အမြစ်မတွယ်မီ
ရေးသားသူ၊ ဆင်တဲဝမြတ်ဖုန်း
၁၉၉၀ခုနှစ်၊ နိုဝင်ဘာလ၊ ရှုမဝမဂ္ဂဇင်း
+++++++++++++++++++++++++++++
အကြင်အရပ်ဒေသတစ်ခုသည် ကမ္ဗောဇတိုင်းဟု ခေါ်ဆိုအပ်သော ရှမ်းပြည်နယ်ထဲ၌ ဧကန်မုချ တည်ရှိနေ၏။သို့ရာတွင် ထူးခြားသည်ကား၊ ထိုအရပ်ဒေသတွင် လူသိများလှသော ရှမ်းပြည်နယ်၏ အလှအပတို့ကို မတွေ့မြင် နိုင်ခြင်းပင် ဖြစ်၏။ ထိုဒေသကား အခြားမဟုတ်။ ငွေသတ္တုရိုင်းများထွက်သည့် သတ္တုတွင်း တည်ရှိရာ 'မိုင်းလုံ' ဒေသပေတည်း။ သင်သည် မိုင်းလုံသို့ လာမည်ဆိုပါက ကမ္ဗောဇ၏ အလှရတနာများဖြစ်သောြွေမလိမ်ြွေမကောက် လမ်းကလေးများကိုလည်းကောင်း၊
ကမ္ဗောဇ၏ မြို့တစ်မြို့ပင် ဖြစ်သော်ငြားလည်း မိုင်းလုံမြို့ကား ထင်းရှူးတောများ ပတ်လည်ဝိုင်းသည့် ကလောမြို့ကဲ့သို့လည်း မလှပ။ ပုတ်တလုတ်ရေကန်နှင့် ရွှေဥမင်ဘုရားတည်ရှိရာ ပင်းတယမြို့ကဲ့သို့လည်း မအေးချမ်း၊ မငြိမ်သက်။ အရောင်းအဝယ် ကြီးကျယ်သော လားရှိုးမြို့ကဲ့သို့လည်း မစည်ကား။ မိုင်းလုံကား ကမ္ဗောဇတိုင်းတွင် သွင်ပြင် တစ်မျိုးဖြင့် ထူးခြားစွာတည်ရှိသော ဒေသတစ်ခု မျှသာတည်း။
ကြည့်ပါ။ မိုင်းလုံ၌ သင်သည် ဘယ်ကိုပင်ကြည့်ကြည့်၊ ဘယ်လိုပင် ကြည့်ကြည့်၊ မြင့်မား မတ်စောက်လွန်း သည့်တောင်ကတုံးကြီးများကိုသ
လူနေအိမ်ခြေများကို ကြည့်ပါဦး။ ပြန့်ပြူးသော မြေပြင်မရှိ၍မတ်စောက်သော တောင်နံရံများကို ထစ်၍ ထစ်၍ သာလျှင် မြေနေရာ ကျဉ်းကျဉ်း၌ အလုပ်သမား တန်းလျားများကို ဖြစ်သလို ဆောက်လုပ်ထားရပေရာ၊ ထိုတန်းလျားများသည် တစ်ခုနှင့်တစ်ခုြွပတ်သိပ် ကျပ်ညပ်နေလျက်၊ ခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသော အမိုးအကာသွပ်ပြားများမှာလည်
သို့ဖြစ်လျှင်၊ ဤမျှဝေးခေါင်ချောင်ကျလှသော၊
++++++++++++++++++
မိုင်းလုံ၌ အခြားသော အလှအပများ ဆိတ်သုဉ်းနေသည့်နည်းတူ၊ နေထွက်ချိန်၏ အလှအပနှင့် နေဝင်ချိန်၏ အလှအပတို့လည်း ဆိတ်သုဉ်း ပျောက်ကွယ်နေပေသည်။ ဘယ်ကိုပင်ကြည့်ကြည့်၊ မြင့်မား မတ်စောက်လှသော တောင်တံတိုင်းကြီးများကိုသာ
''ဘော်"""ဘော်"""ဘော်"""ဘော
ကြားလိုက်ရသော 'လေး'ချက် ဆွဲသည့် ဥသြသံသည် မနက်ငါးနာရီခွဲဖြစ်ကြောင်း ကျေညာပေးလျက် ရှိသည်။ နောက်တစ်ကြိမ် ဥသြဆွဲသံ 'သုံး'ချက်ကြားရလျှင် ခြောက်နာရီထိုးပေတော့မည်။ မနက်အဆိုင်း တာဝန်ကျ သော မြေအောက်အလုပ်သမားများ သတ္တုတွင်းထဲဆင်းကြရတော့မည်။
တစ်ခဏအတွင်းမှာပင်၊ မိုင်းလုံမြို့၏ ကျဉ်းမြောင်းသော တောင်ကြားလမ်းပေါ်၌ မိုင်းအလုပ်သမားများ ယောက်ယက်ခတ်နေတော့သည်။ သူတို့အထဲတွင် ကိုငွေဘော်လည်း တစ်ယောက်အပါအဝင်ဖြစ်၏။ ကိုငွေဘော်သည် အခြားအလုပ် သမားများနှင့်အတူ 'တိုင်းရုံး' ဟုခေါ်သော အဆောက်အဦငယ်လေး၏ ဝင်ပေါက်နား၌ ခဏရပ်ရင်း၊ လူအရှင်းကို စောင့်နေလိုက်သည်။
''ပိုက်ဆံ ထုတ်ပြီးပြီးချင်း ပိုက်ကျူးဝိုင်းကိုများ တန်းမသွားလိုက်ပါနဲ့နော်- ရှိကြီးခိုးပါရဲ့။ မိစိန့်မျက်နှာကို မထောက်တောင်- တော့သားသမီးတွေ မျက်နှာကို ထောက်ပါဦး။ အိမ်မှာ ဘယ်လိုစားနေရတယ်ဆိုတာ တော် အသိပဲ"""'' ဟူသော နှစ်ထပ်လိုင်းမှ မအေးစိန်၏ အသံ။
''သေခြင်းဆိုးနော်- ဒီနေ့ ပိုက်ဆံထုတ်တဲ့နေ့ဆိုပြီး၊ ကာလနာရည်တွေ အပင်းဆို့မလာနဲ့။ အိမ်ကို တန်းတန်း မတ်မတ် ပြန်လာခဲ့။ြွေကးရှင်တွေက စောင့်နေမှာတော့၊ သိလား"""'' ဆိုသော ညောင်ပင်ချောင်မှ မလှပေါ၏ အသံ။
လမ်းတုန်းက ကြားခဲ့ရသော အသံတွေကို ခုမှတစ်ခါ ပဲ့တင်ထပ်ကာ ပြန်လည်ကြားယောင်နေမိသဖြင့်
''ဟေ့- လူပါးသွားပြီလေကွာ။ အထဲကို ဝင်တော့ ကိုယ့်လူရ"""''
သူ့နောက်က ရပ်နေသော 'ယန်းထွန်း' ဦးကျော်ရှိန်က ပြောလိုက်မှ ကိုငွေဘော်က အခန်းထဲ လှမ်းဝင်ကာ သူ့နံပါတ်ပြားကို သွားဖြုတ်ပြီး"""ကာဘိုက်မီး
တိုင်းရုံးမှ ထွက်ခဲ့ပြီးလျှင်၊ မြေအောက်ဆင်း တွင်းရှိရာ 'ဂိတ်ဝင်း' ဆီသို့ ဆက်လျှောက်ခဲ့လေသည်။ ကိုငွေဘော်၏ ရှေ့နောက် ဝဲယာတွင်ကား မိုင်းဖိနပ်၊ မိုင်းဦးထုပ်၊ ကာဘိုက်မီးခွက်များနှင့် မိုင်းဝတ်စုံ ၀တ်စုံဝတ်ဆင် ထားကြသော မိုင်းအလုပ်သမားများချည်းသာ
