ငှက်တစ်သောင်းနှင့်သစ်တစ်ပင်
ဆင်တဲဝမြတ်ဖုန်း၊
ဆင်တဲဝမြတ်ဖုန်း၊
၁၉၈၉ခု၊ ဇူလိုင်လ၊ ရှုမဝမဂ္ဂဇင်း
''ဟယ်"""ရေတွေပေါလိုက်တာ"""
ညိုလတ်သည် လက်ဆေးကန်ထဲသို့ ပိုက်မှ အရှိန်နှင့် ပန်းထွက်ကျနေသော ရေများကို ဝမ်းသာ အားရ လက်ခုပ်နှစ်ဖက်ဖြင့် ခံပြီး၊ မျက်နှာကို လက်ခုပ်ထဲက ရေထဲနှစ်လိုက်၊ လက်နှစ်ဖက်စလုံးကို လက်မောင်း အထိ ပိုက်အဝမှ ရေထဲ စိမ်ထားလိုက်ဖြင့်၊ အထူးမြူးရွှင်နေပါသည်။
''ဟဲ့"""ညိုလတ်၊ ဒီကောင်မလေး ဘာအရူးထနေတာတုံး၊ ပိုက်ထဲက ရေထွက်တာများ အထူးအဆန်း လုပ်လို့"""''
ယခုမှ ကျွန်တော်တို့ အိမ်သို့ ပူပူနွေးနွေး ရောက်လာသော သူ့တူမကို ကျွန်တော့်ဇနီး မိချိုက လှမ်းဆူ လိုက်သည်။
''အို"""ဒေါ်လေးကလဲ၊ ဒေါ်လေးတို့ကသာ မဆန်းတော့တာ။ ကျွန်မက ခုမှ အညာက လာတာ ဆိုတော့ ရေတွေ များများမြင်ရရင် အားကြီးဝမ်းသာတာပဲ ဒေါ်လေးရဲ့"""''
''အေးပေါ့လေ ညည်းက အိမ်မှာ ဒိုင်ခံပြီး နွားတွေအတွက်ရော လူတွေအတွက်ပါ ရေခပ်ခဲ့ရတာဆိုတော့ ရေမြင်ရင် ဝမ်းသာမှာပေါ့၊ ကဲ"""အဲဒါ အသာထားလို့ ညည်းပစ္စည်းတွေ သိမ်းလိုက်ကြဦးစို့"""'' တူအရီးနှစ်ယောက် ညိုလတ်ပါလာသော သံသေတ္တာတစ်လုံးနှင့် ကြိမ်ခြင်းနှစ်လုံးကို အခန်းလွတ် တစ်ခုထဲသို့ မ သွားကြသည်။ ညိုလတ်သည် မိချို၏အစ်မ အကြီးဆုံး မသန်းညွန့်မှ မွေးသော မိချို၏ တူမ ဖြစ်သည်။ ယနေ့ နေ့လည်မှ ကျွန်တော်တို့ ဇာတိ တောင်သာမြို့နယ်၊ ကျောက်ကာရွာမှ ယခု ကျွန်တော် အလုပ်လုပ်လျက်ရှိသော ရှမ်းပြည်တစ်နေရာရှိ 'မိုင်းလုံ' သတ္တုတွင်းမြို့လေးသို့ လူကြုံဖြင့် လိုက်ပါလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဇာတိဌာနေက မိုးခေါင်ရေရှား ဒေသဖြစ်သောကြောင့် ရေအတွက် များစွာစိတ်မော ရသော ဒေသဖြစ်ပါသည်။ ညိုလတ်သည် ဆင်တဲဝချောင်း လက်ယက်တွင်းမှ ရေကို နေ့စဉ် ဆိုင်းထမ်းဖြင့် ခပ်ခဲ့ရသူမို့ ယခုလို ပိုက်ခေါင်းကို လှည့်လိုက်ရုံမျှဖြင့် ပိုက်မှ ရေများဒလဟော ထွက်နေသည်ကို မြင်ရသော အခါ အထူးဝမ်းသာအူမြူးနေခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ အဖို့မှာတော့ ရေရှားသော ဇာတိရပ်ရွာကို ခွဲခွာလာခဲ့ပြီး ရှမ်းပြည်မှာ အနေကြာခဲ့ပြီ ဖြစ်၍ ရေနှင့်ပက်သက်ပြီး ခံစားမှု သိပ်မရှိတော့ပါ။ ယခုလက်ရှိ နေထိုင်လျက်ရှိသော ဝန်ထမ်းနေအိမ်မှာ အိမ်ထဲမှာပင် ရေချိုးခန်းရှိသည့်အပြင် ထမင်းစားခန်း၊ မီးဖိုဆောင်နှင့် အိမ်ရှေ့စိုက်ခင်းထဲမှာပါ ရေတိုင်တွေ ရှိနေရာ၊ လိုအပ်သည်ထက်ပင် ပိုနေပါသေးသည်။ ညိုလတ်သည် ရေတိုင်မှန်သမျှကို လိုက်ဖွင့်ကြည့်ပြီး ရေများ ပန်းထွက်သည်ကို လက်ခုပ်လက်ဝါး တီးကာ မြူးပျော်နေမိတော့သည်။
ညနေစောင်းမှာတော့ မိချိုကို အလန့်တကြား လှမ်းအော်ခေါ်လိုက်သော ညိုလတ်အသံကို ကြားရ ပြန်ပါသည်။
''ဒေါ်လေးရေ- ဒေါ်လေး၊ လာစမ်းပါဦး၊ ဒီမှာ"""ဒီမှာ"""''
''ဟဲ့ ဘာဖြစ်ရပြန်တာတုန်း၊ ဒီကောင်မလေး"""''
''ဟောဒီမှာ မိုးတိမ်တွေ အိမ်ထဲကို ဝင်တော့မယ်၊ ဟိုဘက်ကပြေးလာတာ၊ ပြတင်းပေါက်နား ရောက်နေပြီ"""''
''အမလေးဟဲ့ မိညိုလတ်၊ မိုးတွင်းဆို တစ်ခါတလေ ဒီလိုပဲပေါ့"""''
''အညာမှာတော့ မိုးတိမ်တွေကို အမြင့်ကြီးမှာပဲ မြင်ရတာ၊ ကောင်းကင်ထဲမှာ မြင်ရတော့လဲ ဂွမ်းစိုင်ကြီး တွေလို သိပ်ခဲနေတယ်လို့ ထင်ရတယ်၊ ခုအနီးကပ် ကြည့်တော့ အဲလို မှုတ်ဖူးနော်၊ ဒေါ်လေး"""'' ''အေးအမှန်ကတော့ ရေမှုန်ရေမွှားလေးတွေပဲ စုဝေးလှုပ်ရှား နေကြတာလေ၊ တွေ့တယ်မဟုတ်လား"""'' ခဏကြာလျှင် အိမ်တွေက မိုးတိမ်ထဲ မြုပ်သွားပြီး အိမ်ပတ်ဝန်းကျင် တစ်ခုလုံး မှုန်မှိုင်းသွားပါတော့သည်။ ကပ်လျှက် တစ်ဖက်အိမ်ကိုပင် ပီပီသသ မမြင်ရတော့ပေ။ ညိုလတ်သည် ဤမြင်ကွင်းကိုပင် ပြတင်းပေါက်မှ ရင်သပ်ရှုမော တအံ့တသြ ငေးကြည့်နေပါတော့သည်။
