အလှတရား
ဆင်တဲဝမြတ်ဖုန်း
၁၉၈၅ ခု၊သြဂုတ်လ၊ ရှုမဝမဂ္ဂဇင်း
တောင်ကုန်းငယ်ပေါ်ရှိ သတ္တုရှာဖွေရေး စခန်းရုံးမှ မိမိ၏ ယာယီတဲအိမ်ရှိရာ
တောင်စောင်း ဆင်ခြေလျှောဆီသို့ အဆင်း၌၊ ထင်းရှူးပင်တန်းအောက် အရောက်တွင်
ထင်းရှူးရွက်များ လေတိုးသံတရွှီရွှီကို ရပ်တန့်၍ နားအရသာ ခံနေလိုက်သေးသည်။
ညတုန်းက မိုး၏ အြွကင်းအကျန် ရေစက်ပွင့် ကလေးတွေက ထင်းရှူးရွက်များပေါ်
တင်ကျန်ရစ်ဆဲ။ ရွေ့လျား မိုးတိမ်မည်းအလွတ်၌
နေခြည်အမျှင်တန်းကလေးများ ဖြာကျလာလျှင်၊ ရေစက်ပွင့် ကလေးများသည် မြရောင်၊
နီလာရောင်၊ ပတ္တမြားရောင်"""ရောင်စုံ လက်ဖြာသွားတော့သည်။ သိပ်လှတာပဲ။
ကိုမိုးခိုင်သည် ချွန်မြမြ ထင်းရှူးရွက် ကလေးများပေါ်မှ
ကျောက်မျက်ပွင့်ကလေးများကို ငေးကြည့်နေမိပြန် လေသည်။
ရပ်တန့်နေရာမှ လှေကားထစ်အတိုင်း ခြေလှမ်းလိုက်လျှင်၊ မိုးရေဖြင့် နူးပျော့နေသော ထင်းရှူးရွက်ြွေကထဲ တောနင်းဖိနပ်တို့ အိဝင်သွားလေ၏။ ကွင်းဆင်းဝတ်စုံ ဝတ်ထားသော ကိုမိုးခိုင်သည် ရုပ်ရှင်ဇာတ်လိုက် ဟန်ဖြင့် တလှမ်းချင်း လှမ်းဆင်းခဲ့လေသည်။
သက်ကယ်မိုး၊ ဝါးထရံကာ တဲအိမ်လေးထဲ ဝင်လိုက်လျှင်၊ စားပွဲထက် ဝါးကျည်တောက်ထဲမှ သီတင်းရောင် သစ္စာပန်းရိုင်းတွေက ဆီးကြိုလို့ နေသည်။ ဝါးကျည်တောက် ခြေရင်းမှာတော့ ရော်နွမ်း၍ြွေကနေသော ပွင့်ဖတ်များ ကပိုကရို ပြန့်ကျဲနေလျက်။
ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်ကာ၊ သက်တောင့်သက်သာပင် အနားယူလိုက်လေသည်။ ပြတင်း ပေါက်မှ အဆက်မပြတ် တိုးဝင်နေသော ရှမ်းပြည်၏ ရေငွေ့ပြည့်သိပ် လေကို အားရပါးရ ရှိုက်သွင်းလိုက်လျှင် ချက်ချင်းပင် စိတ်၌ လန်းဆန်းသွားလေ၏။ မျက်နှာမူထားရာ တံခါးပေါက်မှ အဝေးမြင်ကွင်းကို ကြည့်မောမိ ပြန်သည်။ တောင်ကုန်း ဆင်ခြေလျှောသည် တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး၊ တောင်ကြားလွင်ပြင်ကျယ်ဖြစ်လျက်
အဝေးတွင် တောင်ကုန်း တခုအဖြစ် တဖန်ပြန်၍ မော့တက်ကာ၊
မိုးကုပ်စက်ဝိုင်းနှင့် ထိစပ်ရာတွင် အဆုံး သတ်သွားလေသည်။ မြက်ရှည် ထူထပ်သော
တောင်ကုန်းပေါ်ရှိ ကျိုးတိကျိုးတဲ သစ်ပင်အုပ်ဆီမှ 'ကုတ်ကူ' ငှက်၏
တွန်ကျူးသံသည် လေးတွဲ့စွာ လွင့်ပျံ့နေလေသည်။ ကွင်းပြင်တနေရာ၌ တကိုယ်လုံး
အမည်းရောင် ဝတ်စုံဝတ် ပအိုဝ့်တိုင်းရင်းသူ အမျိုးသမီးကြီး တယောက်သည်
ဓားကောက်ကြီးကို အားပြည့်မာန်ပြည့် လွှဲယမ်းကာ၊ တောင်ယာစပါးစိုက်ပျိုးရန်
တောရှင်းနေလေသည်။ ဓားရောင်ဖွေးကနဲ အလက်၌ လူတရပ်ခန့် မြက်များသည် ဖွာကနဲ၊
ဖွာကနဲ အပိုင်းပိုင်း ပြတ်ကျနေလေ၏။ ကိုမိုးခိုင်သည် ဤမြင်ကွင်းကို
ပန်းချီကား တကားအဖြစ် မြင်ကြည့်နေမိပြန်သည်။
''ဆရာအို၊ ဆရာအို"""''
မဝံ့မရဲခေါ်သံကြောင့် စိတ်ကူးရေယဉ်မှ နိုးထမော့ကြည့်လိုက်ရာ၊ အဖေအရွယ် လူကြီးတယောက်ဖြစ်နေ သဖြင့်၊ ကိုမိုးခိုင် အနေကျပ်ကာ အားတုံ့အားနာ ဖြစ်သွားလေသည်။ စိတ်ထဲမှာတော့ ကျေနပ်သွားမိလေ၏။ ဤတောင်ရိုး၊ ဓနုတိုင်းရင်းသား တို့၏ ရှမ်းပြည်မြေလတ်ဒေသ၌ 'ဆရာ'ဟူသော စကားကို များသောအားဖြင့် 'ဆရာအို' ဟူ၍ သုံးနှုန်းကြလေသည်။ အသက်ငါးဆယ်ကျော်အရွယ် အလုပ်သမားကြီးသည် ကိုမိုးခိုင်၏ ရှေ့၌ ကျိုးနွံစွာရပ်နေ၏။ နေ့စားအလုပ်သမားစာရင်းကို ကိုင်ရသူ ကိုမိုးခိုင်ထံ မနက်ဖြန်အတွက် ခွင့်လာတင်ခြင်း ဖြစ်ပေသည်။ အဝါရောင် မိုင်းဦးထုပ်၊ အတွင်းခံမပါပဲ ရင်ခွဲထားသော တိုက်ပုံအနက် ခပ်နွမ်းနွမ်း၊ ပင်နီရှမ်း ဘောင်းဘီ ပွပွနှင့် ပုံပန်းမကျသော ပုတိုတို မိုင်းဖိနပ်တို့ဖြင့် အလုပ်သမားကြီးကို ကြည့်ရသည်မှာ ရယ်စရာ ကောင်းနေသည်။ အထင်သေးစရာလည်း ကောင်းနေသည်ဟု ကိုမိုးခိုင် ထင်နေမိသည်။ ပညာမတတ်တော့ လည်း ဒီလိုပဲပေါ့လေ။ ဒါကြောင့်လည်း မြေအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတာပေါ့။ ကိုယ့်လိုဘွဲ့ရ လူတယောက်ဖြစ်မည်ဆိုလျှင်တော့ ၊
ဆရာအခေါ်ခံ အတန်းအစားထဲ ရောက်သွားမည်လေ။ ခုတော့လည်း မိမိသားအရွယ်
အသက်နှစ်ဆယ်ကျော် လူငယ်လေးကို ဆရာခေါ်နေရရှာပေသည်။ ကိုမိုးခိုင်သည်
မိမိကိုယ်ကို အတော်လေး အထင်ကြီးသွားမိလေသည်။ တယ်ဟုတ်တဲ့ ငါပါလား။ အလုပ် ထဲ
ရောက်စမို့ သတ္တုရှာဖွေရေးနှင့် ပက်သက်ပြီး ဘာမျှ ဟုတ္တိပတ္တိ
မလုပ်ရသေးသော်လည်း ဆရာတော့ အခေါ်ခံနေရပြီ။ လောလောဆယ် လုပ်နေရသည်မှာ
ပုံဆွဲကလောင်သွားဖြင့် စာလုံးအရေး လေ့ကျင့်နေရခြင်း မျှသာ ဖြစ်သည်။
စာမေးပွဲတွေ အောင်လာခဲ့တာ မှန်ပေမယ့် လက်တွေ့သတ္တု ရှာဖွေရေး ဘူမိဗေဒ
အလုပ်တွေ ဆိုတာ ဘာတွေမှန်း ရေရေလည်လည် သိသေးသည် မဟုတ်။ ဒါပေမယ့် ဘာဖြစ်လဲ။
ခပ်တည်တည်ပေါ့။ ရုံးပိတ်ရက်နှင့် ဘော်ဆိုင်းဈေးနေ့ တိုက်ဆိုင်သော
နေ့များတွင် မာဇဒါဂျစ်ကားလေးကို ဟန်ပါပါစီးပြီး၊ တမိုင်ကျော်ဝေးသော
ဘော်ဆိုင်းဈေးသို့ သွားလိုက်သည်။ လူရှုပ်ရှုပ်နေရာမှာ ကားကို ဝူးကနဲ
ထိုးရပ်လိုက်ကာ၊ ကားပေါ်မှအဆင်း၌ ကားတံခါးကို လှည့်မကြည့်ပဲနှင့် ဂျိန်းကနဲ
မည်အောင် ပိတ်လိုက်လျှင်၊ လူတွေက အထင်တကြီး လှည့်ကြည့်ကြသည်။ မျက်လုံးတွေ
ဝိုင်းဝိုင်းလည်နေသည့် ကြားမှပင် ရင်ကော့ကာ၊ မျက်နှာမော့ကာဖြင့်
ဈေးထဲဝင်ပြီး လမ်းသလားလိုက်သည်။ ဈေးထဲ၌ဟိုက သည်က 'ဆရာအို' ခေါ်သံတွေကို
ရှောင်မလွတ်နိုင်။ ဈေးလာရောင်းသူ လှသော ပျိုဖြူချောတို့၏
တိတ်တခိုးအကြည့်ကို အရေးမစိုက်ဟန်ပြုယင်း၊ ကျိတ်၍ ကျေနပ်လိုက်ရသေးသည်။
ဈေးထဲမှာ တွေ့သမျှ အလုပ်သမားတွေကို စေတနာ ကြီးကြီးဖြင့် အတင်းဖိတ်ခေါ်လျက်၊
တို့ဟူး နှစ်ပြန်ကြော်၊ သုံးပြန်ကြော် ကျွေးရသည်မှာလည်း ပျော်စရာပင်။
အားမနာနဲ့နော်၊ စားသာစားကြ။ ငါးယောက် မျှသော အလုပ်သမားများကို
ကျွေးလိုက်လျှင်၊ သူတို့၏ ပါးစပ်များမှ -''ခုရောက်လာတဲ့ ဆရာကိုမိုးခိုင်က
သိပ်သဘော ကောင်းတယ်"""'' ဆိုသော စကားက အရပ်သူ အရပ်သား တရာ၊ နှစ်ရာဆီ
ရောက်သွားနိုင်မည်။ ကျွေးရကျိုး ဘယ်လောက် နပ်လိုက်ပါသလဲ။ အရပ်သူ
အရပ်သားတွေက မိမိအားလူကောင်း သူကောင်း အဖြစ် မြင်နေကြပြီဆိုလျှင်၊
လူမှုဆက်ဆံရေး နယ်ပယ်၌ အရာရာ အဆင်ပြေပြီပေါ့။ ဘော်ဆိုင်းရွာထဲရှိ မည်သူ့