''လုပ်ခတွေ ထုတ်ပေးတဲ့ ရက်ဆိုတော့ ဒီကနေ့ဟာ တို့အတွက် နိဗ္ဗာန်လို့ ဆိုရမယ်ကွ"""'' ''ဟုတ်ပါ့မလား ကိုအောင်မင်းရ။ ကျုပ်တော့ ဒီလိုနေ့မျိုးကို ပိုလို့တောင် ကြောက်သေးတယ်။ ဘယ့်နှယ်ဗျာ အမူးသမားတွေ ဆူသံဆဲသံကြားရတာနဲ့၊ ပိုက်ကျူးသမားတွေ တရုန်းရုန်းလုပ်နေတာ မြင်ရတာနဲ့ နောက်"""''
''ဒါတော့ကွာ။ မင်းက ဘုရားဖြစ်မယ့် အုတ်နီခဲကိုးကွ။ တို့လို အလုပ်သမားတွေဆိုတာ တစ်လလုံး ပင်ပန်းနွမ်းနယ် ခဲ့ရသမျှ ဒီလိုနေ့ကျမှ ငွေလေးကြေးလေး ကိုင်ရတာ မဟုတ်လား။ တခြားရက်တွေမှာ သောက်ချင် ပေမယ့်လဲ မသောက်နိုင်ကြဘူးလေ။ ဒီတော့အသောက်အစား ကြိုက်သူကလဲ သောက်ပေ မပေါ့ကွာ။ အလောင်း အစား ဝါသနာပါသူကလဲ လောင်းကစားပေ မပေါ့ကွာ။ အဲသလို ပျော်သလို နေရတာ ကိုက နိဗ္ဗာန်ကွ။ နိဗ္ဗာန် သိပလား''
''ဟုတ်တယ်ကွ။ ငါလဲ သဘောတူတယ်။ ဒီလိုနေ့ကျမှပဲ အိပ်ရာက နိုးလာသလား အောက်မေ့ရတယ်။ တစ်မြို့လုံး တလှုပ်လှုပ် တရွရွနဲ့''
ကိုငွေဘော့် မျက်စိထဲမှာ မိုင်းလုံမြို့၏ လုပ်အားခ ထုတ်ရက်မြင်ကွင်းကို မြင်ယောင်မိပြန်သည်။ ဒီလိုနေ့မျိုးမှာ ဈေးဆိုင်တွေကတော့ တကယ်များလှသည်။ နမ့်မွန်းက လာရောင်းကြသော အထည်ဆိုင်၊ ကုန်စုံဆိုင်တွေ"""။ မိုင်းလုံက ဈေးသည်တွေရောင်းတဲ့ မုန့်ဆိုင်တွေ၊ ဖျော်ရည်ဆိုင်တွေ"""။ တောင်မြင့်ကြီးတွေ ကို ဖြတ်ကျော်လာကြတဲ့ ကချင်၊ ပလောင်တွေရဲ့ ဟင်းသီးဟင်းရွက် ဆိုင်လေးတွေ"""။ အရက်ဆိုရင်လည်း မန်ပတ်က ရှမ်းတရုတ် အထမ်းသမားတွေ ထမ်းလာကြတဲ့ ကောက်ညှင်း အရက်တွေ ဗုံးပေါလအောပဲ။ လုပ်အားခ တွေ ပေးတဲ့ အဆောက်အဦရှေ့က လမ်းတစ်လျှောက်မှာဆိုရင် ဆိုင်တွေစည်ကားလိုက်သည်မှာ ပွဲဈေးတန်းလေးလို ပင်ထင်ရသည်။
ပိုက်ဆံထုတ်တယ်ဆိုတော့ ကြုံတောင့်ကြုံခဲဆိုပြီး မုန့်တွေ ဝယ်စားကြမည်။ အသုံးလိုတာလေးတွေ ကိုလည်း နမ့်မွန်းက ဈေးသည်တွေ လာတုန်းလာခိုက် ဝယ်လိုက်ကြမည်။ ငွေလေး ရွှင်သခိုက် အရက်ကလေးကို လည်း မော့လိုက်ကြဦးမည်။ နောက်ပြီး အပျင်းလဲပြေစေတော့၊ ကံစွပ်လို့ နိုင်ရင်လဲ အမြတ်ပဲဟဆိုပြီး၊ ပိုက်ကျူးဝိုင်း လဲ ထိုင်လိုက်ကြဦးမည်။ အင်း"""ငွေတော့ ကုန်သည်ပေါ့လေ။ သို့သော်လည်း ပျော်တော့ ပျော်ကြတယ်ပေါ့။ ဒါတွေဟာ တကယ့်ကို နိဗ္ဗာန်ရောက်သလိုပဲလား။
ကိုငွေဘော်တို့တစ်တွေ ဂိတ်ဝင်းထဲရောက်တော့ ဂိတ်စာရေးကို သူတို့၏ အလုပ်နံပါတ်များ ပေးကြရသည်။ လူနာမည်ကို ပေးစရာ မလို။ ဂိတ်စာရေးကလည်း အလုပ်သမားများကို မြင်လျှင် နာမည်ကို သိချင်မှသိမည်။ သို့သော် 'ဒီလူ့ကို မြင်လျှင် ဒီနံပါတ်ပိုင်ရှင်ပဲ' ဆိုတာသိသည်။ သည်သို့ အလုပ်နံပါတ်များကို မှတ်သားထားမှသာ မြေအောက်သို့ ဘယ်နှစ်ယောက် ဆင်းသွားသည်၊ ဘယ်နှစ်ယောက် ပြန်တက်လာသည်ကို အတိအကျ သိမည်။ သို့မဟုတ်ပါက မြေကြီးရဲ့ အောက်အနက်ထဲမှာ အဆင့်ဆင့် အထပ်ထပ်သော လိုဏ်ခေါင်းတွေ၊ လိုဏ်ဖြတ်တွေ အထပ်တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ ဒိုက်တွင်းတွေနဲ့ လုပ်ကွက် နေရာတွေက အများသားမို့၊ လူတစ်ယောက် ပျောက်နေလျှင် သိနိုင်ဖို့ ခဲယဉ်းမည်။
ကိုငွေဘော်တို့တစ်တွေသည် မြေအောက်ဆင်းဖို့ အလှည့်ကို စောင့်ဆိုင်းရင်း အနီးအနားရှိ သစ်သားပုံတွေ ပေါ်ထိုင်သူကထိုင်နေကြသည်။ မိုးတိုးမတ်တတ် ရပ်သူက ရပ်နေကြသည်။
သူတို့ရှေ့မှာတော့ ဓာတ်လှေကား စင်မြင့်ကြီးက မိုင်းတွင်းဝ အထက်မှာ ခန့်ညားထည်ဝါစွာ ရပ်တည်လျက် ရှိ၏။ မြေပေါ်နှင့် မြေအောက် လူအတင်အချ၊ ပစ္စည်းအတင်အချ လုပ်ရသော 'ဓာတ်လှေကား' ဟုခေါ်ဆိုနိုင်မည့် တစ်ဖက်ပွင့် သံလှောင်အိမ်ကလေးသည် ပေတစ်ထောင်ကျော်နက်သော မိုင်းတွင်းမကြီးအတိုင်း အတက်အဆင်း လုပ်နေသည်။ တီ"""တီ"""တီ"""ဟူသော ဓာတ်လှေကား ရပ်ရမည့် နေရာများကို အချက်ပေးသံကလည်း ပြတ်တောင်းပြတ်တောင်း မြည်နေသည်။ ဓာတ်လှေကားစင်မြင့် အပေါ်ပိုင်းရှိ ဧရာမဘီးကြီးက ခပ်မှန်မှန် လည်ပတ် နေသလို ဓာတ်လှေကားကို ထိန်းထားသည့် သံမဏိကြိုး ကလည်း မှန်မှန်ရွေ့လျားနေလေ၏။
ကိုငွေဘော်သည် အထဲက စုပ်ယူလိုက်သဖြင့် မြေအောက်သို့ ငုံလျှိုးဝင်ရောက် ပျောက်ကွယ် သွားသည်ဟု ထင်ရသော သံလှောင်အိမ်ငယ်ကို ကြည့်နေမိရင်းက၊ မိမိပထမဆုံးအကြိမ် မြေအောက်သို့ ဆင်းရသောနေ့ကို သတိရ နေမိပြန်သည်။ အဲဒီတုန်းကတော့ ကိုငွေဘော် ကြောက်လိုက်ပုံမှာ ပြောစရာ မရှိတော့။ ဓာတ်လှေကား ထိန်းကြိုးသည် မြေအောက် အဝီစိအထိပင် ဆင်းသွားနေသလို ပါပဲလားဟုထင်မိကာ၊ အလိုလေး"""လေး""" ကြိုးများ ပြတ်ကျသွားရင်တော့ တစ်ခါမကဘဲ နှစ်ခါပြန်၊သုံးခါပြန်တောင်