လေအနည်းငယ် သုတ်လာလျှင်ပင် မိုးတိမ်တွေ လွင့်ပါးပျောက်ကွယ်သွားကာ ကောင်းကင်သည် ကြည်စင်လာပြန်သည်။ ညိုလတ်သည် ပြတင်းပေါက်မှ မခွာသေးပေ။ မြင်းမာ့သော တောင်ကုန်း တောင်တန်း များ ပေါ်မှာ မြကော်ဇောကြီး ဖြန့်ခင်းထားသလို စိမ်းစိုနေသော မြက်ခင်းပြင်ကျယ်ကြီးတွေက ဝင်လုဆဲ လိမ္မော်ရောင် နေခြည်အောက်မှာ ရှုမျှော်မဆုံး ဖြစ်နေသည်ကို ညိုလတ်ကြည့်မောနေပြန်သည်။ အတန်ကြာ တော့မှ မိချိုကို လှမ်းပြောလိုက်သည်။
''ရွာမှာတော့ နွားစာရှားလိုက်တာ ဒေါ်လေးရယ်၊ မြက်ခြောက်တောင် ရှာမရလို့ နွားတွေကို သစ်ပုတ် ကိုင်းတွေ ထနောင်းကိုင်းတွေ ခုတ်ကျွေးရတာ၊ ကျွန်မတို့အိမ်က နွားတွေကို ဒီမောင်းလာရရင် သိပ်ကောင်းမှာပဲ၊ ဒီမြက်တွေဆိုရင် ဘယ်လောက် စားလိုက်ကြမလဲနော်"""''
မိချိုက ရွာ၌နွားစာကိုပါ ပင်ပန်းတကြီး ရှာခဲ့ရရှာသော သူ့တူမကို ဂရုဏာသက်ဟန်ဖြင့်ကြည့်ကာ နောက်တောက်တောက်ပြောလိုက်သည
''အင်း- ညည့်နွားတွေကို ဒီအတိုင်း မောင်းလာလို့တော့မရဘူး ညိုလတ်ရေ့၊ ကားငှားတင်မှရမှာ။ ကားခက သိပ်မကုန်ပါဘူး၊ နှစ်ထောင်လောက်ဆိုရင် ဖြစ်ပါတယ်။ တစ်နေ့တစ်ခေါက် လာကျောင်းပေါ့၊ ဟုတ်ဖူးလား"""''
''ဟာ ဒေါ်လေးကလဲ နောက်နေပြန်ပါပြီ၊ ကျွန်မက မြက်တွေကိုမြင်လို့ အရမ်းဝမ်းသာပြီး ပြောတဲ့ ဥစ္စာကို"""''
သည်သို့ဖြင့်၊ မိုင်းလုံသို့ရောက်ရှိလာသော
フ フ フ フ フ フ フ フ フ フ フ フ
ညိုလတ်တစ်ယောက် ဝမ်းသာရွှင်မြူး ဖြစ်နေချိန်မှာ၊ ဝမ်းမသာနိုင်သူကတော့ ကျွန်တော်ပင်ဖြစ်ပါ၏။ အကြောင်း မှာ၊ ညိုလတ်အမေ၊ အစ်မကြီးမသန်းညွန့်က ကျွန်တော်သည် သတ္တုတွင်း၌ အရာရှိ တစ်ယောက်ဖြစ်၍ ပေါက်ရောက်သူ ဖြစ်လိမ့်မည်ဟု အထင်ရှိကာ၊ ညိုလတ်အား အလုပ်သွင်းပေးရန်အတွက် ကျွန်တော့်ထံ လွှတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ညိုလတ်သည် ၁၀-တန်းကို နှစ်ကြိမ်ကျပြီးခဲ့သူ ဖြစ်ပါသည်။ ဘွဲ့ရပြီးသူ တွေ၊ ၁၀- တန်းအောင်ပြီးသူတွေပင် အလုပ်ရဖို့ ခက်ခဲလှသည်ဖြစ်ရာ၊ ညိုလတ် အလုပ်ရအောင် ကျွန်တော် မည်သို့ ကြံဆောင်ရပါမည်နည်း။ များစွာစိတ်မောရပါ၏။ သို့ဖြစ်၍ ညိုလတ် ရောက်ရှိလာခြင်းသည် ကျွန်တော့် အတွက် ကောင်းသောလာခြင်း မဖြစ်နိုင်တော့ပါပြီ။
တစ်ခုတော့ရှိသည်။ မြေပြန့်မြို့တွေမှာ အလုပ်ရရန်ခက်ခဲသော်လည်း၊ မိုင်းလုံကဲ့သို့ တောင်ကြို တောင်ကြား ဝေးလံလှသော ဒေသမျိုးမှာတော့၊ အလုပ်ရရန် သိပ်မခက်ခဲလှသေးပေ။ သို့ရာတွင် အနည်းဆုံး ၁၀-တန်းလောက် အောင်မြင်ထားဖို့တော့ လိုအပ်သည်။ ခက်နေသည်က ညိုလတ် ၁၀-တန်း မအောင်သေး ခြင်းပင်။ မိုင်းလုံ သတ္တုတွင်းနယ်မြေတွင်၊ ၁၀-တန်းရှုံးသူတွေ အပါအဝင်၊ စာတတ်သူတွေရော၊ စာမတတ်သူရော၊ မိန်းမသားတွေ မြေပေါ် အထွေထွေ ဌာန၌ ၆-၅၀ါး နှုန်းဖြင့်ယာယီ နေ့စားအလုပ်ကြမ်း လုပ်နေကြတာတွေ တော့ရှိသည်။ ဤအလုပ်ကလည်း တန်းစီနေကြသူတွေ တစ်ပုံတစ်ခေါင်းကြီးဖြစ်၍၊ အနည်းဆုံး တစ်နှစ်လောက် စောင့်နိုင်ပါဦးမှ ရနိုင်မည်။ ရစေဦးတော့ ယာယီ နေ့စားမျှသာဖြစ်၍ ၆-လစေ့လျှင် အလုပ်မှ ရပ်နားပြီးသား ဖြစ်သည်။ နောက်တစ်ခါ ပြန်၍တန်းစီပေဦးတော့။ အစ်မကြီး မသန်းညွန့် သွင်းပေးစေချင်သည်ကလည်း ဤအလုပ်မျိုးမဟုတ်။ အမြဲတမ်း လခစားအလုပ်။ ယောကျာ်းသားဆိုလျှင်တော့ ၁၀-တန်းမအောင်စေကာမူ မြေအောက် သတ္တုတွင်းထဲ၌၊ အမြဲတမ်း လခစား သတ္တုတူးအလုပ်ကို ရနိုင်ပါသည်။ သို့ရာတွင် ညိုလတ်သည် မိန်းမသားသာ ဖြစ်သည်။ နောက်ပြီး သူ့အမေရစေချင်သည့် အလုပ်က ရုံးစာရေးမအလုပ်။ ဆန်တစ်စလယ်ဖြင့် ငါးကြင်းအကောင်ကို ရချင်သလို ဖြစ်နေပြီဟု အားမနာတမ်းပြောရလျှင်၊ ပြောသူသာ လွန်ရာကျပေလိမ့်ဦးမည်။ ဘူမိဗေဒအရာရှိဆိုသော ကျွန်တော့်ရာထူးကလည်း အလုပ်ခန့်ထားရေးနှင့် ဘာမျှမဆိုင်။ ဆိုင်စေဦး တော့ အလုပ်ခန့်ထားရေးမူနှင့် အကြုံးဝင်ပါမှ ခန့်နိုင်မည်။ ဘောင်မဝင်လျှင် ဘာမျှလုပ်၍ ရနိုင်မည်မဟုတ်။ အစ်မကြီး မသန်းညွန့်သည် တောသူမဖြစ်၍၊ ဒါတွေကိုလည်း သိရှိလိမ့်မည် မဟုတ်ချေ။ သူမသိထားသည်က သူ့မတ်တော်မောင်သည် အရာရှိတစ်ယောက်။ သည်တော့သူ့သမီးကို အလုပ်သွင်းပေးနိုင်လိမ့်မည်