အိမ်ကို သွားလည်မည်လဲ။ ဖိနပ်ချွတ်သို့ ရောက်လာသည်ဆိုလျှင်၊ အိမ်ရှင်တွေက
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြတော့သည်သာ။ ''ြွကပါ ဆရာအို၊ြွကပါ''၊
''အပေါ်နားကို တိုးထိုင်ပါ"""''ဆိုပြီး အိမ်ဦးခန်းမှာ သင်ဖြူးတွေ၊
ကော်ဇောတွေခင်းပြီး နေရာပေးကြသည်။ ''အခါးရည် သုံးဆောင်ပါ
ဆရာအို"""''ဆိုလျက်၊ ပန်းကန်ထဲ ဆားခံပြီး ငှဲ့ပေးကြသည်။
သြော်"""ဟန်ကျလိုက်ပါဘိနော် ။ အာဂ ငါပါတကား။ ကိုမိုးခိုင်သည် မတွေ့စဖူး အတွေ့ထူး၌ မွေ့လျက်၊ စိတ်ကြီးဝင်သွေြးွက နေမိသည်။ フ フ フ フ フ フ フ フ フ フ フ フ
စိတ်စောနေ သဖြင့် ယနေ့ အိပ်ရာမှ စောစောနိုးနေသည်။ မျက်နှာထသစ်တော့ အပြင်ဘက်မှာ မိုးဖွဲဖွဲ ကျနေသည်။ စခန်းပတ်ဝန်းကျင်က လှိုင်းတွန့်တောင်ကုန်း တောင်တန်းတွေသည် မှုန်လို့ မှိုင်းလို့။ ကွင်းဆင်း ဝတ်စုံကို ဝတ်နေစဉ်၊ ယနေ့ မြေအောက် စိုက်ကွင်းထဲသို့ စတင်ဆင်းရတော့မည်ကို တွေးယင်း စိတ်လှုပ်ရှား နေသဖြင့်၊ ကြုံရာ သီချင်းတပုဒ်ကို လေချွန်ပစ်လိုက်ရလေသည်။
စိုက်တွင်းနား ရောက်၍ ကားပေါ်မှ ဆင်းကာ မိုးရေကိုဖြတ်ပြီး တဲအတွင်း ခပ်သုတ်သုတ် ဝင်လိုက်လျှင်၊ တာဝန်ကျ အလုပ်သမား နှစ်ယောက်ကို တွေ့ရလေသည်။ သူတို့သည် မြေစာသယ်သော ပုံးကို အတင်အချ လုပ်ရန် တာဝန်ယူရသူများ ဖြစ်လေသည်။ မိုးချမ်းသဖြင့် မီးဖိုဘေး၌ ထိုင်နေကြဆဲပင်။ မီးဖိုပေါ်၌ ချိတ်ဖြင့် ဆွဲထားသော တည်ကရားအိုး ခပ်အိုအို ခပ်မည်းမည်း၏ နှုတ်ခမ်းဝမှ ရေနွေးများ ဆူဝေလျှံကျနေသည်။ ကိုမိုးခိုင်သည် မီးဖိုနားမှ ခွာကာ လေးပေပတ်လည်၊ လေးထောင့်ပုံ စိုက်တွင်းထဲ ငုံ့ကြည့်လိုက်လျှင် ကျောချမ်းသွားမိလေ၏။ တွင်း၏အောက်ပိုင်းကို အမှောင်ထုက ပိတ်ဆို့ထားလေသည်။ တွင်းအပေါ်တွင် သစ်သားလုံး တခုကို၊ တွင်း၏ တဘက်တချက်၌ စိုက်ထားသော တိုင်နှစ်ခုတွင်တပ်ဆင်ထားသော၊
တဘက် တချက်မှ လက်ကိုင်များကို လှည့်ခြင်းဖြင့် သစ်သားလုံးကို လည်စေလျက်၊
သစ်သားလုံးတွင် ချည်ထားသော ကြိုးဖြင့် တွင်းထဲမှ မြေသယ်သော ပုံးကို
အတက်အဆင်း ပြုလုပ်နိုင်လေသည်။
မည်းမှောင်နေသော တွင်းကိုကြည့်ယင်း ကိုမိုးခိုင် လန့်နေသည်။ မကြာမီ တွင်းထဲကို ဆင်းရတော့မှာ ပါကလား။ စခန်းက ထွက်လာစဉ် တုန်းကတော့ ဘောင်းဘီ၊ ဂျက်ကက်၊မိုင်းဖိနပ်၊ မိုင်းဦးထုပ် အပြည့်အစုံနဲ့။ ခါးပတ်မှာလဲ တူအိတ်တွေ၊ ကွန်ပါအိတ်တွေ ချိတ်လို့။ ခန့်ခန့်ညားညားပါပဲ။ ခုတော့လည်း မျက်နှာငယ်လေးနဲ့ သိမ်ငယ်သလို ခံစားနေရသည်။ အလုပ်သမား နှစ်ယောက်ကတော့ ပြောလိုက်ဆိုလိုက်၊ ရယ်မောလိုက်၊ တဟားဟား- တဝါးဝါး။ ''ဆရာအို- အခါးရည်သောက်ပါဦး၊ ဖြည်းဖြည်းမှ ဆင်းတာပေါ့"""''
အလုပ်သမားများပေးသော သစ်သားထိုင်ခုံပုလေးတွင် ဝင်ထိုင်ကာ၊ ဝါးခွက်ထဲမှ အခါးရည်ခေါ် ရေနွေး ကြမ်း နီကြင်ကြင် ပူလောင်လောင်ကို မှုတ်သောက်နေလိုက်ရသည်။ စိတ်ထဲမှာတော့ လေးလံနေသည်။ ကိုမိုးခိုင် အားလိုက်လံပြသမည့် သူ့အထက်ကအရာရှိ ဦးအောင်စိုးမြင့် ကတော့ အတွေ့အကြုံများခဲ့ပြီမို့၊ စိတ်အေးလက်အေး စွာပင် မိုးမှုန်လေးတွေကို ငေးကြည့်နေလေသည်။
ရပ်တန့်နေရာမှ လှေကားထစ်အတိုင်း ခြေလှမ်းလိုက်လျှင်၊ မိုးရေဖြင့် နူးပျော့နေသော ထင်းရှူးရွက်ြွေကထဲ တောနင်းဖိနပ်တို့ အိဝင်သွားလေ၏။ ကွင်းဆင်းဝတ်စုံ ဝတ်ထားသော ကိုမိုးခိုင်သည် ရုပ်ရှင်ဇာတ်လိုက် ဟန်ဖြင့် တလှမ်းချင်း လှမ်းဆင်းခဲ့လေသည်။
သက်ကယ်မိုး၊ ဝါးထရံကာ တဲအိမ်လေးထဲ ဝင်လိုက်လျှင်၊ စားပွဲထက် ဝါးကျည်တောက်ထဲမှ သီတင်းရောင် သစ္စာပန်းရိုင်းတွေက ဆီးကြိုလို့ နေသည်။ ဝါးကျည်တောက် ခြေရင်းမှာတော့ ရော်နွမ်း၍ြွေကနေသော ပွင့်ဖတ်များ ကပိုကရို ပြန့်ကျဲနေလျက်။
ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်ကာ၊ သက်တောင့်သက်သာပင် အနားယူလိုက်လေသည်။ ပြတင်း ပေါက်မှ အဆက်မပြတ် တိုးဝင်နေသော ရှမ်းပြည်၏ ရေငွေ့ပြည့်သိပ် လေကို အားရပါးရ ရှိုက်သွင်းလိုက်လျှင် ချက်ချင်းပင် စိတ်၌ လန်းဆန်းသွားလေ၏။ မျက်နှာမူထားရာ တံခါးပေါက်မှ အဝေးမြင်ကွင်းကို ကြည့်မောမိ ပြန်သည်။ တောင်ကုန်း ဆင်ခြေလျှောသည် တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး၊ တောင်ကြားလွင်ပြင်ကျယ်ဖြစ်လ
''ဆရာအို၊ ဆရာအို"""''
မဝံ့မရဲခေါ်သံကြောင့် စိတ်ကူးရေယဉ်မှ နိုးထမော့ကြည့်လိုက်ရာ၊ အဖေအရွယ် လူကြီးတယောက်ဖြစ်နေ သဖြင့်၊ ကိုမိုးခိုင် အနေကျပ်ကာ အားတုံ့အားနာ ဖြစ်သွားလေသည်။ စိတ်ထဲမှာတော့ ကျေနပ်သွားမိလေ၏။ ဤတောင်ရိုး၊ ဓနုတိုင်းရင်းသား တို့၏ ရှမ်းပြည်မြေလတ်ဒေသ၌ 'ဆရာ'ဟူသော စကားကို များသောအားဖြင့် 'ဆရာအို' ဟူ၍ သုံးနှုန်းကြလေသည်။ အသက်ငါးဆယ်ကျော်အရွယ် အလုပ်သမားကြီးသည် ကိုမိုးခိုင်၏ ရှေ့၌ ကျိုးနွံစွာရပ်နေ၏။ နေ့စားအလုပ်သမားစာရင်းကို ကိုင်ရသူ ကိုမိုးခိုင်ထံ မနက်ဖြန်အတွက် ခွင့်လာတင်ခြင်း ဖြစ်ပေသည်။ အဝါရောင် မိုင်းဦးထုပ်၊ အတွင်းခံမပါပဲ ရင်ခွဲထားသော တိုက်ပုံအနက် ခပ်နွမ်းနွမ်း၊ ပင်နီရှမ်း ဘောင်းဘီ ပွပွနှင့် ပုံပန်းမကျသော ပုတိုတို မိုင်းဖိနပ်တို့ဖြင့် အလုပ်သမားကြီးကို ကြည့်ရသည်မှာ ရယ်စရာ ကောင်းနေသည်။ အထင်သေးစရာလည်း ကောင်းနေသည်ဟု ကိုမိုးခိုင် ထင်နေမိသည်။ ပညာမတတ်တော့ လည်း ဒီလိုပဲပေါ့လေ။ ဒါကြောင့်လည်း မြေအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတာပေါ့။
စိတ်စောနေ သဖြင့် ယနေ့ အိပ်ရာမှ စောစောနိုးနေသည်။ မျက်နှာထသစ်တော့ အပြင်ဘက်မှာ မိုးဖွဲဖွဲ ကျနေသည်။ စခန်းပတ်ဝန်းကျင်က လှိုင်းတွန့်တောင်ကုန်း တောင်တန်းတွေသည် မှုန်လို့ မှိုင်းလို့။ ကွင်းဆင်း ဝတ်စုံကို ဝတ်နေစဉ်၊ ယနေ့ မြေအောက် စိုက်ကွင်းထဲသို့ စတင်ဆင်းရတော့မည်ကို တွေးယင်း စိတ်လှုပ်ရှား နေသဖြင့်၊ ကြုံရာ သီချင်းတပုဒ်ကို လေချွန်ပစ်လိုက်ရလေသည်။