ရလာခဲ့ကာ၊ အလုပ်ဝင်စတုန်းကလောက်တော့ မကြောက်ရွံ့မိတော့ပေ။
++++++++++
ကိုငွေဘော်တို့တစ်တွေ သံလှော်အိမ်ငယ်ထဲ ဝင်ပြီးကြလျှင် 'ကြာလူး' ဟုခေါ်သော ဓာတ်လှေကားနှင့် အမြဲလိုက် ပါရသူက ဝင်ပေါက်ကို သံချောင်းတစ်ချောင်းဖြင့် ကန့်လန့်ဖြတ်၍ ပိတ်လိုက်ကာ၊ တွဲလောင်းကျနေသော သံကွင်းကို ဆွဲ၍ အချက်ပေးလိုက်လျှင် တစ်ချက်မျှ 'ငြိမ့်' ခနဲဖြစ်သွားကာ ဓာတ်လှေကားသည် အောက်သို့ နိမ့်ဆင်းသွား ပေတော့သည်။ ကိုငွေဘော်တို့တစ်တွေမှာ အသက်ရှူကျပ်လာသလို၊ နားများအူလာသလို ခံစားနေရသည်။ အောက်သို့ဆင်းရာ လမ်းတစ်လျှောက်တွင် နံပါတ် ၁-အထပ်၊ နံပါတ် ၂-အထပ် စသော လိုဏ်ခေါင်းပေါက်များကို ဖြတ်ကျော်သွားရလေ၏။ လိုဏ်အထပ် တစ်ခုနှင့်တစ်ခု အထက်အောက် အကွာအဝေးသည် ပေတစ်ရာခန့်သာ ရှိသော်လည်း ကိုငွေဘော်ကတော့ ထို့ထက်မကပင် ဝေးကွာသည်ဟု ထင်နေမိလေသည်။
ဓာတ်လှေကား 'တုံ့' ခနဲ ရပ်လိုက်သည်နှင့် ကိုငွေဘော်နှင့်တကွ အလုပ်သမားအချို့ သံလှော်အိမ်ငယ်ထဲမှ ထွက်လိုက်ကြတော့၏။ လိုဏ်ပေါက်ဝ၌ ကာဘိုက်မီးခွက်၏ အပေါ်ဆင့်ထဲ ရေဖြည့်ကာ အောက်ဆင့်ရှိ ကာဘိုက် တုံးကလေးများပေါ်သို့ ရေတစ်စက်- တစ်စက် ကျစေရာမှ ရေနှင့်ကာဘိုက်တို့ ဓာတ်ပြု၍ ထွက်လာသော အငွေ့ကို မီးညှိလိုက်ခြင်းဖြင့် ကာဘိုက်မီးရောင်များ တဝင်းဝင်း တလက်လက် ထွက်ပေါ်လာလေသည်။ လိုဏ်ခေါင်းသည် လူတစ်ရပ် လွတ်ရုံမျှမြင့်ကာ ငါးပေခွဲမျှ ကျယ်လေသည်။ လိုဏ်ခေါင်း အောက်ခြေတွင် မိုင်းလှည်းတွန်းရန် သံလမ်း ခင်းထားပြီး၊ ရွှံ့ဗွက် ရေကွက်များရှိနေသလို၊ အချို့နေရာများတွင် ခေါင်မိုးမှလည်း ရေတစက်စက် ကျနေလေသည်။
သူတို့သည် မြေအောက်စတိုခန်းဆီသို့ လျှောက်ခဲ့ကြ၏။ လိုဏ်ခေါင်းဝနှင့် သိပ်မဝေးလှသေးသည်မို့။ ခပ်မှိန်မှိန် လျှပ်စစ်မီးပွင့်လေးများကို
လိုဏ်ပေါက်ဝနှင့် ဝေးသည်ထက်ဝေးလာကာ လျှပ်စစ်မီးပွင့်များကို လုံးဝ မတွေ့ရတော့ပေ။ သိပ်သည်း စေးပျစ်လှသော အမှောင်ထုထဲ၌ ကာဘိုက်မီးခွက်မှ အလင်းရောင်ကိုသာ အားကိုးရတော့၏။ လိုဏ်ခေါင်း၏ တချို့အပိုင်းများတွင် မြေပြိုမကျအောင် သစ်သားများဖြင့် ဒေါက်ထောက် ကာရံထားရလေသည်။ မြေခိုင်သော နေရာများတွင်ကား၊ သစ်သားအခုအခံ၊ အကာအကွယ်များကို မတွေ့ရပေ။ ကိုငွေဘော်မြေအောက်ထဲ ရောက်စ တုန်းက၊ ခေါင်းပေါ်က မြေကြီးတွေ ပြိုကျလာရင် ဘယ့်နှယ် လုပ်ရပါ့မလဲဟု ကြောက်စိတ်ဝင်ခဲ့ဖူး၏။ မြေအောက် မှာ ရှိနေတုန်း မြေငလျင်ကြီးများ လှုပ်လိုက်ရင်တော့ အကြီးအကျယ် ဒုက္ခပဲဟုလည်း စိုးရိမ်စိတ် လွန်ကဲခဲ့မိဖူး လေသည်။
လိုဏ်ခေါင်းသည် ရှည်လျားလာသည်နှင့်အမျှ လေလှည့်ပတ်မှု နည်းလာသဖြင့် အပူအအေး မမျှတ တော့ပေ။ ပူသည့်နေရာမှာ အလွန်အမင်း ပူတော့၏။ တစ်ကိုယ်လုံး ရေချိုးထားသလား ထင်ရလောက်အောင် ချွေးတပြိုက်ပြိုက်ကျလေသည်။
နောက်ဆုံးတွင် လိုဏ်ခွဲ အချို့နှင့် လိုဏ်ဖြတ်အချို့ကို ကျော်လွန်ခဲ့ကြပြီးနောက်၊ သူတို့ အလုပ်လုပ်ရမည့် နေရာသို့ ရောက်ခဲ့ကြလေ၏။ ဤနေရာသည် သတ္တုထုတ်သည့်နေရာ မဟုတ်သေးပေ။ သတ္တုကြောရှိရာသို့ ရောက်အောင် ရှေ့ဆက် ဖောက်ရမည့် နေရာမျှသာဖြစ်ပေသည်။
သူတို့သည် ပစ္စည်းများကို ပစ်ချလိုက်ပြီးနောက် လူစုံအောင် စောင့်ဆိုင်းရင်း စကားဖောင်ဖွဲ့ကြ၏။ ပြောကြသည့် စကားတွေကလည်း စုံလှသည်။ ဘယ်သူ့မိန်းမ နောက်မီးလင်းသည်မှအစ၊ ဆီဈေးတွေ ခြောက်ဆယ် ဖြစ်နေကြောင်းအထိ ပြောကြ၏။ တစ်ယောက်က ''ခေမာ ရပ်ကွက်မှာ အဘိုးကြီး တစ်ယောက် ညက ဆုံးသွား တယ်ကွ"""'' ဟုဆိုတော့၊ ပိုက်ကျူးသမားတစ်ယောက်က ဝမ်းသာအားရ ထခုန်သည်။ ''အဆင်ပြေတာပဲဟေ့ ပိုက်ဆံထုတ်တဲ့ရက်ဆိုတော့ လူစည်မှာပဲကွ"""''
လူစုံသည်နှင့် ကိုယ်ပေါ်မှ အဝတ်အစားများကို အိမ်မှ အသေအချာလိပ်၍ ကြိုးဖြင့်ချည်ယူလာသော အဝတ်ဟောင်း အဝတ်ညစ်များဖြင့် လဲလှယ်လိုက်ကြလေ၏။ လုပ်ငန်းစပြီ ဆိုတော့လည်း၊ သူတို့တစ်တွေ တကယ် ပင်ပန်းကြသည်။ မနေ့ည အဆိုင်းကလူတွေ ယမ်းခွဲထား၍ စုပုံနေသော မြေစာတွေ။ ကျောက်တုံး၊ ကျောက်ခဲ တွေကို မိုင်းလှည်းထဲ ဂေါ်ဖြင့်ကော်ထည့်သူကထည့်၊ မိုင်းလှည်းကို တွန်းသွားသူက တွန်းသွား၊ သစ်သား အထောက်အခံ အကာအကွယ်တွေ ထည့်သူကထည့်ကြသည်။ ဒါတွေလုပ်ပြီးသွားပြန်တော့၊