သို့ပါသော်လည်း ကျွန်တော့်မှာ ဆွေ့ဝတ္တရား၊ မျိုးဝတ္တရား ကြည့်ရှုစောင်မဖို့ တာဝန် မလွှဲသာ ရှိနေ ပါသည်။ 'အဆွေအမျိုးတို့အား ထောက်ပံ့ရခြင်းသည်လည်း မင်္ဂလာတစ်ပါး' ဟု မြတ်စွာဘုရားရှင်တော်မြတ် ဟောကြားတော်မူခဲ့သည် မဟုတ်ပါလော။ သည်တော့ အတတ်နိုင်ဆုံးတော့ ကြိုးစားရပေတော့မည်။ အလုပ်ခန့် ထားနိုင်သူသည် သတ္တုတွင်း မန်နေဂျာသာဖြစ်၍၊ မန်နေဂျာကို သွားရောက်တွေ့ဆုံရပေမည်။ အတော်ဝန်လေး စရာကောင်းသော အလုပ်ပါပဲ။ ကျွန်တော့်အမှုထမ်းသက် ၁၀-နှစ်ကျော်အတွင်း၊ ဤသို့သော ကိစ္စမျိုးအတွက် အထက်လူကို တစ်ကြိမ်တစ်ခါမျှ သွားရောက်၍ နားပူနားဆာ လုပ်ခဲ့ဖူးခြင်း မရှိခဲ့ပေ။ ယခုတော့ ကျွန်တော မလုပ်ချင်ဆုံးသော အလုပ်ကို လုပ်ရပေတော့မည်။ '
ကျွန်တော်သည် မန်နေဂျာကို ယခင်က အကြိမ်ပေါင်းများစွာ သွားရောက်တွေ့ဆုံခဲ့ဖူးပါသည
''အခုလထဲမှာပဲ ခင်ဗျားလို လာပြောတဲ့လူ ရှစ်ယောက်ရှိတော့မယ်၊ ၁၀-တန်းမအောင်တော့လဲ ဘယ်လို လုပ်ပြီး ခန့်လို့ရမလဲဗျာ။ အလုပ်လိုချင်သူတွေ အများကြီးထဲက ထူးခြားချက် တစ်ခုခု မရှိဘဲနဲ့ ခင်ဗျားတူမကို ရွေးခန့်လိုက်ရင် ကျွန်တော်ဘာဖြစ်သွားမလဲ။ ကျွန်တော့် နေရာကပဲ စဉ်းစားကြည့်စမ်းပါဦး။ အကောင်းဆုံးက တော့ဗျာ- ခင်ဗျားတူမကို ၁၀-တန်းအောင်အောင်သာ ကြိုးစား အဖြေခိုင်းစမ်းပါ''
မျှော်လင့်ထားပြီးသား အဖြေပင်ဖြစ်ပါ၏။ မန်နေဂျာထံမှ အကျိုးအကြောင်းကို သိရှိပြီးနောက်၊ မိချိုက အကြံတစ်ခု ပေးပါသည်။ ''သမဝါယမဆိုင်မှာတော့ ၁၀-တန်းမအောင်သူတွေကို ခန့်နေတာပဲ။ အဲဒါကို စုံစမ်းကြည့်ပါဦးလား"""'' ကျွန်တော့်ဇနီး ပြောသည့်အတိုင်း မှန်ပါသည်။ သို့ရာတွင် နေရာလစ်လပ်မှု မရှိ၍ လောလောဆယ် လူသစ်ခန့်ဖို့ အစီအစဉ်မရှိသေးဟု စုံစမ်းသိရှိရပြန်ပါသည်။ မည်သို့ ကြံကြရဦးမည်နည်း။ ကျွန်တော့် ဇနီးသည် အကြပ်အတည်းနှင့် ကြုံလျှင် အကြံသစ်ဉာဏ်သစ်များ ထုတ်နိုင်သူဟု ဆိုရမည်လား မသိပါ။ နောက်ထပ် အကြံတစ်ခုကို ပေးလာပြန်သည်။
''ကြက်တောင်ရိုက်တဲ့ လှလှထွေးကို သိတယ်မဟုတ်လား၊ အဲဒီကောင်မလေးကို ၁၀-တန်း မအောင်သေး ပေမယ့် အားကစားတော်လို့ဆိုပြီး ရုံးမှာလခစားခန့်ထားတာလေ"""
''အဲဒါဘာဖြစ်သလဲ၊ မင့်တူမက အားကစားတော်လို့လား"""''
''အဲဒါကိုပြောမလို့ပေါ့၊ ညိုလတ် ဝဲလောင် အထက်တန်းကျောင်းမှာနေတုန်းက
မိချိုစကားကို ကြားလိုက်ရတော့ ကျွန်တော့်ခေါင်းထဲ မျှော်လင့်ချက်တစ်ခု ဝင်းလက်သွားသည်။ ''ဟင်- ဟုတ်လား၊ ဒါဆိုရင် ညိုလတ်ကို ခေါ်စမ်း၊ မေးကြည့်ရအောင်"""''
ချက်ချင်းပင်ညိုလတ် ရောက်လာသဖြင့်၊ အားကစားပွဲတွေမှာ နွှဲခဲ့ဖူးသည့် အခြေအနေကို အရေးတကြီး ပင် မေးလိုက်ရသည်။
''မန္တလေးတိုင်း ကျောင်းသားအားကစားပြိုင်ပွဲ
''အဲဒါ သိပ်အရေးကြီးတာပေါ့ ညိုလတ်ရ၊ အားကစားထူးချွန်ရင် ၁၀-တန်းမအောင်ပေမယ့် လခစား အလုပ်ရဖို့ အလားအလာရှိလို့ မေးကြည့်ရတာ၊ ကဲ- အဲဒီတုန်းက ဆုတံဆိပ်တွေ ဂုဏ်ပြုလက်မှတ် ရှိသေး သလား''
''တံဆိပ်တွေကတော့ ရွာမှာကျန်ခဲ့တယ်၊ ဂုဏ်ပြုလက်မှတ်တွေတော့ ပါလာတယ်။ နေဦး- ကျွန်မ သွားယူလိုက်ဦးမယ်"""''