စိုက်တွင်းနား ရောက်၍ ကားပေါ်မှ ဆင်းကာ မိုးရေကိုဖြတ်ပြီး တဲအတွင်း ခပ်သုတ်သုတ် ဝင်လိုက်လျှင်၊ တာဝန်ကျ အလုပ်သမား နှစ်ယောက်ကို တွေ့ရလေသည်။ သူတို့သည် မြေစာသယ်သော ပုံးကို အတင်အချ လုပ်ရန် တာဝန်ယူရသူများ ဖြစ်လေသည်။ မိုးချမ်းသဖြင့် မီးဖိုဘေး၌ ထိုင်နေကြဆဲပင်။ မီးဖိုပေါ်၌ ချိတ်ဖြင့် ဆွဲထားသော တည်ကရားအိုး ခပ်အိုအို ခပ်မည်းမည်း၏ နှုတ်ခမ်းဝမှ ရေနွေးများ ဆူဝေလျှံကျနေသည်။ ကိုမိုးခိုင်သည် မီးဖိုနားမှ ခွာကာ လေးပေပတ်လည်၊ လေးထောင့်ပုံ စိုက်တွင်းထဲ ငုံ့ကြည့်လိုက်လျှင် ကျောချမ်းသွားမိလေ၏။ တွင်း၏အောက်ပိုင်းကို အမှောင်ထုက ပိတ်ဆို့ထားလေသည်။ တွင်းအပေါ်တွင် သစ်သားလုံး တခုကို၊ တွင်း၏ တဘက်တချက်၌ စိုက်ထားသော တိုင်နှစ်ခုတွင်တပ်ဆင်ထားသေ
မည်းမှောင်နေသော တွင်းကိုကြည့်ယင်း ကိုမိုးခိုင် လန့်နေသည်။ မကြာမီ တွင်းထဲကို ဆင်းရတော့မှာ ပါကလား။ စခန်းက ထွက်လာစဉ် တုန်းကတော့ ဘောင်းဘီ၊ ဂျက်ကက်၊မိုင်းဖိနပ်၊ မိုင်းဦးထုပ် အပြည့်အစုံနဲ့။ ခါးပတ်မှာလဲ တူအိတ်တွေ၊ ကွန်ပါအိတ်တွေ ချိတ်လို့။ ခန့်ခန့်ညားညားပါပဲ။ ခုတော့လည်း မျက်နှာငယ်လေးနဲ့ သိမ်ငယ်သလို ခံစားနေရသည်။ အလုပ်သမား နှစ်ယောက်ကတော့ ပြောလိုက်ဆိုလိုက်၊ ရယ်မောလိုက်၊ တဟားဟား- တဝါးဝါး။ ''ဆရာအို- အခါးရည်သောက်ပါဦး၊ ဖြည်းဖြည်းမှ ဆင်းတာပေါ့"""''
အလုပ်သမားများပေးသော သစ်သားထိုင်ခုံပုလေးတွင် ဝင်ထိုင်ကာ၊ ဝါးခွက်ထဲမှ အခါးရည်ခေါ် ရေနွေး ကြမ်း နီကြင်ကြင် ပူလောင်လောင်ကို မှုတ်သောက်နေလိုက်ရသည်။ စိတ်ထဲမှာတော့ လေးလံနေသည်။ ကိုမိုးခိုင် အားလိုက်လံပြသမည့် သူ့အထက်ကအရာရှိ ဦးအောင်စိုးမြင့် ကတော့ အတွေ့အကြုံများခဲ့ပြီမို့၊ စိတ်အေးလက်အေး စွာပင် မိုးမှုန်လေးတွေကို ငေးကြည့်နေလေသည်။
ခဏကြာလျှင်
ဦးအောင်စိုးမြင့်နှင့် ကိုမိုးခိုင်တို့ တွင်းထဲဆင်းရန် ပြင်ကြသည်။
ရှေးဦးစွာ ဦးအောင်စိုးမြင့် သည် တန်းလန်းချထားသော
ကြိုးကိုခြေနှစ်ဘက်ဖြင့်ညှပ်၊
လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ သက်တောင့် သက်သာပင် လျှောဆင်းသွားလေသည်။
ဦးအောင်စိုးမြင့် ဆင်းပြီးသော် ကိုမိုးခိုင်၏ အလှည့်ရောက်လာပြီ။ ရင်သည်
တဒိန်းဒိန်း ခုန်လာလေသည်။ ယခင်က ဆယ်ပေမျှလောက်နက်သော တွင်းထဲကိုပင် မဆင်းဖူးခဲ့။ဆင်းလည်းမဆင်းရဲခဲ့။ ယခု တွင်းအနက်သည် ၈၅-ပေ ရှိသည်။ တွင်းနှုတ်ခမ်းပေါ်ရောက်ပြီး ကြိုးကိုကိုင်လိုက် တော့၊ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။
''ကြိုးကိုလက်နဲ့ တအားဆုပ်မထားနဲ့နော်- ဆရာအို၊ ခပ်ဖွဖွလေး ထိန်းကိုင်ထား"""''
အပေါ်မှာ တာဝန်ကျသော အလုပ်သမားနှစ်ယောက်က စေတနာဖြင့် သတိပေးနေသည်။ ကျပ်လုံး သာသာရှိသော အုန်းဆံကြိုးကို ခြေနှစ်ဘက်ဖြင့်ညှပ်၊ လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင်""" ၊
ကြိုးသည် ယမ်းသွားသဖြင့် ကိုမိုးခိုင်သည် တပတ်နှစ်ပတ် လည်သွားကာ
ဟိုနံရံတိုက်၊ သည်နံရံတိုက် ဖြစ်သွားလေ တော့သည်။ အောင်မယ်လေးလေး၊
ဒုက္ခပါပဲ"""ဒုက္ခပါပဲ။ ပြုတ်များကျသွားယင်တော့"""။ ရင်ထဲမှာ
တလှပ်လှပ်။ အေးကနဲ စိမ့်ကနဲ။ နားထင်နားရင်းတွေ ထူပူလာသည်။ ကြောက်စိတ်သည်
တကိုယ်လုံး နေရာအနှံ့ ပျံနှံ့လာကာ ကြောက်ကြောက်နှင့် ကြိုးကို
တအားဆုပ်ထားမိတော့သည်။ ကိုမိုးခိုင် အဆင်မချောသည်ကို သိသဖြင့်၊
တွင်းထဲမှရော တွင်းပေါ်မှပါ သတိပေး စကားတွေ အော်ကြသည်။
သို့သော်"""ကိုမိုးခိုင် မွှန်ထူနေ သဖြင့် ဘာတွေမှန်းမသိနိုင်။
သတိကြီးစွာထား၍သာ တထစ်ချင်း လျှောချနေရသည်။ ကြိုးကို တအားဆုပ်ထား သဖြင့်
ခရီးကမတွင်။ မျက်နှာပြင်မှာတော့ ဘယ်အချိန်က ထွက်လိုက်မှန်း မသိသော
ချွေးတွေပြန်နေပြီ။ ရင်ထဲမှာလည်း တဒိန်းဒိန်း၊ အသည်းနှလုံးတွေ
ပြုတ်ကျတော့မည်လား ထင်ရသည်။ ၈၅-ပေမျှသော ခရီးကို မိုင်ပေါင်း ၈၅၀ဝ
မကထင်နေသည်။ ရောက်ခဲလိုက်တာနော်။ တွင်းအနက်ပိုင်းသို့ ရောက်သော် လေကလည်း
မလတ်ဆတ်တော့၊ မွန်းကျပ်ကျပ် ခံစားလာရသည်။
ရုတ်တရက် ခြေထောက်က အောက်ခံသစ်သားတန်းကို ထိမိလိုက်လျှင်၊ ဝမ်းသာလိုက်ပုံမှာ ပြောစရာ မရှိတော့။ သူ့ကိုစောင့်နေသော ဦးအောင်စိုးမြင့်၏ လက်ကို စိတ်ထိန်းချုပ်မှုကင်းစွာ လှမ်းဆုပ်လိုက်မိသည်။ တော်ပါသေးရဲ့ဗျာ၊ အောက်ပြုတ်ကျမသွားလို့၊ အသံတွေ တုန်နေဆဲပင်။
''ခင်ဗျားက ကြိုးကို တအား ဆုပ်ထားတာကိုး လက်မပွန်းဘူးလား"""''
ဦးအောင်စိုးမြင့် ပြောတော့မှ ပူနေသော မိမိ၏လက်ကို ဦးအောင်စိုးမြင့်၏ ကာဘိုက်မီးရောင်တွင် အလန့်တကြား ကြည့်လိုက်မိသည်။ အို"""လက်ဖဝါးနှစ်ခုလုံး ပွန်းပဲ့နေပါကလား။ စောစောက သွေးပူနေ၍ သတိမထားမိ။ ယခုမှပင် နာကျင်နေမှန်း သိရတော့သည်။ ဟာ ဒုက္ခပါပဲ၊ ကွက်တိကွက်ကျား သွေးစို့နေသော လက်ဖဝါးနှစ်ခုကို အကြိမ်ကြိမ် ကြည့်ကာ စုတ်သပ်နေမိတော့သည်။
''မသေနိုင်ပါဘူး ဆရာအိုရ၊ အသက်နဲ့အဝေးကြီးပါ"""ဟဲ"""ဟဲ"""ဟဲ"""''
အသံရှင်ကို ကြည့်လိုက်တော့ မည်းချိပ်နေသော သွားများဖြင့် ရယ်မောနေသော အလုပ်သမားကြီးကို ကာဘိုက်မီးရောင်တွင် တွေ့လိုက်ရသည်။ သူ့နောက်နား ကပ်လျက်တွင် မျက်နှာပိုး မသေပဲ စပ်ဖြဲဖြဲလုပ်နေသော အလုပ်သမား နှစ်ယောက်။ ကိုမိုးခိုင် ရှက်စိတ်ဖြင့် မွှန်ထူသွားသည်။ နှုတ်မှ တစုံတခု ထွက်သွားတော့မလို ဖြစ်သွားပြီးမှ 'အေး"""တချိန်ချိန်မှာတော့ အကြောင်းသိရမှာပေါ့ကွာ"""' ဟုကျိတ်၍ ကြိမ်းဝါးကာ၊ ဒေါသကို ချိုးနှိမ် ထိန်းသိမ်း လိုက်ရသည်။
သတ္တုကြော ရှာဖွေသော လှိုဏ်ခေါင်းထဲ ဝင်ကြည့်ကာ၊ ဦးအောင်စိုးမြင့် ရှင်းပြသည်များကို မှတ်သားနေ ရသည့်တိုင်၊ သွားမည်းမည်းနှင့် အလုပ်သမားကြီး၏ လှောင်ရယ်သံကိုသာ ကြားယောင်နေမိလေသည်။ စခန်းသို့ ပြန်လာတော့လည်း စိတ်ထဲက မကြည်မလင်။ မိုးတိမ်ဖြူတွေကို ပွေ့ဖက်ထားသော တောင်ကုန်းတောင်တန်းတို့ ၏ အလှကိုလည်း ခါတိုင်းကလို မခံစားနိုင်။ သီတင်းရောင် သစ္စာ အရိုင်းပွင့်လေးတွေကို ကြည့်ပြီးတော့လည်း အပန်း မဖြေနိုင်တော့။ မိုးဆွတ်လေသည်ပင် ပူလောင်စွတကား။
''အလကားလူတွေ"""၊ဘာမှ အလိုက်ကန်းဆိုး မသိဘူး''
ကိုမိုးခိုင်သည် ပြတင်းပေါက် တံခါးကို လက်ဖြင့်ဆောင့်၍ ဖွင့်လိုက်လေသည်။
フ フ フ フ フ フ フ フ フ フ フ フ