သံလှောင်အိမ်ငယ်ထဲမှ
ထွက်လိုက်လျှင်ထွက်ချင်း၊ စူးရှဝင်းတောက်သော အလင်းရောင်ဖြင့် မြေပြင်က
ဆီးကြိုလိုက် လေသည်။ ဒါကိုတော့ ကျင့်သားရနေပြီဖြစ်၍၊
မျက်စိကျိန်းစပ်သွားမှာကို ကိုငွေဘော် မမှုတော့။ လတ်ဆတ်သော လေကို အားပါးတရ
ရှူရှိုက်လိုက်ရလျှင် မြေအောက်မှာ ကုန်ခန်းသွားသော ခွန်အားတွေ တစ်စွန်းတစ်စ ပြန်ဝင်လာ သလား ထင်မိရသည်။ မိမိ၏လုပ်အားခကို သွားထုတ်ရမှာပါကလားဟု သတိရလာတော့ ကိုငွေဘော် ခြေလှမ်း သွက်သွက်ဖြင့် လှမ်းခဲ့လေသည်။
လမ်း၌ တွေ့သမျှလူများမှာ အဝတ်အစားသစ်များဖြင့် ရွှင်လန်းတက်ြွကနေသလို ထင်ရလေသည်။ တချို့က သားငယ်၊ သမီးငယ်များကို လက်မှဆွဲလျက် ဟိုဟာလိုချင်တယ်၊ သည်ဟာလိုချင်တယ်ဟု ပူဆာသော ကလေးငယ် များ၏ အလိုဆန္ဒကို မတွန့်မဆုတ် ဖြည့်ဆည်းပေးနေကြလျက်။
ကိုငွေဘော်သည် စုစုပေါင်း ကျပ်ခြောက်ရာကျော်မျှသော အသပြာငွေကို ထုတ်ယူ ရရှိပြီးနောက်၊ ဈေးတန်း ထဲဝင်ခဲ့လေသည်။ ဝက်သားဆိုင်နှင့် အမဲသားဆိုင်တို့၌ သားသားနားနား ဝတ်စားထားသော မိန်းမအနည်းငယ် ကိုသာ မြင်ရလေသည်။ အဆီရွှဲရွှဲ ဝက်သားတွဲများကိုမြင်သော်၊ ဝက်သားကြိုက်တတ်သော ကိုငွေဘော်သည် တံတွေးကို အသာ မျိုချ၍ မျက်နှာလွှဲလိုက်ရ၏။ သူ့မျက်နှာမူရာတွင် ဟင်းသီးဟင်းရွက် ဆိုင်လေးများ တန်းစီလျက်ရှိ နေသည်။ တွေ့နေကျအတိုင်းပင် ပါးအို့နီလေးနှင့် ကြည်လင်သော မျက်လုံးလေး တစ်စုံကို မြင်လိုက်ရ၏။ အကြည့် ချင်း ဆုံသော် ထုံးစံအတိုင်းပင် ကိုငွေဘော့် ရင်ထဲ နွေးခနဲ ဖြစ်သွားရသည်။ ကောင်မလေး၏ ပါးမို့ထက်မှာလည်း ဖြန်းခနဲ ပန်းဆီရောင်သမ်းသွားပြီး ခေါင်းလေးကို အသာငုံ့သွားသည်။ ခါတိုင်းလိုပါပဲ။ အကြည့်ချင်းဆုံပြီး ရင်ခုန် နွေးသွားရုံပါပဲ။ သည့်ထက်ဘာမျှ မပိုသေး။ နှစ်ဦးသားရဲ့ ရင်ထဲမှာတော့ သံယောဇဉ်ကြိုးမျှင်လေးတွေ လူးလွန့် လှုပ်ရှားနေလေပြီလား။ ကိုငွေဘော် ရဲရဲမတွေးဝံ့။ မိမိ၏ အိပ်မက်ထဲမှာတော့ သည်မျက်လုံးလေးတွေနဲ့ မကြာခဏ ဆုံတွေ့ရသည်ပင်။ တကယ်တော့ အိပ်မက်ဟာအိပ်မက်ပါပဲလေ။ အမှောင်ထဲက ဝိုးတဝါးပုံရိပ်သဖွယ် အိပ်မက် အငွေ့လေးကို၊ လင်းတောက်နေတဲ့ နေရောင် ဝါဝါအောက်ဆောင်ကြဉ်းဖို့ဆို တာ မလွယ်လောက်ဘူးထင်ပါရဲ့။ ဒါဟာ ဘဝပြဿနာပဲ။ မိမိ၏ ဘဝက သည်အခြေအနေကို ခွင့်မပြုနိုင်သေးဘူးလေ။
ဝယ်နေကျအတိုင်းပင် ကောင်မလေးထံမှ မုန်ညင်းနှင့်ပဲပုပ် ဝယ်သည်။ ကိုငွေဘော် ပိုက်ဆံပေးလျှင် ခါတိုင်းလိုပင် ရေတွက်မနေဘဲ ဆတ်ခနဲ လှမ်းယူလိုက်ပြီး၊ စလွယ်သိုင်းထားသော လွယ်အိတ်ထဲထည့်သည်။ နောက်ခေါင်းကို မမော့ဘဲ မျက်လွှာလေးချထားလိုက်တော့သည်။ ကိုငွေဘော် ကျောခိုင်းပြန်သွားလျှင်တော့ ၊
တွေတွေငေးငေးလေး လိုက်ကြည့်နေမြဲ။ ဒါကိုလည်း ကိုငွေဘော်က
လှည့်မကြည့်ဘဲနှင့် သိထားနေပြီ။ အင်း""" အဆင်ပြေတဲ့ တစ်နေ့နေ့မှာတော့"""။
ကိုငွေဘော်သည် အတွေးထဲ နစ်မြုပ်ရင်းပင် မိမိ၏တန်းလျားရှိရာသို့
လျှောက်ခဲ့လေသည်။
သူ့အိမ်ခန်းသို့ရောက်ခါနီးတွင် အိမ်ခန်းဝ၌ သူ့အမေနှင့်အတူ ယှဉ်၍ရပ်နေသော ဒေါ်အုန်းခင်ကို မြင်လိုက် ရသဖြင့်၊ ကိုငွေဘော်၏ ခြေလှမ်းများသည် တုန့်ခနဲ ဖြစ်သွားလေ၏။
သူသည် ဒေါ်အုန်းခင်အား ထမင်းလခ အြွေကးလေးရာကျော်ပေးရန် ကျန်နေသေးသည်ကို သတိရမိ လေသည်။ သူအလုပ်လျှောက်ထားပြီး၊ အလုပ်မရမီစပ်ကြား၌၊ ဦးညို-ဒေါ်အုန်းခင်တို့ အခန်းတွင် လေးလကျော်မျှ မှီခိုကပ်ရပ် နေထိုင်ခဲ့စဉ်က ထမင်းလခ ခြောက်ရာကျော်မျှ အြွေကးတင်ခဲ့ရာ၊ အလုပ်ရပြီး လစဉ် တတ်နိုင်သလောက် ဖဲ့ဆပ်ခဲ့ပါသော်လည်း ယခုတိုင် မကျေနိုင်သေး။ မိမိနှင့် တစ်နယ်တည်းသားချင်း ဖြစ်၍ မိမိအား ကျွေးမွေးထားရုံ မျှမက အလုပ်ရဖို့ကိုပါ ကူညီ ဆောင်ရွက်ပေးခဲ့သော ဦးညိုနှင့်ဒေါ်အုန်းခင်တို့၏
ကျေးဇူးကို ကိုငွေဘော် မမေ့နိုင်ပါ။ ကလေးသုံးယောက်ရှိသဖြင့်
မချောင်လည်လှသည့် ကြားထဲမှပင် မိမိအား ကူညီခဲ့သည့်အတွက်၊ မိမိကလည်း