မကြာမီ ဂုဏ်ပြုလက်မှတ်တွေကို ကိုင်လျက် ညိုလတ် ပြန်ရောက်လာသည်။ ရွှေမင်၊ ငွေမင်တွေနှင့် တခမ်းတနား ရိုက်နှိပ်ထားသော ဂုဏ်ပြုလက်မှတ်တွေကို ကြည့်ပြီး၊ ကျွန်တော် အတော်လေး အားတက် သွားသည်။
''အဲဒီတုန်းက စံချိန်တွေကို မှတ်မိသေးသလား"""''
''ဟင့်အင်း- မမှတ်မိတော့ဘူး ဦးရဲ့၊ နှစ်နှစ်လောက် ရှိသွားပြီ ဥစ္စာ"""''
သည်တစ်ချက်ကိုတော့ ကျွန်တော် သိပ်သဘောမကျ။ သို့ရာတွင် မန်နေဂျာနှင့် နောက်တစ်ကြိမ် သွားရောက်တွေ့ဆုံဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါသည
''အေးဗျာ- ဒီလိုဆိုရင်တော့လဲ စဉ်းစားပေးရတာပေါ့။ ကျွန်တော်တို့ ကော်ပိုရေးရှင်း လက်ရွေးစင် ဖြစ်နိုင်လောက်ရင်-စာရေးရာထ
''ဟုတ်ကဲ့'' ''ရှေ့လကုန်လောက်မှာ စံချိန်ယူဖို့ ရှိတယ်။ ခုလဆန်းကစပြီး အားကစားယှဉ်ပြိုင်မယ့် ဝန်ထမ်းတွေကို နည်းပြ စောအယ်ဒီဆင်ဆီမှာ လေ့ကျင့်ပေးနေတယ်။ ဒီတော့ ခင်ဗျာ့တူမကိုလဲ စောအယ်ဒီဆင် ဆီမှာ အလေ့ ကျင့်ခိုင်းပါ။ လက်ရှိသံလုံးပစ် လက်ရွေးစင်ဂျာဘောက်ရဲ့ စံချိန်ကို မတိမ်းမယိမ်း လိုက်ရင် တော်ပြီဗျာ။ ဂျာဘောက်က ကျလူဖြစ်နေတော့- အဆင်ပြေမယ်ဆိုရင် ခင်ဗျာ့တူမကိုပဲ ဆက်တင်ပေးရမှာ''
မန်နေဂျာထံမှ ဝမ်းမြောက်ဖွယ် စကားကိုကြားရပြီးနောက်၊ ကျွန်တော်သည် စောအယ်ဒီဆင်ကို ချက်ချင်းပင် သွားရောက်တွေ့ဆုံပြီး၊ အကျိုးအကြောင်းကို ပြောပြကာ ညိုလတ်ကို လေ့ကျင့်ပေးရန် ပြောဆို အပ်နှံခဲ့ပါသည်။
စောအယ်ဒီဆင်ထံမှ ပြန်လာပြီးနောက်၊ အားကစားလေ့ကျင့်ရာ၌ ညိုလတ်ဝတ်ဖို့၊ ဘောင်းဘီနှင့်အင်္ကျီ တို့ကို အမြန်ဆုံး ချုပ်စေခဲ့ပါသည်။ ညိုလတ်ကိုလည်း အကျအန မှာကြားရပါသည်။ အနာခံမှ အသာစံရမည် ဖြစ်ကြောင်း၊ အရေးကြီးဆုံးက စံချိန်မီဖို့ဖြစ်ကြောင်း၊ သည်စံချိန်သည်ပင် မိမိအတွက် ထမင်းစားလက်မှတ် ဖြစ်ကြောင်း၊ ကိုယ့်အသက်မွေးဝမ်းကျောင်းမ
ထိုရက်များအတွင်း၌ ကျွန်တော့်မှာ ရုံး၌ အလုပ်တွေများလှသည့်ကြားမှ၊ ညိုလတ်အခြေအနေကိုသာ အမြန်ဆုံး သိရန် စိတ်စောနေပါတော့သည်။ အလုပ်ပါးသောတစ်နေ့၌ စောအယ်ဒီဆင်ကို သွားတွေ့ဦးမည်ဟု လည်း စိတ်ကူးထားပါသည်။ သို့သော် တစ်နေ့၌၊ စောအယ်ဒီဆင် ကျွန်တော့် ရုံးခန်းသို့ ပေါက်လာပါသည်။ သူ့မျက်နှာ၌ ကျေနပ်အားရသည့် ဟန်ပန်အရိပ်အကဲကို ကျွန်တော်ရှာကြည့်၏။ မတွေ့ပေ။ စိတ်ဘဝင်မကျသည့် အသွင်သာ ပေါ်နေသဖြင့် ကျွန်တော် စိုးရိမ်သွားပါသည်။
''ဘယ်လိုလဲဗျ၊ ညိုလတ် အခြေအနေ"""''
စောအယ်ဒီဆင်သည် ကျွန်တော့် အမေးကို ပြန်ဖြေဖို့ ဝန်လေးနေဟန်တူပါသည်။
''ဟန်ပုံမပေါ်ဘူးလား"""''
ကျွန်တော်က စကားဦးသန်းပြီးမေးရသည်။
''အင်း"""မပစ်တာကြာသွားလို့
သူ့စကားကိုကြားတော့ ကျွန်တော်အားလျော့သွားသည်။
''ဒါပေမယ့် ကောင်းကောင်းလေ့ကျင့်သွားရင
''ဟင်"""ညိုလတ်က ခင်ဗျားခိုင်းတာကို လိုက်မလုပ်ဘူးလား''
စောအယ်ဒီဆင်သည် ကျွန်တော့်မျက်နှာရိပ်ကို အကဲခတ်ပြီး၊ တုံ့ဆိုင်းစွာဖြင့် ပြောပါသည်။ ''ခါတိုင်းကတော့ လုပ်ပါတယ်။ သံလုံးပစ်တယ် ဆိုပေမယ့် သက်လုံကောင်းအောင်၊ြွကက်သားတွေ သန်မာလာအောင် အပြေးလဲခိုင်းရတယ်။ အဲဒါဗျာ- မနေ့ကတော့ ဘောလုံးကွင်း တစ်ပတ်တောင်မရှိသေးဘူး။ ခင်ဗျာ့တူမက ဆက်မပြေးတော့ဘဲ ထွက်ထိုင်နေတယ်ဗျာ။ ကျွန်တော်လဲ ပြောရတာတော့ အားနာနာပဲ'' ''ဟာ"""ဘာမှအားနာစရာ မရှိပါဘူး။ ခင်ဗျား ခုလိုလာပြောတာကို ကျွန်တော် သိပ်ကျေးဇူးတင်တယ် ဗျာ။ နို့မို့ရင် ညိုလတ်ရဲ့ အခြေအနေမှန်ကို သိရမှာ မဟုတ်ဘူး။ နေပါဦးဗျ- သူက ဘာလို့မပြေးတာတဲ့လဲ'' ''မောလို့ လို့ ပြောတာပဲဗျာ။ အဲဒါ ခင်ဗျားကြည့်လုပ်စမ်းပါဦး''
''ညိုလတ်- ဟေ့ ညိုလတ်၊ ဘယ်သွားနေသလဲ''
ဒေါသတကြီး အော်ခေါ်လိုက်သော ကျွန်တော့်အသံကြောင့် မိချို အိမ်ထဲမှ စိုးရိမ်တကြီး ပြေးထွက် လာသည်။