လက်က အနာမပျောက်သေး၍ တွင်းထဲ ဆက်မဆင်းသေးပဲ၊ စခန်း၌ နေရသော သုံးလေးရက်အတွင်း၌၊ ကိုမိုးခိုင်၏ စိတ်သည် ဂနာမငြိမ် ဖြစ်နေလေသည်။ ဘော်ဆိုင်းမှ အလုပ်သမားကြို ကားကြီး ရုံးရှိရာ တောင်ကုန်း ပေါ်တက်လာလျှင် ပို၍ စိတ်မတည်မငြိမ် ဖြစ်ရသည်။ 'ဟိုး' ကနဲ ဝိုင်းအော်ပြီး ကားအရပ်ခိုင်းသံ စူးစူးကြီးက ဒေါသကို ဆွလိုက်လျှင်၊ အံကို နာနာကြိတ်ထားလိုက်ရသည်။ ''ဆရာအို"""လက်အနာ သက်သာသွားပြီ လား"""''ဟုစေတနာဖြင့် အလုပ်သမားတချို့က ကောင်းမွန်စွာ မေးသည်ကိုပင်၊ မိမိကို လာ၍ ပြောင်လှောင် နေသည် ဟု ထင်နေမိကာ၊ စကားပြန်မပေးပဲ မျက်နှာကို တတ်နိုင်သမျှ တင်းထားလိုက်လေသည်။
လက်အနာ ပျောက်၍ ကိုမိုးခိုင် စိုက်တွင်းထဲ ပြန်ဆင်းသောနေ့၌ စိတ်လက်ပေါ့ပါးနေသည်။ ငါ၏ ကြောက်ရွံ့ညံ့ဖျင်းမှုကို ပယ်ဖျက်ပစ်လိုက်နိုင်တော့မည်။ အထူးသဖြင့် သွားမည်းမည်း အလုပ်သမားကြီးသည် မိမိအပေါ် သူ၏ အထင်သေးမှုကို ပြန်လည်ရုပ်သိမ်းသွားစေရမည် ။
ယခုအကြိမ်၌ ကိုမိုးခိုင်သည် ကြိုးအတိုင်းလျှောမဆင်းပဲ၊ တွင်းနံရံ၌ ကာရံထားသော သစ်သားတန်းများ ကို အားပြု၍ဆင်းရန် ပြင်ဆင်လေသည်။ စိုက်တွင်း တူးစဉ်ကပင် ၆-ပေ အနက် ရောက်လျှင် ထောင့်များ၌ သစ်သားတိုင် လေးတိုင်ကို အထက်အောက် သစ်သားတန်းများဖြင့် စရွေးကိုက် တပ်ဆင်ထိန်းချုပ်ထားခဲ့ရာ၊ နောက်ထပ် ၆-ပေ အနက်ရောက်လျှင်၊ နောက်ထပ် တိုင်လေးတိုင်ကို အထက်ရှိ တိုင်များနှင့် ဆက်လျက် စရွေးဖြင့်လည်းကောင်း၊ သံရိုက်၍လည်းကောင်း ခိုင်မြဲတောင့်တင်းအောင် တပ်ဆင်ခြင်းဖြင့်၊ တွင်းဆုံးသည်အထိ တွင်းတတွင်းလုံးကို သစ်သားတပ်ဆင်နိုင်လေသည်။ ゞင်းတို့ကို အခြေခံပြီး၊ တလက်မထူသော သစ်သားပြားများ ကို နံရံများတွင် အလျားလိုက် ကာရံနိုင်ကာ၊ တွင်းပြိုခြင်း၊ တွင်းနံဘေးမှ မြေများ လျှောကျခြင်းမှ ကာကွယ်နိုင် လေသည်။ ကိုမိုးခိုင်သည် ထိုသစ်သားတန်းများကို အားပြု၍ တွင်း၏ ထောင့်တထောင့်မှ ဆင်းမည်ဖြစ်လေသည်။ထိုသို့ ဆင်းနည်းသည် ကြိုးအတိုင်း လျှောဆင်းသလောက် မမြန်သော်လည်း၊ တွင်းအသစ်ဖြစ်၍၊ လှေကား မတပ်ဆင်ရသေးသော ဤတွင်းမျိုး၌ ကြိုးဖြင့် မဆင်းလိုလျှင်၊ တခုတည်းသောဆင်းရန် နည်းလမ်းဖြစ်လေသည်။
ကိုမိုးခိုင်သည် ကာဘိုက်မီးခွက်ကို မီးထွန်းလိုက်လေသည်။ ကြိုးဖြင့်ဆင်းတုန်းကတော့ လမ်း၌ မီးထွန်းရန် မလိုပေ။ ယခုတော့ မထွန်း၍ မဖြစ်ချေ။ သစ်သားတန်းများသည် အစိပ်အကျဲ ညီချင်မှညီမည်။ တချို့နေရာတွင် အလျားလိုက် သစ်သားပြားမရှိပဲ၊ ဒေါင်လိုက် (သို့မဟုတ်) ကန့်လန့်ဖြတ် သစ်သားတန်းသာ ရှိသည်ဖြစ်ရာ၊ အလင်းရောင် ရမှသာလျှင်၊ ခြေနင်းစရာ၊ လက်ကိုင်စရာကို ကောင်းကောင်းမြင်နိုင်ပြီး ဘေးကင်းစွာ ဆင်းနိုင်မည် ဖြစ်ပေသည်။
ကိုမိုးခိုင်သည် ကာဘိုက်မီးခွက်ကို မိုင်းဦးထုပ် ရှေ့ပိုင်းထိပ်တွင် ချိတ်လိုက်ရာ အလေ့အကျင့် မရှိသည်ဖြစ် ၍၊ မီးခွက်၏ အလေးချိန်ဖြင့် မိုင်းဦးထုပ်သည် နဖူးပေါ် ငိုက်ကျသွားလေသည်။ ဒီအတိုင်းဆိုလျှင်တော့ မဖြစ်။ ဆင်းနေစဉ် မီးခွက်ရော၊ ဦးထုပ်ပါ အောက်သို့ ကျသွားလျှင် အခက်။ မီးခွက်ကို လက်ဖြင့်ကိုင်၍ ဆင်းရတော့မည်။ မီးခွက်၏ ကျောဘက်မှ လက်ကိုင်ချိတ်ကလေးကို ညာဘက်လက်မတွင် ချိတ်လိုက်လျှင်၊ မီးခွက်သည် ခပ်ငိုက်ငိုက် အနေအထားဖြင့် လူမျက်နှာမူရာဘက်ကို အလင်းရောင်ပေးနေပေသည်။ ညာဘက်လက်သည် မီးခွက်ကို လက်မ တွင်သာ ချိတ်ထားရသဖြင့်၊ (လွတ်လွတ်ကျွတ်ကျွတ် မဟုတ်သည့်တိုင်) လွတ်နေသော ဗယ်ဘက်လက် ကဲ့သို့ပင် သစ်သားတန်းများကို ကိုင်တွယ်ဆင်းနိုင်လေသည်။
''ကြိုးကိုလက်နဲ့ တအားဆုပ်မထားနဲ့နော်- ဆရာအို၊ ခပ်ဖွဖွလေး ထိန်းကိုင်ထား"""''
အပေါ်မှာ တာဝန်ကျသော အလုပ်သမားနှစ်ယောက်က စေတနာဖြင့် သတိပေးနေသည်။ ကျပ်လုံး သာသာရှိသော အုန်းဆံကြိုးကို ခြေနှစ်ဘက်ဖြင့်ညှပ်၊ လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင်"""
ရုတ်တရက် ခြေထောက်က အောက်ခံသစ်သားတန်းကို ထိမိလိုက်လျှင်၊ ဝမ်းသာလိုက်ပုံမှာ ပြောစရာ မရှိတော့။ သူ့ကိုစောင့်နေသော ဦးအောင်စိုးမြင့်၏ လက်ကို စိတ်ထိန်းချုပ်မှုကင်းစွာ လှမ်းဆုပ်လိုက်မိသည်။ တော်ပါသေးရဲ့ဗျာ၊ အောက်ပြုတ်ကျမသွားလို့၊ အသံတွေ တုန်နေဆဲပင်။
''ခင်ဗျားက ကြိုးကို တအား ဆုပ်ထားတာကိုး လက်မပွန်းဘူးလား"""''
ဦးအောင်စိုးမြင့် ပြောတော့မှ ပူနေသော မိမိ၏လက်ကို ဦးအောင်စိုးမြင့်၏ ကာဘိုက်မီးရောင်တွင် အလန့်တကြား ကြည့်လိုက်မိသည်။ အို"""လက်ဖဝါးနှစ်ခုလုံး ပွန်းပဲ့နေပါကလား။ စောစောက သွေးပူနေ၍ သတိမထားမိ။ ယခုမှပင် နာကျင်နေမှန်း သိရတော့သည်။ ဟာ ဒုက္ခပါပဲ၊ ကွက်တိကွက်ကျား သွေးစို့နေသော လက်ဖဝါးနှစ်ခုကို အကြိမ်ကြိမ် ကြည့်ကာ စုတ်သပ်နေမိတော့သည်။
''မသေနိုင်ပါဘူး ဆရာအိုရ၊ အသက်နဲ့အဝေးကြီးပါ"""ဟဲ"""ဟ
အသံရှင်ကို ကြည့်လိုက်တော့ မည်းချိပ်နေသော သွားများဖြင့် ရယ်မောနေသော အလုပ်သမားကြီးကို ကာဘိုက်မီးရောင်တွင် တွေ့လိုက်ရသည်။ သူ့နောက်နား ကပ်လျက်တွင် မျက်နှာပိုး မသေပဲ စပ်ဖြဲဖြဲလုပ်နေသော အလုပ်သမား နှစ်ယောက်။ ကိုမိုးခိုင် ရှက်စိတ်ဖြင့် မွှန်ထူသွားသည်။ နှုတ်မှ တစုံတခု ထွက်သွားတော့မလို ဖြစ်သွားပြီးမှ 'အေး"""တချိန်ချိန်မှာတော့ အကြောင်းသိရမှာပေါ့ကွာ"""' ဟုကျိတ်၍ ကြိမ်းဝါးကာ၊ ဒေါသကို ချိုးနှိမ် ထိန်းသိမ်း လိုက်ရသည်။
သတ္တုကြော ရှာဖွေသော လှိုဏ်ခေါင်းထဲ ဝင်ကြည့်ကာ၊ ဦးအောင်စိုးမြင့် ရှင်းပြသည်များကို မှတ်သားနေ ရသည့်တိုင်၊ သွားမည်းမည်းနှင့် အလုပ်သမားကြီး၏ လှောင်ရယ်သံကိုသာ ကြားယောင်နေမိလေသည်။ စခန်းသို့ ပြန်လာတော့လည်း စိတ်ထဲက မကြည်မလင်။ မိုးတိမ်ဖြူတွေကို ပွေ့ဖက်ထားသော တောင်ကုန်းတောင်တန်းတို့ ၏ အလှကိုလည်း ခါတိုင်းကလို မခံစားနိုင်။ သီတင်းရောင် သစ္စာ အရိုင်းပွင့်လေးတွေကို ကြည့်ပြီးတော့လည်း အပန်း မဖြေနိုင်တော့။ မိုးဆွတ်လေသည်ပင် ပူလောင်စွတကား။
''အလကားလူတွေ"""၊ဘာမှ အလိုက်ကန်းဆိုး မသိဘူး''
ကိုမိုးခိုင်သည် ပြတင်းပေါက် တံခါးကို လက်ဖြင့်ဆောင့်၍ ဖွင့်လိုက်လေသည်။
フ フ フ フ フ フ フ フ フ フ フ フ