သိတတ်စွာဖြင့် ပေးရန်ကျန်သော အြွေကးများကို အကြိမ်ကြိမ်
ဖဲ့ပြီးဆပ်ခဲ့ပါသည်။ မိမိမှာလည်း အလုပ်ဝင်စမို့ လစဉ်
များများမဆပ်နိုင်သည့်အတွက် ၊
ဒေါ်အုန်းခင်တို့ကို မျက်နှာပူလှပါသည်။ ခါတိုင်းကတော့ လာအတောင်းကို
စောင့်မနေတော့ဘဲ၊ မိမိကပဲ ဒေါ်အုန်းခင်တို့ထံ သွားပေးခဲ့သည်ချည်းဖြစ်သည်။
များများစားစားတော့ မပေးနိုင်။ တစ်ရာမျိုး၊ ကိုးဆယ်မျိုးသာဖြစ်သည်။ ခုလို
အြွေကးတောင်းရန် အိမ်က ကြိုစောင့်နေသည်ကို တွေ့ရတော့၊ ကိုငွေဘော်ရှက်မိသည်။
တချို့ အြွေကးများတဲ့လူတွေရဲ့အိမ်မှာ၊ နောက်ကျသွားရင် မရလိုက်မှာကို စိုးရိမ်ပြီးြွေကးရှင်တွေ သူ့ထက်ငါ အလုအယက် စောစောင်္စီးစီး လာစောင့်နေတာမျိုးလို ဖြစ်နေပြီထင်သည်။
''မောင်ငွေဘော်ရေ့"""ဘယ်လို မှတော့ မအောက်မေ့ပါနဲ့၊ ခုလဆန်းရင် ကျောင်းတွေဖွင့်တော့မှာမို့ ကလေးတွေ ကျောင်းအပ်ဖို့နဲ့ လိုအပ်တာလေးတွေ ဝယ်ပေးဖို့ ငွေလိုနေလို့ပါ။ နှစ်ရာလောက်တော့ ခုလ ဖြစ်အောင် လုပ်ပေးစမ်းပါကွယ်''
သြော"""ဒါကြောင့်ကိုး။ တော်သေးတာပေါ့လေ။ မိမိကို အထင်အမြင်သေးပြီးတော့များ အိမ်တိုင်ယာ ရောက် လာတောင်းသလားလို့။ ကိုငွေဘော်မှာ ငွေမချမ်းသာပေမင့်၊ မိမိတန်ဖိုးကိုတော့ ယုတ်လျော့မခံချင်သည့် စိတ်ဓာတ်အပြည့် ရှိနေသည်ပင်။ ကြာကြာစဉ်းစားမနေပါ။ ဒေါ်အုန်းခင် အမှန်တကယ် လိုအပ်လို့ လာတောင်းတာ ပဲဆိုတာ နားလည်သဘောပေါက်ပြီး၊ နှစ်ရာတိတိပင် ပေးဖြစ်လိုက်သည်။ တစ်ပူတော့ အေးသွားပြီ။ နောက်ထပ် ဘယ်သူကျန်သေးလဲ။ ဒေါ်ပု"""။ ဟုတ်သားပဲ၊ ဒေါ်ပုကို ပေးရန် ငွေသုံးရာခန့် ကျန်သေးသည်။ အမေရွာမှ လိုက်လာစက ယူထားသော အြွေကးဖြစ်သည်။ မုဆိုးမတစ်ယောက်ဖြစ်သော အမေသည် ရွာမှာ တောင်သူလုပ်ကိုင် စားနေသော သားအကြီးထံမှ သားအငယ် ကိုငွေဘော်ထံ လိုက်လာတော့၊ သားအကြီးဖြစ်သူက လမ်းစရိတ်ထက် ပိုမပေးလိုက်နိုင်။ သည်တော့လဲ သားအမိနှစ်ယောက် ကိုယ့်ဘာသာ ထမင်းချက်စားဖို့ ဒန်အိုးနှင့်ဇွန်း၊ ပန်းကန် စသည်တို့ ထူထောင်ရသဖြင့် ဒေါ်ပုထံမှပင် အြွေကးဝယ်လိုက်ရသည်။ သို့ဖြင့် အြွေကးကို လစဉ် နည်းနည်းချင်း ဖဲ့ဆပ်ခဲ့ရာ၊ ယခုလတော့ တစ်ရာ ပေးထားလိုက်ဦးမည်။ စဉ်းစားနေလျှင် ကြာနေဦးမည်။ တော် တော်ကြာ ဒေါ်ပုကြီး အိမ်လိုက်လာပြီး၊ အြွေကးတောင်းနေလျှင် ရှက်စရာ။ သို့ဖြင့် အမေ့ကို ပြောပြောဆိုဆိုပင် ဒေါ်ပုအိမ်ဘက် ထွက်ခဲ့သည်။ ခါတိုင်း မိုင်းထဲမှ ထွက်လာလျှင် ဆာလောင်နေကျ ဝမ်းဗိုက်သည်ပင်၊ ယနေ့ နေ့လည်စာ ဆာလောင် ရန် မေ့လျော့နေလေသည်လား မသိတော့။
ကိုငွေဘော် အိမ်ပြန်ရောက်တော့ နေရောင်ကွယ်ခဲ့လေပြီ။ တောင်တံတိုင်းကြီး၏ အရိပ်က အလုပ်သမား တန်းလျားများအပေါ် လွှမ်းခြုံစပြုပေပြီ။
အမေက ကိုငွေဘော်ကို တန်းလျားထိပ်မှ စောင့်နေသည်။
''အမေ စောစောက မေ့သွားလို့သားရေ၊ သားမှာ လုံချည် ဝတ်စရာမရှိလို့ အရင်လက နှစ်လပေးနဲ့ ဝယ်လိုက်တဲ့ လုံချည်ဖိုး ရှစ်ဆယ်ကို ခုလပေးရဦးမယ်"""''
လူပျိုလူရွယ်လေးမို့ တစ်ခါတလေ အသစ်ကလေး ဝတ်ချင်ရှာမှာပဲ ဆိုပြီး၊ အမေက သူ့ကိုတောင် မတိုင် ပင်ဘဲ ယခင်လဆန်းက လုံချည် တစ်ထည်ကို ဝယ်ခဲ့သည်။ အြွေကးတွေဆပ်ဖို့ ရှိနေပါလျက်နဲ့ ဝယ်လိုက်ရသလား ဟု အမေ့ကို အပြစ်မတင်ရက်ခဲ့။ မိခင်မေတ္တာကြီးမားပုံကို ပို၍ပင် နားလည်ခဲ့ရသည်။
''ပေးစရာရှိရင် ပေးသာပစ်လိုက်ပါ အမေရာ၊ ကဲ"""ရော့"""ရော့"""''
ကိုငွေဘော်က ဆယ့်ငါးကျပ်တန် လေးရွက်နှင့်ဆယ်တန်နှစ်ရွက် ကို ထုတ်ပေးလိုက်သည်။ ဒေါ်စိန်သုန် သည် သားဖြစ်သူအား ကရုဏာ သက်စွာဖြင့် ကြည့်နေ၏။
''မင့် ပိုက်ဆံထုတ်ခဲ့တာ ကျန်ကော ကျန်ဦးမှာလားကွယ်"""''
''နည်းနည်းပါးပါးပဲ ကျန်တော့တာပေါ့ အမေရာ၊ ပေးစရာရှိတာကိုတော့ ကတိရှိထားတဲ့အတိုင်း ပေးရမှာပဲလေ''
''ကျန်တဲ့ငွေနဲ့ အမေတို့ ခုလ စားလောက်ပါ့မလား''
''စားလောက်မှာ မဟုတ်ဘူးအမေ၊ ဦးသာရင့်ဆိုင်က အြွေကးယူရမှာပဲ''
''အေးပေါ့လေ"""''
နှစ်ယောက်သား စကားစပြတ်သွားကာ၊ ကိုငွေဘော်သည် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးနေသဖြင့် ရသမျှ ဝင်ငွေနှင့်ကာမိအောင် ခြိုးခြုံချွေတာ စားသောက်နေရသည်ကို တွေးတောစဉ်းစား နေမိလေ၏။ မိမိသည် အလုပ် မဝင်မီကတည်းကပင် အြွေကးတင်ခဲ့သည်ဖြစ်ရာ၊ လက်ရှိဈေးနှုန်းနှင့်ကတော့ သည်ဝဲဂယက်မှာ အချိန် အတော်ကြာသည်လိုပင် နစ်လိုက်မြုပ်လိုက် ဖြစ်နေဦးမည်ပင်။ လုပ်သက် အတော်လေးရလို့ အြွေကးတွေ ကြေသွားပြီ ဆိုရင်တော့၊ အသက်ရှူချောင်လာကောင်းပါရဲ့ လေ