''ဘာဖြစ်လို့လဲ ကို၊ မျက်နှာလဲ မကောင်းပါလား၊ ညိုလတ် ဈေးဝယ်သွားနေတယ်''
''မင်းတူမကို ကြည့်ပြောပါဦး။ သူအလုပ်ရဖို့အတွက် ကိုတို့ကသာ မနေနိုင် မထိုင်နိုင် ဖြစ်နေတာ။ သူက ကိုယ်နဲ့ မဆိုင်သလိုပဲ။ လုပ်လိုက်ပုံကကွာ"""ဟင်း"""
''ဘယ်လိုဖြစ်နေတာလဲ"""''
ကျွန်တော် ရှင်းပြလိုက်တော့၊ မိချို မျက်နှာလည်း ဒေါသကြောင့် နီမြန်းသွားသည်။
''လာပစေဦးပေါ့၊ ဒီကောင်မလေး တော့လား"""''
မိချို၏ ကြိမ်းဝါးသံသည် တာမရှည်လှပါ။ ညိုလတ်ပြန်လာပြီး အိမ်ခန်းထဲတွင် တူအရီးနှစ်ယောက် စကားတွတ်ထိုးပြီးနောက်၊ မိချို အပြင်ကို ထွက်လာတော့ မျက်နှာမှာ ပြုံးစပ်စပ် ဖြစ်လာပါသည်။ ကျွန်တော့် ဆီကို တန်းလာပြီး၊ နားနားကပ်လျက် တိုးတိုးပြောလိုက်ပါသည်။
''ညိုလတ်လေ- အဲဒီနေ့က မိုးကုတ်က ဧည့်သည်လာနေလို့တဲ့ ကိုရဲ့''
''ဘာ- မိုးကုတ်က ဧည့်သည်၊ အဲဒါ"""ဘာပြောတာလဲ''
''ဟိုလေ- ကိုရဲ့၊ မိန်းမ ဓမ္မတာ"""ကိုပြောတာ- သိရဲ့လား''
''သြော်"""အဲဒါကြောင့်လား''
သည်တော့မှပင် ညိုလတ်အပေါ် ကျွန်တော် အမျက်ပြေရသည်။
''အဲဒါ- စောအယ်ဒီဆင်ကို ဘာလို့ တစ်ခါတည်း ပြောမပြလိုက်တာတဲ့လဲ''
''ရှက်လို့တဲ့ရှင်ရေ၊ ရှက်လို့တဲ့- ကဲ"""''
စောအယ်ဒီဆင်က ညိုလတ်အပေါ် အထင်လွဲမသွားစေရန်၊ အဖြစ်မှန်ကို ချက်ချင်းပင် သွားပြောလိုက် ရပါသည်။
''နေမကောင်းရင်လဲ နေမကောင်းတဲ့ အကြောင်း ပြောရင် ရသားနဲ့ဗျ။ အလကား လူကြီးတွေ စိတ်ရှုတ် ရအောင်''
ထိုကိစ္စကတော့ ဤမျှဖြင့် ပြီးပြေသွားခဲ့ပါသည်။ ညိုလတ်လည်း လေ့ကျင့်ခန်း မှန်မှန်ဆင်းနေသည်ကို တွေ့ရ၍ စိတ်အေးရပြန်သည်။ နောက်အပတ်ထဲမှာတော့ စောအယ်ဒီဆင်နှင့် တွေ့ပြန်သည်။
''ဘယ်လိုလဲ ညိုလတ် စံချိန်တက်ရဲ့လား''
''ဂျာဘောက်စံချိန်ထက် ၄-ပေလောက်တောင် လျော့နေသေးတယ်။ မီဖို့ အတော်လေး လေ့ကျင့် ရဦးမယ်''
''ညိုလတ်ကို မေးကြည့်တော့ သူကတော့ ဂျာဘောက်ကို မီလာနိုင်ပါတယ်လို့ ပြောတာပဲ''
''လိုသေးတယ်ဗျ၊ ဂျာဘောက်က အလေ့အကျင့်များတယ်။ အိမ်မှာပါ လေ့ကျင့်တာ။ ဒီလို လုပ်ပါလားဗျာ'' ''ဆိုစမ်းပါဦး''
''ကစားကွင်းမှာ ပြေးတာတော့ ညိုလတ် အတော်မှန် နေပါပြီ၊ ဒါပေမယ့် ဒိုက်ထိုးရာမှာတော့ သိပ်မဟုတ် သေးဘူး။ သူ့ကိုယ်သူ ညှာနေသလိုပဲ။ အိမ်မှာပါ လေ့ကျင့်နိုင်ရင် ပိုကောင်းလိမ့်မယ်'' ''ဒီလိုဆို ပိုကောင်းအောင် လုပ်ရမှာပေါ့ဗျာ''
သို့ဖြစ် ညိုလတ်ကို အိမ်မှာပင် ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ရ
''ကိုယ့်ကိုယ်ကို မညှာနဲ့နော်- သိလား။ ဒိုက်များများထိုးမှြွကက်သားတွေ သန်မာလာပြီး သံလုံးကို ဝေးဝေး ရောက်အောင်ပစ်နိုင်မှာ"""''
''ဟုတ်ကဲ့ပါဦး"""''
''သွား- သွား၊ အိပ်ခန်းထဲမှာ ခုတင်ပေါ်ခြေနှစ်ချောင်းတင်၊
အပျိုလေးဖြစ်နေ၍ ကျွန်တော့်ရှေ့တွင် ရှက်နေမည် စိုးသောကြောင့်၊ အိပ်ခန်းထဲမှာပင် အလုပ်ခိုင်း လိုက်ရသည်။
''ကဲ- သားကြီးရေ၊ မင်းလိုက်သွားပြီး တစ်- နှစ်- သုံး ရေပေးလိုက်စမ်းကွာ"""''
စတုတ္ထတန်းရောက်နေပြီဖြစ်သော
''လေးဆယ့်ရှစ်- လေးဆယ့်ကိုး- ငါးဆယ်- ပြည့်ပြီ"""''
မောင်သူရိန့် အသံကို ကြားရပြီး၊ ကျွန်တော် သင်္ကာမကင်း ဖြစ်သွားရတော့သည်။ စောအယ်ဒီဆင်က ဒိုက်ထိုးတာ သိပ်မရဘူးဟု ပြောလိုက်သည်။ ယခု အကြိမ်ငါးဆယ်အထိ လွယ်လွယ်ကူကူပင် ပြီးစီးသွားသည် ဆိုတော့။ တစ်ခုခုတော့တစ်ခုခုပဲ။
''သားကြီးရေ၊ ဒီကို ခဏ- ခဏ"""''
မောင်သူရိန် အိပ်ခန်းထဲမှ ပြေးထွက်လာသည်။
''ဒီမယ် သားကြီး၊ မင့်အမကြီး ဒိုက်ထိုးတုန်း၊ နမူနာ လုပ်ပြစမ်းကွာ''
ကျွန်တော်က ခိုင်းလိုက်လျှင် မောင်သူရိန်သည် ငုတ်တုတ်ကုလားထိုင်ပေါ် ခြေဖျားနှစ်ခုတင်၊ ကြမ်းပြင်ကို လက်ထောက်ကာ ဒိုက်ထိုးပြပါသည်။