လက်က အနာမပျောက်သေး၍ တွင်းထဲ ဆက်မဆင်းသေးပဲ၊ စခန်း၌ နေရသော သုံးလေးရက်အတွင်း၌၊ ကိုမိုးခိုင်၏ စိတ်သည် ဂနာမငြိမ် ဖြစ်နေလေသည်။ ဘော်ဆိုင်းမှ အလုပ်သမားကြို ကားကြီး ရုံးရှိရာ တောင်ကုန်း ပေါ်တက်လာလျှင် ပို၍ စိတ်မတည်မငြိမ် ဖြစ်ရသည်။ 'ဟိုး' ကနဲ ဝိုင်းအော်ပြီး ကားအရပ်ခိုင်းသံ စူးစူးကြီးက ဒေါသကို ဆွလိုက်လျှင်၊ အံကို နာနာကြိတ်ထားလိုက်ရသည်။ ''ဆရာအို"""လက်အနာ သက်သာသွားပြီ လား"""''ဟုစေတနာဖြင့် အလုပ်သမားတချို့က ကောင်းမွန်စွာ မေးသည်ကိုပင်၊ မိမိကို လာ၍ ပြောင်လှောင် နေသည် ဟု ထင်နေမိကာ၊ စကားပြန်မပေးပဲ မျက်နှာကို တတ်နိုင်သမျှ တင်းထားလိုက်လေသည်။
လက်အနာ ပျောက်၍ ကိုမိုးခိုင် စိုက်တွင်းထဲ ပြန်ဆင်းသောနေ့၌ စိတ်လက်ပေါ့ပါးနေသည်။ ငါ၏ ကြောက်ရွံ့ညံ့ဖျင်းမှုကို ပယ်ဖျက်ပစ်လိုက်နိုင်တော့မည
ယခုအကြိမ်၌ ကိုမိုးခိုင်သည် ကြိုးအတိုင်းလျှောမဆင်းပဲ၊ တွင်းနံရံ၌ ကာရံထားသော သစ်သားတန်းများ ကို အားပြု၍ဆင်းရန် ပြင်ဆင်လေသည်။ စိုက်တွင်း တူးစဉ်ကပင် ၆-ပေ အနက် ရောက်လျှင် ထောင့်များ၌ သစ်သားတိုင် လေးတိုင်ကို အထက်အောက် သစ်သားတန်းများဖြင့် စရွေးကိုက် တပ်ဆင်ထိန်းချုပ်ထားခဲ့ရာ၊ နောက်ထပ် ၆-ပေ အနက်ရောက်လျှင်၊ နောက်ထပ် တိုင်လေးတိုင်ကို အထက်ရှိ တိုင်များနှင့် ဆက်လျက် စရွေးဖြင့်လည်းကောင်း၊ သံရိုက်၍လည်းကောင်း ခိုင်မြဲတောင့်တင်းအောင် တပ်ဆင်ခြင်းဖြင့်၊ တွင်းဆုံးသည်အထိ တွင်းတတွင်းလုံးကို သစ်သားတပ်ဆင်နိုင်လေသည်။ ゞင်းတို့ကို အခြေခံပြီး၊ တလက်မထူသော သစ်သားပြားများ ကို နံရံများတွင် အလျားလိုက် ကာရံနိုင်ကာ၊ တွင်းပြိုခြင်း၊ တွင်းနံဘေးမှ မြေများ လျှောကျခြင်းမှ ကာကွယ်နိုင် လေသည်။ ကိုမိုးခိုင်သည် ထိုသစ်သားတန်းများကို အားပြု၍ တွင်း၏ ထောင့်တထောင့်မှ ဆင်းမည်ဖြစ်လေသည်။ထိုသို့ ဆင်းနည်းသည် ကြိုးအတိုင်း လျှောဆင်းသလောက် မမြန်သော်လည်း၊ တွင်းအသစ်ဖြစ်၍၊ လှေကား မတပ်ဆင်ရသေးသော ဤတွင်းမျိုး၌ ကြိုးဖြင့် မဆင်းလိုလျှင်၊ တခုတည်းသောဆင်းရန် နည်းလမ်းဖြစ်လေသည်။
ကိုမိုးခိုင်သည် ကာဘိုက်မီးခွက်ကို မီးထွန်းလိုက်လေသည်။ ကြိုးဖြင့်ဆင်းတုန်းကတော့ လမ်း၌ မီးထွန်းရန် မလိုပေ။ ယခုတော့ မထွန်း၍ မဖြစ်ချေ။ သစ်သားတန်းများသည် အစိပ်အကျဲ ညီချင်မှညီမည်။ တချို့နေရာတွင် အလျားလိုက် သစ်သားပြားမရှိပဲ၊ ဒေါင်လိုက် (သို့မဟုတ်) ကန့်လန့်ဖြတ် သစ်သားတန်းသာ ရှိသည်ဖြစ်ရာ၊ အလင်းရောင် ရမှသာလျှင်၊ ခြေနင်းစရာ၊ လက်ကိုင်စရာကို ကောင်းကောင်းမြင်နိုင်ပြီး ဘေးကင်းစွာ ဆင်းနိုင်မည် ဖြစ်ပေသည်။
ကိုမိုးခိုင်သည် ကာဘိုက်မီးခွက်ကို မိုင်းဦးထုပ် ရှေ့ပိုင်းထိပ်တွင် ချိတ်လိုက်ရာ အလေ့အကျင့် မရှိသည်ဖြစ် ၍၊ မီးခွက်၏ အလေးချိန်ဖြင့် မိုင်းဦးထုပ်သည် နဖူးပေါ် ငိုက်ကျသွားလေသည်။ ဒီအတိုင်းဆိုလျှင်တော့ မဖြစ်။ ဆင်းနေစဉ် မီးခွက်ရော၊ ဦးထုပ်ပါ အောက်သို့ ကျသွားလျှင် အခက်။ မီးခွက်ကို လက်ဖြင့်ကိုင်၍ ဆင်းရတော့မည်။ မီးခွက်၏ ကျောဘက်မှ လက်ကိုင်ချိတ်ကလေးကို ညာဘက်လက်မတွင် ချိတ်လိုက်လျှင်၊ မီးခွက်သည် ခပ်ငိုက်ငိုက် အနေအထားဖြင့် လူမျက်နှာမူရာဘက်ကို အလင်းရောင်ပေးနေပေသည်။ ညာဘက်လက်သည် မီးခွက်ကို လက်မ တွင်သာ ချိတ်ထားရသဖြင့်၊ (လွတ်လွတ်ကျွတ်ကျွတ် မဟုတ်သည့်တိုင်) လွတ်နေသော ဗယ်ဘက်လက် ကဲ့သို့ပင် သစ်သားတန်းများကို ကိုင်တွယ်ဆင်းနိုင်လေသည်။
ကိုမိုးခိုင်
စတင်၍ တွင်းထဲ ဆင်းနေလေပြီ။ ယနေ့ ဦးအောင်စိုးမြင့် မပါတော့၊
သူတယောက်တည်းပင်။ သူ တွင်းထဲဆင်းနေစဉ် ပုံးအတက်အဆင်းကို
အရပ်ခိုင်းထားလိုက်ရသည်။ ဤသို့ဆင်းသည်မှာ ဘာမျှ ထူးဆန်း သည်မဟုတ်။
အလုပ်သမားအချို့လည်း ကြိုးဖြင့် မဆင်းလိုလျှင်၊ ဤသို့ဆင်းနေကြသည်ပင်။
မည်သို့ပင် ဆင်းသည်ဖြစ်စေ၊ ပြန်တက်လျှင်မူကား၊ သစ်သားတန်းများကို တွယ်ကပ်တက်ရသည်သာ ဖြစ်လေသည်။ ပုံးထဲ လူဝင်ရပ်ပြီး အပေါ်က လူတွေဆွဲတင်ခြင်းမျိုးကိုမူ ၊ ထူးခြားသော အခြေအနေကျမှသာ လုပ်ကြပေသည်။ ဟိုတနေ့က ကိုမိုးခိုင် လက်တွေ ပွန်းပဲ့သွားသည့်အတွက် ပုံးစီးပြီး ပြန်တက်ခဲ့ရသေးသည်ပင်။
ကိုမိုးခိုင်သည် သတိကြီးစွာဖြင့် တထစ်ချင်း ဆင်းနေသည်။ တွင်းအောက်ခြေသို့ ရောက်ရှိပြီး၊ လှိုဏ်ခေါင်းထဲ ဝင်သွားလျှင်တော့ သွားမည်းမည်း အလုပ်သမားကြီးကို အောင်မြင်စွာ ပြုံးပြလိုက်ရဦးမည်။ ကဲ- ဘယ့်နှယ်ရှိစ။ ဟိုတနေ့က ဖြစ်သွားရတာက အစမို့ဖြစ်ရတာ၊ နောက်ဆိုယင်"""။ ထိုသို့ကြိမ်းမောင်းပစ် လိုက်ရယင် ကောင်းမည်လား။ အလို"""မီးခွက်သည် မငြိမ်၊ ယမ်းခါလွန်းပါလား။ လက်က ရွှေ့ပြောင်း လှုပ်ရှားနေရတော့ ဘယ်ငြိမ်နိုင်ပါ့မလဲ။ မီးအားကောင်းသော ရှည်လျားချွန်ထွက်နေသည့် ကာဘိုက်မီးတောက် က တခါတလေ ဗယ်ဘက်လက်ကို လှမ်းဟပ် သဖြင့် ပူလောင်သွားတတ်သေးသည်။ လက်ကလှုပ်လွန်းလျှင် မီးခွက်က သစ်သားတန်းကို သွားရိုက်မိမှာ စိုးရသည်။ မီးခွက်က ကြေးအိုးအထူစားဖြစ်၍၊ ပိန်ခွက်သွားမှာကို မစိုးရိမ်ရသော်လည်း၊ လှုပ်လွန်းလျှင် အပ်ပေါက်ပိတ်သွားပြီး မီးငြိမ်းချင်ငြိမ်းသွားနို င်သည်။
လမ်းခုလပ်မှာ မှောင်မည်းသွားလျှင်၊ ဆက်ဆင်းရာတွင် ခြေချော်လက်ချော်
ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကိုမိုးခိုင်က မီးခွက်ကို လက်မှ
ဖြုတ်လိုက်ပြီး၊ လူ၏ရှေ့တည့်တည့်၌ ခါးက ခါးပတ်တွင် ချိတ်လိုက်သည်။
ဒါဆိုလျှင် အလှုပ်အခါ သက်သာသွားမည်။ မီးလည်းငြိမ်းသွားမည် မဟုတ်တော့။
သို့ရာတွင်- တနေရာ အရောက်၌ သစ်သားတန်းက ဝေးလွန်းသဖြင့်၊ ခြေလှမ်း၍ မီအောင်
ပေါင်ကို ကားနိုင်သမျှ ကားလိုက်ရာ၊ လူ၏မတ်တတ်ဟန်ချက် အပျက်တွင်
တိမ်းစောင်းသွားသော ခါးပတ်မှ မီးခွက်သည် ရုတ်တရက် ပြုတ်ကျသွားပါတော့သည်။
မီးခွက်နှင့် သစ်သားတန်းတို့ ထိခိုက်ရိုက်သံ ဆူညံသွားလေသည်။
''ဟေ့-ဟေ့- အပေါ်က ဘာမှန်းမသိဘူး ကျလာတယ်။ ရှောင် ရှောင်''