ဟု အကောင်းဘက်ကိုသာ မျှော်တွေးပြီး အားတင်းနေရလေသည်။ မိမိတို့မှာ
သားအမိနှစ်ယောက်တည်းသာ စားမည့်သူရှိ၍ တော်ပေသေးသည်။ သား၊သမီးတွေ
တစ်ပြုံတစ်ခေါင်းနဲ့ အိမ်ထောင်ဦးစီတွေများဆိုရင်
ဘယ်လိုများ နေကြလိမ့်မလဲ။ သူတို့ကိုသာ ပြောနေသည်။ မိမိကကော
အိမ်ထောက်မပြုဘဲ နေမှာလား။ အိမ်ထောင်ပြုမည် ဆိုလျှင်၊ အိမ်ထောင်သည် ဘဝမှာ
ကသီလင်တ မဖြစ်အောင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်
ငွေစုသင့်သည်။ ငွေစုရမည်ဟု သဘောပေါက် ထားသည်။ လက်တွေ့ကျင့်သုံးဖို့
ဖြစ်နိုင်ပါမည်လား။ မျက်စိထဲမှာ ပါးအို့နီလေးနှင့် မျက်လုံးလှလှလေး
တစ်စုံကို မြင်ယောင်မိပြန်တော့၊ သက်ပြင်းကိုသာ ကျိတ်၍ချလိုက်ရသည်။
ညနေဆည်းဆာချိန်တွင် ကိုငွေဘော်သည် စိတ်ထဲ မကြည်မလင် ရှိသည်နှင့်၊ စိတ်ပြေလက်ပျောက် ဖြစ်အောင် တောင်ကြားလမ်းအတိုင်း လျှောက်ခဲ့လေသည်။ လမ်းဘေးတွင် အလုပ်သမားတန်းလျားများကို အစီအရီ တွေ့နေရ၏။
''ဟဲ့- ငါ့အြွေကးလဲ ယူသေးရဲ့၊ ငါ့ကိုလဲ ဘာလေးညာလေး ပြောသေးရဲ့။ ဒီငွေငါးကျပ်ထဲနဲ့ နင်တို့ချမ်းသာ သွားမှာမို့လား- ဟင်။ ငါ့မသဒ္ဓါရေစာကို မျိုကြဟဲ့- ဆို့ကြဟဲ့- အပင်းထည့်ကြဟဲ့ သိပလား''
လမ်းဘေးတစ်နေရာဆီမှ ဒေါ်ဗျားဒုတ်၏ ကလော်တုတ်သံကို ကြားရသည်နှင့် သူ့စကားလုံး ကျည်ဆန် များမှ လွတ်ရာလွတ်ကြောင်းအတွက် ကိုငွေဘော် သုတ်ချေတင်လေတော့သည်။ သို့သော် လေး-ငါးအိမ် ကျော်ခါ ရှိသေး လင်မယား ရန်ဖြစ်သံကို ကြားရပြန်သည်။
''ဟိတ်-ကောင်မ၊ နင့်ပါးစပ် ပိတ်ထားစမ်း၊ ငါ့လုပ်စာနဲ့ ငါ ဖဲရိုက်တာ ဘာဖြစ်သလဲ ဟင်၊ နောက်ထပ် ပူညံ ပူညံလုပ်ရင်တော့ အသေပဲ- ဟင်း"""''
''ပိတ်မထားနိုင်ဘူးတော့၊ ပြောရမှာပဲ။ ကျုပ်ကို သတ်ချင်ရင်သတ်ပစ်လိုက်စမ်းပါ။ ခုလို စိတ်ဆင်းရဲ နေရတာ နဲ့စာရင် သေတာကမှ ကောင်းပါသေးတယ်။ ထုတ်ထားတဲ့ပိုက်ဆံကုန်တာတော င် အားမရသေးလို့ အိမ်ကရှိသမျှ ပစ္စည်းလေးတွေကိုပါ ခုလို ရန်ရှာနေတော့"""ကျုပ်သေသာ သေလိုက်ချင်သတော့- သိလား။ ဟီး"""ဟီး"""''
မိန်းမ၏ ငိုသံအဆုံးတွင် တဝုန်းဝုန်းနှင့် ထုသံ ရိုက်သံများ ပေါ်ထွက်လာကာ-
''ကဲဟာ- ကဲဟာ လျှာရှည်ချင်ဦးဟ မှတ်ပလား"""''
''အမယ်လေးတော့"""အမယ်လေး၊ အရပ်ကတို့ ကယ်ကြပါဦး၊ ကယ်ကြပါဦးတော့"""'' ရန်ဖြစ်သံ၊ ရိုက်သံနှက်သံ၊ ငိုယိုသံတို့သည် ကိုငွေဘော်၏ နောက်မှ ကျန်ရစ်ခဲ့လေသည်။ ကိုငွေဘော်က တော့ မနက်က သူကြားခဲ့ရသည့် ''ဒီကနေ့ဟာ တို့အတွက် နိဗ္ဗာန်ကွ'' ဆိုသော စကားသံကိုသာ ကြားယောင် နေမိလေသည်။
မှောင်စပျိုးပေပြီ။ ဆည်းဆာရောင်များသည် ဖျော့တော့ မှေးမှိန်ကာ ဝန်းကျင် တစ်ခုလုံး မှုန်မှိုင်းလာ လေသည်။ ကိုငွေဘော်သည် သူ၏ တန်းလျားရှိရာသို့ ပြန်လျှောက်ခဲ့လေ၏။ သည်တော့မှပင် ဟိုတစ်နေ့က သူရွှေ့စိုက်ခဲ့သော ငရုတ်ပင်လေးကို ရေလောင်းရန် သတိရလာမိ၏။ မနက်က ရေလောင်းတုန်းကတော့ ငရုတ်ပင်၏ အရွက်ကလေးတွေ ညှိုးနေသေးသည်။ သြော်"""အမြစ်မှ မတွယ်သေးတာကိုး။ မကြာမီရက်များမှာတော့ ညှိုးရော်နေသော အရွက်ကလေးတွေ လန်းဆန်းလို့လာကောင်းပါရဲ့ဟု ကိုငွေဘော် မျှော်လင့်နေမိလေသည်။
လမ်းဘေး တစ်နေရာ အရောက်တွင် မြေပေါ်လဲကျကာ တညည်းညည်း တညူညူ ဖြစ်နေသော အမူးသမား တစ်ယောက်ကို တွေ့ရလေသည်။ အိမ်ခန်းတစ်ခုဆီမှ ပိုက်ကျူးသမားများ၏ ဆူဆူညံညံဖြင့် ငြင်းခုံ နေသံများကိုပါ ကြားနေရလေ၏။
ရပ်ကွက်တစ်ခုလုံးကို အမှောင်ထုက လွှမ်းမိုးစပြုလေပြီ။ လမ်းဘေး ဓာတ်တိုင်များမှ နီကြင်ကြင် လမ်းမီးပွင့် ကလေးအချို့ကား စွမ်းအားရှိသမျှ အလင်းထုတ်လွှတ်လျက်ရှိကြလေ၏။
သြော်"""မိုင်းလုံ၏ တစ်ခုသောရက်သည်ကား အလှအပ နည်းပါးစွာဖြင့် ကုန်ဆုံး လုချေပြီကော။ ။
လမ်း၌ တွေ့သမျှလူများမှာ အဝတ်အစားသစ်များဖြင့် ရွှင်လန်းတက်ြွကနေသလို ထင်ရလေသည်။ တချို့က သားငယ်၊ သမီးငယ်များကို လက်မှဆွဲလျက် ဟိုဟာလိုချင်တယ်၊ သည်ဟာလိုချင်တယ်ဟု ပူဆာသော ကလေးငယ် များ၏ အလိုဆန္ဒကို မတွန့်မဆုတ် ဖြည့်ဆည်းပေးနေကြလျက်။
