးရောက်တော့ တဲအပြင်ဘက်နားတွင် လူအချို့ဝိုင်းအုံနေကြသည်ကိုတွေ့ရသဖြင့်၊ဦးအောင် ဖုန်းခြေလှမ်းများတုံ့သွားသည်။ စူးစမ်းရင်းရှေ့ကိုတိုးသွားတော့မှ တောကောင်တစ်ကောင်ကို ဓားဖြင့်ခုတ် ထစ်နေကြသည်ကို တွေ့လိုက်ရသည်။
''ဘာကောင်လဲဗျ။ ကိုအောင်ငွေရ''
ဦးအောင်ဖုန်းအသံပြုလိုက်တော့မှ ရှေ့သို့အာရုံစိုက်၍ခုတ်ထစ်နေသောလူတစ်ယောက်ကမော့
ကြည့်လိုက်ပြီး-
''ဟာ"""ဆရာဦးအောင်ဖုန်းပါလား။ ဒီကိုတစ်ခေါက်ပြန်လာတာပေါ့'' ဟုဝမ်းသာအားရနှုတ်ဆက်
လိုက်သည်။
''ဟုတ်တယ်ဗျ။ ဒီမှာအလုပ်ဆက်လုပ်ရအောင်လာတာ''
''ဟန်ကျတာပဲ။ ဆရာတို့ရောက်တဲ့နေ့မှ ဆတ်တစ်ကောင်ရထားတာနဲ့အတော်ပဲဗျာ။ဝအောင်သာ
စိတ်တိုင်းကျစားသွားကြပေတော့''
ကိုမြင့်အောင်က ဆတ်ချိုများကိုစိတ်ဝင်တစားကိုင်ကြည့်ရင်းကျေနပ်အားရဖြစ်နေသည်။
''ခုလိုတောင်ကောင်ရတာမျိုးနဲ့တစ်ခါမှကျွန်တော်မကြုံဖူးဘူးဗျာ''
''အေး"""ဒီနေ့တစ်နေကုန်ပင်ပန်းလာတဲ့မင်းအတွက်ဆုလာဘ်ပဲလို့သာမှတ်လိုက်ပေါ့ကွာ။ မဟုတ်ဘူးလား''
ဦးအောင်ဖုန်းကရယ်မောရင်းပြောတော့ ကိုမြင့်အောင်လည်း လိုက်၍ရယ်လိုက်သည်။တစ်နေ့လုံး လွတ်လပ်ပေါ့ပါးစွာပြုံးရွှင်ရယ်မောနိုင်သည်မှာသည်တစ်ကြိမ်သာရှိသေးသည်မဟုတ်ပါလော။
ထိုညကကိုအောင်ငွေချက်ပြုတ်ကျွေးသောဆတ်သားအသည်းစုံ 'မုဆိုးချက်' ဖြင့်နှစ်ယောက်သား ညစာကို ခေါင်းမဖော်တမ်း မြိန်ရှက်စွာ စားသောက်ကြရသည်။ ကိုအောင်ငွေက ပန်းကန်ထဲတွင် ဟင်းကိုအလျော့မခံ။ ထည့်ပြီးရင်း ထည့်ပေးနေသည်။
ညစာစားပြီးသည်နှင့် ဗိုက်လေးလေးနှင့် ကိုအောင်ငွေ၏ အင်ဖက်တဲထဲမှာ နှစ်ယောက်သားအိပ်ကြရသည်။ ဂုန်အိတ်အခင်းနှင့်အညာစောင်တစ်ထည်စီရရှိသော်လည်း၊ ခေါင်းအုံးကတော့လုံးဝမရှိ။ အတန်ငယ် ချိုင့်ခွက်ထားသော သစ်သားတုံးတစ်ခုစီကိုသာ ဘေးလွယ်အိတ်ခုလျက် အိပ်ကြရသည်။
အိပ်ရာအခင်းအကျင်းကတောဆန်လွန်းသဖြင့် သိပ်အဆင်မပြေလှသော်လည်း၊ တစ်နေကုန် ညောင်းညာကာ မောပန်းနွမ်းနယ်သည့်အတွက်အိပ်ပျော်လုနီးနီး ရီဝေဝေဖြစ်လာကြချိန်တွင် ''ဟိတ်""" ဘယ်သူတွေလဲရပ်'' ဟု လူတစ်ယောက်၏ ခပ်ထန်ထန်အော်သံကြားလိုက်ရသဖြင့် နှစ်ယောက်လုံးဖျတ်ခနဲ ထထိုင်လိုက်ကြသည်။ မလှမ်းမကမ်း တဲတစ်ခုမှ ဝင်းလက်စူးရှသော လက်နှိပ်ဓာတ်မီးရောင်ပေါ်ထွက်လာသည်နှင့် မီးရောင်ကျရာသို့ ကြည့်လိုက်မိကြသည်။
''ဟာ"""နွားတွေပါလား။အများကြီးပဲ''
ကိုမြင့်အောင် တအံ့တသြဖြစ်သွားသည်။ မနက်ကဈေးမှာ နွားလှည်းတွေများစွာ တွေ့ရခြင်းသည်အံ့သြစရာ မဟုတ်သော်လည်း၊ ခဲရာခဲဆစ်တက်ရသော တောင်ပေါ်မှာနွားတွေကို တွေ့ရတာကတော့ဖြင့် တကယ်ကို အံ့သြစရာပါပဲ။ လူတွေကလည်း အများကြီး။ ဆယ်ယောက်လောက်တော့ရှိမည်။
''ရွဲသီးက ကောင်းကျော်တို့ပါ အစ်ကိုစံကြူး''