အောက်က အလုပ်သမားတွေ၏ ရုတ်ရုတ်သဲသဲ ဖြစ်သွားသံ ကြားရသည်။ ကိုမိုးခိုင်သည် အမှောင်ထဲ တွင် သစ်သားတန်းများကို ဖက်တွယ်ထားယင်း၊ ရောက်ရာ နေရာတွင်ပင် ရပ်နေရသည်။ မလှုပ်ရှားဝံ့။ မီးခွက် ကျသွားစဉ်က ရုတ်တရက် မည်းမှောင်သွား၍ ထိတ်လန့်သွားသော်လည်း၊ တွင်းဝမှ အလင်းရောင်ကြောင့် မျက်စိကျင့်သားရလာလျှင်၊ သစ်သားတန်းများကို မပီမသ ဝိုးတဝါး မြင်လာရသည်။ တော်ပါသေးရဲ့။ တွင်းအောက်ခြေကို ရောက်ခါနီးနေလို့။
တွင်းအောက်ခြေ၌ ခင်းထားသော သစ်သားတန်းများအပေါ် ခြေချမိမှ၊ မိမိ၏ဒူးများ တဆတ်ဆတ် တုန်နေသည်ကို သတိထားမိတော့သည်။ စောစောက လှိုဏ်ထဲ ပြေးဝင်သွားကြသော အလုပ်သမား နှစ်ယောက် ထွက်လာကြပြီး၊ ကိုမိုးခိုင်အား အကျိုးအကြောင်း မေးမြန်းကြလေသည်။ ကာဘိုက်မီးခွက်ကျသွားကြောင်း သိရသည်နှင့် လိုက်ရှာကြလေသည်။ သို့ရာတွင် မတွေ့ကြပေ။
''ဆရာအို့ မီးခွက် အောက်ထဲ ကျသွားပြီ။ ဒီအထပ်မှာ မရှိတော့ဘူး"""''
''ဘာ"""''
ကိုမိုးခိုင် အလန့်တကြား အော်လိုက်သည်။
''တွင်းက ဒီအထပ်မှာတင် ဆုံးသွားတာ မဟုတ်ဘူးလား။ အောက်မှာ ရှိသေးလို့လား"""'' စိတ်တိုတိုနှင့် မေးရင်းက ကိုမိုးခိုင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
''ရှိသေးတာပေါ့ ဆရာအိုရာ၊ စိုက်တွင်းကို အောက်အနက် ၁၂၅-ပေအထိ တူးထားတာပဲ။ တွေ့တဲ့ သတ္တုကြောကို ၈၅-ပေနေရာကနေ သတ္တုကြောအတိုင်း၊ လှိုဏ်ခေါင်းဖောက်တော့မှ ဒီအထပ်မှာ သစ်သားတန်း တွေနဲ့ ခင်းပြီး ပိတ်ထားတာ၊ ဒါပေမယ့် ညပ်နေအောင် ခင်းမထားတော့ ဟနေတဲ့ နေရာကနေ မီးခွက်က အောက်ကို ကျသွားတာပေါ့ ဆရာအို။ ဒီမှာ ကြည့်ပါလား"""''
အလုပ်သမား တယောက်က သစ်သားတန်းနှစ်ခုကြားမှ ဟနေသော နေရာများကို ပြသည်။ ဟနေသော အပေါက်ဝမှ အောက်သို့ ကြည့်လိုက်လျှင်၊ သိပ်သည်းသော အမှောင်ပိန်းပိန်းကိုသာ မြင်ရလေသည်။ ကိုမိုးခိုင် စိတ်ဓာတ် ကျသွားပြန်လေ၏။
''ဒါဆိုယင် မီးခွက်ပြန်ရအောင် ဘယ်လို လုပ်ရမလဲဗျာ"""''
အကူအညီ ရလိုရငြား၊ အလုပ်သမား နှစ်ယောက်၏ မျက်နှာများကို အသနားခံသလို ကြည့်နေမိသည်။ ''မလွယ်ဘူးထင်တယ် ဆရာအို။ တွင်းက ပိတ်ထားတာ ကြာလှပြီ။ မီးရမှာ မဟုတ်ဖူး"""''
''ဘာကို ပြောတာလဲ"""''
''တွင်းက ပိတ်ထားတာ ကြာလို့ တွင်းထဲမှာ ပုံးအတက်အဆင်း မရှိတော့ဘူး။ ဒီတော့ လေလှည့်ပတ်မှု မရှိတော့ပဲ တွင်းထဲမှာ မီးမရတော့ဘူးပေါ့ ဆရာအို။ မီးမရဘူးဆိုတာ အသက်ရှူဖို့လေမရဘူးလို့ ဆိုလိုတာပါ။ ပုံးထဲ ဖယောင်းတိုင် မီးထွန်းပြီး ချလိုက်ယင် မီးက ငြိမ်းသွားတယ်။ လူဆင်းလို့ မရဘူးပေါ့ ဆရာအို"""''
ကိုမိုးခိုင် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ဟင်း"""ဒါဆိုဘယ်လို လုပ်ရပါ့။ မီးခွက်က အသစ်စက်စက်။ ရုံးက ထုတ်ပေးထားတာ ရက်ပိုင်းပဲ ရှိသေးသည်။ ငွေပေးပြီး ရနိုင်သော ပစ္စည်းလည်းမဟုတ်။ ဝယ်၍များ ရနိုင်မည်ဆိုလျှင်တော့ ဘာအရေးလဲ။ မီးခွက်မရှိလျှင် အလုပ်မဖြစ်မှာထက်၊ သိက္ခာကျတာက ပိုအရေးကြီးသည်။ ရှက်စရာ ကောင်းလိုက် တာနော်။ လူတွေက ငါ့ကို လှောင်ကြ ပြောင်ကြဦးမှာပဲ။ ရုံးက အထက်လူကြီးတွေ သိသွားယင်၊ ငါ့ကို တော်တော်လေး အထင်သေးသွားတော့မှာပဲ။ ကိုမိုးခိုင်သည် ဘာစကားမှ မဆိုနိုင်ပဲ မှိုင်နေ၊ ငိုင်နေမိလေ၏။ အလုပ်သမားများကလည်း စကားမဆိုပဲ ငြိမ်နေကြရာ၊ မြေအောက်စိုက်တွင်းထဲ၌ တိတ်ဆိတ် ခြင်းသာလျှင် ကြီးစိုးနေတော့သည်။
လှိုဏ်ခေါင်းထဲမှ မီးရောင်တခု ရွေ့လျားလာနေသည်ကို အားလုံး လှည့်ကြည့်မိကြလေ၏။ တဂွပ်ဂွပ်နှင့် မိုင်းဖိနပ်သံသည် သဲ့သဲ့မြည်ရာမှ တဖြည်းဖြည်း ပီသလာသည်။ မိုင်းအလုပ်သမားတယောက်ပင်။ ဘယ်သူ ပါလိမ့်။ အနားရောက်မှပင် သွားမည်းမည်းနှင့် အလုပ်သမားကြီးဖြစ်မှန်း သိရတော့သဖြင့်၊ ကိုမိုးခိုင်ပို၍ စိတ်ဆင်း ရဲ သွားပြန်လေသည်။ သူလှောင်ပြောင် ဦးတော့မှာပဲ။ အလှောင်ပြောင်ခံ ဘဝရောက်နေရတာ ခံပြင်းစရာ ကောင်းလိုက်တာ။ ကိုမိုးခိုင်သည် သွားမည်းမည်း အလုပ်သမားကြီး မေးသမျှကို မကြားဟန် ပြုနေလိုက် လေသည်။ အခြားအလုပ်သမား နှစ်ယောက်ကသာ အကျိုးကြောင်း ရှင်းလင်း ပြောပြလေ၏။
''မပူပါနဲ့ ဆရာအို"""''
''ဗျာ"""''
သွားမည်းမည်း အလုပ်သမားကြီးက အားပေးစကား ဆိုလိုက်လျှင်၊ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို တွေးလျက်၊ ကိုမိုးခိုင်၏ နှုတ်မှ အာမေဋိတ်သံသာ ထွက်လာလေသည်။ ရိုးရိုးနောက်ပြောင်နည်းကို မကြိုက်လို့ အဆန်းထွင်ပြီး လှောင်ပြောင်ဦးမှာလား။
''ကျွန်တော့်ကို ယုံပါဆရာအို။ ကျွန်တော် ကြိုးစားပေးပါ့မယ်"""''
''ခင်ဗျား ဘယ်လိုလုပ်မလဲ"""''
''၁၂၅-ပေ အနက် ရောက်အောင် ဆင်းယူရမှာပေါ့"""''
''ဖြစ်ပါ့မလားဗျာ။ မီးမှ မရတာပဲ''
''နည်းလမ်းရှာရမှာပေါ့ ဆရာအိုရာ"""''
အလုပ်သမားကြီး၏ တည်ကြည်သော ဟန်ပန်ကြောင့်၊ ကိုမိုးခိုင် ယုံကြည်ချင်သလိုလို ဖြစ်လာသည်။ ဟုတ်မှဟုတ်ရဲ့လား- ဆိုသော သံသယကလည်း ရှိနေဆဲပင်။
ကိုမိုးခိုင်သည် သတိကြီးစွာဖြင့် တထစ်ချင်း ဆင်းနေသည်။ တွင်းအောက်ခြေသို့ ရောက်ရှိပြီး၊ လှိုဏ်ခေါင်းထဲ ဝင်သွားလျှင်တော့ သွားမည်းမည်း အလုပ်သမားကြီးကို အောင်မြင်စွာ ပြုံးပြလိုက်ရဦးမည်။ ကဲ- ဘယ့်နှယ်ရှိစ။ ဟိုတနေ့က ဖြစ်သွားရတာက အစမို့ဖြစ်ရတာ၊ နောက်ဆိုယင်"""။ ထိုသို့ကြိမ်းမောင်းပစ် လိုက်ရယင် ကောင်းမည်လား။ အလို"""မီးခွက်သည် မငြိမ်၊ ယမ်းခါလွန်းပါလား။ လက်က ရွှေ့ပြောင်း လှုပ်ရှားနေရတော့ ဘယ်ငြိမ်နိုင်ပါ့မလဲ။ မီးအားကောင်းသော ရှည်လျားချွန်ထွက်နေသည့် ကာဘိုက်မီးတောက် က တခါတလေ ဗယ်ဘက်လက်ကို လှမ်းဟပ် သဖြင့် ပူလောင်သွားတတ်သေးသည်။ လက်ကလှုပ်လွန်းလျှင် မီးခွက်က သစ်သားတန်းကို သွားရိုက်မိမှာ စိုးရသည်။ မီးခွက်က ကြေးအိုးအထူစားဖြစ်၍၊ ပိန်ခွက်သွားမှာကို မစိုးရိမ်ရသော်လည်း၊ လှုပ်လွန်းလျှင် အပ်ပေါက်ပိတ်သွားပြီး မီးငြိမ်းချင်ငြိမ်းသွားနို
''ဟေ့-ဟေ့- အပေါ်က ဘာမှန်းမသိဘူး ကျလာတယ်။ ရှောင် ရှောင်''
အောက်က အလုပ်သမားတွေ၏ ရုတ်ရုတ်သဲသဲ ဖြစ်သွားသံ ကြားရသည်။ ကိုမိုးခိုင်သည် အမှောင်ထဲ တွင် သစ်သားတန်းများကို ဖက်တွယ်ထားယင်း၊ ရောက်ရာ နေရာတွင်ပင် ရပ်နေရသည်။ မလှုပ်ရှားဝံ့။ မီးခွက် ကျသွားစဉ်က ရုတ်တရက် မည်းမှောင်သွား၍ ထိတ်လန့်သွားသော်လည်း၊ တွင်းဝမှ အလင်းရောင်ကြောင့် မျက်စိကျင့်သားရလာလျှင်၊ သစ်သားတန်းများကို မပီမသ ဝိုးတဝါး မြင်လာရသည်။ တော်ပါသေးရဲ့။ တွင်းအောက်ခြေကို ရောက်ခါနီးနေလို့။