ကိုငွေဘော်သည် စုစုပေါင်း ကျပ်ခြောက်ရာကျော်မျှသော အသပြာငွေကို ထုတ်ယူ ရရှိပြီးနောက်၊ ဈေးတန်း ထဲဝင်ခဲ့လေသည်။ ဝက်သားဆိုင်နှင့် အမဲသားဆိုင်တို့၌ သားသားနားနား ဝတ်စားထားသော မိန်းမအနည်းငယ် ကိုသာ မြင်ရလေသည်။ အဆီရွှဲရွှဲ ဝက်သားတွဲများကိုမြင်သော်၊ ဝက်သားကြိုက်တတ်သော ကိုငွေဘော်သည် တံတွေးကို အသာ မျိုချ၍ မျက်နှာလွှဲလိုက်ရ၏။ သူ့မျက်နှာမူရာတွင် ဟင်းသီးဟင်းရွက် ဆိုင်လေးများ တန်းစီလျက်ရှိ နေသည်။ တွေ့နေကျအတိုင်းပင် ပါးအို့နီလေးနှင့် ကြည်လင်သော မျက်လုံးလေး တစ်စုံကို မြင်လိုက်ရ၏။ အကြည့် ချင်း ဆုံသော် ထုံးစံအတိုင်းပင် ကိုငွေဘော့် ရင်ထဲ နွေးခနဲ ဖြစ်သွားရသည်။ ကောင်မလေး၏ ပါးမို့ထက်မှာလည်း ဖြန်းခနဲ ပန်းဆီရောင်သမ်းသွားပြီး ခေါင်းလေးကို အသာငုံ့သွားသည်။ ခါတိုင်းလိုပါပဲ။ အကြည့်ချင်းဆုံပြီး ရင်ခုန် နွေးသွားရုံပါပဲ။ သည့်ထက်ဘာမျှ မပိုသေး။ နှစ်ဦးသားရဲ့ ရင်ထဲမှာတော့ သံယောဇဉ်ကြိုးမျှင်လေးတွေ လူးလွန့် လှုပ်ရှားနေလေပြီလား။ ကိုငွေဘော် ရဲရဲမတွေးဝံ့။ မိမိ၏ အိပ်မက်ထဲမှာတော့ သည်မျက်လုံးလေးတွေနဲ့ မကြာခဏ ဆုံတွေ့ရသည်ပင်။ တကယ်တော့ အိပ်မက်ဟာအိပ်မက်ပါပဲလေ။ အမှောင်ထဲက ဝိုးတဝါးပုံရိပ်သဖွယ် အိပ်မက် အငွေ့လေးကို၊ လင်းတောက်နေတဲ့ နေရောင် ဝါဝါအောက်ဆောင်ကြဉ်းဖို့ဆို
ဝယ်နေကျအတိုင်းပင် ကောင်မလေးထံမှ မုန်ညင်းနှင့်ပဲပုပ် ဝယ်သည်။ ကိုငွေဘော် ပိုက်ဆံပေးလျှင် ခါတိုင်းလိုပင် ရေတွက်မနေဘဲ ဆတ်ခနဲ လှမ်းယူလိုက်ပြီး၊ စလွယ်သိုင်းထားသော လွယ်အိတ်ထဲထည့်သည်။ နောက်ခေါင်းကို မမော့ဘဲ မျက်လွှာလေးချထားလိုက်တော့သည
သူ့အိမ်ခန်းသို့ရောက်ခါနီးတ
သူသည် ဒေါ်အုန်းခင်အား ထမင်းလခ အြွေကးလေးရာကျော်ပေးရန် ကျန်နေသေးသည်ကို သတိရမိ လေသည်။ သူအလုပ်လျှောက်ထားပြီး၊ အလုပ်မရမီစပ်ကြား၌၊ ဦးညို-ဒေါ်အုန်းခင်တို့ အခန်းတွင် လေးလကျော်မျှ မှီခိုကပ်ရပ် နေထိုင်ခဲ့စဉ်က ထမင်းလခ ခြောက်ရာကျော်မျှ အြွေကးတင်ခဲ့ရာ၊ အလုပ်ရပြီး လစဉ် တတ်နိုင်သလောက် ဖဲ့ဆပ်ခဲ့ပါသော်လည်း ယခုတိုင် မကျေနိုင်သေး။ မိမိနှင့် တစ်နယ်တည်းသားချင်း ဖြစ်၍ မိမိအား ကျွေးမွေးထားရုံ မျှမက အလုပ်ရဖို့ကိုပါ ကူညီ ဆောင်ရွက်ပေးခဲ့သော ဦးညိုနှင့်ဒေါ်အုန်းခင်တို့၏
''မောင်ငွေဘော်ရေ့"""ဘယ်လို
သြော"""ဒါကြောင့်ကိုး။ တော်သေးတာပေါ့လေ။ မိမိကို အထင်အမြင်သေးပြီးတော့များ အိမ်တိုင်ယာ ရောက် လာတောင်းသလားလို့။ ကိုငွေဘော်မှာ ငွေမချမ်းသာပေမင့်၊ မိမိတန်ဖိုးကိုတော့ ယုတ်လျော့မခံချင်သည့် စိတ်ဓာတ်အပြည့် ရှိနေသည်ပင်။ ကြာကြာစဉ်းစားမနေပါ။ ဒေါ်အုန်းခင် အမှန်တကယ် လိုအပ်လို့ လာတောင်းတာ ပဲဆိုတာ နားလည်သဘောပေါက်ပြီး၊ နှစ်ရာတိတိပင် ပေးဖြစ်လိုက်သည်။ တစ်ပူတော့ အေးသွားပြီ။ နောက်ထပ် ဘယ်သူကျန်သေးလဲ။ ဒေါ်ပု"""။ ဟုတ်သားပဲ၊ ဒေါ်ပုကို ပေးရန် ငွေသုံးရာခန့် ကျန်သေးသည်။ အမေရွာမှ လိုက်လာစက ယူထားသော အြွေကးဖြစ်သည်။ မုဆိုးမတစ်ယောက်ဖြစ်သော အမေသည် ရွာမှာ တောင်သူလုပ်ကိုင် စားနေသော သားအကြီးထံမှ သားအငယ် ကိုငွေဘော်ထံ လိုက်လာတော့၊ သားအကြီးဖြစ်သူက လမ်းစရိတ်ထက် ပိုမပေးလိုက်နိုင်။ သည်တော့လဲ သားအမိနှစ်ယောက် ကိုယ့်ဘာသာ ထမင်းချက်စားဖို့ ဒန်အိုးနှင့်ဇွန်း၊ ပန်းကန် စသည်တို့ ထူထောင်ရသဖြင့် ဒေါ်ပုထံမှပင် အြွေကးဝယ်လိုက်ရသည်။ သို့ဖြင့် အြွေကးကို လစဉ် နည်းနည်းချင်း ဖဲ့ဆပ်ခဲ့ရာ၊ ယခုလတော့ တစ်ရာ ပေးထားလိုက်ဦးမည်။ စဉ်းစားနေလျှင် ကြာနေဦးမည်။ တော် တော်ကြာ ဒေါ်ပုကြီး အိမ်လိုက်လာပြီး၊ အြွေကးတောင်းနေလျှင် ရှက်စရာ။ သို့ဖြင့် အမေ့ကို ပြောပြောဆိုဆိုပင် ဒေါ်ပုအိမ်ဘက် ထွက်ခဲ့သည်။ ခါတိုင်း မိုင်းထဲမှ ထွက်လာလျှင် ဆာလောင်နေကျ ဝမ်းဗိုက်သည်ပင်၊ ယနေ့ နေ့လည်စာ ဆာလောင် ရန် မေ့လျော့နေလေသည်လား မသိတော့။
ကိုငွေဘော် အိမ်ပြန်ရောက်တော့ နေရောင်ကွယ်ခဲ့လေပြီ။ တောင်တံတိုင်းကြီး၏ အရိပ်က အလုပ်သမား တန်းလျားများအပေါ် လွှမ်းခြုံစပြုပေပြီ။
အမေက ကိုငွေဘော်ကို တန်းလျားထိပ်မှ စောင့်နေသည်။