သူဒိုက်ထိုးပုံက တံတောင်ဆစ်ကို ကွေးသည် ဆိုရုံမျှသာ ကွေးသည်။ ကျွန်တော် ရိပ်မိလိုက်ပြီ။ ''မင့်အစ်မကြီး ဒိုက်ထိုးတာ မင့်အတိုင်ပဲလား"""''
''ဟုတ်တယ် ဖေဖေ"""''
''တံတောင်ဆစ်ကို တအားကြီးမကွေးဘူးပေါ့- ဟုတ်လား"""''
''ဟုတ်တယ် ဖေဖေ"""''
ထိုစဉ် ညိုလတ် အခန်းထဲမှ ထွက်လာသည်။ အလိမ်ပေါ်သွားသော မျက်နှာရိပ်ကို သူမထံ၌ တွေ့လိုက် ရသည်။
''သူရိန်နော်- ဟုတ်လဲ ဟုတ်ပဲနဲ့''
ညိုလတ်က သူ့ကိုယ်သူ ကာကွယ်သည်။
''ကဲ- သူရိန်က လိမ်သလား- မလိမ်ဘူးလား ခုသိရမှာပေါ့၊ ဟေ့မိချိုရေ''
မီးဖိုခန်းထဲ ရောက်နေသော ကျွန်တော့်ဇနီးကို လှမ်းခေါ်လိုက်ရသည်။ မိချိုရောက်လာတော့ အကျိုး အကြောင်းကို ပြောပြလိုက်ပြီး၊ အိမ်ရှေ့ဧည့်ခန်းထဲမှာပင် ညိုလတ်ကို ဒိုက်ထိုးခိုင်းလိုက်ရသည်။ မောင်သူရိန် နမူနာ လုပ်ပြသလိုပင်၊ ညိုလတ်သည် တံတောင်ဆစ်ကို ကွေးသည်ဆိုရုံမျှသာ ကွေးသည်။ စောအယ်ဒီဆင် ကတော့ ဘယ်နည်းနှင့်မျှ ဤပုံစံအတိုင်း ပြသထားလိမ့်မည် မဟုတ်။ ကျွန်တော်သည် အားကစားကို စိတ်ဝင်စား သူမဟုတ်ပေမင့်၊ ဒါလောက်တော့ ကျွန်တော်သဘောပေါက်သည်။ ညိုလတ်အပေါ် ကျွန်တော် စိတ်တိုလာ လေပြီ။ ''ဒီမယ်- ဦးကိုယ်တိုင်လုပ်ပြမယ်၊ ကြည့်စမ်း- ညိုလတ်"""''
ကျွန်တော် ကိုယ်တိုင် ကုလားထိုင်ပေါ် ခြေဖျားနှစ်ခုထောက်ပြီး၊ ကြမ်းပြင်ပေါ် လက်နှစ်ဖက်ထောက်၍ နမူနာထိုးပြလိုက်သည်။
''ဟော- ဟောဒီမယ် တွေ့လား၊ တံတောင်ဆစ်ကို တအားကွေးလိုက်တော့ မျက်နှာက ကြမ်းပြင်ကို သွားနမ်းသလို ဖြစ်သွားတယ်၊ တွေ့တယ်မှုတ်လား"""''
ကျွန်တော်ဒိုက်ထိုးနေသည်ကို
''ဟဲ့- သားတို့- တိတ်ကြစမ်း၊ ဘာလို့ရယ်ကြတာလဲ၊ မင်းတို့ဖေဖေက အလိုလိုမှ စိတ်တိုနေရတဲ့ အထဲ""'' မိချို ငေါက်လိုက်မှ၊ ကျွန်တော့်သားများ မျက်နှာပိုးသတ်ပြီး ငြိမ်ကျသွားကြသည်။
''ကဲ- ညိုလတ်၊ ဦးလုပ်ပြတဲ့ အတိုင်း တစ်သဝေမတိမ်း လုပ်စမ်း- ကြားလား"""''
ကျွန်တော် စိတ်တိုနေမှန်းသိ၍၊ ညိုလတ် မျက်နှာငယ်နှင့် ဖြစ်သွားပြီး၊ ကျွန်တော်ခိုင်းသလို ကြိုးစား၍ လုပ်ပါသည်။ ညိုလတ်၏ မျက်နှာတွေ နီမြန်းလာသည်။ အံကိုကြိတ်ပြီး ခန္ဓာကိုယ်ကို အပေါ်သို့ြွကတက် စေသည်။
''အေး- ဒီလိုမှ စနစ်ကျတော့မပေါ့''
ထိုအချိန်မှစ၍ ကျွန်တော့်မှာ မူလရုံးလုပ်ငန်းအပြင် နေ့စဉ် ညိုလတ်ကို ကိုယ်တိုင်ကြီးကြပ်၍ ဒိုက်ထိုး စေရသည်။ သည့်နောက်မှာတော့ သံလုံးကိုပါ အိမ်သို့ငှားလာပြီး အိမ်ရှေ့မြေကွက်ပေါ်မှာပင် အပြင်းအထန် လေ့ကျင့်ပစ်စေရသည်။ ရုံးမှ ပေကြိုးကို ငှားလာပြီးတော့လည်း ကျွန်တော်နှင့် မောင်သူရိန်က သံလုံးရောက်ရှိ သော အကွာဝေးကို လိုက်တိုင်းရသည်။ အင်း"""အလုပ်တစ်ခုရဖို့ တကယ်မလွယ်ပါ့လား။ ညိုလတ်အတွက် ကျွန်တော် အမှန်ပင် စိတ်မောရပါသည်။ သို့ဖြင့် ညိုလတ်၏ သံလုံးပစ်စံချိန်သည် သိသိသာသာပင် တက်လာ ပါတော့သည်။
စံချိန်ယူသည့်အခါမှာတော့
ညိုလတ်သည် ဂျာဘောက်၏ စံချိန်ကိုမီရန် ၂-လက်မခန့်သာ လိုတော့သည့်
အတိုင်းအတာအထိ ပစ်နိုင်ကြောင်းကို မှတ်တမ်းတင်နိုင်ပါတော့သည်။
နောက်ဆုံး၌ကား၊ ကျွန်တော် အားပေးတိုက်တွန်းရကျိုး နပ်ခဲ့ပါသည်။ မကြာမီမှာပင် မိုင်းရုံး၌ ၁၀ဝိ-စကေး အကူစာရေးအဖြစ် ညိုလတ် ခန့်အပ်ခြင်း ခံခဲ့ရပါ၏။ တစ်အိမ်သားလုံး ဝမ်းသာမဆုံး ရှိကြလေပြီ။ ညိုလတ် လခစားအလုပ် ရရှိသွားခြင်းကား၊ ကျွန်တော့်အဖို့မှာတော့ ခေါင်းပေါ်ရွက်ထားရသော မြင်းမိုရ်တောင် ကြီးအောက်သို့ ကျသွားသည်နှင့်ပင်တူသည်ဟု နှိုင်းလိုက်ချင်ပါတော့သည်။
フ フ フ フ フ フ フ フ フ フ フ フ