နွားအုပ်ထဲမှလူတစ်ယောက်၏ပြန်ဖြေသံကြားရသည်။
''သြ"""ကောင်းကျော်တို့ကိုးကွ။ နွားဘယ်နှစ်ကောင်ပါလဲဟေ့။ဒီမှာညမအိပ်ကြဘူးလား''
''နွားအကောင်နှစ်ဆယ်ပါတယ်။ ဒီမှာညမအိပ်တော့ဘူး။ ပန်းလောင်ကျမှပဲအိပ်တော့မယ် အစ်ကို စံကြူး''
''အေး"""အေး"""သတိနဲ့သွားကြကွာ။ငါဘယ်သူတွေများလဲလို့''
''ကျုပ်တို့သွားဦးမယ်အစ်ကိုစံကြူး''
''အေး"""အေး"""''
အပြန်အလှန်စကားပြောသံများဆုံးသော်နွားများနှင့်လူများအရှေ့ဆီသို့ထွက်ခွာသွားကြတော့သည်။ မိုးဖွဲဖွဲအောက် အမှောင်ရိပ်ဝယ် အရိပ်အယောင်မျှသာမြင်ကြရသည်။ မကြာမီ တောအုပ်တစ်ခုအတွင်း ဝင်ရောက်
ပျောက်ကွယ်သွားကြတော့သည်။
''ဒီနွားတွေက ဘယ်ကိုသွားကြမှာလဲ''
ကိုမြင့်အောင်ကမေးသည်။
''အဲဒါမှောင်ခိုနွားတွေကွ။ဒီကနေရွှေညောင်မြောက်ဘက်ကတောင်နီဈေးကိုသွားရောင်းကြမှာ။တောင်နီက တဆင့် ဆိုက်ခေါင်တို့၊ နမ့်ခုံတို့ကိုရောက်။အဲဒီကတခါ သံလွင်ကိုဖြတ်ပြီး နယ်စပ်ကိုသွားရောင်းကြမှာ။မိုင်းအောဆိုတဲ့ နယ်စပ်မြို့လေးရောက်ရင် နွားတစ်ကောင်ကိုတစ်သောင်းလောက်ရသတဲ့ကွ။ သဲတော ဈေးမှာက နွားတစ်ကောင် သုံးထောင် လောက်ပဲ ရှိတယ်''
''မိုးရွာနေတုန်းညကြီးမင်းကြီးကိုသွားကြတာနော်။ကျွန်တော်တို့များနေ့လယ်မြင်မြင်ထင်ထင်လက်
ချည်းလာတာတောင်စိုးရိမ်စိတ်တထိတ်ထိတ်နဲ့''
''သူတို့ကအဖမ်းအဆီးတို့၊ ငွေတောင်းတာတို့ မခံရအောင်မိုးနဲ့အမှောင်ကို အကာအကွယ်ယူပြီးသွား
ကြတာကွ။ ဒါတောင်အခုဟာက သူတို့အတွက် ခရီးအစပဲရှိသေးတယ်''
''လမ်းမှာဘယ်လောက်ကြာသလဲမသိဘူး''
''ပုံမှန်မရှိဘူးတဲ့ကွ။ အဆင်ပြေရင်လဲတောင်နီကိုသုံးလေးညအိပ်လောက်နဲ့ ရောက်သွားတာပဲတဲ့။
အခန့်မသင့်ရင်လဲ ခုနှစ်ညရှစ်ညအိပ်လောက် ကြာချင်ကြာတာပဲတဲ့''
''သြော်"""သြော်"""''
ထိုညက ကိုမြင့်အောင် မျက်စိကြောင်ပြီး တော်တော်နှင့်အိပ်မပျော်။ တစ်နေ့တာတွေ့ကြုံ ဖြတ်သန်းခဲ့ရတာတွေကို ရုပ်ရှင်ကြည့်ရသလို တစ်ခုစီ ပြန်လည်မြင်ယောင်နေမိသည်။ ခရီးစဉ်၏အစ သဲတောမှအလင်း ရောင်အောက်တွင် တွေ့ခဲ့ရသော လှည်းထမ်းပိုးထဲမှနွားများ"""။ ခရီးစဉ်၏အဆုံးဖြစ်သော တောင်ပေါ်ရေ ပြာစခန်း၏ အမှောင်ထုအောင်၌ တွေ့လိုက်ရသောနယ်စပ်သို့ ပို့မည့်နွားများ"""။သြော်"""နွားချင်းတူပါ လျက် လားရာချင်းတော့ မတူပါကလား။
ထိုညက ကိုမြင့်အောင်၏ အိပ်မက်ထဲတွင် မရေမတွက်နိုင်သော နွားများစွာကို တွေ့ရလေသည်။ ထွားကြိုင်း သန်မာလှသော နွားကြီးများသည် ချောင်းကိုဖြတ်၊ တောင်ကိုကျော်၊ တောကိုတိုးပြီးလျှင် သေးငယ်သော စည်သွတ်ဘူးလေးထဲသို့ တစ်ကောင်စီတန်းစီ၍ ဝင်သွားသည်မှာ ဘယ်တော့မှမကုန်နိုင်တော့သလိုပင်။ ဒါကို မြင်မက်ရင်းနှင့် အိပ်မက်ထဲမှာပင် ကိုမြင့်အောင် အထူးအံ့သြနေမိလေသည်။ ။

No comments:

Post a Comment