''အမေ စောစောက မေ့သွားလို့သားရေ၊ သားမှာ လုံချည် ဝတ်စရာမရှိလို့ အရင်လက နှစ်လပေးနဲ့ ဝယ်လိုက်တဲ့ လုံချည်ဖိုး ရှစ်ဆယ်ကို ခုလပေးရဦးမယ်"""''
လူပျိုလူရွယ်လေးမို့ တစ်ခါတလေ အသစ်ကလေး ဝတ်ချင်ရှာမှာပဲ ဆိုပြီး၊ အမေက သူ့ကိုတောင် မတိုင် ပင်ဘဲ ယခင်လဆန်းက လုံချည် တစ်ထည်ကို ဝယ်ခဲ့သည်။ အြွေကးတွေဆပ်ဖို့ ရှိနေပါလျက်နဲ့ ဝယ်လိုက်ရသလား ဟု အမေ့ကို အပြစ်မတင်ရက်ခဲ့။ မိခင်မေတ္တာကြီးမားပုံကို ပို၍ပင် နားလည်ခဲ့ရသည်။
''ပေးစရာရှိရင် ပေးသာပစ်လိုက်ပါ အမေရာ၊ ကဲ"""ရော့"""ရော့"""''
ကိုငွေဘော်က ဆယ့်ငါးကျပ်တန် လေးရွက်နှင့်ဆယ်တန်နှစ်ရွက်
''မင့် ပိုက်ဆံထုတ်ခဲ့တာ ကျန်ကော ကျန်ဦးမှာလားကွယ်"""''
''နည်းနည်းပါးပါးပဲ ကျန်တော့တာပေါ့ အမေရာ၊ ပေးစရာရှိတာကိုတော့ ကတိရှိထားတဲ့အတိုင်း ပေးရမှာပဲလေ''
''ကျန်တဲ့ငွေနဲ့ အမေတို့ ခုလ စားလောက်ပါ့မလား''
''စားလောက်မှာ မဟုတ်ဘူးအမေ၊ ဦးသာရင့်ဆိုင်က အြွေကးယူရမှာပဲ''
''အေးပေါ့လေ"""''
နှစ်ယောက်သား စကားစပြတ်သွားကာ၊ ကိုငွေဘော်သည် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးနေသဖြင့် ရသမျှ ဝင်ငွေနှင့်ကာမိအောင် ခြိုးခြုံချွေတာ စားသောက်နေရသည်ကို တွေးတောစဉ်းစား နေမိလေ၏။ မိမိသည် အလုပ် မဝင်မီကတည်းကပင် အြွေကးတင်ခဲ့သည်ဖြစ်ရာ၊ လက်ရှိဈေးနှုန်းနှင့်ကတော့ သည်ဝဲဂယက်မှာ အချိန် အတော်ကြာသည်လိုပင် နစ်လိုက်မြုပ်လိုက် ဖြစ်နေဦးမည်ပင်။ လုပ်သက် အတော်လေးရလို့ အြွေကးတွေ ကြေသွားပြီ ဆိုရင်တော့၊ အသက်ရှူချောင်လာကောင်းပါရဲ့
ညနေဆည်းဆာချိန်တွင် ကိုငွေဘော်သည် စိတ်ထဲ မကြည်မလင် ရှိသည်နှင့်၊ စိတ်ပြေလက်ပျောက် ဖြစ်အောင် တောင်ကြားလမ်းအတိုင်း လျှောက်ခဲ့လေသည်။ လမ်းဘေးတွင် အလုပ်သမားတန်းလျားများကို အစီအရီ တွေ့နေရ၏။
''ဟဲ့- ငါ့အြွေကးလဲ ယူသေးရဲ့၊ ငါ့ကိုလဲ ဘာလေးညာလေး ပြောသေးရဲ့။ ဒီငွေငါးကျပ်ထဲနဲ့ နင်တို့ချမ်းသာ သွားမှာမို့လား- ဟင်။ ငါ့မသဒ္ဓါရေစာကို မျိုကြဟဲ့- ဆို့ကြဟဲ့- အပင်းထည့်ကြဟဲ့ သိပလား''
လမ်းဘေးတစ်နေရာဆီမှ ဒေါ်ဗျားဒုတ်၏ ကလော်တုတ်သံကို ကြားရသည်နှင့် သူ့စကားလုံး ကျည်ဆန် များမှ လွတ်ရာလွတ်ကြောင်းအတွက် ကိုငွေဘော် သုတ်ချေတင်လေတော့သည်။ သို့သော် လေး-ငါးအိမ် ကျော်ခါ ရှိသေး လင်မယား ရန်ဖြစ်သံကို ကြားရပြန်သည်။
''ဟိတ်-ကောင်မ၊ နင့်ပါးစပ် ပိတ်ထားစမ်း၊ ငါ့လုပ်စာနဲ့ ငါ ဖဲရိုက်တာ ဘာဖြစ်သလဲ ဟင်၊ နောက်ထပ် ပူညံ ပူညံလုပ်ရင်တော့ အသေပဲ- ဟင်း"""''
''ပိတ်မထားနိုင်ဘူးတော့၊ ပြောရမှာပဲ။ ကျုပ်ကို သတ်ချင်ရင်သတ်ပစ်လိုက်စမ်းပ
မိန်းမ၏ ငိုသံအဆုံးတွင် တဝုန်းဝုန်းနှင့် ထုသံ ရိုက်သံများ ပေါ်ထွက်လာကာ-
''ကဲဟာ- ကဲဟာ လျှာရှည်ချင်ဦးဟ မှတ်ပလား"""''
''အမယ်လေးတော့"""အမယ်လေး၊ အရပ်ကတို့ ကယ်ကြပါဦး၊ ကယ်ကြပါဦးတော့"""'' ရန်ဖြစ်သံ၊ ရိုက်သံနှက်သံ၊ ငိုယိုသံတို့သည် ကိုငွေဘော်၏ နောက်မှ ကျန်ရစ်ခဲ့လေသည်။ ကိုငွေဘော်က တော့ မနက်က သူကြားခဲ့ရသည့် ''ဒီကနေ့ဟာ တို့အတွက် နိဗ္ဗာန်ကွ'' ဆိုသော စကားသံကိုသာ ကြားယောင် နေမိလေသည်။
မှောင်စပျိုးပေပြီ။ ဆည်းဆာရောင်များသည် ဖျော့တော့ မှေးမှိန်ကာ ဝန်းကျင် တစ်ခုလုံး မှုန်မှိုင်းလာ လေသည်။ ကိုငွေဘော်သည် သူ၏ တန်းလျားရှိရာသို့ ပြန်လျှောက်ခဲ့လေ၏။ သည်တော့မှပင် ဟိုတစ်နေ့က သူရွှေ့စိုက်ခဲ့သော ငရုတ်ပင်လေးကို ရေလောင်းရန် သတိရလာမိ၏။ မနက်က ရေလောင်းတုန်းကတော့ ငရုတ်ပင်၏ အရွက်ကလေးတွေ ညှိုးနေသေးသည်။ သြော်"""အမြစ်မှ မတွယ်သေးတာကိုး။ မကြာမီရက်များမှာတော့ ညှိုးရော်နေသော အရွက်ကလေးတွေ လန်းဆန်းလို့လာကောင်းပါရဲ့ဟ
လမ်းဘေး တစ်နေရာ အရောက်တွင် မြေပေါ်လဲကျကာ တညည်းညည်း တညူညူ ဖြစ်နေသော အမူးသမား တစ်ယောက်ကို တွေ့ရလေသည်။ အိမ်ခန်းတစ်ခုဆီမှ ပိုက်ကျူးသမားများ၏ ဆူဆူညံညံဖြင့် ငြင်းခုံ နေသံများကိုပါ ကြားနေရလေ၏။
ရပ်ကွက်တစ်ခုလုံးကို အမှောင်ထုက လွှမ်းမိုးစပြုလေပြီ။ လမ်းဘေး ဓာတ်တိုင်များမှ နီကြင်ကြင် လမ်းမီးပွင့် ကလေးအချို့ကား စွမ်းအားရှိသမျှ အလင်းထုတ်လွှတ်လျက်ရှိကြလေ၏။
သြော်"""မိုင်းလုံ၏ တစ်ခုသောရက်သည်ကား အလှအပ နည်းပါးစွာဖြင့် ကုန်ဆုံး လုချေပြီကော။ ။
No comments:
Post a Comment