ယခုအခါ၌ အကူစာရေးမလေးအဖြစ် ကြော့ကြော့မော့မော့လေး ရုံးတက်နေသော ညိုလတ်ကိုကြည့်ပြီး၊ ကျွန်တော့်မှာ ပီတိဖြင့် စိတ်ရွှင်လန်း ချမ်းမြေ့နေရပါလေပြီ။
သို့ရာတွင် ကျွန်တော်၏ စိတ်ကြည်လင် ချမ်းမြေ့မှုသည် ရက်များစွာ မခံခဲ့ပါ။ အကြောင်းမှာ တစ်ခုသော ညနေခင်း၌ ရုံးမှကျွန်တော် ပြန်လာသည့်အခါ အိမ်တွင် ကျွန်တော်၏ အစ်မမအေးသောင်း၏ သမီး၊ ကျွန်တော့် တူမ မခင်စိုးမြင့် ရောက်ရှိနေသောကြောင့်ပါတည်း ။
အိမ်ရှေ့ ဧည့်ခန်း၌ သံသေတ္တာတစ်လုံးနှင့် ကြိမ်ခြင်းနှစ်လုံး
ကိုတွေ့ရပါသည်။ နေ့လယ်က ရထားနှင့်ပါလာတာပဲ ဖြစ်မည်။ ခင်စိုးမြင့်သည်
ကျွန်တော့်ကို ရိုသေလေးစား စွာဖြင့် ဆီးပြောပါသည်။ ''အမေက ဦးဆီကို
လွှတ်လိုက်လို့ ဒေါ်သိန်းမေတို့နဲ့ လိုက်လာတာပါ။ ကျွန်မကို ဦးက ညိုလတ်လိုပဲ
အလုပ်သွင်းပေးလိမ့်မယ်လို့ အမေက ပြောလိုက်ပါတယ်''
''ဟင်း"""''
ခင်စိုးမြင့် စကားကို ကြားတော့ ကျွန်တော် အထူးတုန်လှုပ်သွားမိသည်။ ဟင်း- အလုပ် သွင်းပေးလိမ့် မယ်တဲ့။ လွယ်လိုက်ကြတာနော်။ ညိုလတ်အလုပ်ရအောင် အသေအလဲ ဘယ်လောက် ကြိုးပမ်းအားထုတ် ခဲ့ရသလဲ။ ဒါကိုသူတို့ သိကြလိမ့်မည် မဟုတ်။ မသိသောကြောင့်ပင်၊ ကျွန်တော့်ထံသို့ လွယ်လွယ်ကူကူ လွှတ်လိုက်ခြင်း ဖြစ်ပေမည်။ နောက်ပြီးတော့ ကျွန်တော် သိထားခဲ့ရသည်က ခင်စိုးမြင့်သည် ၁၀- တန်းမဆိုထား နှင့် ၉- တန်းမှာပင် ၂- နှစ်ကျနေသူ။ ဘယ်လိုလုပ်ပြီး လခစားအလုပ်ရအောင် ဖန်တီးနိုင်ပါ့မလဲ။ ရုတ်တရက်တော့ ကျွန်တော်စိတ်ထွက်သွားမိ၏။ သို့ပါသော်လည်း၊ ကိုယ့်ကို အားကိုးလို့လာတာပဲလေ- ဟု ဖြေတွေးတွေးကာ၊ တင်းမာလာသော ကျွန်တော့် မျက်နှာကို လျော့ပြေစေရပါသည်။ အင်း"""ညိုလတ်ကို အလုပ်ရအောင် အားထုတ်မိခဲ့တာပင် မှားသွားလေပြီလားဟု ကိုယ့်ကိုယ်ကို သံသယဝင်လာမိသည်။ ကျွန်တော့်ဆွေမျိုးများသည် ညိုလတ်အလုပ်ရသွားသည့် သတင်းကိုကြားရပြီး၊ အဖြစ်မှန်ကို မသိဘဲနှင့်၊ ကျွန်တော့်ကို အခြောက်တိုက် အထင်ကြီးနေကြလိမ့်မည်ကား မလွဲပေ။ ဤအထင်ကြီးမှု၏ နောက်ဆက်တွဲအနေဖြင့် ဆွေမျိုးတွေ တစ်ယောက် ပြီးတစ်ယောက် ကျွန်တော့်ကို အပူကပ်ကြတော့မည်မှာ အတော်ချည်းပင် သေချာနေပါပြီ။ ယခုပင် ခင်စိုးမြင့် ရောက်လာခဲ့ပြီ မဟုတ်ပါလော။
''ဦးဦးကို ပေးလိုက်တဲ့ စာ''
ခင်စိုးမြင့်က စာအိတ်တစ်အိတ်ကို မရဲတရဲ လှမ်းပေးသည်နှင့် ယူကြည့်လိုက်တော့၊ လား- လား၊ ထွေးလေး ဒေါ်ထွေးထွေးထံမှစာ။ စာကိုဖတ်လိုက်တော့ ကျွန်တော် စိတ်မောသွားရပြန်သည်။
''မင့်ညီမ ငွေရီလဲ ဒီနှစ်လဲ ၈-တန်း မအောင်ပြန်ဘူး။ နဂိုက ဉာဏ်မကောင်းရတဲ့ အထဲမှာ တောလုပ် တောကိုင် တစ်ဖက်နဲ့ ကျောင်းနေတယ် ဆိုရုံနေရတာဆိုတော့ စာမေးပွဲ မအောင်တာ ဆန်းတော့ မဆန်းလှပါ ဘူးကွယ်။ ထွေးလေးမှာလဲ သူ့အောက်က အငယ်တွေ တစ်ပုံတစ်ခေါင်းကြီးဆိုတော့
သူ့ကိုကျောင်းလဲ ဆက် မထား နိုင်တော့ဘူး။ ဒါကြောင့် သူ့အတွက် ညိုလတ်လို
အလုပ်လေး တစ်ခုတလေ ရလိုရငြား ဆိုပြီးတော့"""'' ထွေးလေး၏ စာသားများက
ကျွန်တော့်နှလုံးသားကို နှိပ်စက်နေကြပါပြီ။ စာဖတ်ရင်း ကျွန်တော့် ရင်ထဲမှာ
မောဟိုက်လာသည်။ သက်ပြင်းကိုသာ အကြိမ်ကြိမ် မှုတ်ထုတ်နေမိတော့၏။
ဆင်းရဲသော တောသူတောင်သား အသိုင်းအဝန်းထဲမှာ ရှားရှားပါးပါး ပညာတတ်တစ်ယောက် ဖြစ်လာသော ကျွန်တော်ဟူသော သကောင့်သားသည် ဆွေမျိုးများ အမြင်မှာတော့ အားကိုးထိုက်စရာ ပုဂ္ဂိုလ်ကြီး ဖြစ်နေပေမည်။ ကျွန်တော့်မှာတော့ သူတို့မြင်ထားသလို မဟုတ်မှန်း သူတို့မသိကြလေခြင်း ဟူ၍သာ စိတ်မကောင်း ဖြစ်ရပါတော့သည်။
ယခုအချိန်တွင် တန်ခိုးတော်ရှင် တစ်ဦးဦးကသာ ကျွန်တော် အလိုချင်ဆုံးသော တစ်ခုတည်းသော ဆုကို တောင်းပါဆိုလျှင်၊ 'ငှက်တစ်သောင်းမှီခိုရာ သစ်ပင်ကြီးတစ်ပင် ဖြစ်ရပါလို၏' ဟူသော ဆုမှတစ်ပါး အခြားသောဆုကို မတောင်းလိုတော့ပါပြီတည်း။