တွင်းအောက်ခြေ၌ ခင်းထားသော သစ်သားတန်းများအပေါ် ခြေချမိမှ၊ မိမိ၏ဒူးများ တဆတ်ဆတ် တုန်နေသည်ကို သတိထားမိတော့သည်။ စောစောက လှိုဏ်ထဲ ပြေးဝင်သွားကြသော အလုပ်သမား နှစ်ယောက် ထွက်လာကြပြီး၊ ကိုမိုးခိုင်အား အကျိုးအကြောင်း မေးမြန်းကြလေသည်။ ကာဘိုက်မီးခွက်ကျသွားကြောင်
''ဆရာအို့ မီးခွက် အောက်ထဲ ကျသွားပြီ။ ဒီအထပ်မှာ မရှိတော့ဘူး"""''
''ဘာ"""''
ကိုမိုးခိုင် အလန့်တကြား အော်လိုက်သည်။
''တွင်းက ဒီအထပ်မှာတင် ဆုံးသွားတာ မဟုတ်ဘူးလား။ အောက်မှာ ရှိသေးလို့လား"""'' စိတ်တိုတိုနှင့် မေးရင်းက ကိုမိုးခိုင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
''ရှိသေးတာပေါ့ ဆရာအိုရာ၊ စိုက်တွင်းကို အောက်အနက် ၁၂၅-ပေအထိ တူးထားတာပဲ။ တွေ့တဲ့ သတ္တုကြောကို ၈၅-ပေနေရာကနေ သတ္တုကြောအတိုင်း၊ လှိုဏ်ခေါင်းဖောက်တော့မှ ဒီအထပ်မှာ သစ်သားတန်း တွေနဲ့ ခင်းပြီး ပိတ်ထားတာ၊ ဒါပေမယ့် ညပ်နေအောင် ခင်းမထားတော့ ဟနေတဲ့ နေရာကနေ မီးခွက်က အောက်ကို ကျသွားတာပေါ့ ဆရာအို။ ဒီမှာ ကြည့်ပါလား"""''
အလုပ်သမား တယောက်က သစ်သားတန်းနှစ်ခုကြားမှ ဟနေသော နေရာများကို ပြသည်။ ဟနေသော အပေါက်ဝမှ အောက်သို့ ကြည့်လိုက်လျှင်၊ သိပ်သည်းသော အမှောင်ပိန်းပိန်းကိုသာ မြင်ရလေသည်။ ကိုမိုးခိုင် စိတ်ဓာတ် ကျသွားပြန်လေ၏။
''ဒါဆိုယင် မီးခွက်ပြန်ရအောင် ဘယ်လို လုပ်ရမလဲဗျာ"""''
အကူအညီ ရလိုရငြား၊ အလုပ်သမား နှစ်ယောက်၏ မျက်နှာများကို အသနားခံသလို ကြည့်နေမိသည်။ ''မလွယ်ဘူးထင်တယ် ဆရာအို။ တွင်းက ပိတ်ထားတာ ကြာလှပြီ။ မီးရမှာ မဟုတ်ဖူး"""''
''ဘာကို ပြောတာလဲ"""''
''တွင်းက ပိတ်ထားတာ ကြာလို့ တွင်းထဲမှာ ပုံးအတက်အဆင်း မရှိတော့ဘူး။ ဒီတော့ လေလှည့်ပတ်မှု မရှိတော့ပဲ တွင်းထဲမှာ မီးမရတော့ဘူးပေါ့ ဆရာအို။ မီးမရဘူးဆိုတာ အသက်ရှူဖို့လေမရဘူးလို့ ဆိုလိုတာပါ။ ပုံးထဲ ဖယောင်းတိုင် မီးထွန်းပြီး ချလိုက်ယင် မီးက ငြိမ်းသွားတယ်။ လူဆင်းလို့ မရဘူးပေါ့ ဆရာအို"""''
ကိုမိုးခိုင် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ဟင်း"""ဒါဆိုဘယ်လို လုပ်ရပါ့။ မီးခွက်က အသစ်စက်စက်။ ရုံးက ထုတ်ပေးထားတာ ရက်ပိုင်းပဲ ရှိသေးသည်။ ငွေပေးပြီး ရနိုင်သော ပစ္စည်းလည်းမဟုတ်။ ဝယ်၍များ ရနိုင်မည်ဆိုလျှင်တော့ ဘာအရေးလဲ။ မီးခွက်မရှိလျှင် အလုပ်မဖြစ်မှာထက်၊ သိက္ခာကျတာက ပိုအရေးကြီးသည်။ ရှက်စရာ ကောင်းလိုက် တာနော်။ လူတွေက ငါ့ကို လှောင်ကြ ပြောင်ကြဦးမှာပဲ။ ရုံးက အထက်လူကြီးတွေ သိသွားယင်၊ ငါ့ကို တော်တော်လေး အထင်သေးသွားတော့မှာပဲ။ ကိုမိုးခိုင်သည် ဘာစကားမှ မဆိုနိုင်ပဲ မှိုင်နေ၊ ငိုင်နေမိလေ၏။ အလုပ်သမားများကလည်း စကားမဆိုပဲ ငြိမ်နေကြရာ၊ မြေအောက်စိုက်တွင်းထဲ၌ တိတ်ဆိတ် ခြင်းသာလျှင် ကြီးစိုးနေတော့သည်။
လှိုဏ်ခေါင်းထဲမှ မီးရောင်တခု ရွေ့လျားလာနေသည်ကို အားလုံး လှည့်ကြည့်မိကြလေ၏။ တဂွပ်ဂွပ်နှင့် မိုင်းဖိနပ်သံသည် သဲ့သဲ့မြည်ရာမှ တဖြည်းဖြည်း ပီသလာသည်။ မိုင်းအလုပ်သမားတယောက်ပင်။ ဘယ်သူ ပါလိမ့်။ အနားရောက်မှပင် သွားမည်းမည်းနှင့် အလုပ်သမားကြီးဖြစ်မှန်း သိရတော့သဖြင့်၊ ကိုမိုးခိုင်ပို၍ စိတ်ဆင်း ရဲ သွားပြန်လေသည်။ သူလှောင်ပြောင် ဦးတော့မှာပဲ။ အလှောင်ပြောင်ခံ ဘဝရောက်နေရတာ ခံပြင်းစရာ ကောင်းလိုက်တာ။ ကိုမိုးခိုင်သည် သွားမည်းမည်း အလုပ်သမားကြီး မေးသမျှကို မကြားဟန် ပြုနေလိုက် လေသည်။ အခြားအလုပ်သမား နှစ်ယောက်ကသာ အကျိုးကြောင်း ရှင်းလင်း ပြောပြလေ၏။
''မပူပါနဲ့ ဆရာအို"""''
''ဗျာ"""''
သွားမည်းမည်း အလုပ်သမားကြီးက အားပေးစကား ဆိုလိုက်လျှင်၊ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို တွေးလျက်၊ ကိုမိုးခိုင်၏ နှုတ်မှ အာမေဋိတ်သံသာ ထွက်လာလေသည်။ ရိုးရိုးနောက်ပြောင်နည်းကို
''ကျွန်တော့်ကို ယုံပါဆရာအို။ ကျွန်တော် ကြိုးစားပေးပါ့မယ်"""''
''ခင်ဗျား ဘယ်လိုလုပ်မလဲ"""''
''၁၂၅-ပေ အနက် ရောက်အောင် ဆင်းယူရမှာပေါ့"""''
''ဖြစ်ပါ့မလားဗျာ။ မီးမှ မရတာပဲ''
''နည်းလမ်းရှာရမှာပေါ့ ဆရာအိုရာ"""''
အလုပ်သမားကြီး၏ တည်ကြည်သော ဟန်ပန်ကြောင့်၊ ကိုမိုးခိုင် ယုံကြည်ချင်သလိုလို ဖြစ်လာသည်။ ဟုတ်မှဟုတ်ရဲ့လား- ဆိုသော သံသယကလည်း ရှိနေဆဲပင်။
သွားမည်းမည်း
အလုပ်သမားကြီး၏ အစီအစဉ်ဖြင့် ၈၅-ပေ အဆင့်၌ ခင်းထားသော တန်းများကို
ပြန်ဖြုတ်ပစ်လိုက်ပြီး၊ လူအားလုံး မြေပြင်ပေါ် ပြန်တက်လိုက်ကြသည်။
သံပုံးကိုင်းတွင် သစ်ကိုင်းတွေ ချိတ်ဆွဲ လျက်၊ ကြိုးကို ၁၂၅-ပေ အနက်တွင်
ဆုံးသည်အထိ လျှော့ချလိုက်သည်။ မီးရလာစေရန် အတွက်၊ လက်ကိုင်ကို တဘက် တချက်မှ
လှည့်ပြီး သံပုံးကို
အတက်အဆင်း ကြိမ်ဖန်များစွာ လုက်ကြလေသည်။ အလုပ်သမားကြီးများ၏ ကိုယ်တွင်
ချွေးတွေ စိုရွှဲလာသည်။ ကိုယ့်ကိစ္စဖြစ်၍ ကိုမိုခိုင်က ဝင်ကူမည်ဆိုတော့လည်း
အလုပ်မခံ။ ဆရာအို အေးအေး ဆေးဆေးသာ ထိုင်နေပါတဲ့။ သွားမည်းမည်း
အလုပ်သမားကြီးဆိုလျှင်၊ ကိုမိုးခိုင်၏ ကိစ္စကို သူ့ကိစ္စလိုပင် သဘော
ထားဟန်ဖြင့်၊ အားကြိုးမာန်တက် လုပ်နေလေသည်။ သူ့တကိုယ်လုံးလည်း ချွေးတွေ
နစ်နေပြီ။
သံပုံးထဲ ဖယောင်းတိုင်မီးထွန်းပြီး တွင်းထဲချကြည့်ရာ၊ အနက်ပိုင်းရောက်လျှင် မီးငြိမ်းသွားလေသည်။ အလုပ်သမားများ ခေါင်းခါယမ်းလိုက်ကြ၏။ အသက်ရှူစရာ လေမရှိသေးဟု ဆိုလိုလေသည်။ သို့ဖြင့် နောက်ထပ် ၁၀-မိနစ်လောက် ပုံးကိုတက်ချည်-ဆင်းချည်လုပ်ပြီး
မီးချကြည့်ကြပြန်ရာ၊ မီးကလင်းသည် ဆိုရုံမျှသာ နီနီကြင်ကြင် လေးလင်းသည်ကို
တွေ့ရလေသည်။ အလုပ်သမားအများစုက မီးရောင်ကိုကြည့်ပြီး သိပ်အားမရကြ။
လေသိပ်မကောင်းသေးဟု မှတ်ချက်ချကြသည်။ သို့ရာတွင်- သွားမည်းမည်း
အလုပ်သမားကြီးက (အချိန်သိပ်မရှိ တော့သဖြင့်) တွင်းထဲသို့ သူဆင်းတော့မည့်
အကြောင်းပြောလိုက်လျှင်၊ ကိုမိုးခိုင် ကြက်သီး မွေးညင်း ထသွားလေသည်။ အသက်