နောက်ဆုံး၌ကား၊ ကျွန်တော် အားပေးတိုက်တွန်းရကျိုး နပ်ခဲ့ပါသည်။ မကြာမီမှာပင် မိုင်းရုံး၌ ၁၀ဝိ-စကေး အကူစာရေးအဖြစ် ညိုလတ် ခန့်အပ်ခြင်း ခံခဲ့ရပါ၏။ တစ်အိမ်သားလုံး ဝမ်းသာမဆုံး ရှိကြလေပြီ။ ညိုလတ် လခစားအလုပ် ရရှိသွားခြင်းကား၊ ကျွန်တော့်အဖို့မှာတော့ ခေါင်းပေါ်ရွက်ထားရသော မြင်းမိုရ်တောင် ကြီးအောက်သို့ ကျသွားသည်နှင့်ပင်တူသည်ဟု နှိုင်းလိုက်ချင်ပါတော့သည်။
フ フ フ フ フ フ フ フ フ フ フ フ
ယခုအခါ၌ အကူစာရေးမလေးအဖြစ် ကြော့ကြော့မော့မော့လေး ရုံးတက်နေသော ညိုလတ်ကိုကြည့်ပြီး၊ ကျွန်တော့်မှာ ပီတိဖြင့် စိတ်ရွှင်လန်း ချမ်းမြေ့နေရပါလေပြီ။
သို့ရာတွင် ကျွန်တော်၏ စိတ်ကြည်လင် ချမ်းမြေ့မှုသည် ရက်များစွာ မခံခဲ့ပါ။ အကြောင်းမှာ တစ်ခုသော ညနေခင်း၌ ရုံးမှကျွန်တော် ပြန်လာသည့်အခါ အိမ်တွင် ကျွန်တော်၏ အစ်မမအေးသောင်း၏ သမီး၊ ကျွန်တော့် တူမ မခင်စိုးမြင့် ရောက်ရှိနေသောကြောင့်ပါတည်း
''ဟင်း"""''
ခင်စိုးမြင့် စကားကို ကြားတော့ ကျွန်တော် အထူးတုန်လှုပ်သွားမိသည်။ ဟင်း- အလုပ် သွင်းပေးလိမ့် မယ်တဲ့။ လွယ်လိုက်ကြတာနော်။ ညိုလတ်အလုပ်ရအောင် အသေအလဲ ဘယ်လောက် ကြိုးပမ်းအားထုတ် ခဲ့ရသလဲ။ ဒါကိုသူတို့ သိကြလိမ့်မည် မဟုတ်။ မသိသောကြောင့်ပင်၊ ကျွန်တော့်ထံသို့ လွယ်လွယ်ကူကူ လွှတ်လိုက်ခြင်း ဖြစ်ပေမည်။ နောက်ပြီးတော့ ကျွန်တော် သိထားခဲ့ရသည်က ခင်စိုးမြင့်သည် ၁၀- တန်းမဆိုထား နှင့် ၉- တန်းမှာပင် ၂- နှစ်ကျနေသူ။ ဘယ်လိုလုပ်ပြီး လခစားအလုပ်ရအောင် ဖန်တီးနိုင်ပါ့မလဲ။ ရုတ်တရက်တော့ ကျွန်တော်စိတ်ထွက်သွားမိ၏။ သို့ပါသော်လည်း၊ ကိုယ့်ကို အားကိုးလို့လာတာပဲလေ- ဟု ဖြေတွေးတွေးကာ၊ တင်းမာလာသော ကျွန်တော့် မျက်နှာကို လျော့ပြေစေရပါသည်။ အင်း"""ညိုလတ်ကို အလုပ်ရအောင် အားထုတ်မိခဲ့တာပင် မှားသွားလေပြီလားဟု ကိုယ့်ကိုယ်ကို သံသယဝင်လာမိသည်။ ကျွန်တော့်ဆွေမျိုးများသည် ညိုလတ်အလုပ်ရသွားသည့် သတင်းကိုကြားရပြီး၊ အဖြစ်မှန်ကို မသိဘဲနှင့်၊ ကျွန်တော့်ကို အခြောက်တိုက် အထင်ကြီးနေကြလိမ့်မည်ကား မလွဲပေ။ ဤအထင်ကြီးမှု၏ နောက်ဆက်တွဲအနေဖြင့် ဆွေမျိုးတွေ တစ်ယောက် ပြီးတစ်ယောက် ကျွန်တော့်ကို အပူကပ်ကြတော့မည်မှာ အတော်ချည်းပင် သေချာနေပါပြီ။ ယခုပင် ခင်စိုးမြင့် ရောက်လာခဲ့ပြီ မဟုတ်ပါလော။
''ဦးဦးကို ပေးလိုက်တဲ့ စာ''
ခင်စိုးမြင့်က စာအိတ်တစ်အိတ်ကို မရဲတရဲ လှမ်းပေးသည်နှင့် ယူကြည့်လိုက်တော့၊ လား- လား၊ ထွေးလေး ဒေါ်ထွေးထွေးထံမှစာ။ စာကိုဖတ်လိုက်တော့ ကျွန်တော် စိတ်မောသွားရပြန်သည်။
''မင့်ညီမ ငွေရီလဲ ဒီနှစ်လဲ ၈-တန်း မအောင်ပြန်ဘူး။ နဂိုက ဉာဏ်မကောင်းရတဲ့ အထဲမှာ တောလုပ် တောကိုင် တစ်ဖက်နဲ့ ကျောင်းနေတယ် ဆိုရုံနေရတာဆိုတော့ စာမေးပွဲ မအောင်တာ ဆန်းတော့ မဆန်းလှပါ ဘူးကွယ်။ ထွေးလေးမှာလဲ သူ့အောက်က အငယ်တွေ တစ်ပုံတစ်ခေါင်းကြီးဆိုတော့
ဆင်းရဲသော တောသူတောင်သား အသိုင်းအဝန်းထဲမှာ ရှားရှားပါးပါး ပညာတတ်တစ်ယောက် ဖြစ်လာသော ကျွန်တော်ဟူသော သကောင့်သားသည် ဆွေမျိုးများ အမြင်မှာတော့ အားကိုးထိုက်စရာ ပုဂ္ဂိုလ်ကြီး ဖြစ်နေပေမည်။ ကျွန်တော့်မှာတော့ သူတို့မြင်ထားသလို မဟုတ်မှန်း သူတို့မသိကြလေခြင်း ဟူ၍သာ စိတ်မကောင်း ဖြစ်ရပါတော့သည်။
ယခုအချိန်တွင် တန်ခိုးတော်ရှင် တစ်ဦးဦးကသာ ကျွန်တော် အလိုချင်ဆုံးသော တစ်ခုတည်းသော ဆုကို တောင်းပါဆိုလျှင်၊ 'ငှက်တစ်သောင်းမှီခိုရာ သစ်ပင်ကြီးတစ်ပင် ဖြစ်ရပါလို၏' ဟူသော ဆုမှတစ်ပါး အခြားသောဆုကို မတောင်းလိုတော့ပါပြီတည်း။
No comments:
Post a Comment