အန္တရာယ် အလွန်နီးသော တွင်းအနက်ထဲသို့ သူဆင်းမယ်ဆိုတာ အမှန် ပဲလား။
အလုပ်သမားကြီး၏ မျက်နှာကို ကြည့်လိုက်ရာ လေးနက်နေသည်ကို တွေ့လိုက်ရသဖြင့်၊
တားမြစ်စကား ပင်မဆိုဝံ့အောင် နှုတ်ဆွံ့နေမိလေသည်။ တချိန်တုန်းက မိမိကို
လှောင်ပြောင်ခဲ့သူမှ ဟုတ်ပါလေစ- ဟု တွေးတောစရာ ဖြစ်လာရတော့သည်။
အလုပ်သမားကြီးသည် သူကကြိုးကို လှုပ်၍အချက်ပေးလိုက်လျှင် သူ့ကိုအမြန်ဆုံး ဆွဲတင်ကြရန် မှာကြားလျက်၊ ပုံးထဲဆင်းရပ်ပြီး ကြိုးကို လက်တဘက်ဖြင့် ထိန်းကိုင်ထားလိုက်လေသည်။ ကြိုးကို အလျှော့ပေး လိုက်သည်နှင့်၊ သွားမည်းမည်း အလုပ်သမားကြီးသည် တွင်း၏ အနက်ပိုင်းဆီသို့ တဖြည်းဖြည်းချင်း နိမ့်၍၊ နိမ့်၍ သွားလေတော့သည်။ ခဏကြာလျှင် လူကိုမမြင်ရတော့။ လက်တဘက်ဖြင့် ခပ်အုပ်အုပ် ကိုင်သွားသော ဖယောင်းတိုင် မီးရောင် နီကြင့်ကြင့်လေးကိုသာ မြင်ရတော့သည်။
တွင်းထဲမှ မီးရောင်မှိန်မှိန်လေးကို စိုက်ကြည့်ယင်း၊ ကိုမိုးခိုင် ရင်ခုန်ရပြန်လေပြီ။ ဤတကြိမ် ရင်ခုန်ခြင်း ၌ကား လေးနက်သော အဓိပ္ပာယ်တွေ ပြည့်သိပ်နေလေသည်။ ဤအလုပ်သမားကြီးသည် အနေသာကြီးဖြစ် ပါလျက်၊ သူတပါး၏ ကိစ္စအတွက် အသက်အန္တရာယ် အလွန်နီးသော တွင်းနက်ထဲသို့ တကယ်ပင် စွန့်စားဆင်း သက်ခဲ့လေပြီ။ လေးစား ကြည်ညိုထိုက်သော သူ့စိတ်ဓာတ်နှင့် ထိုက်တန်အောင် မည်သို့ ချီးကျုးဂုဏ်ပြု ရမည်ကိုပင် ကိုမိုးခိုင် မသိတော့ပေ။ မိမိသည် အပေါ်ယံ ဟန်ရေးပြမှု၌သာ၊ သာယာမွေ့လျော် နေခဲ့သည် တကား။ အချိန်တိုတို အတွင်းမှာပင်၊ လူ့ဘဝ၏ အလှတရားကို လက်ကနဲ မြင်မိလိုက်ကာ နောင်တတွေ တထွေးကြီး ရလိုက်ပြီဟု၊ ကိုမိုးခိုင်သည် မိမိကိုယ်ကို စိတ်ချယုံကြည် မိတော့သည်။
ကြိုးလှုပ်ယမ်းသွားသည်နှင့် တပြိုင်နက်၊ ကိုမိုးခိုင်သည် အခြားသူတွေ တားမြစ်နေသည့် ကြားမှပင်၊ အတင်းဝင်ရောက်၍ လက်ကိုင်ကို ရှိသမျှ သူ့ခွန်အား အားလုံးသုံးစွဲလျက် လှည့်ပါတော့သည်။ သူဆက်လက်၍ ဟန်မဆောင်လိုတော့ပါ။ နဖူးမှ ချွေးသီး ချွေးပေါက်တွေ လိမ့်ဆင်း စီးကျလာသည်။ စီးပါလေစေ၊ ချွေးတွေကို သုတ်မပစ်ပဲ သည်အတိုင်းပဲ ထားလိုက်မည်။ ဟော- ရောက်လုပြီ၊ ရောက်လုပြီ။ ကိုမိုးခိုင်၏ ရင်သည် ပြင်းစွာ ခုန်နေတော့သည်။ သူ"""မြန်မြန်ရောက်ပါစေ၊ ရောက်ပါစေ"""။
ဘွားကနဲ သွားမည်းမည်း အလုပ်သမားကြီး တွင်းဝ၌ ပေါ်လာပြီး စွင့်စွင့်ကားကား ပြုံးလျက် ကာဘိုက် မီးခွက်ကို သူ့ဆီ ကမ်းလိုက်လျှင်၊ ကိုမိုးခိုင်သည် မီးခွက်ကို လှမ်းယူဖို့ သတိမရတော့ပဲ၊ အလုပ်သမားကြီးကို ဆွဲတင်ရန်ကိုသာ အာရုံစိုက်လျက် ပြင်ဆင်လိုက်ရာ"""၊ အလုပ်သမားကြီးနှင့် အကြည့်ချင်းဆုံ သွားလေသည်။ ချွေးနစ်ကာ မျက်နှာဖြူဖျော့သွားသော အလုပ်သမားကြီးနှင့်၊ တောင်းပန်ဟန် အကြည့်တွေ ပြိုးပြက်နေသော ကိုမိုးခိုင်တို့သည် တယောက်ကိုတယောက် အကြာကြီး စိုက်ကြည့်နေကြ၏။ ထိုခဏ၌ ဘဝ၏ အဓိပ္ပာယ် မြောက်များစွာသည် မျက်လုံး နှစ်စုံကြားဝယ် အပြန်ပြန် အလှန်လှန် လူးလာယှက်သန်းလျက် နေလေသည် တကား။
သံပုံးထဲ ဖယောင်းတိုင်မီးထွန်းပြီး တွင်းထဲချကြည့်ရာ၊ အနက်ပိုင်းရောက်လျှင် မီးငြိမ်းသွားလေသည်။ အလုပ်သမားများ ခေါင်းခါယမ်းလိုက်ကြ၏။ အသက်ရှူစရာ လေမရှိသေးဟု ဆိုလိုလေသည်။ သို့ဖြင့် နောက်ထပ် ၁၀-မိနစ်လောက် ပုံးကိုတက်ချည်-ဆင်းချည်လုပ
အလုပ်သမားကြီးသည် သူကကြိုးကို လှုပ်၍အချက်ပေးလိုက်လျှင် သူ့ကိုအမြန်ဆုံး ဆွဲတင်ကြရန် မှာကြားလျက်၊ ပုံးထဲဆင်းရပ်ပြီး ကြိုးကို လက်တဘက်ဖြင့် ထိန်းကိုင်ထားလိုက်လေသည်။ ကြိုးကို အလျှော့ပေး လိုက်သည်နှင့်၊ သွားမည်းမည်း အလုပ်သမားကြီးသည် တွင်း၏ အနက်ပိုင်းဆီသို့ တဖြည်းဖြည်းချင်း နိမ့်၍၊ နိမ့်၍ သွားလေတော့သည်။ ခဏကြာလျှင် လူကိုမမြင်ရတော့။ လက်တဘက်ဖြင့် ခပ်အုပ်အုပ် ကိုင်သွားသော ဖယောင်းတိုင် မီးရောင် နီကြင့်ကြင့်လေးကိုသာ မြင်ရတော့သည်။
တွင်းထဲမှ မီးရောင်မှိန်မှိန်လေးကို စိုက်ကြည့်ယင်း၊ ကိုမိုးခိုင် ရင်ခုန်ရပြန်လေပြီ။ ဤတကြိမ် ရင်ခုန်ခြင်း ၌ကား လေးနက်သော အဓိပ္ပာယ်တွေ ပြည့်သိပ်နေလေသည်။ ဤအလုပ်သမားကြီးသည် အနေသာကြီးဖြစ် ပါလျက်၊ သူတပါး၏ ကိစ္စအတွက် အသက်အန္တရာယ် အလွန်နီးသော တွင်းနက်ထဲသို့ တကယ်ပင် စွန့်စားဆင်း သက်ခဲ့လေပြီ။ လေးစား ကြည်ညိုထိုက်သော သူ့စိတ်ဓာတ်နှင့် ထိုက်တန်အောင် မည်သို့ ချီးကျုးဂုဏ်ပြု ရမည်ကိုပင် ကိုမိုးခိုင် မသိတော့ပေ။ မိမိသည် အပေါ်ယံ ဟန်ရေးပြမှု၌သာ၊ သာယာမွေ့လျော် နေခဲ့သည် တကား။ အချိန်တိုတို အတွင်းမှာပင်၊ လူ့ဘဝ၏ အလှတရားကို လက်ကနဲ မြင်မိလိုက်ကာ နောင်တတွေ တထွေးကြီး ရလိုက်ပြီဟု၊ ကိုမိုးခိုင်သည် မိမိကိုယ်ကို စိတ်ချယုံကြည် မိတော့သည်။
ကြိုးလှုပ်ယမ်းသွားသည်နှင့် တပြိုင်နက်၊ ကိုမိုးခိုင်သည် အခြားသူတွေ တားမြစ်နေသည့် ကြားမှပင်၊ အတင်းဝင်ရောက်၍ လက်ကိုင်ကို ရှိသမျှ သူ့ခွန်အား အားလုံးသုံးစွဲလျက် လှည့်ပါတော့သည်။ သူဆက်လက်၍ ဟန်မဆောင်လိုတော့ပါ။ နဖူးမှ ချွေးသီး ချွေးပေါက်တွေ လိမ့်ဆင်း စီးကျလာသည်။ စီးပါလေစေ၊ ချွေးတွေကို သုတ်မပစ်ပဲ သည်အတိုင်းပဲ ထားလိုက်မည်။ ဟော- ရောက်လုပြီ၊ ရောက်လုပြီ။ ကိုမိုးခိုင်၏ ရင်သည် ပြင်းစွာ ခုန်နေတော့သည်။ သူ"""မြန်မြန်ရောက်ပါစေ၊ ရောက်ပါစေ"""။
ဘွားကနဲ သွားမည်းမည်း အလုပ်သမားကြီး တွင်းဝ၌ ပေါ်လာပြီး စွင့်စွင့်ကားကား ပြုံးလျက် ကာဘိုက် မီးခွက်ကို သူ့ဆီ ကမ်းလိုက်လျှင်၊ ကိုမိုးခိုင်သည် မီးခွက်ကို လှမ်းယူဖို့ သတိမရတော့ပဲ၊ အလုပ်သမားကြီးကို ဆွဲတင်ရန်ကိုသာ အာရုံစိုက်လျက် ပြင်ဆင်လိုက်ရာ"""၊ အလုပ်သမားကြီးနှင့် အကြည့်ချင်းဆုံ သွားလေသည်။ ချွေးနစ်ကာ မျက်နှာဖြူဖျော့သွားသော အလုပ်သမားကြီးနှင့်၊ တောင်းပန်ဟန် အကြည့်တွေ ပြိုးပြက်နေသော ကိုမိုးခိုင်တို့သည် တယောက်ကိုတယောက် အကြာကြီး စိုက်ကြည့်နေကြ၏။ ထိုခဏ၌ ဘဝ၏ အဓိပ္ပာယ် မြောက်များစွာသည် မျက်လုံး နှစ်စုံကြားဝယ် အပြန်ပြန် အလှန်လှန် လူးလာယှက်သန်းလျက် နေလေသည် တကား။
No comments:
Post a Comment